Myanmar Coordination Initiative for Equal Rights of PWDs

Myanmar Coordination Initiative for Equal Rights of PWDs မြန်မာနိုင်ငံ မသန်စွမ်းသူများ ခွင့်တူညီမျှ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (MCERP)

အဖွဲ့၏ ရည်ရွယ်ချက်

(က) မသန်စွမ်းသူများ၏ အခွင့်အရေး အပါအဝင် လူ့အခွင့်အရေးကို ဆိုးရွားစွာ ချိုးဖောက် ကျူးလွန်နေသည့် စစ်အာဏာရှင်စနစ်ကို တွန်းလှန် တိုက်ထုတ်နိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပရှိ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လိုလားသော မဟာမိတ်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန်။

(ခ) အာဏာရှင်စနစ်၏ ရက်စက်ကြမ်းကြုတ်မှုများကို သက်သေထူ၍ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်သည့်အခါတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများအား အပြည့်အဝ အာမခံချက်ပေးနိုင်မည့် ဥပဒေနှင့် မူဝါဒများကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းပြဌာန်း ပေးနိုင်ရန်။
(ဂ) နွေဦးတော်လှန်ရေးတွင် ပြည်သူများနှင့်အတူ ရဲဝံ့စွာ ပူးပေါင်း တိုက်ပွဲဝင်ခဲ့သော မသန်စွမ်းသူများ၏ သမိုင်းကို မှတ်တမ်းတင်နိုင်ရန်။

(ဃ) အဖွဲ့၏ ရည်မှန်းချက် ဆောင်ပုဒ်နှင့် အနာဂတ်မျှော်မှန်းချက်အား အပြည့်အဝ အကောင်အထည် ဖော်နိုင်စေရန် အလို့ငှာ အခြားလိုအပ်သော လုပ်ငန်းများကို ဖြည့်စွက် ဆောင်ရွက်ရန်။

24/05/2025

လေကြောင်းတိုက်ခိုက်မှုခံရချိန်မှာ ဒါတွေမလုပ်ပါနဲ့

(၁) ကြောက်လန့်တကြား၊ ဦးတည်ရာမဲ့ ထွက်မပြေးပါနဲ့။

(၂) လေကြောင်းတိုက်ခိုက်မှုကို ထွက်မကြည့်ပါနဲ့။ ဗီဒီယို/ဓါတ်ပုံရိုက်တာတွေမလုပ်ပါနဲ့။ မိမိလုံခြုံရေးကိုသာ အထူးဂရုစိုက်ပါ။

(၃) မာကျောတဲ့နံရံတွေကို မှီနေတာ/မြေကြီးမှာခေါင်းကိုကပ်ထားတာမျိုး စတာတွေ မလုပ်ပါနဲ့။

(၄) မှန်တွေပေါက်ကွဲလွင့်စင်လာပြီး အန္တရာယ်ဖြစ်စေနိုင်တာကြောင့် မှန်တွေ/ပြတင်းပေါက်တွေ အနီးမှာ မနေပါနဲ့။

(၅) ဗုံးခိုကျင်းမဟုတ်ရင် အထူးသဖြင့် အဆောက်အအုံပြင်ပမှာ လူအများစုမနေပါနဲ့။

NUG’s Ministry of Defence နှင့် PVTV (Public Voice Television) တို့ပူးပေါင်းဖန်တီးတင်ဆက်ပါသည်။
ကာတွန်းသရုပ်ဖော် - KST Studio
အသံ - ဦးကျော်သက်လင်း
Animation - Badnana

(မည်သူမဆို လွတ်လပ်စွာ အသုံးပြုနိုင်ပါသည်)

https://www.facebook.com/share/v/16kZB5NJGw/

မြန်မာနိုင်ငံ မသန်စွမ်းသူများ ခွင့်တူညီမျှ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (MCERP)အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်သည...
09/05/2025

မြန်မာနိုင်ငံ မသန်စွမ်းသူများ ခွင့်တူညီမျှ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (MCERP)

အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်သည့်အခါတွင် မသန်စွမ်းသူတိုင်းသည် လူ့အသိုက်အဝန်း အတွင်းတွင် ဂုဏ်သိက္ခာရှိစွာြဖင့် အများနည်းတူ ရပ်တည်ပါဝင်နိုင်ပြီး မိမိတို့၏ အခွင့် အရေးများနှင့် အ‌ခြေခံ လွတ်လပ်ခွင့်များကို တရားမျှတစွာရယူခွင့်ရှိရန်အတွက် မသန်စွမ်းသူများနှင့်အတူ ကြိုးပန်းသွားပါမည်။

မြန်မာနိုင်ငံ မသန်စွမ်းသူများ ခွင့်တူညီမျှ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ သို့အောက်ပါ ချန်နယ်များမှ (Channels) ဆက်သွယ်နိုင်ပါသည်။

Gmail:myanmar.cerp21@gmail.com
Signal / Viber / Line / Telegram / WhatsAPP : +660950809170 Facebook:https://www.facebook.com/Myanmar.CERP21

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (၂၀၂၄)"အားလုံးပါဝင်သော ရေရှည်တည်တံ့မည့် အနာဂတ်အရေး၊မသန်စွမ်းသူများ၏ ဦးဆောင်မှုကို မြ...
03/12/2024

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (၂၀၂၄)

"အားလုံးပါဝင်သော ရေရှည်တည်တံ့မည့် အနာဂတ်အရေး၊
မသန်စွမ်းသူများ၏ ဦးဆောင်မှုကို မြှင့်တင်ပေး"

နောက်ခံသမိုင်းကြောင်း
•••••••••••••••••••••
မသန်စွမ်းသူများ၏ ဦးဆောင်မှု
••••••••••••••••••••••••••••
မသန်စွမ်းသူများ၏ ဦးဆောင်မှုကို ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းသူများ အခွင့်အရေးလှုပ်ရှားမှု၏ ဆောင်ပုဒ်အဖြစ် “ငါတို့မပါဘဲ ငါတို့ကိစ္စ ဘာမှဖော်ဆောင်လို့မရ” ဟူ၍ သရုပ်ဖော်ထားသည်။ ပါဝင်မှု၊ ကိုယ်စားပြုမှုနှင့် ပါဝင်နိုင်မှုတို့၏ အခြေခံလိုအပ်ချက်များကို ဖော်ညွှန်းပြီး မသန်စွမ်းသူများက ၎င်းတို့၏ ဘဝအခြေအနေများကို တက်ကြွစွာ ပုံဖော်ရန် တောင်းဆိုထားသည်။ ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းသူများ၏ ဦးစားပေး အစီအစဉ်များထဲမှ တစ်ခုသည် မသန်စွမ်းသူများ၏ အဖွဲ့အစည်းနှင့် ခေါင်းဆောင်မှုတို့ကို မြှင့်တင်ရန်ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များတွင် မသန်စွမ်းသူများနှင့် မသန်စွမ်းသူ အဖွဲ့အစည်းများ သည် ၎င်းတို့၏ အသိုင်းအဝိုင်းအတွင်း အပြောင်းအလဲများအတွက် ဦးဆောင်ဦးရွက်ပြုနေပြီဖြစ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်အခွင့်အရေးများနှင့် သုခချမ်းသာတို့ကို မြှင့်တင်ပေးရုံသာမက လူထုဦးဆောင်သော လှုပ်ရှားမှုများစွာကိုလည်း ဦးဆောင်လျက်ရှိသည်။ အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးခြင်း၊ ဥပမာအားဖြင့် အခြေခံဝန်ဆောင်မှုများကို လူတိုင်းလက်လှမ်းမီနိုင်စေရန်၊ ၎င်းတို့အထဲတွင် မသန်စွမ်းသူများပါဝင်နိုင်ရန်၊ တိုင်ပင်ဆွေးနွေးခြင်း၊ အချက်အလက်စုဆောင်းခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း၊ ထောက်ခံအားပေးခြင်းနှင့် တာဝန်ခံမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများ ပံ့ပိုးကူညီခြင်းဖြင့် ရည်မှန်းချက်နှင့် ပင်မရေစီးကြောင်းချဉ်းကပ်မှုများကို ကျင့်သုံးခြင်းများ လုပ်ဆောင်ခဲ့ပါသည်။

ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှု - ရရှိခဲ့သည့် အောင်မြင်မှုများ
ဘက်ပေါင်းစုံနှင့် အစိုးရအချင်းချင်းအကြား လုပ်ငန်းစဉ်များနှင့် မူဘောင်များတွင် လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မသန်စွမ်းသူများ၏ ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုသည် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (CRPD) နှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၄၇၅ ကဲ့သို့သော အောင်မြင်မှုများကို ရရှိစေခဲ့ပါသည်။ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်သည် မသန်စွမ်းသူများအတွက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်များကို နိုင်ငံတကာလူ့အခွင့်အရေးမူဘောင်များတွင် ပေါင်းစပ်ထည့်သွင်းထားသည့် အထင်ကရသဘောတူစာချုပ်အဖြစ် ရပ်တည်နေသည်။ သဘောတူစာချုပ်၏ မူကြမ်းရေးဆွဲခြင်း လုပ်ငန်းစဉ်တွင် အစိုးရအချင်းချင်း အသိုင်းအဝိုင်းနှင့် အတူယှဉ်တွဲ လုပ်ဆောင်နေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ကျယ်ပြန့်သော ကွန်ရက်များ စုစည်းမှုနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းသူများ အသိုက်အဝန်း၏ ခေါင်းဆောင်မှုနှင့် ထိတွေ့ဆက်ဆံမှုတို့ကို ထင်ရှားစွာ ပြသထားသည်။ ဤလုပ်ငန်းစဉ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ မသန်စွမ်းသူများအပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ မသန်စွမ်းသူများ၏ အဓိကကျသော ခေါင်းဆောင်မှုအခန်းကဏ္ဍများအား လူ့အခွင့်အရေးစာချုပ်များ၏နယ်ပယ်တွင် အရေးအပါဆုံး တစ်ခုအဖြစ် ကျယ်ပြန့်စွာ အသိအမှတ်ပြုခံထားရပါသည်။ ကုလသမဂ္ဂ၏ ကာလရှည်ကြာ ကတိကဝတ်ကို တည်ဆောက်ရာတွင် အားလုံးပါဝင်နိုင်သော လူ့အဖွဲ့အစည်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်၏ စံနှုန်းအင်အားစုများ၊ ၂၀၁၅ ဆန်ဒိုင်း ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာမူဘောင်နှင့် ၎င်း၏ နောက်ဆက်တွဲရလဒ်များသည် အကျပ်အတည်းအတွင်း မသန်စွမ်းသူများ၏ ဦးဆောင်စီမံခန့်ခွဲမှုကို အလေးပေးဖော်ပြခဲ့သည်။ လတ်တလောကာလတွင် မသန်စွမ်းသူများ၏ ထင်ရှားသော ဦးဆောင်မှုကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အသိုက်အဝန်းသို့ ယူဆောင်လာခြင်းသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၄၇၅ ကို ကိုယ်စားပြုပြီး လုံခြုံရေးကောင်စီသည် ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကိစ္စတွင် မသန်စွမ်းသူများ၏ အခြေအနေနှင့် အကာအကွယ်ပေးရေးတို့ကို အထူးတလည် ကိုင်တွယ်ဖြေရှင်းခဲ့သည့် ပထမဆုံးဖြစ်ရပ်အဖြစ် အရေးကြီးသော မှတ်တိုင်တစ်ခုဖြစ်ခဲ့သည်။ ယခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် “မသန်စွမ်းသူများ ပါဝင်နိုင်သည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆုံးဖြတ်ချက်” ကို ချမှတ်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂစနစ်နှင့် အခြားသော မိတ်ဖက်အဖွဲ့အစည်းများအား ၂၀၃၀ အစီအစဉ်နှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်တို့ကို အကောင်အထည်ဖော်ရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများ၊ သုခချမ်းသာနှင့် ရှုမြင်မှုများကို အလေးပေးခြင်းနှင့်အတူ ကမ္ဘာကရင်ဆိုင်နေရသော စိန်ခေါ်မှုများကို မသန်စွမ်းသူများပါဝင်သော တုံ့ပြန်မှုဖြစ်စေရန် ဦးတည်ချက်ထားရှိသည်။ မသန်စွမ်းသူများ၏ ပါဝင်မှုနှင့် ရှုမြင်ချက်များကို မြှင့်တင်ရန် ကုလသမဂ္ဂ၏ လုပ်ငန်းမဏ္ဍိုင်များ တစ်လျှောက် မသန်စွမ်းသူများ ပါဝင်မှုကို ဆက်လက်တိုးတက်စေခြင်းနှင့်အတူ မသန်စွမ်းသူများ၏ ပါဝင်မှုအား ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တွင် အဓိကအစိတ်အပိုင်းအဖြစ် ထည့်သွင်းဖော်ဆောင်ရန် အထူးအလေးပေးထားသည်။

ပါဝါစင်္ကြံများဖွင့်ခြင်း- မသန်စွမ်းသူများ၏ခေါင်းဆောင်မှုအခွင့်အလမ်းများ
အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ (၂၀၂၄) အခမ်းအနားကို မကြာသေးမီက ပြုလုပ်ခဲ့သော အနာဂတ်ထိပ်သီးအစည်းအဝေးနှင့် အဓိကကျသော ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုများ၏ နောက်ခံအခင်းအကျင်းဖြင့် ကျင်းပခြင်းဖြစ်သည်။ The Pact for the Future အစီအစဉ်သည် Global Digital Compact နှင့် အနာဂတ်မျိုးဆက်များအတွက် ကြေညာချက်တို့နှင့်အတူ ဘက်ပေါင်းစုံစနစ်အား ပြန်လည်အားဖြည့်ရန်၊ ၂၀၃၀ အစီအစဉ်အောက်တွင် ကတိကဝတ်များကို အသစ်တဖန်ဖြစ်စေရန်နှင့် ယနေ့စိန်ခေါ်မှုများကို ပိုမိုကောင်းမွန်စွာ ရင်ဆိုင်နိုင်ရန်အတွက် ကမ္ဘာ့အုပ်ချုပ်ရေးပုံစံကို အသွင်ပြောင်းရန် ရည်ရွယ်ပါသည်။ ဤမူဘောင်များသည် အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များနှင့် မသန်စွမ်းအခွင့်အရေးများ အားကောင်းလာစေရန် အခွင့်အလမ်းများကိုလည်း ပေးအပ်ပါသည်။ သိသာထင်ရှားသည်မှာ မသန်စွမ်းသူများပါဝင်မှုနှင့် စွမ်းဆောင်နိုင်မှုတို့ကို မြှင့်တင်ရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ပိုမိုခိုင်မာအောင် ဆောင်ရွက်ရန် ကတိကဝတ်ပြုထားသည့် နယ်ပယ်အများအပြားရှိသည်။ လက်နက်ကိုင်ပဋိပက္ခ၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု၊ လူငယ်များနှင့် လူမှုရေးဆိုင်ရာ ပါဝင်မှုနှင့် ပေါင်းစည်းမှု၊ လူငယ်လူရွယ်များပါဝင်မှု၊ ကုလသမဂ္ဂစနစ်အတွင်း မသန်စွမ်းသူများပါဝင်နိုင်မှုနှင့် လက်လှမ်းမီနိုင်မှုတို့ ပါဝင်နိုင်သည်။
အလားတူပင် လာမည့် ၂၀၂၅ ခုနှစ်တွင်ပြုလုပ်မည့် ဒုတိယအကြိမ် ကမ္ဘာ့လူမှုဖွံ့ဖြိုးတိုးတက်ရေး ထိပ်သီးအစည်းအဝေးတွင် ကွာဟချက်များကိုဖြေရှင်းရန်နှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိုပင်ဟေဂင်ကြေညာစာတမ်းနှင့် လုပ်ဆောင်ရန်အစီအစဉ်၊ ယင်း၏ အကောင်အထည်ဖော်မှုတို့ကို ထပ်မံကတိကဝတ်ပြုရန် နောက်ထပ်အရေးကြီးသောအခိုက်အတန့်တစ်ခု ဖြစ်သည့်အပြင် ၂၀၃၀ အစီအစဉ်ကို အကောင်အထည်ဖော်မှုအား အရှိန်အဟုန်မြှင့်တင် ပေးပါသည်။ ၂၀၂၅ ကို လှမ်းမျှော်ကြည့်လျင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့သည် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု၏ လူမှုရေးမဏ္ဍိုင်ကို အားဖြည့်ရာတွင် မသန်စွမ်းသူများ၏အခန်းကဏ္ဍကို ချဲ့ထွင်ရန်နှင့် စီးပွားရေးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သော်လည်း တည်ရှိနေဆဲ နက်ရှိုင်းသော အမြစ်တွယ်မှုနှင့် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာမညီမျှမှုကို ကိုယ်တိုင်ဖြေရှင်းနိုင်ရန် အခြေအနေ လုံလောက်မှု မရှိကြောင်းကို အလေးပေးဖော်ပြရန် အခွင့်အလမ်းတစ်ခုဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ ထိပ်သီးအစည်းအဝေးများသည် မသန်စွမ်းသူများပါဝင်သော၊ ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ စဉ်ဆက်မပြတ် လမ်းပြမြေပုံကို ပံ့ပိုးပေးရာတွင် အချင်းချင်း အားဖြည့်ပေးမည်ဖြစ်သည်။ ဤဖြည့်စွက်ချက်ကို အလေးပေးခြင်းဖြင့်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (၂၀၂၄) သည် မသန်စွမ်းသူများအားလုံးပါဝင်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို သေချာစေရန် မသန်စွမ်းသူများ၏ ဦးဆောင်မှုကို အသုံးချရန် အရေးကြီးကြောင်း အလေးပေးဖော်ပြရန် ရည်ရွယ်ပါသည်။

https://www.facebook.com/share/p/18DJszJ4fK/

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ဒီဇင်ဘာလ (၃) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (International Day of Perso...
03/12/2024

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့

ဒီဇင်ဘာလ (၃) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (International Day of Persons with Disabilities) (IDPD-2024) ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဆောင်ပုဒ်ကတော့ "Amplifying the leadership of persons with disabilities for an inclusive and sustainable future"

"အားလုံးပါဝင်သော ရေရှည်တည်တံ့မည့် အနာဂတ်အရေး၊ မသန်စွမ်းသူများ၏ ဦးဆောင်မှုကို မြှင့်တင်ပေး” ပဲဖြစ်ပါတယ်။

https://www.facebook.com/share/p/1GWszE6hRv/

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (International Day of Persons with Disabilities)၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၂၀၂၄ ခုနှစ်၊ ဒ...
03/12/2024

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (International Day of Persons with Disabilities)

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေ၏ ၁၀% ဖြစ်တဲ့ လူသန်းပေါင်း (၆၀၀) လောက်က မသန်စွမ်းသူများ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီလူတွေရဲ့ ၈၀% ကလည်း ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ရှိနေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအရ လူဦးရေ၏ ၁၂.၈ % (၅.၉ သန်း) က မသန်စွမ်းသူများအဖြစ် နေထိုင်နေကြ ရပါတယ်။

ထို့အပြင် ၁၉၉၂ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်တွင် ကျင်းပတဲ့ (၄၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်အပိုဒ် (၄၇/၃) အရ နှစ်စဉ် ဒီဇင်ဘာလ (၃) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် အတည်ပြု သတ်မှတ်ခဲ့ပြီး ကမ္ဘာတဝှမ်းတွင် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပကြပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်ပွားပြီး (၄) နှစ်နီးပါး ကာလအတွင်းမှာ ပြည်သူလူထုတစ်ရပ်လုံး အဖက်ဖက်မှ လူမှုဒုက္ခပေါင်းများစွာ ရင်ဆိုင်နေရတဲ့အပြင် ၎င်းရဲ့ နောက်ဆက်တွဲ ရလဒ်အနေနဲ့ မသန်စွမ်းသူဦးရေ တိုးပွားလာမည်မှာလည်း မလွဲဧကန် ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ဆောင်ပုဒ်ကတော့ "Amplifying the leadership of persons with disabilities for an inclusive and sustainable future" “အားလုံးပါဝင်သော ရေရှည်တည်တံ့မည့် အနာဂတ်အရေး၊ မသန်စွမ်းသူများ၏ ဦးဆောင်မှုကို မြှင့်တင်ပေး” ဖြစ်ပါတယ်။ ယခုနှစ် ဒီဇင်ဘာလ (၃) ရက်မှာ ကျရောက်သည့် ''အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့'' အထိမ်းအမှတ်အဖြစ် ဖော်ပြလိုက်ရပါတယ်။

International Day of Persons with Disabilities

December 3, 2024

On December 3, 2024, it is the International Day of Persons with Disabilities. According to the World Health Organization's report, approximately 600 million people, which is 10% of the global population, are persons with disabilities. About 80% of these people are located in developing countries. In Myanmar, according to the 2019 interim population census, 5.9 million people, which is 12.8% of the population, are living with disabilities.

Furthermore, in the 47th United Nations General Assembly held on October 14, 1992, through resolution 47/3, the organization officially designated December 3rd as the International Day of Persons with Disabilities, which is commemorated worldwide with various events and ceremonies. Since February 1, 2021, following the military coup, the entire population has been facing multiple social challenges. As a consequential result, the number of persons with disabilities is likely to increase.

The theme for the 2024 International Day of Persons with Disabilities is "Amplifying the leadership of persons with disabilities for an inclusive and sustainable future". This theme emphasizes promoting the leadership of persons with disabilities towards an inclusive and sustainable future, as we approach the International Day of Persons with Disabilities on December 3rd.

https://www.facebook.com/share/p/19zT4tGnXT/

https://www.facebook.com/share/p/12C4PcXRTm1/

03/12/2023

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ဂုဏ်ပြုမှတ်တမ်း (ရုပ်/သံ)

မသန်စွမ်းသူဆိုတာ ပတ်ဝန်းကျင် အတားအဆီးတွေကြောင့် ကန့်သတ်ခံရတဲ့ လူသားတွေပါ။ မသန်စွမ်းသူတို့ရဲ့ မလုပ်နိုင်တဲ့အရာတွေအစား သူတို့လုပ်နိုင်၊ စွမ်းနိုင်တာကစပြီး စွမ်းဆောင်ခွင့်ရဖို့နှင့် မသန်စွမ်းသူတွေက သူတို့ဖြစ်ချင်တဲ့အိမ်မက်တွေကို မသန်စွမ်းမှုကြောင့် ကန့်သတ်ခြင်းမရှိဘဲ သူတို့ရဲ့ရည်မှန်းချက်တွေ၊ အိမ်မက်တွေ ရောက်အောင် ကြိုးစားခွင့်ရှိပါတယ်၊ မသန်စွမ်းမှုဖြစ်သွားတာက ကိုယ့်ရဲ့ရည်မှန်းချက် တွေပိတ်ပင်တားဆီး ခံလိုက်ရတာမဟုတ်ပါဘူး၊ ဒါကြောင့် Nothing about us, without us. ဆိုသည့်အတိုင်း တိုင်းပြည်ဖွံ့ဖြိုးရေးမှာ မသန်စွမ်းသူတွေကိုပါ အဓိပ်ပါယျရှိရှိ အပြည့်အဝ ပါဝင်စေပြီး တန်းတူညီမျှတဲ့ အနာဂတ်လူ့အသိုက်အဝန်းတစ်ခု တည်ဆောက်ကြရအောင်စို့လို့ တင်ပြရင်း မသန်စွမ်းသူများအတွက်ကို တကမ္ဘာလုံး မမေ့မလျော့ဘဲ တန်ဖိုးထားအသိအမှတ်ပြုပြီး ကျင်းပတဲ့နေ့ဖြစ်တဲ့ ဒီနေ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (International Day For Persons with Disabilities- 2023) မှာ ဂုဏ်ပြုတင်ဆက်လိုက်ရပါတယ်။

03/12/2023

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (ရုပ်/သံ)

♿ ဒီဇင်ဘာလ (၃) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (International Day For Persons with Disabilities) (IDPD-2023) ဖြစ်ပါတယ်။

♿ ယခုနှစ်ရဲ့ ဆောင်ပုဒ်ကတော့ “မသန်စွမ်းသူများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်သို့ ရောက်ရှိအောင်မြင်ရေး မသန်စွမ်းများနှင့်အတူ ညီညာပေါင်းစည်းဆောင်ရွက်ပေး”” (United in Action to rescue and achieve the SDGs for, with and by persons with disabilities) ဖြစ်ပါတယ်။

♿ ယခုနှစ်ဆောင်ပုဒ်နဲ့အညီ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်များကို ရောက်ရှိ အကောင်အထည်ဖော်နိုင်ရေးတို့မှာ မသန်စွမ်းသူတွေရဲ့ ဦးဆောင်ပါဝင်မှု အခန်းကဏ္ဍကိုပါ ထည့်သွင်း စဉ်းစားကြဖို့ရာနှင့် မည်သူတစ်ဦးတစ်ယောက်မှ မကျန်ရှိဘဲ အားလုံးအတူ ညီညာပေါင်းစည်းပြီး ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

03/12/2023

တော်လှန်ရေးနဲ့ မသန်စွမ်း

ဒီနေ့ ဒီဇင်ဘာလ ၃ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနား အထိမ်းအမှတ်အဖြစ် တော်လှန်ရေးနဲ့ မသန်စွမ်း အကြောင်း ပြောကြားထားတာတွေကို တင်ဆက်ပေးလိုက်ပါတယ်။

03/12/2023

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (ရုပ်/သံ)
♿ ဒီဇင်ဘာလ (၃) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (International Day For Persons with Disabilities) (IDPD-2023) ဖြစ်ပါတယ်။
♿ ယခုနှစ်ရဲ့ ဆောင်ပုဒ်ကတော့ “မသန်စွမ်းသူများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်သို့ ရောက်ရှိအောင်မြင်ရေး မသန်စွမ်းများနှင့်အတူ ညီညာပေါင်းစည်းဆောင်ရွက်ပေး”” (United in Action to rescue and achieve the SDGs for, with and by persons with disabilities) ဖြစ်ပါတယ်။
♿ ယခုနှစ်ဆောင်ပုဒ်နဲ့အညီ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်များကို ရောက်ရှိ အကောင်အထည်ဖော်နိုင်ရေးတို့မှာ မသန်စွမ်းသူတွေရဲ့ ဦးဆောင်ပါဝင်မှု အခန်းကဏ္ဍကိုပါ ထည့်သွင်း စဉ်းစားကြဖို့ရာနှင့် မည်သူတစ်ဦးတစ်ယောက်မှ မကျန်ရှိဘဲ အားလုံးအတူ ညီညာပေါင်းစည်းပြီး ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (International Day of Persons with Disabilities)၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၂၀၂၃ ခုနှစ်၊ ဒ...
02/12/2023

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (International Day of Persons with Disabilities)

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေ၏ (၁၀)% ဖြစ်တဲ့ လူသန်းပေါင်း (၆၀၀) လောက်က မသန်စွမ်းသူများ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီလူတွေရဲ့ (၈၀)% ကလည်း ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ရှိနေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံ၌လည်း ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအရ လူဦးရေ၏ (၁၂.၈) % (၅.၉) သန်းက မသန်စွမ်းသူများအဖြစ် နေထိုင်နေကြ ရပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ မတရား စစ်အာဏာသိမ်းခံရပြီး (၃) နှစ်နီးပါး ကာလအတွင်းမှာ ပြည်သူလူထုတစ်ရပ်လုံး အဖက်ဖက်မှ လူမှုဒုက္ခပေါင်းများ စွာရင်ဆိုင်နေရတဲ့အပြင် ၎င်းရဲ့ နောက်ဆက်တွဲ ရလဒ်တစ်ခုအနေနဲ့ မသန်စွမ်းမှုဦးရေ တိုးပွားလာမည်မှာလည်း မလွဲဧကန် ဖြစ်ပါတယ်။

ထို့အပြင် ၁၉၉၂ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်တွင် ကျင်းပတဲ့ (၄၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်အပိုဒ် (၄၇/၃) အရ နှစ်စဉ် ဒီဇင်ဘာလ (၃) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် အတည်ပြု သတ်မှတ်ခဲ့ပြီး ကမ္ဘာတဝှမ်းတွင် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပကြပါတယ်။

ယခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့၏ ဆောင်ပုဒ်ဖြစ်တဲ့ United in Action to rescue and achieve the SDGs for, with and by persons with disabilities မသန်စွမ်းသူများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်သို့ ရောက်ရှိအောင်မြင်ရေး မသန်စွမ်းများနှင့်အတူ ညီညာပေါင်းစည်းဆောင်ရွက်ပေး ဖြစ်ပြီး အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်များကို ရောက်ရှိအကောင်အထည်ဖော်နိုင်ရေးတို့မှာ မသန်စွမ်းသူတွေရဲ့ ဦးဆောင်ပါဝင်မှု အခန်းကဏ္ဍကိုပါ ထည့်သွင်း စဉ်းစားကြဖို့ရာနှင့် မည်သူတစ်ဦးတစ်ယောက်မှ မကျန်ရှိဘဲ အားလုံးအတူ ညီညာပေါင်းစည်းပြီး ဆောင်ရွက်သွားကြဖို့ တိုက်တွန်းရင်း လာမည့် ဒီဇင်ဘာလ (၃) ရက်မှာ ကျရောက်မည့် ''အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့'' ကို ကြိုဆိုဂုဏ်ပြု ဖော်ပြလိုက်ရပါတယ်။

https://m.facebook.com/story.php?story_fbid=662172486104554&id=100069354243390&mibextid=Nif5oz

"လေးစားဂုဏ်ပြုအပ်သူများ"▪️ငြိမ်းသစ်ကျနော်တို့ ဘဝမျိုးစုံဖြတ်ခဲ့သည်။ စာမျိုးစုံဖတ်ခဲ့သည်။ သည်လိုနှင့် ဘဝအတွေ့အကြုံ အတော်အ...
02/12/2023

"လေးစားဂုဏ်ပြုအပ်သူများ"
▪️ငြိမ်းသစ်
ကျနော်တို့ ဘဝမျိုးစုံဖြတ်ခဲ့သည်။ စာမျိုးစုံဖတ်ခဲ့သည်။ သည်လိုနှင့် ဘဝအတွေ့အကြုံ အတော်အသင့် ကုံလုံခဲ့ပြီဟုထင်ခဲ့မိသည်။ သို့သော် စာမစုံနိုင်၊ဘဝအသိတွေ မကုန်နိုင်သည်ကတော့ အမှန်ပင်ဖြစ်၏။ မသန်စွမ်းသူများ ခွင့်တူညီမျှ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ အကူအညီတောင်းခံမှုအရ ပြိုင်ပွဲဝင် ကဗျာ၊ ဆောင်းပါး၊ ကာတွန်း၊ ဝတ္ထုများကို အချိန် ယူပြီး ဖတ်ဖြစ်ခဲ့သည်။ အကြောင်းအရာတိုင်း၊ စာပိုဒ်တိုင်း၊ ရေးဖွဲ့မှုတိုင်းသည် ရင်တလှပ်လှပ်ဖြစ်ခဲ့ရ၏။ သူတို့စိတ်ဓာတ်၊ သူတို့အားမာန်၊ သူတို့ဖြတ်သန်းမှု၊ သူတို့အနုပညာများကို အံ့မခန်းဖြစ်ခဲ့ရ၏။
"မသန်စွမ်းသူများသည် မတူကွဲပြားသောပုံစံမျိုးဖြင့် လူသားမိခင်ထံမှ မွေးဖွားလာသော လူသားတဦးဖြစ်သည်။ တနည်းဆိုရလျှင် လူသားထဲက လူသားတဦးသာဖြစ်သည်။ လူရယ်လို့ဖြစ်လာလျှင် လူ့တန်ဖိုး၊ လူ့ဂုဏ်သိက္ခာ၊ လူ့စွမ်းဆောင်ရည်ဆိုတာရှိသည်။ လူတယောက်၏တန်ဖိုးကို သိရှိစေခြင်း၊ ဂုဏ်သိက္ခာကို လေးစားခံရခြင်း၊ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုခံရခြင်းတို့သည် လူသားတယောက်၏ မွေးရာပါ လူ့အခွင့်အရေးတရပ်ဖြစ်သည်။ သို့သော် မသန်စွမ်းသူတို့သည် လူမှုဝန်းကျင်တွင် မသန်စွမ်းမှုနှင့်ပတ်သက်သော အသိပညာဗဟုသုတ အားနည်းမှုကြောင့် လူသားတယောက်ဖြစ်သော်လည်း မွေးရာပါ လူ့အခွင့်အရေးတရပ်ကို ဆုံးရှုံးနေကြရသည်။" ဟု ဆောင်းပါးရှင် နွေဦးက လှစ်ပြခဲ့သည်။ မသန်စွမ်းသူတို့ဘဝ ဖွံဖြိုးတိုးတက်စေရန် စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင် စသည့်နယ်ပယ်ပေါင်းစုံက ပါဝင်ကူညီဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်းလည်း တိုက်တွန်းထားလေသည်။
"၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ ၂.၃ သန်း (၄.၆%) သည် မသန်စွမ်းသူများဖြစ်ကြပါသည်။ သတိမထားမိသော သို့မဟုတ် လျစ်လျူရှုခံနေရသော အင်အားစုကြီးဟု ခေါ်ဆိုနိုင်ပါသည်။ ပညာရေးအစီအစဉ်များ၊ ကျန်းမာရေးအစီအစဉ်များတွင် မသန်စွမ်းသူများ၏ အရေးကိစ္စကို တိတိကျကျရှင်းရှင်းလင်းလင်း အကောင်အထည်ဖော်သင့်ပါသည်။ အဘယ့်ကြောင်ဆိုသော် မြန်မာနိုင်ငံရှိ မသန်စွမ်းအင်အားထုသည် မသုံးစွဲရသေးသော လူသားအရင်းအမြစ် ဖြစ်နေသောကြောင့်ပင်။" ဟူသော ရွှေရွက်ထည်၏ အရေးအဖွဲ့ကို ဖတ်ရသောအခါ အငြင်းပယ်ခံနေရသော မသန်စွမ်းတို့၏ လူသားအရင်းအမြစ်ကိုပိုမိုနားလည်လာရသည်။ ထို့ပြင် မသန်စွမ်းတို့၏ လူသားဆန်သောစိတ်ဓာတ်နှင့် တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှုကို မြတ်နိုးကာကွယ်တတ်သော ရဲစွမ်းသတ္တိများကိုလည်း ပိုမိုသိမြင်လာရသည်။
"အနာဂတ်ကြီး ပျောက်ပျက်သွားတာကို ထိုင်မနေနိုင်တဲ့ မသန်စွမ်းသူတွေဟာ လမ်းမပေါ်ကို ပြည်သူလူထုနဲ့အတူ လက်သုံးချောင်းထောင်ပြီး အလျှိုလျှိုထွက်လာကြတယ်။ မသန်စွမ်းသူတွေဟာလည်း မျိုးချစ်စိတ်ရှိတဲ့ နိုင်ငံသားတွေပါပဲ။ သူတို့တွေရဲ့ ကွယ်ပျောက်နေတဲ့ အမြင်အာရုံတွေ၊ ကွယ်ပျောက်နေတဲ့ အကြားအာရုံတွေ၊ ရုပ်ပိုင်းဆိုင်ရာ အထောက်အကူပစ္စည်းတွေဟာ ထည့်တွက်စရာကို မဟုတ်တော့တာမျိုး။ ဝှီးချဲလ်တွေပေါ်ထိုင်၊ ဂျိုင်းထောက်တွေအားပြုရင်း အစိတ်စိတ်အမွှာမွှာ ကွဲကြေနေတဲ့ ရင်အုံတွေနဲ့ လမ်းမတွေပေါ်လျှောက်ကြတယ်။"
မသန်စွမ်းတွေဟာ သေနတ်ဘယ်ဘက်က ပစ်နေမှန်းမကြားရဘူး။ ဘယ်ဘက်ကိုပြေးရမယ်ဆိုတာ မမြင်နိုင်ဘူး။ ရက်ရက်စက်စက် ပစ်ခတ်၊ သတ်ဖြတ် ဖြိုခွင်းနေတာကို အသက်လုပြီးမပြေးနိုင်ကြပါဘူး။အကြမ်းဖက်စစ်အုပ်စုဟာ မရှောင်ရှားနိုင်တဲ့ မသန်စွမ်းတွေကိုလည်း လူမဆန်စွာ ရိုက်နှက်ပစ်ခတ်ကြတာပါပဲ။
သို့ပါလျက် မသန်စွမ်းတွေဟာ အသနားခံလိုသည့်စိတ်၊ အချောင်ခိုစိတ်မမွေးဘဲ နှလုံးသား ကြီးမားကျယ်ပြန့်စွာ ပြည်သူနဲ့အတူလက်တွဲပြီး ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေးတိုက်ပွဲကို ဆင်နွှဲခဲ့တာဖြစ်ကြောင်း ဆရာ Moe Satt (Deaf) ၏ဆောင်းပါးတွင် ဖတ်ရှုရသည်။ အမှန်တကယ်လည်း ယခု နွေဦးတော်လှန်ရေးတွင် မသန်စွမ်းတို့၏ အသက်ခန္ဓာစွန့်လွှတ်မှု၊ အိုးအိမ်စွန့်လွှတ်မှုများကို ဂုဏ်ယူဖွယ်တွေ့မြင်ရသည်။
အကြားအာရုံချွတ်ယွင်းနေတဲ့ မသန်စွမ်းသူဆိုပေမဲ့ သန်စွမ်းတဲ့ခြေလက်တွေ အားကိုးရင်း အာဏာရှင်အုပ်ချုပ်ရေးစနစ် ပျက်သုဥ်းးရေးအတွက်၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ကျနော်ကိုယ်တိုင် လက်နက်စွဲကိုင် ပါဝင်ခဲ့ပါတယ်ဟု ရဲဘော်ထွန်းကြီး (မြောင်) ၏ ဘဝနှင့်အသိဉာဏ်ကို ဖော်ကျူးသောစာမျိုး၊ ဒေးဗစ်မောင်မောင်တို့၊ရွ က်သစ်တို့၏ အတွေးချဲ့သောအရေးဖွဲ့မျိုးကို ဖတ်ရသောအခါ ... ဪ မသန်သော်လည်း စွမ်းကြ ထက်ကြသောသူများပါကလား၊ လူသားတာဝန် ကျေပွန်ကြသူများပါကလားဟု လေးစားအံ့ဩရပါသည်။
(အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများ ခွင့်တူညီမျှ ပူးပေါင်းဆောင်ရွက်ရေးကော်မတီတို့ ပူးပေါင်းထုတ်ဝေသည့် 'နွေဦးမီးလျှံငှက်များ' ကို ရည်ညွှန်းရေးသားသည်။)
#ငြိမ်းသစ်
#ဆောင်းပါး

#ခေါ်သံ

ที่อยู่

Bangkok

เบอร์โทรศัพท์

+66855373489

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Myanmar Coordination Initiative for Equal Rights of PWDsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Myanmar Coordination Initiative for Equal Rights of PWDs:

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram