SARAH YOGA ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก SARAH YOGA, สถานที่เล่นโยคะ, Bangkok.

🕉️ “Om Namah Shivaya” | “Om Namo Bhagwate Rudraay”
🌸 Certified 200-Hour Yoga Teacher
🌿 Yoga • Meditation • Wellness • Healing
📍 Online & In-person classes | Connect & flow with me

Inversion ကျင့်စဉ်တွေကို chair နဲ့ကျင့်ရတာ မြတ်နိုးအတွက်တော့ Challenges တစ်ခုပါ ...အကူမပါဘဲ yoga mat ပေါ်မှာလေ့ကျင့်ရတာထ...
20/09/2025

Inversion ကျင့်စဉ်တွေကို chair နဲ့ကျင့်ရတာ မြတ်နိုးအတွက်တော့ Challenges တစ်ခုပါ ...အကူမပါဘဲ yoga mat ပေါ်မှာလေ့ကျင့်ရတာထပ် အကူတစ်ခုခုပေါ် လေ့ကျင့်ရတာဟာ Partner yoga ကျင့်စဉ်တွေလိုဘဲ ... ✨

မိမိရဲ့ကြောက်စိတ်လေးရယ် ယုံကြည်မှု့ရယ် အသိသတိလေးကပ်နေမှု့နဲ့ breathing တွေမှာ focus ထားနိုင်ဖို့ အရမ်းအရေးကြီးပါတယ် ... အဓိက မိမိရဲ့စိတ်လေးကသာ အရေးကြီးဆုံးဖြစ်လို့ အမြဲ သတိကပ်နေဖို့အတွက် သေချာလေး အားထုတ်ကြိုးစားရပါတယ် ... ✨

🧘🏻‍♀️ My Splits Journey ✨🌸ပျော့ပြောင်းမှုသည် မြတ်နိုးတို့ ခန္ဓာကိုယ်အတွက်သာမက စိတ်ဝိညာဉ်အတွက်ပါ လိုက်လျောညီထွေဖြစ်စေပါတယ...
18/09/2025

🧘🏻‍♀️ My Splits Journey ✨🌸

ပျော့ပြောင်းမှုသည် မြတ်နိုးတို့ ခန္ဓာကိုယ်အတွက်သာမက စိတ်ဝိညာဉ်အတွက်ပါ လိုက်လျောညီထွေဖြစ်စေပါတယ်💫

ယောဂကျင့်စဉ်တစ်ခုစီမှာ မြတ်နိုးတို့အတွက် ဟန်ချက်ညီစေခြင်း ခွန်အားနှင့် ငြိမ်းချမ်းမှုဆီသို့ ပိုနီးစပ်စေပါတယ်🧘‍♀️

Split ကျင့်စဉ်သည် အပေါ်ခြေထောက်၊ အောက်ခြေထောက်နဲ့ တင်ပိုင်းများရဲ့ တင်းမာမှု့များကို ဖြေလျော့ပေးသလို အာရုံစူးစိုက်နိုင်စွမ်းနဲ့ စိတ်ရှည်စွမ်းကိုပါ ဖန်တီးပေးပါတယ်... 🧘‍♀️


ပုံမှန်ဆို regular classes မှာposture တွေ သိပ်မထည့်ပေးမဲ့ ... သင်တန်းသူရဲ့ လေ့ကျင့်မှု့ကို ကြည့်ပြီး လုပ်နိုင်တာလေးတွေ သ...
15/09/2025

ပုံမှန်ဆို regular classes မှာposture တွေ သိပ်မထည့်ပေးမဲ့ ... သင်တန်းသူရဲ့ လေ့ကျင့်မှု့ကို ကြည့်ပြီး လုပ်နိုင်တာလေးတွေ သင်ပေးဖြစ်... (၁) လကျော် လေ့ကျင့်တဲ့ အမရဲ့
လေ့ကျင့်မှု့ မှတ်တမ်းလေးတစ်ဖြတ် .... တူတူကြိုးစားလေ့ကျင့်ပေးလို့ ကျေးဇူးပါရှင့် ...

🧘🏻‍♀️online class တွေပုံမှန်ရှိပါတယ်ရှင့် ... ပုံတွေရိုက်ရမှာပျင်းတာရယ် ကိုယ့် practice တွေဘဲတင်နေမိလို့ online class အတန်းတွေရှိပါတယ်ရှင့် ...

✨သင်တန်းစုံစမ်းချင်သူများ page massager ကနေ အသေးစိတ်စုံစမ်းလို့ရပါတယ်ရှင့် ... တီချယ် ဖုန်းလေးကလိုင်းမမိလို့ပါရှင် 🫶🏻



အရမ်းတော်ပြီး ကြိုးစားသော Private သင်တန်းသူလေး...ပင်ကိုယ်ကပျော့တဲ့ထဲပါတဲ့သူလည်းဖြစ်ပြီး ယောဂကို ကိုယ်တိုင်စိတ်ပါဝင်စားပြ...
14/09/2025

အရမ်းတော်ပြီး ကြိုးစားသော Private သင်တန်းသူလေး...
ပင်ကိုယ်ကပျော့တဲ့ထဲပါတဲ့သူလည်းဖြစ်ပြီး ယောဂကို ကိုယ်တိုင်စိတ်ပါဝင်စားပြီး သေချာလေးစီးမျောလေ့ကျင့်ပေးလို့ ခုလိုလှပတဲ့ ကျင့်စဉ်လေးတွေရ 🧘🏻‍♀️🌸

အဓိကက မိမိစိတ်လေးထဲစီးမျောပြီး ယောဂကျင့်မှသာ ပိုပြီးတိုးတက်လာမှာဘဲဖြစ်ပါတယ် ....

✨Twisting Pose ✨Namaste 🧘🏻‍♀️မြတ်နိုးတို့ ယောဂကျင့်စဉ်တွေရဲ့ Twisting Asana တွေဟာ ကျောရိုးကျန်းမာရေးကို တိုးတက်စေပြီး ကျ...
06/09/2025

✨Twisting Pose ✨
Namaste 🧘🏻‍♀️မြတ်နိုးတို့ ယောဂကျင့်စဉ်တွေရဲ့ Twisting Asana တွေဟာ ကျောရိုးကျန်းမာရေးကို တိုးတက်စေပြီး ကျောရိုးကို သန်မာစေကာ ကျောရိုးကို ရှည်လျားကာ Twist လုပ်ခြင်းဖြင့် ပြေလျော့စေပါတယ် ...

✨Twisting Pose တွေဟာ ဝမ်းဗိုက်အင်္ဂါများကို လှုံ့ဆော်ပေးခြင်း၊ သွေးလှည့်ပတ်မှုကို မြှင့်တင်ပေးပြီး စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကို လျှော့ချပေးခြင်းဖြင့် အစာချေဖျက်ခြင်းကိုလည်း ကူညီပေးပါတယ်...

✨အသက်ရှူခြင်းနှင့် လှုပ်ရှားခြင်းတို့ကို ပေါင်းစပ်ခြင်းဖြင့်၊ Twisting Asana များသည် မိမိခန္ဓာကိုယ်၏ အသိဉာဏ်ကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်နှင့် စိတ်နှစ်ခုလုံးကို လန်းဆန်းစေသော အကျိုးသက်ရောက်မှုကို ရရှိစေပါတယ် ...

✨မြတ်နိုးတို့ ခါးနာနေတဲ့သူတွေအတွက်လည်း အထိရောက်ဆုံးဖြစ်တဲ့ ကျင့်စဉ်လေးတစ်ခုဖြစ်သလို .. အစာချေစနစ်အတွက်လည်း အထောက်ကူဖြစ်တဲ့ကျင့်စဉ်လေးတစ်ခုဘဲဖြစ်ပါတယ် ...


မြတ်နိုးတို့ ယောဂခရီးစဉ်သည် မိမိခန္ဓာကိုယ်ကျန်းမာနေသ၍ လျှောက်လမ်းလို့ရတာဖြစ်တဲ့အတွက်ကြောင့် ယောဂကျင့်ရာတွင် .. 🍃🧘🏻‍♀️ Do...
04/09/2025

မြတ်နိုးတို့ ယောဂခရီးစဉ်သည် မိမိခန္ဓာကိုယ်ကျန်းမာနေသ၍ လျှောက်လမ်းလို့ရတာဖြစ်တဲ့အတွက်ကြောင့် ယောဂကျင့်ရာတွင် .. 🍃

🧘🏻‍♀️ Don't Compare with other ... ✨
မိမိကိုယ့်ကို ဘယ်သူနဲ့မှ compareမလုပ်ပါနဲ့ ... ကျင့်တာချင်းတူတာတောင် ဘာလို့ ငါက မရတာလည်းမတွေးပါနဲ့ ... တစ်ယောက်နဲ့တယောက် ခန္ဓာကိုယ် မတူကျလို့
ရတာချင်းလည်း ကွဲပြားနိုင်ပါတယ် ... တစ်ချို့က flexible ဖြစ်တဲ့သူရှိသလို တစ်ချို့ကျ Strong ဖြစ်တဲ့ ရှိပါတယ်..
(၂) မျိုးစလုံး ရတဲ့သူလည်းရှိပါတယ် ...

🧘🏻‍♀️Don't force yourself ပါ ...✨
မြတ်နိုးတို့တစ်ခါတလေ အရမ်းကျင့်ချင်တဲ့ ကျင့်စဉ်တွေရှိပါတယ် .. ကိုယ့်ခန္ဓာက မလိုက်နိုင်ရင် force အရမ်းမလုပ်ပါနဲ့ ... ကိုယ့်ရဲ့ ဆရာက ရသေးတယ် လုပ်ကြည့်ဆိုတဲ့ အချိန်ကြုံလာရင် ကိုယ့် ခန္ဓာအသံ ကိုယ်နားထောင်ပါ ..
ကိုယ့်ခန္ဓာက လက်မခံတော့ရင် လေ့ကျင့်တာရပ်လိုက်ပါ..တချို့ကျင့်စဉ်တွေက ဖြည်းဖြည်းချင်းနဲ့မှ ရလာတာမျိုးပါ...

🧘🏻‍♀️ ဖြည်းဖြည်းမှန်မှန်သွားပါ ...✨
ယောဂကျင့်စဉ်တွေကျင့်တဲ့နေရာမှာ စိတ်လောပြီးကျင့်လို့မရပါဘူး ... Body , Mind and soul သုံးခုစလုံး balance ဖြစ်နေမှ ပိုပြီး ထိရောက်မှု့ရှိပါတယ် ... စိတ်လောပြီး ကျင့်လိုက်တဲ့အခါမျိုးမှာ အခက်မသင့်ရင် injuries ရနိုင်ပါတယ် ... တော်တော်များများက ရချင်ဇောနဲ့ကျင့်ကျတဲ့သူတွေရှိတက်ပါတယ် ... လိုရာခရီးမရောက်ဘဲဖြစ်တက်ပါတယ်...ပုံမှန်လေးဘဲ သွားပေးပါ..

🧘🏻‍♀️Focus on yourself ပါ ...✨
ကိုယ့်ကိုဘဲ focus ထားပြီး အသိ သတိလေးကပ်ပြီးကျင့်ပါ ... သူများဘယ်လောက်လုပ်နိုင်တယ် ဆိုတာထက် တစ်နှစ်နဲ့ တစ်နှစ် ကိုယ့်ကိုယ်ကို improve ဖြစ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာဘဲ စဉ်းစားပြီးကျင့်သွားပါ ... ဒီနေ့မှာ ဒီကျင့်စဉ်တွေရနေပေမဲ့ မိမိကိုယ်တိုင် practices ပျက်သွားရင်လည်း ရတာတွေပါ အစကပြန်ကျင့်ရတက်ပါတယ် ...

✨မြတ်နိုးတို့ ယောဂကျင့်စဉ်တွေကို နေ့စဉ်ပုံမှန် ဖြည်းဖြည်းနဲ့ မှန်မှန်နည်းစနစ်တကျ ကျင့်သွားရင်း မိမိ စိတ်နဲ့ခန္ဓာအတွက် အကောင်းမွန်ဆုံးဖြစ်အောင် တူတူလျှောက်လှမ်းကျရအောင်ရှင့်🍀🍃


03/09/2025

မနက်တည်းကသည်းတဲ့မိုးလေးနဲ့အတူ အတန်းလေး (၂)ချိန်သင်အပြီး ချွေးလေးထွက်အောင် practice လေးလုပ် ... မနည်းပြန်ခေါ်ရတဲ့ ခန္ဓာနဲ့ စိတ် ... လွှတ်ထွက်မသွားအောင်မနည်း စုစည်းရတဲ့ အာရုံ ... ကျင့်စဉ်တွေတိုင်း လွယ်တယ် ထင်ရပေမဲ့ .. ကျင့်တာ ပျက်သွားရင်လည်း တီချယ်တွေလည်း သင်တန်းသူတွေလိုဘဲမနည်းပြန်ပြန်လိုက်ရပါတယ်ရှင်...

“Sometimes you have to go upside down to find balance inside ✨🧘‍♀️                      ”
03/09/2025

“Sometimes you have to go upside down to find balance inside ✨🧘‍♀️


✨ New Yoga Classes For September ✨ Come join us to stretch, strengthen & connect with your inner peace 🧘🏻‍♀️🍀Every week ...
25/08/2025

✨ New Yoga Classes For September ✨

Come join us to stretch, strengthen & connect with your inner peace 🧘🏻‍♀️🍀

Every week : Zoom Online Classes
🗓️ Tueday to Friday : 9:30 -10:30 am
: 6:00- 7:00 pm
🗓️ Saturday & Sunday : 7:30 - 8:30 am
: 2:00 - 3:00 pm
: 5:30 - 6:30 pm

Every Week : In-Person Classes
🗓️ Saturday , Sunday , Monday : 9:00 - 10:00 am
: 11:00 - 12:00 am
: 4:00 - 5:00 pm

Investment for In-person classes :
16 times per month - 110,000
12 times per month - 85,000
8 times per month - 75,000

Investment for Online group classes:
16 times per month - 90,000
12 times per month - 75,000
8 times per month - 65,000

Group လိုက်ဖြစ်စေ One on One သီးသန့် Join ချင်သူတွေအတွက် Page masaager လေးမှာ အသေးစိတ် လာရောက်မေးမြန်းလို့ရပါတယ်ရှင့် ...

🧘‍♀️Instructor: Sarah (Certified Yoga Teacher)
💫 All levels are welcome! 💫

📍 Location: အမှတ် -၂၃၉/၂၄၀ , အောင်သစ္စာလမ်းထိပ် , AGD Bank နှင့် Naing လျှပ်စစ်ဘေးကပ်လမ်း , ကုလားကျောင်းမှတ်တိုင်အနီး , မရမ်းကုန်းမြို့နယ်...


🧘🏻‍♀️Regular Zoom Class ရဲ့ Weekend day တစ်ပတ် (၃)ရက် ကြိုးစားလေ့ကျင့်ပေးတဲ့ အမ ... ကိုယ်သင်သမျှသေချာလေး လိုက်ကျင့်ပေးပြ...
25/08/2025

🧘🏻‍♀️Regular Zoom Class ရဲ့ Weekend day တစ်ပတ် (၃)ရက် ကြိုးစားလေ့ကျင့်ပေးတဲ့ အမ ... ကိုယ်သင်သမျှသေချာလေး လိုက်ကျင့်ပေးပြီး ကိုယ့်ဘက်ကသာ ဖျားလို့ပျက်ရက်တွေရှိတာတောင် သက်သာမှသင်နော်ဆိုပြီး နားလည်ပေးလို့ကျေးဇူးတင်ပါတယ် ..

🧘🏻‍♀️ညပိုင်းအတန်းတွေလည်း လူကသေချာမသက်သာသေးလို့ဖြုတ်လိုက်ရပေမဲ့ သက်သာရင်ပြန်ဖွင့်ပါမယ်ရှင့်...

🍁တစ်ကယ်ယောဂအပေါ် စိတ်ရော ကိုယ်ပါ စိတ်ဝင်တစားလေးနဲ့ မြတ်နိုးအတူတူ ကြိုးစားလေ့ကျင့်ပေးကျလို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်...


ဘယ်လိုအချိန်တွေလုပြီးသွားကျင့်ရသလဲဆိုရင် မနက်ပိုင်း အတန်း(၂)ချိန်လုံးက တီချယ်ရေ ဥပုပ်နေ့မို့ ခွင့်ဆိုတာနဲ့ ... ကောက်ခါငင...
23/08/2025

ဘယ်လိုအချိန်တွေလုပြီးသွားကျင့်ရသလဲဆိုရင် မနက်ပိုင်း အတန်း(၂)ချိန်လုံးက တီချယ်ရေ ဥပုပ်နေ့မို့ ခွင့်ဆိုတာနဲ့ ... ကောက်ခါငင်ခါ အကျီလဲပြီး အပြေးလေးသွားကျင့် ..
အပြန် ညနေ Private အတန်းလေး မောမောနဲ့ဆက်သင်...
တီချယ်တွေလည်း သင်တန်းသူတွေလိုဘဲ အမြဲ practice လုပ်ရင်း update လုပ်နေရပါတယ်...

India မှာသွားတက်ထားပြီး လေ့ကျင့်ရသေးလား တီချယ်ဆိုရင် ... အမြဲကျင့်နေရမှာပါ ... ယောဂကျင့်စဉ်တွေ အများကြီးရှိတာမို့ မကျင့်ရသေးတာတွေလည်းအများကြီးကျန်နေပါသေးတယ် ... ခန္ဓာကိုယ်ကြီးက ရပ်ထားလို့မရပါဘူး ... Practice ပျက်တာနဲ့ အကုန် အစကနေပြန်စရမှာမို့ ..
ပုံမှန်လေး လုပ်နိုင်သလောက်လေးဘဲ တူတူကြိုးစားပေးကျပါရှင့် ...

တစ်ယောက်နဲ့တယောက် ခန္ဓာကိုယ် တည်ဆောက်ပုံချင်းမတူတာမို့ ပျော့တဲ့သူက ပျော့ပြီး အကြောတင်းတဲ့သူက တင်းနေမှာပါ ... Balance ဖြစ်အောင်တော့ဖြေးဖြေးချင်းလေ့ကျင့်သွားဖို့လိုပါတယ် ... အဓိကက အသိလေးကပ်ရင်း body , mind and breathing လေးတွေမှာအာရုံလေးစိုပ်ထားပေးဖို့ဘဲ လိုတာပါ ...

အကောင်းဆုံးတွေဘဲ သေချာလေးပြန်လည်ဝေမျှပေးသွားမှာမို့ ဖြေးဖြေးချင်းတူတူ ကျင့်ကျရအောင်နော် ...


" Gym 🏋️ဆော့ခြင်းနဲ့ Yoga 🧘‍♀️ ကျင့်ခြင်းမှာ ဘယ်ဟာက Calories ပိုလောင်ကျွမ်းပြီး Weight ကျမြန်သလဲ !!! ? "Namaste 🙏 ... မြ...
22/08/2025

" Gym 🏋️ဆော့ခြင်းနဲ့ Yoga 🧘‍♀️ ကျင့်ခြင်းမှာ ဘယ်ဟာက Calories ပိုလောင်ကျွမ်းပြီး Weight ကျမြန်သလဲ !!! ? "

Namaste 🙏 ...
မြတ်နိုးတို့ ခုခေတ်ကာလမှာ အမျိုးမျိုးသောအကြောင်းအရာတွေကြောင့် ကျန်းမာရေးလိုက်စားကျတဲ့သူတွေများလာပါတယ် ... Body transformation လုပ်ချင်လို့ Gym ကစားကျတဲ့သူတွေရှိသလို ... စိတ်အတွက် peaceful ☮️ ဖြစ်အောင် ယောဂကျင့်လာကျတဲ့သူတွေများလာပါတယ် ....

🍁 မြတ်နိုးကိုယ်တိုင် ယောဂသင်ရင်း လူတော်များများ အမေးများ မေးကျတဲ့မေးခွန်းလေးပါ... တီချယ် Gym ဆော့တာနဲ့ ယောဂကျင့်တာ ဘယ်အရာက ပို weight ကျတာမြန်သလဲ ဆိုတာ သင်တန်း သူ တိုင်းမေးကျပါတယ်...

🍁ရှင်းရှင်းလေးဘဲပြောပါမယ် .. Gym ဆော့တာက ပိုပြီး body transform ဖြစ်တာ မြန်သလို .. ကိုယ် အချိန်ပေး ကစားရင် ကစားနိုင်သလောက် weight ကျတာ မြန်ပါတယ်... ကိုယ် target ထားတဲ့ လအတွင်း အစားသောက် , နေထိုင်မှု့ , calories မျှတအောင်စားသောက်ပြီး ကစားရင် ပိုမြန်ပါတယ်... ခန္ဓာကိုယ် သန်မာလာသလို body changes ဖြစ်တာလည်း မြန်ပါတယ် ...

🧘🏻‍♀️ ယောဂကျင့်ရင်ရော body changes မဖြစ်ဘူးလားဆိုတော့ ဖြစ်ပါတယ် ... အချိန်ကာလတစ်ခုထိ စိတ်ရှည်ရှည်နဲ့သွားပေးရပါမယ် ... ယောဂတစ်နာရီကျင့်တာ နဲ့ Gym တစ်နာရီဆော့ တာတောင် .. Gym ဆော့တဲ့သူက Calories ပိုလောင်ကျွမ်းပါတယ် ...

🧘🏻‍♀️ ယောဂကျင့်ရင်း ဘာတွေပြောင်းလဲ လာမလဲဆိုတော့ Mind set တွေပြောင်းလဲလာမယ် ... Flexibility တွေပိုကောင်းလာမယ် ... Arm balance တွေ Core muscles တွေ ပိုပြီး ကောင်းလာမယ် ... ယောဂကျင့်စဉ်တွေမှာ Gym ကစားခြင်းလို တစ်ခုတည်းကို အာရုံစူးစိုက်ရတာမဟုတ်ဘဲ ... မိမိဝင်လေထွက်လေအပေါ်သတိကပ်ရခြင်း, မိမိကျင့်တဲ့ ကျင့်စဉ်တွေအပေါ် focus ထားရခြင်း နဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ညှစ်သင့်တဲ့နေရာတွေ အားထည့်ပြီး ညှစ်ရခြင်းတွေကြောင့် ... မိမိစိတ်တွေ တည်ငြိမ်လာမယ် .. ညဘက်တွေမှာ နှစ်ခြိုက်စွာအိပ်ပျော်လာမယ် ...
အာရုံကြောနဲ့ပတ်သတ်တာ ကျီးပေါင်းတက်တာတွေသက်သာလာပြီး , တင်းကျပ်မှု့တွေလျော့ကျလာခြင်း နဲ့ အရာအားလုံးကို အရှိတိုင်းလက်ခံတက်လာမှာဘဲဖြစ်ပါတယ် ...
မိမိ စိတ်နဲ့ခန္ဓာ နှစ်ခုလုံးအတွက် မိမိစိတ်လေး ထည့်ပြီး ကျင့်ရင်ကျင့်သလောက် ကောင်းကျိုးတွေရရှိလာမှာဘဲဖြစ်ပါတယ်...

Weight🏋️‍♀️ အမြန်ကျချင်တဲ့ သူတွေကတော့ Target တစ်ခုထားပြီး Gymဆော့လို့ရသလို .. မိမိ စိတ်နဲ့ခန္ဓာအတွက်ဆိုရင်တော့ Long Times Plan အနေနဲ့ ယောဂကို ရွေးချယ်ကျင့်သင့်ပါတယ်... တစ်ခုခြင်းစီမှာ အားသာချက် ကိုယ်ဆီရှိတာမို့ ကိုယ် plan နဲ့ကို ရွေးချယ်လို့ရပါတယ် ...

မြတ်နိုးကတော့ Yoga ကိုချစ်မြတ်နိူးပြီး စိတ်နဲ့ခန္ဓာအတွက်အကျိုးအများကြီးရှိတာမို့ ယောဂကျင့်ရတာ ပိုသဘောကျပါတယ် ...

🍁 ဘာလို့ ယောဂကျင့်ရင်း Gym တွေဆော့ရင်း ကိုယ့်ကိုကို ဘာလိူ့မပြောင်းလည်းသလဲ ဆိုပြီးတွေးတဲ့သူတွေလည်းရှိမှာပါ ... အဲ့တာကတော့ ကိုယ့်ကိုကို ညှာတဲ့သူ , စိတ်ဆုံးဖြတ်ချက်သေချာမချနိုင်ဘဲ ဟိုဒီ ဝေဝါးနေသူ နဲ့ ပေါ်ပင် ပုံရိုက်ဖို့အတွက်ဘဲ ဆိုတဲ့ သူတွေကတော့ ဘာဘဲ လေ့ကျင့်ကျင့် "ပြောင်းလဲမှု့ " ရရှိမှာမဟုတ်ပါဘူး ရှင့် ...

" အားလုံးဘဲ ကျန်းမာသော ခန္ဓာကိုယ်နဲ့ အေးချမ်းတည်ငြိမ်သော စိတ်လေး ပိုင်ဆိုင်ကျပါစေရှင့် ....🌸..

ที่อยู่

Bangkok

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ SARAH YOGAผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram