Dr.Htet Ei Ei Win

Dr.Htet Ei Ei Win Entrepreneur, Travel Blogger & Brand Ambassador of Myanmar Underwater Federation

Premiere Urgence ရဲ့ဖိတ်ကြားမှုနဲ့ ဆရာမ ထက်အိ က ဆရာဝန်တစ်ယောက်အနေနဲ့ မျိုးဆက်ပွါးကျန်းမာရေး အကြောင်း Live ပြောပြပေးသွားမ...
26/11/2024

Premiere Urgence ရဲ့ဖိတ်ကြားမှုနဲ့ ဆရာမ ထက်အိ က ဆရာဝန်တစ်ယောက်အနေနဲ့ မျိုးဆက်ပွါးကျန်းမာရေး အကြောင်း Live ပြောပြပေးသွားမှာမို့

ဒီတစ်ပတ်သောကြာ 29 Nov
6:00 pm (မြန်မာအချိန်) 🇲🇲
6:30 pm (Thailand time) 🇹🇭

မှာတွေ့ကြမယ်နော်

ဘာတွေပြောမလဲကတော့ အစုံပါပဲ .. ပါသင့်တာတွေပေါ့ 😉

ပြီးမှ Chat Box မှာ တမျိုးပြီးတမျိုး မမေးကြနဲ့နော် ..

နောက်ပိုင်း video တွေကိုတော့ PUI - မျိုးဆက်ပွား ကျန်းမာရေးစင်တာ page မှာဆက်တင်သွားပါမယ်

Broadcast place : Bangkok

08/10/2023

Medical check up 💝

How to take COC pill 💊
18/05/2023

How to take COC pill 💊

ကိုယ်ဝန်ဆောင်တားဆေး ဘယ်လိုသောက်ရမလဲ? (Or) ဗိုက်မကြီးအောင်ဘယ်လိုကာကွယ်ရမလဲ?
💊နေ့စဉ်သောက်ကိုယ်ဝန်ဆောင်တားဆေး (Combined Oral Contraceptive pills) 👩🏻‍⚕️

💁🏻‍♀️ ကိုယ်ဝန်တားဆေးက ၃ မျိုးခွဲထား

1. Combined Oralcontraceptive pills (ဟော်မုန်း နှစ်မျိုးပါ သန္ဓေတားဆေး)
2. Progestin-only pill (Minipill) (ပရိုဂျက်စတင် ဟော်မုန်းပါ သန္ဓေတားဆေး)
3. Postcoital(Emergency) pill (အရေးပေါ်သန္ဓေတားဆေး) တို့ပဲဖြစ်ပါသည်။

💁🏻‍♀️Combined Oral Contraceptive pills or COC pills ဆိုသည်မှာ Estrogen (အီစရိုဂျင်) နှင့် Progestogen (ပရိုဂျက်စတိုဂျင်) ဟုခေါ်သော ဟော်မုန်း နှစ်မျိုးကို ပေါင်းစပ်ထားသော ဆေး ဖြစ်ပါသည် ။💊

💁🏻‍♀️COC pills တွေကကိုယ်ဝန်မရအောင်ဘယ်လိုတားတာလဲ?
-👉🏻ဦးနှောက်မှ လှုံ့ဆော်ပေးသော ခန္ဓာကိုယ်တွင်း ဟော်မုန်းထုတ်လုပ်မှုကို တားမြစ်ခြင်း
-👉🏻သန္ဓေတည်ပြီးနောက် သန္ဓေသားလောင်းကပ်၍ ရှင်သန်ရမည့် သားအိမ်နံရံကို ပါးလွှာစေခြင်း
-👉🏻မိန်းမကိုယ်လမ်းကြောင်းတစ်လျှောက်အကျိအချွဲများထွက်စေခြင်းဖြင့် သုတ်ကောင်များ သားအိမ်အတွင်းသို့ ဝင်ရောက်လာခြင်းကို နှေးကွေးစေခြင်း
စသည်တို့ဖြင့် ကိုယ်ဝန်ဆောင်ခြင်းကို တားဆီးပေးပါသည်။ ✨

👩🏻‍⚕️ဘယ်လိုသောက်ရမလဲ?

✨COC pillများသည် ရာသီသွေး တစ်လတစ်ကြိမ် ပုံမှန်လာစေရန် စီမံထားသည်။✨
💊အများစုအသုံးပြုသော Monophasic COC pills များတွင် ဆေးတစ်ကဒ်ကို ၂၈လုံးပါသော ဆေးရှိသကဲ့သို့ ၂၁သာပါသော ဆေးကဒ်လည်းရှိသည်။

👉🏻၂၈လုံးဆေးကဒ် တွင် ၂၁လုံးမြောက်ထိဆေးလုံးများ၌ ဟော်မုန်းများပါဝင်ပြီး ကျန် ၇လုံးမှာ သံဓာတ်ပါသောအားဆေးလုံများထည့်ပေးထားခြင်းဖြစ်သည်။
ထို ၇လုံးသောက်နေချိန်တွင် ရာသီသွေးပေါ်မည်ဖြစ်သည်။

👉🏻၂၁လုံးပါဆေးကဒ်သည်လည်း ထိုနည်းတူပင်ဖြစ်သည်။ ၂၁လုံးဆက်တိုက်သောက်ပြီး ၇ရက် ဆေးမသောက်ဘဲနားရမည်ဖြစ်သည်။ ထိုအချိန်တွင် ရာသီသွေးပေါ်မည်ဖြစ်ပါသည်။

💁🏻‍♀️ ဆေးသောက်ချိန်မှန်ရမည်
( ဥပမာ- ယနေ့ မနက် 7နာရီတွင် ပထမတစ်လုံးသောက်လျှင် မနက်ဖြန်မနက် 7နာရီတွင် ဒုတိယ တစ်လုံးကို သောက်ရမည်)။
❗️ဆေးသောက်ရာတွင် အချိန်တိကျရန် အရေးကြီးပါသည်။❗️
ဆေးကိုအချိန်တိတိကျကျသေသေချာချာသောက်သုံးပါက ကိုယ်ဝန်ရနိုင်မှုကို၉၉ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါသည်။👩🏻‍⚕️

💁🏻‍♀️မည့်သည့်အချိန်တွင် စသောက်ရမည်နည်း ???

👉🏻ရာသီလာနေစဉ်အတွင်း မည်သည့်ရက်တွင်မဆို စတင်ပါကအခြားသော အကာအကွယ်များ မလိုအပ်ဘဲ ကိုယ်ဝန်ရခြင်းမှ ကာကွယ်ပြီးသား ဖြစ်သည်။

👉🏻ရာသီသွေး၅ရက်မြောက်နေ့နောက်ပိုင်းမှ စတင်သောက်သုံးမည်ဆိုပါက ဆေးစသောက်သည့်ရက်မှ ၇ရက်အတွင်း ကွန်ဒုံးသို့မဟုတ် အခြားသော ကိုယ်ဝန်တားနည်းများလိုအပ်ပါသည်။

👉🏻ကလေးမီးဖွားပြီးကာစ နှင့် ကိုယ်ဝန်ပျက်ကျပြီးကာစ အမျိုးသမီးများတွင်မူ ဆရာဝန်နှင့်တိုင်ပင်၍ ညွှန်ကြားသည့်အတိုင်း သောက်သုံးရမည်ဖြစ်သည်။

❗️ရာသီသွေးလာသည့်ရက် ပုံမှန်မရှိသောအမျိုးသမီးများအနေဖြင့် ဆေးစသောက်သည့်ရက်မှ ၇ရက်အတွင်း ကွန်ဒုံး သို့မဟုတ် အခြားသောကိုယ်ဝန်တားသည့်နည်းများ ထပ်မံလိုအပ်ပါသည်။

👩🏻‍⚕️ဆေးသောက်ရန်မေ့သွားလျှင်ဘယ်လိုဆက်သောက်ရမလဲ? 👩🏻‍⚕️

👉🏻ဆေးတစ်လုံးမေ့သွားခဲ့လျှင် သတိရသည့်အချိန်တွင် ချက်ချင်းပြန်သောက်လိုက်ပါ။ တစ်ရက်ထဲ နှစ်လုံးသောက်ရသလိုလည်းဖြစ်သွားနိုင်ပါသည်။ အခြားကာကွယ်နည်းများမလိုအပ်သေးပါ။

👉🏻ဆေးနှစ်လုံးနှင့်အထက် သောက်ရန်မေ့သွားပါက နောက်ဆုံးသောက်ရမည့်အနီးဆုံးဆေးတစ်လုံးကို ချက်ချင်းသောက်၍ ကျန်သောဆေးလုံးများကို ပုံမှန်အတိုင်းဆက်သောက်ရမည်ဖြစ်သည်။ ထို့အပြင် ၇ရက်တိုင်သည်အထိ အခြားသော ကာကွယ်နည်းများ (ကွန်ဒုံး) ကို အသုံးပြုပေးရမည်ဖြစ်သည်။ အကယ်၍ ဆေးကဒ်တွင် ၇လုံးနှင့်အထက်ကျန်သေးပါက ဆေးကဒ်ကုန်သည်အထိဆက်သောက်ကာ နောက်ဆုံး၇ရက်တွင် ဟော်မုန်းမပါသောဆေးလုံးများအထိသောက်ရမည်ဖြစ်သည်။ သို့မဟုတ် ဆေးကဒ်တွင် ၇လုံးအောက်သာကျန်ပါက ဆေးကဒ်ကိုပုံမှန်အတိုင်းသောက်ကာ ဟော်မုန်းမပါသော ဆေးလုံးများရောက်လျှင် မသောက်တော့ဘဲ ဆေးကဒ်အသစ်စသောက်ရမည်ဖြစ်သည်။

👉🏻COC pillsသောက်သုံးခြင်း၏ ကောင်းကျိုးများ✨
* သန္ဓေတည်ခြင်းကို ၉၉ရာခိုင်နှုန်းအထိ တားပေးနိုင်ခြင်း
* ရာသီလာရာတွင် အချိန်မှန်ခြင်း နှင့် နာကျင်မှုလျော့နည်းခြင်း
* ရာသီမလာခင်ခံစားရသော နာကျင်မှုများကိုလည်းလျော့နည်းစေခြင်း
* သားအိမ်နှင့် ရင်သားတွင် အကျိတ်တည်နှုန်းကိုလျှော့ချပေးခြင်း
* သားအိမ်ကင်ဆာ ဖြစ်နှုန်းကိုနည်းစေခြင်း
* သန္ဓေနေရာမှားတည်ခြင်းကိုနည်းစေခြင်း တို့ဖြစ်ပါသည်။

❗️ဆိုးကျိုးများမှာ
* ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျောခြင်း
* ရင်သားတင်း၍ သက်တောင့်သက်သာမရှိခြင်း
* ကိုယ်အလေးချိန်တက်လာခြင်း
* အမွှေးထူလာခြင်း
* အသားအရည် အရောင်ညစ်လာခြင်း
* ခန္ဓာကိုယ် ယားယံခြင်း
* ဆီးချိုဖြစ်နိုင်ချေများခြင်း
* သွေးခဲခြင်း
* သွေးပေါင်ချိန်တက်ခြင်း
* နှလုံးသွေးကြောကျဉ်း၊သွေးကြောပိတ်ရာမှ နှလုံးကြွက်သားပုတ်နိုင်ခြင်း
* ဦးနှောက်သွေးကြောပိတ်ရာမှ လေဖြန်း၊ လေဖြတ်နိုင်ခြင်း
* မိန်းမကိုယ်ကင်ဆာ၊ ရင်သားကင်ဆာ ဖြစ်နိုင်ခြင်း
အစရှိသည်တို့ ဖြစ်နိုင်သည်။

👩🏻‍⚕️💁🏻‍♀️မိမိနှင့်သင့်တော်သော သန္ဓေတားနည်းကို ဆရာဝန်နှင့်တိုင်ပင်၍ အသုံးပြုကြပါရန် တိုက်တွန်းလိုပါသည်။

With Care,
Dr.Htet Ei

ပျော်စရာလည်းကောင်းမယ် ကျန်းမာရေးလည်းကောင်းမယ် ထက်အိလည်းရှိမယ် 😁💕
04/12/2022

ပျော်စရာလည်းကောင်းမယ် ကျန်းမာရေးလည်းကောင်းမယ် ထက်အိလည်းရှိမယ် 😁💕

ဒါကိုမသိလို့ ခံလိုက်ရတဲ့သူတွေအများကြီး ကိုယ်ဝန်ရှိပြီဆိုပိုသတိထားသင့်
17/11/2022

ဒါကိုမသိလို့ ခံလိုက်ရတဲ့သူတွေအများကြီး
ကိုယ်ဝန်ရှိပြီဆိုပိုသတိထားသင့်

💊Folic acid ဘာလို့အရေးကြီးတာလဲ?
✨Folic acidဆိုတာ Vitamin B-9 လို့ခေါ်တဲ့ Vitamin Bအုပ်စုဝင် ဖြစ်တယ်

✨Folic acidကို အချို့သောအစားအစာများမှ ရရှိနိုင်သလို လူတို့ပြုလုပ်ထားတဲ့ ဆေးဝါးများမှလည်း ရရှိနိုင်ပါတယ်

✨Folic acid ရရှိနိုင်သော အစားအစာများ
👉🏻ဆန်၊ ဂျုံ၊ ကောက်ပဲသီးနှံ၊
👉🏻အမဲသား၊
👉🏻ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီး၊
👉🏻ဂရိတ်ဖရုသီး၊ ထောပတ်သီး၊ လိမ္မော်သီး၊
👉🏻သင်္ဘောသီး၊ ငှက်ပျောသီး

✨Folic acidဟာ ဘယ်လိုနေရာတွေမှာ အရေးကြီးသလဲ? ချို့တဲ့ရင် ဘာတွေဖြစ်နိုင်သလဲ?

👩🏻‍⚕️Folic acid ဟာ ခန္ဓာကိုယ်တွင်း သွေးနီဥ ထုတ်လုပ်မှုကို အားကောင်းစေတယ် ။ ဒါ့ကြောင့် Folic acid မလုံလောက်ရင် Megaloblastic anaemia လို့ခေါ်တဲ့ သွေးအားနည်းရောဂါ ရတတ်ပါတယ်

👩🏻‍⚕️Folic acid ဟာ DNA repair နဲ့ အခြား မျိုးရိုးဗီဇ Genetic ပိုင်းများ🧬 (ဥပမာ- ဆဲလ်ကွဲပွါးခြင်း)တွင် အရေးပါသော အခန်းကဏ္ဍမှာ ပါဝင်လို့ ကိုယ်ဝန်ဆောင် မိခင်များတွင် သဋေသား ဖွံဖြိုးမှုအတွက် အရေးကြီးတယ်

🤱🏻ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် folic acid ချို့တဲ့ပါကသန္ဓေသားတွင် မွေးရာပါ ကိုယ်ခန္ဓာ ချို့ယွင်းမှုများ (ဥပမာ- anencephaly ခေါ် ဦးခေါင်းခွံနှင့် ဦးနှောက်ဖွံဖြိုးမှု ချို့တဲ့ခြင်း နှင့် spina bifida ခေါ် ကျောရိုးဖွံဖြိုးမှု ချို့တဲ့ခြင်း စသည့်ရောဂါများ) ဖြစ်တတ်ပါတယ်

👩🏻‍⚕️Folic acid ချို့တဲ့ခြင်းကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ အာရုံစူးစိုက်၍ မရခြင်း၊ ကြွက်သားများ အားနည်းခြင်း၊ ရင်တုန်ခြင်း၊ မောပမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ပါးစပ်နှင့် လျှာတွင် အနာပေါက်ခြင်း နှင့် ဆံပင်၊ အရေပြား၊ လက်သည်းခွံ အရောင်ပြောင်းခြင်း တို့ ဖြစ်တတ်ပါတယ်

✨မည်သူတွေမှာ folic acid ချို့တဲ့ တတ်သလဲ ?

👉🏻အရက်သေစာကိုလွန်လွန်ကျူးကျူးသောက်စားသူများ
👉🏻ကိုယ်ဝန်ဆောင်မိခင်များ
👉🏻အာဟာရချို့တဲ့သူများ (Inflammatory Bowel Disease နှင့် Coeliac Disease ရှိသူများ)
👉🏻MTHFR (methylenetetrahydrofolate reductase) gene ရှိသူများ တွင် ချို့တဲ့ တတ်ပါတယ်

🤰🏻ကိုယ်ဝန်ဆောင်မိခင်များ က တစ်နေ့ကို folic acid 400-800mcg
🤱🏻နို့တိုက်မိခင်များတွင် တစ်နေ့ကို 500mcg ခန့် သောက်သင့်ပါတယ်

👩🏻‍⚕️မည်သူတွေ မသောက်သင့်ဘူးလဲ ? ❌❌

👉🏻အတက်ရောဂါရှိသူများ
👉🏻ဆီးချိုရှိသူများ
👉🏻လေးဘက်နာရောဂါရှိသူများ
👉🏻ကျောက်ကပ်ဆေးနေသော လူနာများက folic acid ကို ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သောက်သုံးသင့်ပါတယ်

With Care
Dr.Htet Ei

18/09/2022

မိမိရဲ့ ရင်သွေးငယ်များအတွက် အားထားရာ ကလေးဆေးခန်းဆိုရင်

နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးများအတွက် အခမဲ့ ခွဲစိတ်ကုသမှု
16/08/2022

နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးများအတွက် အခမဲ့ ခွဲစိတ်ကုသမှု

နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ်များအတွက် ကိုရီးယား အဖွဲ့အစည်းတစ်ခုကနေ အခမဲ့လာရောက်ခွဲစိတ်ပေးဖို့ရှိပါတယ်

လိုအပ်သူတွေဆီရောက်အောင် ကုသိုလ်ရအောင် share ပေးလိုက်ကြပါ

အသေးစိတ်စုံစမ်းလိုပါက 👉09 765140827 ကိုဆက်သွယ်၍သော်လည်းကောင်း

Myanmar Bethesda Charity chat box မှသော်လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်နော်

With Care,
Dr.Htet Ei

20/07/2022

ကလေး ကာကွယ်ဆေးတွေ ဘယ်ချိန် ဘာတွေ ထိုးရမှာလဲ??

သတိထားကြနော် 💕
08/07/2022

သတိထားကြနော် 💕

အခုတလော ကလေးတွေ သွေးလွန်တုပ်ကွေး နဲ့ နှာစေးချောင်းဆိုးရော , ပြင်းထန်အဆုတ်ရောင်ရော အရမ်းဖြစ်နေကြပါတယ်

သွေးလွန်တုပ်ကွေးရောဂါ
👉 June ကနေ Oct လောက်ထိ မိုးတွင်းမှာ အားလုံးသိတဲ့ အတိုင်းသွေးလွန်တုပ်ကွေးအဖြစ်များပါတယ်။
👉ကာကွယ်ဖို့ ထက်အိ မှာချင်တဲ့တာက
- ကလေးတွေကို နေ့ခင်းဘက် လုံးဝ ခြင်အကိုက်မခံပါနဲ့။
ခြင်အကိုက်မခံရအောင် -->
💕ကလေးကိုလင်းတဲ့နေရာမှာသာဆော့ခိုင်းပါ,.. 💕လက်ရှည်, ဘောင်းဘီရှည် ဝတ်ပေးပါ,
💕ခြင်ထောင်နဲ့သာအိပ်ပါစေ,
💕ပတ်ဝန်းကျင်မှာ ရေဝပ်တဲ့နေရာတွေရှိရင်ရှင်းလင်းပါ,
💕ဘုရားပန်းအိုးနေ့စဉ်လဲလှယ်ပါ

👉ဒါ့အပြင် ကလေးက
-မှိန်း၊
-နို့မစို့၊
-ခြေဖျားလက်ဖျားအေး၊
-ဗိုက်အရမ်းအောင့်တယ်လို့ပြော၊
-အဖျားကြီးတယ်ဆိုရင် ဒီရာသီမှာ လုံးဝ မနှောင့်နှေးသင့်ပါဘူး။

👉အိမ်မှာက ကလေးတွေကို သွေးပေါင်ချိန်တိုင်းလို့မရတာကြောင့် shock ရနေရင် စောစော မသိနိုင်ပါဘူး။
-တစ်ကိုယ်လုံးပျော့ဖတ်သွားမှဆိုရင် နောက်ကျသွားပါမယ်။
-Shock က အသက်အန္တရာယ်ရှိတဲ့ အနေအထားဖြစ်ပါတယ်။
-ခုချိန် မိုးတွင်းမှာဆိုရင် ကလေးကို ရိုးရိုးဖျားတာပါပဲ ဆိုပြီး လုံးဝ ပစ်မထားသင့်ပါဘူး။

~~~~~~~~
အခုအပြင် ဆောင်းရာသီမှာလည်း ပိုများလာနိုင်တဲ့ / အဖြစ်များတဲ့
ပြင်းထန်အဆုတ်ရောင်ရောဂါ (ARI) ကိုလည်းသတိပြုကြနော် 😉

👉 Oct ကနေ Jan လောက်မှာ ကလေးတွေ အဖြစ်အများဆုံးကတော့ ပြင်းထန် အဆုတ်ရောင်ရောဂါ ( ARI ) ဖြစ်ပါတယ်။
👉Adeno virus ကြောင့် အဖြစ်များသလို အခြား ဘက်တီးရီးယားတွေကြောင့်လဲ ဖြစ်တတ်ပါတယ်။ Virus ကြောင့်ဆိုရင် ကူးစက်ဖို့လွယ်ပါတယ်။
👉ကလေးငယ်တွေမို့ ချောင်းဆိုး နှာစေးဆိုရင် အုပ်ပြီး ဆိုးရမယ်ဆိုတာ မသိကြပါဘူး။ အဲ့တော့ အဲကွန်းနဲ့ အလုံပိတ်နေပြီး မူကြိုတွေ ကျောင်းတွေ တက်နေတယ်ဆိုရင် အချင်းချင်း ကူးစက်ရတာလွယ်ကူပါတယ်။
👉သူက အသက်ရှုကြပ်တတ်တဲ့ရောဂါမို့လို့ အသိသာဆုံးကတော့ ကလေး အသက်ရှုရခက်နေလားဆိုတာပါပဲ။
- ကလေးက ပါးစပ်ကနေ မပြောတတ်လို့ အသိသာဆုံး လက္ခဏာ က ဝမ်းဗိုက်ကို ချိုင့်ဝင်တဲ့အထိ အားစိုက်ရှူနေရတာတွေ့ရင် ဆေးရုံကို အမြန်ဆုံးသွားသင့်ပါတယ်။

👉 ကလေးငယ်တွေ ပုံမှန်ထိုးရတဲ့ 💉ကာကွယ်ဆေးထဲမှာလဲ အချို့သော အဆုတ်ရောင်ရောဂါဖြစ်စေတဲ့ ပိုးတွေ အတွက် ကာကွယ်ဆေးပါပါတယ်။ မထိုးရသေးရင် သွားထိုးထားကြပါ။

Take home message

မိုးတွင်း နဲ့ ဆောင်းတွင်း မှာ ကလေးငယ်တွေ အတွက် ပြေးမလွတ်နိုင်အောင် ရောဂါတွေ အရမ်းပေါပါတယ်
👉 ကိုယ့်ဟာကိုယ် သွေးလွန်တုပ်ကွေး မဖြစ်လောက်ပါဘူးဆိုပြီး မနေကြပါနဲ့
👉 နေ့ခင်းဘက်မှာ ကလေးကို ခြင်လုံးဝ (လုံးဝ) အကိုက်မခံပါနဲ့နော်။ လူတိုင်းသိပြီး ပေါ့ဆလို့ လွယ်တဲ့ အချက်ဖြစ်တာကြောင့် ထပ်ပြီး သတိပေးလိုက်တယ်နော်။
👉 အန္တရာယ်ရှိတဲ့ လက္ခဏာတွေဖြစ်တဲ့
-ဗိုက်အောင့်၊
-အဖျားတက်၊
-မှိန်း၊
-နို့မစို့၊
-ခြေဖျားလက်ဖျားအေး၊
-ဗိုက်ချိုင့်ဝင်အောင် အသက်ရှူနေတာတွေ
တွေ့ရင် ဆေးရုံကို အမြန်သွားဖို့လိုပါတယ်။

အားလုံးဂရုစိုက်ကြပါနော်

With Care,
Dr.Htet Ei

PCNL ခွဲစိတ်မှုဆိုတာ ဘယ်လိုမျိုးလဲ?
18/12/2021

PCNL ခွဲစိတ်မှုဆိုတာ ဘယ်လိုမျိုးလဲ?

Percutaneous Nephrolithotomy

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Dr.Htet Ei Ei Winผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์