Derma Journal of Dr Moe

Derma Journal of Dr Moe အရေပြားရောဂါ ၊အလှအပရေးရာ နှင့်ပတ်သက်သော အသိပညာများကို မျှဝေရန် ရည်ရွယ်ထားတဲ့ page လေးဖြစ်ပါတယ်

31/07/2023

-ကျွန်မနာမည်က ဒေါက်တာအိခိုင်မိုး ဖြစ်ပါတယ်။
ဆေးတက္ကသိုလ်(၁)မှ ဆေးပညာဘွဲ့ M.B.B.S ကို 2015 ခုနစ်မှာရရှိခဲ့ပါတယ်။

-ထိုင်းနိုင်ငံ Chulabhorn International College of Medicine, Thammasat University မှာ အရေပြားဆိုင်ရာအထူးပြုဘာသာရပ်ကို လေ့လာသင်ယူခဲ့ပါတယ်။

-ဆွစ်ဇာလန်နိုင်ငံ Zurich မြို့တွင် Dr Rummelein ထံမှ အရေပြားနှင့် အလှအပဆိုင်ရာ လေဆာနှင့် ပတ်သက်သည့် ပညာရပ်များကိုလည်း သင်ယူခဲ့ပါတယ်။

-ဒီ page လေးမှာ အရေပြားရောဂါ နှင့် အလှအပဆိုင်ရာ အချက်အလက်များ ကို ဗဟုသုတရရန် အလို့ငှါ sharing လုပ်သွားဖို့ ရည်ရွယ်ထားပါတယ်ရှင်။😊

❓❓❓မိမိကိုယ်တိုင် (or)ပတ်ဝန်းကျင်မှာ ဦးရေပြား၊ မျက်ခုံးမွှေး၊ မုတ်ဆိတ် အစရှိတဲ့နေရာမှာ အကွက်လိုက် အမွှေးအမျှင်ကျွတ်တာမျိ...
31/07/2023

❓❓❓
မိမိကိုယ်တိုင် (or)ပတ်ဝန်းကျင်မှာ ဦးရေပြား၊ မျက်ခုံးမွှေး၊ မုတ်ဆိတ် အစရှိတဲ့နေရာမှာ အကွက်လိုက် အမွှေးအမျှင်ကျွတ်တာမျိုးကို ကြုံဖူးကြပါသလား။

🙋‍♀️🙋ဆံပင်ကွက်ကျွတ်ခြင်းတစ်မျိုးဖြစ်တဲ့ Alopecia Areata လို့ခေါ်တဲ့ရောဂါကြောင့် ဖြစ်တတ်ပါတယ်။

👩‍💼👨‍💼အမျိုးသားမှာဖြစ်စေ အမျိုးသမီးမှာ ဖြစ်စေ သက်လတ်ပိုင်း ၁၅-၂၉နှစ်အတွင်းမှာ အဖြစ်များတတ်ပါတယ်။

ဖြစ်စေတဲ့အကြောင်းအရာတွေကတော့
🧬မျိုးရိုးလိုက်ခြင်း
😤ကိုယ်ခံအားစနစ် ချို့ယွင်းခြင်း
😩စိတ်ဖိစီးမှုများခြင်း

လက္ခဏာတွေကတော့
🧑‍🏭အမွှေးကျွတ်တဲ့နေရာက အကွက်လိုက် အနားညီညီညာညာ ကျွတ်ခြင်း၊

🧑‍🏭အနားကွပ်နေရာမှာ❗️ပုံစံ အရင်းပါးပြီးအဖျားထူသည့် ဆံပင်များရှိတတ်ခြင်း၊

🧑‍🏭အဲ့အကွက်လိုက်ကျွတ်ထားတဲ့နေရာ အနီးတစ်ဝိုက်ရှိဆံပင်များမှာ ပိုမိုကျွတ်လွယ်ခြင်း။

🤩၂၀%လောက်က သူ့ဘာသာ သက်သာသွားတတ်ပါတယ်။
💊💉သက်သာစေတဲ့ သောက်ဆေး ထိုးဆေး တွေနဲ့လည်း ကုသလို့ရပါတယ်။

⚠️သက်သာသွားပြီးတဲ့ သူတွေမှာ စိတ်ဖိစီးမှုများတာမျိုးနဲ့ကြုံရင်လည်း ပြန်ဖြစ်တတ်ပါတယ်။

-အမွှေးကျွတ်တဲ့ဧရိယာများတဲ့သူ
-ဦးခေါင်းမှာသာမက တခြားနေရာတွေမှာပါ အမွှေးအမျှင် အများကြီးကျွတ်တဲ့သူ
-အသက်အရမ်းငယ်ငယ် မှာဖြစ်တဲ့သူတွေမှာ ဆိုရင်တော့ ကုသရပိုကြာတတ်ပါတယ်

👩‍⚕️ဒါမျိုးလက္ခဏာလေးတွေ ခံစားနေရပြီဆိုရင်တော့တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ပြသပြီး ကုသလို့ရတယ် ဆိုတာပြောပြလိုက်ရပါတယ်ရှင်။
🥰ကျန်းမာပျော်ရွှင်စွာ လှပနိုင်ကြပါစေရှင်။

ที่อยู่

Phra Nakhon
10320

เบอร์โทรศัพท์

+9595102744

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Derma Journal of Dr Moeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Derma Journal of Dr Moe:

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram