Medicine &Health Sharing Carrying

နိုင်ငံရပ်ခြားမှာခုတလော တခါတခါ ကြားရမြင်ရတာ စိတ်မသက်သာဘူးးမိဘကိုလုပ်ကျွေးမယ်ဆိုပြီးနိုင်ငံခြားမှာအလုပ်လာလုပ်ရင်း ကိုယ်ဝန...
25/08/2025

နိုင်ငံရပ်ခြားမှာခုတလော တခါတခါ ကြားရမြင်ရတာ စိတ်မသက်သာဘူးး
မိဘကိုလုပ်ကျွေးမယ်ဆိုပြီးနိုင်ငံခြားမှာအလုပ်လာလုပ်ရင်း ကိုယ်ဝန်တွေရ ယောကျာ်းလေးကတာဝန်မယူလို့ဒုက္ခတွေရောက်တဲ့ မိန်းကလေးတွေအကြောင်းခပ်စိပ်စိပ်ကြားလာရတာ•••
မိန်းကလေးတွေကို အပေးလွယ်တယ် ပြောတာလည်းတွေ့ရတယ်••• အဲ့နေရာမှာတခုမေးကြည့်ချင်ပါတယ် ၉၅%သောမိန်းမတိုင်း ကိုယ့်အကြောင်းကိုယ်အသိဆုံးပါ •••
အပေးလွယ်တာလား ချစ်လို့ ပုံအပ်ခဲ့တာလားလို့•••
ယောကျာ်းလေးဖက်ကသာ မစရင်တက်ခွတာ ၁၀၀မှာ ၅%လောက်သာရှိပါလိမ့်မယ်•••၉၅%သောအပျိုစင်မိန်းကလေးတွေဟာ
S*xခံစားချက်ကို မသိခဲ့ကြပါဘူး ရှက်တတ်ကြကြောက်တတ်ကြပါတယ် လဥပါတိုင်းဆတ်စလူးထ စိတ်သွေးကြွနေကြတာမဟုတ်ပါဘူးး
သူတို့ရဲ့အပျိုစင်ဘဝကိုထိန်းသိမ်းချင်ကြပါတယ်••
ရည်းစားထားကြတယ်ဆိုတာစာလေးတွေအပြန်အလှန်ပို့ ခိုးချောင်ခိုးဝှက်ချိန်းတွေ့(s*xမပါ) လက်လေးကိုင် ပါးလေးနမ်းရုံ
သူ့ဆီက morning နဲ့ အိပ်မက်လှလှမက်ပါစေ ဘာလုပ်နေလည်း အအေးမိမယ် ဂရုစ်ုက်နော် ကို့ကိုချစ်လား အရမ်းချစ်တယ် သူ့ဆီက လက်ဆောင်လေးတွေ ဂရုစိုက်မှုလေးတွေကြင်နာယုယမှုလေးတွေ အစသဖြင့် ဂရုစိုက်မှုလေးတွေ နဲ့တင် ကြည်နူးသာယာနေပါပြီ
မိန်းမတိုင်းက အပျိုစစ်ဖူးပါတယ် ၉၅%အပျိုစင်မိန်းကလေးတိုင်း ဒီလိုဘဝလေးကိုကျေနပ်နေပါပြီ•••
ယောကျာ်းလေးဖက်ကမစပဲနေကြည့်ပါ၃..နှစ် ၃မိုး မက ၅နှစ်၅မိုးသူတို့နေနိုင်ပါတယ်•••
ချစ်ခဲ့ကြတဲ့အတောအတွင်း ၉၀%သော ယောကျာ်းလေးတွေ​က ချစ်ဖို့ထက် s*xချင်ကြတာလည်းအမှန်တရားပဲလေ ချစ်ပြဂရုစိုက်ပြ ရိုပြ ကြင်နာပြတဆင့်ပြီးတဆင့်အဆင့် တက်တာလည်း သူတို့ပဲလေ အချိန်ကြာလာတာနဲ့အမျှ အပျိုစင်မိန်းကလေးတွေက သူတို့ကို စိတ်ရောလူပါနှစ်ချစ်သွားကြပါလေရော•••
S*x လည်းပြီးရော သူ့ဘဝကိုပုံအပ်လိုက်တာနဲ့
အမျှ သူ့ထာဝရလင်သားအဖြစ်သတ်မှတ်လိုက်ကြတော့တာပဲ••••
သူတို့ပထမဆုံးs*xခဲ့တဲ့ယောကျာ်းကို ၉၅%သောမိနိးမတွေကလက်မထပ်တာ သစ္စာဖောက်တာ ထားခဲ့တာ မချစ်တော့တာ ဆိုတာတွေမရှိလှပါဘူး ကျန်၅%လောက်သာရှိကောင်းရှိမှာပါ
အဲ့ဒီမှာ ကိုယ်ကျင့်တရားကောင်းမွန်တဲ့ တာဝန်ယူတတ်တဲ့ စိတ်ထားကောင်းမွန်တဲ့ယောကျာ်းလေးကတော့ သစ်စိမ်းချိုးတာ ထွက်ပြေးတာမရှိပဲသားမှတ်မှတ်မယားမှတ်မှတ်
ပေါင်းဖို့ တရားဝင် လက်ထပ်လိုက်တော့တာပဲ••
အကျင့်မကောင်းတဲ့သူတွေကျ စားပြီးမလည် ကြံစုပ်သလို အချိုကုန်ရင်ထွေးထုတ် အမှိုက်လိုစွန့်ပြစ်ပြီး နောက်ထပ်ကြံသစ်တစ်ချောင်းပဲစုပ်ဖို့လုပ်ကြတော့တာပဲ
မိန်းကလေးဆိုတာလည်း အလှဆိုတာရေရှည်တည်မြဲနေမှာမှမဟုတ်တာ
နုပျိုတင်းရင်းမှု လှပတင့်တယ်မှုတွေကအချိန်ကြာလာတာနဲ့အမျှ ယုတ်လျော့ရတာပဲလေ
သရေကွင်းလိုပေါ့ တခါ၂ခါချည်ထားရင် အသစ်လိုတော့ဘယ်ကောင်းပါတော့မလည်း သူ့ဘဝကိုလည်း စာနာသင့်တယ်မဟုတ်ဘူးလား
အဲ့တော့ မိန်းကလေးတစ်ယောက်ကို ချစ်မချစ်မသေချာသေးရင် တွဲကြည့်ပါ
တနှစ်တန်သည်၂နှစ်တန်သည် လေ့လာပါဆက်ဆံကြည့်ပါ စရိုက်အကျင့်ထပ်တူကျတယ် စိတ်နေသဘောထားလည်းကျေနပ်တယ်
သူမရှိရင်ငါ့ဘဝကြီးအဓိပ္ပါယ်မရှိဘူးသေချာမှသာ
s*x ကိစ္စကိူတောင်းဆိုသင့်တယ်ထင်တာပဲ•••
မထိန်းနိုင်လို့s*xမိရင်လည်း ဒီလောက်ဝယ်ရလွယ်နေတဲ့ ကွန်ဒုံးသုံးလေ••• အလွှာပါးရင်တောင်ကမ္ဘာခြားတယ်ထင်နေတာဘယ်သူများဖြစ်ခဲ့ပါလိမ့် မိမိဆန္ဒ့ကိုပဲဦးစားပေးခဲ့တာမဟုတ်ဖူးလားးးးး
အဲ့လိုလူ့စည်းလူ့ဘောင်တွေ အစကတည်းကစည်းမကျော် ထိန်းသိမ်းခဲ့ရင် မလိုလားအပ်တဲ့ အဖေမပေါ်သောခလေး အဖမဲ့သားတွေ သူများတံတွေးခွက်မျောစရာကိစ္စတွေ အရှက်ရစရာ လျော့လာမယ်ထင်တာပဲ
အထူးသဖြင့်နိုင်ငံရပ်ခြားရောက် မြန်မာအမျိုးသားလေးတွေကို ပိုသတိထားစေချင်ပါတယ်
သူများနိုင်ငံမှာ ဆွေးမရှိမျိုးမရှိ မိန်းကလေးတစ်ယောက်ထဲ ကိုယ်ဝန်ကြီးရ တာဝန်မယူပြစ်ထားတာတွေးကြည့်ပြီး
သူ့နေရာမှာငါ့အမေသာဆိုရင် သူ့နေရာမှာငါ့ညီမလေးသာဆိုရင် ဘယ်လောက်လောကဓံကိုခံနေရရှာမလည်းဆိုပြီး မိမိပယောဂမကင်းတဲ့ကိစ္စတခုကို ကိုယ်ချင်းစာပြီး ဖြစ်လာရင်လည်းရှောင်မပြေးပါနဲ့ပြစ်မထားပါနဲ့လို့ တခုခုတော့တာဝန်ယူပေးလိုက်ကြပါလို့•••
အဓိကကတော့အပေါ်မှာပြောခဲ့သလို မာမားခေါက်ဆွဲပြုတ်၃မိနစ်စာလောက် ဆန္ဒ့ကို ကိုယ့်ဘဝတက်လမ်းတွေနဲ့မလဲကြပါနဲ့ •••
မိန်းကလေးတစ်ယောက်ကို တစ်ကယ်မချစ်ရင် ကိုယ်မယူနိုင်သေးရင် အခုဆို အမျိုးသမီးကစားစရာ အတုတွေလည်းပေါ်နေပြီပဲ အစားထိုးစိတ်ဖြေလိုက်ရတာပဲလေ•••
အသက်ကြီးလာလေ ဘဝဆိုတာ ၃မိနစ်စာစိတ်ခံစားချက်လေးထက် အရေးကြီးတာတွေ တာဝန်တွေ ဝတ္တရားတွေ လူ့သားဆန်ဆန်နေဖို့ စာနာနားလည်ဖို့ မိဘကိုအသက်ရှင်တုန်းတန်ဖိုးထားဖို့ မိသားစုဘဝဆိုတာ ဘယ်လောက်အဖိုးတန်သလည်း ကျန်းမာဖို့ရောဂါမထူပြောဖို့ ဘယ်လောက်အရေးကြီးလိုက်သလည်း သားသမီးတွေနဲ့ အချိန်ကုန်ရတာ ဘယ်လောက်ကြည်နူးရသလည်း အိမ်ဆိုတာဘယ်လောက်နွေးထွေးလိုက်သလည်း ငွေဆိုတာဘဝအတွက်ဘယ်လောက်အရေးကြီးလိုက်သလည်း
အစသဖြင့်ဘဝရဲ့အရေးကြီးတဲ့အရာတွေဟာs*x ထက်အရေးကြီးပါလား သိလာတော့မှာပါ••••
အားလုံး နိုင်ငံရပ်ခြားမှာ ငြိမ်းချမ်းတဲ့ဘဝလမ်းကိုလျှောက်လှမ်းနိုင်ကြပါစေ•••••
crd

*xhealth

ယနေ့ ကျွန်တော်တို့နိုင်ငံတွင် ကင်ဆာရောဂါဖြစ်ပွားသည့်နှုန်းမှာ တဖြည်းဖြည်း မြင့်တက်လာနေပါသည်။ ကင်ဆာဖြစ်ရသည့်အကြောင်းရင်းမ...
04/08/2025

ယနေ့ ကျွန်တော်တို့နိုင်ငံတွင် ကင်ဆာရောဂါဖြစ်ပွားသည့်နှုန်းမှာ တဖြည်းဖြည်း မြင့်တက်လာနေပါသည်။ ကင်ဆာဖြစ်ရသည့်အကြောင်းရင်းများတွင် အဓိကကျသည်မှာ အနေအထိုင်၊ အစားအသောက် မှားယွင်းခြင်းပင်ဖြစ်သည်။ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ အရက် အလွန်အကျွံသောက်ခြင်းစသည့် ကင်ဆာအားပေးအပြုအမူများကို ရှောင်ကြဉ်ကြရပါမည်။ အစားအစာနှင့်ပတ်သက်လျှင် ကင်ဆာအားပေးသောအစားအစာများကို ရှောင်ကြဉ်ပြီး ကင်ဆာကို ကာကွယ်တိုက်ဖျက်နိုင်သောအစားအစာများကို နေ့စဉ်စားပေးမည်ဆိုလျှင် ကင်ဆာဖြစ်ရန် အလားအလာလျော့နည်းမည်ဖြစ်ပါသည်။ ယင်းတို့အနက် မင်းကွတ်သီးဖျော်ရည်သည်လည်း ကင်ဆာမဖြစ်စေရန် ကာကွယ်နိုင်စွမ်းရှိသောကြောင့် မကြာခဏသောက်သုံးသင့်ပါကြောင်း အကြံပြုပြောကြားလိုပါသည်။

သာမန်အားဖြင့် မင်းကွတ်သီး၏အတွင်းသား (White flesh) ကိုသာ စားလေ့ရှိကြပြီး ဆေးဖက်ဝင်သည့်အပြင်အခွံကိုမူ စားလေ့မရှိကြပါ။ ထို့ကြောင့် ဖျော်ရည်လုပ်သောက်မှ အဆင်ပြေပါသည်။ အတွင်းသားကို ဇွန်းဖြင့်ဖယ်လိုက်လျှင် အပြင်အခွံများ ကျန်ရှိပါမည်။ ယင်းအခွံတွင် အပြင်ပိုင်းမာကျောသည့်အခွံနှင့် အတွင်းပိုင်းပျော့သည့်အခွံဟူ၍ (၂) ပိုင်းရှိသည်။ အပြင်ပိုင်းအခွံအမာသားသည် အလွန်ခါးသည့်အတွက် အတွင်းပိုင်း ပျော့သည့်အခွံကိုသာ ဇွန်းဖြင့်ခြစ်ယူပြီး အဖြူရောင်အတွင်းသား (White flesh) နှင့်ရောကာ ရေနွေးဖြင့်ဖျော်ပြီးနောက် သစ်သီးမွှေဖျော်စက်ထဲတွင်ထည့်မွှေ၍ သောက်သုံးရပါမည်။ အနံ့အရသာ ပိုကောင်းစေချင်လျှင် ပျားရည်၊ ထောပတ်သီးအနှစ် အနည်းငယ် ထည့်ပေးနိုင်ပါသည်။ သို့မဟုတ် နွားနို့နှင့်လည်း ဖျော်သောက်နိုင်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

 #ငှက်ပျောသီးဖီးကြမ်းနှင့်ကျန်းမာရေး ၁.ရိုးတွင်းချဉ်ဆီလျော့လာပြီး အရိုးအဆစ်နာကျင်သူများ ငှက်ပျောသီးနဲ့ မုန်ညှင်းဆီ ဇွန်း...
25/07/2025

#ငှက်ပျောသီးဖီးကြမ်းနှင့်ကျန်းမာရေး

၁.ရိုးတွင်းချဉ်ဆီလျော့လာပြီး
အရိုးအဆစ်နာကျင်သူများ
ငှက်ပျောသီးနဲ့ မုန်ညှင်းဆီ ဇွန်းသေးတဇွန်း
တို့၍နေ့စဉ်စားပါ။

၂.အစာအိမ်ကင်ဆာသမားများနှင့်
အရိုးကင်ဆာသမားများ
ငှက်ပျောသီးကို နနွင်းမှုန့်နဲနဲနဲ့ တို့စားပါ။

၃.စိတ်ဖိစီးပြီးစိတ်ညစ်မှု ဝေဒနာဖြစ်ရင်
ငှက်ပျောသီး၃-လုံးကို
ပျားရည်နဲ့ကြော်စားပါ။

၄.ကျောက်ကပ်အားနည်း
ကျောက်ကပ်နာကျင်မှုအတွက်
သဘာဝပိုတက်စီယံ ဖြည့်စွက်စာအဖြစ်
(ဖီးကြမ်း)ငှက်ပျောသီးကိုသာစားပါ။

၅.အူမကြီး
မြန်ဆန်စွာအလုပ်လုပ်နိုင်ရန် နှင့်
အူသန့်စင်စေရန်
ဖီးကြမ်းငှက်ပျောသီးမှည့်အိပျော်နေတာကို
ဆားမီးလှော် /ဆားမီးဖုတ်နဲ့တို့စားပါ။

၆.မျက်စိမှုန်ခြင်း
မျက်စိတိမ်ကပ်ခြင်းများအတွက်
ငှက်ပျောသီး အသား ကို ချေပီး
မျက်ကွင်းအောက်နားတဝိုက်ကို
၁၀မိနစ်ခန့်
သုတ်ထားပြီး ရေနွေးနွေးနဲ့ပြန်ဆေးချပါ။

၇။ဝမ်းချူပ်ပြီးအပူအပုပ် ထွက်စေရန်
ငှက်ပျောသီးကို ဒိန်ချဉ် ၃ဇွန်းနဲ့စားပါ။

၈.ပင်ပန်းနွမ်းနယ်ပြီး
အင်အားမရှိဖြစ်နေပါက ငှက်ပျောသီး ကို
အုန်းနို့နဲ့ပေါင်းစားပါ။

၉.လေးဘက်နာအဆစ်အမြစ်
ကိုက်ခဲနေသူများ ငှက်ပျောသီးကို
ထိပ်နဲ့ဖင် ဖြတ်
အခွံကျွမ်းအောင် မီးကင် ၍
အထဲမှအသားကိုစားပါ။

၁၀။တင်းတိပ်နဲ့အမည်းစက်များ
မီးလောင် ဒဏ်ရာများမှေးမှိန်ချင်ရင်
ငှက်ပျောသီးအသားနဲ့ ဒိန်ချဉ်ကိုရောမွှေ၍
ပါးပါးလူးပေးပြီး
ဆယ်မိနစ်မှာရေနွေးနွေးနဲ့ဆေးချပါ။

ရင်ကျပ်နေချိန် မစားရ။
နေပူပူထဲသွားလာရင်းမစားရ။
ငှက်ဖျားဖြစ်ဖူးသူများ
သီးမွှေး ငှက်ပျောသီးမတည့်ပါ။
ကိုယ်ပူနေချိန် ငှက်ပျောသီး ကို
အဖန်ရည်ထွက်အောင် ပြုတ်ပီးမှစားပါ။

ပုံမှန်ကျန်းမာနေသူများ
အာဟာရဖြည့်ရန်စားလိုပါက
သီးမွှေး၊ဖီးကြမ်း ၊
ဘယ်ငှက်ပျောသီးမဆို စားနိုင်ပါတယ် ။


#ကျန်းမာရေး

❝ထိုင်းရဲ့ ပထမဦးဆုံး ကင်ဆာကုသဆေးထွက်ရှိလာ❞ထိုင်းနိုင်ငံပြည်တွင်းမှာပဲ ဖြန့်ချိထုတ်လုပ်လိုက်တဲ့ ပထမဆုံး ကင်ဆာကုသဆေး Imcra...
13/07/2025

❝ထိုင်းရဲ့ ပထမဦးဆုံး ကင်ဆာကုသဆေးထွက်ရှိလာ❞

ထိုင်းနိုင်ငံပြည်တွင်းမှာပဲ ဖြန့်ချိထုတ်လုပ်လိုက်တဲ့ ပထမဆုံး ကင်ဆာကုသဆေး Imcranib 100 ထွက်ရှိလာပါပြီ။ ဒီဆေးကိုတော့ မင်းသမီးတော် Chulabhorn Krom Phra Srisavangavadhana ရဲ့ ဦးဆောင်မှုအောက်ကနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အခုဆေးက ကင်ဆာဆေးကို ခေတ်နဲ့ တပြေးညီ ဖြစ်အောင် နည်းပညာ၊ ပုံစံနဲ့ ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး ကင်ဆာဆဲလ်တွေကို အဓိက တိုက်ခိုက်၊ ကျန်းမာတဲ့ ဆဲလ်တွေကို ရှောင်ကွင်းစေပြီး ဘေးထွက်ဆိုးကျိုး လျော့နည်းအောင် လုပ်ထားတာဖြစ်ပါတယ်။ ကီမိုသွင်းတာတွေရဲ့ ဆိုးကျိုးတွေ လျော့နည်းအောင်မျိုးကို အဓိကရည်ရွယ်ပြီး ထုတ်လုပ်ထားတာဖြစ်တယ်လို့ Chulabhorn Royal Academy (CRA) က ထုတ်ပြန်ထားပါတယ်။
“ဒီဆေးနဲ့ဆို လူနာတစ်ယောက်ချင်းစီရဲ့ အခြေအနေပေါ်မူတည်ပြီး အကောင်းဆုံးကုသမှုပေးနိုင်မှာပါ”လို့ဆိုထားတဲ့အပြင် မင်းသမီး Chulabhorn က ကင်ဆာဝေဒနာသည်တွေ ဆေးရရှိမှု အားနည်းတာ ကုသမှုတွေ အားနည်းတာအတွက် အထူးရည်ရွယ်ပြီး ၂၀၂၀ ကတည်းက စတင်ခဲ့တဲ့ Sattahip ခရိုင်၊ ချွန်ပူရီက ဆေးဝါးထုတ်လုပ်ရေး ပရောဂျက်ရဲ့ တစိတ်တပိုင်းပါ။ ထိုင်းရဲ့ ကင်ဆာကုသဆေးဆို ကမ္ဘာလုံးဆိုင်ရာ စံချိန် စံညွှန်းတွေနဲ့ညီညွတ်အောင် အထူးကြိုးစားနေကြသလို မင်းသမီးတော်ကိုယ်တိုင်လည်း အသေးစိတ် ကြီးကြပ်ပြီး အောင်မြင်အောင်လုပ်နေကြတာပါ။
Imcranib 100 ကို FDA မှာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်ကပဲ စာရင်းသွင်းမှတ်ပုံတင်ခဲ့သလို ဒီကင်ဆာဆေးက ကင်ဆာဆဲလ်တွေကို တိုက်ရိုက်တိုက်ခိုက်ပြီး အထူးသဖြင့် သွေးကင်ဆာ၊ အစာအိမ်၊ အူလမ်းကြောင်း ကင်ဆာတွေနဲ့ အရေပြားကင်ဆာရောဂါတွေကို ကုသနိုင်မယ့်ဆေးဖြစ်ပါတယ်။ ကင်ဆာကုသမှုကိုတော့ Chulabhorn ဆေးရုံးမှာ ရယူနိုင်ပြီဖြစ်ပြီး ထိုင်း လူနာတွေကတော့ တော်တော်လေး ကုန်ကျစရိတ်သက်သာ၊ အဆင်ပြေနေကြပြီလို့ CRA က ထုတ်ပြန်ထားပါတယ်။ သိပ်မကြာခင်မှာတော့ ထိုင်းရဲ့ ဆေးပညာက ခေတ်ရှေ့ပြေးလာတော့မှာဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ ဆေးတွေ၊ နည်းပညာတွေကို ထုတ်လုပ်ဖို့ Imcranib 100 က တွန်းအားဖြစ်တယ်လို့ CRA က ထုတ်ပြန်ထားပါတယ်။ ဝမ်းသာစရာပါ။

Ref: Bangkok Post
burmatowns
#ကျန်းမာရေး
#ကင်ဆာ

သွေးကြောထဲဝင်ရောက်ပြီး ကင်ဆာဆဲလ်တွေ ဖယ်ရှားပေးနိုင်မယ့် nanobot ကို တောင်ကိုရီးယားသိပ္ပံပညာရှင်တွေ တီထွင်သွေးကြောထဲ ဝင်ရ...
05/07/2025

သွေးကြောထဲဝင်ရောက်ပြီး ကင်ဆာဆဲလ်တွေ ဖယ်ရှားပေးနိုင်မယ့် nanobot ကို တောင်ကိုရီးယားသိပ္ပံပညာရှင်တွေ တီထွင်

သွေးကြောထဲ ဝင်ရောက်ပြီး အကြိတ်တွေကို ဖယ်ရှားပေးနိုင်မယ့် အလွန်သေးငယ်တဲ့ စက်ရုပ်ငယ်တွေကို တောင်ကိုရီးယားသိပ္ပံပညာရှင်တွေက တီထွင်ဖန်တီးခဲ့ကြပါတယ်။

ဘူဆန်မြို့ ဆေးဝါးဓာတ်ခွဲခန်းမှ သိပ္ပံပညာရှင်တွေ ဖန်တီးလိုက်တဲ့ nanobot တွေက သွေးကြောထဲ ဝင်ရောက်ပြီး ဆေးဝါး ပို့ဆောင်တာ မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်က ကုသနည်း ဖြစ်ပါတယ်။

nanobot တွေကို အိုင်းယွန်းအောက်ဆိုက်နဲ့ တည်ဆောက်ထားပြီး ပိုလီမာအခွံအုပ်ထားတာပါ။ သွေးကြောထဲ ရောက်သွားပြီဆိုတာနဲ့ သံလိုက်စက်ကွင်းအသုံးပြုကာ nanobot တွေကို အကြိတ်တွေရှိရာ ဦးတည်စေပါတယ်။ nanobot တွေဟာ ကင်ဆာတစ်သျှူးတွေ ပတ်ဝန်းကျင်မှာရှိတဲ့ အက်ဆစ်အစုအဝေးကို ရှာဖွေဆန်းစစ် အတည်ပြုပြီး အကြိတ်အမှေးကို ထိုးဖောက်ကာ အပူလှိုင်း ထုတ်လွှတ်ပါတယ်။

အဲဒီအပူလှိုင်းက တစ်သျှူးတွေကို ထိခိုက်လောင်ကျွမ်းစေမှာ မဟုတ်ဘဲ ကင်ဆာဆဲလ်ရဲ့ ပရိုတိန်းတွေကိုသာ ဖျက်စီးလိုက်မှာ ဖြစ်ပါတယ်။ ကုသမှု ပြီးဆုံးသွားရင်တော့ nanobot ပြိုကွဲသွားမှာဖြစ်ပြီး လူ့ခန္ဓာကိုယ်က စုပ်ယူနိုင်တဲ့ အန္တရာယ်မဖြစ်စေနိုင်သော သံအိုင်းယွန်းတွေအဖြစ် ပြောင်းလဲသွားမှာပါ။

ကြွက်တွေမှာ ကနဦး စမ်းသပ်စစ်ဆေးမှုအရ ဒီကုသနည်းဟာ ၅ ရက်အတွင်း အကြိတ်တွေကို ၉၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားစေတာ တွေ့ရပါတယ်။

Ref: South Korean Scientists Develop Cancer-Treating Nanorobots

Team ( ရိုးရာလေး)
#ကျန်းမာရေး

ကမ္ဘာပေါ်မှာ ဘယ်သူနဲ့မှမတူတဲ့ သွေးအမျိုးအစားပိုင်ရှင်   ကမ္ဘာ့အရှားပါးဆုံး သွေးအမျိုးအစားပိုင်ရှင်ကို သိပ္ပံပညာရှင်တွေက ...
05/07/2025

ကမ္ဘာပေါ်မှာ ဘယ်သူနဲ့မှမတူတဲ့ သွေးအမျိုးအစားပိုင်ရှင်

ကမ္ဘာ့အရှားပါးဆုံး သွေးအမျိုးအစားပိုင်ရှင်ကို သိပ္ပံပညာရှင်တွေက ခွဲခြားဖော်ထုတ်နိုင်ခဲ့ပါတယ်။ သူကတော့ ကာရေဘီယံပင်လယ်ထဲမှ ပြင်သစ်နိုင်ငံပိုင် ဂွာဒီလု(ပ်)ကျွန်းမှာ နေထိုင်တဲ့ အသက် ၆၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်က အဲဒီအမျိုးသမီးကို ခွဲစိတ်မှုမလုပ်ခင် သွေးစစ်ဆေးမှုလုပ်ခဲ့ရာမှာ ဆရာဝန်တွေ အံ့အားသင့်ခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့သွေးအမျိုးအစားက ဘယ်သွေးအုပ်စုထဲမှာမှ မပါဝင်တဲ့ သွေးအမျိုးအစားသစ်တစ်ခု ဖြစ်နေတာကြောင့်ပါပဲ။

၂၀၂၅ ခုနှစ် ဇွန်လမှာတော့ နိုင်ငံတကာသွေးအဖွဲ့အစည်းက ဒီအမျိုးသမီးရဲ့ သွေးအမျိုးအစားဟာ ကမ္ဘာပေါ်မှာ ၄၈ ခုမြောက် သွေးအုပ်စုသစ် ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒီအမျိုးသမီး နေထိုင်တဲ့ ကျွန်းကို အစွဲပြုပြီး ဒီသွေးအုပ်စုကို ဂွါဒါနက်ဂတစ် (Gwada negative)လို့ အမည်ပေးခဲ့ပါတယ်။

သွေးနီဥမျက်နှာပြင်ပေါ်မှ မိုလီကျူးတွေကို အခြေခံပြီး သွေးအုပ်စု ခွဲခြားတာဖြစ်ပါတယ်။ ပြင်သစ်သိပ္ပံပညာရှင်တွေက နည်းပညာမြင့် ဒီအန်အေဆင့်ကဲ ဖြစ်ပေါ်မှုတွေနဲ့ တိုက်ဆိုင်စစ်ဆေးမှုအရ PIGZ လို့ အမည်ရတဲ့ မျိုးဗီဇမှာ ထူးခြားတဲ့ ပြောင်းလဲမှုကြောင့် သွေးနီဥဆဲလ်တွေမှာ တွေ့ရတဲ့ ပရိုတိန်းဓာတ် အပြောင်းအလဲဖြစ်ပြီး ဒီအမျိုးသမီးရဲ့ သွေးအုပ်စုက အသစ်ဖြစ်နေတာလို့ တွေ့ရှိခဲ့ပါတယ်။

Ref: Scientists have discovered a new blood group that has so far only been identified in one woman

Team ( ရိုးရာလေး)

#ကျန်းမာရေး

"When Love Blinds"တနေ့က လူငယ်လေးတွေ ပျက်စီးနေကြောင်း club တွေ bar တွေမှာ ဖြစ်ချင်တိုင်းဖြစ်နေကြတဲ့အထဲမှာ မိန်းကလေး ယောက်...
04/07/2025

"When Love Blinds"

တနေ့က လူငယ်လေးတွေ ပျက်စီးနေကြောင်း club တွေ bar တွေမှာ ဖြစ်ချင်တိုင်းဖြစ်နေကြတဲ့အထဲမှာ မိန်းကလေး ယောက်ျားလေးမရွေးပါနေကြောင်း ဖတ်လိုက်ရတယ်။ အဲ့ထဲမှာ chem s*x အကြောင်း ဖတ်လိုက်ရလို့ မိမိ လက်ထောက်ဆရာဝန်ဘဝက တွေ့ခဲ့ရတဲ့ အရမ်းချစ်တဲ့ စုံတွဲလေးအကြောင်း သတိရသွားတယ်။

တနေ့ ချစ်သူကောင်မလေးက ဆေးရုံ OPD ကို လာပြတယ်၊ ကိုယ်အလေးချိန်က အရမ်းကျလာတယ်ယားနာလိုမျိုးလည်းပေါ်တယ်၊ တခါတလေလည်းဖျားတယ်၊ အရှင်းမပျောက်ဘူး၊ ချောင်းဆိုးတာတော့မရှိပါဘူး၊ အစားအသောက်ပျက်နေတာကြာပြီတဲ့။ မျက်လုံးလည်းမှုန်လာတယ်၊ ခုဆို သိပ်တောင်မမြင်ချင်တော့ဘူး၊ ရေးရေးလေးပဲတွေ့တော့တယ်။ဒါနဲ့ ဘာဖြစ်တာလဲသိချင်လို့ လာပြတာတဲ့။ ဆေးခန်းဆေးရုံသွားပြရမှာကြောက်လို့မပြဖြစ်တာ၊ ခုက အမြင်အာရုံတော်တော်ဆိုးလာလို့ လာပြဖြစ်တာတဲ့။ ဖြစ်နေတာ သုံးလလောက်ရှိပြီတဲ့။

လူနာရဲ့ အနေအထားကြည့်လိုက်တော့ လူကပိန်ချုံးပြီး ယားနာတွေကလည်း PPE လို့ခေါ်တဲ့ pruitis purpura eruption တွေနဲ့တူတယ်။ အဖျားငွေ့ငွေ့ဖျားတယ်၊၊ ဒါနဲ့ စိတ်ထင်မှာ ထင်နေတဲ့ ပိုးမွှားတစ်ခုတော့ရှိတယ်။ ဒါနဲ့ သေချာအောင်တော့ စစ်ရမယ်လို့ရှင်းပြပါတယ်။ မျက်လုံးအမြင်အာရုံစမ်းတော့ hand shaking လက်လှုပ်တာတောင် မမြင်ရရှာတော့ဘူး။ light perception အလင်းတချက်တချက်မြင်သလိုမမြင်သလိုတော့ရှိသေးတယ်တဲ့။ဒါနဲ့ အမြင်အာရုံထိခိုက်စေတဲ့ အကြောင်းအရင်းရှိလောက်မလားဆိုပြီး မျက်လုံးအနောက်ဘက် ကိုလှမ်းကြည့်လို့ရတဲ့ fundoscope နဲ့ ကြည့်လိုက်မှ CMV Retinitis နဲ့ တူ‌နေတယ် မျက်ကြည်လွှာ တချို့နေရာက အနာရွတ် scar တောင်ဖြစ်နေရှာပြီ။

ဒါနဲ့ ကောင်မလေးကို ဖြစ်စေနိုင်တဲ့ risk factors တွေမေးတဲ့အခါ အလုပ်အကိုင်က ဈေးရောင်းတာ၊ သူ့မှာချစ်သူကောင်လေးရှိတယ်၊ကောင်မလေးက ရိုးရိုးအေးအေးပဲ။ living together နေနေတာပါတဲ့။သူ့မှာမိဘတွလည်းမရှိတော့ဘူး။ တစ်ခုက ချစ်သူကောင်လေးက သူငယ်ချင်း အပေါင်းအသင်းပေါတယ်။ သူလည်း ဟော့ဟော့ရမ်းရမ်းတော့ မဟုတ်ဘူးတဲ့။ club တော့ တက်တတ်တယ်တဲ့။ ဒါနဲ့ ကောင်မလေးကို ခုလက်ရှိစမ်းသပ်တွေ့ရှိရသလောက်က တော့ ရောဂါပိုးတစ်ခု အထူးသဖြင့် ကူးစက်ရောဂါ တစ်ခုဖြစ်မယ်လို့ထင်တယ်လို့ကြိုပြောပြထားတယ်။ ဒါကြောင့်မို့စစ်ဆေးဖို့ လိုတယ်။ ဒါမှ အချိန်မနှောင်းခင် ဆေးကုသမှုမြန်မြန်ယူနိုင်မယ်လို့‌ရှင်းပြတော့ သူကသဘောတူပါတယ်။ ဒါနဲ့ စစ်တယ်ပေါ့နော်။

ဒါနဲ့ချက်ချင်းစစ်ဆေးပေးလိုက်ပြီး အဖြေထွက်လာပါပြီ။ 💔 Breaking the bad news အနေနဲ့ စိတ်အေးအေးထားဖို့ ရောဂါဆိုတာသိရင်ကုသနိုင်ကြောင်း ကြောက်ဖို့မလိုကြောင်း ခုက မျက်လုံးအမြင်ကို ကာကွယ်လို့များရနိုင်အုန်းမလား၊ ကုသနိုင်လောက်လား ဆိုတာဆက်လုပ်နိုင်ဖို့ အမြန်စစ်ဆေးပေးချင်းဖြစ်ကြောင်း၊ အဖြေသိပြီးလျှင် မျက်စိဆေးရုံ အမြန်သွားပြဖို့လိုကြောင်း ပြောပြရပါတယ်။

တွေ့ရှိတဲ့ ရောဂါပိုးကတော့ HIV ပိုး positive ပါလို့ ရှင်းပြပါတယ်။ ကိုယ်ကိုတိုင်လည်း စိတ်မကောင်းစွာနဲ့ ရှင်းပြပြီး ငိုနေတဲ့ ကောင်မလေးကိုလည်း ရောဂါကကုသလျှင် သက်တမ်းစေ့
ကျန်းမာစွာနေနိုင်တယ်၊ ခုခံစားနေရတဲ့ တချို့အခြေအနေတွေပြန်ကောင်းသွားနိုင်တယ်လို့ ရှင်းပြနှစ်သိမ့်ပေးပါတယ်။ မျက်စိဆရာဝန်နှင့်ပြဖို့ မျက်စိဆေးရုံကို လွှဲစာရေးပေးပြီး အမြန်သွားခိုင်းပါတယ်။ ဆေးကုသမှုမှာပါ လိုအပ်တဲ့ CD4count နဲ့ တခြားလိုအပ်တဲ့ သွေးတွေ ၊ ဓာတ်မှန်တွေထပ်စစ်ဖို့လိုကြောင်းရှင်းပြပြီး စစ်ယူထားလိုက်ပါတယ်။ မျက်စိဆေးရုံပြပြီးရင် မနက်ဖြန် ပြန်လာပြဖို့နဲ့ လိုအပ်ပါက ဆေးသောက်ဖို့ အတွက်ရှင်းပြရပါတယ်။

နောက်တနေ့ပြန်လာခဲ့ပါပြီ၊ င်ိုထားတဲ့ ကောင်မလေးမျက်နှာကို မြင်ရတာစိတ်မကောင်းစရာပါ။ မျက်စိဆေးရုံက ပြောလိုက်တာက မျက်စိက မျက်ကြည်လွှာမှာ အမာရွတ်ဖြစ်နေပြီမို့ အမြင်အာရုံ ပြန်မရနိုင်တော့ပါဘူးတဲ့။

ရောဂါအတွက် တခြားပိုးတွေမဝင်အောင်နဲ့ ပိုမဆိုးအောင်ဘဲ သက်ဆိုင်တဲ့ ဆေးသောက်ရပါမယ်လို့ ရှင်းပြပါတယ်တဲ့။

မိမိလည်းစိတ်မညစ်ဖို့ အားမငယ်ဖို့ ရှင်းပြပြီး ထွက်လာတဲ့အဖြေများမှာလည်း ခုချက်ချင်း ART လို့ခေါ်တဲ့ရောဂါပိုးဆေး သောက်ဖို့လိုနေကြောင်းပြနေပါတယ်ဆိုတဲ့အကြောင်း၊ CD4count

 #ဆေးလိပ်အရက်က_ပြတ်သွားပါပီ #ဂိမ်းပဲ_စွဲနေတာ 😣           (Mobile Game Addiction)Games ဆိုတဲ့အထဲ ( Video game, Mobile gam...
21/12/2024

#ဆေးလိပ်အရက်က_ပြတ်သွားပါပီ
#ဂိမ်းပဲ_စွဲနေတာ 😣

(Mobile Game Addiction)

Games ဆိုတဲ့အထဲ ( Video game, Mobile game) အစုံပါတာပေါ့
ဒီဆောင်းပါးထဲမှာ
1. ဂိမ်းစွဲတာ နဲ့ ဂိမ်းဆော့တာ ဘာကွာတာလဲ ❓
2. ဂိမ်းစွဲရင် ဘာဆိုးကျိုးတွေရတတ်လဲ ❓
3. ဂိမ်းဖြတ်ဖို့ ပထမဆုံး ဘယ်လိုလုပ်ကြမလဲ ❓ဆိုပြီး ကျွန်တော်ပြောသွားပါမယ်။

ဂိမ်းလေးတွေက
- ဆော့ရတာကောင်းတယ် ချစ်စရာလေးတွေ အပန်းပြေတာလေးတွေရှိသလို
- အပြိုင်အဆိုင်ဆော့ရတာတွေ
- ကျေးရွာကြီးတွေ မြို့ပြကြီးတွေတည်ဆောက်ပြီး Management လုပ်နေရတာတွေလည်းရှိတော့

***Virtual world (ကိုယ့်အတွက် ကိုယ်ကြိုက်သလိုခြယ်လှယ် ထိန်းချုပ်နိုင်တဲ့ သီးခြား ကမ္ဘာလေးတစ်ခု ဖြစ်လို့နေတာပေါ့ဗျာ)

ကမ္ဘာ့လူဦးရေ သန်းပေါင်းရာဂဏန်းနဲ့ ချီပြီး Game ဆော့ကြပါတယ်၊ ဒါပေမယ့် စွဲတယ်ဆိုတဲ့အခြေအနေကတော့ ဆိုးတဲ့အခြေအနေပေါ့

1. အားလပ်ချိိန် တခုခုစောင့်နေရတဲ့အချိန် ဖုန်းထဲပါတဲ့ Game လေး ဖွင့်ဆော့တယ် - အပျော်ဆော့တာပေါ့
2. ဂိမ်းတစ်ခုခုကို စွဲစွဲမြဲမြဲ အချိန်တစ်ခုပေးပြီးဆော့ဖြစ်တယ် - ဒါဆို Gamer ဂိမ်းသမားဖြစ်လာပါပြီ
3. အဲ့ကနေမှ နေ့တိုင်းမဆော့ရရင် မနေနိုင်လောက်အောင်ဖြစ်လို့ တစ်နေ့တစ်နေ့ နာရီနဲ့အချိန်ပေးတယ် ၊ အားတာနဲ့ ဖုန်းကောက်ကိုင်တယ် ဆိုရင် - intense Gamer အသည်းအသန် ဂိမ်းသမားဖြစ်လာပြီပေါ့
4. နောက်ဆုံး
- ဂိမ်းမဆော့ရရင် လုံးဝကိုမနေ နိုင်ဘူး ၊ တစ်နေ့တစ်နေ့ ဘယ်နာရီ တောင် ဆော့မိမှန်းမသိတော့ဘူး
- တခြားစိတ်ဝင်စားတာ(ဝါသနာတွေ) ၊ အလုပ်ချိန်တွေပါ လစ်ဟင်းလာတယ်
- အဲ့ကနေမှ ချစ်သူရည်းစား နဲ့ မိသားစု ကိုအချိန်မပေးတော့ဘူး ၊ မိသားစုရေးရာတွေ ယိုယွင်းလာတယ်၊ လူမှုရေးကိစ္စတွေပျက်လာတယ် ၊ အလုပ်တာဝန်တွေ ပါ မလုပ်တော့လို့ အလုပ်ဆုံးရှုံးရတာတွေရှိလာရင်တော့
ရောဂါတစ်ခုလို သတ်မှတ်လို့ရတဲ့ Gaming Disorder ဖြစ်ပါပြီ။

ကျန်းမာရေးအတွက်ကတော့
👉 မျက်လုံးကျန်းမာရေး
👉 ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့ အပြင် အတက်ရောဂါ (ဝက်ရူးပြန်ရောဂါ) တွေပါ ဖြစ်လာနိုင်ပါတယ်
အိပ်ချိိန် စားချိန် မမှန်ပဲ ကိုယ်လက်လှုပ်ရှားမှုတွေမရှိတဲ့အခါ
👉 ဇတ်ကြောတက်တာ ၊ ခေါင်းကိုက်တာ ကိုယ်လက်ကိုက်ခဲတာတွေ
👉 အစာအိမ်ရောင် အစာအိမ်အနာဖြစ်တာတွေ
👉(ကြုံရာစား ၊ အလွယ်ရတာစား ၊ fast foods တွေစား အချိုရည်တွေသောက်လို့) သွေးတိုးရောဂါ ၊ နှလုံးရောဂါ ၊ အဝလွန်ရောဂါ တွေ ဖြစ်လာနိုင်ပါတယ်

#ဘယ်လိုလုပ်ကြမလဲ ❓
ရောဂါဆိုတဲ့ အတိုင်း ဖြစ်မှ ကုသတာထက် မဖြစ်ခင်ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါ

Gaming Disorder အဆင့်ကတော့ နည်းနေနိုင်သေးပေမယ့်
ဂိမ်းသမား အဆင့်နဲ့
intense Gamer အသည်းအသန် ဂိမ်းသမား အဆင့်ကတော့ တော်တော်များနေလောက်ပါပြီ

နောက်တစ်ဆင့် ရောဂါအခြေအနေ ထပ်မတက်ရအောင် ကိုယ်တိုင်ကြိုးစားရမှာပါ။

အရက်လိုပေါ့ဗျာ Social drink- Social drink ကနေ ကိုယ်မသိလိုက်ခင် အရက်သမားဖြစ်သွားသလိုပေါ့ (တစ်နေ့ကို Beer (2) ခွက်ထက် ပိုသောက်ရင် အရက်သမားဖြစ်ပါပြီ)
အဲ့ထက်ဆိုးရင် အရက်စွဲပြီပေါ့ - Alcohol Addiction

#ဘယ်လိုဖြတ်ကြမလဲ ❓

အားလို့ ဆော့တယ် ၊ အားလပ်ချိိန်ဆော့တယ်ကနေ စွဲတယ် ဖြစ်သွားကြရတာပါ

လူတိုင်းမှာ အချိိန်က ၂၄ နာရီထက်ပိုမရပါဘူး
- အလုပ်ချိိန် + ရေချိုးပြင်ဆင်ချိိန် + အသွားအပြန်က ၁၂ နာရီလောက် သုံးကြပါတယ်
- အိပ်ချိန်က ၈ နာရီဆိုရင် နာရီ (၂၀) က သူလိုငါလိုပဲ ကုန်သွားကြတာပါ။
- ကျန်တဲ့ (၄) နာရီကို ဘယ်လို သုံးကြမလဲ ဆိုတာပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် အဆင့်ကွာသွားရခြင်းဖြစ်ပါတယ်

ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ပါ ငါ့ရဲ့တစ်နေ့တာကို ဘာတွေ သုံးလိုက်လဲလို့
အလုပ်လုပ်လို့ ဝင်ငွေရတယ် ထား
ဒီနေ့
- ဘာပညာတွေ အသစ်ရလိုက်လဲ
- ကုသိုလ်ရေးရာ ဘာတွေ လုပ်လိုက်လဲ
- ငါ့ ခန္ဓာကိုယ်ကျန်းမာရေး အတွက်ဘာလုပ်လိုက်လဲ
- ငါ့ မိသားစု အတွက် ဘာတွေ လုပ်ပေးလိုက်လဲ
- ငါ့ ပတ်ဝန်းကျင်အတွက် ဘာတွေ လုပ်ပေးလိုက်လဲ
ဘာမှ မလုပ်ဘူး Social Media သုံးတယ် Game ဆော့တယ် ဆိုရင် အပေါ်ကပြောထားတဲ့ Gaming Disorder ဖြစ်လာပါလိမ့်မယ်။
အဲ့ဒါကြောင့် Game စွဲနေတာ ဖြတ်ဖို့ပထမဆုံး အဆင့်က ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်တာပါ။
ကိုယ့်အခြေအနေ ကိုယ် တကယ်သိသွားရင် ဖြတ်နိုင်သွားပါလိမ့်မယ်။

***ဆင်ခြေပေးစရာက ဆရာဝန်တွေလည်း Game ဆော့တယ် ၊ Engineers တွေ Company အရာရှိကြီးတွေလည်း Game ဆော့တယ် သူတို့ဘာဖြစ်သွားလို့လဲ 🤷‍♂️
ဟုတ်တယ် ဆော့ကြပါတယ် ဒါပေမယ့် သူတို့က ဆော့ပဲဆော့လို့ပါ စွဲမှ မသွားတာ

Credit to owner

ဘန် ကောက်မှာလဲ တွေ့ရှိနေသော ကပ်‌ပါးကောင်‌အစားအစာတွေကလည်း တဖြည်းဖြည်း ကြောက်ဖို့ ကောင်းလာပါပြီအားရှိအောင်ပဲ စားစား တန်အော...
20/12/2024

ဘန် ကောက်မှာလဲ တွေ့ရှိနေသော ကပ်‌ပါးကောင်‌

အစားအစာတွေကလည်း တဖြည်းဖြည်း ကြောက်ဖို့ ကောင်းလာပါပြီ

အားရှိအောင်ပဲ စားစား တန်အောင်ပဲ စားစား နည်းပညာတိုးတက်လာတာနဲ့ အမျှ ရောဂါအသစ်တွေပေါများလာပါတယ်

အ့တော့ hotpot တွေ BBQ တွေ အကင် တွေ စားတဲ့ သတိထားပီးစားကြပါနော်

မလိုလားအပ် ရောဂါမှ ကင်းဝေးပါစေကြောင်းအသိပေးလိုက်ရပါစေ

Photo - Win War Aung
#ပုစွန်
#ကပ်ပါး
#ကျန်းမာရေး

အသီးအရွက် အကြောင်းသိကောင်းစရာများနေ့စဉ်စားသောက် နေထိုင်ကြတဲ့ အခါ အာဟာရရှိစွာနေထိုင်ပီး မလိုလားအပ်သော ကျန်းမာရေးဆိုးကျိုး...
18/12/2024

အသီးအရွက် အကြောင်းသိကောင်းစရာများ

နေ့စဉ်စားသောက် နေထိုင်ကြတဲ့ အခါ အာဟာရရှိစွာနေထိုင်ပီး မလိုလားအပ်သော ကျန်းမာရေးဆိုးကျိုးများမရရှိ‌ အောင် နေထိုင်သင့်ကြောင်းအကြံတချို့ဝေမျှလိုက်ရပါသည်။

#ကျန်းမာရေး


အစာအိမ် အူလမ်းကြောင်း ရဲ အစာခြေဖျက် တဲ့ အချိန် လေးပါဗဟုသုတ ရစေကြောင်း share ပေးလိုက်ပါတယ် #ကျန်းမာရေး
18/12/2024

အစာအိမ် အူလမ်းကြောင်း ရဲ အစာခြေဖျက် တဲ့ အချိန် လေးပါ

ဗဟုသုတ ရစေကြောင်း share ပေးလိုက်ပါတယ်

#ကျန်းမာရေး

Hi 👋 Doctor
17/12/2024

Hi 👋 Doctor

ที่อยู่

Bangkok

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Medicine &Healthผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram