30/01/2026
GFR ကျဆင်းတာ ဘာကြောင့် ဖြစ်နိုင်ပါသလဲ?
(Health Education | General Information Only)
မကြာခဏ သွေးစစ်၊ ဆီးစစ်တွေမှာ တွေ့လာရပြီး လူအများ စိုးရိမ်မေးမြန်းကြတဲ့ကျောက်ကပ်ဆိုင်ရာ အချက်အလက်တခုကို ပညာပေးရည်ရွယ်ချက်ဖြင့်သာ အထွေထွေ ကျန်းမာရေးဗဟုသုတအနေနဲ့ မျှဝေလိုက်ပါတယ် ခင်ဗျာ။
⚠️ ဤအချက်အလက်များသည် ဆေးကုသမှုအဖြစ် မဟုတ်ဘဲ အထွေထွေ ပညာပေးအတွက်သာ ဖြစ်ပါသည်။
❓ GFR ဆိုတာ ဘာလဲ
GFR (Glomerular Filtration Rate) ဆိုတာ ကျောက်ကပ်က သွေးကို စစ်ထုတ်နိုင်တဲ့ စွမ်းဆောင်ရည်ကို ပြသပေးတဲ့ အညွှန်းကိန်း ဖြစ်ပါတယ်။
👉 GFR မြင့်နေပါက — ကျောက်ကပ် အလုပ်လုပ်မှု ကောင်း
👉 GFR ကျနေပါက — ကျောက်ကပ် စစ်ထုတ်နိုင်မှု လျော့နည်းနေကြောင်းကို ဆိုလိုပါတယ်
GFR ကို အများအားဖြင့် သွေးထဲရှိ Creatinine တန်ဖိုး၊ အသက်၊ လိင် စတဲ့ အချက်အလက်များကို ပေါင်းတွက်ပြီး ခန့်မှန်းတွက်ချက်ပါတယ်။
❓ GFR ကျဆင်းလာနိုင်တဲ့ အကြောင်းရင်းများ
(၁) ရေဓာတ်လျော့နည်းခြင်း (Dehydration)
👉 ရေလုံလောက်အောင် မသောက်ထား ပါက သွေးပမာဏ လျော့နည်းကာကျောက်ကပ်သို့ သွေးရောက်မှု လျော့ပြီး GFR ယာယီ ကျနိုင်ပါတယ် ခင်ဗျာ။ (ရေပြန်လုံလောက်သောက်ရင် ပြန်ကောင်းနိုင်ပါတယ်)
(၂) ဆီးချိုရောဂါ (Diabetes Mellitus)
👉 ဆီးချိုကို အချိန်ကြာကြာ မထိန်းနိုင်ပါက ကျောက်ကပ် သွေးကြောများ ထိခိုက်ခြင်း GFR တဖြည်းဖြည်း ကျဆင်းခြင်း တို့ ဖြစ်လာနိုင်ပါတယ် ခင်ဗျာ။
(၃) သွေးဖိအားမြင့်ရောဂါ (Hypertension)
👉 သွေးဖိအား မြင့်နေခြင်းက ကျောက်ကပ်သွေးကြောတွေကို ထိခိုက်စေပြီး GFR လျော့နည်းလာစေနိုင်ပါတယ်ခင်ဗျာ။
(၄) ကျောက်ကပ်ရောဂါ ရေရှည် (Chronic Kidney Disease – CKD)
👉 CKD ဖြစ်နေပါက ကျောက်ကပ်ဆဲလ်များ တဖြည်းဖြည်း ပျက်စီးပြီး GFR ဆက်တိုက် ကျဆင်းလာနိုင်ပါတယ် ခင်ဗျာ။
(၅) ဆီးလမ်းကြောင်း ပိတ်ဆို့မှု (Urinary tract obstruction)
👉 ဆီးကျောက်၊ ဆီးကြောပိတ်ခြင်း၊ ဆီးကြောကြီး တင်းကျပ်ခြင်း စတဲ့ အခြေအနေများကြောင့် GFR လျော့နည်းလာနိုင်ပါတယ် ခင်ဗျာ။
(၆) ဆေးဝါးအချို့၏ အကျိုးသက်ရောက်မှု
👉 အချို့ ဆေးဝါးများ (ဥပမာ – အကိုက်အခဲပျောက်ဆေးအချို့၊ အန္တီဘိုင်အိုတစ်အချို့) ကြောင့် ကျောက်ကပ်ထိခိုက်ပြီး GFR ကျနိုင်ပါတယ် ခင်ဗျာ။
(၇) ကျောက်ကပ်ရောင်ရောဂါများ (Glomerulonephritis)
👉 ကျောက်ကပ် အတွင်း စစ်ထုတ်မှုအပိုင်း ရောင်ရမ်းလာပါက GFR လျော့နည်းနိုင်ပါတယ် ခင်ဗျာ။
(၈) အသက်ကြီးလာခြင်း
👉 အသက်ကြီးလာတာနဲ့အမျှ GFR သည် သဘာဝအတိုင်း တဖြည်းဖြည်း လျော့နည်းလာနိုင်ပါတယ် ခင်ဗျာ။
⚠️ ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်လဲ
အောက်ပါအခြေအနေများ တွေ့ရပါက ဆရာဝန်နှင့် ပြန်လည်တိုင်ပင်ရန် လိုအပ်ပါတယ် ခင်ဗျာ–
👉 GFR တန်ဖိုး ဆက်တိုက် ကျဆင်းနေခြင်း
👉 ခြေထောက်၊ မျက်နှာ ဖောင်းလာခြင်း
👉 ဆီးအရောင် ပြောင်းလာခြင်း
👉 ဆီးပမာဏ လျော့နည်းလာခြင်း
👉 မောပန်းလွယ်ခြင်း
👉 ဆီးချို၊ သွေးဖိအား ရှိပြီး GFR ကျလာခြင်း
❓ ကိုယ်တိုင် ဘာတွေ သတိထားသင့်လဲ
✔️ ရေ လုံလောက်အောင် သောက်ပါ
✔️ ဆီးချို၊ သွေးဖိအားကို စနစ်တကျ ထိန်းပါ
✔️ ကိုယ့်သဘောနဲ့ကိုယ် ဆေးမသောက်ပါနဲ့
✔️ ဆေးဝါးသောက်မယ်ဆိုရင် ဆရာဝန်ညွှန်ကြားချက် လိုက်နာပါ
✔️ သွေးစစ်၊ ဆီးစစ်ကို အချိန်မှန် စစ်ဆေးပါ
💙 အချုပ်အားဖြင့်
GFR ကျဆင်းခြင်းသည် ကျောက်ကပ်၏ စစ်ထုတ်နိုင်မှု လျော့နည်းနေကြောင်းကို ပြသပေးတဲ့ အရေးကြီးတဲ့ အချက်အလက်တခု ဖြစ်ပါတယ် ခင်ဗျာ။
ယာယီအကြောင်းရင်းများကြောင့် ဖြစ်နိုင်သလို ရေရှည် ကျောက်ကပ်ရောဂါများနဲ့လည်း ဆက်စပ်နိုင်တဲ့အတွက် စနစ်တကျ စစ်ဆေးပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။
⚠️ အထက်ဖော်ပြပါ အချက်အလက်များသည် အထွေထွေ ကျန်းမာရေး ပညာပေးအတွက်သာ ဖြစ်ပြီး လူတဦးချင်းစီ၏ အခြေအနေ မတူညီနိုင်ပါသဖြင့်ဆရာဝန်၏ ညွှန်ကြားချက်ကို ဦးစားပေးလိုက်နာရန် လိုအပ်ပါတယ် ခင်ဗျာ။
👉 ဤစာမျက်နှာတွင်
အထွေထွေ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများကို ပညာပေးရည်ရွယ်ချက်ဖြင့် ဆက်လက်မျှဝေပေးသွားပါမည်။
အများအတွက် အကျိုးရှိမယ်လို့ ထင်ပါက သိမ်းထား / မျှဝေပေးနိုင်ပါတယ် ခင်ဗျာ 🙏
📘 Reference (for health education):
• National Kidney Foundation – GFR & kidney function
• Mayo Clinic – Chronic kidney disease
#ကျန်းမာရေးဗဟုသုတ