
28/08/2025
💎Chronic Kidney Disease ( CKD )
( နာတာရှည် ကျောက်ကပ်ရောဂါ )
💁♂️နာတာရှည် ကျောက်ကပ်ရောဂါ ( CKD ) သည် ယနေ့ကမ္ဘာတွင် ဖြစ်ပွါးမှုနှုန်း မြင့်မားလာသော ရောဂါ တစ်ခု ဖြစ်ပါသည်။ကမ္ဘာ့လူဦးရေ သန်း၈၀၀ ခန့် ရောဂါခံစားနေရပြီး အများစုမှာ ဆီးချိုရောဂါ နှင့် သွေးတိုးရောဂါများ၏ နောက်ဆက်တွဲ ဖြစ်ပွါးလာခြင်းဖြစ်ပါသည်။
💁♂️CKD ဖြစ်ရတဲ့အကြောင်းရင်းများ
✅ဆီးချို
✅သွေးတိုး
✅ကျောက်ကပ်ရောင်ခြင်း
( glomerulonephritis )
✅အကိုက်အခဲ ပျောက်ဆေးများစွဲသောက်ခြင်း
✅ကျောက်ကပ် အရေအိတ်တည်ရောဂါ
✅ဆီးလမ်းကြောင်း ခဏ ခဏ ပိုးဝင်ခြင်း
✅ဆီးကျောက်တည်ခြင်း
💁♂️ရောဂါလက္ခဏာများ
✅ခန္ဓာကိုယ် နုံးပြီး အားမရှိခြင်း
✅မျက်နှာ ၊ ခြေထောက် ဖောရောင်ခြင်း
✅ပျို့အန်ခြင်း
✅အစားအသောက်ပျက်ခြင်း
✅ကြွက်တက်ခြင်း
✅သွေးပေါင် တက်ခြင်း
💁♂️ကြိုတင်ကာကွယ်ခြင်း နှင့် ကုသခြင်း
ဆီးချို၊ သွေးတိုးရောဂါ အခံရှိသူများ
ပုံမှန်ကျန်းမာရေး စစ်ဆေးပြီး ဆီးချို၊သွေးပေါင် နှင့်သွေးတွင်း အဆီဓာတ်ထိန်းညှိသင့်ပါသည်။ထို့အပြင် အကိုက်အခဲ ပျောက်ဆေးများ မိမိသဘောနှင့် ခဏ ခဏသောက်တာမျိုး ရှောင်ကြဉ်သင့်ပါသည်။
✅ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရန်၊ အထူးကုဆရာဝန်ကြီးများနှင့်ရက်ချိန်းရယူရန် page ရဲ့ messenger တွင်မေးမြန်းနိုင်ပါတယ်။
💁🏻♂️ဆေးကုသဖို့အတွက် စုံစမ်းလိုပါက
🔹Phyathai-3 International Hospital သည် ဘန်ကောက်မြို့တွင်တည်ရှိပြီး
လိပ်စာမှာ📍111 Petchkasem Road, Pak Khlong Phasi Charoen, Phasi Charoen, Bangkok, 10160 ဖြစ်ပါသည်။
🔹မြန်မာပြည်ရုံးခွဲမှာ -
"ခေတ်မြတ်နိုး - ဆီးနှင့်ကျောက်ကပ်အထူးကုဆေးခန်း"
📍(၂၆-၂၇)၊(၇၃-၇၄)လမ်းကြား၊သီရိမင်္ဂလာ အိမ်ယာဝင်းအတွင်း၊မန္တလေးမြို့။
ဖုန်း-☎️၀၉၈၉၉၇၉၀၀၀၈