Myan Care Store ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Myan Care Store, ร้านจำหน่ายอุปกรณ์การแพทย์, bagkok, Bangkok.

ငယ်ငယ်ရွယ်ရွယ်နဲ့ ခါးနာ ရတာ ဒါကြောင့်ပါ။..........................ခါးနာ တဲ့ဝေဒနာက လူကြီးတွေမှာပဲ ဖြစ်တတ်တာမဟုတ်ပါဘူး။ ဒီ...
15/04/2022

ငယ်ငယ်ရွယ်ရွယ်နဲ့ ခါးနာ ရတာ ဒါကြောင့်ပါ။..........................

ခါးနာ တဲ့ဝေဒနာက လူကြီးတွေမှာပဲ ဖြစ်တတ်တာမဟုတ်ပါဘူး။ ဒီခေတ်ရဲ့ ဘဝနေထိုင်မှု ပုံစံအရ လူငယ်တွေမှာလည်း ခါးနာတာတွေ ခပ်စိတ်စိတ် တွေ့လာရပါပြီ။ အထူးသဖြင့်တော့ လုပ်နိုင်ကိုင်နိုင်တဲ့ ၂၀ကျော် ၃၀ပတ်ချာလည်လောက်မှာ တွေ့လာရတာပါ။ ငယ်ငယ်လေးနဲ့ ခါးနာနေရတာ ဘာကြောင့်များပါလိမ့်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ခါးနာ နေပြီလား။
လူငယ်တွေမှာ ခါးနာရတာက နေထိုင်မှု ပုံစံနဲ့ ရောဂါတွေကြောင့်လို့ ခွဲပြောလို့ရပါတယ်။ နေထိုင်မှု ပုံစံကြောင့် ဖြစ်တာကတော့ ပိုများပါတယ်။ ဒီနေ့ခေတ်မှာ အထိုင်များလာတာ၊ လှုပ်ရှားမှု နည်းလာတာ၊ ခုလို work from home ကာလမှာ အပြင်မထွက်နိုင်ဘဲ အိမ်ထဲမှာပဲ နေရတာက ခါးနာစေတဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။ အသေးစိတ်ကို ဆက်ကြည့်ရအောင်။

နေထိုင်မှု ပုံစံကြောင့် ခါးနာ ခြင်း
ခါးကုန်းပြီးထိုင်တာ
ကွန်ပျူတာရှေ့မှာ အလုပ်လုပ်တဲ့အခါ ကိုယ်မသိလိုက်ဘဲ ရှေ့ကို ကုန်းပြီး ထိုင်မိတတ်ပါတယ်။ ဒီလိုပုံစံက ကျောရိုးရဲ့ ပုံစံကို ပျက်စေပြီး ခါးဆစ်ကြားက အရိုးပြားတွေကို ထိခိုက်စေပါတယ်။ ဒါကြောင့် ညနေ အလုပ်စားပွဲက ထလိုက်တာနဲ့ ခါးထဲမှာ တဆစ်ဆစ်နဲ့ နာနေတာကို ခံစားရတာပါ။

အိပ်တဲ့ ပုံစံမှားယွင်းတာ
ပထမတစ်ချက်က အိပ်တဲ့ မွေ့ရာပါ။ မွေ့ရာက မပျော့လွန်း မမာလွန်း ဖြစ်ရပါမယ်။ ပျော့လွန်းတဲ့မွေ့ရာက ကျောရိုးကို ထောက်ထားနိုင်ခြင်း မရှိတာကြောင့် လှဲလိုက်တာနဲ့ ကျောရိုးက နိမ့်ဝင်သွားပြီး ပုံစံပျက်ယွင်းသွားပါတယ်။

နောက်တစ်ချက်က အိပ်တဲ့ ပုံစံပါ။ တစ်ပုံစံထဲ အကြာကြီး အိပ်တာ (ဥပမာ ပက်လက်ပဲ အိပ်တာ ဒါမှမဟုတ် မှောက်ရက်ပဲ အိပ်တာ)က ခါးနာစေတဲ့အပြင် ရှိပြီးသား ခါးနာဝေဒနာကိုပါ ပိုဆိုးစေပါတယ်။

အထိုင်များတာ
ထိုင်တဲ့အခါ မြေဆွဲအားက အောက်ကို သက်ရောက်နေတာကြောင့် လည်ဆစ်၊ ကျောရိုးနဲ့ ခါးဆစ်တွေက အောက်ကို ပိကျနေသလို ဖြစ်နေပါတယ်။ ကိုယ်အလေးချိန်ကပါ ဖိထားတဲ့အတွက် ကြာကြာထိုင်လေလေ အဆစ်တွေအပေါ် ဖိအားများလေလေပဲ ဖြစ်ပါတယ်။

ဆေးလိပ်သောက်တာ
ဆေးလိပ်သောက်တာက မသောက်တာထက် ၃ဆ ခါးပိုနာတတ်ပါတယ်တဲ့။ ဆေးလိပ်က သွေးကြောတွေကို ပျက်စီးစေတာကြောင့် ခါးဆစ်ရိုးကြားက အရိုးနုပြားလေးတွေ သွေးငတ်ပြီး ပျက်စီးလွယ်ပါတယ်။ ဒါအပြားလေးတွေ ပျက်စီးရင် ခါးဆစ်တွေပါ ပျက်စီးပြီး ခါးနာလာပါလိမ့်မယ်။

ဆေးလိပ်ကြောင့် နာတာရှည် ချောင်းဆိုးတာကလည်း ခါးပတ်လည်က ကြွက်သားတွေကို ဆတ်ခနဲဆွဲဆုတ်သလို ဖြစ်တာကြောင့် ခါးနာတတ်ပါတယ်။

အဝလွန်တာ
အဝလွန်တာကလည်း ခန္ဓာကိုယ်တစ်ခုလုံးက အရိုးတွေကို ဝန်ပိစေပါတယ်။ အထူးသဖြင့် ခါးတွေ၊ ဒူးတွေပါ။ ဒါကြောင့် ငယ်ပေမယ့် ဝနေရင် လူကြီးတွေလိုပဲ ခါးနာနိုင်ပါတယ်။

ကိုယ်နေဟန်ထား မမှန်တာ
ထိုင်တဲ့အခါ၊ လမ်းလျှောက်တဲ့အခါကစလို့ ပစ္စည်းတွေ မတဲ့အခါ ကိုယ်အနေအထား မမှန်ရင် ခါးနာတတ်ပါတယ်။ ဒီလိုပဲ လူငယ်ပီပီ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ အနေအထားမမှန်ဘဲ အလေးတွေ မတာ၊ ဆတ်ခနဲ ခါးကုန်းတာ၊ မတ်တာ စတာတွေကလည်း ခါးနာစေတဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ခါးနာ ရတာ ဒါကြောင့်ပါ။

ပစ္စည်းအလေးကြီးတွေ မ ရတာ
အလုပ်လုပ်တဲ့အရွယ် ဖြစ်တာကြောင့် ပစ္စည်းတွေကို မပြီး သွားလာနေရတာက နေ့စဉ် ခါးကို ဒဏ်ဖြစ်စေပါတယ်။

ဒေါက်ဖိနပ်ဝတ်တာ
ဒေါက်ဖိနပ်က ခြေထောက်မှာတင် ဝန်ပိတာ မဟုတ်ပါဘူး။ ကိုယ်နေဟန်ထားကို မထိန်းနိုင်တာကြောင့် ခါးကိုပါ ပြန်ပြီး ဝန်ပိစေပါတယ်။ ဒါကြောင်း အချိန်ကြာကြာဝတ်လေလေ ခါးကြွက်သားတွေ နာလေလေပဲ ဖြစ်ပါတယ်။

ရောဂါကြောင့် ခါးနာခြင်း
ရောဂါကြောင့် ခါးနာတာက အများကြီး ဖြစ်နိုင်ပေမယ့် လူငယ်နဲ့ လူလတ်ပိုင်းတွေမှာဆိုရင်တော့

Degenerative disc disease
ဒီရောဂါက အသက် ၂၀ အရွယ် လူငယ်တွေမှာတောင် တွေ့ရတတ်ပါတယ်။ ပုံမှန်ဆိုရင် ခါးဆစ်တွေကြားထဲမှာ အဆစ်ပြားတွေက ကူရှင်လိုမျိုး ရှိနေပါတယ်။ ဒီရောဂါမှာ အပြားလေးတွေ ပျက်စီးလာတဲ့အတွက် ခါးမှာရှိတဲ့ အဆစ်တွေရောင်ရမ်းတာ၊ ကြွက်သားတွေ တောင့်တင်းနာကျင်တာတွေ ဖြစ်လာပါတယ်။

ခါးဆစ်ရိုး ကျွံတာ
ခါးဆစ်ရိုး နှစ်ခုကြားမှာ ရှိရမယ့် အပြားလေးက ခါးဆစ်ရိုးအပြင်ကို ကျွံပြီး ချော်ထွက်သွားတာမျိုးပါ။ ကျွံသွားတဲ့ အဆစ်ပြားလေးက တင်ခံအာရုံကြောကို ဖိမိပြီး ဆိုင်ရာတီကာဆိုတဲ့ အာရုံကြောပြဿနာပါ ဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့ ခါးနာတာအပြင် ခြေထောက်နဲ့ ခြေဖျားတွေ ထုံကျင်တာပါ ခံစားရမှာပါ။

လူငယ်တွေမှာ ခါးနာဝေဒနာ သက်သာစေဖို့
လူငယ်တွေမှာ ခါးနာရတဲ့ အကြောင်းရင်းက နေထိုင်မှု ပုံစံကြောင့် ဖြစ်တာမို့လို့ နေထိုင်မှုပုံစံကို ပြောင်းလဲပစ်ဖို့ လိုပါတယ်။

ကိုယ်နေဟန်ထားကို ဂရုစိုက်ပါ။ ထိုင်တဲ့အခါ၊ ပစ္စည်းတွေ မတဲ့အခါ အနေအထားမှန်ပါစေ။
အိပ်တဲ့အခါ မွေ့ရာသုံးမယ်ဆို မပျော့လွန်း မမာလွန်းတဲ့ မွေ့ရာကို သုံးပါ။ ဘေးစောင်းအိပ်ပါ။ ခွခေါင်းအုံး သုံးပါ။
အထိုင်မများပါစေနဲ့။ နာရီဝက်ထိုင်ပြီးတိုင်းမှာ ခါးကြောလျှော့ပါ။
ဆေးလိပ်သောက်တတ်ရင် ဖြတ်ပါ။ မသောက်တတ်ရင် အကျင့်လုပ်ပြီး စမသောက်ပါနဲ့။
အဝလွန်နေရင် ကိုယ်အလေးချိန် လျှော့ပါ။
ဒေါက်ဖိနပ်ကို နေ့တိုင်း မဝတ်ဘဲ ဖိနပ်အပါး လဲစီးပေးပါ။
ခါးနာဝေဒနာအတွက် အိမ်တွင်း ဆေးနည်းများ
အနားယူပါ။ ခါးကို ဒဏ်ဖြစ်စေမယ့် အလုပ်တွေကို ခဏရှောင်ထားပါ။
ဖြစ်ဖြစ်ချင်းကို ရေခဲဝတ်ကပ်ပါ။ ရောင်ရမ်းတာတွေကို လျော့ကျစေပါတယ်။
နောက်ရက်လောက်ဆိုရင် ရေနွေးဝတ်ကပ်ပေးပါ။ ကြွက်သားတွေကို ပျော့ပျောင်းစေပါတယ်။
အကြောလျှော့ပါ။
နှိပ်နယ်ပါ။ ရိုးရိုးနှိပ်နယ်တာထက် အကိုက်အခဲပျောက်ဆေးပါတဲ့ လိမ်းဆေးအသုံးပြုပြီး နှိပ်နယ်နိုင်ပါတယ်။
လိုအပ်ရင် အကိုက်အခဲပျောက်ဆေး သောက်နိုင်ပါတယ်။

15/04/2022

မိတ်ဆွေတို့ကိုငါးကြီးဆီလေးနဲ့မိတ်ဆက်
ပေးပါရစေဒီဆေးကတော့မျက်စိအားနဲ
ချင်းအာရုံကြောအားနည်းချင်းအရိုးဆီခန်း
လို့ကိုက်ခဲနာကျင်နေတာတေအကြော
ညှပ်ပီးလမ်းလျှောက်မရတဲ့လူတွေဒူးဆစ်
ခါးဆစ်တအားကိုက်ပီးလေးဘက်နှာလို
ဖစ်နေတဲ့ရောဂါတွေကိုအကုန်ပျောက်
ကင်းစေနိုင်ပါတယ်အိပ်လည်းပျော်ပီးစား
လဲဝင်ပါတယ်တကယ်ဝယ်သောက်သင့်
တဲ့ဆေးပါခင်များမှာချင်တဲ့ညီကိုမောင်နှ
မများဆက်သွယ်နိုင်ပါတယ်

ဖုံးနံပတ်0804124581ကိုဆက်သွယ်မှာယူ
နိုင်ပါတယ်
မင်စင်ဂျာကလဲမှာယူနိုင်ပါတယ်အခမဲ့နေရာရောက်ပို့ပေးပါတယ်
တစ်ဘူး590ပါ 2ဘူး1000ပါခင်မျာ

ที่อยู่

Bagkok
Bangkok
10330

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Myan Care Storeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram