ဘန်ကောက် - မြန်မာဆေးဝယ်ပို့ဝန်ဆောင်မှု

ဘန်ကောက် - မြန်မာဆေးဝယ်ပို့ဝန်ဆောင်မှု ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก ဘန်ကောက် - မြန်မာဆေးဝယ်ပို့ဝန်ဆောင်မှု, การแพทย์และสุขภาพ, Bangkok.

ဘန်ကောက် - မြန်မာဆေးဝယ်ပို့ဝန်ဆောင်မှု page မှကြိုဆိုပါတယ်ရှင် 🙏

ဘန်ကောက်ကဆေးရုံ/ဆေးဆိုင်များ မှ မြန်မာပြည်က်ို သောက်ဆေးဝယ်ပို့ဝန်ဆောင်မှုပေးနေပါတယ်ရှင် 🙏🏻

Viber / Line / Phone / Whatsapp / Telegram >
+ 66 889914232
Email > bmst.est.2019@gmail.com

Happy new year 🎈🎊 🍀
01/01/2026

Happy new year 🎈🎊 🍀

31/12/25 - 4/1/26 ရက်အထိပိတ်ပါမည် 🙏🏼ဘန်ကောက် မြန်မာဆေးဝယ်ပို့ဝန်ဆောင်မှု Page နှင့်အတူတစ်နှစ်လုံးရှိနေပေးတဲ့ Customer မျ...
29/12/2025

31/12/25 - 4/1/26 ရက်အထိပိတ်ပါမည် 🙏🏼

ဘန်ကောက် မြန်မာဆေးဝယ်ပို့ဝန်ဆောင်မှု Page နှင့်အတူတစ်နှစ်လုံးရှိနေပေးတဲ့ Customer များအားလုံးစိတ်၏ချမ်းသာခြင်းကိုယ်၏ကျမ်းမာခြင်းနှင့်ပြည့်စုံပါစေ 🙏🏼

လေယဉ်ကွင်းအထိပို့တစ်ဖြတ် 📦အခုလို ဘန်ကောက် မြန်မာဆေးဝယ်ပို့ဝန်ဆောင်မှု Page မှယုံကြည်စိတ်ချစွာ မှာယူအားပေးကြသော Customers...
28/12/2025

လေယဉ်ကွင်းအထိပို့တစ်ဖြတ် 📦

အခုလို ဘန်ကောက် မြန်မာဆေးဝယ်ပို့ဝန်ဆောင်မှု Page မှယုံကြည်စိတ်ချစွာ မှာယူအားပေးကြသော Customers တစ်ဦးချင်းစီကို အထူးပင်ကျေးဇူးတင်ပါတယ်ရှင် 🙏

#ဘန်ကောက်_မြန်မာဆေးဝယ်ပို့ဝန်ဆောင်မှု

မြန်မာပြည်ပို့မှမဟုတ်ပဲ ဘန်ကောက်ရောက်လို့ ဟိုတယ်ကိုပို့ပေးပါဆိုလဲဟိုတယ်ကိုဝယ်ပို့ဝန်ဆောင်မှုပေးပါတယ်ရှင့်ရေခဲဆေးဆိုရင် ရ...
05/12/2025

မြန်မာပြည်ပို့မှမဟုတ်ပဲ ဘန်ကောက်ရောက်လို့ ဟိုတယ်ကိုပို့ပေးပါဆိုလဲဟိုတယ်ကိုဝယ်ပို့ဝန်ဆောင်မှုပေးပါတယ်ရှင့်ရေခဲဆေးဆိုရင် ရေခဲအိတ်/ပုံးနဲ့ Gel Ice packs လေးနဲ့သေချာထည့်ပြီးပို့ပေးပါတယ်ရှင့် ။

အခုလို ဘန်ကောက် မြန်မာဆေးဝယ်ပို့ဝန်ဆောင်မှု Page မှယုံကြည်စိတ်ချစွာ မှာယူအားပေးကြသော Customers တစ်ဦးချင်းစီကို အထူးပင်ကျေးဇူးတင်ပါတယ်ရှင် 🙏


#ဘန်ကောက်_မြန်မာဆေးဝယ်ပို့ဝန်ဆောင်မှု

မြန်မာပြည်ပို့မှမဟုတ်ပဲ ဘန်ကောက်ရောက်လို့ ဟိုတယ်ကိုပို့ပေးပါဆိုလဲဟိုတယ်ကိုဝယ်ပို့ဝန်ဆောင်မှုပေးပါတယ်ရှင့်ရေခဲဆေးဆိုရင် ရ...
03/12/2025

မြန်မာပြည်ပို့မှမဟုတ်ပဲ ဘန်ကောက်ရောက်လို့ ဟိုတယ်ကိုပို့ပေးပါဆိုလဲဟိုတယ်ကိုဝယ်ပို့ဝန်ဆောင်မှုပေးပါတယ်ရှင့်ရေခဲဆေးဆိုရင် ရေခဲအိတ်/ပုံးနဲ့ Gel Ice packs လေးနဲ့သေချာထည့်ပြီးပို့ပေးပါတယ်ရှင့် ။

အခုလို ဘန်ကောက် မြန်မာဆေးဝယ်ပို့ဝန်ဆောင်မှု Page မှယုံကြည်စိတ်ချစွာ မှာယူအားပေးကြသော Customers တစ်ဦးချင်းစီကို အထူးပင်ကျေးဇူးတင်ပါတယ်ရှင် 🙏




#ဘန်ကောက်_မြန်မာဆေးဝယ်ပို့ဝန်ဆောင်မှု

ထိုင်းမှတ်ပုံတင်ဝယ်ယူကိုင်ဆောင်ထားတဲ့တရုတ်နိုင်ငံသားဖမ်းမိ .ထိုင်းမှတ်ပုံတင်အစစ် လူကအတု အဖြစ် ဖြင့် ဘတ် ၁ သန်းခွဲ ပေး၍ ထ...
30/11/2025

ထိုင်းမှတ်ပုံတင်ဝယ်ယူကိုင်ဆောင်ထားတဲ့တရုတ်နိုင်ငံသားဖမ်းမိ .

ထိုင်းမှတ်ပုံတင်အစစ် လူကအတု အဖြစ် ဖြင့် ဘတ် ၁ သန်းခွဲ ပေး၍ ထိုင်းမှတ်ပုံတင်ကို နှစ်ပေါင်းများစွာ ဝယ်ယူကိုင်ဆောင်ထားကာ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ကာ စက်ရုံ ကုမ္ပဏီတည်ထောင်ထားပြီး အိမ်‌အကြီးကြီးပါ ဝယ်ပြီး နေထိုင်ထားသော

ထိုင်းအမည် နိုင် အနုချစ် မူလတရုတ်အမည် Mr.YUAN OUYANG အသက် ၄၄ နှစ် တရုတ်လူမျိုးစစ်စစ် တယောက်အား

ရဲတပ်ဖွဲ့၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (ACC)၊ အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (NACC)၊ ပြည်သူ့ကဏ္ဍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (PACC) နှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (DSI) တို့ အဖွဲ့စုံ မှ ၂၂ နိုဝင်ဘာလ တွင် ပြုလုပ်ခဲ့သော ( ဝီယန်င်ဟယ် မှာ မြူ ခွဲ မယ် ) လို့ အမည်ရတဲ့

ထိုင်းမှတ်ပုံတင် မမှန်ကန်သော နည်းလမ်းဖြင့်ပြုလုပ်ပေးသူ ကိုင်ဆောင်ရရှိသူများရှင်းလင်းရေး မစ်ရှင်အရ စုံစမ်းဖမ်းဆီးရခဲ့ကြောင်းသိရပါတယ် ။

ko po hat

ထိုင်းနိုင်ငံ အောက်ပိုင်းဒေသ Hat Yai (ဟတ်ယိုင်) မြို့နယ် ရေကြီးနေပြီး ပြည်သူပြည်သားများ ရေဘေးဒုက္ခကြုံတွေ့နေ ရသည်။ဟတ်ယို...
25/11/2025

ထိုင်းနိုင်ငံ အောက်ပိုင်းဒေသ Hat Yai (ဟတ်ယိုင်) မြို့နယ် ရေကြီးနေပြီး ပြည်သူပြည်သားများ ရေဘေးဒုက္ခကြုံတွေ့နေ ရသည်။
ဟတ်ယိုင်တွင် မြန်မာအလုပ်သမားတွေလည်း များစွာနေထိုင် လျက်ရှိနေကြတယ်
ဘေးမသီရန်မခ အန္တရာယ်အပေါင်းမှ ကင်းဝေးပြီး ပုံမှန်အခြေအနေသို့ အမြန်ဆုံးပြန်ရောက်ကြပါစေ
ရေဘေးအန္တရာယ်ကနေအမြန်ဆုံးကင်းလွတ်နိုင်ကြပါစေ 🙏🏼

#หาดใหญ่ #น้ําท่วม

ထိုင်းနိုင်ငံအတွင်း နေထိုင်လုပ်ကိုင်နေသော နိုင်ငံခြားသားများအတွက် ထိုင်းဘဏ်အကောင့်ဖွင့်ခြင်းဟာ ပထမဆုံးလုပ်ဆောင်ရသော အရာဖ...
09/11/2025

ထိုင်းနိုင်ငံအတွင်း နေထိုင်လုပ်ကိုင်နေသော နိုင်ငံခြားသားများအတွက် ထိုင်းဘဏ်အကောင့်ဖွင့်ခြင်းဟာ ပထမဆုံးလုပ်ဆောင်ရသော အရာဖြစ်သည်။

အကြောင်းကြောင်းကြောင့် ထိုင်းဘတ်ငွေလက်ခံခြင်း၊ အခန်းငှားခ ငွေပေးချေခြင်း သို့မဟုတ် နိုင်ငံတကာ card ကြေးများကို ရိုးရိုးရှင်းရှင်း ရှောင်သည်ဖြစ်စေ ဒေသခံဘဏ်အကောင့်ရှိခြင်းက အရာရာမိုလွယ်ကူစေသည်။

၂၀၂၅ ခုနှစ်ရဲ့ စည်းမျဉ်းများ ပိုပြီးတင်းကြပ်လာပြီး အထူးသဖြင့် ဗီဇာအမျိုးအစားနှင့် နေရပ်လိပ်စာအထောက်အထားဆိုင်ရာ စည်းမျဉ်းများ ပိုမိုလိုအပ်လာပါသည်။ လိုအပ်သော စာရွက်စာတမ်းများကို ပြင်ဆင်ထားပါက ဖွင့်နိုင်ခြင်း ရသည် မရသည် ဖြစ်နေပါသည်။

ထိုင်းနိုင်ငံရှိ (KBank, SCB, Krungsri) အဓိကဘဏ်တို့၏ လိုအပ်ချက်များကို ဖော်ပြပေးထားပြီး နိုင်ငံခြားသားများအနေနဲ့ ဘဏ်အကောင့်ဖွင့်ရာတွင် သိသင့်သော အချက်အလက်အားလုံးကို အောက်ပါ လင့်ခ်တွင် ဝင်ရောက်ဖတ်ရှုသင့်ပါသည်။

How to Open a Bank Account in Thailand as a Foreigner (Updated 2025)
အသေးစိတ်ဖတ်ရန် 👉 https://www.indothainews.com/how-to-open-a-bank-account-in-thailand-as-a-foreigner-updated-2025/

Chiang Mai Arts & Design (CAD) ကကျင်းပတဲ့Yi Peng မီးပုံးလွှတ်ပွဲကို သူတို့ ဘယ်လိုစီစဉ်သွားလဲ ?လေ့လာကြည့်တော့ သိရသလောက်က ...
08/11/2025

Chiang Mai Arts & Design (CAD) ကကျင်းပတဲ့
Yi Peng မီးပုံးလွှတ်ပွဲကို သူတို့ ဘယ်လိုစီစဉ်သွားလဲ ?

လေ့လာကြည့်တော့ သိရသလောက်က
ဒီပွဲကို စနစ်တကျနဲ့ ဘေးကင်းဖို့

Event management
Safety protocol / Fire Prevention
Security
Traffic and crowded control
Ambulance and Medical Rescue
Aviation safety

အဓိကအချက်ကတော့ မီးပုံးတွေကို Eco Friendly ဖြစ်အောင် စက္ကူမီးပုံးတွေကိုပဲ အသုံးပြုခိုင်းပြီး
ခန့်မှန်းခြေ မီတာ ၉၀၀ ဝန်းကျင်အထိပဲ ပျံတက်နိုင်တဲ့အပြင် မြေပြင်ပြန်မကျခင်မှာ မီးငြိမ်းနိုင်တာမျိုး
တွေသုံးခိုင်းထားတာပါ

မီးပုံးပျံ အကြွင်းအကျန်တွေကိုပါ တစ်လုံးကို ၅ ဘတ်နှုန်းနဲ့ပတ်ဝန်းကျင် ညစ်ညမ်းမှုမဖြစ်အောင်ဆိုပြီး
ပြန်လည်လက်ခံ ဝယ်ယူပေးပြီးစီစဉ်ထားပါတယ်

ပွဲတော်ကျင်းပတဲ့ကွင်းမှာလည်း ကားမကျပ်အောင်
ဝင်ခွင့်လက်မှတ်တွေမှာ ချင်းမိုင်မြို့ထဲကနေ
အကြိုအပိုကားပါ စီစဉ်ပေးထားပါတယ်

ဒီပွဲတော်ကျင်းပတဲ့ နှစ်ရက်လုံးမှာ ချင်းမိုင်လေဆိပ်
လေယာဉ် ပျံသန်းမှုတွေကို ည ၇:၀၀ နာရီနောက်ဆုံး
ထားပြီးရပ်နားခိုင်းထားပါတယ်

လေယာဉ်အစီး ၉၀ ကျော်ကို လေယာဉ်ချိန်ပြောင်းလဲပြီး
အစီး ၆၀ ကျော် ခရီးစဉ်ဖျက်သိမ်းခိုင်းပါတယ်
စုစုပေါင်း လေယာဉ်အစီး ၁၆၀ ကျော်ကို
အချိန်ပြောင်း၊ဖျက်သိမ်းပေးတယ်လို့ပြောပါတယ်

တစ်ညကို ပွဲတော်အတွင်း လူ ၁၅၀၀၀ ခန့်မှန်းခြေနဲ့ ပွဲတော်ကာလအတွင်း တစ်ရက်ကို ခရီးသည် ၃၂၀၀၀ ကျော်ထိ ဝင်ရောက်တယ်လို့ပြောပါတယ်

ပွဲထဲ ဝင်ဖို့ လက်မှတ်ဈေးက

• Standard: ၄,၈၀၀ ဘတ်
• VIP: ၆,၄၀၀ ဘတ်
• Premium: ၆,၉၀၀ ဘတ်
• Elite Seat: ၁၅,၅၀၀ ဘတ်

လက်မှတ် တစ်စောင်ကို မြန်မာငွေ ၆ သိန်းဝန်းကျင်
ကနေ သိန်း ၂၀ ထိ ရှိပါတယ်

ဒီနှစ် ၂၀၂၅ မှာ ပွဲကျင်းပတဲ့ နှစ်ညလုံး
လက်မှတ်အားလုံးရောင်းကုန်တယ်လို့ သူတို့ပြောပါတယ်

လက်မှတ်ရောင်းရငွေချည်း ခန့်မှန်းခြေတင်
ဘတ် သန်း ၁၀၀ အထက် ဝန်းကျင်ရှိတယ်လို့
ပြောကြပါတယ်

ဘာတွေကွာသွားလဲ ဆိုတော့

လူနင်းမခံရဘူး ၊ ခါးပိုက်နှိုက်မရှိဘူး

မီးဘေးအန္တရာယ် မစိုးရိမ်ရဘူး

မူးရူးပြီး ရန်ဖြစ်တာမျိုးမရှိဘူး

ဈေးအတင်းလိုက်ရောင်းတဲ့ဈေးသည်မရှိဘူး

လူအုပ်ကြီးတိုးကြိတ်ပြီး လူပိတာမျိုးမဖြစ်ဘူး

လာသမျှဧည့်သည်တွေကို လုံခြုံရေး
ကျန်းမာရေး အကုန်ဂရုစိုက်တယ်

Local ဆို တစ်ဈေး နိုင်ငံခြားသားဆို ဈေးတစ်မျိုး
ဆိုပြီး မရောင်းဘူး

သူတို့ပွဲတော်တိုင်းကို လာဆင်နွှဲတဲ့သူမှန်သမျှကို
နွေးထွေးဖော်ရွေပြီး သူ့နိုင်ငံသားလိုဆက်ဆံတယ်
မခွဲခြားဘူး

အဲ့တော့ ဒီနိုင်ငံက Tourism အောင်မြင်တာ မဆန်းပါဘူး😃

🌕✨ Loy Krathong Festival 2025 in Bangkok ✨🌕ဘန်ကောက်မြို့တစ်မြို့လုံး မီးအလင်းတွေနဲ့ ပြည့်နှက်သွားမယ့် ရိုးရာ Loy Krathon...
04/11/2025

🌕✨ Loy Krathong Festival 2025 in Bangkok ✨🌕

ဘန်ကောက်မြို့တစ်မြို့လုံး မီးအလင်းတွေနဲ့ ပြည့်နှက်သွားမယ့် ရိုးရာ Loy Krathong ပွဲတော် ကို နိုဝင်ဘာ ၅ (ဗုဒ္ဓဟူးနေ့) တွင် ကျင်းပမည်ဖြစ်ပါသည်။

🌕✨ ကျင်းပမယ့်နေရာများမှာ ✨🌕
• ICONSIAM River Park
• Asiatique The Riverfront
• Lumpini Park (Pathumwan District)
• Santichaiprakarn Park (Phra Nakhon District)
• Benjakitti Park (Khlong Toei / Sukhumvit area)
• Rama VIII Bridge area
• Wat Arun
• Wat Pho
• Chulalongkorn University
• Wachirabenchathat Park (Rot Fai Park)
• Chatuchak Park

ကဲအပေါ်ကရေးထားတဲ့ကိုယ်နဲ့နီးစပ်ရာ📍Google ထောက်ပြီးသွားလိုက်ကြနော်🪷💖

ထိုင်း နာမည်ကြီးရှူဆေးဘူးတွင် ဘက်တီးရီးယားနှင့် မှိုများ သတ်မှတ်ပမာဏထက် ပိုမိုပါဝင်နေထိုင်းနိုင်ငံအတွင်း လူသုံးများသော န...
28/10/2025

ထိုင်း နာမည်ကြီးရှူဆေးဘူးတွင် ဘက်တီးရီးယားနှင့် မှိုများ သတ်မှတ်ပမာဏထက် ပိုမိုပါဝင်နေ

ထိုင်းနိုင်ငံအတွင်း လူသုံးများသော နာမည်ကြီး အစိမ်းရောင်ရှူဆေးဘူးတစ်မျိုး(ဟွန်ထိုင်း)သည် ဘက်တီးရီးယားနှင့် မှိုများ သတ်မှတ်ပမာဏထက် ပိုမိုပါဝင်နေပြီး သတ်မှတ်စံချိန်မပြည့်မီသဖြင့် သုံးစွဲမှု ရပ်တန့်ကြရန် ထိုင်း FDA က သတိပေးချက် ထုတ်ပြန်လိုက်သည်။

ယခုစံချိန်စံညွှန်းနှင့် မညီသော ရှူဆေးဘူးမှာ ဖော်မြူလာ ၂ အမျိုးအစား Herbal Mixed Balm Thai Eagle Brand ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဘန်ကောက်မြို့ ချာတူးချက်ဈေးက ဝယ်ယူထားသော ဟွန်ထိုင်းရှူဆေးဘူးကို အကြိမ်ကြိမ်စစ်ဆေးပြီးနောက် သတ်မှတ်စံချိန်စံညွှန်းများနှင့် မညီကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ပြည်သူများ သတိပြုကြရန် FDA သတိပေးချက် ထုတ်ပြန်လိုက်သည်။

ဓါတ်ခွဲခန်းထဲ စစ်ဆေးမှုများအရ ရှူဆေးဘူးတွင် သတ်မှတ်ပမာဏထက် ပိုလွန်နေသော ဘက်တီးရီးယားအရေအတွက်၊ တဆေးနှင့် မှိုများအရေအတွက်နှင့် Clostridium အမျိုးအစား ဘက်တီးရီးယားကိုလည်း တွေ့ရှိရကြောင်း ဖော်ပြသည်။

Clostridium အမျိုးအစား ဘက်တီးရီးယားသည် လူကို ဝမ်းလျှောခြင်းနှင့် အခြားဆိုးကျိုးများကဲ့သို့ အခြေအနေများကို ဖြစ်စေနိုင်ကြောင်း ဆေးဝါးကျွမ်းကျင်အချက်အလက်များအရ သိရသည်။

ထို့ကြောင့် ဆေးဝါးပစ္စည်းထုတ်လုပ်မှုဥပဒေအရ ယခုရှူဆေးဘူးကို သတ်မှတ်စံချိန်စံညွှန်းနှင့် မညီဟု တရားဝင် ယူဆကြောင်း ဖော်ပြထားသည်။

သတ်မှတ်စံချိန်မမီသော ရှူဆေးဘူးကို ဆက်တိုက်သုံးစွဲနေသော ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးအရ ဆိုးကျိုးများ ရှိလာနိုင်သဖြင့် သုံးစွဲရန် မသင့်တော်ကြောင်း FDA က သတိပေးထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် သုံးစွဲမှု ချက်ချင်းရပ်တန့်ရန် FDA က သတိပေးသည်။

ယခုရှူဆေးဘူးကို ထုတ်လုပ်သော သက်ဆိုင်သူများကိုလည်း ဆေးဝါးဥပဒေများအရ တရားစွဲသွားမည်ဖြစ်ပြီး ထောင်ဒဏ် ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ် ၃ သိန်းအထိ ပေးဆောင်ရနိုင်ကြောင်း ဖော်ပြသည်။

နောက်ထပ် ဆေးဘူးများကို ရောင်းချထားသဖြင့် ထပ်တိုးပြစ်ဒဏ်များကိုလည်း ချမှတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Ref: The Thaiger, Matichon Online

မင်္ဂလာနေ့လည်ခင်းလေးပါရှင့် 🙏🏻ဘန်ကောက် - မြန်မာဆေးဝယ်ပို့ဝန်ဆောင်မှု page မှ ခုတစ်လော နယ်စပ်ဂိတ်ကနေပစ္စည်းပို့ပေးဖို့လမ်...
23/09/2025

မင်္ဂလာနေ့လည်ခင်းလေးပါရှင့် 🙏🏻

ဘန်ကောက် - မြန်မာဆေးဝယ်ပို့ဝန်ဆောင်မှု page မှ ခုတစ်လော နယ်စပ်ဂိတ်ကနေပစ္စည်းပို့ပေးဖို့လမ်းကြောင်းပိတ်နေတော့ ဘန်ကောက်မြို့တွင်းလူကြုံရှိလို့လူကြုံဆီသွားပို့ပေးဆိုရင်တော့ ဖရီး Delivery နဲ့ပို့ပေးလို့ရပါမယ်ရှင် နဲ့ လေကြောင်းပို့သည်အတွက်လဲ အနည်းငယ်ကြာပါတယ်ချက်ချင်းပို့ချက်ချင်းမရောက်နိုင်တာမို့ ကြိုမှာကြပါ 💊ကုန်ခါနီးမှဆိုပို့ရတာအဆင်မပြေလို့ပါရှင့် 🙏🏻

#ဘန်ကောက်မြန်မာဆေးဝယ်ပို့ဝန်ဆောင်မှု

ที่อยู่

Bangkok

เบอร์โทรศัพท์

+66889914232

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ဘန်ကောက် - မြန်မာဆေးဝယ်ပို့ဝန်ဆောင်မှုผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง ဘန်ကောက် - မြန်မာဆေးဝယ်ပို့ဝန်ဆောင်မှု:

แชร์