နက္ခတ္တဝေဒဆိုင်ရာ သိပ္ပံလက္ခဏာ မဟာသိပ္ပံဘွဲ့ရ M.Sc ဆရာမိုးအောင်ကျော်

နက္ခတ္တဝေဒဆိုင်ရာ သိပ္ပံလက္ခဏာ မဟာသိပ္ပံဘွဲ့ရ M.Sc ဆရာမိုးအောင်ကျော် အချစ်ရေးအိမ်ထောင်ရေးလိင်တူများအတွက် VCallခေါ်၍စီမံပေးနေသည့်ယုံကြည်၍အဆင်ပြေချင်သူအတွက်သာ

1--World Famous Myanmar Astrologist
Sayar Moe Aung Kyaw

2--Call For All Solutions;09797150030
Best astrologer solutions to problems related
to love problems/Black Magic/marriage etc
form world famous myanmar astrologer &
spiritual Healer Sayar Moe Aung Kyaw

3--Psychic Reader/Black Magic removal/stop
Divorce/ Love spells-

4--Best Blackmagic Speciailst Provides
Permanent protection to Black Magic and bad luck

5--Get Ex Love back and fix relation issues
With Spells and Sayar Moe Aung Kyaw

6--Sayar Moe Aung Kyaw has obtained
specialsation in Vedic Astrologer and provides his services for the Below mentionned situations!!!

7---To Provide protecion form enemies

8---To get Your Love Back

9--To Strength the bond of love between you
and your partner

10--To Reunite the family mamber

11--To make a career decision

12---To give fair advice before starting new bussiness venture etc

13---Job Bussiness

14---Health Wealth

15--Court case

16--Marriage problems

17---Childless couples

18--Black Magic & Evil spirts problems
you can get readings form phone also

call now 09797150030
What up-09797150030
viber-09797150030
Text-09797150030
Sayar Moe Aung Kyaw
Astrologist -Myanamar mandalay
like page -whatapps-viber

ဒီပုံမြင်တာနဲ့ ရှယ်ပါ ( ၄၈ )နာရီအတွင်းငွေဝင်မည်....✨☘️☘️
24/12/2025

ဒီပုံမြင်တာနဲ့ ရှယ်ပါ ( ၄၈ )နာရီအတွင်းငွေဝင်မည်....✨☘️☘️

'မဟာသမယသုတ်တော်ထဲမှာပါတဲ့ နတ်ဘီလူး(၃၇)ပါး'     လူနဲ့ ရဟန်းတို့ကို ကာကွယ်ပေးသောဗုဒ္ဓဟောကြား နတ်ဘီလူး(၃၇)ပါး။ (ဘီလူး ၆ + န...
17/12/2025

'မဟာသမယသုတ်တော်ထဲမှာပါတဲ့
နတ်ဘီလူး(၃၇)ပါး'

လူနဲ့ ရဟန်းတို့ကို ကာကွယ်ပေးသော
ဗုဒ္ဓဟောကြား နတ်ဘီလူး(၃၇)ပါး။
(ဘီလူး ၆ + နတ် ၃၁)

၁။ ဣန္ဒ (သိကြားမင်း)

၂။ သောမ (လ နတ်သား)

၃။ ဝရုဏ နတ်မင်း

၄။ ဘာရဒွါဇ နတ်

၅၊ ပဇာပတိ နတ်

၆။ စန္ဒန နတ်

၇။ ကာမသေဋ္ဌ နတ်

၈။ ကိန္နုဃဏ္ဍု နတ်

၉။ နိဂဏ္ဍု နတ်

၁၀။ ပနာဒ နတ်

၁၁။ သြပမည နတ်

၁၂။ မာတလိ နတ်

၁၃။ စိတ္တသေန နတ် (ဂန္ဓဗ္ဗ နတ်မင်း)

၁၄။ နဠောရာဇ နတ်

၁၅။ ဇနေသဘ နတ် (ဇနဝသဘ နတ်)

၁၆။ သာတာဂိရ ဘီလူး

၁၇။ ဟေမာဝတ ဘီလူး

၁၈။ ပုဏ္ဏက ဘီလူးမင်း

၁၉။ ကရတိယ နတ်

၂၀။ ဂုဠ နတ်

၂၁။ သိဝက နတ် (မုစလိန္ဒရေအိုင်နတ်)

၂၂။ ဝေဿာမိတ္တ နတ်

၂၃။ ယုဂန္ဓရ နတ်

၂၄။ ဂေါပါလ နတ်

၂၅။ သုပ္ပရောဓ နတ်

၂၆။ ဟိရိ နတ်

၂၇။ နေတ္တိ နတ်

၂၈။ မန္ဒိယ နတ်စစ်သူကြီး

၃၉။ ပဉ္စာလ စဏ္ဍ ဘီလူး

၃၀။ အာဠဝက ဘီလူး

၃၁။ ပဇ္ဇုန္န နတ်

၃၂။ သုမန နတ်

၃၃။ သုမုခ နတ်

၃၄။ ဒဓိမုခ နတ်

၃၅။ မဏိ နတ် (ကျောက်မျက်ရတနာ)

၃၆။ မာဏိဝရ နတ်

၃၇။ ဒီဃ ဘီလူး

Credit _buddah's law page မှကူးယူပါသည်။

#ဦးခေမာ ကမ္မ

အဘတို့ညီကို ☘️☘️☘️☘️ဘဘသိုင်း ဘဘကျိုင်း☘️သင့်ကံကောင်းတော့မည် #ရှယ်ဖြစ်အောင်ရှယ်လိုက်ပါ။ #ကြီးပွားချမ်းသာ ပြီး စီးပွားလာဘ်...
16/12/2025

အဘတို့ညီကို ☘️☘️☘️☘️
ဘဘသိုင်း ဘဘကျိုင်း
☘️သင့်ကံကောင်းတော့မည်
#ရှယ်ဖြစ်အောင်ရှယ်လိုက်ပါ။
#ကြီးပွားချမ်းသာ ပြီး စီးပွား
လာဘ်လာဘပေါများပြီး။☘️🙏

ဒီရက်ပိုင်းအတွင်း ကံမကောင်းဘူးလို့ ခံစားနေရသူတွေ၊ စိတ်ထဲမှာ လေးလံထိုင်းမှိုင်းနေပြီး တစ်ခုခုက ဖိစီးထားသလို ခံစားနေရသူတွေ...
16/12/2025

ဒီရက်ပိုင်းအတွင်း ကံမကောင်းဘူးလို့
ခံစားနေရသူတွေ၊ စိတ်ထဲမှာ လေးလံထိုင်းမှိုင်းနေပြီး တစ်ခုခုက ဖိစီးထားသလို ခံစားနေရသူတွေအတွက်
အထူးသင့်တော်ပါတယ်။

ရှေးလူကြီးတွေက “ဆား” ဆိုတာ သဘာဝအတိုင်း သန့်စင်တဲ့အရာဖြစ်လို့ မကောင်းတဲ့ စွမ်းအင်တွေ၊
စိတ်ထဲမှာ ကပ်ငြိနေတဲ့အရာတွေ၊
ထပ်ကာထပ်ကာဖြစ်နေတဲ့ ကံဆိုးမှုတွေ၊
ဒါမှမဟုတ် စိတ်ပင်ပန်းနွမ်းနယ်မှုတွေကို
ဖယ်ရှားပေးနိုင်ပါတယ်။

ဒါကြောင့် ဆားရေချိုးတာဟာ “ကောင်းသောအရာတွေ ဝင်လာဖို့ လမ်းဖွင့်ပေးတဲ့” ရှေးအစဥ်အလာ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

📌 ပြင်ဆင်ရန် လိုအပ်သောအရာများ
• ဆားသန့်သန့် လက်တစ်ဆုပ်စာ (ပင်လယ်ဆား/တွင်းထွက်ဆား)
• ရေသန့် ၁ ဇလုံ သို့မဟုတ် ရေချိုးကန်ထဲက ရေ
• စိတ်ကို ငြိမ်သက်ထားပြီး မကောင်းတဲ့အရာတွေကို အပြင်ထုတ်ပစ်ဖို့ အသင့်ရှိတဲ့ စိတ်ထား

🚿 ရှေးအစဥ်အလာအတိုင်း လုပ်ဆောင်နည်း
၁။ နမော ၃ ကြိမ် ရွတ်ဆိုပါ
ပြီးနောက် ကိုယ့်ရဲ့ အမည်၊ မိဘအမည်၊ မွေးသက္ကရာဇ် တွေကို ပြောပါ။ ဒါမှ ဒီသန့်စင်မှုနဲ့ ကိုယ့်ရဲ့ “ကိုယ်ပိုင်အမှတ်အသား” ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။

၂။ ဆားကို ရေထဲမှာ ရောမွှေပါ
ဆားတွေ အရည်ပျော်သွားအောင် ဖြည်းဖြည်းလေး မွှေပါ။ မွှေနေစဥ်မှာ “မကောင်းတဲ့အရာအားလုံး ကိုယ့်ဘဝကနေ ထွက်သွားပါစေ” လို့ ရည်ရွယ်ပါ။

၃။ ခေါင်းမပါဘဲ ပခုံးကစပြီး ရေလောင်းချပါ
ပထမဆုံး ဘယ်ဘက်ပခုံးကနေ စတင်ပြီး ညာဘက်သို့ ဆက်လောင်းချပါ။ ရှေးလူကြီးတွေက ဒါဟာ အတိတ်က ကံဆိုးမှုတွေကို ဆေးကြောတာနဲ့ ပခုံးပေါ်က လေးလံတဲ့အရာတွေကို ဖယ်ရှားတာလို့ ဆိုပါတယ်။
၄။ ရှေးအစဥ်အလာ ဆုတောင်းစာကို ရွတ်ဆိုပါ
စိတ်ထဲမှာ သို့မဟုတ် အသံတိုးတိုးနဲ့ ပြောပါ-

“အကျွန်ုပ်အား ကပ်ငြိနေသော ကံဆိုးမှုများ၊ ဆင်းရဲဒုက္ခများ၊ မကောင်းတဲ့ စွမ်းအင်အားလုံးတို့သည် အကျွန်ုပ်ထံမှ လုံးဝ ကင်းစင်သွားပါစေ။ အကျွန်ုပ်၏ ဘဝသည် ပေါ့ပါးလာပါစေ၊ တောက်ပလာပါစေ၊ ကောင်းသောအရာများ ဝင်လာဖို့ လမ်းပွင့်ပါစေ။”

၅။ ရေချိုးပြီးတာနဲ့ ရေကို ချက်ချင်း စွန့်ပစ်ပါ
ရေထဲမှာ အကြာကြီး မစိမ်ပါနဲ့။ ရေကိုလည်း သိမ်းမထားပါနဲ့။ အဘယ်ကြောင့်ဆိုသော် ထိုရေသည် မကောင်းသော စွမ်းအင်များကို လက်ခံထားသော ရေဖြစ်သည်ဟု ယုံကြည်ကြလို့ပါ။

✨ ၃ ရက် ဆက်တိုက် လုပ်ဆောင်ပါက ဘာတွေ ဖြစ်လာမလဲ။
ရှေးအစဥ်အလာ ယုံကြည်ချက်အရ...
• စိတ်ဟာ ပေါ့ပါးလန်းဆန်း လာတာကို သိသာထင်ရှားစွာ ခံစားရပါလိမ့်မယ်။
• ပိတ်ဆို့နေတဲ့ လေးနက်သော ကိစ္စများ စတင် ဖြေရှင်းလာပါလိမ့်မယ်။
• ကံကောင်းခြင်းများ သို့မဟုတ် အခွင့်အလမ်းသစ်များ ပိုမိုလွယ်ကူစွာ ဝင်ရောက်လာပါလိမ့်မယ်။
• စိတ်ဓာတ်ကျမှု လျော့နည်းပြီး အိပ်စက်ခြင်း ပိုမို ကောင်းမွန် လာပါလိမ့်မယ်။

ဒါဟာ မှော်အတတ်မဟုတ်ပါဘူး၊ ကိုယ်ကိုယ်တိုင် နှစ်ရှည်လများ စုဆောင်းထားတဲ့ မကောင်းတဲ့ စွမ်းအင်တွေကို စိတ်ကိုတည်ငြိမ်ပြီး ဖယ်ရှားလိုက်တာပါပဲ။ စိတ်တည်ငြိမ်သွားတဲ့အခါ ဘဝစွမ်းအင်လည်း ပြောင်းလဲလာမှာပါ။

💡 ရှေးလူကြီးများရဲ့ ပိုမိုအကျိုးရှိစေမည့် နည်းလမ်းများ
• မိုးမလင်းခင်အချိန် သို့မဟုတ် နေမဝင်ခင် ညနေခင်း (စွမ်းအင်ငြိမ်သက်တဲ့အချိန်) တွေမှာ လုပ်ပါ။
• မစတင်ခင်မှာ အိမ်တွင်းစွမ်းအင်ကို ညှိနှိုင်းဖို့အတွက် အမွှေးတိုင် (သို့) ဖယောင်းတိုင် ၁ တိုင် ထွန်းပါ။
• ရေချိုးပြီးပြီးချင်း ဒေါသထွက်တာ သို့မဟုတ် မကောင်းတဲ့ စကားတွေ ပြောတာကို ရှောင်ပါ။ ဒါဟာ ကံဆိုးမှုကို ကိုယ့်ဆီ ပြန်ဆွဲခေါ်လိုက်သလို ဖြစ်သွားနိုင်ပါတယ်

ကံကောင်းကြပါစေရှင်

Crd
ချစ်စွာဖြင့်👑
#ဆားရေချိုးနည်း #ကံဆိုးမှုပပျောက်ရေး

☘️သင့်ကံကောင်းတော့မည် #ရှယ်ဖြစ်အောင်ရှယ်လိုက်ပါ။ #ကြီးပွားချမ်းသာ ပြီး စီးပွားလဘ်လာဘပေါများပြီး။☘️🙏
14/12/2025

☘️သင့်ကံကောင်းတော့မည်
#ရှယ်ဖြစ်အောင်ရှယ်လိုက်ပါ။
#ကြီးပွားချမ်းသာ ပြီး စီးပွား
လဘ်လာဘပေါများပြီး။☘️🙏

လာမယ့်ရက်ပိုင်းအတွင်း ထီလက်မှတ် ကံစမ်းမဲလက်မှတ် တွေမှာ ၅ ဂဏန်း ၃ ဂဏန်း ၂ ဂဏန်းတွေ စိုးမိုးနေပါလိမ့်မယ်။ ပေါက်အားကောင်းပါ...
13/12/2025

လာမယ့်ရက်ပိုင်းအတွင်း ထီလက်မှတ် ကံစမ်းမဲလက်မှတ် တွေမှာ ၅ ဂဏန်း ၃ ဂဏန်း ၂ ဂဏန်းတွေ စိုးမိုးနေပါလိမ့်မယ်။ ပေါက်အားကောင်းပါတယ်
#ဆရာမိုးအောင်ကျော်
#ဗေဒင်အစီအမံ
#အချစ်ရေးအိမ်ထောင်ရေးအစီအမံ

"တန်ခိုးလိုသော် မီး" တန်ခိုးဆိုတဲ့ စနေနံကိုပိုင်ဆိုင်ဖို့ ဆပွတ်ဖြစ်တဲ့ ကြာသပတေးနံနဲ့ စီရင်ရသလို ငွေဆိုတာက တနင်္လါဖြစ်ပြီ...
12/12/2025

"တန်ခိုးလိုသော် မီး" တန်ခိုးဆိုတဲ့ စနေနံကိုပိုင်ဆိုင်ဖို့ ဆပွတ်ဖြစ်တဲ့ ကြာသပတေးနံနဲ့ စီရင်ရသလို ငွေဆိုတာက တနင်္လါဖြစ်ပြီး ငွေကိုလိုရင်လည်း ဆပွတ်ဖြစ်တဲ့ စနေနံဖြစ်တဲ့အရာနဲ့ကြံစည်ရင် လျှင်မြန်စွာအောင်မြင်ရတယ်၊

စမဆိုတာလည်း လူတွေရဲ့ကောင်းခြင်း ဆိုးခြင်းကိုယ် ကိုယ်စားပြုတဲ့ ဂြိုလ်၈လုံး နက္ခ၂၇လုံးရဲ့အစွမ်းသတ္တိနဲ့ပေါင်းစပ်ထားပြီးပညာဖြစ်တဲ့အတွက် ဘုန်းတန်ကြီးဖို့ မီးဓါတ် ငွေဝင်ဖို့ နတ်ရဲ့အကူညီ စမအစီရင်တို့ပေါင်းစပ်ထားတဲ့ ပညာခန်းတခုဖြစ်တဲ့

"ဇာတာစန်းလာဘ် ရှိန်ရှိန်တက်၍ မကောင်းသော ပါပဂြိုလ်တို့ကင်းစင်ပြီး လာဘ်လာဘများပေါများစေရန် စမအစီရင်ကို နတ်မင်းကြီးလေးပါးနှင့် သူရဿတီမယ်တော်မြတ်ထံအပ်နှံစီရင်ခဲ့ပါကြောင်းးးးး"
#ဆရာမိုးအောင်ကျော်
#အချစ်ရေးအိမ်ထောင်ရေးအစီအမံ
#ဗေဒင်အစီအမံ
#09777730620(Viber)
#09797150030(Viber)

"ရွှေတိဂုံဘုရား က လောကပါလ ယက္ခမယ်တော်ကြီး" နိုင်ငံခြားထွက်ဖို့ ခက်ခဲနေသူတွေ....အိမ်ခြံမြေကိစ္စတွေ အတွက် အခက်တွေ့နေသူတွေ....
12/12/2025

"ရွှေတိဂုံဘုရား က လောကပါလ ယက္ခမယ်တော်ကြီး"

နိုင်ငံခြားထွက်ဖို့ ခက်ခဲနေသူတွေ....
အိမ်ခြံမြေကိစ္စတွေ အတွက် အခက်တွေ့နေသူတွေ....
အမှုအခင်းကိစ္စတွေ အတွက် အခက်တွေ့နေရတဲ့ သူတွေ အားကိုးစရာ
အဓိဌာန် ဆုတောင်းရမယ့် နေရာကတော့
ရွှေတိဂုံဘုရား က လောကပါလ ယက္ခမယ်တော်ကြီး ပဲဖြစ်ပါတယ်။

မြန်မာပြည် တနှံ့တပြားက ဒီလို ကိစ္စရပ်တွေအတွက် ခက်ခဲသူတွေ၊ အမြန်ပွင့်လန်းသူတွေ
အလုပ်အကိုင်အကြံစည်တွေ ပြီးမြောက်လိုသူတွေ အတော်များများက
လောကပါလ ယက္ခမယ်တော်ကြီးဆီမှာ ကန်တော့ပွဲ ကပ်လှူ
အဓိဌာန်ပြုဆုတောင်းလေ့ရှိကြပါတယ်။
ဒီလိုကပ်လှူ ဆုတောင်းတဲ့ အခါမှာလည်း အကြံအစည်တွေ အောင်မြင် အဆင်ပြေချောမွေ့တယ်လို့ ယုံကြည်ကြပါတယ်။

ရွှေတိဂုံ ဘုရား မြောက်ဘက်မုခ်မှ လောကပါလ ယက္ခမယ်တော်ကြီး သမိုင်း

လောကပါလ ယက္ခမယ်တော်ကြီး ကို သိဂုတ္တရမယ်တော် သို့မဟုတ် ရွှေတိဂုံယက္ခမယ်တော်ကြီးလို့လည်း ခေါ်ကြပါတယ်။

ယက္ခမယ်တော်ကြီး ရဲ့ နန်းနေရာကတော့
ရွှေတိဂုံဘုရား မြောက်ဘက်စောင်းတန်း ကေန ရင်ပြင်ရောက်ခါနီး
ဘယ်ဘက်မှာ လှမ်းကြည့်လိုက်တာနဲ့
လောကပါလ ယက္ခမယ်တော်ကြီး နန်းကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

နောင်တစ်ချိန် ရွှေတိဂုံစေတီတော်မြတ် အဖြစ် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ အသုံးအဆောင်ဋ္ဌာပနာဆံတော်များအပါအဝင် တည်ထားကိုးကွယ်ရမည့် ကုန်းဟာ
တစ်ချိန်က သိဂုတ္တရ ကုန်းသာဖြစ်သည်။

၎င်းကုန်း၌ ကြိုတင်ပိုင်စားရခဲ့သူမှာ
ယက္ခမယ်တော် ပဲ ဖြစ်သည်။

ရွှေတိဂုံစေတီတော်မြတ်အား တည်ထားကိုးကွယ်သောအခါမှာ
အရေးကြီးသော ဓာတ်တော်မွေတော်အပေါင်းအား ပေါင်းစည်းထားရာဖြစ်တဲ့အတွက်
၎င်းဓာတ်တော်မွေတော်၏ဘုန်းကံကြောင့် သူတော်စင်အပေါင်းတို့ စောင့်ထိမ်းရာအရပ်ဖြစ်လာ၍ ယက္ခမယ်တော် နေမရဖြစ်လာပါတယ်။

ဓမ္မစေတီမင်း ကြွလာသောအချိန်၌
နေရာဋ္ဌာနတောင်းရာ ရွှေတိဂုံဘုရား၌ ၇ရကျသားသမီးအကြိုးသယျပိုးရငျး
တစ်ခြားအစောင့်အရှောက်များနဲ့အတူ ပိုင်စားခွင့်ပေးထားခဲ့ပြီး
မဟာဂီရိဓမ္မံစက္ကယက္ခမယ်တော်ဟု ဘွဲ့ပေးအပ်ခဲ့ပါတယ်။
ရွှေတိဂုံစေတီတော်ကို စောင့်ရှောက်ရန်လည်း အပ်နှံခဲ့ပါတယ်။

လောကပါလယက္ခမယ်တော်ကြီးမှာ
အတွင်းပုံရိပ်နှင့် အပြင်ပုံရိပ်ဟူ၍ ရုပ်အသွင်၂မျိုးရှိပါတယ်။

အတွင်းပုံရိပ်က အလွန်လှပတဲ့မင်းသမီးတစ်ပါး
ဖြစ်ပြီး နောင်ပွင့်တော်မူမည့် အရိမေတ္တယျဘုရား
မပွင့်မချင်း ၉ပါးသီလဖြင့် သက်လွတ်စားနေသော ယက္ခမယ်တော်ကြီးတစ်ပါးဖြစ်ပါတယ်။

အတွင်းပုံရိပ်ကို ဘဝဆက်ပဌာန်းဆက်များ သွေးသားတော်စပ်သော မိသားစုဝင်များကိုသာပြသပြီး သာသနာပြုရန် လမ်းညွန်မှာကြားကူညီတတ်ပါသည်။

အပြင်ပုံရိပ်က ရုပ်ကြမ်းပြီးအကြောက်တရားဖြစ်အောင် လွှမ်းမိုးထားပါသည်။

ယခုမြင်တွေ့ရတဲ့ ရုပ်ထုဟာ
လွန်ခဲ့သောနှစ်ပေါင်း(၆၀၀)ကျော်က
ဟံသာဝတီဘုရင်မကြီးရှင်စောပုက
ရွှေတိဂုံဘုရားရှိ ဓာတ်တော်မွှေတော်ဌာပနာတော်များကို စောင့်ရှောက်တော်မူရန်
ယက္ခမယ်တော်ကြီးအား တာဝန်ပေးပြီး ဘီလူးရုပ်ထု ထုထစ်အသက်သွင်းခဲ့ပါသည်။

ထိုစဉ်က မွန်ဘုရင်မကြီးရှင်စောပုဟာ
မိမိအိပ်မက်ထဲမှာတွေ့ရသော ဘဝဟောင်းကမိခင်ကို
ယက္ခမင်းသမီးပုံစံအတိုင်း ထုဆစ်ရန်
ဆန္ဒရှိခဲ့ပေမယ့် လောကပါလယက္ခမယ်တော်ကြီးက လက်မခံဘူးဆိုပါတယ်။

အတွင်းပုံရိပ်နဲ့ ဘုရားဌာပနာများကိုစောင့်ရှောက်ရန်မဖြစ်နိုင်ကြောင်း ကြမ်းကြမ်းတန်းတန်းအပြင်ပုံရိပ်ကို ထုဆစ်မှသာ လူတွေကိုအကြောက်တရားလွှမ်းမိုးနိုင်မှာဖြစ်ကြောင်း အစောင့်အရှောက်သည် ရုပ်ပိုင်းဆိုင်ရာကြမ်းတမ်းပြီး စိတ်ပိုင်းဆိုင်ရာ နူံ့ညံ့သိမ်မွှေ့ရမည်ဖြစ်သည်။

ဒါကြောင်း မယ်တော်ကြီးပုံကို ကြမ်းတန်းသွား အပြင်ရုပ်ကိုသာထုဆစ်ပါဟု မယ်တော်ကြီးမိန့်ကြားချက်အတိုင်း ရွှေတိဂုံဘုရားရှိ လောကပါလ ယက္ခမယ်တော်ကြီးပုံကို ဘုရင်မကြီးရှင်စောပုမှ ယခုမြင်ရတဲ့အတိုင်း ထုဆစ်အသက်သွင်းခဲ့ခြင်းဖြစ်ကြောင်း သမိုင်းစာပေများအရ သိရှိရပါသည်။

-မူရင်းရေးသားသူ အားရိုသေလေးစားစွာဖြင့်

𒀭ဖုန်းသုံးနေရင်း အဘကိုမြင်ခဲ့လျှင် သင့်ကိုစောင့်ရှောက်နေတဲ့ အတိတ်ဘဝကပဌာန်းဆက်ရှိတယ်လို့ မှတ်ယူလို့ရပါတယ်𒀭🪬သင့်ဘဝထဲမှာတခု...
11/12/2025

𒀭ဖုန်းသုံးနေရင်း အဘကိုမြင်ခဲ့လျှင် သင့်ကိုစောင့်ရှောက်နေတဲ့ အတိတ်ဘဝကပဌာန်းဆက်ရှိတယ်လို့ မှတ်ယူလို့ရပါတယ်𒀭

🪬သင့်ဘဝထဲမှာတခုခုဖြစ်တော့မယ်ဆိုရင် အိမ်မက်လိုလို စိတ်ကူးလိုလိုနဲ့ ကြိုသိနေတတ်တယ်💐

☘️သင့်ဘဝထဲမှာအခက်အခဲတခုခုရှိပြီဆိုရင် ကူညီပေးမယ့်သူပေါ်လာတတ်တယ် ဒါမှမဟုတ် သူ့အလိုလိုအကြောင်းအမျိုးမျိုးနဲ့အဆင်ပြေသွားပါလိမ့်မယ် ✨

💫အရင်ကဘာလုပ်လုပ်အဆင်မပြေခဲ့သူတွေ အဘကိုမြင်ပြီးနောက်ပိုင်း တစစပြန်အဆင်ပြေလာပါလိမ့်မယ်🎗️

🎀သင်လိုချင်တာမှန်သမျှ ဆုတောင်းမှန်သမျှ မနှေးမမြန် မုချပြည့်ဝလာပါတော့မယ်💗

#ဆုတောင်းပါ
#ပဌာန်းဆက်ရှိသူများ
#ဆုတောင်းများပြည့်ဝကြပါစေ

 #နတ်မင်းကြီးလေးပါးဂါထာ တစ်နေ့ (၂၁)ခေါက်    အဓိဋ္ဌာန်ပါ  # # # # # # # # # # # # # # # # # # # # # # # # # # # # #အာဋာနာ...
10/12/2025

#နတ်မင်းကြီးလေးပါးဂါထာ တစ်နေ့ (၂၁)ခေါက် အဓိဋ္ဌာန်ပါ
# # # # # # # # # # # # # # # # # # # # # # # # # # # # #

အာဋာနာဋိယသုတ်မှ ကောက်နုတ်ထားပါသည် 🙏🙏

" ပုရတ္ထိမေန ဓတရဋ္ဌော၊
ဒက္ခိဏေန ဝိရူဠှကော။
ပစ္ဆိမေန ဝိရူပက္ခော၊
ကုဝေရော ဥတ္တရံဒိသံ။

စတ္တာရော တေ မဟာရာဇာ၊
လောကပါလာ ယသဿိနော။
တေပိ အမှေ နုရက္ခန္တု၊
အရောဂေန သုခေနစ။"

***

ဒီ (၂)ပိုဒ်ကို အခေါက်ခေါက် ရွတ်ပါ။ 🙏🙏

**

မြန်မာပြန် မရွတ်လဲ ရပါတယ်။
သိအောင် တော့ ဖတ်စေချင်ပါတယ်။ 🙏

အနက်အဓိပ္ပါယ်သိပြီးမှ ရွတ်ရင် ပိုပြီး အစွမ်းထက်ပါတယ် 🙏🙏

**

ပုရတ္ထိမေန - ငွေရောင်ထွက်ဖြာ မြင်းမိုရ်တောင်၏ အရှေ့မျက်နှာအရပ်၌၊

ဓတရဋ္ဌော စ - ဂန္ဓဗ္ဗနတ်တို့ကို အစိုးရသော ဓတရဋ္ဌနတ်မင်းကြီးလည်းကောင်း၊

ဒက္ခိဏေန - မြရောင်ထွက်ဖြာ မြင်းမိုရ်တောင်၏ တောင်မျက်နှာအရပ်၌၊

ဝိရူဠှကော စ - ကုမ္ဘဏ်နတ်တို့ကို အစိုးရသော ဝိရူဠှကနတ်မင်းကြီးလည်းကောင်း၊

ပစ္ဆိမေန - ဖန်ရောင်ထွက်ဖြာ မြင်းမိုရ်တောင်၏ အနောက်မျက်နှာအရပ်၌၊

ဝိရူပက္ခော စ - နတ်နဂါးတို့ကို အစိုးရသော ဝိရူပက္ခနတ်မင်းကြီးလည်းကောင်း၊

ဥတ္တရံဒိသံ - ရွှေရောင်ထွက်ဖြာ မြင်းမိုရ်တောင်၏ မြောက်မျက်နှာအရပ်၌၊

ကုဝေရော စ - နတ်ဘီလူးတို့ကို အစိုးရသော ဝေဿဝဏ်မည်သော ကုဝေရနတ်မင်းကြီးလည်းကောင်း။

စတ္တာရော - မြတ်ရာရွေးကောက် ပေါင်းလေးယောက်ကုန်သော၊

တေမဟာရာဇာ - လေးသင်္ဂဟ ဆင်သအပ်နှင်း ထိုနတ်မင်းကြီးတို့သည်၊

လောကပါလာ - သဘောမျှတ လောကကို စောင့်ရှောက်တော်မူကုန်၏၊

ယသဿိနော - စည်းစိမ်လျှံပွား အခြံအရံများလှကုန်၏။

တေပိ - ဖော်ဆိုမှတ်သွင်း ထိုနတ်မင်းကြီးတို့သည်လည်း၊

အရောဂေနစ - ဘယာမငြိ အနာမရှိသဖြင့်လည်းကောင်း၊

သုခေနစ - ဝမ်းသာအခွင့် ချမ်းသာသဖြင့်လည်းကောင်း၊

အမှေ - ရွတ်ပွားကုန်လုပ် အကျွန်ုပ်တို့ကို၊

အနုရက္ခန္တု - ဘေးရန်တွေမဝင်ရောက်အောင် အစဉ်စောင့်ရှောက်တော် မူစေကုန်သတည်း။

****************************

၎င်းနတ်မင်းကြီးလေးပါးကို -
စတုမဟာရာဇ် နတ်မင်းကြီးလေးယောက် ဟူ၍လည်းကောင်း၊
သာသနာစောင့်နတ်မင်းကြီးလေးပါး ဟူ၍လည်းကောင်း၊
လောကကိုစောင့်ရှောက်တော်မူသော စတုလောကပါလနတ်မင်းကြီးလေးယောက် ဟူ၍လည်းကောင်း၊
နတ်စစ်သူကြီးလေးယောက် ဟူ၍လည်းကောင်း အမျိုးမျိုးခေါ်ဝေါ်ကြသည်။ 🙏🙏

***

ထိုနတ်မင်းကြီး (၄)ပါး၏ ‌အစောင့်အရှောက်ကို ခံယူခြင်း
ဖြစ်သည့်အတွက် အလွန်အစွမ်းထက်ပါသည် 🙏🙏

**

ယခုအဘပုံပါ ထံတွင်❄️ဆုတောင်းတွေပြည့်ကြပါစေ🔱အဓိဌာန်အောင်ကြပါစေ 🍀လာဘ်လာဘတွေပွင့်ကြပါစေ လှူသူ/မြင်သူအပေါင်း မယ်တော်စောင့်ရှေ...
10/12/2025

ယခုအဘပုံပါ ထံတွင်❄️
ဆုတောင်းတွေပြည့်ကြပါစေ🔱
အဓိဌာန်အောင်ကြပါစေ 🍀
လာဘ်လာဘတွေပွင့်ကြပါစေ
လှူသူ/မြင်သူအပေါင်း မယ်တော်စောင့်ရှောက်ပါစေ 🍀

12ရက်နေ့ ညနေ မတိုင်ခင်စီးပွားသိသိသာသာတိုးတတ်မယ်။

#ဆရာမိုးအောင်ကျော်

စ-အင်္ဂါနေ့  ကကုသန်ဘုရား သဗ္ဗေညုတ      ရွှေဥာဏ်တော်ရသောနေ့ဓ-စနေနေ့ ကောဏဂုဏ်ဗ-​ကြာသပတေးနေ့ ကဿပဝ-ဗုဒ္ဓဟူးနေ့ ဂေါတမစ ဓ ဗ ဝ ...
09/12/2025

စ-အင်္ဂါနေ့ ကကုသန်ဘုရား သဗ္ဗေညုတ
ရွှေဥာဏ်တော်ရသောနေ့

ဓ-စနေနေ့ ကောဏဂုဏ်

ဗ-​ကြာသပတေးနေ့ ကဿပ

ဝ-ဗုဒ္ဓဟူးနေ့ ဂေါတမ

စ ဓ ဗ ဝ ဂါထာတော်အကြောင်း သိကောင်းစရာ
===========================

စက္ခုမာ စရမာစိဏ္ဏော၊ ဓမ္မညူ ဓမ္မသာမိကော။
ဗလူပေတော ဗလဓရော၊ ဝရဒေါ ဒေတု မေ ဝရံ။

စက်ခုမာ-
မံသ,ပညာ နှစ်ဖြာသောစက္ခုနှင့် ပြည့်စုံတော်မူထသော!

စရံ -
စရဏတရား တစ်ဆယ့်ငါးပါးကို!

အာစိဏ္ဏော -
အမြဲမပြတ် လေ့ကျင့်တော်မူအပ်ပြီးထသော!

ဓမ္မညူ - တရားအားလုံးကို သိမြင်တော်မူပြီးထသော!

ဓမ္မသာမိကော - တရားပိုင်ရှင် ဖြစ်တော်မူပေထသော !

ဗလူပေတော -
ဥာဏ်တော်အင်အား ဆယ်ပါးနှင့်လည်း ပြည့်စုံတော်မူပေထသော !

ဗလဓရော -
ကိုယ်တော်အင်အား ဆယ်ပါးကိုလည်း ဆောင်တော်မူထသော !

ဝရဒေါ -
မြင့်မြတ်သမှု နိဗ္ဗာန်ဆုကိုလည်း ပေးတော်မူတတ်သော မြတ်စွာဘုရားသည် !

မေ - တပည့်တော်အား !

ဝရံ -ကောင်းကျိုးစုစု မြတ်သောဆုကို !

ဒေတု - လျင်စွာမနှေး ပေးသနားတော်မူပါ့အရှင်ဘုရား။

ဤဂါထာသည် ဘုရားဂုဏ်တော်များကို ဖွဲ့ဆိုထားပြီး ထိုဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူသော ဘုရားရှင်အား ကောင်းမြတ်သောဆုကို ပေးသနားရန် လျှောက်ထားသော ဂါထာဖြစ်သည်။

``စက္ခု မာ,ဓမ္မညူ ,ဗလူပေတော , ဝရဒေါ - ဟူသော ဂါထာလေးပါဒ၏အစပုဒ်၌ ပါရှိသော အက္ခရာလေးလုံးကို ကောက်ယူ၍ ``စ-ဓ-ဗ-ဝ ဂါထာ´´ဟူ၍ အတိုကောက်ခေါ်ကြသည်။

စ ဓ ဗ ဝ ဟူသော စမ အင်းများကို
ဘုရားစေတီများတွင် ပူဇော် ရေးထိုးထားသလို ..
လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏
အထက် ပန်းဆွဲတွင်လည်း ရေးထိုးထားပါသည်။
စ ဓ ဗ ဝ ဂါထာဖြင့် အဓိဋ္ဌာန်ပုတီးများ စိပ်ကြသလို
အလွန်အောင်မြင်မှု့ရသော ဂါထာတစ်ပုဒ်လည်းဖြစ်ပါသည် ။

စ ဓ ဗ ဝ ၏ ဂါထာ မြန်မာပြန် အနက်ကိုလည်း
သိရှိသူအများအပြား ရှိခဲ့ကြပါသည်။

သို့ သော် ...,
စ ဓ ဗ ဝ ဟု အတိုကောက် ရေးထားသော အင်း စမများ၏ အဓိပ္ပါယ်ကို ဗဟုသုတဖြစ်ဖွယ် တင်ပြပေးချင်ပါသည် ။

စ .... အက္ခရာသည်..
ယခု့ ပွင့်တော်မူမည့် အရိမေတ္တယျ ဘုရားလောင်း
စကြာမင်းအားရည်စူး၍၎င်း..

ဓ... အက္ခရာ သည်..
ဂေါတမဘုရား မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီ (၅) ဦးတို့အားဓမ္မစကြာ တရားဦးဟောတော်မူရာတွင် လူမျိူး (၁၀၁)ပါး (၇) ရက် သားသမီးများကိုပါ ထပ်တူထပ်မျှ တရားများ ပွားစေရန်ရည်ရွယ်၍၎င်း ..

ဗ... အက္ခရာ သည် ...
ဂေါတမ မြတ်စွာဘုရားအား ဗြဟ္မာမင်းသည်
ပဒုမ္မာကြာသင်္ကန်းကို ကပ်လှူခြင်းဖြင့်
လူမျိူး (၁၀၁) ပါး (၇) ရက်သားသမီးများပါ
အလှူဒါနအကျိူး ပြီးမြောက်ရရှိစေရန် ရည်ရွယ်၍၎င်း ....

ဝ....အက္ခရာ သည် ...
ဝိဇ္ဇာရှစ်သောင်း ဆရာအပေါင်း ..
ရသေ့ရှစ်သောင်း ဆရာအပေါင်းတို့မှ
စောင်မ ကြည့်ရှု့စောင့်ရှောက်ခြင်းကို ရည်ရွယ်၍၎င်း ...

စမကြီးလေးလုံး၏ ရည်ညွန်းချက်ကို
ဗဟုသုတအဖြစ် တင်ပြပေးလိုက်ပါသည် ။

((တစ်နည်း))
***စ-ဓ-ဗ-ဝ***

ဥဒေါင်း ဝံ
ပုစွန်နှင့် ငါး။ ။

မြီးကိုယ်မှာ ပေါ် - စမကို
သုံးကြ လူများ။ ။

(ရှေးစာ)
~~~~~~~~~~~~

-> ငါးရံ့အမြီးတွင် စ-လုံး အက္ခရာ။
-> ဥဒေါင်းအမြီး (ဒေါင်းမြီးကွက်) တွင်
ဓ-အောက်ချိုင့် အက္ခရာ။
-> ပုစွန်၏ ကိုယ်တွင် ဗ-ထက်ချိုင့် အက္ခရာ။
-> ဝံသတ္တဝါ၏ချက်တွင် ဝ-အက္ခရာ။

၎င်းတို့မှာ ကမ္ဘာဦးသတ္တဝါများ ဖြစ်ပြီး
အက္ခရာလေးလုံး စ-ဓ-ဗ-ဝ တို့မှာ ကမ္ဘာတည်သရွေ့ မပျောက်မပျက်နိုင်သော အက္ခရာများ ဖြစ်သဖြင့် ယင်းအက္ခရာလေးလုံးကို ဆေး, အင်း, မန္တန်, အဆောင်များအဖြစ် စီရင်သုံးလျှင် သိဒ္ဓိပေါက်နိုင်သည်ဟု ယူဆကြသည်။

ရှေးက ပါဠိပညာရှိများကလည်း စာတလုံးစီကို တစ်ပါဒပြု၍ ဘုရားရှိခိုးဂါထာကို စီကုံးခဲ့ကြလေသတည်း။

ที่อยู่

Bangkok

เบอร์โทรศัพท์

+959797150030

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ နက္ခတ္တဝေဒဆိုင်ရာ သိပ္ပံလက္ခဏာ မဟာသိပ္ပံဘွဲ့ရ M.Sc ဆရာမိုးအောင်ကျော်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง နက္ခတ္တဝေဒဆိုင်ရာ သိပ္ပံလက္ခဏာ မဟာသိပ္ပံဘွဲ့ရ M.Sc ဆရာမိုးအောင်ကျော်:

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram