ဓမ္မလောက အရှင်

ဓမ္မလောက အရှင် ☸️တရားတော်များကို မျှဝေပေးသော page ဖြစ်ပါတယ်။ ☸️ ..

သူတို့လိုအင်တွေ ဖြောင့်ဖြူးဖို့ကိုယ့်ပခုံးကို လှေကားလာတပ်သူများ ရှိတတ်သည်။ ဉာဏ်ပညာနှင့် ကူပံ့ပါ။ သူတို့အပြစ်ကို လမ်းလွှဲ...
14/08/2025

သူတို့လိုအင်တွေ ဖြောင့်ဖြူးဖို့
ကိုယ့်ပခုံးကို လှေကားလာတပ်သူများ ရှိတတ်သည်။ ဉာဏ်ပညာနှင့် ကူပံ့ပါ။

သူတို့အပြစ်ကို လမ်းလွှဲဖို့
ကိုယ့်ကိုဦးအောင် လက်ညှိုးလာထိုးသူများ ကြုံနိုင်သည်။ သတိအိမ်လေး တိုးမြှင့်ပါ။

သူတို့အမှားတွေ လူမကြားဖို့
ကိုယ့်နားနှစ်ဖက်နား ချီးမွှမ်းစကားဆိုသူများ တွေ့လိမ့်မည်။ ရွှေရည်စိမ်အသံတွေ ဆန်းစစ်ပါ။

သူတို့ရှေ့ကပန်းဝင်ဖို့ ကိုယ့်ပြေးလမ်းကို
ဝေဝါးစေသူများ ပေါ်တတ်သည်။ နှလုံးရည်နှစ်ဆ ထွန်းလင်းပါ။

ပန်းတပွင့်ကို တကယ်ချစ်လျှင်
ပေါင်းပင်ကိုပဲ ကူရှင်းပေးပြီး
ပွင့်လွှာခွါ၍ ဝတ်မှုန်ထိကူးမပေးကြပါ။
ပန်းပွင့်နည်းကို မေ့သွားမှာစိုးသောကြောင့် ဖြစ်သည်။

မိတ်ဆွေစစ် မိတ်ဆွေမွန်သာမှန်လျှင်
ချိုသောစကားကို လိုသောအခါမှသာ ဆို၍
ပျော်ခြင်းငိုခြင်းကို မျှတစေတတ်ကြပါသည်။
လမ်းပျောက်အောင်ထိ လက်ခုပ်မတီးကြပါ။

-အေးရိပ်-

ယနေ့ ဖူးမဝသော ပုံတော်မြတ် 🙏crdပါမောက္ခချုပ်ဆရာတော်ဘုရားကြီးတိပိဋက ယောဆရာတော်ဘုရားကြီးအဝေရာရာမ ရန်ကင်းဆရာတော်ဘုရားကျောက်မ...
07/08/2025

ယနေ့ ဖူးမဝသော ပုံတော်မြတ် 🙏crd
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
တိပိဋက ယောဆရာတော်ဘုရားကြီး
အဝေရာရာမ ရန်ကင်းဆရာတော်ဘုရား
ကျောက်မဲဆရာတော်ဘုရား

ဆွမ်းဝိုင်းစကား(မတစ်ထောင် တစ်ကောင်ဘွား)ဒီနေ့ (၁၀)ပါးမြောက်  သကျသီဟ ဝဋံသကာ ပူဇော်ပွဲ လုပ်တယ်။ ဘွဲ့ခံကိုယ်တော်လေးရဲ့ မစိုး...
06/08/2025

ဆွမ်းဝိုင်းစကား
(မတစ်ထောင် တစ်ကောင်ဘွား)

ဒီနေ့ (၁၀)ပါးမြောက် သကျသီဟ ဝဋံသကာ ပူဇော်ပွဲ လုပ်တယ်။ ဘွဲ့ခံကိုယ်တော်လေးရဲ့ မစိုးရ်မ်တိုက်သစ်ကေန သကျသီဟအသင်းကို ကြွတဲ့အခါ ပင့်တဲ့အခါဘာနဲ့ ပင့်ကြတာလဲ။ မြို့ထဲရော အပူဇော်ခံသေးလား။

မင်းကွန်း တိပိဋက ဆရာတော်ကြီး တိပိဋကဓရ + တိပိဋကကောဝိဒဘွဲ့ရစဥ်က ပူဇော်ပွဲ လုပ်တယ်။ ကားကြီးပေါ် ပလ္လင်ကြီး တင်ပြီး ပလ္လင်ပေါ်မှာ ဆရာတော်ကြီးကို သီတင်းသုံးစေတယ်။

အဲဒီမှာ ကားကိုမောင်းတဲ့ပုဂ္ဂိုလ် ပါပေမယ့် စက်နှိုးပြီး ကားကို မမောင်းဘူး။ ရှေ့ကနေလူတွေက ကြိုးနဲ့ဆွဲကြတာ။ ထူးခြားတာက ရှေ့ကနေကြိုးဆွဲတဲ့ လူပေါင်းက( ၁၀၀၀ )တိတိ ရှိတယ်။ အေး အဲဒီ (၁၀၀၀) ကလဲ ယောကျ်ားသားမပါဘူး။ အမျိုးသမီးတွေချည်းပဲ။

ဘာဖြစ်လို့ အမျိုးသမီးတွေချည်းပဲ (၁၀၀၀) တိတိ ဆွဲခိုင်းရတာလဲဆိုတော့ "မတစ်ထောင် တစ်ကောင်ဘွား"ဆိုတာကို ပုံပေါ်စေချင်လို့တဲ့။ တကယ်လဲ တစ်မိပေါက်တစ်ယောက်ထွန်းဆိုသလို မတစ်ထာင် တစ်ကောင်ဖွားကနေ ထူးထူးကဲကဲ မွေးဖွားလာပြီး ရှားရှားပါးပါး ပေါ်ထွက်လာတဲ့ သာသနာ့အာဇာနည်တစ်ပါး ဖြစ်နေတယ်မို့လား။

ပိဋကတ်သုံးပုံ အာဂုံဆောင်နိုင်ဖို့ဆိုတာ လွယ်ကူလှတဲ့ အနေအထား မဟုတ်ဘူး။ အခုလို ပေါ်ထွက်လာတော့ တိဟိတ်ပုဂ္ဂိုလ်ဖြစ်သည့်အားလျော်စွာ ဂင်းနစ်စံချိန်တောင် ဝင်နိုင်အောင် ထူးခြားတဲ့ ဘုန်းကံပါရမီရှင် ဉာဏ်ထက်တော်မူတဲ့ ဆရာတော်ကြီးတစ်ပါးပဲလေ။

ဟိုအရင်တုန်းက လမ်းတွေက အခုလို ကားတွေရှုပ်တာမျိုး မဟုတ်ဘူး။ ဒီတော့ လမ်းပေါ်မှာ လူတွေအပြည့်နဲ့ ပူဇော်ခွင့်ရတာပေါ့။ လူ (၁၀၀၀) ဆိုတဲ့ အရေအတွက်က နည်းတာမဟုတ်ဘူး။ ပြီးတော့ ယောကျ်ားသား မပါဘဲ အမျိုးသမီးတွေ ဖြစ်နေတယ်။

အဲဒီတုန်းက မင်းကွန်း ဆရာတော်ကြီး ရဲ့ ရဟန်းဒကာကြီးကလည်း သူဌေးကြီး ဆာဦးသွင်၊ သမ္မတက စဝ်ရွှေသိုက်၊ အဓိက မောင်းနှင်သူက ဝန်ကြီးချုပ်ဦးနု ဆိုတော့ လိုအပ်သလို စီမံခန့်ခွဲမှု ရှိသလို၊ မင်းအာဏာနဲ့ ဘာမဆိုလုပ်လို့ ရတဲ့အနေအထားဆိုတော့ တကယ့် အံမခန်းတဲ့ ပူဇော်ပွဲကြီး ဖြစ်နေမယ်ပေါ့။ တကယ်လဲ ထိုက်တန်တဲ့ ရှားရှားပါးပါး ဝဋံသကာ တိပိဋကဓရ ဘွဲ့ရ ဆရာတော်ကြီးပါပဲ။ အခုလဲ နှစ်ပေါင်း ၁၀၀ ကျော်မှာ ၁၀မြောက် ပေါ်ထွက်တဲ့ ဝဋံသကာ ပူဇော်ပွဲလဲ ကြီးကျယ်ခမ်းနားသင့်တာပါပဲ။

လှရတနာဆရာတော်

မှတ်တမ်း
အရှင်ရာဇိန္ဒ၊ မောင်မင်းစိုး
ကရုဏာအလင်း ဆရာတော်

05/08/2025

🌹🙏 #ဝဋံသကာ_သီးခြားဂုဏ်ပြုပူဇော်ပွဲ🙏🌹
#ဝဋံသကာအရှင်ကို_မြို့ထဲလှည့်လည်ပူဇော်ခံရင်း
#မစိုးရိမ်တိုက်သစ်မှ
#ပရိယတ္တိသာသနဟိတအသင်းကြီးသို့ပင့်ဆောင်

ဒသမမြောက် ဝဋံသကာဘွဲ့ရအရှင်ဃောသိတာင်္လကာရာဘိဝံသအား ပရိယတ္တိသာသနဟိတအသင်းကြီးမှ ကျင်းပမည့် “ ဝဋံသကာ ”ရွှေတံဆိပ်ဆု ထပ်ဆင့်ဂု...
31/07/2025

ဒသမမြောက် ဝဋံသကာဘွဲ့ရ
အရှင်ဃောသိတာင်္လကာရာဘိဝံသအား
ပရိယတ္တိသာသနဟိတအသင်းကြီးမှ ကျင်းပမည့်
“ ဝဋံသကာ ”ရွှေတံဆိပ်ဆု ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကို

၁၃၈၇-ခုနှစ်၊ ဝါခေါင်လဆန်း ၁၂-ရက် အင်္ဂါနေ့ (5-8-2025) နံနက် ၈:၃၀ နာရီ အချိန်တွင်
ဗိမ္မာန်တော်ကြီး အလယ်ထပ်တွင် ကျင်းပမည့် အကြောင်း နှိုးဆော်တိုက်တွန်း လိုက်ပါသည် ……

မော်တော်ယာဉ်တစ်စီးနှင့်
ရွှေတံဆိပ်ဆုသုံးခုချီးမြှင့်ဂုဏ်ပြုပါမည် 🙏🙏🙏

#ပရိယတ္တိသာသနဟိတအသင်းကြီး

အိပဲ့အိပဲ့နဲ့ဗျာ၊ ဘတ်စ်ကားသွားနေတာကြီးက။ ကျနော်လည်း ဝိုင်ဘီအက်စ်မစီးတာကြာလို့သာ တက်စီးရတာ..ကားပေါ်မှာခါးပိုက်နှိုက်တဲ့ခေ...
31/07/2025

အိပဲ့အိပဲ့နဲ့ဗျာ၊ ဘတ်စ်ကားသွားနေတာကြီးက။ ကျနော်လည်း ဝိုင်ဘီအက်စ်မစီးတာကြာလို့သာ တက်စီးရတာ..ကားပေါ်မှာခါးပိုက်နှိုက်တဲ့ခေတ်..အနုကြမ်းစီး ဓားထောက်တဲ့ခေတ်ဆိုတော့ ခပ်လန့်လန့်ပဲ.. ရှိစုမဲ့စုနဲ့ဝယ်ထားတဲ့ဖုန်းလေးကို လူမမြင်အောင် ကိုင်ရတာပေါ့။

ကားသမားကလည်း မောင်းတာက ဆောင့်ကြီးအောင့်ကြီးမောင်းလိုက်...အိပဲ့အိပဲ့မောင်းလိုက်နဲ့ပဲ။ မစီးတာ ၆နှစ်လောက်ရှိပြီဆိုတော့ ကားခက အရင် ၂၀၀ ကနေ ၄၀၀ ဖြစ်သွားပြီ။ဒါပေမယ့် တက်စီခတွေထက်စာရင်တော်သေးတာပေါ့လေ။ အရင်ရက်တွေကဆို ဘတ်စ်ကားစောင့်ပေမယ့် လူကြပ်တာနဲ့ မစီးချင်တော့လို့ တက်စီနဲ့ချည်း လစ်ရတာ တခေါက်တခေါက် တသောင်းခွဲ နှစ်သောင်းက အသာလေးပဲ။ နှမြောပေမယ့် မတတ်နိုင်ဘူးပေါ့။

ရှစ်မိုင်ရောက်တုန်း အလွမ်းပြေဆိုပြီး သန်းဖေလေး စမူဆာသုပ်ပြေးစားလိုက်သေးတာ။ သိပ်တော့ခံတွင်းမတွေ့ပါဘူးဗျာ.. အရင်လက်ရာမမီတော့တာတော့လည်းမဟုတ်ဘူး။ အရင်ကတည်းက ကျနော်က လပ်ကီးဆဲဗင်းက စမူဆာသုပ်ကို ပိုကြိုက်တာကိုး။ သန်းဖေလေးစားပြီးကာမှ ဘွတ်ဘွတ်ကြီးပါချင်လာတာနဲ့ ဂျန်းရှင်းအိတ်ထဲ ကမန်းကတမ်းပြေးရသေးတယ်။ ကံမကောင်းချင်တော့ ရေပန်းအကြမ်းစားနဲ့တိုးတာဗျာ.. အောင့်ခံနေရောပဲ။ ဥမကွဲသိုက်မပျက် ပြန်ထွက်လာနိုင်တာနဲ့တင်တော်လှပြီ။ ဒါကြောင့် အဲ့အိမ်သာခန်း လူရှင်းနေတာကိုး။

သမိုင်းလမ်းဆုံရောက်တော့ အထုပ်အပိုးတွေနဲ့အဒေါ်ကြီးတယောက်တက်လာတယ်။ ကားသမားက စပယ်ယာမပါပေမယ့် အဒေါ်ကြီးဆီက ၁၅၀၀ တောင်းတယ်။ ဟိုကလည်း ကြည်ကြည်ဖြူဖြူနဲ့ပေးရှာပါတယ်။ ပြီးတော့ သံဃာခုံမှာ စွေ့ကနဲဝင်ထိုင်ပစ်လိုက်ရော။ ဟိုဖက်က ဦးဇင်းကလည်း ကိုယ်ကိုမကျုံ့ဘူးဗျ.. အဒေါ်ကြီးကို ဘု ကြည့်တောင် ပြန်ကြည့်လိုက်သေးတယ်။ အဒေါ်ကြီးကလည်း ခပ်တည်တည်ထိုင်နေတာပဲ။ အဲ့အထိ အေးဆေးပါပဲ။

မအေးဆေးတာက ဟောစာတမ်းရောင်းတဲ့သားရေလွယ်အိတ်လို အိတ်မျိုးလွယ်ထားတဲ့ ဘိုးတော်တစ်ယောက်နဲ့ နှုတ်ခမ်းနီးပါးနီတွေခြယ်ထားတဲ့ သူ့မိန်းမလားမသိ အမျိုးသမီးတယောက်တက်လာတော့မှ စတော့တာ။ ဟိုဘိုးတော်က တက်တက်လာချင်း သူ့အိတ်ထဲက တို့ကျောင်းသားလျက်ဆားဘူးလေးနဲ့ ရွိုင်ရယ်ဒီတဘူး ထုတ်ပြီး ဦးဇင်းသပိတ်ပေါ်တင် လက်အုပ်ချီတယ်။ ဟိုကလည်း သာဓု သာဓု ဘာညာပြောတာပေါ့။ ပြီးလည်းပြီးရော "ဗုဒ္ဓဘာသာတွေက အကျင့်တွေပျက်ကုန်ပါပြီ"..ဘာညာနဲ့ မကြားတကြားကနေ ခပ်ကျယ်ကျယ်ပွားတော့တာ။

ပထမတော့ ဟိုအထုပ်နဲ့အဒေါ်ကြီးက သည်းခံနေသေးတယ်။ နောက်တော့ "ဟဲ့ ငါ့ဖာသာမောလို့ထိုင်တာ ဘာဖြစ်လဲ..သင်္ကန်းနဲ့မထိ ပြီးရောပေါ့၊ ငါမသိလို့ထိုင်တာမဟုတ်ဘူး သိလို့ထိုင်တာ ရှင်းပလား..မျောက်သေမျက်နှာနဲ့ကောင်ရဲ့" ဆိုပြီး ပြန်ချဲရော။ အဲ့မှာ သူ့ယောကျာ်းကို မျောက်သေမျက်နှာလို့ပြောရပါ့မလားဆိုပြီး နှုတ်ခမ်းနီပါးနီမကြီးက အထုပ်အဒေါ်ကြီးကို ဝင်လုံး.. အထုပ်အဒေါ်ကြီးကလည်း ပြန်လုံးနဲ့ ချကြတော့တာပဲ။ အနီးဆုံးက ဦးဇင်းနဲ့ မျောက်သေလူကြီးဆိုတော့ သူတို့ပဲ ဆွဲရတာပေါ့။

ကားသမားကလည်း ခင်ဗျားတို့ တော်ကြမလား အကုန်ဆင်းမလား ဘာညာ ဝင်ဟောက်တာ။ မျောက်သေလူကြီးက ဆွဲတာ ဝင်ဖျန်တာပေမယ့် သူ့မိန်းမ ဆံပင်ချည်း ဆွဲသလို ဖြစ်တာ.. ဟိုဦးဇင်းကလည်းဝင်ဆွဲရင်း သပိတ်ကြီးနဲ့ ပါးနီမကြီးခေါင်းကို ထုသလိုဖြစ်ရော။ လူစုကွဲတော့ ပါးနီမကြီးက "ကိုကိုက မီးကို ဟိုကောင်မဖက်ကနေပြီး ချတယ်..ဟီးဟီး" ဆိုပြီးထပ်ငိုပြန်ရောဗျာ။ တကားလုံးလည်း ပြုံးမဲ့မဲ့နဲ့နားတွေညည်း စိတ်တွေညစ်ကုန်တာပေါ့။

အဲ့မှာ ပွဲပြတ်တာက အထုပ်အဒေါ်ကြီးက ဝင်ချဲလိုက်တာပဲ.."ဘာမီးလဲ..ဟင်..ဘာမီးလဲ နင်က..တဏှာမီး..ရာဂမီးမရဲ့.. ငါက အကြောင်းသိလို့ ဝင်ထိုင်နေတာ ..နင့်လင်က ဘုန်းကြီးမဟုတ်ဘူး..အလကားသင်္ကန်းဝတ်ပြီး အချောင်လျှောက်တောင်းနေတာဟဲ့.. ငါ့အိမ်နားတင်နေတာ.. အဲ့မှာ ကြည့် ..ဟဲ့ကောင် ကျော်ခန့် နင်ဘာလဲ ပြလိုက်စမ်း" ဆိုပြီး ဦးဇင်း သင်းပိုင်ကြီး ဆွဲလှန်ချတာ.. အောက်က ဂျေဂျေဘောင်းဘီကြီး ပေါ်လာရော။

အဲ့တော့မှ အဲ့ဦးဇင်းက "ဟ ဒေါ်တော ခင်ဗျား..ဘာလုပ်တာလဲ" ဆိုပြီး မှတ်တိုင်ရပ်တုန်း ဆင်းပြေးတာဗျာ..ဟိုမျောက်သေလူကြီးကိုတောင်တက်နင်းသွားသေးတယ်။ မျောက်သေကြီးကလည်း အဲ့တော့မှ ငါနဲ့ ထကိုင်တုပ်တာဗျ။ ဒီတခါတော့ လက်အုပ်မချီတော့ဘူးပေါ့။

သူတို့ရန်ပွဲကြည့်နေတာနဲ့ ကျနော်လည်း ဆင်းရမယ့်မှတ်တိုင်ကျော်ပြီး ဘီအိုစီရောက်သွားရော။ ကျနော်ဆင်းတော့ အကုန်််လုံးလိုက်ဆင်းကြတာ..ကားကဒီမှာဂိတ်ဆုံးတာလားလို့မေးကြည့်တော့ ..မဟုတ်ဘူးတဲ့..သူတို့လည်း မှတ်တိုင်ကျော်သွားလို့တဲ့ဗျာ။

Credit: Phyo Wai

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်မှ ပရိယတ္တိသာသနာတော်ကို ချီးမြှင့်ထောက်ပံ့မြှင့်တင်ဆောင်ရွက်တော်မူကြ...
21/07/2025

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်မှ ပရိယတ္တိသာသနာတော်ကို ချီးမြှင့်ထောက်ပံ့မြှင့်တင်ဆောင်ရွက်တော်မူကြမည့် သာသနာ့အာဇာနည် အရှင်သူမြတ်များ ပေါ်ထွန်း

မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓသာသနာကို တန်ဖိုးအထားဆုံး၊ အလေးအထားဆုံး၊ အထွန်းလင်း အတောက်ပဆုံးနိုင်ငံဖြစ်ပြီး သာသနာတော်အစဉ်မြဲ ထွန်းလင်းတောက်ပစေရန်အတွက် သာသနာတော်ဆိုင်ရာ စာမေးပွဲများကို နှစ်စဉ်ကျင်းပပေးလျက်ရှိပြီး ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး နှစ်ပေါင်း ၅ဝဝဝ မက တည်တံ့ဖြစ်ထွန်း ထွန်းလင်းတောက်ပစေရန် ပရိယတ္တိ၊ ပဋိပတ္တိသာသနာအနက် ပရိယတ္တိသာသနာတော်ကို ချီးမြှင့်ထောက်ပံ့မြှင့်တင်ဆောင်ရွက်တော်မူကြမည့် သာသနာ့အာဇာနည် အရှင်သူမြတ်များ စဉ်ဆက်မပြတ်ပေါ်ထွန်းလျက်ရှိပါသည်။

၂ဝ၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို ဇွန် ၂ ရက်မှ ဇွန် ၆ ရက်အထိ၊ ပါဠိပထမပြန်စာမေးပွဲကို ဇွန် ၄ ရက်မှ ဇွန် ၁ဝ ရက်အထိ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးရှိ သတ်မှတ်စာစစ်ဌာနများတွင် ကျင်းပခဲ့ပြီး ဇူလိုင် ၇ ရက်တွင် အောင်စာရင်းများ ထုတ်ပြန်ကြေညာခဲ့သည်။ တိုင်းဒေသကြီးအတွင်းမှ ဓမ္မာစရိယတန်းတွင် (၉၂၃)ပါး၊ ပထမကြီးတန်းတွင် (၂၀၆)ပါး၊ ပထမလတ်တန်းတွင် (၂၄၉)ပါး၊ ပထမငယ်တန်းတွင် (၆၉၁)ပါးနှင့် အခြေပြုမူလအတန်းတွင် (၁၅၃၉)ပါး အောင်မြင်ခဲ့ကြပါသည်။

အဆိုပါ စာမေးပွဲများ ကျင်းပနေစဉ်အတွင်း ၂ဝ၂၅ ခုနှစ် မတ် ၂၈ ရက် မွန်းလွဲပိုင်းက အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်၊ ပျက်စီး၊ သေဆုံး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး စာမေးပွဲကို ယာယီ ရပ်ဆိုင်းခဲ့ရာမှ ဇွန် ၂ ရက်မှစ၍ ပြန်လည် ကျင်းပခဲ့ပါသည်။

ငလျင်ဘေးကြုံတွေ့နေရသည့် အခက်အခဲများကြားမှ ပြန်လည်ကျင်းပသည့် စာမေးပွဲကို စာဖြေသံဃာတော်များ သဒ္ဓါစွမ်းအား၊ သတိစွမ်းအား၊ သမာဓိစွမ်းအား၊ ပညာစွမ်းအားတို့ဖြင့် ဝင်ရောက် ဖြေဆိုခဲ့ကြရာ မန္တလေးတိုင်းဒေသကြီးမှ အစိုးရ ဓမ္မာစရိယစာမေးပွဲတွင် သာသနဓဇဓမ္မာစရိယ (အဂ္ဂမဟာအကျော်)(၁)ပါး၊ အထူးအောင် သာသန ဓဇဓမ္မာစရိယ(ဒုတိယ)(၁)ပါး၊ အထူးအောင် သာသနဓဇဓမ္မာစရိယ(ပထမ) သီလရှင် (၁)ပါး၊ ပါဠိပထမပြန်စာမေးပွဲ၌ ပထမလတ်တန်းတွင် တစ်နိုင်ငံလုံး(ပထမ)(၁)ပါး၊ အခြေပြုမူလတန်းတွင် တစ်နိုင်ငံလုံး(တတိယ)(၁)ပါးတို့ အောင်မြင် ပေါ်ထွန်းခဲ့ပါသည်။

မန္တလေးမြို့ ပရိယတ္တိသာသနဟိတအသင်းကြီး၏ ၁၃၈၇ ခုနှစ် (၁၁၉)ကြိမ်မြောက် နယုန်လ စာလျှောက်မေးခမ်း သီးခြားစာသင်တန်းနှင့်သီးခြား စာချတန်းကို နှစ်မခြားဘဲအောင်မြင်ခဲ့၍ ပရိယတ္တိသာသနဟိတ ဓမ္မာစရိယဝဋံသကာဘွဲ့ရ (၁)ပါး ပေါ်ထွန်းခဲ့ပါသည်။

ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ ဝဋံသကာဘွဲ့ ရရှိတော်မူသည့် အရှင်သူမြတ်မှာ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဓမ္မဝိနယရံသီကျောင်းမှ အရှင်ဃောသိတာလင်္ကာရာဘိဝံသ ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ကွမ်းအုံအုပ်စု၊ ဆီဆုံ ကျေးရွာနေ ခမည်းတော် ဦးကျော်အောင်၊ မယ်တော် ဒေါ်ဆွေတို့မှ ၁၃၆၃ ခုနှစ်၊ တော်သလင်းလဆန်း (၁၄)ရက် (၂ဝဝ၁ ခုနှစ် အောက်တိုဘာ ၁ရက်)နေ့တွင် ဖွားမြင်ခဲ့ပါသည်။

၁၃၇၆ ခုနှစ်၊ တန်ခူးလဆန်း (၂)ရက်တွင် မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ဆီဆုံရွာ သာသနဝိပုလ္လကာရီကျောင်းဆရာတော် ဘဒ္ဒန္တ ပညာစက္က ကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော်(၈)ရက် (၂ဝ၂၂ ခုနှစ်၊ မေ ၂၂ ရက်)တွင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းကတ္တူရပ်၊ နေမင်းပရိယတ္တိစာသင်တိုက်၊ ဝိသုံဂါမသိမ်တော်တွင် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ သဒ္ဓမ္မပဇ္ဇောတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇောတိပါလာလင်္ကာရကို ဥပဇ္ဈာယ်ပြု၍ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းကတ္တူရပ်နေ ရဟန်းဒါယကာ ဦးကြည်ယုံ + ရဟန်းဒါယိကာမ ဒေါ်ဖြူဖြူအောင် မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

အရှင်ဃောသိတာလင်္ကာရာဘိဝံသည် ရေဦးမြို့နယ်၊ ကွမ်းအုံအုပ်စု၊ ဆီဆုံကျေးရွာ သာသနဝိပုလ္လကာရီကျောင်း၊ မန္တလေးမြို့၊ နေမင်းပရိယတ္တိစာသင်တိုက်၊ အရာတော်မြို့၊ သီရိမင်္ဂလာကံဦး ပရိယတ္တိစာသင်တိုက်၊ မုံရွာမြို့၊ သဒ္ဓမ္မပဇ္ဇောတာရုံကျောင်းတိုက်၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်၊ မြတောင်ကျောင်းတိုက်၊ မစိုးရိမ်ကျောင်းတိုက်ရှိဆရာတော်များထံတွင် ပရိယတ္တိစာပေများကို ကြိုးစားအားထုတ်သင်ယူဆည်းပူးခဲ့ပါသည်။

ထိုသို့ ကြိုးစားအားထုတ်သင်ယူဆည်းပူးခဲ့သဖြင့် ၁၃၈၁ ခုနှစ်၊ မန္တလေးမြို့ ပရိယတ္တိသာသနာလင်္ကာရ သာမဏေကျော်ဘွဲ့ကို (ဒုတိယဂုဏ်ထူး)၊ ၁၃၈၅ ခုနှစ်၊ မြင်းခြံမြို့ ပရိယတ္တိသဒ္ဓမ္မပါလအသင်းသီးခြားစာသင်တန်းကို (ပထမ ဂုဏ်ထူး)၊ ၁၃၈၆ ခုနှစ်၊ မန္တလေးမြို့ ပရိယတ္တိသာသနဟိတအသင်း သီးခြားစာသင်တန်းကို (ပထမဂုဏ်ထူး)၊ ၁၃၈၇ ခုနှစ်၊ မန္တလေးမြို့ ပရိယတ္တိသာသနဟိအသင်း သီးခြားစာချတန်း (သုံးကျမ်း)ကို (ပထမဂုဏ်ထူး)တို့ဖြင့် နှစ်မခြားဘဲ အောင်မြင်တော်မူ၍ ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ ဝဋံသကာဘွဲ့ကို ဆွတ်ခူးရရှိခဲ့ပါသည်။

မန္တလေးမြို့၊ ပရိယတ္တိသာသနဟိတအသင်းကြီးမှ စာမေးပွဲကျင်းပသည့် ၁၂၆၇ ခုနှစ်မှစတင်၍ ယနေ့အချိန်အထိ နှစ်ပေါင်း (၁၂ဝ)ကျော်အတွင်း ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ ဝဋံသကာဘွဲ့ရဆရာတော် (၉)ပါး ပေါ်ထွန်းခဲ့ပြီး ယခုပေါ်ထွန်းခဲ့သည့် သာသနာ့အာဇာနည်မှာ (၁ဝ)ပါးမြောက်ဖြစ်ပါသည်။

မန္တလေးမြို့ ပရိယတ္တိသာသနဟိတအသင်းကြီးမှ ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ ဝဋံသကာဘွဲ့ရရှိတော်မူခဲ့သည်ဆရာတော် ၁ဝ ပါးမှာ -

(၁) ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ၊ မင်းကွန်းတိပိဋကဓရထေရ်၊ ဓမ္မနာဒတိုက်၊ မင်းကွန်း ၁၂၉၆ ခုနှစ်၊ (ပျံလွန်)။

(၂) ဘဒ္ဒန္တဥတ္တမာဘိဝံသ၊ ညောင်ရမ်းကျောင်း၊ မိုးကောင်းတိုက် ၁၂၉၉ ခုနှစ်၊ (ပျံလွန်)။

(၃) ဘဒ္ဒန္တလက္ခဏာဘိဝံသ၊ မိုးကောင်းတိုက် ၁၃ဝ၉ ခုနှစ်၊ (ဦးကျော်ရှိန်-လူထွက်)။

(၄) ဘဒ္ဒန္တသုမနာဘိဝံသ၊ ထီးလင်းတိုက်၊ မန္တလေးမြို့ ၁၃၁၄ ခုနှစ်၊ (ဦးသောင်းလွင်-လူထွက်)။

(၅) ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၊ ဘုရားကြီးတိုက်၊ မန္တလေးမြို့ ၁၃၁၅ ခုနှစ်၊ (ပျံလွန်)။

(၆) ဘဒ္ဒန္တသုနန္ဒာဘိဝံသ၊ ဘုရားကြီးတိုက်၊ မန္တလေးမြို့ ၁၃၁၅ ခုနှစ်၊ (ဦးရွှေအောင်-လူထွက်-ကွယ်လွန်)။

(၇) ဘဒ္ဒန္တနာရဒါဘိဝံသ၊ မြင်းဝန်တိုက်၊ မန္တလေးမြို့ ၁၃၁၅ ခုနှစ်၊ (ဦးထွန်းလှိုင်-လူထွက်-ကွယ်လွန်)။

(၈) ဘဒ္ဒန္တကစ္စာယနာလင်္ကာရာဘိဝံသ၊ ဘုရားကြီးတိုက်၊ မန္တလေးမြို့ ၁၃၁၇ ခုနှစ်၊ (ဗိုလ်ကြီး ကျော်နိုင်-လူထွက်)။

(၉) ဘဒ္ဒန္တကေသရာလင်္ကာရဘိဝံသ၊ မဟာဂန္ဓာရုံ ကျောင်းတိုက်၊ အမရပူရ ၁၃၄၈ ခုနှစ်၊ (ယခု အောင်ချမ်းသာကျောင်းတိုက်)။

(၁ဝ) ဘဒ္ဒန္တဃောသိတာလင်္ကာရာဘိဝံသ၊ မစိုးရိမ်တိုက်သစ်၊ မန္တလေးမြို့ ၁၃၈၇ ခုနှစ်တို့ဖြစ်ကြပါသည်။

ယခုအခါတွင် အရှင်ဃောသိတာလင်္ကာရာဘိဝံသသည် သက်တော်(၂၃)နှစ် သိက္ခာတော် (၃)ဝါ ရှိပြီး မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဓမ္မဝိနယရံသီကျောင်းနာယကဆရာတော် ဘဒ္ဒန္တပညိန္ဒာဘိဝံသ၏ မေတ္တာရိပ်ကို ခိုလှုံ၍ သာသနာ့တာဝန်များကို ထမ်းဆောင်ကာ ကြိုးပမ်းအားထုတ် သီတင်းသုံးတော်မူလျက်ရှိပါသည်။

၂ဝ၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ အောင်မြင်၍ သာသနဓဇဓမ္မာစရိယ (အဂ္ဂမဟာကျော်) ပေါ်ထွန်းခဲ့သည့် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဓမ္မဝိနယရံသီကျောင်းတိုက်မှ သက်တော်(၂ဝ)၊ သိက္ခာတော်(၁)ဝါရှိ အရှင်ဇနကာလင်္ကာရကို မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ အောင်မင်္ဂလာရပ်ကွက်နေ ခမည်းတော် ဦးနန်းထွန်းနှင့် မယ်တော် ဒေါ်လေးဖြူတို့မှ ၁၃၆၆ ခုနှစ်၊ တော်သလင်းလဆုတ် ၁၄ ရက်တွင် ဖွားမြင်ခဲ့ပါသည်။

၁၃၇၆ ခုနှစ်၊ တပေါင်းလဆုတ်(၆)ရက်တွင် သံဖြူဇရပ်မြို့၊ ဓမ္မာရာမတောရကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဓမ္မရက္ခိတာလင်္ကာရကို ဥပဇ္ဈာယ်ပြုလျက် ခမည်းတော်နှင့် မယ်တော်မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေအဖြစ်သို့လည်းကောင်း၊ ၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၅ ရက်တွင် ရန်ကုန်မြို့၊ ဘုရင့်နောင်ရပ်နေ ရဟန်းဒါယကာ ဦးသန်းလွင်မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့လည်းကောင်း ရောက်ရှိခဲ့ပါသည်။

အရှင်ဇနကာလင်္ကာရသည် သံဖြူဇရပ်မြို့ ဓမ္မာရာမတောရကျောင်းတိုက်၊ တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် ဆရာတော်များထံတွင် ပရိယတ္တိစာပေများကို ကြိုးစားအားထုတ်သင်ယူဆည်းပူးခဲ့ပါသည်။

ထိုသို့ ကြိုးစားအားထုတ်သင်ယူဆည်းပူးခဲ့သဖြင့် ၁၃၈၂ ခုနှစ်၊ ရန်ကုန်မြို့၊ ကမ္ဘာအေး တိပိဋကမဟာဂန္ဓာရာမိကဂဏဝါစကသာမဏေကျော်(ပထမဂုဏ်ထူး)၊ ၁၃၈၃ ခုနှစ်၊ ရန်ကုန်မြို့ သာသနာ့ဝန်ဆောင်သာမဏေကျော်၊ ၁၃၈၃ ခုနှစ်၊ ပဲခူးမြို့ ပရိယတ္တိသဒ္ဓမ္မရက္ခိတအသင်းကြီး သာမဏေကျော်လင်္ကာရ၊ ၁၃၈၄ ခုနှစ်၊ မန္တလေးမြို့၊ ပရိယတ္တိသာသနဟိတအသင်းကြီး သာမဏေကျော်၊ ၁၃၈၄ ခုနှစ်၊ မင်္ဂလာဒုံမြို့၊ ဝိနယာဓိက စာမေးပွဲ (ပထမဂုဏ်ထူး)၊ ၁၃၈၆ ခုနှစ်၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်၊ ဓမ္မာနုဂ္ဂဟဓမ္မာစရိယ(ပထမဂုဏ်ထူး)၊ ၁၃၈၇ ခုနှစ်၊ သာသနဓဇဓမ္မာစရိယ (ပထမအဂ္ဂမဟာအကျော်)ဘွဲ့တို့ကို ရရှိတော်မူခဲ့သည့် သာသနာ့အာဇာနည် တစ်ပါးဖြစ်ပြီး မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဓမ္မဝိနယရံသီ ကျောင်းနာယကဆရာတော် ဘဒ္ဒန္တ ပညိန္ဒာဘိဝံသ ၏ မေတ္တာရိပ်ကို ခိုလှုံ၍ သာသနာ့တာဝန်များကို ထမ်းဆောင်ကာ ကြိုးပမ်းအားထုတ် သီတင်းသုံးတော်မူလျက်ရှိပါသည်။

ပရိယတ္တိသာသနာတော်ကို ချီးမြှင့်ထောက်ပံ့ မြှင့်တင်ဆောင်ရွက်တော်မူကြမည့် သာသနာ့အာဇာနည်အရှင်သူမြတ်များ စဉ်ဆက်မပြတ် ပေါ်ထွန်းလျက်ရှိခြင်းကြောင့် မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာတော်ကြီး နေလပမာ အစဉ်အမြဲ ထွန်းလင်းတောက်ပနေမည်ဖြစ်ပါကြောင်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ရေးသားပူဇော်လိုက်ရပါသည်။

မျိုးကျော်

မန္တလေးနေ့စဉ်သတင်းစာ
(၂၀-၇-၂၀၂၅)

17/07/2025

" ဆရာဆိုတာ တပည့်ကို ကိုယ့်ထက်သာအောင် သင်ပေးနိုင်မှ အောင်မြင်တဲ့ဆရာလို့ ခေါ်တာပါ။ အဲဒီ့အဆိုအရ ကိုယ့်ထက်သာတဲ့တပည့်တွေ မွေးထုတ်နိုင်တော့ ဝမ်းသာတာပေါ့နော်။ စာမေးပွဲအောင်တိုင်း စာချကျွမ်းကျင်တာ မဟုတ်ပါဘူး "
.... လို့မိန့်ဆိုလာတဲ့ ဓမ္မဝိနယရံသီကျောင်း နာယက
မစိုးရိမ်‌တိုက်သစ် ဆရာတော် ဘဒ္ဒန္တပညိန္ဒာဘိဝံသ နှင့်
ဝဋံသကာဘွဲ့ရတဲ့ တပည့် မွေးထုတ်နိုင်တဲ့အပေါ်မိန့်ကြားချက်🙏🙏🙏

#ဘဒ္ဒန္တပညိန္ဒာဘိဝံသ

အဘိဝံသ၊ဝဋံသကာဘွဲ့အကြောင်းကို
ပြည့်စုံစွာမိန့်ထားတာဖြစ်လို့
သေချာမှတ်သားနာထောင်ကြပါခင်မျ။ 🙏

ဆေးဖက်ဝင်သော မျက်ရည်🌱🌱🌱🌱🌱🌱🌱🌱🌱ဘန္တေ နာဂသေန၊ အမေသေလို့ ငိုတဲ့ ပုဂ္ဂိုလ်ရှိတယ်။ တရားဓမ္မကိုမြတ်နိုးပြီးတော့ တရားထူးတရား မြတ...
16/07/2025

ဆေးဖက်ဝင်သော မျက်ရည်
🌱🌱🌱🌱🌱🌱🌱🌱🌱

ဘန္တေ နာဂသေန၊ အမေသေလို့ ငိုတဲ့ ပုဂ္ဂိုလ်ရှိတယ်။ တရားဓမ္မကိုမြတ်နိုးပြီးတော့ တရားထူးတရား မြတ်ရတဲ့အခါမှာ ဝမ်းသာလွန်းအားကြီးပြီး ငိုတဲ့ပုဂ္ဂိုလ်ရှိတယ်။ အဲဒီနှစ်ယောက်ရဲ့ မျက်ရည်ဟာ ဘယ်သူ့မျက်ရည်က ဆေးဖြစ်ပြီး ဘယ်သူ့မျက်ရည်က ဆေးမဖြစ်သလဲ။
➥ မဟာရာဇ၊ (အမေသေလို့) ငိုတဲ့သူတစ်ယောက်ရဲ့ မျက်ရည်က ရာဂ၊ ဒေါသ၊ မောဟ ဆိုတဲ့ အညစ် အကြေးရှိတယ်။ ပူတယ်။ ကျန်တစ်ယောက်ရဲ့ ဝမ်းသာပီတိဖြစ်ပြီး ကျတဲ့မျက်ရည်ကတော့ အညစ် အကြေးကင်းတယ်။ အေးတယ်။ အေးတဲ့မျက်ရည်က ဆေးဖြစ်တယ်။ ပူတဲ့မျက်ရည်က ဆေးမဖြစ် ဘူး။

• ဘန္တေ နာဂသေန၊ သင့်လျော်လျောက်ပတ်ပါပေတယ်ဘုရား။

(ပါမောက္ခချုပ်ဆရာတော်ကြီး ဟောကြားတော်မူသည့် မိလိန္ဒပဉှာ(မိလိန္ဒမင်းနှင့် ရှင်နာဂသေနတို့၏ ဗုဒ္ဓဝါဒရေးရာ အချေအတင်ပြောဆိုချက်များ) တရားတော်များမှ မိလိန္ဒမင်းနှင့် ရှင်နာဂသေနတို့၏ အမေးအဖြေများကို ပြန်လည်ကောက်နုတ်ပူဇော်ထားခြင်းဖြစ်ပါတယ်။)

16/07/2025

ကံမကောင်းရင်
ကံကောင်းအောင်
ဘယ်လိုလုပ်ရမလဲ။

ငါးမိနစ်စာတရားလေး
ဆုံးအောင်နာယူကြပါ။ 🤗

#ပါမောက္ခချုပ်ဆရာတော်ကြီး

နတ်တွေပေးတဲ့ မေတ္တာ----------------------------------ကိုယ်က မမြင်ရပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာအိမ်စောင့်နတ်၊ ခြံစောင့်နတ်...
16/07/2025

နတ်တွေပေးတဲ့ မေတ္တာ
----------------------------------

ကိုယ်က မမြင်ရပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာအိမ်စောင့်နတ်၊ ခြံစောင့်နတ်၊တောစောင့်နတ်၊တောင်စောင့်နတ်၊ ဘုမ္မစိုး၊ ရုက္ခစိုး၊အာကာသစိုးတို့ဆိုတာ ရှိပါတယ်။

အဲ့လို ရှိနေကြတာကို သူတို့လဲ သူတို့ဟာသူတို့ နေတာ၊ ကိုယ်လဲ ကိုယ့်ဟာကိုယ် နေတာပဲ ဆိုတာမျိုး မဟုတ်ပဲ မိမိကိုယ်တိုင်က သူတို့ကိုအသိအမှတ်ပြုပြီး ကုသိုလ် ပြုတိုင်း၊ ပြုတိုင်း အားလုံး ချမ်းသာကြပါစေလို့ မေတ္တာပို့၊ ကုသိုလ်ကောင်းမှုတို့ကို အမျှ ရကြပါစေလို့ အမျှဝေပါ။ အမျှရပြီး သာဓု ခေါ်ရင် သူတို့မှာ ဘုန်းတန်ခိုးတွေ တိုးတယ် တဲ့.။.

သူတို့တွေ ဘုန်းတန်းခိုးတွေ
တိုးပြီး ချမ်းသာသုခတွေရရှိကြရင် ကိုယ့်ကိုယ် မေတ္တာထား စောင့်ရှောက်ကြတယ်။နတ်တွေ စောင့်ရှောက်တာ ခံရတဲ့သူဟာအကောင်းတွေချည်း ပိုပြီးဖြစ်လာတယ် ၊မိဘက သားသမီးကို စောင့်ရှောက်သလိုပဲ တဲ့.။.

ဒါကြောင့် ကုသိုလ် ပြုပြီးတိုင်း၊ ပြုပြီးတိုင်းကိုယ့်ပတ်ဝန်းကျင်က နတ်တွေကို မေတ္တာပို့ အမျှပေးဝေကြပါ။..

ကျေးဇူးတော်ရှင် ပါမောက္ခချူပ်ဆရာတော်ကြီး
ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ
🙏🙏🙏
__________________________________

#ကောင်းမှုတစ်ခုနေ့စဥ်ပြုပါ
❝ သဗ္ဗဒါနံ_ဓမ္မဒါနံ_ဇိနာတိ ❞ အလှူအားလုံးတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။
❝ ဓမ္မစကား_နေ့တိုင်းကြားက_စိတ်ထားဖွေးမြတ်_သိဉာဏ်ထက်၏။ ❞
#မူရင်းရေးသားပူဇော်သူအားဂါဝရပြုကူးယူမျှဝေပူဇော်ပါသည်🙏🏻

16/07/2025

"ဒီ ဘဝ မှ သားအမိ ဖြစ်နေပေမယ့် နောင်ဘဝ မှဖြစ်ချင်မှဖြစ်မယ်... ဒါကြောင့် တအားကြီး စွဲလွန်းမထားပါနဲ့"တဲ့။

အရွယ်ငယ်သေးပေမယ့်
တရားသဘောလေးတွေကို
ပြောတတ်တဲ့ "ဝဋံသကာ"ဘွဲ့ရအရှင်
🙏🙏🙏

ที่อยู่

Bangkok
10540

เบอร์โทรศัพท์

+66970038252

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ဓမ္မလောက အရှင်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง ဓမ္မလောက အရှင်:

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram