
20/02/2024
Spring Revolution Soccer ပြိုင်ပွဲကြီး စပါပြီ ⚽️
Mobile gaming သမားတွေအတွက် PES e football 2024 game ကိုပါဝင်ယှဉ်ပြိုင်ရင်း နွေဦးတော်လှန်ရေးအတွက် ပါဝင်ထောက်ပို့နိုင်မယ့်အခွင့်အရေးဖြစ်ပါတယ်
အသင်းအရေအတွက် ၃၂ သင်းယှဉ်ပြိုင်ရမှာဖြစ်ပြီး အုပ်စုပတ်လည်နဲ့ ရှုံးထွက်အဆင့်အပါအဝင် ဗိုလ်လုပွဲအထိစီးစဉ်ထားပါတယ်
မိမိတို့ဖုန်းဖြင့်ပါဝင်ဆော့ကစားနိုင်မှာဖြစ်တဲ့အပြင် ယှဉ်ပြိုင်ချိန်များကိုလည်း ညပိုင်းတွင်ပြုလုပ်ပေးမှာဖြစ်တော့ အချိန်အတွက်လည်းအဆင်ပြေစေမှာပါ
ပါဝင်ယှဉ်ပြိုင်ရန်အတွက် တစ်ဦးလျှင် ၁၀၀၀၀ ကျပ်ဖြင့်ပါဝင်နိုင်ပြီး တော်လှန်ရေးအတွက်ထောင်ပံ့မည့်အစီအစဉ်ဖြစ်သောကြောင့် ပြိုင်ပွဲတွင်ဗိုလ်စွဲသူတစ်ဦးကိုသာ လက်ဆောင်စီစဉ်ပေးမည်ဖြစ်ပြီး ကျန်အသင်းများအတွက် Spring Revolution Soccer တွင်ပါဝင်ထောက်ပို့ခြင်းအတွက် ဂုဏ်ပြု certificate များကိုပေးအပ်သွားမည်ဖြစ်ပါတယ်
ဗိုလ်စွဲသောချန်ပီယံကစားသမားအတွက်
ကြိုက်နှစ်သက်ရာ ဘောလုံးဂျာစီ great A တထည်လက်ဆောင်ပေးအပ်သွားပါမယ်
ယခုပြိုင်ပွဲမှရရှိမည့် ပြိုင်ပွဲဝင်ကြေးအားလုံးကို မြေပြင်တော်လှန်ရေးအဖွဲ့အစည်းများသို့ထောက်ပို့မှာဖြစ်ပါတယ်
ပါဝင်ယှဉ်ပြိုင်မည့်သူများအနေဖြင့်
⚽️ ပါဝင်ယှဉ်ပြိုင်ရန် အသင်းအမည်
⚽️ ပြိုင်ပွဲဝင်ကြေး ၁၀၀၀၀ ကျပ်
⚽️ ပြိုင်ပွဲဝင်၏နေထိုင်ရာနိုင်ငံ
တို့အား Host များ၏ Facebook account သို့မဟုတ် Telegram မှတဆင့်စာရင်းပေးသွင်းနိုင်ပါတယ်
ပြိုင်ပွဲဝင်ကြေးများအား DMMK (Nugpay) သို့မဟုတ် USD, THB, SGD များဖြင့်ပေးသွင်းနိုင်ပါသည်
ယခုအစီအစဉ်အတွက် Host အနေဖြင့် Omi Knight နှင့် Yangon Drone တို့မှတာဝန်ယူထားပါတယ်
အရေးတော်ပုံမုချအောင်ရမည် 🔥