Global Health Care Services

Global Health Care Services ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Global Health Care Services, บริการทางการแพทย์, Bangkok.

📝အူမကြီးမှန်ပြောင်းကြည့်ခြင်း (Colonoscopy) ဆိုင်ရာ လူနာများအတွက် လမ်းညွှန်အူမကြီး (Colon) သည် ခန္ဓာကိုယ် အစာခြေစနစ်၏ ၅ ...
04/02/2026

📝အူမကြီးမှန်ပြောင်းကြည့်ခြင်း (Colonoscopy) ဆိုင်ရာ လူနာများအတွက် လမ်းညွှန်

အူမကြီး (Colon) သည် ခန္ဓာကိုယ် အစာခြေစနစ်၏ ၅ ပေခန့် ရှည်လျားသော နောက်ဆုံးအပိုင်းဖြစ်ပြီး ၎င်း၏ အဓိကတာဝန်မှာ မစွန့်ပစ်မီ အစာကြွင်းကျန်များကို သိုလှောင်ထားရန် ဖြစ်သည်။
အူမကြီးမှန်ပြောင်းကြည့်ခြင်းသည် အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ဗီဒီယိုကင်မရာပါရှိသော ပျော့ပျောင်းသည့် ပိုက်ချောင်း
ဖြင့်ထိရောက်စွာ စစ်ဆေးခြင်းဖြစ်သည်။

🚨ဝမ်းတွင် သွေးပါခြင်း၊ ဗိုက်အောင့်ခြင်းနှင့် နာတာရှည် ဝမ်းလျှောခြင်းကဲ့သို့သော ဝမ်းသွားသည့် အလေ့အထပြောင်းလဲမှုများ ၊ မိသားစုမျိုးရိုးတွင်း အူမကြီးကင်ဆာရှိသူများကို စစ်ဆေးပြီး
👩‍⚕️အူလမ်းကြောင်းအတွင်း သွေးထွက်နေမှုကို ရှာဖွေကုသရန် ၊
🌐အူမကြီးကင်ဆာ နှင့် အူလမ်းကြောင်းအတွင်း ပုံမှန်မဟုတ်သော အကျိတ်များ (Polyps) ကို စစ်ဆေးကုသ ပြီး လိုအပ်ပါက အသားစယူခြင်း (Biopsy) သို့မဟုတ် အကျိတ်များကို နာကျင်မှုမရှိဘဲ ဖယ်ရှားခြင်း တို့ကို အူမကြီးမှန်ပြောင်းဖြင့် ပြုလုပ်နိုင်ပါတယ် ။

✅အူမကြီးမှန် ပြောင်း မကြည့်မှီ ကြိုတင်ပြင်ဆင်မှု
• သောက်သုံးနေသော ဆေးဝါးများစာရင်းနှင့် ဓာတ်မတည့်မှုများရှိလျှင် ဆရာဝန်အား အသိပေးပါ။( သွေးကျဲဆေး သောက်နေလျှင် တစ်ပတ်ခန့် ကြိုတင် ရပ်ရပါမယ်) (Vitamin E ၊ ငါးကြီးဆီ တို့ကို မှန်ပြောင်းကြည့်မယ့်ရက်ပိုင်းအတွင်း ရှောင်စားပေးရပါမယ် )

✅ အူမကြီးကို သန့်စင်အောင် ပြုလုပ်ခြင်းသည်လည်း စစ်ဆေးမှု အောင်မြင်ရန်အတွက် အလွန်အရေးကြီးပါသည်။
• စစ်ဆေးမှုမပြုလုပ်မီ ၂ ရက်အလိုမှစ၍ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များနှင့် အမျှင်ဓာတ်များသော အစားအစာများ၊ အရောင်ပါသော ဖျော်ရည်များကို ရှောင်ကြဉ်ရမည်။ ဆန်ပြုတ်၊ ပေါင်မုန့်ဖြူ၊ ကြက်သားပြုတ်၊ ငါး၊ လက်ဖက်ရည်နှင့် ကော်ဖီတို့ကို စားသုံးနိုင်သည်။

• ဆရာဝန် ညွှန်ကြားထားသည့်အတိုင်း ဝမ်းနုတ်ဆေး သောက်ခြင်း သို့မဟုတ် ဝမ်းချူခြင်းတို့ကို ပြုလုပ်ရမည်။
• စစ်ဆေးမှုမတိုင်မီ ၈ နာရီမှ ၁၀ နာရီအတွင်း အစားအသောက် လုံးဝမစားရပါ။

