
31/07/2025
👩⚕️"အသည်းခြောက်ခြင်းဆိုတာဘာပါလဲ?"
အသည်းခြောက်ရောဂါသည် နောက်ဆုံးအဆင့်အသည်းရောဂါဖြစ်ပြီး ကျန်းမာသောအသည်းတစ်ရှူးစများကို အနာရွတ်တစ်ရှူးများဖြင့် တဖြည်းဖြည်းအစားထိုးသွားသည့်ဖြစ်စဥ်ဖြစ်ပါသည်။ နာတာရှည် အသည်းရောင်ရောဂါရဲ့ ရလဒ်တစ်ခုဖြစ်လာပါသည်။ အသည်းရောင်ရောဂါသည် သင့်အသည်းတွင် ရောင်ရမ်းခြင်းဖြစ်ပြီး အကြောင်းရင်းများစွာရှိပါသည်။ ရောင်ရမ်းမှုဖြစ်ပွားနေချိန်တွင် သင့်အသည်းသည် အမာရွတ်များဖြင့် သူ့အလိုလို ပြန်လည်ပြုပြင်ရန်ကြိုးစားပါသည် သို့သော်အမာရွတ်တစ်ရှူးတွေ များပြားခြင်းက သင့်အသည်းကို ကောင်းမွန်စွာ အလုပ်မလုပ်အောင် တားဆီးလာပါသည်။ နောက်ဆုံးအဆင့်မှာ နာတာရှည် အသည်းပျက်စီးခြင်းဖြစ်ပါသည်။
"အသည်းခြောက်ရောဂါလက္ခဏာများနှင့် အကြောင်းရင်းများ"
- မောပန်းခြင်း သို့မဟုတ် အားနည်းခြင်း။
- အရေပြားယားယံခြင်း။
- အစာစားချင်စိတ်မရှိခြင်း။
- မကြိုးစားဘဲ ကိုယ်အလေးချိန်ကျခြင်း။
- ပျို့အန်ခြင်း။
- ဝမ်းဗိုက်အပေါ်ညာဘက်ပိုင်းရှိ အသည်းပေါ် သို့မဟုတ် ဝမ်းဗီုက်ကြွက်သားပေါ်တွင် အနည်းငယ်နာကျင်ခြင်း သို့မဟုတ် အနေခက်ခြင်း။
- ကြွက်သားများ လျော့ပါးခြင်း၊ အားနည်းခြင်း။
- ကြွက်သားများ ကြွက်တက်ခြင်း။
________________________________________________________
Ladprao General Hospital
Address: 2699 Lat Phrao Rd, Khlong Chaokhunsing, Wang Thonglang, Bangkok 10310