25/04/2026
🙏🙏🙏🙏🙏
ကမ္မဋ္ဌာန်းဆရာ ပြည့်စုံရမည့်တရား (၈)ပါးမှာ အဘယ်နည်း။?
ပို့စ်ကဒ်လေးအနေနဲ့ အချိန်ပေးပြီး ပုံဖော်ထားရတာမို့ ကျွန်ုပ်၏စေတနာကို အသိအမှတ်ပြုပေးကြဖို့ မျှော်လင့်မိပါတယ်။
မှတ်ချက်။ ။ လွတ်လပ်စွာ ကူးယူဖော်ပြခွင့်ပေးပါသည်။
"စကားကျယ် နားငယ်မဆန့်ရာ”
(ကြီးကျယ်သော တရားစကားများသည် ဉာဏ်နည်းပါးသောသူတို့အတွက် အဆင်မပြေနိုင်ကြပေ)
"ပါရမီ နဂိုရ်၊ မယှိလိုက၊
ကုသိုလ် သုစရိုက်၊ မဟောထိုက်တည့်၊
သူမိုက် တိရစ္ဆာန်၊ နိဗ္ဗာန်စကား၊
အလွန်ခါး၏။
နားပါး မဝင်၊ သိမြင်မဲ့စွာ၊
သူယုတ်မာအား၊ ခြင်းရာ ကောင်း-ဆိုး၊
ကြောင်း-ကျိုးတရား၊ မဟောကြားရာ၊
ဟောမိပါက၊ အပြစ်ရ၏။”
(မဃဒေဝလင်္ကါသစ် ၊ ပိုဒ်ရေ-၂၁၁)
စကားလက်ဆောင် -
“အသိပညာသည်သာ ဘဝ၏ အလင်းရောင်ဖြစ်ပါသည်။
ဤ ‘ဉာဏပဒေသာ’ မှ ရရှိသော အသိအမြင်များဖြင့် မိမိနှင့် ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်သော ပညာရှင်တစ်ဦး ဖြစ်ပါစေ။”
လေးစားစွာဖြင့်-
သျှင်ပျို(ဉာဏပဒေသာ)
#အသိပညာရေးဆိုင်ရာပရဟိတဖောင်ဒေးရှင်း
#သျှင်ပျို_ဉာဏပဒေသာ #ဉာဏပဒေသာ