Intrarat Hospital Myanmar

Intrarat Hospital Myanmar ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Intrarat Hospital Myanmar, โรงพยาบาล, 555/5 ถ. รามอินทรา แขวงรามอินทรา เขตคันนายาว, Thailand, Bangkok.

တုပ်ကွေးကာကွယ်ဆေးသည် ရာသီအလိုက်ဖြစ်ပွားသော တုပ်ကွေးရောဂါကို ကာကွယ်ပေးပြီး အဆုတ်ရောင်ရောဂါ၊ ဆေးရုံတက်ရခြင်းနှင့် ပြင်းထန်...
12/05/2026

တုပ်ကွေးကာကွယ်ဆေးသည် ရာသီအလိုက်ဖြစ်ပွားသော တုပ်ကွေးရောဂါကို ကာကွယ်ပေးပြီး အဆုတ်ရောင်ရောဂါ၊ ဆေးရုံတက်ရခြင်းနှင့် ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်မှုကို လျော့ချပေးနိုင်ပါသည်။ ကလေးများ၊ အသက်ကြီးသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် နာတာရှည်ရောဂါရှိသူများအတွက် အထူးအကြံပြုထားသော ကာကွယ်ဆေးဖြစ်ပါသည်။
ဒီတုပ်ကွေးရာသီမှာ သင်နှင့် သင်ချစ်ရသူများကို ကာကွယ်ဖို့ တုပ်ကွေးကာကွယ်ဆေး ထိုးနှံလိုက်ပါ။ နှစ်စဉ်ကာကွယ်ဆေးထိုးခြင်းက ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ပြင်းထန်သောရောဂါများ ဖြစ်ပွားနိုင်မှုကို လျော့နည်းစေကာ စိတ်ချမ်းသာမှုကိုလည်း ပေးစွမ်းနိုင်ပါသည်။ ကျန်းမာရေးကို ဦးစားပေးပြီး တုပ်ကွေးကာကွယ်ဆေးဖြင့် ကြိုတင်ကာကွယ်ကြပါစို့။

🏥 Intrarat Hospital တွင်
✔ အတွေ့အကြုံရှိ ဆရာဝန်များ
✔ ခေတ်မီ ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းများ
✔ နိုင်ငံတကာအဆင့် ဝန်ဆောင်မှု
✔ မြန်မာဘာသာဖြင့် အကူအညီပေးနိုင်သော Coordinator များ
✨ သင့်ကျန်းမာရေးကို အာမခံချင်ရင် “စောစောစစ်ဆေး၊ စောစောကုသ” ဆိုတာကို မမေ့ပါနဲ့။
📲 ယနေ့ပဲ ဆက်သွယ်ပြီး သင့်အတွက် သင့်တော်တဲ့ စစ်ဆေးမှုနှင့် ကုသမှု အကြံပြုချက်များ ရယူနိုင်ပါပြီ။

📢 ကျန်းမာရေးကို လျစ်လျူမရှုပါနဲ့ - သင့်ဘဝရဲ့ အရေးကြီးဆုံးပိုင်ဆိုင်မှုပါသင့်မှာ မကြာခဏ ခေါင်းကိုက်ခြင်း၊ ဝမ်းဗိုက်နာခြင်...
05/05/2026

📢 ကျန်းမာရေးကို လျစ်လျူမရှုပါနဲ့ - သင့်ဘဝရဲ့ အရေးကြီးဆုံးပိုင်ဆိုင်မှုပါ

သင့်မှာ မကြာခဏ ခေါင်းကိုက်ခြင်း၊ ဝမ်းဗိုက်နာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အစာမကြေခြင်း စတဲ့ လက္ခဏာတွေရှိနေပါသလား?
ဒီလို လက္ခဏာတွေကို သာမန်လို့ယူဆပြီး နေ့စဉ်ဘဝကို ဆက်သွားနေမိတာက အန္တရာယ်ဖြစ်နိုင်ပါတယ်။

🩺 ဘာကြောင့် စစ်ဆေးသင့်လဲ?

ရောဂါတွေကို အစောဆုံး ရှာဖွေတွေ့ရှိနိုင်တယ်
ကုသမှုကို လွယ်ကူစေပြီး ကုန်ကျစရိတ်လည်း လျော့နည်းစေတယ်
နောက်ဆက်တွဲ ပြင်းထန်မှုတွေကို ကာကွယ်နိုင်တယ်

🏥 Intrarat Hospital တွင်
✔ အတွေ့အကြုံရှိ ဆရာဝန်များ
✔ ခေတ်မီ ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းများ
✔ နိုင်ငံတကာအဆင့် ဝန်ဆောင်မှု
✔ မြန်မာဘာသာဖြင့် အကူအညီပေးနိုင်သော Coordinator များ

✨ သင့်ကျန်းမာရေးကို အာမခံချင်ရင် “စောစောစစ်ဆေး၊ စောစောကုသ” ဆိုတာကို မမေ့ပါနဲ့။

📲 ယနေ့ပဲ ဆက်သွယ်ပြီး သင့်အတွက် သင့်တော်တဲ့ စစ်ဆေးမှုနှင့် ကုသမှု အကြံပြုချက်များ ရယူနိုင်ပါပြီ။

💁‍♀️💁‍♂️ကျန်းမာရေးစစ်ဆေးရန် Intrarat Hospital သို့ လာရောက်ခဲ့ရာ ရင်သားစစ်ဆေးရာမှ  Breast Cancer ကို အစောပိုင်းတွင် တွေ့ရ...
17/04/2026

💁‍♀️💁‍♂️ကျန်းမာရေးစစ်ဆေးရန် Intrarat Hospital သို့ လာရောက်ခဲ့ရာ ရင်သားစစ်ဆေးရာမှ Breast Cancer ကို အစောပိုင်းတွင် တွေ့ရှိကာ အောင်မြင်စွာ ကုသမှုခံယူခဲ့သော အန်တီနှင့် အတူ Intrarat ဆေးရုံမှ ဂုဏ်ယူဝမ်းမြောက်မိပါသည်။
လူနာသည် ခွဲစိတ်ဆရာဝန်ကြီး Dr Kraipope Jarupaiboon ၏ ဆက်လက်စောင့်ရှောက်မှု အောက်တွင် ကုသမှုကို ချော့မွေ့စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။
Follow up တိုင်း အတွက်လည်း teleconsultation ဝန်ဆောင်မှုကိုလည်း ပံ့ပိုးပေးခဲ့ပါသည်။🔹🔹

🏥 Total mastectomy and SLNB package
-2 nights 3 days admission
- about 280,000 THB

⚡️Includes :
- surgeon + anesthesia
- OR + ward stay
- Basic meds and nursing

#ရင်သားကင်ဆာ #ခွဲစိတ် #ရင်သားcheckup

🎉 **Songkran Promotion အထူးအစီအစဉ်** 💦🌸သင့်ကျန်းမာရေးကို စောင့်ရှောက်ဖို့ အချိန်ကောင်းရောက်ပါပြီ!Intrarat Hospital မှာ *...
31/03/2026

🎉 **Songkran Promotion အထူးအစီအစဉ်** 💦🌸

သင့်ကျန်းမာရေးကို စောင့်ရှောက်ဖို့ အချိန်ကောင်းရောက်ပါပြီ!
Intrarat Hospital မှာ **Songkran Special Package – 11,999 THB** နဲ့ အထူးလျှော့ဈေးပေးနေပါပြီ 🎊

✨ **Package အတွင်းပါဝင်မည့်ဝန်ဆောင်မှုများ**
✔️ ကျန်းမာရေးစစ်ဆေးမှုအပြည့်အစုံ (Comprehensive Check-up)
✔️ သွေးစစ်ခြင်းနှင့် လိုအပ်သော Laboratory Tests များ
✔️ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှု
✔️ ကိုယ်အလေးချိန်၊ သွေးပေါင်ချိန်နှင့် အခြေခံကျန်းမာရေးစစ်ဆေးမှုများ

💡 **ဘာကြောင့် ဒီ Package ကိုရွေးချယ်သင့်သလဲ?**

* Songkran ကာလအထူးလျှော့ဈေး 🎁
* တစ်နေရာတည်းမှာ အပြည့်အစုံ စစ်ဆေးနိုင်မှု
* အချိန်ကုန်သက်သာပြီး ထိရောက်မှုမြင့်

📅 Promotion ကာလအကန့်အသတ်ရှိပါသည် – အမြန်စာရင်းပေးသွင်းလိုက်ပါ!

📞 Appointment ဘွတ်ကင်လုပ်ရန် – ယခုချက်ချင်း ဆက်သွယ်နိုင်ပါသည်

🌿 **ဒီ Songkran မှာ သင့်ကျန်းမာရေးကို လက်လွှတ်မခံပါနဲ့!** 🌿

🔥 အပူချိန်မြင့်လာတဲ့အချိန်မှာ အသားအရေပြဿနာတွေ ပိုမိုဖြစ်လာနိုင်ပါတယ်!နွေရာသီအပူလွန်ကဲမှုကြောင့်💦 ချွေးထွက်များခြင်း🌡️ အပ...
24/03/2026

🔥 အပူချိန်မြင့်လာတဲ့အချိန်မှာ အသားအရေပြဿနာတွေ ပိုမိုဖြစ်လာနိုင်ပါတယ်!

နွေရာသီအပူလွန်ကဲမှုကြောင့်
💦 ချွေးထွက်များခြင်း
🌡️ အပူအအေးမညီခြင်း
🦠 ဘက်တီးရီးယားများပေါက်ပွားလွယ်ခြင်းတို့ကြောင့်

အသားအရေပေါ်မှာ –
❗ ဝက်ခြံ (Acne)
❗ အပူလောင်ခြင်း (Heat rash)
❗ အသားယားယံခြင်း
❗ အဆီပြန်တက်ခြင်း
စတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

💡 ကာကွယ်ဖို့ အရေးကြီးတဲ့ အချက်များ
✔️ မျက်နှာကို သန့်ရှင်းစွာ ထားးပါ
✔️ အဆီမများတဲ့ skincare သုံးပါ (oil-free products)
✔️ နေရောင်ထဲထွက်ရင် sunscreen မမေ့ပါနဲ့
✔️ ရေများများ သောက်ပြီး ချွေးပေါက်များကို သန့်ရှင်းထားပါ
✔️ အပူလွန်ကဲတဲ့နေရာတွေကို ရှောင်ရှားပါ

👩‍⚕️ အသားအရေပြဿနာများ များလာခြင်း၊ ဆိုးရွားလာခြင်းရှိပါက ဆရာဝန်နှင့် အချိန်မီ တိုင်ပင်ဆွေးနွေးပါ။

📩 အသေးစိတ် သိရှိလိုပါက Message ပို့ပြီး မေးမြန်းနိုင်ပါတယ်။ viber number -+၆၆၈၁၁၁၇၇၁၃၃

😴 အိပ်မပျော်လား? အိပ်ရင်း မကြာခဏ လန့်နိုးလာတာရှိလား?သင့်အိပ်စက်မှုအရည်အသွေးက သင့်ကျန်းမာရေးကို တိုက်ရိုက် သက်ရောက်မှုရှိ...
20/03/2026

😴 အိပ်မပျော်လား? အိပ်ရင်း မကြာခဏ လန့်နိုးလာတာရှိလား?

သင့်အိပ်စက်မှုအရည်အသွေးက သင့်ကျန်းမာရေးကို တိုက်ရိုက် သက်ရောက်မှုရှိပါတယ်။
မသိမသာဖြစ်နေတဲ့ Sleep Disorder (အိပ်စက်မှုဆိုင်ရာရောဂါများ) ကို လျစ်လျူရှုမိရင် နှလုံးရောဂါ၊ သွေးတိုး၊ စိတ်ကျန်းမာရေးပြဿနာများထိ ဖြစ်လာနိုင်ပါတယ်။

💡 ဒါကြောင့် “Sleep Study Package” ဖြင့် သင့်အိပ်စက်မှုကို စနစ်တကျ စစ်ဆေးလိုက်ပါ။

🔍 Sleep Study ဆိုတာဘာလဲ?
ညအိပ်နေစဉ်အတွင်း—
✔️ အသက်ရှူပုံ
✔️ နှလုံးခုန်နှုန်း
✔️ ဦးနှောက်လှိုင်းများ
✔️ အောက်ဆီဂျင်အဆင့်
တို့ကို တိတိကျကျ စောင့်ကြည့်ပြီး ပြဿနာရှိမရှိ သိရှိနိုင်ပါသည်။

👩‍⚕️ ဘယ်သူတွေ လုပ်သင့်လဲ?
• အိပ်နေချိန်မှာ အသက်ရှူရပ်သလိုဖြစ်သူ
• မကြာခဏ လန့်နိုးသူ
• နေ့ခင်းမှာ မောပန်းလွန်းသူ
• အိပ်မပျော်တာ ကြာရှည်နေသူ
• Snoring (ဟောက်သံ) ပြင်းထန်သူ

Package price -15,000 THB

💡ကျွန်ုပ်တို့ Intrarat ၏ ခွဲစိတ်ဆရာဝန်အဖွဲ့မှ Colon Cancer (အူမကြီးကင်ဆာ) ကို Laparoscopic Low Anterior Resection (အပေါက...
16/03/2026

💡ကျွန်ုပ်တို့ Intrarat ၏ ခွဲစိတ်ဆရာဝန်အဖွဲ့မှ Colon Cancer (အူမကြီးကင်ဆာ) ကို Laparoscopic Low Anterior Resection (အပေါက်ဖောက် မှန်ပြောင်းဖြင့် ခွဲစိတ်နည်း) ဖြင့် အောင်မြင်စွာ ခွဲစိတ်ကုသလျက်ရှိပါသည်။

🔹ဤနည်းလမ်းသည် အပေါက်သေးများမှ ခွဲစိတ်ခြင်းဖြစ်သောကြောင့်
✔ သွေးယိုမှု နည်းပါးခြင်း
✔ နာကျင်မှု လျော့နည်းခြင်း
✔ ပြန်လည်နာလန်ထူမြန်ခြင်း တို့ကို ရရှိစေပါသည်။

🔹ခွဲစိတ်ပြီးနောက် လူနာသည်
Day 1 – 2 တွင် လှုပ်ရှားသွားလာနိုင်ပြီး
Day 4 – 5 တွင် ဆေးရုံမှ အဆင်ပြေစွာ ပြန်လည်ဆင်းနိုင်ခဲ့ပါသည်။

❤️ဆေးရုံတွင် ယုံကြည်စွာ လာရောက်ကုသမှု ခံယူသွားသော လူနာရှင်သည်
ဝမ်းအိတ်ဖြင့်နေရန် မလိုပဲ အောင်မြင်စွာ ခွဲစိတ်နိုင်သည့် အတွက်လဲ လွန်စွာ ဝမ်းမြောက်မိပါသည်။

✔️ကျွန်ုပ်တို့၏ အတွေ့အကြုံရှိ ခွဲစိတ်ဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာအဖွဲ့သည် လူနာတစ်ဦးချင်းစီအတွက် အကောင်းဆုံးကုသမှုကို ပေးစွမ်းရန် အမြဲတမ်း ကြိုးပမ်းလျက်ရှိပါသည်။
📌အူမကြီးကင်ဆာ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများအတွက်ခေတ်မီ Laparoscopic Surgery နည်းလမ်းများဖြင့် ကုသနိုင်ပါသည်။

အသေးစိတ်အချက်အလက်များနှင့် ဆွေးနွေးလိုပါက Messenger မှ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

MRI Scan – Accurate Diagnosis with Advanced Imagingခန္ဓာကိုယ်အတွင်းပိုင်းကို အသေးစိတ်နှင့် အတိကျဆုံး စစ်ဆေးနိုင်သောMRI S...
10/03/2026

MRI Scan – Accurate Diagnosis with Advanced Imaging

ခန္ဓာကိုယ်အတွင်းပိုင်းကို အသေးစိတ်နှင့် အတိကျဆုံး စစ်ဆေးနိုင်သော
MRI Scan (Magnetic Resonance Imaging) ကို ယနေ့ခေတ် ဆေးပညာတွင် အလွန်အရေးကြီးစွာ အသုံးပြုလျက်ရှိပါသည်။

MRI Scan ဖြင့် အောက်ပါရောဂါများကို စစ်ဆေးနိုင်ပါသည် –
✔️ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများ
✔️ ခါး၊ လည်ပင်း၊ ကျောရိုး ပြဿနာများ
✔️ အဆစ်နှင့် ကြွက်သား ထိခိုက်မှုများ
✔️ Tumor / Cancer အခြေအနေများ
✔️ အတွင်းအင်္ဂါများ၏ အခြေအနေ

✨ Why choose our hospital?
• Fast and accurate results
• International standard hospital in Bangkok
• Burmese speaking medical coordinator available

📩 Appointment & Inquiry
Messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါသည်

📞 Direct consultation available for Myanmar patients

🦵🦴 တင်ပါးဆုံနှင့် ဒူးဆစ် အစားထိုး ခွဲစိတ်ကုသမှု(Hip & Knee Arthroplasty – Joint Replacement Surgery)သင့်ရဲ့ ဒူးနာ၊ တင်ပါ...
03/03/2026

🦵🦴 တင်ပါးဆုံနှင့် ဒူးဆစ် အစားထိုး ခွဲစိတ်ကုသမှု
(Hip & Knee Arthroplasty – Joint Replacement Surgery)

သင့်ရဲ့ ဒူးနာ၊ တင်ပါးနာ ပြဿနာကြောင့်
🚶 လမ်းလျှောက်ရခက်ခဲနေလား?
🪑 ထိုင်ပြီးထရခက်နေလား?
😣 နာကျင်မှုကြောင့် နေ့စဉ်ဘဝထဲ အဆင်မပြေနေလား?
👉 တင်ပါးဆုံနှင့် ဒူးဆစ် အစားထိုး ခွဲစိတ်ကုသမှု က သင့်ဘဝကို ပြန်လည်လှုပ်ရှားနိုင်အောင် ကူညီပေးနိုင်ပါတယ်။

✔️ ဘယ်သူများအတွက် သင့်တော်သလဲ?
💁‍♀️Osteoarthritis ကြောင့် အဆစ်ယိုယွင်းနာကျင်နေသူများ
💁‍♂️Rheumatoid arthritis ရှိသူများ
💁‍♀️မတော်တဆ ထိခိုက်ဒဏ်ရာကြောင့် အဆစ်ပျက်စီးသူများ
💁‍♂️ဆေးဝါးနှင့် သာမန်ကုသမှုများဖြင့် မသက်သာသေးသူများ

🌟 ခွဲစိတ်ပြီးနောက် ရရှိနိုင်သော အကျိုးကျေးဇူးများ
✅ နာကျင်မှု သိသိသာသာ လျော့နည်းခြင်း
✅ လှုပ်ရှားနိုင်စွမ်း ပြန်လည်ကောင်းမွန်ခြင်း
✅ လမ်းလျှောက်နိုင်မှု တိုးတက်ခြင်း
✅ ဘဝအရည်အသွေး မြင့်တက်ခြင်း

🏥 ကျွန်ုပ်တို့၏ အထူးပြု ဝန်ဆောင်မှုများ
🔹အတွေ့အကြုံကြီးမားသော အရိုးအထူးကု ဆရာဝန်များ
🔹ခေတ်မီ ခွဲစိတ်ကိရိယာများ
🔹စနစ်တကျ ပြန်လည်လေ့ကျင့်ရေး (Rehabilitation) အစီအစဉ်
🔹လူနာတစ်ဦးချင်း အထူးဂရုစိုက် စီမံခန့်ခွဲမှု

23/02/2026

🏥 Intrarat Hospital – ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရသော ရွေးချယ်မှု

Bangkok မြို့တွင် တည်ရှိသော **Intrarat Hospital** သည်
ခေတ်မီဆေးဘက်ဆိုင်ရာနည်းပညာများနှင့် အတွေ့အကြုံရှိ ဆရာဝန်ကြီးများဖြင့်
လူနာများအား စိတ်ချယုံကြည်စွာ ကုသပေးနေပါသည်။

✨ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ
• အထွေထွေကျန်းမာရေးစစ်ဆေးမှု (Health Check-up)
• အထူးကုဆရာဝန်များဖြင့် တိကျမှန်ကန်သော ရောဂါရှာဖွေခြင်း
• ခေတ်မီ ဓာတ်မှန်၊ Ultrasound နှင့် Lab စစ်ဆေးမှုများ
• အရေးပေါ်ဝန်ဆောင်မှု ၂၄ နာရီ
• နိုင်ငံခြားလူနာများအတွက် ဘာသာပြန်နှင့် ညှိနှိုင်းဝန်ဆောင်မှု

💙 လူနာအလေးထားမှုသည် ကျွန်ုပ်တို့၏ အဓိက ဦးစားပေးဖြစ်ပါသည်။
တစ်ဦးချင်းစီ၏ လိုအပ်ချက်များကို နားထောင်ပြီး သင့်တော်သော ကုသမှုအစီအစဉ်များကို စီမံပေးပါသည်။

📍 Bangkok, Thailand
📩 အသေးစိတ်သိရှိလိုပါက Messenger မှ ဆက်သွယ်နိုင်ပါသည်။

Intrarat Hospital –
**သင့်ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရသော ပါတနာ**

https://youtu.be/BGITCbupzGk?feature=shared

🎊 新年快乐! Happy Chinese New Year 2026!🎊🧧🏮 တရုတ်နှစ်သစ်ကူးပွဲတော်အခါသမယတွင် Intrarat Hospital မှ မိတ်ဆွေများ၊ လူနာများနှင့်...
18/02/2026

🎊 新年快乐! Happy Chinese New Year 2026!🎊

🧧🏮 တရုတ်နှစ်သစ်ကူးပွဲတော်အခါသမယတွင် Intrarat Hospital မှ မိတ်ဆွေများ၊ လူနာများနှင့် မိသားစုဝင်များအားလုံးကို ကျန်းမာရေးကောင်းမွန်ခြင်း၊ စီးပွားရေးအောင်မြင်ခြင်းနှင့် ကံကောင်းခြင်းများပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

Intrarat Hospital အဖွဲ့သားများက နှစ်သစ်အလှူသင်္ကေတဖြစ်သော လိမ္မော်သီးများကို အတူတကွ မျှဝေစားသုံးကာ စည်းလုံးညီညွတ်မှုနှင့် ကံကောင်းခြင်းအဓိပ္ပါယ်ကို မျှဝေခဲ့ကြပါသည်။ 🍊✨

လိမ္မော်သီးသည် တရုတ်ယဉ်ကျေးမှုအရ **ချမ်းသာကြွယ်ဝခြင်းနှင့် ကံကောင်းခြင်း** ကို ကိုယ်စားပြုသည်ဟု ယုံကြည်ကြပါသည်။ Intrarat Hospital မိသားစုမှလည်း လူနာများနှင့် မိတ်ဖက်များအားလုံးအတွက် အောင်မြင်မှုနှင့် ပျော်ရွှင်မှုများ များစွာရရှိပါစေကြောင်း ဆုတောင်းအပ်ပါသည်။

🎆 2026 ခုနှစ်တွင် ကျန်းမာရေးကောင်းမွန်ပြီး အနာဂတ်တောက်ပသည့်နှစ်တစ်နှစ် ဖြစ်ပါစေကြောင်း Intrarat Hospital မှ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။




🍊🏮✨

ที่อยู่

555/5 ถ. รามอินทรา แขวงรามอินทรา เขตคันนายาว, Thailand
Bangkok
10230

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Intrarat Hospital Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท