Pusue Medical Service

Pusue  Medical Service ဆေးရုံး စကားပြန် ၊ ထိုင်းနိုင်ငံအနှံလည်ပတ် ၊ကားငှါး ဝန်ဆောင်မှုပေးပါတယ်

ဂရင်ဂျီနာနဲ့ လိပ်ခေါင်း ဘာတွေကွာခြားလဲ?🔹ဂရင်ဂျီနာဆိုတာ အူလမ်းကြောင်းအဆုံးနဲ့ စအိုအဝနားမှာရှိတဲ့အရေပြားဆက်ပြီး လမ်းကြောင်...
01/06/2024

ဂရင်ဂျီနာနဲ့ လိပ်ခေါင်း ဘာတွေကွာခြားလဲ?

🔹ဂရင်ဂျီနာဆိုတာ အူလမ်းကြောင်းအဆုံးနဲ့ စအိုအဝနားမှာရှိတဲ့အရေပြားဆက်ပြီး လမ်းကြောင်းတစ်ခုဖြစ်ပေါ်နေတာကို ဆိုလိုပါတယ်။ စအိုအတွင်းမှာရှိတဲ့ ဂလင်းလေးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် အနာဖြစ်ကာ ပြည်တည်ခြင်း ၊ ပိုးဝင်ခြင်းတွေဖြစ်လာပြီး သွေးစုနာကဲ့သို့သောအနာဖြစ်လာတာမျိုးပါ။

🔹လိပ်ခေါင်းရောဂါကတော့ စအိုအတွင်းပိုင်းနှင့် စအိုအဝမှာရှိတဲ့ သွေးကြောလေးများရောင်ရမ်းလာပြီး အဖု‌အဖြစ်သို့ ပြောင်းလဲသွားတာမျိုးလို့ သတ်မှတ်နိုင်ပါတယ်။

🔸ဂရင်ဂျီနာရောဂါ လက္ခဏာတွေက
(၁) အမြဲနာကျင်နေပြီး ဝမ်းသွားချိန်တွင် ပို၍နာကျင်ခြင်း
(၂) စအိုတဝိုက်မှ ပြည်နှင့် သွေးထွက်ခြင်း
(၃) စအိုတဝိုက်ရောင်ရမ်းခြင်း
(၄) ပြည်တည်နာ မကြာခဏ ဖြစ်ခြင်း
(၅) ဖျားနာခြင်း

🔸လိပ်ခေါင်းရောဂါ လက္ခဏာတွေကတော့
(၁) နေရထိုင်ရခက်ပြီး ဝမ်းသွားစဉ် နာကျင်ခြင်း
(၂) စအိုအနီးတဝိုက် ယားယံခြင်း စပ်ခြင်း
(၃) ဝမ်းတွင်းသွေးပါခြင်း
(၄) ) စအိုမှ အသားပိုကဲ့သို့ အသားစိုင် ထွက်ခြင်းတို့ဖြစ်ပါတယ်။

📌အနှစ်ချုပ်ပြောရရင် ဒီရောဂါနှစ်ခုက လက္ခဏာတွေ အတော်လေး ဆင်တူတာကြောင့် ဘာရောဂါလဲဆိုတာ အတိအကျသိရဖို့ လိုအပ်ပါ #ဂရင်ဂျီ

 #မိဘအိုတွေရဲ့စိတ်ကို_နားလည်ပေးခြင်းအသက် ၇၀ကျော်လာရင် လူကြီးတွေဦးနှောက်က စပြီးကျုံ့လာပြီလို့ သိပ္ပံပညာရှင်တွေက သုံးသပ်ကြ...
17/04/2024

#မိဘအိုတွေရဲ့စိတ်ကို_နားလည်ပေးခြင်း

အသက် ၇၀ကျော်လာရင် လူကြီးတွေဦးနှောက်က စပြီးကျုံ့လာပြီလို့ သိပ္ပံပညာရှင်တွေက သုံးသပ်ကြတယ်။ အသက် ၇၀ ကျော် မိဘတွေရှိလာတဲ့အခါ အများကြီးနားလည်ပေးရမယ်။ စိတ်ရှည်ပေးမယ်။

အသက်၇၀ကျော်လာရင် စကား ပွစိပွစိပြောလာမယ်။ ထပ်ကာတလဲလဲ ပြောလာမယ်။ တစုံတယောက်အကြောင်း တစုံတခုအကြောင်း ပြောပြီးပြောပြန် မရပ်မနားပြောနေမယ်။

အာရုံကြော အားလုံးကျုံ့လာတဲ့ခါ ထိန်းချုပ်ခြင်းတွေ နည်းလာပြီ။ ခြေတွေမသန်စွမ်းတော့တဲ့အတွက် ခနခန လိမ့်ကျတာ လက်တွေမမြဲတော့လို့ ပစ္စည်းလွတ်ကျတာတွေ မကြာခန ဖြစ်လာတတ်မယ်။ ကိုယ့်ကို မသန်စွမ်းဘူး ထင်မှာစိုးလို့ အိမ်မှာရှိသမျှအလုပ် လိုက်လုပ်လိမ့်မယ်။

အဲဒီအခါ နောက်က ပြန်လိုက်လုပ်ရတဲ့ သားသမီးတွေက ငြူစူလာတဲ့အခါ မိဘတွေစိတ်က ကလေးလို ပြန်ဖြစ်လာပြီး ဝမ်းနည်းလာမယ်။ အထီးကျန်လာမယ်။ မပြောရဲ မဆိုရဲ ဖြစ်လာကြတယ်။

အဲဒီအချိန်မှာ လူကြီးလိုလည်း လေးစားပြီး ကလေးလို သဘောထားပေးရမှာပါ။ တခုခုဝယ်ပေးတဲ့အခါတိုင်း အဖေတို့အမေတို့မှာ ရှိတယ် မလိုဘူး အမြဲငြင်းတတ်လာမယ်။ ဒါဟာ ငွေအပို မကုန်စေချင်လို့ပါ။ တကယ်တော့ ကျေနပ် ဝမ်းသာနေတာ။

အခြားအသိမိတ်ဆွေအမျိုးတွေနဲ့ တွေ့ဆုံရတဲ့အခါ ကိုယ့်သားသမီးမြေးမြစ်က ဘယ်ကဲ့သို့ဘယ်ချမ်းသာ ကြွားလုံးတွေထုတ်တတ်လာမယ်။ သူတို့ဂုဏ်ယူစရာ သားမြေးတွေရဲ့ အောင်မြင်မှု ထူးချွန်မှုတွေ ဂုဏ်ယူမဆုံး တပြုံးပြုံးနဲ့ ပြောမဆုံးပေါင် တောသုံးထောင် ဂုဏ်လုပ်ပြောဆိုနေလိမ့်မယ်။

သို့တည်းမဟုတ် သူတို့ကိုဂုဏ်ငယ်စေတဲ့ သားသမီးမြေးတို့အကြောင်း ဗျစ်တောက်ဗျစ်တောက် ပြောလို့မပြီး ရေရွတ်နေလိမ့်မယ်။ အဲ့တာတွေကို လိုက်ပိတ်ပင်လို့ မရပါ။

အသက်ကြီးနေပြီ ဘုရားတရားပဲ လုပ်ပါလားလို့ သားသမီးတွေက တိုက်တွန်းလို့လဲ မရပါဘူး။ အသက်ကြီးလာလေလေ ကလေးစိတ်ပြန်ဖြစ်လာတာမို့ အကြောင်းအရာတခုကို ကြာကြာစိတ်ဝင်စားတာမျိုး မရှိတော့ပါဘူး။

သားသမီးတွေက လူကြီးမိဘတွေကို စားချင်တာ ဝယ်ကျွေးရမယ်။ သူတို့ လုပ်ချင်တဲ့ အိမ်မှုကိစ္စ မသေသပ်ပေမဲ့ ပေးလုပ်ရမှာပါ။ မေ့တတ်လာတဲ့အတွက် ရေဖွင့်ပြီး ပြန်မပိတ်တာ မီးဖွင့်ပြီး ပြန်မပိတ်တာတွေကို နားလည်ခွင့်လွတ်ပေးရမှာပါ။

အသစ်အသစ်တွေ ဝယ်ပေးသော်လည်း အဟောင်းကို မစွန့်ပဲ သိမ်းထားတတ်ကြတာလည်း အသက်ကြီးသူတွေက ကလေးလိုမို့ နှမြောလာပြီး မစွန့်နိုင်ကြတာပါ။

အသက်ကြီးလာတဲ့ တချို့သော မိဘတွေဆို သားသမီးက အဝေးကနေ လိုလေသေးမရှိ ပို့ပေးကြပေမယ့် သူတို့လိုချင်တာက အဲဒါတွေ မဟုတ်ဘူး။ နွေးထွေးမူ အလေးထားမူ သူတို့ကို စကားပြောပေးနေတာမျိုး လိုချင်ကြတာပါ။

ကလေးတွေနဲ့ အနေကြာလာရင် ကလေးစိတ်ကိုဖတ်ရင်း သူတို့လေးတွေ ပြောသမျှ တိုင်သမျှကို နားထောင်ဖြေရှင်းပေးတတ်သူဟာ လူကြီးတော်တော်များများစိတ်ကိုလဲ လေ့လာပြီး နားလည်ပေးရပါမယ်။ လိုအပ်သမျှလည်း တတ်နိုင်သလောက် ကူညီပေးရပါမယ်။

သားသမီးတိုင်း ကိုယ့်မိဘတွေရဲ့ စိတ်ကို နားလည်ပေးနိုင်ကြပါစေ။

စာ credit: မူရင်းရေးသူများစွာထံမှ

Photo credit: Levente Szabo Photography
Shooting Ildar Young

 #လည်ချောင်းမှာတစ်စို့စို့_နဲ့_နင်နင်နေသလိုပဲ #မော_သလိုလို_ကြပ်သလိုလို #ရင်တွေလည်းပူ_လေချဉ်တွေလည်းတတ် #ရင်ပတ်တွေလည်း_အော...
04/12/2023

#လည်ချောင်းမှာတစ်စို့စို့_နဲ့_နင်နင်နေသလိုပဲ
#မော_သလိုလို_ကြပ်သလိုလို
#ရင်တွေလည်းပူ_လေချဉ်တွေလည်းတတ်
#ရင်ပတ်တွေလည်း_အောင့်တယ်

စိတ်ဖိစီးမှုများနေကြတော့

စိတ်ဖိစီးမှု များခြင်းရဲ့ နောက်ဆက်တွဲ ဒါမှမဟုတ် တွဲပြီိး ဖြစ်တတ်တဲ့

👉 GERD - Gastroesophageal Reflux Disease
အကြောင်းပြောပြချင်ပါတယ်။
Gastro => ဆိုတာ Gastric အစာအိမ်
Esophageal => ဆိုတာ Esophagus အစာရေမျိုပါ

အစာအိမ်ရဲ့ ပုံပန်းသဏ္ဌာန်နဲ့ အလုပ်လုပ်ပုံကို အရင်ဆုံးရှင်းပြပါမယ်။

ကျွန်တော်တို့ အစာစား ရင် ဝါးပြီး မျိုချလိုက်တာနဲ့ လည်ချောင်းထဲကနေ အစာရေမျို (Esophagus) ကတဆင့် အစာအိမ်ထဲရောက်သွားပါတယ်။

အစာရေမျို (Esophagus) ရဲ့ အဆုံး အစာအိမ်နဲ့ ဆက်ထားတဲ့ နေရာမှာ ***Sphincter လို့ခေါ်တဲ့ ရှုံ့ကြိုးလို နေရာရှိပါတယ်။

အစာမျိုချလိုက်ရင် အဲ့ဒီနေရာကို ဖြတ်ပြီး အစာအိမ်ထဲရောက်ပါတယ်။
Sphincter ရဲ့တာဝန်က အစာအိမ်ထဲ ကအစာတွေ ၊ အစာခြေရည်တွေ အပေါ်ပြန်မတတ်သွားအောင် တားဆီးရတဲ့ အလုပ်လုပ်ပါတယ်။
Sphincter ကြောင့် ကျွန်တော်တို့ ကင်းမြီးကောက်ထောင်နေလည်း အစာအိမ်ထဲက အစာတွေက ပါးစပ်ထဲ ပြန်ထွက်မလာပါဘူး

👉👉👉👉👉

Sphincter ရှုံ့ကြိုး ကလည်း သိပ်မလုံဘူး
မလုံတဲ့ အပြင်

- အစာခြေရည် Acid တွေလိုတာထက်ပိုထွက်မယ်
- အစာကြေမလွယ်ဘူး
- လေပွစာတွေ၊ အပူအစပ်၊အချဉ်တွေ စားလွန်းရင်
- ​Alcohol၊ Coffee၊ Tea၊ Gas ပါတဲ့အချိုရည်တွေသောက်လွန်းရင်
- အစာစားပြီးတာလဲ တရေးအိပ်တတ်တဲ့သူတွေ
- Sphincter ရှုံ့ကြိုးကို လျော့ရွဲ စေတဲ့ဆေး သောက်နေတဲ့သူတွေ
- 'ဝ' လွန်းရင် ( ဝ တဲ့ လူတွေက အစာအများကြီးစားဖြစ်တယ်၊ ဗိုက်အဆီထုကြီးက လည်းအစာအိမ်ကို အပေါ်က ဖိထားတယ်၊ သူတို့က စားပြီး တရေးအိပ်တတ်တယ်လေ)

ဒီလိုတွေ ဆိုရင်တော့

အစာခြေရည်တွေက အစာအိမ်ထဲကနေ အစာရေမျိုထဲ ပြန်တတ်လာတဲ့ အတွက်
1. #ရင်ပူပါတယ် (Heart burn)
#လေချဉ်တွေတတ်ပါတယ်
2. Belching
ပိုဆိုးတဲ့အခြေအနေမှာ #အစာတွေပါတတ်လာတတ်ပါတယ်
3. Acid Regurgitation
အစာခြေရည်တွေခဏခဏ ပြန်ပြန်တတ်လာတော့ အစာရေမျိုကို လောင်တဲ့ အတွက် နာပါတယ်။ အစာရေမျိုက ရင်ပတ်ထဲမှာရှိတော့ #ရင်ပတ်အောင့်ပါတယ်
4. Chest pain
အစာရေမျိုမှာ အနာဖြစ်သွားတဲ့ အတွက် အစာမျိုချချ၊ ရေမျိုချချ အရိုးစူးနေသလို နင်တင်တင် နဲ့ #နာနေတတ်ပါတယ်
5. Odynophagia
ပက်လက်လှဲပြီး အိပ်တဲ့အချိန် Sphincter ရှုံ့ကြိုးက မလုံတော့ အစာခြေရည်တွေက အပေါ်ပြန်တတ်လာပြီး အသက်ရှူလမ်းကြောင်း ထဲဝင်သွားတတ်ပါတယ်
Acid တွေ လေပြွန်ထဲရောက်တော့ ဓာတ်မတည့်တာဖြစ်ပြီး လေပြွန်ရောင်ပါတယ်၊
လေပြွန်ရောင်တော့ #ချောင်းဆိုးပါတယ်၊ လေပြွန်တွေကျဉ်းပြီး ( #တရွှီရွှီမြည်ပြီး) #ရင်ကြပ်ပါတယ်၊ #အသက်ရှူကြပ်ပါတယ်။ #မောလာပါတယ်
6. Cough
7. Wheezing
8. Tightness of chest
9. Shortness of breath
10. Dyspnoea

စိတ်ဖိစီးမှုများတဲ့ နောက်ဆက်တွဲဖြစ်တဲ့ GERD ရဲ့ လက္ခဏာတွေက တော့ #တကယ်ဖြစ်တာပါ။
စိတ်ကြောင့် မဟုတ်တော့ပါဘူး။

ဒါပေမယ့် လူနာက ရှေ့မှာ စိတ်ဖိစီးမှု လက္ခဏာတွေရှိထားတဲ့ လူနာ (Anxiety Neurosis) ဖြစ်တော့
သူ့မြင်တာနဲ့ စိတ်ကြောင့်ပဲ လို့ တစ်ထစ်ချ တွေးလေ့ရှိပါတယ်
အသက်ကငယ်ငယ် လာတော့လည်း မောတာ၊ ကြပ်တာ၊ ရင်ပတ်အောင့်တာပဲ ဆိုတော့


1. အစာခြေရည်ထွက်တာ နည်းစေတဲ့ဆေး (Proton pump inhibitor)
2. ရင်ပူတာသက်သာအောင် (Antacid)
3. ဗိုက်နာတယ်ပြောတော့ (Anticholenergic drug => Buscopen***)
4. ချောင်းဆိုးတယ်၊ ရွှီရွှီမြည်ပြီး အသက်ရှူကြပ်တော့ ရင်ကြပ်ပျောက်ဆေး Ventolin/Deriphylline***)
5. မောတာ၊ အသက်ရှူကြပ်တာ ကျတော့ အရင်လိုပဲ စိတ်ကြောင့်ဖြစ်တာပါဆိုပြီး ရှင်းပြလိုက်မှာပေါ့နော်

ပြဿနာက အခုဖြစ်တာက အရင်လို စိတ်ကြောင့်ချည်းပဲ မဟူတ်တော့ဘူး

*****တကယ်ဖြစ်တာတွေရှိလာတော့ #အရင်ဆေးတွေနဲ့ မသက်သာတော့ဘူးလေ

အရင်ကဆို ဆေးသောက်ရင် သက်သာသွားပြီး အခုက မသက်သာတော့ နဂိုအခံ စိတ်ပူတတ်တာနဲ့ရောပြီး စိတ်တွေပူ
- Stress များတော့ အစာခြေရည်ကပိုထွက်
အဲ့ဒါတွေ အပြင် ရိုးရိုးအစာအိမ်ရောင်တာမှာပေးတဲ့ Buscopen*** ဆိုတဲ့ဆေးက Sphincter ကိုပို ကျယ်လာစေတယ်၊ နောက်ထပ်
ရင်ကြပ်တယ်ဆိုပြီးပေးတဲ့ ***Ventolin/Deriphylline ကလည်း Sphincter ကိုပို ကျယ်လာစေတယ်
- အဲ့တော့ ရင်ပူတာ၊ လေချဉ်တတ်တာ၊ အစာတွေပြန်တာ၊ ရင်ပတ်အောင့်တာ ၊ကြပ်တာ၊ ချောင်းဆိုးတာတွေက မသက်သာပဲ

😰😰 ပိုပို ဆိုး ဆိုးလာတယ် 😰😰

ဆရာဝန်အစုံ အထူးကုများအပါအဝင် ပတ်ပြပါတယ်၊
အခုလို Anxiety နဲ့ GERD တွဲဖြစ်တဲ့ လူနာများဟာ ရောဂါခံစားရတာကြာတော့ ရောဂါလက္ခဏာတွေရော၊ သောက်တဲ့ဆေးတွေရော ပြခဲ့တဲ့ ဆရာဝန်တွေအကြောင်းရော ဖွဲ့ဖွဲ့ နွဲ့နွဲ့ပြောနိုင်ကြတော့

သူတို့ရဲ့ ရောဂါ ရာဇဝင်ကြားတာ နဲ့ ဒီတစ်ယောက်ကတော့
- စိတ်ဖိစီးမှုကြောင့်ဖြစ်တာပဲ
👉 စိတ်မပူနဲ့ ဆေးပေးမယ်၊ သက်သာသွားမယ် (ဆိုပေမယ့်)
မသက်သာဘူးပဲ ဖြစ်ဖြစ်နေတော့
စိတ်ရောဂါက တော်တော်ဆိုးနေပြီ ဆိုပြီး
စိတ်ငြိမ်ဆေးတွေပါ သောက်ရပါလိမ့်မယ်

စိတ်ငြိမ်ဆေးတွေကြောင့် အိပ်မပျော်တာ ၊ ဖိစီးမှုများတာ သက်သာပေမယ့် GERD ရဲ့ ရင်ပတ်အောင့်၊ မောကြပ်၊ လည်ချောင်းနာ၊ တစ်ဆို့ဆို့ဖြစ်၊ ရင်ပူတာတွေက မသက်သာပါဘူး

အဲ့လိုနဲ့ ပဲ နောက်ဆရာပြောင်းပြန်ရော

ဆရာဝန်တစ်ယောက်က Anxiety ကို ကုရင်း နဲ့မှ မသက်သာရင် GERD ပါတွဲနေလားဆိုပြီး စဉ်းစားတတ်ပါတယ်
ဒါပေမယ့် လူနာကတော့ ဒီဆရာလည်း မစွံပါဘူးဆိုပြီး နောက်ဆရာတစ်ယောက်ပြောင်းပြီးပြနေပါပြီ
နောက်တစ်ယောက်ကိုလည်း စိတ်ရှည်လက်ရှည်မပြပဲ တစ်ရက်နှစ်ရက် 🤷‍♂️ အလွန်ဆုံးတစ်ပတ်စောင့်ကြည့်လို့မှ မသက်သာရင် ဆရာထပ်ပြောင်းပါလိမ့်မယ်

အဲ့ပုံစံ နဲ့ပဲ စိတ်ဆေးအစုံ၊ အစာအိမ်ဆေးအစုံ၊ ရင်ကြပ်ဆေးအစုံ သောက်ဖူးပြီး နှစ်ပတ်လည်အောင် ဝေဒနာ ခံစားနေရပါလိမ့်မယ်။

တချို့ဆိုရင် #အစာအိမ်မှန်ပြောင်းတောင်ကြည့်ဖြစ်ကြပါလိမ့်မယ်။

ဆိုတော့ကာ
CXR ၊ ECG၊ ECHO ၊ အစာအိမ်မှန်ပြောင်းကြည့်ပြီးလည်း 👉 Mild gastritis အစာအိမ်နည်းနည်းရောင်တယ် ဆိုတာက လွဲရင် ဘာမှ မထွက်ပါဘူး

👉👉👉👉👉

Anxiety + GERD တွဲနေပါတယ်

ကျေးဇူးပြုပြီး ***သေသေချာချာ ဖတ်ပေးကြပါ
အရေးကြီးလို့ပါ။*****

GERD က
ပထမအချက်
- ရိုးရိုးအစာအိမ်နာတာလို ခဏနဲ့မပျောက်ပါဘူး #ဆေး 💊 ကို လ နဲ့ချီပြီး သောက်ရပါတယ်
ဒုတိယအချက်
- သောက်ရတဲ့ဆေးက အရင်သောက်နေရတဲ့ (Antacid) ဆေး 💊 ပဲ ဖြစ်နေတော့ အထင်မကြီးပါဘူး 🤷‍♂️ ပျောက်မယ် မထင်ကြပါဘူး
တတိယအချက်
- အရင်ဆေးတွေသောက်ရပေမယ့် တချို့ပေးနေကျဆေးတွေဖြတ်လိုက်ဖို့လိုပါတယ် Buscopen***, Ventolin*** (ဘာလို့ဖြတ်ဖို့လိုလဲ သိပါပြီနော်) 👉👉👉 ဆေးလျှော့လိုက်တော့လည်း သက်သာမယ် မထင်ကြပါဘူး

အဲ့ဒီအချက်တွေကြောင့် ကျွန်တော်တို့တွေက လူနာတွေကို Anxiety နဲ့ GERD တွဲနေပါတယ် ဆိုပြီး သိရင်တောင် လူနာက #ဆေး 💊 ကို ယုံယုံကြည်ကြည် ရေရှည်မသောက်တဲ့ အတွက်

😰 ကုသမှု မအောင်မြင်ရတာပါ။

👉👉👉👉👉👉👉

#သက်သာအောင် ဘယ်လိုလုပ်မလဲ ???

ရောဂါအကြောင်း နည်းနည်းသိပြီထင်ပါတယ်။

၁။ ရင်ပူတာ၊ ရင်ပတ်အောင့်တာ အစရှိတဲ့ ဘာဖြစ်ဖြစ် Sphincter မလုံလို့ Acid တွေ ပြန်တတ်လို့ ဖြစ်မှန်း သိပြီဆိုတော့
👉 Antacidအရည် ထမင်းစားပြီးတိုင်းသောက်ပေးပါ (တစ်နေ့ {၃} ကြိမ်)
👉 ရောဂါက ဖြစ်တာကြာပြီ မို့ ဆေးက #တစ်လပြည့်အောင်သောက်ရပါမယ်
👉 Omeprazole က သောက်နေကျဆိုရင် ညအိပ်ယာဝင်ခါနီးတိုင်း သောက်ပါ (တစ်ကြိမ်ပါပဲ)
၂။ ချောင်းဆိုးတာ ၊ ရင်ကြပ်တာ ၊ ရွှီရွှီမြည်တာတွေက လည်း Sphincter မလုံလို့ Acid တွေ ပြန်တတ်လို့ ဖြစ်တာ အပြင်၊ ရင်ကြပ်ပျောက်ဆေးတွေက Sphincter ကို ပိုဆိုးစေတော့
👉 ရင်ကြပ်ပျောက်ဆေး Ventolin/Deriphylline ရပ်ရပါမယ်
၃။ အပူ၊ အစပ်၊ အချဉ်၊ ဆေးလိပ်၊ အရက်စတာတွေက ပိုဆိုးစေတော့ အဲ့ဒါတွေပါ ရှောင်ရပါမယ်။
၄။ အစာကို တဝ စားတာထက် နည်းနည်းနဲ့ ခဏခဏ စားတဲ့အကျင့်လုပ်ပါ
(အစာအိမ်ရောင်တဲ့ post မှာ ရှောင်ရမှာတွေ သေသေချာချာရေးထားပါတယ်)
၅။ Nocturnal Asthma လို့ခေါ်တဲ့ ညဘက်ရင်ကြပ်တာက အပေါ်မှာ ရှင်းပြခဲ့ သလို အစာခြေရည်တွေ လေပြွန်ထဲ ဝင်လို့ဖြစ်တာဆိုတော့ #အစာစားပြီး ***(၃) နာရီ ကျော်မှ အိပ်ပါ။
၆။ အစာခြေရည်တွေ ပြန်မတတ်လာအောင် ခေါင်းအုံး
မြင့်မြင့်/ခေါင်းရင်းနည်းနည်းမြှင့်ပြီး အိပ်ပါ

ဒီလောက်ဆိုရပါပြီ၊

အဲ့ဒါဆိုရင် လူအကုန်လုံး နီးနီး ပျောက်ကင်း သက်သာသွားကြပါမယ်။

သေသေချာချာဖတ်ပြီး
👉👉👉 ကြားထဲမှာ မသက်သာဘူးအော် မနေပဲ
👉👉👉သေသေချာချာ လိုက်နာပေးဖို့တော့ လိုပါတယ်။

(Original Post Oct, 2020 👉 https://www.facebook.com/104993831383029/posts/116639930218419/)

(Photo credit; Medical News Today)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

I have reached 3.5K followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉
03/12/2023

I have reached 3.5K followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉

မေ့ဆေးအသုံးပြု၍ ခွဲစိတ်မှုခံယူခြင်းသည် သင်ထင်ထားသလောက် ကြောက်စရာမကောင်းပါ။မေ့ဆေးဆရာဝန်များသည် မေ့ဆေးသုံးပြီး ခွဲစိတ်မှုမ...
25/09/2023

မေ့ဆေးအသုံးပြု၍ ခွဲစိတ်မှုခံယူခြင်းသည် သင်ထင်ထားသလောက် ကြောက်စရာမကောင်းပါ။

မေ့ဆေးဆရာဝန်များသည် မေ့ဆေးသုံးပြီး ခွဲစိတ်မှုမပြုလုပ်မီ သေချာအောင် လူနာတွင် မူမမှန်မှုများ သို့မဟုတ် မွေးရာပါရောဂါတစ်ခုခုရှိ မရှိ ကိုသေခြာအောင် စစ်ဆေးမည်ဖြစ်ပါသည်။ ထို့ကြောင့် လူနာများသည် မေ့ဆေးသုံး၍ ခွဲစိတ်မှုကိုခံယူရန် ကြောက်ရွံ့နေစရာမလိုပါ။

ဆရာဝန်သည် မေ့ဆေးကို ခန္ဓာကိုယ်ထဲသို့ သွင်းပြီးနောက်၊ ဆေးသည် လျင်မြန်စွာ အလုပ်လုပ်ဆောင်ပါလိမ့်မည်။ ထိုအခါတွင် လူနာသည် မူးဝေခြင်း၊ အိပ်ငိုက်ခြင်း တို့ကိုစတင်ခံစားရပြီး မကြာမီ အိပ်ပျော်သွားပါလိမ့်မည်။ ထို့နောက် ဆရာဝန်မှ ခွဲစိတ်မှုကို စတင်မည်ဖြစ်ပါသည်။ ခွဲစိတ်မှုအတွင်း လူနာနိုးမလာစေရန် မေ့ဆေးဆရာဝန်သည် လူနာ၏အခြေအနေကို အနီးကပ်စောင့်ကြည့်ပြီး အရေးကြီးသောလက္ခဏာများကို တိုင်းတာမည်ဖြစ်ပါသည်။

ထို့ကြောင့် လူနာများသည် မေ့ဆေးမှ ပြန်မနိုးလာမည်ကို ကြောက်ရွံစရာမလိုပါ။

+668-5323-6332
Viber
🧑‍⚕️👩‍⚕️ နှင့်ဲ

မျက်စိရေတိမ်ရောဂါ    #မျက်စိကိုက်တတ်တယ်။တစ်ခါတစ်ခါခေါင်းကိုက်တတ်တယ်။ #အမြင်မရှင်းဘူး။ဝါးတားတားနဲ့။ #မျက်စိနီတတ်တယ်။✍️ ရေ...
23/09/2023

မျက်စိရေတိမ်ရောဂါ


#မျက်စိကိုက်တတ်တယ်။တစ်ခါတစ်ခါခေါင်းကိုက်တတ်တယ်။
#အမြင်မရှင်းဘူး။ဝါးတားတားနဲ့။
#မျက်စိနီတတ်တယ်။

✍️ ရေတိမ်ရောဂါဆိုတာ မျက်စိအတွင်းမှာ တိမ်တိုက်တွေ လို အဖြူအနှစ် ဖြစ်တတ်တာကို ပြောတာမဟုတ်ပါဘူး။

-မျက်စိအတွင်းမှာရှိတဲ့ ရေပေါင်ချိန်တက်တဲ့ရောဂါဖြစ်ပါတယ်။

အသက်အရွယ်အားဖြင့် အသက်၅၀ကျော် လာရင် ပိုဖြစ်တတ်ပါတယ်။

ရေပေါင်တက်တာဘယ်လိုဖြစ်လဲဆိုတော့-

ကျွန်တော်တို့သွေးကြောထဲမှာ စီးဆင်းနေတဲ့ သွေးအရည်ရှိသလိုမျိုး မျက်စိထဲမှာလဲ အရည်ကြည်ရှိပါတယ်။သည်အရည်ကြည် ရဲ့တာဝန်က -

-မျက်စိကို လုံးဝန်းတဲ့ပုံစံဖြစ်နေအောင် အတွင်းကနေ ထောက်ကန်ပေးထားရပါတယ်။
အဲ့အတွက် မျက်စိထဲ သူ့ရဲ့ ပုံမှန် pressure တစ်ခုရှိနေရပါတယ်။

-နောက်တစ်ခုက မျက်စိအမြင်အာရုံ အတွက်လဲသူကအရေးပါပါတယ်။

-မြင်ကွင်းရှေ့ကပုံရိပ်တွေ ပြတ်ပြတ်သားသားမြင်ရဖို့ကို သူကအထောက်အကူပေးပါတယ်။

-နောက်တစ်ခုက မျက်စိထဲကဆဲလ်တွေအတွက် အာဟာရတွေပေးဖို့လဲ ဖြစ်ပါတယ်။

အသက်ကြီးတဲ့လူတွေမှာ မျက်စိအတွင်းရေပေါင်က တဖြေးဖြေးနဲ့ တက်လာပြီး တခြားဘာလက္ခဏာမှမပြတတ်လို့ လူကြီးတော်တော်များများ သတိထားမိကြမှာ မဟုတ်ပါဘူး။

နောက် ရေပေါင်တက်တာကို တွေ့ရတဲ့ အခြေအနေတစ်ခုက ရောဂါတွေရဲ့နောက်ဆက်တွဲပါ။
ဆီးချိုရောဂါ၊ အဝေးမှုန်၊အနီးမှုန်တဲ့သူတွေဖြစ်ပါတယ်။

ရေပေါင်တက်တဲ့လက္ခဏာက ကိုက်တာနဲ့ မျက်စိနီရဲတာပဲရှိတယ်ဆိုပြီး အရေးကြီးလားမေးရင်-

သူကနောက်ဆက်တွဲအနေနဲ့ မျက်စိ အမြင်အာရုံကြောဖြစ်တဲ့ Optic nerve ကို ဖိအားပေးပြီး အာရုံကြောပျက်စီးတာအထိ ဖြစ်တတ်လို့ပါ။

ဒါဆို မျက်စိကို ပုံမှန်စစ်ဆေးပေးနေဖို့လိုအပ်ပါတယ်။
ရေပေါင်တိုင်းတာနဲ့အတူ မျက်စိအာရုံလွှာ Retina အလွှာကိုစစ်ဆေးတာမျိုး၊ မျက်စိအတွင်းပိုင်း Lens မှန်ဘီလူးစစ်ဆေးတာမျိုး(အတွင်းတိမ်) စတာတွေလိုအပ်ပါတယ်။

……………………….

ရေတိမ်ရောဂါ ကုသဖို့ ဆိုရင် -

အစောပိုင်းအဆင့်ဆိုရင် -သက်သာနိုင်ပါတယ်။

ရေပေါင်ချတဲ့ ဆေးတွေဖြစ်တဲ့ မျက်စဉ်းခပ်တာမျိုး၊ သောက်ဆေးသောက်တာမျိုး လိုအပ်ပါတယ်။

ရောဂါအဆင့်မြင့်သွားရင်၊ဆေးနဲ့မသက်သာတော့ရင်-

နောက်တစ်နည်းကတော့ ခွဲစိတ်တဲ့နည်းသုံးပြီးကုသကြပါ တယ်။

လေးစားစွာဖြင့်
မပူဆူး
+668-5323-6332
Viber

Eye Hospital

Rutnin မျက်စိဆေးရုံမှာ မျက်စိစစ်ဆေးခြင်း၊ မျက်စိရောဂါများ အတွက် ကုသမှုခံယူလိုပါက ကျွန်တော်ဆီ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

ခြေထောက်သွေးကြောများအတွင်း_သွေးခဲခြင်း 💢 💢 💢မြန်မာအများစုက ညောင်းညာရင် ခြေလက်အနှိပ်ခံ အနင်းခံတာ ပြုလုပ်လေ့ရှိပါတယ်။ နင်း...
12/09/2023

ခြေထောက်သွေးကြောများအတွင်း_သွေးခဲခြင်း

💢 💢 💢

မြန်မာအများစုက ညောင်းညာရင် ခြေလက်အနှိပ်ခံ အနင်းခံတာ ပြုလုပ်လေ့ရှိပါတယ်။ နင်းနှိပ်သူတွေကလည်း နင်းနှိပ်ရုံသာမကဘဲ ပေါင်အရင်းမှာ ခြေဖဝါးနဲ့ အသားကုန် အတန်ကြာဖိထားပြီးမှ ဆတ်ခနဲ ဖိထားတဲ့ခြေဖဝါးကို ဖယ်ပစ်ကာ သူတို့အခေါ် အပူထုတ်တယ်ဆိုတဲ့နည်းကို သုံးလေ့ရှိကြတယ်။ ဘာနဲ့တူသလဲဆိုတော့ ရေစီးနေတာကို မစီးအောင် ခေတ္တနားထားပိတ်ထားပြီးမှ ဗြုန်းခနဲ အတားအဆီးကို ဖယ်လိုက်တဲ့အခါ သွေးတွေက ဒလဟောအမြန်စီးသွားလေတော့ ပူခနဲ၊ နွေးခနဲ၊ ရှိန်းခနဲ ခံစားလိုက်ရတယ်။ အဲဒါကို အနင်းခံသူက သွေးလျှောက်တယ်ထင်ပြီး ကောင်းတယ်ထင်ကြတယ်။ တကယ်က အန္တရာယ်ကြီးပါတယ်။ ဒလဟောစီးဆင်းတဲ့ သွေးတွေနဲ့အတူ တစ်နေရာရာမှာ ကပ်ငြိနေနိုင်တဲ့ သွေးခဲဖတ်တစ်ခုနှစ်ခုက ပြုတ်ထွက်လာပြီး နောက်တစ်နေရာမှာ သွေးကြောပိတ်ဆို့ကာ ပိတ်ဆို့တဲ့နေရာပေါ်မူတည်ပြီး အသက်အန္တရာယ်ကျရောက်နိုင်ပါတယ်။ ဒါကြောင့် အတင်းကာရောနှိပ်နယ်ခြင်း၊ အပူထုတ်ခြင်း မလုပ်သင့်ပါဘူး။

💢 💢 💢

#ခြေသလုံးသွေးကြောအတွင်း_သွေးခဲခြင်း
(Deep Vein Thrombosis - DVT) ဆိုတာ ဘာလဲ

ခြေသလုံးကြွက်သားအတွင်းက သွေးကြောတွေထဲမှာ သွေးခဲဖတ်တွေ ဖြစ်တည်လာတာပါ။ အဲဒီသွေးခဲဖတ်တွေက အဲဒီနေရာကနေ တခြားနေရာကိုရွေ့သွားပြီး အရေးကြီးအင်္ဂါအစိတ်အပိုင်းကို ထောက်ပံ့တဲ့ သွေးကြောတစ်ခုခုကို ပိတ်ဆို့မိမယ်ဆိုရင် အသက်သေဆုံးတဲ့အထိ အန္တရာယ်အတော်ကြီးမားပါတယ်။

💢 💢 💢

ဲ့အချက်ပေးလက္ခဏာများ

ခြေသလုံးအတွင်း သွေးခဲဖတ်တွေရှိနေပြီဆိုရင် ခြေသလုံးကြွက်သားတွေ နာကျင်တယ်။ နီရဲရောင်ကိုင်းလာလို့ ခြေသလုံးတစ်ဖက်နဲ့တစ်ဖက် အရွယ်အစားချင်း မညီတော့ဘူး။ ကုသမှုမယူမချင်း အဲဒီသွေးခဲဖတ်တွေက အလိုလိုပျောက်ကွယ်မသွားတော့ဘူး။ တစ်ချိန်မဟုတ်တစ်ချိန်မှာ သွေးကြောတစ်လျှောက် ပြုတ်ထွက်မျောပါသွားပြီး အဆုတ်သွေးကြောတွေရဲ့ တစ်နေရာရာမှာ ပိတ်ဆို့ကာ Pulmonary embolism ကြောင့် ရုတ်တရက် အသက်ရှူကျပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မောပန်းနွမ်းနယ်ကာ အသက်ရှူမ၀၊ အသက်ရှူမရတော့ဘဲ ရုတ်တရက်သေဆုံးနိုင်ပါတယ်။ ဦးနှောက်ကိုသွေးပို့တဲ့ သွေးကြောတစ်နေရာရာမှာ ပိတ်ဆို့ခဲ့ရင် လေဖြတ်တာနဲ့ အသက်သေဆုံးတာမျိုးလည်း ဖြစ်စေနိုင်တယ်။ တချို့မှာ အထက်ပါလက္ခဏာတွေက သိပ်မသိသာလို့ ဒါမှမဟုတ် သတိမထားမိလို့ ကုသမှုယူတာ နောက်ကျရင် အသက်အန္တရာယ် အလျင်အမြန်ကျရောက်စေပါတယ်။ မိသားစုထဲ အလားတူဖြစ်ဖူးရင်၊ အသက်ကလည်း ၆၀ ကျော်နေရင်၊ နှလုံးနဲ့သွေးကြောကျဉ်းရောဂါ မိသားစုထဲမှာဖြစ်ဖူးရင် သင်ကိုယ်တိုင်လည်း DVT ရောဂါဖြစ်ဖို့ အလားအလာအလွန်များပါတယ်။

💢 💢 💢

#ဘာကြောင့်ဖြစ်လာရသလဲ

ကာကွယ်လို့ရတဲ့ရောဂါဖြစ်ပေမယ့် သတိမထားမိရင် နှစ်စဉ် အရွယ်ရောက်သူ ထောင်ပေါင်းများစွာ သေဆုံးစေပါတယ်။ အမေရိကန်လိုနိုင်ငံမျိုးမှာတောင် နှစ်စဉ် တစ်သိန်းမှ ၂ သိန်းလောက် DVT ရောဂါနဲ့ သေဆုံးကြရတယ်။

သွေးအသွားအလာ နှေးကွေးစေတဲ့လူတွေ၊ ရှိသင့်တဲ့ကိုယ်အလေးချိန်ထက် ပိုများနေသူတွေ၊ အ၀လွန်နေသူတွေ၊ အထိုင်များပြီး သွက်လက်လှုပ်ရှားမှုနည်းပါးသူတွေ၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းမျိုးစုံသုံးစွဲသူတွေ၊ သန္ဓေတားဆေးဟော်မုန်းနဲ့ သွေးဆုံးအပြီး ဖြည့်စွက်ဟော်မုန်းဆေးသုံးစွဲသူတွေက အဆိုပါသွေးကြောတွင်း သွေးခဲတဲ့ DVT ရောဂါဖြစ်ဖို့ နီးစပ်ပါတယ်။

အဆီအအိမ့်အချိုအငန်များတာ ရှောင်ပြီး အသားနဲ့ထမင်း/ဂျုံ အများကြီးမစားဘဲ အသားနဲ့ ထမင်း အသင့်အတင့်နဲ့ အသီးအရွက် အသီးအနှံ ပိုများများစားခြင်း၊ ကိုယ်အလေးချိန်လျှော့ချခြင်း၊ သွက်လက်လှုပ်ရှားစွာနေထိုင်ခြင်း၊ သွေးတိုးမဖြစ်အောင် ကျန်းမာရေးဂရုစိုက်ခြင်း၊ သွေးတိုးရှိနေရင်လည်း စနစ်တကျကုသတာ၊ သွေးပေါင်ချိန်ကို ပုံမှန်နီးပါးရှိနေအောင် ထိန်းသိမ်းခြင်း၊ လေ့ကျင့်ခန်းနေ့စဉ်ပြုလုပ်ခြင်း၊ လမ်းများများလျှောက်ခြင်း စတာတွေဆောင်ရွက်မယ်ဆိုရင် DVT ရောဂါမဖြစ်အောင် ကာကွယ်နိုင်သလို ဖြစ်ပြီးသူဆိုရင်လည်း ကုသအပြီး ပြန်မဖြစ်အောင် တားဆီးနိုင်ပါတယ်။

Pls contact
+668-5323-6332
Viber

Credit to ဒေါက်တာအေးမြချယ်
Eternal Light Magazine
August 2018

★★★★★

အစဉ်ကျန်းမာဖို့ သိထားသင့်သော အချိန်များနံနက် ၅ နာရီမှ ၇ နာရီတွင် အူမကြီး အလုပ်လုပ်ချိန် ဖြစ်သောကြောင့် ထိုအချိန်အတွင်း အ...
09/09/2023

အစဉ်ကျန်းမာဖို့ သိထားသင့်သော အချိန်များ

နံနက် ၅ နာရီမှ ၇ နာရီတွင် အူမကြီး အလုပ်လုပ်ချိန် ဖြစ်သောကြောင့် ထိုအချိန်အတွင်း အိပ်ရာထကာ ရေတစ်ခွက် အဝသောက်ပြီး ၀မ်းမှန်မှန် သွားသင့်သည်။ ထိုသို့မဟုတ်ပါက အူမကြီးညှစ်အား နည်းနေ၍ ဖြစ်ပြီး အမျှင်ရှိသော အစားအစာ များများစားပေးပါ။

နံနက် ၇ နာရီမှ ၉ နာရီအတွင်း အစာအိမ်မှ အလုပ်လုပ်ချိန် ဖြစ်သောကြောင့် ထိုအချိန်တွင် နံနက်ခင်းစာ (Breakfast) အ၀ စားသင့်သည်။

နံနက် ၁၁ နာရီမှ ၁ နာရီအတွင်း နှလုံး (Heart) အလုပ်လုပ်ချိန် ဖြစ်သောကြောင့် ထမင်းစားပြီး ခဏတဖြုတ် အနားယူသင့်သည်။

ညနေ ၁ နာရီမှ ၃ နာရီအတွင်း အူသိမ်မှ အလုပ်လုပ်ချိန် ဖြစ်ကာ အလေးအပင်များ မ,ခြင်းမှ ဆင်ခြင်ရန် အထူးလိုအပ်သည်။

ညနေ ၃ နာရီမှ ၅ နာရီတွင် ဆီးအိမ်မှ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များကို စွန့်ပစ်ချိန် ဖြစ်သောကြောင့် အနည်းဆုံး ၁ လီတာမှ စ,ပြီး ရေများများ သောက်ရန် လိုအပ်သည်။
ညနေ ၅ နာရီမှ ၇ နာရီသည် ကျောက်ကပ် အလုပ်လုပ်ချိန် ဖြစ်သည်။

ထိုအချိန်တွင် ရေချိုးနေစဉ် ဆီးသွားခြင်း ရှောင်ပါ။ ကျောက်ကပ်ပျက်စီးလွယ်သည်။

ည ၇ နာရီမှ ၉ နာရီတွင် နှလုံးအမြှေးပါး အလုပ်လုပ်ချိန် ဖြစ်သောကြောင့် စိတ်အပန်းပြေစေသည့် Entertainment များ၊ ရယ်မောဖွယ် ဟာသများ စသဖြင့် ကြည့်ရှုခံစား သင့်သည်။

ည ၉ နာရီမှ ၁၁ နာရီသည် ခန္ဓာကိုယ်၏ အပိုင်းကြီး ၃ ပိုင်း (ဦးခေါင်း၊ ကိုယ်ပိုင်း၊ ခြေထောက်ပိုင်း) များကို နှီးနှောဖလှယ်ချိန် ဖြစ်သည်။

ည ၁၁ နာရီမှ ၃ နာရီသည် အသည်း (Liver) အလုပ်လုပ်ချိန် ဖြစ်သောကြောင့် ၁၁ နာရီထက် နောက်ကျပြီး မအိပ်သင့်ပါ။ သင့်အသည်းကို အနားပေးရန် လိုအပ်ပါသည်။

ထို့ပြင် ၁၁ နာရီမှ ၁ နာရီတွင် သည်းခြေမှ အလုပ်လုပ်သည်။
နံနက် ၃ နာရီမှ ၅ နာရီထိသည် အဆုတ်မှ အလုပ်လုပ်ချိန် ဖြစ်သောကြောင့် မနက် ၅ နာရီအထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သင့်သည်။

သင့်မိတ်ဆွေများကိုလည်း မျှဝေပေးဖို့ မမေ့နဲ့နော်။

Credit + ပါမောက္ခ ဒေါ်ခင်ဖြူ

(ဒီလို အကျိုးရှိတဲ့ ကျန်းမာရေးပို့စ်ကောင်းများကို ဖတ်ရှုန်ိုင်ရန် @ကျန်းမာရေးဗဟုသုတများ ဆိုတဲ့ ဒီ Page လေးကို Like နဲ့ See first လေး လုပ်ထားနိုင်ကြပါတယ်နော် )
Maung Maung Win King Win
Prince Hussain
Prince Prince
Prince Hussain

07/09/2023
Invest in a longer better life | 60 years of stem cells storageThe best of stem cellเมดีซกรุ๊ป จัดเก็บเซลล์ต้นกำเนิด (St...
14/08/2023

Invest in a longer better life | 60 years of stem cells storage
The best of stem cell

เมดีซกรุ๊ป จัดเก็บเซลล์ต้นกำเนิด (Stem Cell) ให้คุณได้ครบจาก 3 แหล่งสำคัญ
Métis group သည် အရေးပါသော ပင်မအရင်းအမြစ် ၃ နေရာမှ မွေးကင်းစပင်မဆဲလ်များကို ရရှိရန်
1. เลือดสายสะดือ (Cord Blood)
ချက်ကြိုးမှသွေး
ให้เซลล์ต้นกำเนิดเม็ดโลหิต (Hematopoietic Stem Cells : HPC) เพื่อรักษากลุ่มโรคเลือด ซึ่ง
เราใส่ใจเป็นพิเศษ เพราะทางการแพทย์ยังไม่สามารถเพิ่มจำนวนเซลล์ต้นกำเนิดชนิดนี้ได้
သွေးရောဂါအမျိုးအစားများကိုကုသရန် မူရင်းသွေးဆဲလ် များကိုဂရုတစိုက် သိမ်းဆည်းပေးခြင်း ဆေးပညာနည်းပညာတွင်ထိုမူရင်းသွေးဆဲလ်များကို တိုးပွါးအောင်မပြုလုပ်နိုင်သေးပါ
2. เนื้อเยื่อสายสะดือ (Wharton’s Jelly)
ချက်ကြိုးမှတစ်သျှူး
ให้เซลล์ต้นกำเนิดมีเซนไคมอล (Mesenchymal Stem Cells : MSC) เพื่อรักษาโรคความเสื่อมต่างๆ เป็นเซลล์ที่คุณภาพยอดเยี่ยมที่สุด เพราะอายุน้อย มีความบริสุทธิ์สูง และสามารถเพิ่มจำนวนได้
ယိုယွင်းပျက်စီးသောရောဂါအမျိုးမျိုးကိုကုသရန်အတွက်မီဇင်ခိုင်မောလ်မူရင်းသွေးဆဲလ်များကိုထုတ်လုပ်ပေးသည်။ ဤဆဲလ်သည် နုပျို၍ သန့်စင်သော အရည်အသွေးအကောင်းဆုံးဆဲလ်ဖြစ်ပြီး အရေအတွက်တိုးပွါးအောင်ဖြည့်နိုင်သည်။
3. เนื้อเยื่อไขมัน (Adipose Tissue)
အဆီမှဖြစ်စေသော တစ်သျှူး
ให้เซลล์ต้นกำเนิดมีเซนไคมอล (Mesenchymal Stem Cells : MSC) สำหรับทุกท่านที่พลาดโอกาสเก็บเมื่อแรกคลอด วันนี้ท่านสามารถเก็บได้จากเนื้อเยื่อไขมันของตัวเอง เพื่อดูแลตัวท่านเองจากโรคเสื่อมต่าง ๆ ของร่างกาย

အတွက်မီဇင်ခိုင်မောလ်မူရင်းသွေးဆဲလ်များကိုထုတ်လုပ်ပေးသည် ။မွေးကင်းစတွင်မသိမ်းဆည်းရသောသူများအတွက် ယနေ့တွင် သင်၏တစ်သျှူးများမှပင်မဆဲလ်များကို သင်၏ကိုယ်ခန္ဓာယိုယွင်းပျက်စီးမှုကြောင့်ဖြစ်လာမည့် ရောဂါများကိုကုသနိုင်ရန် သိမ်းဆည်းနိုင်ပါပြီ

The best of Technology အကောင်းဆုံးနည်းပညာ
HPC PROCESS | AXP AutoXpress Platform หนึ่งเดียวในไทย... ที่สุดในระดับโลก เทคโนโลยีเครื่องคัดแยกเซลล์อัตโนมัထိုင်းနိုင်ငံအတွင်းတနေရာတည်းသော…..ကမ္ဘာ့ထိပ်တန်းအဆင့်မှီ ဆဲလ်များကိုအလိုအလျောက်စီစစ်သောနည်းပညာဖြင့်ပြုလုပ်သောစက်

เอกสิทธิ์หนึ่งเดียวที่เมดีซกรุ๊ปเท่านั้น ที่สามารถคัดแยกเซลล์ต้นกำเนิดจากเลือดสายสะดือได้สูงสุดเกือบ 100 %

MSCs PROCESS เมดีซกรุ๊ป คัดแยกและเพาะเลี้ยงเซลล์ต้นกำเนิดในทันที ด้วยมาตรฐานสากล
ကမ္ဘာ့အဆင့်မှီနည်းပညာဖြင့်ပင်မဆဲလ်များကို ခွဲခြမ်းစိတ်ဖြာပြီးမွေးပေးသည်
ซึ่งใช้ในธนาคารสเต็มเซลล์ชั้นนำของโลก คุณจึงมีเซลล์ต้นกำเนิดอย่างเพียงพอ และมี
ကမ္ဘာတဝမ်းလုံး၏ရှေ့ဆောင်ပင်မဆဲလ်ဘဏ်တွင်အသုံးပြုသည့်တွက်ကြောင့် သင်လုံလောက်သောပင်မဆဲလ်ကိုရရှိမည်ဖြစ်ပြီး
ประสิทธิภาพสูงทางการรักษาเพาะเลี้ยงเซลล์ต้นกำเนิดมีเซนไคมอล
ကုသမှုတွင်အရည်အသွေးအလွန်ကောင်းပြီး မီစင်ခိုင်မောလ် ပင်မဆဲလ်ကိုမွေးထုတ်ပေးနိုင်သည်
• เพิ่มจำนวนเซลล์ต้นกำเนิดมีเซนไคมอล
မီစင်ခိုင်မောလ်ပင်မဆဲလ်အရေအတွက်ကိုတိုးပွါးစေခြင်း
• ยืนยันคุณภาพเซลล์ต้นกำเนิดมีเซนไคมอลด้วยภาพถ่าย
မီစင်ခိုင်မောလ်ပင်မဆဲလ်၏အရည်အသွေးကို ပုံနှင့်တကွသက်သေပြနိုင်ခြင်း
• จัดเก็บไว้ในไอระเหยไนโตรเจนเหลวที่ -196 ํC
နိုင်ထရိုဂျင်ငွေ့ ထိန်းညှိပါတ်ဝန်းကျင်-196 ํC တွင်သိုလှောင်ထားပေးခြင်း
• เพิ่มความมั่นใจด้วยห้องนิรภัย ป้องกันอัคคีภัย
မီးဘေးအန္တရာယ်တို့မှလည်းကာကွယ်နိုင်သောလုံခြုံသောအခန်းများကြောင့်ပို၍လုံခြုံစိတ်ချစေသည်
• เก็บสำรองไว้ให้คุณใช้ได้มากกว่าหนึ่งครั้ง
တခါထက်ပိုပြီးအသုံးပြုနိုင်ရန်အရံသင့်သိမ်းဆည်းပေးခြင်း
The best of Accreditation
ACCREDITATION
ISO 9001 : 2015 (TUV Rheinland ; GERMANY)
AABB (FORMERLY AMERICAN ASSOCIATION OF BLOOD BANKS)
COMPLIANCE
NEBB (NATIONAL ENVIRONMENTAL BALANCING BUREAU ; USA)
GMP (GOOD MANUFACTURING PRACTICES ; THAILAND)
MEMBERSHIP
ISCT (INTERNATIONAL SOCIETY FOR CELLULAR THERAPY)
AWARDS
FROST & SULLIVAN | Thailand
2017 Thailand Stem Cell Banking Growth Excellence Leadership Award
2018 - 2020 Thailand Stem Cell Banking Company of The Year Award
FROST & SULLIVAN | Southeast Asia
2019 Southeast Asia Stem Cell Banking Growth Excellence Leadership Award
2020 Southeast Asia Stem Cell Banking Technology Innovation Leadership Award
2021 Southeast Asia Stem Cell Banking Company of The Year Award
CMO ASIA
Thailand Brand Leadership Awards 2019
The best of Professional team
เมดีซกรุ๊ปเท่านั้นที่มีทีมบริหาร ทีมที่ปรึกษา และทีมเฉพาะกิจที่เชี่ยวชาญด้านเซลล์ต้นกำเนิดครอบคลุมทุกด้านอย่างแท้จริง
မေဒီကရု တခုတည်းသာလျှင် စီမံခန့်ခွဲသည့်အဖွဲ့ ၊ အတိုင်ပင်ခံအဖွဲ့ နှင့်ပင်မဆဲလ်ကုသမှုဆိုင်ရာကျွမ်းကျင်သောဆရာဝန်ကြီးများဖြင့်ဖွဲ့စည်းထားသောဘက်စုံပြီပြည့်စုံသော အသင်းအဖွဲ့ဖြစ်သည်
• แพทย์ผู้เชี่ยวชาญด้านการเก็บและการปลูกถ่ายเซลล์ต้นกำเนิดโดยตรงจาก National University of Singapore
National University of Singapore မှပင်မဆဲလ်သိမ်းဆည်းခြင်းနှင့်အစားထိုးကုသခြင်းဆိုင်ရာကျွမ်းကျင်သောဆရာဝန်ကြီးများ

• แพทย์ผู้เชี่ยวชาญด้าน In Vitho Fertilization (IVF) & Endoscopic Surgery
In Vitho Fertilization (IVF) ဖန်ပြွန်သန္ဓေ & Endoscopic Surgery မှန်ပြောင်းဖြင့်ခွဲစိတ်ကုသခြင်းတွင် ကျွမ်းကျင်သောဆရာဝန်ကြီးများ

• ศาสตราจารย์ทางด้าน Cloning & Embryonic Stem Cells
Cloning & Embryonic Stem Cells အပိုင်းမှ ပါမောက္ခဆရာဝန်ကြီးများ

พร้อมหน่วยงานการวิจัยและพัฒนาที่จะต่อยอดการรักษา และเผยแพร่ความสามารถนี้ เพื่อให้ทุกคนในประเทศไทยสามารถเข้าถึงและนำเซลล์ต้นกำเนิดไปรักษาได้ในอนาคต
သုတေသနအဖွဲ့အစည်း နှင့်ကုသမှုနည်းလမ်းတိုးတက်စေရန် ထိုင်းနိုင်ငံသားများသိရှိနားလည်ပြီး အနာဂါတ်တွင်ပင်မဆဲလ်ကုထုံးကိုခံယူနိုင်ရန်ရည်ရွယ်ပြီးဤစွမ်းရည်ကို ဖြန့်ဝေခြင်းဖြစ်သည်၊
The best of value
ที่สุดด้านแผนการจัดเก็บที่คุ้มค่าและใช้เพื่อรองรับการรักษาได้จริง
အဆုံးစွန်သော အဖိုးတန်သိုလှောင်မှုနှင့် ကုသရာတွင်အမှန်တကယ်အသုံးပြုန်ိုင်ရန်စီစဉ်ထားရှိမှုများ
Excellent Package - Cord blood saving, Placenta saving, Adipose saving
Excellent Storage plan - แผนการจัดเก็บระยะยาวที่ครอบคลุมการบริการตลอดชีพ
ရေရှည်ထားသိုသိမ်းဆည်းပေးသော တသက်တာဝန်ဆောင်မှုလုပ်ငန်းစဉ်များ
Excellent Guarantee - การันตีคุณภาพการจัดเก็บสูงสุดนาน 60 ปี

အမြင့်ဆုံး နှစ် 60 အတွင်းသိုလှောင်မှုအရည်အသွေးကို အာမခံပေးနိူင်ခြင်း။

+668-5323-6332
Pusue

ที่อยู่

Soi Pridi Banomyoung 16
Bangkok
10110

เวลาทำการ

จันทร์ 08:00 - 17:00
17:30 - 18:00
อังคาร 08:00 - 17:00
17:30 - 18:00
พุธ 08:00 - 17:00
17:30 - 18:00
พฤหัสบดี 08:00 - 17:00
17:30 - 18:00
ศุกร์ 08:00 - 17:00
17:30 - 18:00
เสาร์ 08:00 - 17:00
17:30 - 18:00
อาทิตย์ 08:00 - 17:00
17:30 - 18:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Pusue Medical Serviceผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Pusue Medical Service:

แชร์