Thonburi Bamrungmuang - Myanmar

Thonburi Bamrungmuang - Myanmar "ကျန်းမာရေးအတွက် အပြည့်အဝအားထားရာ — ထွန်ဘူရီ ဘမ်ရွန်မွမ် ဆေးရုံကြီးပါ "

ထွန်ဘူရီဘမ်ရွန်မွမ်တွင် ခေတ်မီအဆင်မြင့် တစ်ဦးချင်းစီအတွက် ကုသမှုများကိုရရှိနိုင်ပါတယ်။ နိုင်ငံတကာထွန်ဘူရီဆေးရုံအုပ်စုကြီးတွင် ထွန်ဘူရီဘမ်ရွန်မွမ်ဆေးရုံ အပါအဝင်ထိုင်းနိုင်ငံရှိဆေးရုံ အခွဲ ၁၀ ရုံရှိပြီးတော့ မြန်မာနိုင်ငံတွင်လည်းအာယုဆေးရုံကြီးနှင့်ညီအမ ဆေးရုံဖြစ်ပါတယ်။ နှစ်ပေါင်း ၄၀ ကျော်အတွေ့အကြုံရှိသော ဆေးရုံကြီးတွင် ၉၆၃ ကုတင်နှင့် ပြင်ပလူနာ ၅၈၀၀ ကို ထွန်ဘူရီဆေးရုံ၊ထွန်ဘူရီ ၂ ဆေးရုံ၊ထွန်ဘူရီဘမ်ရွန်

မွမ်ဆေးရုံ၊အူဘွန်ရပ်ထွန်ဘူရီဆေးရုံ၊စီရီဝေ့ဆေးရုံချနိထဘူရီ၊ ထွန်ဘူရီထူဆွမ်ဆေးရုံ၊လရင်ဒီဆေးရုံတို့ဘဲ့ဖြစ်ပါတယ်။
ထွန်ဘူရီဘမ်ရွန်မွမ်ရဲ့ အဓိကစင်တာတွေကတော့
အဆင့်မြင့်ဆီးချိုအနာကုသခြင်းစင်တာ
IVF စင်တာ- ဖန်ပြွန်သန္ဓေသားနည်းပညာ
Digital သွားဘက်ဆိုင်ရာအဆင့်မြင့်သွားကုသခြင်းနှင့်သွားအလှအပစင်တာ
နှလုံး အထူးကုသမှုစင်တာ
အရိုး အထူးကုသမှုစင်တာ
အစာအိမ်အူလမ်းကြောင်းနှင့်အသည်းစင်တာ
အထွေထွေ ရောဂါခွဲစိတ်စင်တာ
ကင်ဆာကီမိုဆေးသွင်းကုသစင်တာ
လေဆာနှင့်မျက်လုံးအထူးကုစင်တာ
ကျန်းမာရေးစစ်ဆေးခြင်းစင်တာ
ကလေးရောဂါအထူးကုစင်တာ

⚡ ခါးနာရုံတင်မကဘဲ ခြေထောက်အထိ နာကျင်နေပါသလား။ ⚡ခါးနာတာအပြင် နာကျင်မှုက တင်ပါး၊ ခြေထောက်နဲ့ ခြေဖဝါးအထိပါ ဆင်းပြီး ထုံကျင်...
26/05/2026

⚡ ခါးနာရုံတင်မကဘဲ ခြေထောက်အထိ နာကျင်နေပါသလား။ ⚡

ခါးနာတာအပြင် နာကျင်မှုက တင်ပါး၊ ခြေထောက်နဲ့ ခြေဖဝါးအထိပါ ဆင်းပြီး ထုံကျင်အားနည်းသလို ခံစားနေရရင် ဒါဟာ "Sciatica (ဆိုင်ရာတီကာ) ခေါ် နောက်ကျောအာရုံကြောညှပ်ခြင်း" ရဲ့ လက္ခဏာရပ်တွေ ဖြစ်နိုင်ပါတယ်။

🔍 ဘာကြောင့် ဖြစ်ရတာလဲ?

အဓိကဖြစ်စေနိုင်တဲ့ အကြောင်းရင်း (၃) ချက်ကတော့ -

☑️ ကျောရိုးဆစ်ကျွံခြင်း
☑️ ကျောရိုးဆစ်ယိုယွင်းလာခြင်း
☑️ ကျောရိုးဆစ်ကျဉ်းမြောင်းခြင်း

⚠️ လျှစ်လျူမရှုသင့်တဲ့ လက္ခဏာများ

"ခါးနာခြင်းနှင့်အတူ ခြေထောက်တစ်လျှောက် ထုံကျင်ခြင်း၊ အားနည်းခြင်း စသည့် လက္ခဏာများ ခံစားရပါက လျှစ်လျူမရှုသင့်ပါ။"

🏥 Thonburi Bamrungmuang Hospital ထွန်ဘူရီဘမ်ရွန်မွမ်ဆေးရုံကြီးမှ ကျွမ်းကျင်ဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးပြီး စနစ်တကျ ကုသမှုခံယူနိုင်ပါသည်။

#ခါးနာခြင်း #အာရုံကြောညှပ်ခြင်း

နှလုံးကျန်းမာရေးအတွက် ဘယ်စစ်ဆေးမှုက သင့်အတွက် ပိုလိုအပ်လဲ? ❤️🏥သင်က လှုပ်ရှားမှုလုပ်တဲ့အခါ ရင်ဘတ်အောင့်တာ၊ မောပန်းလွယ်တာမ...
19/05/2026

နှလုံးကျန်းမာရေးအတွက် ဘယ်စစ်ဆေးမှုက သင့်အတွက် ပိုလိုအပ်လဲ? ❤️🏥

သင်က လှုပ်ရှားမှုလုပ်တဲ့အခါ ရင်ဘတ်အောင့်တာ၊ မောပန်းလွယ်တာမျိုးတွေ ခံစားနေရပြီလား?
ဒါမှမဟုတ် မိမိရဲ့ နှလုံးကျန်းမာရေးကို ကြိုတင်စစ်ဆေးချင်တာလား?

EST (Exercise Stress Test) နဲ့ ECHO (Echocardiogram) တို့ရဲ့ ကွာခြားချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

🏃‍♂️ EST (Exercise Stress Test) ဆိုတာဘာလဲ?

ပြေးစက်ပေါ်မှာ လမ်းလျှောက်/ပြေးရင်း နှလုံးရဲ့ အလုပ်လုပ်ပုံကို စစ်ဆေးတာဖြစ်ပါတယ်။

📌လေ့ကျင့်ခန်းလုပ်နေစဉ် နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်ကို တိုင်းတာခြင်း။
📌နှလုံးသွေးကြောကျဉ်းရောဂါ ရှိ၊ မရှိ စစ်ဆေးခြင်း။

ဘယ်သူတွေ စစ်ဆေးသင့်လဲ?
အားစိုက်လုပ်ရတဲ့အခါ ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ်တဲ့အခါ ရင်ဘတ်အောင့်တတ်သူများ။

💓 ECHO (Echocardiogram) ဆိုတာဘာလဲ?

အာထရာဆောင်း (Ultrasound) ရိုက်ပြီး နှလုံးရဲ့ ပုံသဏ္ဍာန်နဲ့ လုပ်ဆောင်ချက်တွေကို အသေးစိတ် ကြည့်ရှုစစ်ဆေးတာဖြစ်ပါတယ်။

📌နှလုံးအခန်းများ၊ နှလုံးအဆို့ရှင်များနဲ့ နှလုံးကြွက်သားများရဲ့ အခြေအနေကို စစ်ဆေးခြင်း။
📌နှလုံးညှစ်အား ကောင်း၊ မကောင်း ကြည့်ရှုခြင်း။

ဘယ်သူတွေ စစ်ဆေးသင့်လဲ?
နှလုံးခုန်နှုန်းမမှန်သူများ၊ အကြောင်းရင်းမရှိဘဲ ခဏခဏ မောပန်းလွယ်သူများ။

⚠️ မှတ်ချက် - မိမိနဲ့ ဘယ်လိုစစ်ဆေးမှုမျိုးက ပိုမိုသင့်တော်မလဲဆိုတာကို ကျွမ်းကျင်တဲ့ အထူးကုဆရာဝန်ကြီးများနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ ရွေးချယ်သင့်ပါတယ်။

နှလုံးကျန်းမာရေးနဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းမေးမြန်းလိုပါက -
📞 ဖုန်း - +66 94-213-0830 (Viber) သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

#နှလုံးကျန်းမာရေး

အစာအိမ်နှင့် အူမကြီးမှန်ပြောင်းကြည့်ခြင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ 📌✅ မှန်ပြောင်းမကြည့်မီ အနည်းဆုံး (၆) နာရီ ကြို...
15/05/2026

အစာအိမ်နှင့် အူမကြီးမှန်ပြောင်းကြည့်ခြင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ 📌

✅ မှန်ပြောင်းမကြည့်မီ အနည်းဆုံး (၆) နာရီ ကြိုတင်၍ အစာနှင့် ရေ လုံးဝဖြတ်ထားရပါမည်။
✅ ရောဂါအခံရှိသူများ သို့မဟုတ် ဆေးမတည့်သူများအနေဖြင့် ဆရာဝန်ကို ကြိုတင်အသိပေးရပါမည်။ ပုံမှန်သောက်နေကျဆေးများ (ဥပမာ - သွေးတိုးကျဆေး) ရှိပါက ရေအနည်းငယ် (30 ml ခန့်) ဖြင့် ပုံမှန်အတိုင်း သောက်နိုင်ပါသည်။
✅ ဆီးချိုရောဂါရှိသူများအနေဖြင့် အစာနှင့် ရေဖြတ်ထားရမည်ဖြစ်သောကြောင့် ဆေးပမာဏကို ချိန်ညှိနိုင်ရန် ဆရာဝန်နှင့် ကြိုတင်တိုင်ပင်ရပါမည်။ (ဆေးပုံမှန်အတိုင်းသောက်ပါက သွေးတွင်းသကြားဓာတ် လွန်ကဲစွာကျဆင်းခြင်း ဖြစ်ပေါ်နိုင်သောကြောင့် ဖြစ်ပါသည်။)
✅ မှန်ပြောင်းမကြည့်မီ (၂) ရက်အလို အစာကြေလွယ်သော အစားအစာများ (ဥပမာ - ဆန်ပြုတ်၊ စွပ်ပြုတ်၊ ငါး၊ ဥအမျိုးမျိုး) ကိုသာ စားသုံးပါ။ အမျှင်ဓာတ်များသော အစားအစာများ (ဥပမာ - ဆန်လုံးညို၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံနှင့် အသားမာများ) ကို ရှောင်ကြဉ်ပါ။
မှန်ပြောင်းမကြည့်မီ (၁) ရက်အလို အမျှင်ဓာတ်မပါသော အရည်ကြည်များကိုသာ သောက်သုံးပါ (ဥပမာ - ရေ၊ ဟင်းချို၊ စွပ်ပြုတ်အရည်ကြည်၊ အသီးဖျော်ရည်ကြည်)။ အနီရောင် သို့မဟုတ် အရောင်ရင့်သော အရည်များကို ရှောင်ပါ။ ဆရာဝန် သို့မဟုတ် နာမည်က ညွှန်ကြားထားသည့်အတိုင်း ဝမ်းနှုတ်ဆေး သောက်ရပါမည်။
✅ စစ်ဆေးမှုမတိုင်မီ (၇) ရက်အလို သွေးကြဲဆေးများ (ဥပမာ - Warfarin, Aspirin, Plavix) ကို ရပ်နားထားရပါမည်။ (လိုအပ်ပါက ဆရာဝန်နှင့် ဆွေးနွေးရန်လို)
✅ လူနာနှင့်အတူ လူနာစောင့် (သို့မဟုတ်) ဆွေမျိုးတစ်ဦး လိုက်ပါလာရပါမည်။ မေ့ဆေး (သို့မဟုတ်) Sedative အိပ်ဆေးများ၏ အာနိသင်ကြောင့် မှန်ပြောင်းကြည့်ပြီးနောက် လူနာကိုယ်တိုင် ကားမောင်း၍ အိမ်ပြန်ခြင်း လုံးဝမပြုရပါ။
✅ တန်ဖိုးကြီးပစ္စည်းများနှင့် လက်ဝတ်ရတနာများ ယူဆောင်မလာပါနှင့်။
✅ သွားအတုရှိသူများ သို့မဟုတ် သွားချောင်နေသူများရှိပါက မှန်ပြောင်းမကြည့်မီ ဝန်ထမ်းများကို ကြိုတင်အသိပေး၍ သွားအတုကို ချွတ်ထားရပါမည်။
✅ သဘောတူညီချက်လက်မှတ် ရေးထိုးရပါမည်။ အသက် (၁၈) နှစ်မပြည့်သေးပါက မိဘ (သို့မဟုတ်) အုပ်ထိန်းသူက လက်မှတ်ရေးထိုးရပါမည်။ ရက်ချိန်းပေးထားသည့်အချိန်ထက် (၁) နာရီ စော၍ ရောက်ရှိရပါမည်။

📢 အထူးသတိပေးချက်- ကျန်းမာရေးစစ်ဆေးမှု ပရိုမိုးရှင်းများ မကြာမီ ကုန်ဆုံးတော့မည်!Thonburi Bamrungmuang Hospital ထွန်ဘူရီဘမ...
14/05/2026

📢 အထူးသတိပေးချက်- ကျန်းမာရေးစစ်ဆေးမှု ပရိုမိုးရှင်းများ မကြာမီ ကုန်ဆုံးတော့မည်!

Thonburi Bamrungmuang Hospital ထွန်ဘူရီဘမ်ရွန်မွမ်ဆေးရုံကြီးမှ မိဘပြည်သူများအတွက် အထူးစီစဉ်ပေးထားတဲ့ ကျန်းမာရေးစစ်ဆေးမှု ပရိုမိုးရှင်း အစီအစဉ် (၄) မျိုးဟာ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

သင့်ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်မှုဟာ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်တာကြောင့် အချိန်မနှောင်းခင် အခုပဲ ဘိုကင်တင်ပြီး လာရောက်စစ်ဆေးဖို့ တိုက်တွန်းပါရစေ။

🌟 လက်လွှတ်မခံသင့်တဲ့ ပရိုမိုးရှင်း အစီအစဉ်များ-

🎀 Buy 1 Get 1 Free အစီအစဉ် ( ၂ ဦးစစ်ဆေးနိုင်တဲ့ ပက်ကေ့)
တစ်ယောက်စာဝယ် တစ်ယောက်စာ အခမဲ့ (Buy 1 Get 1) ဖြင့် ကျန်းမာရေးစစ်ဆေးနိုင်မယ့် အထူးအခွင့်အရေး။
📌 စျေးနှုန်း - 18,900 ဘတ် ( အမျိုးသား ၂ ဦးအတွက်)
- 21,900 ဘတ် ( အမျိုးသမီး ၂ ဦး ( သို့မဟုတ် ) အမျိုးသမီး ၁ ဦး နှင့် အမျိုးသား ၁ ဦး )
လက်ကမ်းစာစောင် တစ်ခုဝယ် တစ်ခုရ တွင် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။

🎀 တစ်ဦးချင်းစစ်ဆေးနိုင်တဲ့ ပက်ကေ့များ
✨ BEYOND ပက်ကေ့နှင့် PRESTIGE ပက်ကေ့ အထူးအစီအစဉ်

BEYOND ပက်ကေ့
အမျိုးသားများအတွက် 13,500 ဘတ် နှင့် အမျိုးသမီးများအတွက် 17,500 ဘတ်။
လက်ကမ်းစာစောင် တွင် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။

PRESTIGE ပက်ကေ့
အမျိုးသားများအတွက် 8,900 ဘတ် နှင့် အမျိုးသမီးများအတွက် 9,900 ဘတ်။
လက်ကမ်းစာစောင် တွင် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။

Annual Check Up Package 2026
အသက်အရွယ်အလိုက် ရွေးချယ်နိုင်သော Package များကို အထူးသက်သာသော စျေးနှုန်းများဖြင့်။
Annual ပက်ကေ့ တွင် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။

📅 သက်တမ်းကုန်ဆုံးရက်- ၃၀ ဇွန်လ ၂၀၂၆

အသေးစိတ် စုံစမ်းမေးမြန်းရန်နှင့် Appointment ရယူရန်အတွက်
📞 ဖုန်း - +66 94-213-0830 (Viber)
📍 နေရာ - Check Up Center, ဒုတိယထပ်

ကျန်းမာပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင်နိုင်ဖို့ အခုပဲ ဆက်သွယ်လိုက်ပါ။ ✨

သားသားမီးမီးတို့ရဲ့ အနာဂတ်ကျန်းမာရေးအတွက် Human Papillomavirus (HPV) ကာကွယ်ဆေးကို အစောဆုံး ထိုးနှံပေးကြစို့ 🛡️✨မိဘတိုင်း...
09/05/2026

သားသားမီးမီးတို့ရဲ့ အနာဂတ်ကျန်းမာရေးအတွက် Human Papillomavirus (HPV) ကာကွယ်ဆေးကို အစောဆုံး ထိုးနှံပေးကြစို့ 🛡️✨

မိဘတိုင်းဟာ မိမိတို့ရဲ့ ရင်သွေးငယ်တွေကို ကျန်းမာပျော်ရွှင်တဲ့ အနာဂတ်ကို ပိုင်ဆိုင်စေချင်ကြတာချည်းပါပဲ။ ဒါကြောင့် သားသားမီးမီးတို့ အရွယ်ရောက်လာတဲ့အခါ လိင်ကနေတဆင့် ကူးစက်ဖြစ်ပွားတတ်တဲ့ သားအိမ်ခေါင်းကင်ဆာနှင့် HPV ဗိုင်းရပ်စ်ကြောင့်ဖြစ်လာနိုင်တဲ့ ရောဂါဆိုးတွေ ကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ဖို့ အခုကတည်းက ကြိုတင်ပြင်ဆင်ပေးဖို့ တိုက်တွန်းလိုပါတယ်။

ဘာကြောင့် အသက် ၉ နှစ်မှ ၁၅ နှစ်အတွင်း ထိုးနှံသင့်တာလဲ? 🤔
အသက် (၉) နှစ်မှ (၁၅) နှစ်အတွင်းဟာ ကိုယ်ခံအားစနစ် အကောင်းဆုံး တုံ့ပြန်နိုင်တဲ့ အရွယ်ဖြစ်လို့ ဒီအချိန်မှာ ထိုးနှံပေးခြင်းဖြင့် ပိုမိုခိုင်မာပြီး ရေရှည်တည်တံ့တဲ့ အကာအကွယ်ကို ရရှိစေမှာဖြစ်ပါတယ်။

-
💉 9-Valent HPV Vaccine (Gardasil 9) ပရိုမိုးရှင်း
ပိုမိုပြည့်စုံတဲ့ ကာကွယ်မှုပေးနိုင်တဲ့ (၉) မျိုးစပ် ကာကွယ်ဆေးကို အထူးဈေးနှုန်းဖြင့် ရရှိနိုင်ပါပြီ။

၂ ကြိမ်စာ အထူးအစီအစဉ် - ၁၅,၀၀၀ ဘတ်
ပရိုမိုးရှင်းကာလ - ယနေ့မှ ၃၀ ဇွန်လ ၂၀၂၆ အထိ

-
📍 Thonburi Bamrungmuang Hospital (Pediatric Center, Floor B1)
🏥 ဆေးရုံလိပ်စာ: 611 Bamrung Mueang Rd, Khlong Maha Nak, Pom Prap Sattru Phai, Bangkok 10100.

သင့်ကလေးငယ်ရဲ့ အနာဂတ်ကျန်းမာရေးအတွက် ဒီနေ့ပဲ ကာကွယ်ဆေး ထိုးနှံပေးဖို့ ဆုံးဖြတ်လိုက်ပါ။ ❤️

Liver Scan (Fibroscan) အသည်းအတွင်းရှိ အဆီပမာဏနှင့် အမာရွတ်ဖြစ်နိုင်ခြေကို တိုင်းတာသည့် အထူးကိရိယာ ဖြစ်ပါသည်။ ၎င်းသည် အာထ...
08/05/2026

Liver Scan (Fibroscan) အသည်းအတွင်းရှိ အဆီပမာဏနှင့် အမာရွတ်ဖြစ်နိုင်ခြေကို တိုင်းတာသည့် အထူးကိရိယာ ဖြစ်ပါသည်။ ၎င်းသည် အာထရာဆောင်းနှင့် ဆင်တူသော်လည်း "အသည်း မည်မျှမာနေသလဲ" နှင့် "အဆီ ရာခိုင်နှုန်း မည်မျှရှိသလဲ" ဆိုတာကို အတိအကျ ပြောပြနိုင်ပါသည်။
📌 အချိန်အနည်းငယ်ခန့်သာ ကြာသည်။
📌နာကျင်မှူမရှိပါ။
📌 အသည်း အသားစ (Biopsy) ယူစစ်ဆေးရန် မလိုပါ။

အသည်းအဆီဖုံးခြင်းဆိုတာ ဘာလဲ? အရက်ကြောင့်သာမဟုတ်ဘဲ အသံတိတ်လူသတ်သမားတစ်ဦး ဖြစ်လာနိုင်ခြင်း။ 🚨အမြန်စာ (Fast Food) နှင့် သကြ...
07/05/2026

အသည်းအဆီဖုံးခြင်းဆိုတာ ဘာလဲ? အရက်ကြောင့်သာမဟုတ်ဘဲ အသံတိတ်လူသတ်သမားတစ်ဦး ဖြစ်လာနိုင်ခြင်း။ 🚨

အမြန်စာ (Fast Food) နှင့် သကြားပါဝင်မှုများသော အချိုရည်များ ပေါများလှသည့် ယနေ့ခေတ်ကာလတွင် ခန္ဓာကိုယ်၏ အညစ်အကြေးများကို ဖယ်ရှားပေးပြီး စွမ်းအင်ဖြစ်ပေါ်မှုကို ထိန်းညှိပေးသည့် အရေးကြီးသောအင်္ဂါစုဖြစ်သော "အသည်း" ၏ ကျန်းမာရေးကို လူအများက လျစ်လျူရှုမိတတ်ကြပါသည်။

အသည်းရောဂါသည် အရက်ကြောင့်သာ ဖြစ်ပွားသည်ဟု လူအများက ယုံကြည်နေကြသော်လည်း လက်တွေ့တွင်မူ အရက်မသောက်ဘဲနှင့်လည်း "အသည်းအဆီဖုံးခြင်း" ဖြစ်ပေါ်နိုင်ပါသည်။ အထူးသဖြင့် အလုပ်လုပ်ကိုင်နေသည့် လူငယ်လူရွယ်များနှင့် အဝလွန်သူများတွင် အဖြစ်များလာသော NAFLD (Non-alcoholic Fatty Liver Disease) ခေါ် အရက်ကြောင့်မဟုတ်သော အသည်းအဆီဖုံးခြင်း ဖြစ်နိုင်ပါသည်။

အရက်ကြောင့်မဟုတ်သော အသည်းအဆီဖုံးခြင်း (NAFLD) ဆိုတာ ဘာလဲ၊ ဘယ်လိုဖြစ်လာတာလဲ ❓
အသည်းအဆီဖုံးခြင်းဆိုသည်မှာ အသည်းဆဲလ်များအတွင်း အဆီများ အလွန်အကျွံ စုပုံလာခြင်း (အသည်းအလေးချိန်၏ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းထက် ပိုလာခြင်း) ကို ဆိုလိုပြီး အဓိကအားဖြင့် အောက်ပါအချက်များကြောင့် ဖြစ်ပွားရပါသည်
• သကြားနှင့် ကာဗိုဟိုက်ဒရိတ် (ကစီဓာတ်) များကို အလွန်အကျွံ စားသုံးခြင်း။
• အင်ဆူလင် ခုခံမှု ဖြစ်ပေါ်ခြင်း (Insulin resistance)။
• ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ် (Metabolism) ချို့ယွင်းခြင်း။
အထူးသဖြင့် အချိုရည်များနှင့် ပြုပြင်ထားသော အစားအစာများတွင်ပါဝင်သည့် ဖရုတိုစ့် (Fructose) သကြားဓာတ်ကို ခန္ဓာကိုယ်က အသုံးမပြုပါက အဆီအဖြစ်သို့ ပြောင်းလဲသွားပြီး အသည်းထဲတွင် သိုလှောင်ထားခြင်း ခံရပါသည်။
________________________________________
အသည်းအဆီဖုံးရောဂါ၏ အဆင့်ဆင့် ပြောင်းလဲပုံ ⏳

အသည်းအဆီဖုံးခြင်းသည် အောက်ပါအဆင့်များအတိုင်း ဖြစ်ပေါ်လာနိုင်သည် -
1. အသည်းအဆီဖုံးရုံသက်သက် (Simple Fatty Liver): အဆီများ စုပုံနေသော်လည်း အသည်းရောင်ရမ်းခြင်း မရှိသေးသည့်အဆင့် (ပြန်လည်ကောင်းမွန်လာနိုင်ပါသေးသည်)။
2. အသည်းရောင်ခြင်း (NASH): အဆီများကြောင့် အသည်းဆဲလ်များ စတင်ရောင်ရမ်းလာပြီး ဖောရောင်လာခြင်း။
3. အသည်းအမာရွတ်ဖြစ်ခြင်း (Fibrosis): နာတာရှည် ရောင်ရမ်းမှုကြောင့် အသည်းတွင် အမာရွတ်များ ဖြစ်ပေါ်လာခြင်း။
4. အသည်းခြောက်ခြင်း (Cirrhosis): အသည်းတစ်ရှူးများနေရာတွင် အမာရွတ်များက အပြီးတိုင် အစားထိုးဝင်ရောက်သွားပြီး အသည်းလုပ်ဆောင်ချက် ပျက်စီးခြင်း သို့မဟုတ် အသည်းကင်ဆာအဆင့်သို့ ရောက်ရှိသွားခြင်း။
________________________________________
အသည်းအဆီဖုံးခြင်းကို ဖြစ်စေသော အန္တရာယ်ရှိသည့် လူနေမှုပုံစံများ 🚨

အရက်မသောက်သူဖြစ်လင့်ကစား အောက်ပါအပြုအမူများကြောင့် အသည်းအဆီဖုံးနိုင်ခြေ ရှိပါသည် -
• အချိုစွဲလမ်းခြင်း: အချိုရည်များနှင့် မုန့်များတွင်ပါဝင်သော သကြားဓာတ်ကို အလွန်အကျွံ စားသုံးခြင်း။
• ဗိုက်ပူခြင်း: ဝမ်းဗိုက်အတွင်း အဆီများ စုပုံခြင်း။
• ရောဂါအခံရှိခြင်း: ဆီးချိုရောဂါ၊ သွေးတွင်းကိုလက်စထရော မြင့်မားခြင်းနှင့် သွေးတိုးရောဂါ ရှိခြင်း။
• ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း။
• ကိုယ်အလေးချိန်ကို အလွန်မြန်ဆန်စွာ လျှော့ချခြင်း။
________________________________________
အသည်းအဆီဖုံးခြင်း၏ သတိပေးလက္ခဏာများ 📌

အစောပိုင်းအဆင့်များတွင် မည်သည့် "ရောဂါလက္ခဏာမှ မပြတတ်" သောကြောင့် လူအများက မိမိကိုယ်ကို သတိမထားမိကြပါ။ သို့သော် အသည်းစတင်ရောင်ရမ်းလာပါက အောက်ပါတို့ကို ခံစားရနိုင်ပါသည် -
• အကြောင်းရင်းမရှိဘဲ အားအင်ကုန်ခမ်းပြီး မကြာခဏ ပင်ပန်းနွမ်းနယ်ခြင်း။
• ညာဘက်နံရိုးအောက် (အသည်းရှိရာနေရာ) တွင် တင်းကျပ်ခြင်း သို့မဟုတ် နာကျင်ခြင်း။
• ကိုယ်အလေးချိန် အလွန်အမင်း ကျဆင်းသွားခြင်း (ရောဂါရင့်သည့်အဆင့်တွင် ဖြစ်တတ်သည်)။
________________________________________

အသည်းအဆီဖုံးခြင်းကို ရောဂါရှာဖွေစစ်ဆေးခြင်း 🔍

ရောဂါကို အစောပိုင်းအဆင့်တွင် သိရှိနိုင်ရန် အောက်ပါစစ်ဆေးမှုများ ပြုလုပ်နိုင်ပါသည် -
• သွေးစစ်ခြင်း (AST/ALT): အသည်းရောင်ရမ်းမှု ရှိ၊ မရှိ စစ်ဆေးခြင်း။
• အာထရာဆောင်း (Ultrasound): အသည်း၏ ပုံပန်းသဏ္ဌာန်ကို ကြည့်ရှုစစ်ဆေးခြင်း။
• Fibroscan (အသည်းစကန်ဖတ်ခြင်း): အသည်းအတွင်းရှိ အဆီပမာဏနှင့် အမာရွတ်ဖြစ်နိုင်ခြေကို တိုင်းတာသည့် အထူးကိရိယာ ဖြစ်ပါသည်။ ၎င်းသည် အာထရာဆောင်းနှင့် ဆင်တူသော်လည်း "အသည်း မည်မျှမာနေသလဲ" နှင့် "အဆီ ရာခိုင်နှုန်း မည်မျှရှိသလဲ" ဆိုတာကို အတိအကျ ပြောပြနိုင်ပါသည်။
- အချိန်အနည်းငယ်ခန့်သာ ကြာသည်။
- နာကျင်မှူမရှိပါ။
- အသည်း အသားစ (Biopsy) ယူစစ်ဆေးရန် မလိုပါ။
________________________________________
အသည်းအဆီဖုံးနေပါက ဘယ်လိုပြုပြင်နေထိုင်မလဲ ❓

အဓိကကုထုံးမှာ ဆေးသောက်ခြင်းထက် "လူနေမှုပုံစံ ပြောင်းလဲခြင်း" သာ ဖြစ်ပါသည်။
၁။ အစားအသောက်ပုံစံကို ပြုပြင်ပါ
Low Glycemic Index (Low GI)- အင်ဆူလင် ထွက်ရှိမှုကို လျှော့ချရန် ဆန်လုံးညိုနှင့် ပေါင်မုန့်ညိုများကို ရွေးချယ်စားသုံးပါ။
ကျန်းမာရေးနှင့်ညီညွတ်သောအဆီကို ရွေးစားပါ- ပြည့်ဝအဆီ (Trans fat) များကို ရှောင်ကြဉ်ပြီး သံလွင်ဆီ သို့မဟုတ် အိုမီဂါ-၃ ပါဝင်သော ငါးများကို စားသုံးပေးခြင်းဖြင့် အသည်းရောင်ခြင်းကို လျှော့ချနိုင်ပါသည်။
မြေထဲပင်လယ် အစားအသောက် (Mediterranean Diet)- ဟင်းသီးဟင်းရွက်၊ သကြားဓာတ်နည်းသော သစ်သီးများ၊ အစေ့အဆန်များနှင့် သံလွင်ဆီတို့ကို အဓိက စားသုံးခြင်းသည် အသည်းအတွင်းရှိ အဆီကို သိသိသာသာ လျော့ကျစေကြောင်း သုတေသနများက ဖော်ပြထားပါသည်။

၂။ ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ
တစ်ပတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ ခန့် (ဥပမာ - လမ်းသွက်သွက်လျှောက်ခြင်း၊ ပြေးခြင်း၊ ရေကူးခြင်း) ပြုလုပ်ပေးပါ။

၃။ ကိုယ်အလေးချိန် ထိန်းညှိပါ
လက်ရှိကိုယ်အလေးချိန်၏ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းခန့်ကို လျှော့ချနိုင်ခြင်းက အသည်းအတွင်းရှိ အဆီကို သိသိသာသာ လျော့ကျစေပါသည်။
________________________________________
အနှစ်ချုပ်
အသည်းအဆီဖုံးခြင်းသည် အစောပိုင်းတွင် လက္ခဏာမပြတတ်သောကြောင့် လျစ်လျူရှုခံရလေ့ရှိသော ရောဂါဖြစ်ပါသည်။ သွေးတွင်းသကြားဓာတ်ကို လျှော့ချခြင်း၊ ကိုယ်အလေးချိန် ထိန်းခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ပုံမှန် အသည်းကျန်းမာရေးစစ်ဆေးခြင်းတို့သည် အသည်းကို ကျန်းမာစေပြီး ရေရှည်ဖြစ်ပေါ်လာနိုင်သော ရောဂါအန္တရာယ်များကို ကာကွယ်ပေးနိုင်ပါသည်။
________________________________________
အသည်းအဆီဖုံးခြင်းနှင့် ပတ်သက်၍ အမေးအဖြေများ
မေး - လူပိန်ပေမယ့် ဗိုက်ပူနေရင် အသည်းအဆီဖုံးနိုင်သလား?
ဖြေ - ဖြစ်နိုင်ပါသည်။ "Lean NAFLD" ဟု ခေါ်ပြီး ခန္ဓာကိုယ်အလေးချိန် (BMI) ပုံမှန်ရှိသော်လည်း ကိုယ်တွင်းအင်္ဂါများတွင် အဆီစုပုံနေခြင်းကြောင့် ဖြစ်တတ်ပါသည်။

မေး - ရလဒ်ကောင်းဖို့ ကိုယ်အလေးချိန် ဘယ်လောက်လျှော့ရမလဲ?
ဖြေ - ၅ ရာခိုင်နှုန်း လျှော့ချခြင်းက အသည်းအဆီကို လျော့ကျစေပြီး၊ ၇ မှ ၁၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်လျှင် အသည်းရောင်ရမ်းမှုကို လျော့ကျစေပါသည်။

မေး - သစ်သီးတွေ အများကြီးစားတာ အသည်းအတွက် ကောင်းသလား?
ဖြေ - အမြဲတမ်း မကောင်းပါ။ ဒူးရင်းသီး၊ လုံဂန် (သမင်မျက်လုံးသီး) နှင့် သရက်သီးမှည့်ကဲ့သို့ သကြားဓာတ်များသော အသီးများကို အလွန်အကျွံ စားသုံးပါက အသည်းအဆီကို တိုးပွားစေနိုင်ပါသည်။

မေး - အသည်းအဆီဖုံးတာ ပျောက်နိုင်သလား?
ဖြေ - အစောပိုင်းအဆင့် (အဆင့် ၁ နှင့် ၂) တွင် လူနေမှုပုံစံကို မှန်ကန်စွာ ပြောင်းလဲနိုင်ပါက အသည်းသည် ပြန်လည်ကောင်းမွန်လာနိုင်ပါသည်။ သို့သော် အသည်းခြောက်ခြင်းအဆင့်သို့ ရောက်သွားပါက ရောဂါမတိုးလာစေရန်သာ ထိန်းသိမ်းနိုင်ပါတော့သည်။

မှတ်ချက်: ဤအချက်အလက်များသည် အထွေထွေကျန်းမာရေး ဗဟုသုတအတွက်သာ ဖြစ်ပါသည်။ သင့်တွင် အန္တရာယ်ရှိသော အချက်များ သို့မဟုတ် ပုံမှန်မဟုတ်သော လက္ခဏာများ ရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ စနစ်တကျ စစ်ဆေးမှု ခံယူသင့်ပါသည်။

🙏အသည်းကျန်းမာရေးနှင့် ပတ်သက်၍ ဆေးပညာဗဟုသုတများကို မျှဝေပေးပါသော ပါမောက္ခ ဒေါက်တာ Varocha Mahachai အား အထူးပင်ကျေးဇူးတင်ရှိပါသည်။

မေလ (၁) ရက်နေ့တွင် ကျရောက်သော အလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုပါသည်။ 💙လယ်ယာစိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ ကျန်းမာရေးနှင့် စီ...
01/05/2026

မေလ (၁) ရက်နေ့တွင် ကျရောက်သော အလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုပါသည်။ 💙

လယ်ယာစိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ ကျန်းမာရေးနှင့် စီးပွားရေးလုပ်ငန်းစသည့် ကဏ္ဍစုံမှ အလုပ်သမားများ၏ ကြိုးစားအားထုတ်မှုကြောင့်သာ ကျွန်ုပ်တို့၏ ကမ္ဘာကြီးသည် ရှေ့သို့ ဆက်လက် ရွေ့လျားနေခြင်းဖြစ်ပါသည်။
နယ်ပယ်အသီးသီးမှ ဝန်ထမ်းများ၊ အလုပ်သမားများအားလုံး ယနေ့မှစ၍ အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေချောမွေ့ကာ မိမိတို့၏ ရည်မှန်းချက်များဆီသို့ တက်လှမ်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။

🌸 အမျိုးသမီးတိုင်းအတွက် အထူးဂရုစိုက်သင့်တဲ့ "ရင်သားကင်ဆာ" ကြိုတင်ကာကွယ်ရေးရင်သားကင်ဆာဆိုတာ စောစောသိ၊ စောစောကုသရင် ပျောက်...
27/04/2026

🌸 အမျိုးသမီးတိုင်းအတွက် အထူးဂရုစိုက်သင့်တဲ့ "ရင်သားကင်ဆာ" ကြိုတင်ကာကွယ်ရေး

ရင်သားကင်ဆာဆိုတာ စောစောသိ၊ စောစောကုသရင် ပျောက်ကင်းနိုင်ခြေ အလွန်မြင့်မားတဲ့ ရောဂါတစ်ခုပါ။ ဒါကြောင့် ပုံမှန်စစ်ဆေးမှုခံယူခြင်းက သင့်ကျန်းမာရေးအတွက် အကောင်းဆုံးသော လက်ဆောင်တစ်ခုပဲ ဖြစ်ပါတယ်။ 💖

အဆင့်မြင့်နည်းပညာသုံး Digital Mammogram နှင့် Ultrasound Breast တို့ကို အထူးဈေးနှုန်းဖြင့် စစ်ဆေးနိုင်ပါပြီ။

💰 အထူးဈေးနှုန်း - ၄,၀၀၀ ဘတ်
🗓️ ကာလ - ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ

စစ်ဆေးမှုတွင် ပါဝင်မည့်အချက်များ -
✅ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်း (Doctor fee included)
✅ ဆေးရုံဝန်ဆောင်ခများ
✅ လိုအပ်သော ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့် ကိရိယာများ

ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ဒီနေ့ပဲ ကြိုတင်စစ်ဆေးလိုက်ကြစို့။ 🩺✨

#ရင်သားကင်ဆာ

❤️ သင့်နှလုံးကျန်းမာရေးအတွက် စိတ်ချရပြီလား?နှလုံးသွေးကြောကျဉ်းရောဂါဟာ ရှောင်တခင် အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် ကြိုတင်...
21/04/2026

❤️ သင့်နှလုံးကျန်းမာရေးအတွက် စိတ်ချရပြီလား?

နှလုံးသွေးကြောကျဉ်းရောဂါဟာ ရှောင်တခင် အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် ကြိုတင်စစ်ဆေးဖို့ အရေးကြီးပါတယ်။ အဆင့်မြင့် CT နည်းပညာဖြင့် နှလုံးသွေးကြောအတွင်း ထုံးဓာတ် (Calcium) စုဆောင်းမှုကို စစ်ဆေးပြီး သင့်နှလုံးရဲ့ အခြေအနေကို အမြန်ဆုံး သိရှိနိုင်ပါပြီ။

✨ CT Calcium Score အထူးပရိုမိုးရှင်း ✨
💰 ယခုစျေးနှုန်း - ၂,၅၀၀ ဘတ် (ပုံမှန်စျေး ၅,၃၉၀ ဘတ်မှ)

ဘယ်သူတွေ စစ်ဆေးသင့်သလဲ?
✅ အသက် ၄၀ ကျော်သူများ
✅ စီးကရက်သောက်သူများ
✅ သွေးတိုးနှင့် ဆီးချိုရောဂါရှိသူများ
✅ အဝလွန်သူများနှင့် မိသားစုတွင် နှလုံးရောဂါရာဇဝင်ရှိသူများ

📅 ပရိုမိုးရှင်းကာလ: ယနေ့မှ ဇွန်လ ၃၀ ရက်၊ ၂၀၂၆ အထိ။

📞 အသေးစိတ်စုံစမ်းရန် +66 94-213-0830 ( မြန်မာ )
📍 Heart Center, 2nd Floor
📍 ဆေးရုံ၏တည်နေရာ : 611 Bamrung Mueang Rd, Khlong Maha Nak, Pom Prap Sattru Phai, Bangkok 10100

အသည်းကျန်းမာရေးစစ်ဆေးခြင်း💡 အသည်းရောင်ခြင်း၊ အသည်းအဆီဖုံးခြင်း ကဲ့သို့သော အသည်းရောဂါများနှင့် ပတ်သက်ပြီး စောစီးစွာသိရှိန...
19/04/2026

အသည်းကျန်းမာရေးစစ်ဆေးခြင်း

💡 အသည်းရောင်ခြင်း၊ အသည်းအဆီဖုံးခြင်း ကဲ့သို့သော အသည်းရောဂါများနှင့် ပတ်သက်ပြီး စောစီးစွာသိရှိနိုင်ခြင်း၊အအသည်းရောင် အသားဝါ ဘီ၊စီပိုး တို့မှ တစ်ဆင့် အသည်းကင်ဆာထိဖြစ်စေနိုင်ခြင်းကို ကြိုတင်သိရှိနိုင်ခြင်း

ဘယ်သူတွေ အထူးစစ်ဆေးသင့်လဲ?

☑ အရက်ပုံမှန်သောက်သုံးသူများ
☑ အဝလွန်ရောဂါရှိသူများ
☑ ဆီးချိုသွေးချိုရှိသူများ
☑ မိသားစုတွင် အသည်းရောဂါ ရာဇဝင်ရှိသူများ
အသေးစိတ်မေးမြန်းလိုပါက Chat box ကနေ တစ်ဆင့် ဖြစ်စေ မြန်မာလိုင်းဖုန်း Viber number +66 094-213-0830 တို့မှဖြစ်စေ မေးမြန်းနိုင်ပါတယ်။
🏥 ဆေးရုံ၏တည်နေရာ : 611 Bamrung Mueang Rd, Khlong Maha Nak, Pom Prap Sattru Phai, Bangkok 10100

"ရောဂါအနာဘယတွေကင်းဝေးကာ ကျန်းမာပျော်ရွှင်ဖွယ်ရာနေ့ရက်များကို အစဉ်ပိုင်ဆိုင်နိုင်ကြပါစေ"🙏

ที่อยู่

611 Bamrung Mueang Road, Khwaeng Khlong Maha Nak, Khet Pom Prap Sattru Phai
Bangkok
10100

เบอร์โทรศัพท์

+6622207999

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Thonburi Bamrungmuang - Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Thonburi Bamrungmuang - Myanmar:

แชร์