Yu Pa - Your Health Consultants

Yu Pa - Your Health Consultants We are always with you.

15/08/2023

ကော်ဖီသောက်ခြင်းကိုမကြိုက်တဲ့သူမရှိသလောက်ရှားပါတယ်။ ကော်ဖီသောက်ခြင်းမှာကောင်းကျိုးတွေ အများကြီးလဲ ရှိနေနိုင်သလို လူတိုင်းသတိမထားမိနိုင်တဲ့ ဆိုးကျိုးတွေလဲ ရှိနေနိုင်ပါသေးတယ်။ ဒါကြောင့် ကော်ဖီကို ကျန်းမာရေးနဲ့ ညီညွတ်အောင်ဘယ်လိုချင့်ချိန်ပြီး သောက်ရမယ်ဆိုတာလေးကိုဝေမျှပေးထားပါတယ်။

#ကော်ဖီသောက်ခြင်းရဲလူသိနည်းတဲ့ဆိုးကျိုးများ

ကလေးမွေးပြီးတဲ့အချိန်မှာ ဖြစ်တတ်တဲ့ စိတ်ကျရောဂါ အမျိုးသမီးအများစုဟာ ကလေးမွေးပြီးတဲ့အချိန်မှာ စိတ်ခံစားမှု အမျိုးမျိုး ပြေ...
14/08/2023

ကလေးမွေးပြီးတဲ့အချိန်မှာ ဖြစ်တတ်တဲ့ စိတ်ကျရောဂါ

အမျိုးသမီးအများစုဟာ ကလေးမွေးပြီးတဲ့အချိန်မှာ စိတ်ခံစားမှု အမျိုးမျိုး ပြောင်းနေနိုင်သလို ထိလွယ်ရှလွယ်တတ်ကြပါတယ်။ ကလေးမွေးပြီးတဲ့အချိန် တစ်ကိုယ်လုံး နုန်းခွေသွားပြီး ခရီးကြမ်းက ပြန်ရောက်တဲ့အချိန် ခြေပစ်လက်ပစ် ဖြစ်သလို ခံစားချက်မျိုး ဖြစ်တယ်ဆိုရင် ဒါဟာ ပုံမှန် သဘာဝသာ ဖြစ်ပါတယ်။ ကလေးမွေးပြီးတဲ့အချိန် ခန္ဓာကိုယ်က ဟော်မုန်းတွေရဲ့ အပြောင်းအလဲတွေကြောင့် စိတ်ခံစားချက် တွေ အမျိုးမျိုး ပြောင်းနေကြသလို စိတ်ဓာတ်ကျသလို ခံစားချက်တွေလည်း ဖြစ်တတ်ကြပါတယ်။

ဒါပေမယ့် ခံစားချက် အပြင်းအပျော့ပေါ်မူတည်ပြီးတော့ ကလေးမွေးပြီးဖြစ်တဲ့ စိတ်ရောဂါကို နှစ်မျိုးခွဲခြားနိုင်ပါတယ်။ ပထမတစ်မျိုးတော့ ကလေးမွေးပြီးကာစ စိတ်ဓာတ်ကျခြင်း ( postnatal blues ) နဲ့ ကလေးမွေးပြီးကာစ စိတ်ကျရောဂါ ( postnatal depression ) တို့ပဲ ဖြစ်ပါတယ်။

ကလေးမွေးပြီးကာစ စိတ်ဓာတ်ကျခြင်း ( postnatal blues )

Blues တွေက ကလေးမွေးပြီး ပထမ နှစ်ပတ်အတွင်း အဖြစ်များပါတယ်။ များသောအားဖြင့် ကလေးမွေးပြီး သုံးရက်ကနေ ငါးရက်မြောက်လောက်မှာ စဖြစ်တတ်ကြပါတယ်။

Postnatal blues တွေက ဘယ်လို လက္ခဏာတွေ ပြသလဲ။

အမျိုးသမီးတစ်ယောက်ဟာ မွေးပြီး နှစ်ပတ်အတွင်းမှာ ဒီလို လက္ခဏာတွေပြရင် blues များ ဖြစ်နေပြီလားလို့ စဉ်းစားသင့်ပါတယ်။ ဘာလက္ခဏာတွေလဲဆိုတော့
၁။ အားအင်ကုန်ခန်းသွားသလို ခံစားနေရပြီး စိတ်ဓာတ်ပါကျနေခြင်း
၂။ စိတ်အပြောင်းအလဲ အရမ်းမြန်လွန်းခြင်း
၃။ စိတ်ကနာမငြိမ်ခြင်း
၎။ မောပန်းလွယ်ခြင်း
၅။ အိပ်မပျော်ခြင်း
၆။ ကလေးကို ရေချိုးပေးတာမျိုး၊ နို့တိုက်တာမျိုးတွင်ပင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတော့ခြင်း
၇။ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲလာခြင်း တို့ဖြစ်ပါတယ်။ မီးဖွားပြီး အကြောင်းမဲ့ ဒီလက္ခဏာတွေ ခံစားလာရပြီ ဆိုရင် အခြား ရောဂါအခံမရှိဘူးဆိုရင် ဒီအမျိုးသမီးမှာ blues များ ဖြစ်နေပြီလားလို့ တွေးသင့်ပါတယ်။

Blues ဖြစ်ရင် ဘာတွေ ဆက်ဖြစ်နိုင်သလဲ။

ပုံမှန်ကတော့ blues ဆိုတာ မိခင်တိုင်း ဖြတ်သန်းရတဲ့ အဆင့်တစ်ခုဖြစ်ပြီး များသောအားဖြင့် ရက်အနည်းငယ်သာ ကြာတတ်ပါတယ်။ ဒါပေမယ့် ဒီဖြစ်စဉ် မြန်မြန်ပြီးဆုံးသွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ အတွက်တော့ ဘေးက ခင်ပွန်းသည်အပါအ၀င် မိသားစုဝင်တွေရဲ့ အကူအညီတော့ မဖြစ်မနေ လိုအပ်ပါတယ်။

Blues ဖြစ်ရင် ဘာတွေ လုပ်ပေးသင့်သလဲ။

ဒါမျိုးဖြစ်ပြီဆိုရင် ဆေးဝါးမှီဝဲတာထက် ကိုယ့်ခင်ပွန်းသည်၊ ကိုယ့်မိသားစုဝင်တွေနဲ့ အခင်ဆုံးသူငယ်ချင်း၊ မိတ်ဆွေတွေရဲ့ အားပေးမှုက ပိုလိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်ခံစားရတာကို သူတို့ကို သေသေချာချာ ပြောပြ သင့်ပါတယ်။

ပင်ပင်ပန်းပန်းလုပ်ရတဲ့ ဘယ်ကိစ္စမဆို ရှောင်ကြဉ်သင့်ပါတယ်။ တတ်နိုင်သမျှ များများ အနားယူပေးပါ။

ကိုယ်ဖြစ်တဲ့ ပြဿနာကို သေသေချာချာ နားထောင်ပေးနိုင်တဲ့သူကို ရှာပါ။ ဖြစ်နိုင်ရင် ကလေးမွေးထားဖူးတဲ့ မိခင်တစ်ယောက်နဲ့ ကိုယ့်ပြဿနာကို သေသေချာချာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ကိုယ်တစ်ယောက်ထဲ သီးသန့်နေတာထက် ကိုယ့်အိမ်က အခြားသူတွေရဲ့ အကူအညီကို ယူနိုင်သမျှ ယူသင့်ပါ တယ်။

ကိုယ့်ခင်ပွန်းသည်ကို ကလေးရဲ့ တာဝန်ကို အလှည့်ကျယူပေးဖို့ ပြောသင့်ပါတယ်။ ကလေးကြောင့်ဖြစ်တဲ့ ၀န်ထုတ်ဝန်ပိုးတွေကို လျှော့ချဖို့ပါ။
တကယ်လို့ blues ဟာ လေးရက်ထက် ပိုပြီး ကြာမယ်ဆိုရင်တော့ ကိုယ့်ရဲ့ မိသားစုဆရာဝန်နဲ့ တိုင်ပင်ပြီး အကြံဉာဏ်ယူသင့်ပါတယ်။

ကလေးမွေးပြီးကာစ စိတ်ကျရောဂါ ( Postnatal depression )

ကမ္ဘာပေါ်က မိခင် ၈ ယောက်မှာ တစ်ယောက်နှုန်းလောက်က ကလေးမွေးပြီး ပထမ ခြောက်လအတွင်းမှာ ပြင်းထန်တဲ့ စိတ်ကျရောဂါကို ခံစားကြရပါတယ်။ သူတို့ဟာ blues ကို စပြီး ခံစားရနိုင်ဖွယ်ရှိပြီး လုံလောက်တဲ့ ကူညီမှုလည်း မရခဲ့ကြပုံပေါ်ပါတယ်။ ဒါကြောင့် ကလေးမွေးပြီး ပထမ သုံးရက်လောက်မှာပဲ သူတို့ရဲ့ စိတ်ကျရောဂါ လက္ခဏာတွေ စပြီး ပြလာကြတော့တာပါပဲ။ စိတ်ကျရောဂါက အပျော့စားကနေ အပြင်းစားအထိ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဒါဟာ ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားချိန်နဲ့ နို့တိုက်ချိန်တို့မှာ ဖြစ်တဲ့ သိသာထင်ရှားတဲ့ ဟော်မုန်းပြောင်းလဲမှုတွေကြောင့် ဖြစ်ရတာပါ။ အိပ်ရေးပျက်ညတွေများပြီး မောပန်းနွမ်းနယ်ခြင်း၊ ကိုယ့်ခင်ပွန်းနဲ့ ကိုယ်ဝန်ဆောင်ချိန် ပြဿနာ ခဏခဏ ဖြစ်ပွားခြင်း၊ ဖေးမကူညီတဲ့သူ ကိုယ့်ဘေးမှာ မရှိသလောက် နည်းခြင်းတို့ဟာ ဒီစိတ်ကျရောဂါကို ဖြစ်စေနိုင်တဲ့ အကြောင်းအချက်တွေပါပဲ။

စိတ်ကျရောဂါရဲ့ လက္ခဏာတွေက ဘာတွေလဲ။

ကလေးမွေးပြီး မိခင်တစ်ယောက်ဟာ ဒီအချက်တွေထဲက အချို့ ဒါမှမဟုတ် အားလုံးကို ခံစားနေရပြီဆိုရင် စိတ်ကျရောဂါများ ဖြစ်နေမလားဆိုပြီး တွေးသင့်ပါပြီ။ ဒီလက္ခဏာတွေကတော့

၁။ မျှော်လင့်ချက်ကင်းမဲ့သွားသလို၊ ကူရာကယ်ရာမဲ့သလို ခံစားနေရပြီး အသက်ဆက်ရှင်ဖို့တောင် မဖြစ်နိုင်တော့ဘူးလို့ တွေးလာခြင်း
၂။ တောက်လျှောက် မောပန်းနေခြင်း
၃။ ကိုယ်ဟာ မိခင်မဖြစ်ထိုက်သူလို့ ထင်လာခြင်း
၎။ အိပ်ပျက်ညများလာခြင်း
၅။ စားချင်စိတ် မရှိခြင်း သို့မဟုတ် အလွန်အမင်းစားလာခြင်း
၆။ အရင် အားကျိုးမာန်တက် လုပ်နေကျ ကိစ္စများအပေါ် စိတ်ဝင်စားမှု လုံးဝ မရှိတော့ခြင်း
၇။ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အာရုံစုစည်းဖို့၊ မှတ်မိဖို့ ခက်လာခြင်း
၈။ စိတ်ဖိအားများသလို စိုးရိမ်ပူပန်မှုများပြီး ဒေါသပါ ထွက်လွယ်လာခြင်း
၉။ စိတ်ကနာမငြိမ်ဖြစ်လာပြီး နောက်ဆက်တွဲ ဒေါသထွက်တာမျိုး၊ ကြောက်လန့်တုန်လှုပ်တာမျိုးပါ ဖြစ်လာခြင်း
၁၀။ ကလေးကိုပါ ဒေါသထွက်လာခြင်း
၁၁။ ကိုယ်ဘာလုပ်လုပ် ကိုယ့်ကို အခြားသူတွေက လက်မခံတော့ပါဘူးလို့ တွေးလာခြင်း
၁၂။ ကိုယ့်ကို ကိုယ့်ခင်ပွန်းက လက်မခံနိုင်တော့ဘူး၊ ဒါမှမဟုတ် ကိုယ့်ကို မကောင်းကြံစည်နေပြီလို့ တွေးထင်လာခြင်း
၁၃။ သိသာထင်ရှားတဲ့ စိတ်အပြောင်းအလဲမြန်တာမျိုး ဖြစ်ခြင်း
၁၄။ အရာရာကို ကြောက်လန့်တုန်လှုပ်နေခြင်း တို့ပဲ ဖြစ်ပါတယ်။ ဒီအချက်တွေထဲက အချို့ ဒါမှမဟုတ် အားလုံး ကိုယ့်မှာ ဖြစ်နေပြီ၊ ကိုယ့်မိသားစုဝင်မှာ ဖြစ်နေပြီဆိုရင် ဒါဟာ ဆရာဝန်နဲ့ တိုင်ပင်သင့်ပြီလို့ သတိပေးနေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

နောက်ဆက်တွဲ ဘာအန္တရာယ်တွေ ဖြစ်လာနိုင်သလဲ။

ဒီလက္ခဏာတွေဟာ ကိုယ့်ဘာသာ ပျောက်ကင်းအောင် လုပ်နိုင်တဲ့ အနေအထားမဟုတ်ပါဘူး။ ဆရာဝန်နဲ့ သေချာ မကုသရင် ကိုယ့်အတွက် အသက်အန္တရာယ်တောင် ဖြစ်စေနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ကိုယ့်အတွက်တောင် မကပါဘူး။ ကိုယ့်ကလေး၊ ကိုယ့်ခင်ပွန်းသည်နဲ့ ကိုယ့်မိသားစုဝင်တွေကိုပါ ပြင်းပြင်းထန်ထန် ထိခိုက်လာနိုင်တဲ့ ကျန်းမာရေးပြဿနာ ဖြစ်ပါတယ်။

ဘာဆက်လုပ်သင့်သလဲ။

ကိုယ့်စိတ်ခံစားချက်ကို ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောပြသင့်ပါတယ်။ ဒါမှ အကူအညီ ရမှာမို့ပါ။ သင့်ကလေးကို မိခင်နဲ့ကလေးစောင့်ရှောက်ရေးဌာနကို ပို့ပြီး သေချာ စစ်ဆေးသင့်ပါတယ်။ ဒါမှ ကလေးနဲ့ ပတ်သတ်ပြီး ကိုယ်စိတ်အေးရမှာမို့ပါ။ ကိုယ့်မိသားစုဆရာဝန်ကို ကိုယ်ခံစားနေရတာနဲ့ ပတ်သတ်ပြီး အသေးစိတ် ပြောပြပြီး သူ့အကြံဉာဏ်ကို ယူသင့်ပါတယ်။ ဒီလို ပြဿနာမျိုးဟာ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး စိတ်ပေါ့သွားရင် ပျောက်သွားနိုင်သလို တခါတရံလည်း စိတ်ကျရောဂါဆေးတွေ သောက်ပြီး ကုသရတဲ့အထိလည်း လိုအပ်တတ်တာမို့ ဒီလိုရောဂါမျိုးကို ကိုယ့်ဘာသာကိုယ် ကြိတ်မကုဘဲ ကိုယ်စိတ်ချ ယုံကြည်နိုင်လောက်တဲ့ ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ပြီး ကုသသင့်ပါတယ်။

ဒီလိုမျိုး ကိုယ်ဝန်ဆောင်ပြီး စိတ်ကျရောဂါဖြစ်တတ်တဲ့ မိခင်တွေအတွက် ကူညီဖေးမပေးနေတဲ့ on line က အဖွဲ့တွေလည်း အများကြီး ရှိနေတာမို့ အဲ့လို အဖွဲ့တွေတွေ့ခဲ့ရင်လည်း ကိုယ့်ပြဿနာကို ပြောပြပြီး အကူအညီ တောင်းခံလို့ရပါတယ်။

မိခင်အားလုံး ကိုယ်ဝန်ဆောင်ပြီး ဖြစ်တတ်တဲ့ စိတ်ကျရောဂါ ကင်းဝေးကြပါစေ။

နောင်စိုး ( ဆေး - မကွေး )







09/08/2023

လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေဆိုတာ လိင်မှုကိစ္စလုပ်နေဆောင်ဖို့စဥ်းစားနေတဲ့သူတိုင်း သိသင့်တဲ့ရောဂါတွေဘဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါ ခံစားရသူဦးရေ ပိုမိုများပြားလာတာကိုတွေ့ရပါတယ်။ ဒီလိုကူးစက်ခံရတဲ့သူတွေထဲမှာလဲ အကာကွယ်မဲ့ လိင်ဆက်ဆံခြင်းကြောင့် ရောဂါကူးစက်ခံရတဲ့ လူငယ်တွေ ပိုများပါတယ်။ ဒါကြောင့် ဒီလိုရောဂါတွေရဲ့အကြောင်းနဲ့ မဖြစ်သင့်တာမဖြစ်ရအောင်လုပ်ရမဲ့ ကြိုတင်ကာကွယ်မှုတွေကို ဝေမျှပေးလိုက်ပါတယ်။

#ဆီးပူညောင်းကျရောဂါ #ကာလသားရောဂါ #အသည်းရောင်အသားဝါဘီပိုး

30/07/2023

နားအနောက်ပိုင်းကိုဘယ်လိုသန့်ရှင်းရေးလုပ်မလဲဆိုတာကိုပြောပြပေးထားပါတယ်။

#နား #နားသန့်ရှင်းရေး

27/07/2023

ထမင်းစားပြီးရင် မလုပ်သင့်တဲ့အချက်များကို ဖော်ပြထားတဲ့ ဗီဒီယိုဖြစ်ပါတယ်။


#ထမင်းစား

26/07/2023



အမျိုးသမီးတိုင်းသွေးဆုံးချိန်မှာဒါတွေကိုစားပါ ။

#သွေးဆုံး

25/07/2023



သားအိမ်ခေါင်းကင်ဆာရဲ့သိသင့်သိထိုက်သည်များကိုပြောပြပေးထားပါတယ်။

#သားအိမ်ခေါင်းကင်ဆာ

24/07/2023


အကြောတက်တာကိုသက်သာစေမယ့်နည်းလမ်းများကိုပြောပြပေးထားပါတယ်

#အကြောတက်တာ

23/07/2023



အမျိူးသားတိုင်းအရွယ်တင်နုပျိုနေစေဖို့သိသင့်သောအချက်များကိုပြောပြပေးထားပါတယ်။

#အမျိူးသား #အလှအပ

22/07/2023



ရာသီလာတဲ့အချိန် ခေါင်းလျှော်လို့ရလား ဆိုတာကို ပြောပြပေးထားပါတယ်။

#ရာသီ #ခေါင်းလျှော်

20/07/2023



ခေါင်းကိုက်နေရင်ကြည့်ပါ။

#ခေါင်းကိုက်

ที่อยู่

Asavanant Dental Clinic, 148, Soi Thong Lo 4
Bangkok
10110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Yu Pa - Your Health Consultantsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Yu Pa - Your Health Consultants:

แชร์