Buddha's advice ကိုယ့်ထက်သာလျှင်မုဒိတာဝင်

မဝင်နိုင်ကယိုင်တတ်တယ်

ယိုင်မယ့်အစားမုဒိတာပွား

စိတ်ထားပြုပြင်ပြောင်းပါမယ်

23/06/2024

ရဟန်းများ တန်ခိုးပြသခြင်းကို
တားမြစ်ရခြင်း
တန်ခိုးပြ ပြီးတော့ ယုံအောင်လုပ်လို့မရဘူးတဲ့ အဲ့ဒီထဲမှာ အစွမ်းထက်တာတခုကတော့ တန်ခိုးပြတာမဟုတ်ဘူးတဲ့ ဆုံးမသြဝါဒပေးတာဟာ သာလျှင် ဘာသာတရားအတွက် တန်ဖိုးအရှိဆုံးအရာဖြစ်တယ်ပေါ့
ဘာသာတရားရဲ့ ဆုံးမမှုဆိုတာ
တန်ခိုးပြတာထက် ထိရောက်တယ်
တန်ခိုးပြလို့ရှိရင် မျက်လှည့်သမားကြီးလို့လဲ ထင်ချင်ထင်ကြမယ်နော် လူလိမ်လူညာလို့လဲ ထင်ကောင်းထင်ကြလိမ့်မယ် အဲ့လိုမဟုတ်ပဲနဲ့ဘယ်လိုနေရမယ် ဘယ်လိုထိုင်ရမယ် စိတ်နေသဘောထားဘယ်လိုထားရမယ် အပြစ်ရှိတဲ့အလုပ်
အပြစ်မရှိအလုပ်တွေ ခွဲခြားပြီးတော့
လုပ်သင့်တာနဲ့မလုပ်သင့်တာ
ခွဲခြားပြီးတော့ ဆုံးမသြဝါဒပေးတဲ့အလုပ်ဟာ ပိုပြီးတော့ ဘာသာတရားမှာ
တန်ဖိုးရှိတယ်ပေါ့

အဲ့ဒီတန်ဖိုးရှိတဲ့
အနုသာသနေ ဆုံးမသြဝါဒပေးမှုကသာလျှင် ဘာသာရေးနဲ့သင့်လျော်တဲ့
တန်ခိုးပြမှုပဲလို့ မြတ်စွာကယူဆတယ်

အဲ့ဒါကြောင့်မိုလို့
မြေလျှိုးမိုးပျံ ဒီလိုလုပ်
ပြတာတွေကို မြတ်စွာဘုရားက
မချီးမွမ်းဘူး လူ့စိတ်ကို အတပ်ဟောတာတွေ မချီးမွမ်းဘူး လောက လူတွေကတော်ကြာ စိတ်ဝင်စားတာတော့ဟုတ်လိမ့်မယ်။ လူ့စိတ်ကိုသိလို့ရှိရင် တော်ကြာ ဘာလုပ်ကြမှာလဲဆို သာသနာကို ကြည်ညိုမှာတော့မဟုတ်ဘူး အိမ်က စိန်လက်စွပ်ပျောက်သွားလို့
အရှင်ဘုရား ဘယ်နားရောက်နေလဲ ဒါ လာမေးမှာပဲ တန်ခိုးပြလာလို့ရှိရင်
အဲ့ဒါပဲလာမေးကြမှာပဲ
တရားဓမ္မတော့ မေးမှာမဟုတ်ဘူး အရှင်ဘုရား ဒီတရားဘယ်လိုကြောင့် ရ တာတုန်း တပည့်တော်ကိုနည်းပေးစမ်းပါ ဒီတရား
တပည့်တော် ရချင်ပါတယ်ဆိုတဲ့လူက ရှားတယ် အဲတော့ ဒီနည်းလမ်းတွေက
တန်ခိုးပြပြီးတော့ စည်းရုံးတဲ့နည်းလမ်းတွေက မမှန်ကန်ဘူးလို့မြတ်စွာက
ဒီလိုဟောထားတာတွေရှိတယ် ဒါ့ကြောင့်မိုလို့ ရှင်ပိဏ္ဍောလကို
ပစ်ပစ်ခါခါ မြတ်စွာဘုရားက တန်ခိုးပြတာကိုပစ်တင်တယ်

#ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

အသက်ကြီးလာရင်နေရာတကာ ဝင်မပါတော့နဲ့**********************ဖတ်ကြည့်နော်…ဒကာကြီး…အသက် ဘယ်လောက်ရှိပြီလဲ-?"တပည့်တော် (၇၁)နှစ်ပ...
16/06/2024

အသက်ကြီးလာရင်
နေရာတကာ ဝင်မပါတော့နဲ့
**********************
ဖတ်ကြည့်နော်…
ဒကာကြီး…
အသက် ဘယ်လောက်ရှိပြီလဲ-?
"တပည့်တော် (၇၁)နှစ်ပါ ဘုရား"
နောက်ထပ်
ဘယ်နှနှစ် နေရဦးမယ် ထင်လဲ-?
"ဘာနေရတော့မှာလဲ ဘုရား။
ဒါကြောင့်မို့
နောက်လူငယ်တွေကို
အမြင်မတော်တိုင်း ပြောပြောနေရတာ။
ပြောမရတဲ့အခါ စိတ်တို။
စိတ်တိုတော့ ပြောမိ။
ပြောမရ ဆိုမရတော့
လက်ပါမိတာပေါ့ ဘုရား"
စိတ်တို လက်ပါတာ
အကုသိုလ် ဒကာကြီးရဲ့။
သူတို့နဲ့ ဒကာကြီးက
အသက် ဘယ်သူက ပိုကြီးသလဲ-?
"တပည့်တော်က ကြီးတာပေါ့ ဘုရား"
"ဒါဆို ဒကာကြီးက သေခါနီး
သူတို့က သေခါဝေးပေါ့…
ဒီတော့
သေခါနီးနေတဲ့ ဒကာကြီးက
သေခါဝေးတဲ့ သူတို့နဲ့ တုပြီး
အကုသိုလ်တွေ ဖြစ်တယ်ဆိုရင်
ကောင်းပါ့မလား-?
"မကောင်းပါ ဘုရား"
"ကိုယ့်အသက်က နေချိန် နည်းလာပြီ
ဆိုတော့
အကုသိုလ်တွေ စိစစ်ဖို့ မကောင်းဘူးလား-?
"ကောင်းပါတယ် ဘုရား"
ဒကာကြီး ငယ်ငယ်တုန်းကရော
ကုသိုလ်မှန်း မသိ
အကုသိုလ်မှန်း မသိ
ပြုခဲ့ ပြောခဲ့ ကြံခဲ့တာတွေ မရှိဘူးလား-?
"ရှိခဲ့ပါတယ် ဘုရား"
"သူ့ဘဝ ကိုယ့်ဘဝဆိုတဲ့
ဘဝတွေ-ဘဝတွေ ဆိုတာ
ကိုယ်ဖြစ်ချင်သလို ဖြစ်နေလား
ကံအကျိုးပေးအတိုင်း ဖြစ်နေတာလား-?
"ကံ ကံ၏အကျိုးအတိုင်း
ဖြစ်နေတာပါ ဘုရား"
"ကိုယ်ဖြစ်စေချင်တဲ့အတိုင်း
ဖြစ်နေတာလား
ကိုယ်ပြုတဲ့ ကံအတိုင်း
ဖြစ်နေတာလား-?
"ကိုယ်ပြုတဲ့ ကံအတိုင်း
ဖြစ်နေရတာပါ ဘုရား"
"အေးဗျ-
လူငယ်တွေဆိုတာ…
ကိုယ်ငယ်ငယ်တုန်းကလိုပဲလို့
အောက်မေ့။
ကုသိုလ် မရှောင်
အကုသိုလ် မရှောင်
ပြုနေ ပြောနေ ကြံနေကြဦးမှာပဲ။
အသက်ကြီးလာရင်…
နေရာတကာ ဝင်မပါတော့နဲ့ဗျ။
မျက်လုံး-နှစ်လုံးရှိတာ
နှစ်လုံး-လုံး မကြည့်တော့နဲ့။
တစ်လုံးကို
မမြင်ချင်ယောင် ဆောင်ထား။
ကျန်တဲ့တစ်လုံးက ကိုယ့်ခန္ဓာကိုယ်ပဲ
ကြည့်နေတော့။
နားနှစ်ဖက်ရှိတာ
နှစ်ဖက်လုံး နားမထောင်တော့နဲ့။
တစ်ဖက်ကို
မကြားချင်ယောင် ဆောင်ထား။
ကျန်တဲ့တစ်ဖက်က
တရားသံပဲ နားထောင်တော့။
အချိန် သိပ်နည်းနေပြီ ဒကာကြီးရဲ့ "
"မှန်လှပါဘုရား။
တပည့်တော် နောက်ဆို ရှောင်ပါ့မယ်"
"သာဓု သာဓု သာဓု"

06/02/2024

🙏🙏🙏

31/12/2023

🙏🙏🙏ပါချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ ၏ တရားတော်များနာယူချင်းဖြင့် နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ🙏🙏🙏

18/11/2023

ဇနီး မယား ၇ မျိုး

13/11/2023

🛑 လူတိုင်းလိုက်နာကျင့်သုံးသင့်သော 🌼🌷🌿
_________________________________________

🕰️ 35 min : 14 sec 🌿

သစ္စာရွှေစည်ဆရာတော်

06/11/2023

လူ့ပြည်မှာနှစ်(၁၀၀) တာဝတိံသာနတ်ပြည်မှာ ၁ရက် ပဲရှိသေးတယ်။
ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

06/11/2023

ငါစွဲလျှော့ဖို့ဆိုတာ.....

06/11/2023

မဆုံနိုင်တဲ့ ဘဝခရီးကို ဘယ်သူကလျှောက်ခိုင်းနေတာလဲ
ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

ที่อยู่

ถ. เศรษฐกิจ
Bangkok

เบอร์โทรศัพท์

+66827073074

เว็บไซต์

https://youtube.com/@BuddhasadviceChannel

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Buddha's adviceผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์