26/03/2026
🚨 နေပူထဲ အချိန်ကြာကြာ စောင့်ဆိုင်းရသူတွေနဲ့ ကားထဲမှာ ကြာကြာထိုင်တတ်သူတွေ အထူးသတိပြုစရာ 🚨
မကြာသေးခင်က နေပူထဲမှာ အချိန်ကြာကြာ ကားပေါ်ထိုင်စောင့်ရင်း သွေးတိုးတက်ကာ အသက်ဆုံးရှုံးခဲ့ရတဲ့ စိတ်မကောင်းစရာ သတင်းလေးကို အားလုံးပဲ ကြားသိပြီးဖြစ်မှာပါ။
ယခုလို အလွန်ပူပြင်းလှတဲ့ ရာသီဥတုမှာ အပြင်ထွက်ရတဲ့အခါ၊ အကြောင်းအမျိုးမျိုးကြောင့် ကားထဲမှာ အချိန်ကြာကြာ ထိုင်စောင့်ရတဲ့အခါတွေမှာ "အပူရှပ်ခြင်း (𝗛𝗲𝗮𝘁𝘀𝘁𝗿𝗼𝗸𝗲)" နဲ့ "သွေးတိုးပြီး လေဖြတ်ခြင်း/နှလုံးရပ်ခြင်း" တွေဟာ အချိန်မရွေး အသက်အန္တရာယ် ပေးနိုင်ပါတယ်။
🔥 ကားထဲမှာ ကြာကြာထိုင်တဲ့အခါ ဘာကြောင့် အသက်အန္တရာယ်ရှိနိုင်တာလဲ?
အထူးသဖြင့် လေဝင်လေထွက် မကောင်းတဲ့ ကားထဲမှာ (သို့မဟုတ်) အဲကွန်းမဖွင့်ထားတဲ့ ကားထဲမှာ အပူချိန်ဟာ အပြင်ဘက်ထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်စွာ မြင့်တက်လာတတ်ပါတယ်။ ဒီလို ပြင်းထန်တဲ့ အပူချိန်ကြောင့်...
•ခန္ဓာကိုယ်က ရေဓာတ် အလွန်အမင်း ဆုံးရှုံးမယ်။
•နှလုံးခုန်နှုန်းတွေ ရုတ်တရက် မြန်လာပြီး •သွေးပေါင်ချိန် ရုတ်ခြည်း မြင့်တက်လာမယ်။
•အပူရှိန်ကြောင့် ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ထိခိုက်စေပြီး သတိလစ်တာ၊ သွေးကြောပြတ်တာတွေအထိ ဖြစ်စေနိုင်ပါတယ်။
⚠️ ဘယ်သူတွေ ပိုပြီး သတိထားရမလဲ?
သက်ကြီးရွယ်အိုတွေနဲ့ သွေးတိုး၊ ဆီးချို၊ နှလုံး စတဲ့ နာတာရှည်ရောဂါ အခံရှိသူတွေဟာ အပူဒဏ်ကို ခံနိုင်ရည် အလွန်နည်းပါးတာကြောင့် ပိုပြီး သတိထားဖို့ လိုအပ်ပါတယ်။
✅ အသက်အန္တရာယ် မဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲ?
၁။ ရေများများသောက်ပါ - ရေဆာသည်ဖြစ်စေ၊ မဆာသည်ဖြစ်စေ ရေကို မကြာခဏ သောက်ပေးပါ။ (ချိုလွန်းသော အချိုရည်များကို ရှောင်ပါ)
၂။ ကားမှန်ချထားပါ - ကားထဲမှာ အချိန်ကြာကြာ စောင့်ရမယ်ဆိုရင် လေဝင်လေထွက်ကောင်းအောင် ကားမှန်ချထားပါ။ ဖြစ်နိုင်လျှင် ကားပေါ်မှဆင်း၍ အရိပ်ရပြီး လေဝင်လေထွက်ကောင်းသော နေရာတွင် နားပါ။
၃။ ဆေးပုံမှန်သောက်ပါ - သွေးတိုး၊ နှလုံး ရောဂါအခံရှိသူများ အနေဖြင့် မိမိသောက်သုံးနေကျ ဆေးဝါးများကို မပျက်မကွက် သောက်ပါ။ ဆေးကို ကိုယ်နှင့်မကွာ ဆောင်ထားပါ။
၄။ အဝတ်အစား - ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းသော ချည်ထည်များကိုသာ ဝတ်ဆင်ပါ။
🚑 အရေးပေါ် လက္ခဏာများကို သတိပြုပါ
ခေါင်းမူးလာတာ၊ အသက်ရှူကျပ်လာတာ၊ ရင်ဘတ်အောင့်တာ၊ မျက်စိပြာလာတာ၊ ချွေးအရမ်းထွက်လာတာ (သို့မဟုတ်) ချွေးလုံးဝမထွက်တော့ဘဲ ကိုယ်တွေအရမ်းပူလာတာမျိုး ဖြစ်ရင် ချက်ချင်း အရိပ်ထဲကို သွားပါ၊ အဝတ်အစားတွေကို လျှော့ချပါ၊ ရေပတ်တိုက်ပေးပြီး နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်ဆုံး သွားရောက်ပါ။
ထားဝယ်မြို့သူ မြို့သားများနဲ့ ပြည်သူများအားလုံး အပူဒဏ်အန္တရာယ်မှ ကင်းဝေးပြီး ကျန်းမာဘေးကင်းကြပါစေလို့ ချမ်းမြေ့ဆေးရုံ (ထားဝယ်မြို့) မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ 💙
(ကျန်းမာရေးအသိပညာပေးအနေဖြင့် ဤ 𝗣𝗼𝘀𝘁 လေးကို 𝗦𝗵𝗮𝗿𝗲 လုပ်ပြီး မိမိချစ်ခင်ရသူများကို ဝေမျှပေးနိုင်ပါတယ်)