26/03/2026
👉အိပ်ပျော်နေစဉ် ဟောက်တတ်သူများအတွက်
🫁အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း (Obstructive Sleep Apnea - OSA) ဆိုသည်မှာ အိပ်နေစဉ်အတွင်း လေပြွန်တစ်ရှူးများ ပိတ်ဆို့မှုကြောင့် အသက်ရှူခဏတာ ရပ်သွားခြင်း သို့မဟုတ် အသက်ရှူနှုန်း အလွန်နှေးကွေးသွားခြင်း ဖြစ်ပါတယ်
🧠ရေရှည်တွင် နှလုံးနှင့် ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အခြေအနေတစ်ခု ဖြစ်ပါတယ်
🫁OSA လူနာများ အိပ်ပျော်နေချိန်တွင် လည်ပင်းအတွင်းရှိ ကြွက်သားများ လျော့ရဲလာပြီး လေပြွန်ကို ပိတ်ဆို့လိုက်သောကြောင့် ဟောက်သံထွက်လာပြီး အဆုတ်ထဲသို့ လေလုံလောက်စွာ မရောက်ရှိတော့ပါ
👨⚕️ဒါ့အပြင် သွေးထဲရှိ အောက်ဆီဂျင်ပမာဏ ကျဆင်းသွားပြီး ဦးနှောက်က နိုးထရန် အချက်ပေးသည့်အတွက် လူကလန့်နိုးလာခြင်း (သို့မဟုတ်) အသက်ပြင်းပြင်း ပြန်ရှူခြင်းများ ဖြစ်ပေါ်စေပါတယ်
😴OSA ရှိသူအများစုသည် မိမိတို့တွင် ဖြစ်နေသည်ကို မသိကြဘဲ အတူအိပ်သူများကသာ သတိထားမိလေ့ရှိပါတယ်
🎈လက္ခဏာများ အနေနဲ့ကတော့
👉ကျယ်လောင်စွာ ဟောက်ခြင်း
👉ခဏခဏ အသက်ရှူရပ်သံ ကြားရခြင်း
👉လန့်နိုးခြင်း
👉အသက်ရှူသံ ပြင်းထန်ခြင်း
👉နေ့ဘက်တွင် အလွန်အမင်း အိပ်ငိုက်ခြင်း
👉 ညဘက် ကောင်းကောင်းမအိပ်ရသဖြင့် အလုပ်လုပ်စဉ် သို့မဟုတ် ကားမောင်းစဉ် ငိုက်မြည်းခြင်း
👉မနက်နိုးလျှင် ခေါင်းကိုက်ခြင်း
👉အာရုံစူးစိုက်မှု အားနည်းခြင်း
👉မေ့လျော့လွယ်ခြင်းနှင့် စိတ်တိုလွယ်ခြင်း
တို့ပဲ ဖြစ်ပါတယ်ခင်ဗျ
🎈ဘယ်သူတွေမှာ ပိုဖြစ်နိုင်သလဲ
👉ကိုယ်အလေးချိန် များသူများ
👉 လည်ပင်းတစ်ဝိုက်ရှိ အဆီများသူများ
👉အသက်ကြီးသူများ
👉OSA မျိုးရိုးရှိသူ
👉လည်ပင်းတုတ်သူများ
👉ဆေးလိပ်နှင့် အရက် အလွန်အကျွံသောက်သူများ
တို့ပဲဖြစ်ပါတယ်ခင်ဗျ
🎈နောက်ဆက်တွဲပြဿနာများအနေနဲ့ကတော့
👉နှလုံးရောဂါ
👉သွေးတိုးရောဂါ
👉နှလုံးစည်းချက်မမှန်ခြင်းရောဂါ
👉နှလုံး သွေးကြောပိတ်ရောဂါ
👉ဆီးချိုရောဂါ
👉လေဖြတ်ရောဂါ
တို့ ဖြစ်နိုင်ခြေများပါတယ်
🛌နေ့ဘက် အိပ်ငိုက်မှုကြောင့် ကားအန္တရာယ် သို့မဟုတ် လုပ်ငန်းခွင် အန္တရာယ်များ ဖြစ်စေနိုင်တယ်ခင်ဗျ
🎈ရောဂါရှာဖွေခြင်းအနေနဲ့ကတော့
👉Sleep Study (Polysomnography) ခေါ် အိပ်စက်မှုဆိုင်ရာ စစ်ဆေးမှုနဲ့ ရောဂါက်ို ရှာဖွေလို့ရပါတယ်ခင်ဗျ
🎈ကုသနည်းများကတော့
👉CPAP စက်ကို အသုံးပြုခြင်း
👉ကိုယ်အလေးချိန် လျှော့ချခြင်း
👉ဘေးစောင်းအိပ်ခြင်း
👉အရက်နှင့် ဆေးလိပ်ရှောင်ခြင်း
👉လေပြွန်ကို ပိတ်ဆို့နေသည့် တစ်ရှူးများကို ဖယ်ရှားခြင်းတို့ပဲ ဖြစ်ပါတယ်ခင်ဗျ
◽ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ
👉ဆေးရုံ၊ဆေးခန်း ပြချင်သူတွေ
👉ဆေး စစ်ချင်သူတွေ
ကျွန်တော့်ကို ဆက်သွယ်လို့ရပါတယ်ခင်ဗျ
မိမိနဲ့သင့်တော်တဲ့
👉Medical Check Up လုပ်ခြင်း
👉အထူးကုဆရာဝန်ကြီးများနဲ့ ပြသခြင်းကို ချိတ်ဆက်ခ မယူဘဲ ဝန်ဆောင်မှု ပေးနေပြီ ဖြစ်ပါတယ် ခင်ဗျ
☎️အသေးစိတ်သိရှိလိုပါက
Doctor Thi Han Tun Page Messenger ကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ
#အိပ်မပျော်ရောဂါ #ဆေးစစ်ခြင်း #ထိုင်းနိုင်ငံဆေးစစ်ခြင်း