25/09/2025
MRI ဖြင့် ရင်သားကင်ဆာကို စစ်ဆေးနိင်ပါပြီ
🔷 ရင်သား MRI သည် မည်သူအတွက် သင့်လျော်သနည်း။
• အာထရာဆောင်းရလာဒ်များတွင် မရှင်းမလင်းဖြစ်စေသော ဆီလီကွန် ရင်သား အစားထိုးထည့်ထားသော အမျိုးသမီးများ
• ရင်သားကင်ဆာဖြစ်နိုင်ချေရှိသော်လည်း ရင်သားစစ်ဆေးရာတွင် ရင်သားတစ်သျှားများသိပ်သည်းနေသည့်အခြေအနေရှိသော အမျိုးသမီးများ
• ရင်သားကင်ဆာ မိသားစုရာဇဝင်ရှိသူများ
• mammogram သို့မဟုတ် အာထရာဆောင်း ရလဒ်များတွင် ပုံမှန်မဟုတ်သောအဖြေထွက်သူများ
• ခွဲစိတ်ကုသပြီးနောက် စောင့်ကြည့်ခြင်း၊ ဓာတုကုထုံး သို့မဟုတ် ဓာတ်ရောင်ခြည် ကုထုံးများအတွက် ရင်သားကင်ဆာကုသမှုခံယူနေသည့် လူနာများ
🔷 ရင်သား MRI ၏ အကျိုးကျေးဇူးများ
• အစောပိုင်းအဆင့်တွင် ရင်သားကင်ဆာကို သိရှိနိုင်သည်။
• အာထရာဆောင်း သို့မဟုတ် mammogram ရလာဒ်များမှ သေချာမဖော်ပြနိုင်သော အခြေအနေများတွင် ပိုမိုရှင်းလင်းသော ပုံရိပ်ကို ပြသပေးသည်။
• အကျိတ်၏အတိုင်းအတာနှင့် ၎င်း၏ပျံ့နှံ့မှုကို အကဲဖြတ်နိုင်သည်။
• ဓာတ်ရောင်ခြည် ထိတွေ့မှု မရှိခြင်း။
• နာကျင်မှုမရှိသော စစ်ဆေးမှုဖြစ်ခြင်း။
🔷 ရင်သား MRI ၏ အဓိကအင်္ဂါရပ်များ
• အခြားစစ်ဆေးမှုနည်းလမ်းများဖြင့် မမြင်နိုင်သော နက်ရှိုင်းသောအတွင်းနေရာများကို သိသာစွာ စစ်ဆေးမြင်နိုင်ရန် ကြည်လင်ပြတ်သားသော ပုံရိပ်ဖော်နိုင်ခြင်း။
• ကြည်လင်ပြတ်သားမှုကို မြှင့်တင်ရန်အတွက် dedicated breast coil ကို အသုံးပြုသည်။
• ဆရာ၀န်ကြီးများအား ပိုမိုတိကျသောကုသမှုကို ဆုံးဖြတ်ရာတွင် အထောက်အကူဖြစ်စေရန် တိကျသောအသေးစိတ်အချက်အလက်များကိုပေးစွမ်းနိုင်ပါသည်။
ယခုဖေ့ဘုတ်ပေ့ချ်မှာ ထိုင်းနိုင်ငံဘန်ကောက်ရှိ ဝေ့ဌာနီဆေးရုံကြီးနှင့် လူနာများတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်စေရန်/ အချက်အလက်များဖွင့်ထားသော တစ်ခုတည်းသော တရား၀င်ဖေ့ဘုတ်ပေ့ချ်ဖြစ်ပါသည်။
#ကျန်းမာရေးဗဟုသုတ #ဝေ့ဌာနီဆေးရုံကြီး
#ရင်သားကင်ဆာ
ဆက်သွယ်ရန်
မြန်မာ စင်တာ ဗိုင်ဘာ: +66 8 198 45111
Myanmar Line ID: +66 8 198 45111
Viber Channel : https://invite.viber.com/...
Telegram Channel : https://t.me/MyanmarVejthani
Myanmar Viber : +66 8 198 45111
Telegram : +66 8 198 45111
ဆရာ၀◌န်ရှာဖွေရန် https://www.vejthani.com/find-a-doctor/
ကြိုတင်ဘိုကင်တင်ရန် : https://www.vejthani.com/make-an-appointment/
Youtube : https://www.youtube.com/c/VejthaniHospitalThailand
IG : https://www.instagram.com/vejthani.hospital/
Twitter : https://twitter.com/Vejthani
Website : https://www.vejthani.com/my/Whatsapp