👩‍⚕️အူမကြီးမှန်ပြောင်း ကြည့်နေစဥ် အခြေအနေ
•လူနာအား သက်တောင့်သက်သာဖြစ်စေရန်နှင့် အိပ်ငိုက်စေရန် အိပ်ဆေးထိုးပေးပါမည်။
• ဆရာဝန်သည် မှန်ပြောင်းနဲ့အတူ အတွင်းပိုင်းကို ပိုမိုမြင်သာစေရန်လေကို အူမကြီးအတွင်းသို့ ဖြည်းညှင်းစွာ ထည့်သွင်းမည်ဖြစ်၍ ဗိုက်ကယ်သလို ခံစားရနိုင်ပါသည်။
• စစ်ဆေးနေစဉ် ပုံမှန်မဟုတ်သည်များကို တွေ့ရှိပါက အသားစယူခြင်း သို့မဟုတ် ကုသမှုများကို ဆရာဝန်မှ လုပ်ဆောင်နိုင်သည်။

🚫အူမကြီးမှန်ပြောင်းကြည့်ပြီးနောက် လိုက်နာရန် အချက်များ
• ပုံမှန်အတိုင်း အစားအစာ စားနိုင်သော်လည်း ၂၄ နာရီအတွင်း အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ။
• ဗိုက်ကယ်ခြင်း၊ ဗိုက်ရစ်ခြင်း သို့မဟုတ် လေပွခြင်းတို့ ဖြစ်နိုင်သော်လည်း လေလည်လျှင် သက်သာသွားမည် ဖြစ်သည်။
• ပထမ ၁ ရက်မှ ၂ ရက်အတွင်း ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ (ဥပမာ- ပြေးခြင်း၊ ၅ ကီလိုဂရမ်ထက် လေးသောအရာများ မခြင်း၊ စက်ဘီးစီးခြင်း) ကို ရှောင်ကြဉ်ပါ။
• ဆေးရှိန်ကြောင့် ပထမ ၂၄ နာရီအတွင်း ကားမမောင်းရပါ သို့မဟုတ် စက်ကိရိယာများ မကိုင်တွယ်ရပါ။
• အိပ်ဆေးသွင်းထားသော အပ်စိုက်ထားသောနေရာတွင် နာကျင်ခြင်း၊ နီမြန်းခြင်း သို့မဟုတ် ရောင်ရမ်းခြင်း ရှိပါက ရေနွေးဝတ်ဖြင့် ကပ်ပေးနိုင်ပါသည်။

✈️ခရီးသွားလာမှု အကြံပြုချက်
• အူမကြီးမှန်ပြောင်းကြည့်ပြီးနောက် လေယာဉ်ဖြင့် ခရီးမသွားမီ အနည်းဆုံး ၂၄ နာရီ စောင့်ပါ။
• အကျိတ်ဖယ်ရှားထားခြင်းသို့မဟုတ် သွေးထွက်ခြင်းကို ကုသထားရပါက အနည်းဆုံး ၁ ပတ် စောင့်ရန် အကြံပြုပါသည်။

🇹🇭 ဘန်ကောက်ရှိ ပုဂ္ဂလိကဆေးရုံများတွင် နာကျင်မှုမရှိဘဲ သက်တောင့်သက်သာ ဖြင့် မှန်ပြောင်းကြည့်ရန် Appointment ရယူလိုပါက
Hotline ☎️ 09 267 700 720 သို့ အသေးစိတ် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင် ။

🍤အစာအိမ် မှန်ပြောင်းကြည့်ခြင်း (EGD/Gastroscopy) အတွက် လမ်းညွှန် 📝အစာအိမ် မှန်ပြောင်းကြည့်ခြင်းသည်အစာရေမျိုပြွန် ၊ အစာအိ...
31/01/2026

🍤အစာအိမ် မှန်ပြောင်းကြည့်ခြင်း (EGD/Gastroscopy) အတွက် လမ်းညွှန် 📝

အစာအိမ် မှန်ပြောင်းကြည့်ခြင်းသည်
အစာရေမျိုပြွန် ၊ အစာအိမ် နှင့် အူသိမ်ဦးပိုင်း အတွင်း တို့ကို ကင်မရာပါရှိသည့် မှန်ပြောင်းပိုက်ငယ်ဖြင့် အသေးစိတ် ကြည့်ရှု စစ်ဆေးမှု ဖြစ်သည်။

• အစာအိမ်အနာ (Ulcers) ၊အစာအိမ်ပိုးရှိမရှိ စစ်ဆေးခြင်း ၊ အကျိတ်များ (Tumors) ၊ဗိုက်​နာခြင်း နှင့် သွေးထွက်ခြင်းများကို ရှာဖွေဖော်ထုတ်နိုင်ပြီး လိုအပ်လျှင် အသားစ (Biopsy) ယူနိုင်ပါတယ် ။

📣အစာအိမ်မှန်ပြောင်း မပြုလုပ်မီ ပြင်ဆင်ရမည့် အချက်များမှာ
၁ ။ သင်သောက်နေသော ဆေးဝါးများနှင့် ဓာတ်မတည့်မှု ရှိပါက ဆရာဝန်အား ကြိုတင်အသိပေးပါ။ (သွေးကျဲဆေး သောက်နေလျှင် တစ်ပတ်ခန့် ကြိုတင် ဆေးရပ်ရပါမည်)
၂။ နှလုံး၊ အဆုတ် သို့မဟုတ် အခြားရောဂါအခံ များ ရှိလျှင်လည်း ကြိုတင်ပြောပြပါ။
၃ 🚨အရေးကြီးဆုံး အချက်မှာ စစ်ဆေးမှု မပြုလုပ်မီ ၈ နာရီမှ ၁၀ နာရီအတွင်း အစားအသောက်နှင့် ရေ လုံးဝမစားမသောက်ရပါ။ အစာအိမ်အတွင်း အစာရှိနေပါက မှန်ပြောင်း ကြည့်ရှုမှုကို အဟန့်အတား ဖြစ်စေနိုင်ပြီး အန်တတ်သောကြောင့် ဖြစ်ပါတယ် ။
၄။ စစ်ဆေးမှု မပြုလုပ်မီ သဘောတူညီချက် လက်မှတ်ရေးထိုးရန် လိုအပ်ပါတယ် ။

⏳အစာအိမ် မှန်ပြောင်း ကြည့်ခြင်းသည် ၁၅ မိနစ်မှ ၂၀ မိနစ်ခန့်သာ ကြာမြင့်ပါမည် ။

👩‍⚕️အစာအိမ် မှန်ပြောင်းကြည့်နေစဉ် အခြေအနေ

• သင့်ကို သက်တောင့်သက်သာ ဖြစ်စေရန် ဆောင်ရွက်ပေးမည်ဖြစ်ပြီး သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်းနှင့် သွေးတွင်း အောက်ဆီဂျင် ပမာဏတို့ကို ဂရုတစိုက် စောင့်ကြည့်နေပါမည် ။
❌လုံးဝ နာကျင်မှုမရှိစေရန် လည်ချောင်းအတွင်း မှန်ပြောင်းထည့်စဉ် ထုံဆေးဖြန်းခြင်း၊ အာလုပ်ကျင်းခြင်း ၊ အိပ်ဆေးပေးခြင်း တို့ကို အထူးကုဆရာဝန်မှ ပြုလုပ်ပေးပါမည် ။
• လိုအပ်ပါက အသားစ (Biopsy) ယူခြင်း သို့မဟုတ် သွေးထွက်နေသောအနာကို ကုသခြင်းများ တစ်ပါတည်း လုပ်ဆောင်နိုင်သည်။

✅အစာအိမ်မှန်ပြောင်း ကြည့်ပြီးနောက် လိုက်နာရန်

• ဆေးရှိန်ပြယ်သွားစေရန် ၁ နာရီမှ ၂ နာရီခန့် အနားယူရမည် ဖြစ်သည်။
❌ စစ်ဆေးပြီးသည့်နေ့တွင် ကားမမောင်းရပါ၊ မိသားစုဝင် သို့မဟုတ် အဖော် သူငယ်ချင်းတစ်ဦးဦးမှ အိမ်သို့ လိုက်ပို့ပေးရန် လိုအပ်ပါသည်။
🚫 ၂၄ နာရီအတွင်း အရက်သောက်ခြင်းကို ရှောင်ကြဉ်ရမည်။
• ပုံမှန်အတိုင်း အစားအစာ စားသုံးနိုင်သည်။
• ပထမ ၁ ရက်မှ ၂ ရက်အတွင်း ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ (ဥပမာ- ပြေးခြင်း၊ လေးလံသောအရာများ မခြင်း) ကို ရှောင်ကြဉ်ပါ။
➡️ စစ်ဆေးပြီးနောက် ၁ ရက်မှ ၂ ရက်အထိ လည်ချောင်းနာခြင်း ဖြစ်နိုင်ပြီး ဆားရည်နွေးနွေးဖြင့် အာလုပ်ကျင်းခြင်း ၊ ဆေးငုံခြင်းတို့ဖြင့် ၂၄ နာရီအတွင်း သက်သာစေနိုင်ပါသည် ။

အကယ်၍ မှန်ပြောင်းကြည့်ပြီးနောက်
• ရင်ဘတ် သို့မဟုတ် ဗိုက် အပြင်းအထန် နာကျင်ခြင်း။
• ဝမ်းမည်းမည်းသွားခြင်း သို့မဟုတ် သွေးအန်ခြင်း။
• ဖျားခြင်း တို့ ဖြစ်ပေါ်လျှင် ဆေးရုံ၏ အရေးပေါ်ဌာနသို့ ချက်ချင်း ဆက်သွယ်ပါ ။

🇹🇭 ဘန်ကောက်ပုဂ္ဂလိကဆေးရုံများတွင် AI နည်းပညာဖြင့် မှန်ပြောင်း ကြည့်ရန် Appointment ရယူရန်
🌐 Global Health Care Services ၏ Page Messenger နှင့်
Hotline ☎️ 09 267 700 720 ( Viber / Whatsapp) တို့ကို အသေးစိတ် ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါတယ် ရှင် 👩‍⚕️

#အစာအိမ်နဲ့အူလမ်းကြောင်း
#မှန်ပြောင်း
#ဘန်ကောက်

👩‍⚕️Medical Check Up စစ်ဆေးမှုများတွင် ပါဝင်လေ့ရှိသော သားအိမ်ခေါင်းကင်ဆာ ကနဦး စစ်ဆေးခြင်း✅ဘယ်သူတွေ စစ်ဆေးသင့်သလဲ?အသက် ၂...
15/01/2026

👩‍⚕️Medical Check Up စစ်ဆေးမှုများတွင် ပါဝင်လေ့ရှိသော သားအိမ်ခေါင်းကင်ဆာ ကနဦး စစ်ဆေးခြင်း

✅ဘယ်သူတွေ စစ်ဆေးသင့်သလဲ?
အသက် ၂၁ နှစ်မှ ၆၅ နှစ်အတွင်း အမျိုးသမီးများ
လက္ခဏာမရှိရင်တောင် စစ်ဆေးသင့်ပါတယ်
အိမ်ထောင်ရှိ/မရှိ ၊ HPV ကာကွယ်ဆေး ထိုးပြီးသူများလည်း စစ်ဆေးနိုင်ပါတယ် ။

🌐ဘာကြောင့် Pap Smear စစ်ဆေးသင့်သလဲ?

အမျိုးသမီးတို့၏ သားအိမ်ခေါင်း မှာ ဖြစ်နိုင်တဲ့
ပုံမှန်မဟုတ်သောဆဲလ်ပြောင်းလဲမှုများ ကို စောစီးစွာ ရှာဖွေ၍ အချိန်မီ တွေ့ရှိလျှင် သားအိမ်ခေါင်းကင်ဆာ ဖြစ်လာခြင်းကို ကြိုတင်ကာကွယ်ကုသနိုင်ပါတယ်

စစ်ဆေးမှု အမျိုးအစားများမှာ
Pap Smear Test
→ သားအိမ်ခေါင်းရှိ ဆဲလ်များ ပြောင်းလဲမှုကို စစ်ဆေးခြင်း
HPV Test
→ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်သော HPV ဗိုင်းရပ်စ် ပိုး ရှိ/မရှိ စစ်ဆေးခြင်း နှင့်
Co-testing
→ Pap Smear + HPV Test ကို တစ်ခါတည်း စစ်ဆေးနိုင်ပါတယ် ။

စစ်ဆေးပြီး တစ်ပတ်အကြာ Pap Smear Result ၏ အဓိပ္ပါယ်များမှာ
✅ ပုံမှန် (Normal)
ပုံမမှန်ဆဲလ် မတွေ့ပါ
ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပုံမှန်စစ်ဆေးမှု ဆက်လက်ပြုလုပ်ပါ
⚠️ ပုံမမှန် (Abnormal)
⚠️ ကင်ဆာ ဖြစ်ပြီ ဆိုလိုခြင်း မဟုတ်ပါ
ဆဲလ်အနည်းငယ် ပြောင်းလဲမှုတွေ့နိုင်ပါတယ်
မီးယပ်အထူးကု ဆရာဝန်မှ Colposcopy မှန်ပြောင်းအသေးစိတ်ကြည့်ရှုစစ်ဆေးခြင်း ကို ထပ်မံ စစ်ဆေးပြုလုပ်နိုင်ပါတယ် ။
❗ ကင်ဆာဆဲလ် တွေ့ရှိပါက ဆက်လက်စစ်ဆေးခြင်းနှင့် ချက်ချင်း ကုသမှု ခံယူရပါမယ် ။
စောစီးစွာ တွေ့ရှိပါက ကုသနိုင်ခြေ အလွန်ကောင်းပါတယ်

🌸 သားအိမ်ခေါင်းကင်ဆာကို အမျိုးသမီးထုများ ကာကွယ်ဆေး ကြိုတင်ထိုးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်နော်

🇹🇭 ဘန်ကောက်ရှိ ပုဂ္ဂလိကဆေးရုံများတွင်
ဆေးကုသရန် တိုင်ပင်ဆွေးနွေးလိုလျှင်
Hotline ☎️ 09 267 700 720 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ် ။

🍀 2026 နှစ်သစ် Check Up Package လေးတွေ ထွက်ပြီလားလို့ တမေးတည်း မေးနေကြတဲ့ 🌍 GHCS ချစ်သူများအတွက် 🩷✅အတန်ဆုံး Buy 1 Get 1 ...
08/01/2026

🍀 2026 နှစ်သစ် Check Up Package လေးတွေ ထွက်ပြီလားလို့ တမေးတည်း မေးနေကြတဲ့
🌍 GHCS ချစ်သူများအတွက် 🩷

✅အတန်ဆုံး Buy 1 Get 1 Promotions များ နှင့်
✅စုံလင်သော တစ်ဦးချင်း စစ်ဆေးခြင်း Package များကိို စုစည်းပေးထားပါတယ် နော် 📝

🏥Param 9 ဆေးရုံကြီး၏ BOGO package မှာ (Low Dose CT Lung အဆုတ်စစ်ဆေးခြင်း) ပါဝင်ပြီး Cruise Dinner လက်မှတ် နှစ်စောင်ပါ ရရှိဦးမှာနော် 😱

🏥Phyathai Phaholyothin ဆေးရုံ BOGO မှာ
အသည်းအတွက် Fibroscan နဲ့ နှလုံး အတွက် Echo လေးလည်းပါလို့

🏥 ​မြို့ထဲ လည်ရင်း Thonburi Bamrungmuang B1G1 လေး စစ်မလား

🏥 Ruamjairak Hospital@Sukhumvit62 မှာ
ဆေးရုံအသစ်ပေမယ့် နှစ်ဦးကို 28900 ဘတ်နဲ့ CT calcium score (နှလုံးသွေးကြောနံရံရှိ calcium တိုင်းခြင်း) ပါ ပါမယ်နော်

🏥 Pap smear မစစ်ချင်တဲ့ လေဒီ တို့ဆို BPK9 ရှိ
(ထပ်ဆောင်း စစ်ဆေးချင်လည်း ရပါတယ်နော်)

😱 တဦးချင်း 3300 ဘတ်မှ စ စစ်လို့ရတဲ့
🏥 Ladprao General Hospital

🌐 ဒူးဓာတ်မှန် ၊ ခါးဓာတ်မှန်များပါ စုံလင်တဲ့
Phyathai 1 Hospital ရဲ့ Longevity 70% off Package

📣 Cash Back Coupon ပြန်ရမယ့် Phyathai 2

🏥Chularat 3 Hospital ၏ ဘတ် 9000 တန် အထူး Gold Package များဖြင့် စုံစုံလင်လင် ရွေးချယ် ပြီး
📝Page Messenger နှင့်
☎️ 09 267 700 720 ( Hotline / viber / WhatsApp) သို့ အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင်





🌍 GHCS Team  ၏ ဘန်ကောက်တွင် ဆေးကုသမည့် လူနာများအတွက် ဟိုတယ် Booking ဝန်ဆောင်မှုကို အခမဲ့ ဝန်ဆောင်မှု ပေးလျက်ရှိပါတယ်။✅Ag...
07/01/2026

🌍 GHCS Team ၏ ဘန်ကောက်တွင် ဆေးကုသ
မည့် လူနာများအတွက် ဟိုတယ် Booking ဝန်ဆောင်မှုကို အခမဲ့ ဝန်ဆောင်မှု ပေးလျက်ရှိပါတယ်။

✅Agoda နှင့် Trip.com တို့၏ Diamond Member ဖြစ်သည့်အတွက် စျေးသက်သာပြီး Discount များကိုပါ ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်ရှင် ။ မိမိတို့ ကုသမည့် ဆေးရုံအနီး ဟိုတယ်တွေကို စျေးတန်တန်နဲ့ အခမဲ့ ရွေးချယ် Booking တင်နိုင်ပါပြီ ။

🌍 One Stop Service အခမဲ့ ဝန်ဆောင်မှုများဖြင့် စိုးရိမ် ပူပန်မှု ကင်းစွာဖြင့် ဘန်ကောက် ပုဂ္ဂလိကဆေးရုံများတွင် ဆေးကုသရန် စုံစမ်းလိုပါက
Hotline ☎️ 09 267 700 720 သို့ ဆေးမှတ်တမ်းများဖြင့် အသေးစိတ် တိုင်ပင်နိုင်ပါတယ် နော်

🎉Happy New Year 2026 🎉💖 May this year bring us good health , happiness , and many beautiful moments 🥰🥳
01/01/2026

🎉Happy New Year 2026 🎉
💖 May this year bring us good health , happiness , and many beautiful moments 🥰🥳

25/12/2025

🎅🧑‍🎄 Merry Christmas To You All ပါနော်🎄
🎊Santa နဲ့ အတူတူ ကျန်းမာခြင်း ဆုတောင်း လက်ဆောင် ပြည့်ဝကြပါစေရှင် 🎊

📝19 Dec တွင် ကျင်းပသော 🏥 Ladprao ဆေးရုံကြီး ၏ Agent Appreciation Dinner Party တွင် 2024 ခုနှစ်တွင် Xiaomi Air Purifier က...
22/12/2025

📝19 Dec တွင် ကျင်းပသော 🏥 Ladprao ဆေးရုံကြီး ၏ Agent Appreciation Dinner Party တွင် 2024 ခုနှစ်တွင် Xiaomi Air Purifier ကိုလည်းကောင်း ၊ 2025 ခုနှစ်တွင် TV ဆုကိုလည်းကောင်း ဘန်ကောက်၏ 🌍 Global Health Care Team Member မှ Lucky Draw နှစ်နှစ် ဆက်တိုက် မဲပေါက်ခြင်းအတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါတယ် 🎉


📣အစာအိမ် သို့မဟုတ် အူလမ်းကြောင်းတွင် သံသယဖြစ်ဖွယ်ဒဏ်ရာတစ်ခု တွေ့ရှိပါသလား❓ESD (Endoscopic Submucosal Dissection) ခေါ်အဆင...
10/12/2025

📣အစာအိမ် သို့မဟုတ် အူလမ်းကြောင်းတွင် သံသယဖြစ်ဖွယ်ဒဏ်ရာတစ်ခု တွေ့ရှိပါသလား❓
ESD (Endoscopic Submucosal Dissection) ခေါ်
အဆင့်မြင့် မှန်ပြောင်း နည်းပညာကို အသုံးပြု၍
ခွဲစိတ်မှုမရှိဘဲ ဖယ်ရှားနိုင်ပါပြီ 🎉

ESD နည်း ကို
အစာအိမ်နဲ့ အူ လမ်းကြောင်းတွင် အစောပိုင်းအဆင့် ကင်ဆာများ နှင့် အချို့သော ကင်ဆာ ဖြစ်နိုင်ချေမြင့်မားသော ဒဏ်ရာကြီး များကို ဘေးကင်းတိကျစွာ ဖယ်ရှားပစ်ရန် ပထမဦးစားပေး အဖြစ် အသုံးပြုပါတယ် ။
ဖယ်ရှားထားသော အနာကို အသားစ စစ်ဆေး ပေးပို့ ၍၂ပတ်ခန့် အဖြေရရန် ကြာမြင့်တတ်ပါတယ် ။

✅ ESD နည်းသည် သမရိုးကျ ခွဲစိတ်မှုထက် နာလန်ထရန် ပိုမြန် ပြီး ကြီးမားသော ခွဲစိတ်မှု ပြန်ဖြစ်နိုင်ခြေနည်းပါတယ်။

🇹🇭ဘန်ကောက် ပုဂ္ဂလိကဆေးရုံများတွင်
ဆေးကုသရန် မိသားစုသဖွယ် အသေးစိတ် တိုင်ပင်ဆွေးနွေးလိုလျှင်
Global Health Care Services ၏
Page Messenger နှင့်
☎️09 267 700 720 ( Hotline / viber / WhatsApp) သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်

❄️Sweet Moments ❄️🩵 Patients' Honest Reviews 🩵 များဖြင့် December မှာ အသည်းအေး 🌐အလည်သွားရင်း Check Up လည်း စစ်မယ် ။ မှန်...
02/12/2025

❄️Sweet Moments ❄️
🩵 Patients' Honest Reviews 🩵 များဖြင့် December မှာ အသည်းအေး 🌐

အလည်သွားရင်း Check Up လည်း စစ်မယ် ။ မှန်ပြောင်းလည်း ကြည့်မယ် ။ ဒီရောဂါ လေးလည်း ပြမယ် ။ မိသားစုဝင်လည်း များမှာမို့ ဘယ်လို စီစဥ်ရမလဲ ခေါင်းတွေရှုပ်နေမလား 💆‍♀️

🇹🇭ဘန်ကောက် ပုဂ္ဂလိကဆေးရုံများတွင်
ဆေးကုရန်
One Stop Service ဝန်ဆောင်မှုဖြင့်
🌍Global Health Care Services ၏
Page Messenger နှင့်
☎️09 267 700 720 ( Hotline / viber / WhatsApp) သို့ အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင်





#မှန်ပြောင်း

🫀90-95 % နှလုံးသွေးကြော နှစ်ချောင်း ပိတ်နေသော ပြင်းထန်သော နှလုံးသွေးကြောကျဉ်းရောဂါကို Coronary Artery Bypass Grafting (C...
18/11/2025

🫀90-95 % နှလုံးသွေးကြော နှစ်ချောင်း ပိတ်နေသော ပြင်းထန်သော နှလုံးသွေးကြောကျဉ်းရောဂါကို Coronary Artery Bypass Grafting (CABG) ခွဲစိတ်မှု ဖြင့် မနာမကျင် အောင်မြင်ခြင်း 🎉

အသက် 56 နှစ်အရွယ် ဦးလေးသည် လူကောင်းအတိုင်း သွားလာလှုပ်ရှား နေပြီး medical check up စစ်ဆေးရင်း ရလဒ်များအရ ပြင်းထန်သောနှလုံး သွေးကြောကျဉ်းရောဂါရှိကြောင်း တွေ့ရှိခဲ့ရသည်။ နှလုံး သွေးကြော ပင်မ နှစ်ချောင်းတွင် သိသိသာသာ ပိတ်ဆို့ခြင်းကြောင့် နှလုံး၏ သွေးစီးဆင်းမှုကို ထိခိုက်နေပါတယ် ။ သို့သော် သွေးကြော တချောင်းမှာ ကံကောင်းထောက်မစွာ ဘေးပတ်လည် သွေးကြောများ အကူအညီဖြင့် ပြန်လည် စီးဆင်းနေခဲ့ပါတယ် ။

ရံဖန်ရံခါ ပင်ပင်ပန်းပန်း လုပ်လျှင် မောခြင်းမှ လွှဲ၍ ရောဂါ လက္ခဏာ မပြခဲ့ပါ ။

🫀နှလုံးအထူးကုဆရာဝန်မှ CABG ခွဲစိတ်မှုကို
ဦးလေး၏နှလုံးသို့ သွေးစီးဆင်းမှု ပြန်လည်ကောင်းမွန်စေရန် အကောင်းဆုံးရွေးချယ်မှုအဖြစ် အကြံပြုခဲ့ပါတယ် ။ ခွဲစိတ်မှု၏ ကောင်းကျိုး ဆိုးကျိုးများကို ဆွေးနွေးပြီးနောက် ၆ညအိပ် ၇ရက် Major နှလုံးခွဲစိတ်မှုကို Chularat 3 ဆေးရုံတွင် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြပါတယ် ။

🫀CABG ခွဲစိတ်မှုမှာ ရင်ဘတ်အလယ်ဗဟိုရင်ညွန့် တွင် ခွဲကြောင်းရာပြုလုပ်ပြီး သွေးလည်ပတ်မှုကိုထိန်းထားရန် နှလုံးအဆုတ်စက်ကိုအသုံးပြုကာ ကျန်းမာသော လက်ဖျံရှိ သွေးကြောတစ်ခုကို ယူ၍ ပိတ်ဆို့နေသော သွေးကြောများကို ဖြတ်ကျော် ခွဲစိတ်ခဲ့ပါတယ် ။
နှလုံးအထူးကြတ်မတ် ကုသဆောင်တွင် ခွဲစိတ်သည့်ရက်တွင် နှလုံးဆေးများ နှင့် လိုအပ်သောဆေးသွင်းမှုများ ပြုလုပ်ပေးပြီး ခွဲစိတ်ပြီး နောက်ရက်တွင် ဦးလေးမှာ မနာမကျင် ထိုင်လို့ရနေပြီးဖြစ်ပါတယ် ။ အသက်ရှုလေ့ကျင့်ခန်း မှန်မှန် ပြုလုပ်၍ တတိယမြောက်နေ့တွင် အခန်းအနီး လမ်းလျှောက် သွားလာနေပြီဖြစ်ပါတယ် ။

အစားအသောက် အဆီအအိမ့် ဆင်ခြင်ရမည့်အချက်များကို နှလုံးဆရာဝန်မှ ဂရုတစိုက်ညွှန်ကြားခဲ့ပါတယ် ။ခွဲစိတ်ပြီး နှစ်လအကြာ ရက်ချိန်းပြန်ပြခဲ့ပြီး ဖြစ်ပါတယ် ။

🗒️မိမိ၏ ရောဂါ အတွက်
🏥ဘန်ကောက်ရှိ ပုဂ္ဂလိကဆေးရုံများတွင် ကုသရန် အသေးစိတ်ဆွေးနွေးတိုင်ပင်ရန်
☎️Hotline - 09 267 700 720 (Viber / WhatsApp/Page Messenger / Comment) သို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ် နော်

🌍 GHCS Team ဖြင့် ချိတ်ဆက်၍ အတွင်းတိမ် မျက်စိ ခွဲစိတ်မှု အတွက် Medical Claim Insuranceရရှိခဲ့၍ အာရီးနဲ့ ထပ်တူ ဝမ်းသာ ပီတ...
08/11/2025

🌍 GHCS Team ဖြင့် ချိတ်ဆက်၍ အတွင်းတိမ် မျက်စိ ခွဲစိတ်မှု အတွက် Medical Claim Insurance
ရရှိခဲ့၍ အာရီးနဲ့ ထပ်တူ ဝမ်းသာ ပီတိ
ဖြစ်ရပါတယ် 🎉

🇹🇭ဘန်ကောက်တွင် ဆေးသွားရောက်ကုသမည့် လူနာတွေအတွက် ➡️One Stop Service အဖြစ်
🌍 GHCS ၏ အခမဲ့ ဝန်ဆောင်မှုများမှာ

🗒️ရောဂါအလိုက် ကုသမှု ခန့်မှန်းကုန်ကျစရိတ်များ ရှင်းပြခြင်း

🏥သင့်တော်သော ဆေးရုံ နှင့် အထူးကုဆရာဝန်ရွေးချယ်ပေးခြင်း

🗓️Appointment ရက် ကြိုတင် ယူပေးခြင်း

✈️ လေယာဉ် လက်မှတ်စီစဥ် ပေးခြင်း

🏩Hotel Booking စီစဉ်ပေးခြင်း

🚘လေဆိပ်အကြို အပို့ စီစဉ်ပေးခြင်း

👩ဆေးရုံ တွင် မြန်မာစကားပြန် စီစဥ်ပေးခြင်း

📄 Follow Up ရက်ချိန်း စီစဥ်ပေးခြင်း
တို့ကို နွေးထွေးပျူငှာစွာ အကောင်းဆုံးဝန်ဆောင်မှု
ပေးလျှက်ရှိပါတယ်ရှင် 🩷

အသေးစိတ် သိရှိလိုပါက
☎️Hotline number - 09 267 700 720 (Viber / WhatsApp)
Page Messenger သို့မဟုတ် Comment တွင် စုံစမ်းနိုင်ပါတယ်ရှင်



#ဘန်ကောက်ကျန်းမာရေးဝန်ဆောင်မှု

ที่อยู่

Bangkok

เวลาทำการ

จันทร์ 09:00 - 05:00
อังคาร 09:00 - 05:00
พุธ 09:00 - 05:00
พฤหัสบดี 09:00 - 05:00
ศุกร์ 09:00 - 05:00
เสาร์ 09:00 - 05:00

เบอร์โทรศัพท์

+959267700620

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Global Health Care Servicesผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Global Health Care Services:

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram