
23/09/2023
❝ ဤမြေကိုသက်သေတည်၍ - မြန်မာရုပ်သံဇာတ်လမ်းတွဲ ❞
စတင်ပြသမည့်ရက် - ၂၃.၉.၂၀၂၃
ဒါရိုက်တာ - ညီညီငြိမ်းမင်း
ဇာတ်လမ်း - အကယ်ဒမီ ငြိမ်းမင်း
ဇာတ်ညွှန်း - ဖြိုးသဉ္ဇာကျော်
သရုပ်ဆောင် - အကယ်ဒမီထွန်းထွန်း၊ မေမီကိုကို ၊ဒေါင်းဝေ၊ဆုပန်မေ
လယ်ပိုင်ရှင် မုဆိုးမကြီး အမေသိန်းသည်သားသမီးသုံးဦးကို လူလားမြောက်အောင် ရှာဖွေကျွေးမွေးခဲ့ပြီးချိန်တွင် အကြီးဆုံးသားဖြစ်သူ နေမျိုးနှင့် အငယ်ဆုံးသမီး “ရွှေအိုး ”က ပညာတတ်မြောက်ပြီး မြို့တွင် အလုပ်အကိုင် ကောင်းကောင်းနှင့် ရပ်တည်နေနိုင်ကြသော်လည်း သားအလတ်ဖြစ်သူ “ ပေတိုး ”သည် ဉာဏ်ရည်ထိခိုက်မှု ရှိသဖြင့် အတန်းပညာမပြီးမြောက်ဘဲ ရွာတွင်လေလွင့်ကာ မူးရူးသောက်စားလေ့ရှိသည်။ ထိုစဉ် “ နေမျိုး”သည် ကုမ္ပဏီ ပိုင်ငွေကို အလွဲသုံးစားလုပ်ပြီး ဝယ်ထားသောကားက တိုက်မိသဖြင့် လျော်ကြေးပေးရန် ငွေလိုအပ်နေပြီး ရုပ်ရှင်မင်းသမီးဖြစ်ရန် ကြိုးစားနေသည့် “ ရွှေအိုး”ကလည်း မင်းသမီးဇာတ်ဆောင်နေရာရိုက်ကူးရန်အတွက် ငွေလိုအပ်နေသောအခါ မိခင်ကို အတင်းတိုက်တွန်းပြီး လယ်မြေများကို ရောင်းခိုင်းခဲ့သည်။ “ အမေသိန်း ”သည် ထိုစိတ်ဖြင့် အိပ်ရာထဲလဲခဲ့ပြီး ပေတိုး”ကလည်း မိဘလယ်များကို မရောင်းချင်သဖြင့် ငယ်သူငယ်ချင်းဖြစ်သူ စိုက်ပျိုးရေးဘွဲ့ရ “ ပန်းအိ” အကူအညီဖြင့် လယ်မြေများကို မရောင်းရအောင်ကြိုးစားကာကွယ်ခဲ့သည်။ သို့သော် အကြံအစည်ကြီးမားသည့် “ နေမျိုးနှင့် ရွှေအိုး”တို့၏ လှည့်ကွက်များကို “ ပေတိုး” ဘယ်လိုမှ လွန်ဆန်၍မရနိုင်ဖြစ်နေသည်။ အမွေဆိုင်ဖြစ်နေသည့် လယ်မြေကို ကာကွယ်ရန် “ ပေတိုး” တစ်ယောက် ဘယ်လို အကြံအစည်ထုတ်မလဲ ...
ယခု Channel တွင် စဆုံးတင်ပေးသွားပါ့မယ်
https://t.me/movie01A