MIYA Medical Services

MIYA Medical Services ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก MIYA Medical Services, การแพทย์และสุขภาพ, 496-502, Suite number S5112, 5th Floor, Gaysorn Amarin, Ploenchit Road, Bangkok.

"Based in Thailand, your trust, our vow."

​Bangkok အခြေစိုက် ကျန်းမာရေး ဝန်ဆောင်မှု company ဖြစ်သည့်အတွက်ကြောင့် ကျန်းမာရေးခရီးစဉ်တလျောက်လုံး စိတ်ချမ်းသာမှုရှိစေရန် နွေးထွေးစွာဝန်ဆောင်မှုပေးလျက်ရှိပါသည်။

မင်္ဂလာရှိသော…☘️☘️နှစ်သစ်ကူး သင်္ကြန် (Songkran) 💦💦💦အချိန်အခါသမယတွင်  စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့်အတူ ...
13/04/2026

မင်္ဂလာရှိသော…☘️☘️

နှစ်သစ်ကူး သင်္ကြန် (Songkran) 💦💦💦
အချိန်အခါသမယတွင်

စိတ်၏ချမ်းသာခြင်း၊
ကိုယ်၏ကျန်းမာခြင်းတို့နှင့်အတူ
လိုအင်ဆန္ဒများအားလုံး ပြည့်စုံနိုင်ပါစေကြောင်း
Miya Medical services မိသားစု
မှ ဆုမွန်ကောင်းအပ်ပါသည် ရှင့် 🙏🙏🙏

❤️ စောင့်ဆိုင်းမနေပဲ နှလုံးကျန်းမာရေးကို အချိန်မီ စစ်ဆေးပါ ❤️နေ့စဉ်ဘဝရဲ့ အမြန်နှုန်းတွေကြားမှာစိတ်ဖိစီးမှု၊ အလုပ်ပင်ပန်း...
11/04/2026

❤️ စောင့်ဆိုင်းမနေပဲ နှလုံးကျန်းမာရေးကို အချိန်မီ စစ်ဆေးပါ ❤️

နေ့စဉ်ဘဝရဲ့ အမြန်နှုန်းတွေကြားမှာ
စိတ်ဖိစီးမှု၊ အလုပ်ပင်ပန်းမှု နဲ့ စားသောက်မှု အလေ့အထတွေကြောင့်
သင့်နှလုံးက တိတ်တိတ်လေး ပြောင်းလဲနေတတ်ပါတယ်။
မမြင်နိုင်တဲ့ အန္တရာယ်တွေကို မဖြစ်ခင်တားဆီးနိုင်ဖို့
“Healthy Heart Screening Program” နဲ့ စတင်လိုက်ပါ။
ပါဝင်တဲ့စစ်ဆေးမှုများကတော့

✅ Echocardiogram

🫀 နှလုံးရဲ့ ဖွဲ့စည်းပုံနဲ့ညှစ်အား၊လည်ပတ်မှုကို ultrasound နဲ့ စစ်ဆေးခြင်း
✨ အားသာချက်: နှလုံးကြီးခြင်း၊ အဆုတ်သွေးကြောမကြီးဖိအားများခြင်း နဲ့ နှလုံးအဆို့ရှင် ပြဿနာများကို သိရှိနိုင်ပါတယ်…

✅ Exercise Stress Test (Treadmill)

🫀 လေ့ကျင့်ခန်းလုပ်စဉ် နှလုံးအလုပ်လုပ်ပုံကို စစ်ဆေးခြင်း
✨ အားသာချက်: လှုပ်ရှားချိန်မှာသာ ပေါ်လာတဲ့ သွေးကြောပိတ်ခြင်းများကို ဖော်ထုတ်နိုင်ပါတယ်…

✅ Coronary Artery Calcium Scoring

🫀 နှလုံးသွေးကြောအတွင်း calcium စုဆောင်းမှုကို CT ဖြင့် တိုင်းတာခြင်း
✨ အားသာချက်:Heart Attack ဖြစ်နိုင်ခြေကို ကြိုတင်
ခန့်မှန်းနိုင်ပါတယ်…

✅ Stress Echocardiogram

🫀 Stress အောက်မှာ နှလုံးလုပ်ဆောင်ပုံကို ultrasound နဲ့ကြည့်ခြင်း
✨ အားသာချက်: သွေးလည်ပတ်မှု မလုံလောက်တဲ့နေရာတွေကို ပိုတိကျစွာ သိနိုင်ပါတယ်…

✅ Dobutamine Stress Echocardiogram

🫀 ဆေးဝါးအသုံးပြု၍ နှလုံးကို stress ဖြစ်စေပြီး စစ်ဆေးခြင်း
✨ အားသာချက်: လေ့ကျင့်ခန်းမလုပ်နိုင်သူများအတွက် လုံခြုံပြီး ထိရောက်သောရွေးချယ်မှုဖြစ်ပါတယ်…

✅ CT Coronary Angiogram

🫀 CT scan ဖြင့် နှလုံးသွေးကြောပိတ်ခြင်းများကို တိတိကျကျ စစ်ဆေးခြင်း
✨ အားသာချက်: Early blockage များကို ရှာဖွေပြီး ကုသမှုကို အချိန်မီ စတင်နိုင်ပါတယ်…

✨ ဘာကြောင့် စစ်ဆေးသင့်တာလဲ?
✅ လက္ခဏာမပေါ်ခင်ကတည်းက ရောဂါရှာဖွေနိုင်ခြင်း
✅ Heart Attack ဖြစ်နိုင်ခြေကို လျှော့ချနိုင်ခြင်း
✅ သင့်ဘဝအရည်အသွေးကို ရေရှည်ကာကွယ်နိုင်ခြင်း

⚠️ စစ်ဆေးရန်သင့်တော်တဲ့သူများကတော့
• အသက် 30 ကျော်သူများ
• သွေးပေါင်၊ ဆီးချို၊ ကိုယ်အလေးချိန်များသူများ
• မိသားစုတွင် နှလုံးရောဂါရှိခဲ့သူများ
• အလုပ်ဖိစီးမှုများသောသူများ
Healthy Heart Package ကို စစ်ဆေးချင်တယ်ဆိုရင် MIYA Medical Services Thailand Page မှာ Hi လိုက်ရုံနဲ့ စစ်ဆေးမှု ခရီးစဉ် All in One Service ကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်….

ရရှိနိုင်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက

Hotlines +666 5284 6678
+666 1192 0885
Viber +666 1192 0885
Line ID shwemiya2025
Email miaaung74@gmail.com
မှ သာမက page messenger မှတဆင့်လည်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

✅ Just A Call To Us

🌈ရုံးခန်းလိပ်စာ – 496-502, Suite number S5112, 5th Floor, Gaysorn Amarin, Ploenchit road, lumpini, Pathumwan, Bangkok 10330, Thailand.
Bangkok

#ဘန်ကောက်ဆေးကု

Mental Wellness Series — Part 7ပြီးခဲ့တဲ့အပတ်မှာdeeper level mental detox နဲ့ emotional reset အကြောင်းကို မျှဝေပေးခဲ့ပါတ...
08/04/2026

Mental Wellness Series — Part 7

ပြီးခဲ့တဲ့အပတ်မှာ
deeper level mental detox နဲ့ emotional reset အကြောင်းကို မျှဝေပေးခဲ့ပါတယ်…
တကယ်လို့ ကိုယ်က စိတ်ပင်ပန်းနေတယ်ဆိုတာကို သိပြီးသား
အနားယူဖို့လည်း ကြိုးစားနေတယ်ဆိုရင်…
တစ်ခါတရံ ပြဿနာက stress မဟုတ်တော့ပါဘူး…
ကိုယ်မသိလိုက်ပဲ လုပ်နေတဲ့ အလေ့အကျင့်တွေ ဖြစ်နိုင်ပါတယ်…

🌫️ တချို့အလေ့အကျင့်တွေကစိတ်ပင်ပန်းမှုကို မလျော့စေပဲ ပိုပြီး တိုးလာစေတတ်ပါတယ်…
ဒါပေမယ့် အဲ့ဒါတွေကို ကိုယ်တိုင်တောင် သတိမထားမိတတ်ပါဘူး…

🧠 စိတ်ပင်ပန်းမှုကို မသိလိုက်ပဲ ပိုဆိုးစေတဲ့ အလေ့အကျင့်တွေကတော့

💭 အမြဲတမ်း overthinking လုပ်နေခြင်း
အရာတစ်ခုခု ဖြစ်သွားပြီဆိုရင် အဆုံးထိ စဉ်းစားပြီး
မဖြစ်သေးတာတွေထိ စိတ်ပူနေတတ်ပါတယ်…

📱 အနားယူချိန်တောင် phoneနားက မခွာနိုင်ခြင်း
ဒါဆိုရင်တော့ ကိုယ်က ကိုယ့်ကိုယ်ကို
အနားယူနေတယ်ထင်ပေမယ့်စိတ်က မနားသေးပါဘူး…

😶 ကိုယ့်ခံစားချက်တွေကို ignore လုပ်နေခြင်း
ခံစားနေရတာ ပင်ပန်းနေတာတွေကို
အသိအမှတ်မပြုပဲ လုံလုံလောက်လောက်လည်း
အနားမယူပဲနဲ့ ကိုယ့်ကိုယ်ကို အဆင်ပြေသလိုပုံစံနဲ့
အမှုမဲ့ အမှတ်မဲ့ ဆက်တိုက် ဆက်လုပ်နေတာမျိုးပါ။

⚡ အမြဲ productive ဖြစ်ဖို့ ကြိုးစားနေခြင်း
ဒီလိုလူတွေကတော့ တခါတရံ အနားယူရင်တောင်
guilty ဖြစ်နေတတ်ပါတယ်

ဒါကြောင့် ခန္ဓာကိုယ် က နားနေပေမယ့်
စိတ်က မနားနိုင်တော့ပါဘူး…

💔 ကိုယ့်ကိုယ်ကို အရမ်းတင်းကြပ်စွာ judge လုပ်နေခြင်း
အမှားတစ်ခုကို အရမ်းကြီး အပြစ်ရှိသလိုခံစားတတ်
ပြီး ကိုယ့်ကိုယ်ကို မလုံလောက်ဘူးလို့ ခံစားနေတတ်ပါတယ်…

🌿 ဒီအလေ့အကျင့်တွေဟာ သေးသေးလေးလိုပဲ ထင်ရပေမယ့်
တဖြည်းဖြည်း စုပြီး စိတ်ပင်ပန်းမှုကို ပိုပြီး နက်ရှိုင်းစေပါတယ်…

🤍 တကယ်တော့ Mental Detox ဆိုတာက ကိုယ့်ကိုယ်ကို ပင်ပန်းစေတဲ့
အလေ့အကျင့်တွေကို တဖြည်းဖြည်း သိလာပြီး
လျော့ချသွားခြင်းဆိုလည်း မမှားပါဘူး…

🌙 တခါတရံ
“ငါ အခု ပင်ပန်းနေတာ
အလုပ်ကြောင့်လား…
ဒါမှမဟုတ် ငါ့အတွေးနဲ့ အလေ့အကျင့်တွေကြောင့်လား?” ဆိုတာ
ကိုယ့်ကိုယ်ကို မေးကြည့်ပြီး ဆန်းစစ်သင့်ပါတယ်။

နောက်တစ်ပတ်မှာတော့ “Stop fixing yourself. Start feeling yourself.” ဆိုတဲ့
ခေါင်းစဉ်လေးကို ဆက်လက် မျှဝေပေးသွားပါမယ်…

🕊️ Stay with Your Wellness Partner — MIYA 🕊️

ရရှိနိုင်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက

Hotlines +666 5284 6678
+666 1192 0885
Viber +666 1192 0885
Line ID shwemiya2025
Email miaaung74@gmail.com
မှ သာမက page messenger မှတဆင့်လည်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

✅ Just A Call To Us

🌈ရုံးခန်းလိပ်စာ – 496-502, Suite number S5112, 5th Floor, Gaysorn Amarin, Ploenchit road, lumpini, Pathumwan, Bangkok 10330, Thailand.
Bangkok

#ဘန်ကောက်ဆေးကု

World Health Day — April 7, 2026🌿 “Together for health. Stand with science.”တစ်နှစ်တစ်ခါ ရောက်လာတဲ့ ဒီနေ့ဟာ အမှတ်တရ နှစ်...
07/04/2026

World Health Day — April 7, 2026

🌿 “Together for health. Stand with science.”

တစ်နှစ်တစ်ခါ ရောက်လာတဲ့ ဒီနေ့ဟာ အမှတ်တရ နှစ်ပတ်လည် နေ့တစ်ခုဆိုတာထက် ကျွန်မတို့ အားလုံးရဲ့ “ကျန်းမာရေး” ကို ပြန်လည်စဉ်းစားဖို့ အချိန်တစ်ခုဆိုလည်း မမှားပါဘူး။

🌍 World Health Day ကို
နှစ်စဉ် April 7 မှာ ကျင်းပတာဟာ
World Health Organization (ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီး)ကို စတင် တည်ထောင်ခဲ့တဲ့နေ့ (1948) ကို အမှတ်ရစေဖို့ ဖြစ်ပြီး 1950 ခုနှစ်ကတည်းက စတင်ကျင်းပလာခဲ့တာ
ဒီနှစ်ဆို (၇၈) နှစ်မြောက်ရှိခဲ့ပါပြီ။
ဒီနေ့ရဲ့ အဓိပ္ပါယ်ကတော့
ကမ္ဘာတစ်ဝှမ်းလုံးမှာ ဖြစ်နေတဲ့ ကျန်းမာရေးပြဿနာတွေကို လူတိုင်းသတိထားမိလာစေဖို့ပါ…

✨ 2026 ခုနှစ်အတွက် ဆိုင်းပုဒ် ကတော့
“Together for health. Stand with science.”
သိပ္ပံပညာ၊ နည်းပညာနဲ့ လူသားတွေအတူတကွ ပူးပေါင်းမှသာ ကျန်းမာရေးကောင်းမွန်တဲ့ ကမ္ဘာတစ်ခုကို တည်ဆောက်နိုင်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါ…

🌿 ဒီနေ့ခေတ်မှာ
ကျန်းမာရေးဆိုတာ ရောဂါမရှိခြင်းတစ်ခုတည်း မဟုတ်တော့ပါဘူး…

💭 စိတ်ကျန်းမာရေး
💭 ဘဝအရည်အသွေး
💭 ကျန်းမာရေးဝန်ဆောင်မှုကို လွယ်ကူစွာ ရရှိနိုင်ခြင်း
ဒီအရာတွေ အားလုံးပေါင်းစပ်ပြီးမှ “ကျန်းမာသောဘဝ” လို့ အဓိပ္ပာယ်တပ်လို့ရပါတယ်။

🤍 တကယ်တော့
ကျန်းမာရေးကောင်းဖို့ဆိုတာ တစ်ယောက်တည်း မလုပ်
နိုင်ပါဘူး…

👩‍⚕️ ဆရာဝန်တွေ
🏥 ဆေးရုံတွေ
👨‍👩‍👧‍👦 မိသားစုတွေ
🌍 လူမှုအသိုင်းအဝိုင်းတွေ
အားလုံးပူးပေါင်းမှသာ တကယ့် meaningful health ဖြစ်လာနိုင်ပါတယ်…

✨ MIYA Medical Services Thailand အနေနဲ့လည်းကျွန်မတို့ရဲ့ role က
ကုသမှုတွေကိုသာ စီစဥ်ပေးတာမျိုး မဟုတ်ပဲ
🌿 International standard hospital များနဲ့ ချိတ်ဆက်ပေးခြင်း
🌿 လူနာတစ်ယောက်ချင်းစီအတွက် သင့်တော်တဲ့ treatment ရှာဖွေပေးခြင်း
🌿 Health journey တစ်ခုလုံးကို စနစ်တကျ ကူညီပေးခြင်း

ဒီလိုနဲ့ “Together for health” ဆိုတဲ့ message ကို တကယ်တမ်း လက်တွေ့အဖြစ် ပြောင်းလဲပေးနေပါတယ်…
🌙 တခါတရံ ကျန်းမာရေးကို
နာမကျန်းဖြစ်တဲ့အချိန်မှ သတိရတတ်ကြပါတယ်…
ဒါပေမယ့် ကျန်းမာရေး ဆိုတာ
နေ့တိုင်း ရွေးချယ်ရတဲ့ အရာတစ်ခုပါ…

🤍 ဒီ World Health Day မှာ
ကိုယ့်ကိုယ်ကို မေးခွန်းလေး တစ်ခု မေးကြည့်ကြရအောင်…
“ကိုယ့်ကျန်းမာရေးအတွက် ကိုယ်နောက်ဆုံးပြုလုပ်ခဲ့တဲ့
အပြုအမူလေးက ဘာဖြစ်မလဲ” ဆိုတာ ကွန့်မန့်မှာ ရေးသွားပေးပါဦးနော်…

ရရှိနိုင်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက

Hotlines +666 5284 6678
+666 1192 0885
Viber +666 1192 0885
Line ID shwemiya2025
Email miaaung74@gmail.com
မှ သာမက page messenger မှတဆင့်လည်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

✅ Just A Call To Us

🌈ရုံးခန်းလိပ်စာ – 496-502, Suite number S5112, 5th Floor, Gaysorn Amarin, Ploenchit road, lumpini, Pathumwan, Bangkok 10330, Thailand.
Bangkok

#ဘန်ကောက်ဆေးကု

“မေမေ့ဗိုက်ထဲမှာတည်းက ဘေဘီလေးရဲ့ အသက်ရှူလမ်းကြောင်းကို ကာကွယ်ထားကြမယ်”🌿 RSV (Respiratory Syncytial Virus) ဆိုတာ သာမန် ဗိ...
05/04/2026

“မေမေ့ဗိုက်ထဲမှာတည်းက ဘေဘီလေးရဲ့ အသက်ရှူလမ်းကြောင်းကို ကာကွယ်ထားကြမယ်”

🌿 RSV (Respiratory Syncytial Virus) ဆိုတာ သာမန် ဗိုင်းရပ်စ် တစ်ကောင်လို့ထင်ရပေမယ့် တကယ်တော့ ကလေးငယ်တွေအတွက် အရေးကြီးတဲ့ respiratory infection တစ်ခုပါ…

👶 အသက် ၆ လအောက် ကလေးငယ်တွေမှာ
RSV infection ဖြစ်လာရင်
bronchiolitis (လေပြွန်များ ရောင်ရမ်းခြင်း)
pneumonia (အဆုတ်ရောင်ရမ်းခြင်း)တို့ဖြစ်နိုင်ပြီး
တချို့အခြေအနေတွေမှာ
ဆေးရုံတက်ရတဲ့အထိ ပြင်းထန်နိုင်ပါတယ်…

မွေးကင်းစကလေး ကာကွယ်ဆေးထိုး ကာကွယ်တာထက် အမေ့ဗိုက်ထဲမှာတည်းက စတင်ကာကွယ်ထားရင် ပိုလုံခြုံပါတယ်။

💉 RSV Vaccine ကို ကိုယ်ဝန် 24–36 weeks အတွင်း ထိုးပေးခြင်းအားဖြင့်

👶 မွေးဖွားလာမယ့် ကလေးငယ်ကို ပထမ ၆ လအတွင်း
RSV infection မှ ကာကွယ်ပေးနိုင်ပါတယ်…

📊 Research အရ
infants တွေမှာ RSV infection ဖြစ်နိုင်ချေကို
82% အထိ လျှော့ချနိုင်တယ် လို့ ဖော်ပြထားပါတယ်…

🌿 ဒီကာကွယ်မှုက မိခင်အတွက်သာမက
ကလေးငယ်ရဲ့ အသက်ရှုလမ်းကြောင်းကိုလည်း
စတင်ကာကွယ်ပေးတဲ့ အရေးကြီးတဲ့ step တစ်ခုပါ…

👵 ဒါ့အပြင် RSV infection ဟာ
အသက် 60 နှစ်အထက် လူကြီးများမှာလည်း
ပြင်းထန်တဲ့ respiratory disease ဖြစ်စေနိုင်ပါတယ်…

အထူးသဖြင့်
• Asthma (ပန်းနာရင်ကြပ်)
• COPD (နာတာရှည် အဆုတ်ရောင်)
• Heart disease (နှလုံးရောဂါ)
• Diabetes (ဆီးချိုရောဂါ)
ရှိသူတွေမှာ risk ပိုများပါတယ်…

✨ ဒါကြောင့်မို့ RSV ကာကွယ်ခြင်းဆိုတာ
ကလေးငယ်တစ်ယောက်အတွက်သာမက
မိသားစုတစ်စုလုံးရဲ့ respiratory health ကို
ကာကွယ်ပေးခြင်းပါပဲ…

📩 RSV Vaccine နှင့်ပတ်သက်သော
consultation နှင့် booking များအတွက်
MIYA Medical Services Thailand သို့
ဆက်သွယ်စုံစမ်းနိုင်ပါတယ်…

🤍 သင့်ကလေးရဲ့ ပထမဆုံးအသက်ရှုသံတွေကို
ပိုမိုလုံခြုံစေဖို့ အမေ့ဗိုက်ထဲမှာတည်းက ကာကွယ်လိုက်ပါ…

ရရှိနိုင်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက

Hotlines +666 5284 6678
+666 1192 0885
Viber +666 1192 0885
Line ID shwemiya2025
Email miaaung74@gmail.com
မှ သာမက page messenger မှတဆင့်လည်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

✅ Just A Call To Us

🌈ရုံးခန်းလိပ်စာ – 496-502, Suite number S5112, 5th Floor, Gaysorn Amarin, Ploenchit road, lumpini, Pathumwan, Bangkok 10330, Thailand.
Bangkok

#ဘန်ကောက်ဆေးကု

မျက်မှန်မလိုတော့တဲ့ လွတ်လပ်မှုကို Staycation experience နဲ့အတူ စတင်လိုက်ပါ…နေ့စဉ်ဘဝမှာ မျက်မှန်တပ်ရတာ contact lens ထည့်ရ...
02/04/2026

မျက်မှန်မလိုတော့တဲ့ လွတ်လပ်မှုကို Staycation experience နဲ့အတူ စတင်လိုက်ပါ…

နေ့စဉ်ဘဝမှာ မျက်မှန်တပ်ရတာ contact lens ထည့်ရတာတွေက အသေးအဖွဲလိုထင်ရပေမယ့်
တကယ်တော့ ကိုယ့်ဘဝရဲ့ သက်တောင့်သက်သာရှိမှုကိုအနည်းငယ်ချင်းစီ လျှော့ချနေတတ်ပါတယ်…
🌿 မနက်ခင်းတိုင်း မျက်မှန်ရှာရတာ
🌿 မိုးရေကျလာရင် မမြင်ရတာ
🌿 အားကစားလုပ်တဲ့အခါ အနှောင့်အယှက်ဖြစ်တာ
🌿 ခရီးသွားတဲ့အချိန် contact lens care လုပ်နေရတာ

ဒီလို အရာတွေကို အလေ့အကျင့်တစ်ခုလို လက်ခံထားမိနေပြီလား…?

💭 တကယ်တော့ ရှင်းရှင်းလင်းလင်း မြင်နိုင်တဲ့ဘဝက ဘဝအရည်အသွေး (Quality of Life) ကို ပိုတိုးတက်စေနိုင်တာပါ…
✨ ယနေ့ခေတ် နောက်ဆုံးပေါ် SMILE® Pro Laser Vision Correction နဲ့ဆိုရင်

👁️ Laser လုပ်ဆောင်ချိန်က 8–10 စက္ကန့်သာ ကြာမြင့်ပြီးတော့
✔ Corneal flap မလိုအပ်တဲ့ minimally invasive procedure
✔ သေးငယ်တဲ့ incision နဲ့ recovery မြန်ဆန်မှု
✔ Vision stability ပိုမိုကောင်းမွန်မှု တွေကို ပေးစွမ်းနိုင်ပါတယ်။
ဒါကြောင့် နေ့စဉ်ပုံမှန်ဘဝကို မြန်မြန် ပြန်လည်ရောက်ရှိစေနိုင်ပါတယ်…

🏨 ဒီထက်ပိုပြီး အထူးပြုလုပ်ထားတာကတော့…
ဒီ package ဟာ ကုသမှုတစ်ခုတည်း မဟုတ်ပါဘူး…
“Staycation experience” တစ်ခုပါ ပါဝင်ပါတယ်။
✨ 1 night executive room stay ပါဝင်တဲ့အတွက် ကုသပြီးတဲ့နောက်မှာ သက်တောင့်သက်သာနဲ့ အနားယူနိုင်ပါတယ်…
🌿 Hospital environment ထဲမှာပဲ hotel-level သက်တောင့်သက်သာဖြစ်မှုကို ခံစားရပြီးတော့
စိတ်အေးချမ်းစွာ recovery လုပ်နိုင်တဲ့ experience ပါ…

🤍 ဒါဟာ မျက်မှန်မလိုတဲ့ ဘဝအသစ်ကို စတင်တာတင်မကပဲ
ကိုယ့်ကိုယ်ကို
ပိုပြီး လွတ်လပ်စေတဲ့ ပိုပြီး ယုံကြည်မှုရှိစေတဲ့
ပိုပြီး comfortable ဖြစ်စေတဲ့ life upgrade တစ်ခုပါပဲ…

👩‍⚕️ MedPark Hospital မှ international standard eye specialists များက အသေးစိတ် စစ်ဆေးပြီး
သင့်အတွက် သင့်တော်တဲ့ treatment ကို
အကြံပြုပေးမှာဖြစ်ပါတယ်…

📩 SMILE® Pro treatment နှင့် Staycation package အတွက် consultation booking နှင့် arrangement များကို

MIYA Medical Services Thailand မှ စနစ်တကျ ကူညီဆောင်ရွက်ပေးနေပါတယ်…

✨ မနက်ခင်းတစ်ခုမှာ မျက်မှန်မလိုဘဲ ရှင်းရှင်းလင်းလင်း မြင်နိုင်တဲ့ ခံစားချက်ကို သင့်ဘဝထဲ ဒီနေ့ကစပြီး ယူဆောင်လိုက်ပါ…

ရရှိနိုင်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက

Hotlines +666 5284 6678
+666 1192 0885
Viber +666 1192 0885
Line ID shwemiya2025
Email miaaung74@gmail.com
မှ သာမက page messenger မှတဆင့်လည်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

✅ Just A Call To Us

🌈ရုံးခန်းလိပ်စာ – 496-502, Suite number S5112, 5th Floor, Gaysorn Amarin, Ploenchit road, lumpini, Pathumwan, Bangkok 10330, Thailand.
Bangkok

#ဘန်ကောက်ဆေးကု

MIYA  ☘️ထံမှ medical check up service 🩺သာမက ထိုင်းနိုင်ငံ🇹🇭 ခရီးစဉ်တလျောက်လုံး accommodation and transportation full ser...
01/04/2026

MIYA ☘️
ထံမှ medical check up service 🩺
သာမက
ထိုင်းနိုင်ငံ🇹🇭 ခရီးစဉ်တလျောက်လုံး
accommodation and transportation full service ယူသွားတဲ့ Dubai မှ လာလည်တဲ့မိသားစုလေးပါ🥰🥰

✨MIYA medical services ကို ယုံကြည်စိတ်ချစွာ ဝန်ဆောင်မှုယူပေးတဲ့ အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင့်🙏🙏🙏🙏

Mental Wellness Series —- Part 6 ပြီးခဲ့တဲ့ တစ်ပတ်က လွယ်လွယ်ကူကူ ပြုလုပ်လို့ရတဲ့ Mental Detox နည်းလမ်းလေးတွေကို မျှဝေပေး...
30/03/2026

Mental Wellness Series —- Part 6

ပြီးခဲ့တဲ့ တစ်ပတ်က လွယ်လွယ်ကူကူ ပြုလုပ်လို့ရတဲ့ Mental Detox နည်းလမ်းလေးတွေကို မျှဝေပေးခဲ့ပါတယ်…

တကယ်လို့ ကိုယ်က အဲလို အလွယ်တကူ ပြုလုပ်တဲ့နည်းတွေနဲ့လည်း
စိတ်ကသိသိသာသာ မသက်သာဘူး ဆိုရင်တော့ ခုပြောပြမဲ့ Mental Detox နည်းလေးတွေကို လုပ်ဆောင်ကြည့်သင့်ပါတယ်….
တကယ့် deeper level mental detox ဆိုတာက အနားယူတာထက် ပိုပါတယ်…
ကိုယ်မသိလိုက်ပဲ စုနေတဲ့ emotions တွေကို သတိထားမိလာတာ
ကိုယ်ထိန်းထားခဲ့တဲ့ ခံစားချက်တွေကို ဖြည်းဖြည်းချင်း လွှတ်ချနိုင်တာ
ကိုယ့်အတွင်းမှာ ဘာတွေ ဖြစ်နေလဲဆိုတာကို တကယ် နားထောင်နိုင်လာတာ မျိုးပါ။

🌙 တခါတရံ စိတ်ပင်ပန်းမှုရဲ့ အရင်းအမြစ်က အလုပ်တွေ မဟုတ်ပါဘူး…
💭 မပြောဖြစ်ခဲ့တဲ့ စကားတွေ
💔 မဖြေရှင်းရသေးတဲ့ ခံစားချက်တွေ
😶 အမြဲ strong ဖြစ်နေဖို့ ကြိုးစားနေရတာတွေ

ဒီအရာတွေက စိတ်ထဲမှာ တဖြည်းဖြည်း စုပြီး မသိလိုက်ပဲ ပင်ပန်းမှု ဖြစ်လာပါတယ်။

🌊 Emotional Reset ဆိုတာဘာလဲ?

Emotional reset ဆိုတာက ဘဝကို ပြောင်းလဲပစ်တာ မဟုတ်ပါဘူး…
ကိုယ့်စိတ်ကို ပြန်ပြီး “soft” ဖြစ်ခွင့်ပေးတာ ကိုယ့်ကိုယ်ကို ပြန်ပြီး ခံစားနိုင်ခွင့်ပေးတာ “အဆင်ပြေရမယ်” ဆိုတဲ့ ဖိအားကနေ တစ်ခဏဖြစ်ဖြစ် လွတ်အောင်ကြိုးစားထွက်လာတာ မျိုးပါပဲ။

🌿 Deeper Healing အတွက် စမ်းကြည့်နိုင်တဲ့ နည်းလမ်းတွေ
🕊️ Pause without distraction ဘာမှမလုပ်ဘဲ အနားယူတယ်ဆိုတာထက် “ဖုန်းမရှိဘဲ “တကယ်” နားကြည့်ပါ
အနားယူချိန်မှာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဘယ်လို အနှောက်အယှက်မှ ဝင်မလာအောင် သေချာကန့်သတ် အနားယူပါ။
အဲဒီအချိန်မှာ စိတ်က ဘာပြောနေတယ်ဆိုတာ နားထောင်ပါ။
💬 Name your feelings
“ငါဘာဖြစ်နေတာလဲ?” လို့ မေးမယ့်အစား
“ငါစိတ်မသက်သာဘူး”
“ငါပင်ပန်းနေတယ်” စသဖြင့် ကိုယ့်ခံစားချက်ကို တိတိကျကျ အမည်ပေးကြည့်ပါ
ဒါက healing ရဲ့ အစပါပဲ

🌧️ Allow yourself to feel
တချို့အချိန်တွေမှာ အရမ်း strong ဖြစ်နေဖို့ မလိုပါဘူး
စိတ်မကောင်းတာ၊ ဝမ်းနည်းတာတွေကို ဖိထားမယ့်အစား ခံစားခွင့်ပေးပါ။

🌱 Reduce inner pressure အမြဲတမ်း “ပိုကောင်းရမယ်” “ပိုပြီး productive ဖြစ်ရမယ်” ဆိုတဲ့ ဖိအားတွေကို အနည်းငယ် လျော့ချကြည့်ပါ

တခါတရံ “ဒီအတိုင်းပဲ လုံလောက်ပါတယ်” လို့တွေးပြီးလက်ခံတာကလည်း healing တစ်ခုပါပဲ 🤍
တကယ််တော့ စိတ်ကို ပြန်လန်းဆန်းစေဖို့ ဆိုတာက
တချို့အရာတွေကို မလုပ်ပဲနေဖို့နဲ့ ရသလောက် လွှတ်ချကြည့်ဖို့ လိုအပ်နေတာလည်း ဖြစ်နိုင်ပါတယ်။

နောက်တစ်ပတ်မှာ

“စိတ်ပင်ပန်းမှုတွေကို မသိလိုက်ပဲ ပိုဆိုးစေတဲ့ အလေ့အကျင့်တွေ”
ကို ဆက်လက် မျှဝေပေးသွားပါမယ်…
🕊️ Stay with Your Wellness Partner — MIYA 🕊️

ရရှိနိုင်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက

Hotlines +666 5284 6678
+666 1192 0885
Viber +666 1192 0885
Line ID shwemiya2025
Email miaaung74@gmail.com
မှ သာမက page messenger မှတဆင့်လည်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

✅ Just A Call To Us

🌈ရုံးခန်းလိပ်စာ – 496-502, Suite number S5112, 5th Floor, Gaysorn Amarin, Ploenchit road, lumpini, Pathumwan, Bangkok 10330, Thailand.
Bangkok

#ဘန်ကောက်ဆေးကု

🎗️ ကာကွယ်လို့ရပေမဲ့ အမျိုးသမီးများအတွက် အန္တရာယ်အများဆုံး သားအိမ်ခေါင်းကင်ဆာ🎗️အမျိုးသမီးတွေမှာ ဖြစ်လေ့ရှိတဲ့ ကင်ဆာရောဂါတ...
26/03/2026

🎗️ ကာကွယ်လို့ရပေမဲ့ အမျိုးသမီးများအတွက် အန္တရာယ်အများဆုံး သားအိမ်ခေါင်းကင်ဆာ🎗️

အမျိုးသမီးတွေမှာ ဖြစ်လေ့ရှိတဲ့ ကင်ဆာရောဂါတွေထဲမှာ Cervical cancer (သားအိမ်ခေါင်းကင်ဆာ) က အလွန်အရေးကြီးတဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါတယ်။
WHO ရဲ့ အချက်အလက်များအရ ကမ္ဘာတစ်ဝှမ်းမှာ နှစ်စဉ်

• အသစ်ဖြစ်ပွားသူ ၆ သိန်းကျော်
• သေဆုံးသူ ၃ သိန်းကျော်
ဟာ cervical cancer ကြောင့် ဖြစ်နေပါတယ်။
အထူးသဖြင့် screening နည်းပါးတဲ့ နိုင်ငံတွေမှာ ဒီရောဂါကြောင့် သေဆုံးမှုနှုန်း ပိုမြင့်ပါတယ်။
ကံကောင်းတာတစ်ခုကတော့
Cervical cancer ဟာ ကာကွယ်နိုင်တဲ့ ကင်ဆာတစ်မျိုး ဖြစ်ပါတယ်။

🦠 Cervical Cancer ဖြစ်စေတဲ့ အကြောင်းရင်း
Cervical cancer ရဲ့ အဓိက အကြောင်းရင်းက Human Papillomavirus (HPV) infection ဖြစ်ပါတယ်။
HPV virus က လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်နိုင်
ပြီး အချို့ HPV အမျိုးအစားတွေက သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေနိုင်ပါတယ်။
ကျန်းမာရေး သုတေသနများ အရ
Cervical cancer ရဲ့ 99% ကျော် ဟာ HPV infection နဲ့ ဆက်စပ်နေပါတယ်။

⚠️ Cervical Cancer ရဲ့ လက္ခဏာများ
အစောပိုင်းအဆင့်မှာ လက္ခဏာ မပြတတ်ပါဘူး။
ဒါကြောင့် လူအများစုက ရောဂါကို�နောက်ဆုံးအဆင့်မှ သိတတ်ကြပါတယ်။
အချို့လက္ခဏာတွေကတော့
⚠️ ပုံမှန်မဟုတ်သော သွေးဆင်းခြင်း
⚠️ လိင်ဆက်ဆံပြီးနောက် သွေးဆင်းခြင်း
⚠️ Pelvic pain မိန်းမကိုယ် နဲ့ ဆီးစပ် ကိုယ်ခဲနာကျင်
ခြင်း
⚠️ Vaginal discharge အဖြူဆင်း များခြင်း နှင့် အနံ့ဆိုးခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

💉 HPV Vaccine — Cervical Cancer ကို ကာကွယ်နိုင်တဲ့ အရေးကြီးဆုံးနည်းလမ်းထဲက တစ်ခု
HPV vaccine က HPV virus အမျိုးအစားများတွေကနေ ကာကွယ်ပေးနိုင်ပြီးတော့ Cervical cancer risk ကို အလွန် လျော့နည်းစေပါတယ်။
နောက်ဆုံးပေါ် 9-valent HPV vaccine က
HPV types ၉ မျိုး ကို ကာကွယ်ပေးနိုင်ပါတယ်။
ဒါကြောင့် cervical cancer prevention အတွက် အလွန်ထိရောက်တဲ့ vaccine ဖြစ်ပါတယ်။

👩‍⚕️ ဘယ်သူတွေ ထိုးသင့်လဲ?
HPV vaccine ကို

👧 အသက် 9 – 14 နှစ်
👉 2 doses

👩 အသက် 15 နှစ်နှင့်အထက်
👉 3 doses

အဖြစ် ထိုးနိုင်ပါတယ်။
HPV vaccine ကို လိင်ဆက်ဆံမှုမရှိမီ
ထိုးထားမယ်ဆိုရင် ကာကွယ်နိုင်မှု ပိုမိုကောင်းမွန်ပါတယ်။
ဒါပေမယ့် အသက်ကြီးမှလည်း ထိုးလို့ရပါတယ်။
သားအိမ်ခေါင်းချွဲကနေ HPV ပိုး ရှိမရှိ စစ်ဆေးပြီး မရှိဘူးဆိုရင် ထိုးနှံလို့ရပါတယ်။

🏥 Bangkok မှာ HPV vaccine ထိုးလိုပါက
MIYA Medical Services Thailand ရဲ့
partner hospital ဖြစ်တဲ့ MedPark Hospital, Bangkok မှာ
👩‍⚕️ Obstetrics & Gynecology specialists
🏥 International standard hospital facilities
💉 Quality vaccines တို့နဲ့ လုံခြုံစိတ်ချစွာ ထိုးနိုင်ပါတယ်။

ရရှိနိုင်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက

Hotlines +666 5284 6678
+666 1192 0885
Viber +666 1192 0885
Line ID shwemiya2025
Email miaaung74@gmail.com
မှ သာမက page messenger မှတဆင့်လည်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

✅ Just A Call To Us

🌈ရုံးခန်းလိပ်စာ – 496-502, Suite number S5112, 5th Floor, Gaysorn Amarin, Ploenchit road, lumpini, Pathumwan, Bangkok 10330, Thailand.
Bangkok

#ဘန်ကောက်ဆေးကု

“Mental Detox ဆိုတာဘာလဲ နဲ့ စိတ်ကို ပြန်လည် လန်းဆန်းစေနိုင်တဲ့ နည်းလမ်းတွေ”🌿 တစ်ခါတစ်ရံ အလုပ်လည်း မများဘူး အချိန်တွေလည်း...
24/03/2026

“Mental Detox ဆိုတာဘာလဲ နဲ့ စိတ်ကို ပြန်လည် လန်းဆန်းစေနိုင်တဲ့ နည်းလမ်းတွေ”

🌿 တစ်ခါတစ်ရံ အလုပ်လည်း မများဘူး
အချိန်တွေလည်း ရှိတယ်
အနားလည်း ယူနေရဲ့နဲ့
စိတ်က မလန်းဆန်းတာမျိုး ကြုံဖူးပါသလား…
ဒါက ကျွန်မတို့ အနားယူနေချိန်မှာတောင် မရပ်မနား
အလုပ်လုပ်နေတဲ့ စိတ်က burn out ဖြစ်လာတာမျိုးပါ…

🪾 သာမန် နေ့စဉ် ဘဝ တွေမှာတောင် လူတွေအတွက်
Challenge တွေနဲ့ ပင်ပန်းစရာတွေဟာ အပြည့်ပါပဲ..
ဒီထဲမှာ ကျန်းမာရေးကပ်ဆိုက်တာတွေ
စစ်ဘေးဒဏ်ခံရတာတွေကြောင့်
ခုဆိုရင် လူတွေအတွက် အစစအရာရာ
ပိုခက်ခဲလာနေပြီး ပိုလည်းစိတ်ပင်ပန်းစရာတွေချည်း ဖြစ်နေတော့တာပါပဲ…

စိတ်ဟာနွေရာသီ ရဲ့ ခြောက်သွေ့မှုဒဏ် ခံရတဲ့
အရွက်မဲ့ ရိုးတံကျဲကျဲ အပင်အိုအိုလိုပါပဲ…

🌿 နေ့စဥ်ဘဝမှာ
များပြားလှတဲ့ အလုပ်ဖိအားတွေ
မိသားစုတာဝန်တွေ
ဗာယီယ ပြဿနာတွေ
မရပ်မနား လည်ပတ်နေတဲ့ အတွေးတွေနဲ့
မပြောဖြစ်ခဲ့တဲ့ စိတ်ခံစားချက်တွေနဲ့
ပင်ပန်းနွမ်းလျလာတဲ့ စိတ်အတွက် Mental Detox ဆိုတာ လိုအပ်ပါတယ်…

🧠 Mental Detox ဆိုတာဘာလဲ?
Mental Detox ဆိုတာက စိတ်ထဲမှာ စုဆောင်းနေတဲ့
• စိတ်ဖိစီးမှုတွေ
• အကြောင်းသေချာမရှိတဲ့ စိတ်ပင်ပန်းနေမှုတွေ
• မပြောဖြစ်တဲ့ စိတ်ခံစားချက်တွေ
ကို ဖြေလျော့ပေးပြီး စိတ်ကို ပြန်လည် လန်းဆန်းစေတဲ့ process တစ်ခုပါ။
ဒါဟာ “စိတ်ကို reset လုပ်ပေးတာ” လို့ ပြောရင်လည်း မမှားပါဘူး။
🌿 စိတ်ကို လန်းဆန်းစေဖို့ လွယ်ကူတဲ့ နည်းလမ်းများ
Mental Detox ဆိုတာ ခက်ခက်ခဲခဲ လုပ်ဆောင်ရတာမျိုး မဟုတ်ပဲ
ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ချက်ချင်း စတင်လုပ်ဆောင်လို့ရတဲ့
နည်းလမ်းမျိုးတွေလည်း ရှိပါတယ်။
အဲဒါတွေကတော့

📵 Digital Detox လုပ်ကြည့်ပါ
တစ်နေ့လောက်ပဲဖြစ်ဖြစ် social media နဲ့ ဖုန်းကို အချိန်အကန့်အသတ်ထားပါ။
စိတ်ထဲမှာ အေးချမ်းမှုကို ပြန်လည် ခံစားနိုင်ပါလိမ့်မယ်။

🌿 Nature (သဘာဝ) နဲ့ အချိန်ကုန်ကြည့်ပါ
သစ်ပင်တွေ၊ လေထုသန့်ရှင်းတဲ့နေရာတွေမှာ အချိန်အနည်းငယ် သွားနေကြည့်ပါ။
စိတ်ဖိစီးမှုတွေ သဘာဝအတိုင်း လျော့နည်းသွားတတ်ပါတယ်။
🧘‍♀️ အသက်ရှူခြင်းကို အာရုံစိုက်ပါ
မိနစ်အနည်းငယ်ပဲဖြစ်ဖြစ် deep breathing လုပ်ကြည့်ပါ။
စိတ်တည်ငြိမ်မှုကို ခံစားနိုင်ပါတယ်။
✍️ စိတ်ထဲရှိတာတွေ ရေးချပါ (Journaling)
ကိုယ့်စိတ်ထဲမှာရှိတဲ့ အတွေးတွေ၊ ခံစားချက်တွေကို စာရေးပြီး ဖော်ထုတ်ကြည့်ပါ။
အချို့ စိတ်ပင်ပန်းမှုတွေက ဖော်ပြလိုက်တာနဲ့ပဲ ပျောက်သွားတတ်ပါတယ်။

🤍 ကိုယ့်ကိုယ်ကို အနားပေးပါ
အမြဲ productive ဖြစ်ဖို့ မလိုပါဘူး တခါတရံ ဘာမှ မလုပ်ဘဲ အနားယူနေတာလည်း လိုအပ်ပါတယ်။
အနားယူခြင်းကလည်း အလုပ်တစ်ခုပါပဲ…
🌸 Mental Detox ဆိုတာ Luxury မဟုတ်ပါဘူး ကိုယ့်အတွက် အမှန်တကယ် လိုအပ်တဲ့ Self-care တစ်ခုပါ
စိတ်ပင်ပန်းမှုတွေကို လျစ်လျူရှုထားတာက တနေ့ထက်တနေ့ ပိုဆိုးလာနိုင်ပါတယ်။
ဒါကြောင့်မို့ တခါတရံ ကိုယ့်စိတ်ကို ပြန်ကြည့်
ပြီး အနားယူခွင့်ပေးဖို့ လိုပါတယ်…

🌙 နောက်တစ်ပတ်မှာ
“Mental Detox ကို deeper level မှာ လုပ်နိုင်တဲ့ နည်းလမ်းတွေ (healing experience, emotional reset)”
ကို ဆက်လက် မျှဝေပေးသွားပါမယ် 🤍

🕊️ Stay with Your Wellness Partner — MIYA 🕊️

ရရှိနိုင်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက

Hotlines +666 5284 6678
+666 1192 0885
Viber +666 1192 0885
Line ID shwemiya2025
Email miaaung74@gmail.com
မှ သာမက page messenger မှတဆင့်လည်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

✅ Just A Call To Us

🌈ရုံးခန်းလိပ်စာ – 496-502, Suite number S5112, 5th Floor, Gaysorn Amarin, Ploenchit road, lumpini, Pathumwan, Bangkok 10330, Thailand.
Bangkok

#ဘန်ကောက်ဆေးကု

👶 မိမိကလေးက ပုံမှန်အတိုင်း ကြီးထွား ဖွံ့ဖြိုးနေရဲ့လားမိဘတစ်ယောက်အတွက် ကလေးလေး ကျန်းမာစွာ ကြီးထွားလာဖို့က အရေးကြီးဆုံး ဆန...
21/03/2026

👶 မိမိကလေးက ပုံမှန်အတိုင်း ကြီးထွား ဖွံ့ဖြိုးနေရဲ့လား

မိဘတစ်ယောက်အတွက် ကလေးလေး ကျန်းမာစွာ ကြီးထွားလာဖို့က အရေးကြီးဆုံး ဆန္ဒတစ်ခုပါ။
တချို့ကလေးတွေမှာ
• အသက်တူကလေးတွေထက် အရပ်ပုနေတာ
• ကိုယ်အလေးချိန် တိုးတက်မှု နှေးနေတာ
• ဖွံ့ဖြိုးမှု မျှတမှု မရှိတာ
စတဲ့ အခြေအနေတွေ ဖြစ်တတ်ပါတယ်။
ဒီလိုအခြေအနေတွေကို မိဘတွေက “အပျိုဖော် လူပျိုဖော် မဝင်သေးလို့ နှေးနေတာဖြစ်မှာပါ” ဆိုပြီး လျစ်လျူရှုတတ်ကြပါတယ်။
ဒါပေမယ့် တကယ်တော့ ကလေးရဲ့ growth development ဟာ စနစ်တကျ စစ်ဆေးဖို့ အလွန်အရေးကြီးပါတယ်။

📈 ကလေးကြီးထွားမှုကို ဘာတွေက သက်ရောက်စေသလဲ?
ကလေးတစ်ယောက်ရဲ့ ကြီးထွားမှုဟာ အချက်အလက်များစွာနဲ့ ဆက်စပ်နေပါတယ်။
🧬 မျိုးရိုးဗီဇ
🥗 အာဟာရ
🦋 Hormone balance
🦴 အရိုးဖွံ့ဖြိုးမှု
🩺 ကျန်းမာရေးအခြေအနေများ

ဒီအရာတွေထဲမှာ Hormone imbalance သို့မဟုတ် bone growth delay ဖြစ်နေမယ်ဆိုရင် ကလေးရဲ့ အရပ်အမြင့် ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့်မို့ ကလေးကြီးထွားမှုကို scientifically assessment လုပ်ဖို့ လိုအပ်ပါတယ်။

🩺 Growth Assessment ဆိုတာဘာလဲ?
Growth Assessment ဆိုတာက ကလေးရဲ့ physical growth နဲ့ hormone level တွေကို စနစ်တကျ စစ်ဆေးပြီး ကြီးထွားမှု မှန်ကန်မှုရှိမရှိ အကဲဖြတ်တဲ့ medical evaluation ဖြစ်ပါတယ်။

ဒီ assessment က

✅ ကလေးရဲ့ growth pattern ကို သိရှိနိုင်ပါတယ်
✅ growth delay ရှိမရှိ ရှာဖွေနိုင်ပါတယ်
✅ hormone imbalance ကို သိနိုင်ပါတယ်
✅ future growth potential ကို ခန့်မှန်းနိုင်ပါတယ်

🔬 Growth Assessment Package မှာ ပါဝင်တဲ့ စစ်ဆေးမှုများ
👨‍⚕️ Physical Examination ကလေးရဲ့ overall growth development ကို ဆရာဝန်မှစစ်ဆေးပေးပါတယ်။
🩸 Complete Blood Count (CBC) ကလေးရဲ့ အထွေထွေ ကျန်းမာရေးအခြေအနေကို စစ်ဆေးပေးပါတယ်။
🦋 Thyroid Function Test Thyroid hormone များဖြစ်
တဲ့

• TSH
• Free T4 တို့ကို စစ်ဆေးပြီး ကြီးထွားမှုကို သက်ရောက်မှုရှိမရှိ သိနိုင်ပါတယ်။
📊 Insulin-like Growth Factor 1 (IGF-1) ကလေးရဲ့ growth hormone activity ကို အကဲဖြတ်နိုင်ပါတယ်။
🦴 Bone Age X-ray (Bone Survey) အရိုးဖွံ့ဖြိုးမှုအဆင့်ကို သိရှိပြီး ကလေးရဲ့ growth potential ကို ခန့်မှန်းနိုင်ပါတယ်။

👩‍⚕️ ဘယ်သူတွေ ဒီ test လုပ်သင့်လဲ?
📏 အသက်တူကလေးတွေထက် အရပ်ပုနေခြင်း
⚖️ ကိုယ်အလေးချိန် မတိုးတက်ခြင်း
🧬 မိသားစုတွင် short stature history ရှိခြင်း
🦋 Hormone imbalance suspicion
🦴 bone development delay
💡 Early assessment က အရေးကြီးပါတယ်
ကလေးရဲ့ growth problem တွေကို အစောပိုင်းမှာ သိရှိနိုင်မယ်ဆိုရင်
✅ treatment planning လုပ်နိုင်ပါတယ်
✅ growth potential ကို ကာကွယ်နိုင်ပါတယ်
✅ ကလေးရဲ့ future height development ကို ထိန်းသိမ်းနိုင်ပါတယ်
✅ အရိုးတွေကြီးထွားမှု ရှိနေတုန်းမှာ အရပ်ရှည်အောင် ကုသမှုတွေ ယူလို့ရပါတယ်

MIYA Medical Services Thailand ရဲ့ partner hospital ဖြစ်တဲ့ MedPark Hospital, Bangkok မှာ

👨‍⚕️ Pediatric specialists
🏥 International standard hospital facilities
🔬 Advanced diagnostic technology
တို့နဲ့ ကလေးရဲ့ growth development ကို စနစ်တကျ စစ်ဆေးနိုင်ပါတယ်။

ရရှိနိုင်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက

Hotlines +666 5284 6678
+666 1192 0885
Viber +666 1192 0885
Line ID shwemiya2025
Email miaaung74@gmail.com
မှ သာမက page messenger မှတဆင့်လည်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

✅ Just A Call To Us

🌈ရုံးခန်းလိပ်စာ – 496-502, Suite number S5112, 5th Floor, Gaysorn Amarin, Ploenchit road, lumpini, Pathumwan, Bangkok 10330, Thailand.
Bangkok

#ဘန်ကောက်ဆေးကု

“ကိုယ်အိပ်ပျော်နေချိန်မှာတောင် မရပ်မနား အလုပ်လုပ်နေရတဲ့ အဆုတ် ကျန်းမာရေး”လူအများစုဟာ ကိုယ်အိပ်နေချိန်မှာတောင် မရပ်မနား  ...
19/03/2026

“ကိုယ်အိပ်ပျော်နေချိန်မှာတောင် မရပ်မနား အလုပ်လုပ်နေရတဲ့ အဆုတ် ကျန်းမာရေး”

လူအများစုဟာ ကိုယ်အိပ်နေချိန်မှာတောင် မရပ်မနား အလုပ်လုပ်နေရတဲ့ အဆုတ်ကျန်းမာရေးကို စနစ်တကျ စစ်ဆေးကြည့်ဖို့ မေ့နေတတ်ကြပါတယ်။
ဒါပေမယ့် ဒီနေ့ခေတ်မှာ အဆုတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရာတွေ များလာပါတယ်။

🚬 ဆေးလိပ်သောက်ခြင်း
🏙️ လေထုညစ်ညမ်းမှု
🦠 COVID infection history
💼 Stressful lifestyle
🌫️ ဖုန်မှုန့်နှင့် အလုပ်ပတ်ဝန်းကျင်ထိတွေ့မှု

ဒီအရာတွေကြောင့် အဆုတ်ရဲ့လုပ်ဆောင်မှုက တဖြည်းဖြည်း လျော့နည်းလာနိုင်ပါတယ်။

တချို့လူတွေမှာ
😮‍💨 အသက်ရှူမဝသလို ခံစားရခြင်း
😷 ခဏခဏ ချောင်းဆိုးခြင်း
🏃‍♂️ လှေကားတက်တဲ့အခါ လွယ်လွယ် ပင်ပန်းခြင်း
🫁 အသက်ရှူရခက်ခဲလာခြင်း
စတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။
ဒီလိုအခြေအနေတွေကို သိရှိနိုင်ဖို့

Pulmonary Function Test (PFT) က အရေးကြီးပါတယ်။

🧪 Pulmonary Function Test (PFT) ဆိုတာဘာလဲ?
Pulmonary Function Test ဆိုတာက အဆုတ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို စစ်ဆေးတဲ့ test ဖြစ်ပါတယ်။

ဒီ test နဲ့
✅ လေကြောင်းပိတ်ဆို့မှုရှိမရှိ
✅ အဆုတ်ထဲမှာ လေဝင်လေထွက်ပမာဏ
✅ အဆုတ်ထဲ Gas exchange efficiency
တို့ကို တိကျစွာ စစ်ဆေးနိုင်ပါတယ်။

🔬 PFT Test မှာ ပါဝင်တဲ့ စစ်ဆေးမှုများကတော့

🫁 Spirometry Airway obstruction ရှိမရှိ စစ်ဆေးပေးပါတယ်။

🫁 Lung Volume Measurement အဆုတ်ရဲ့ total lung capacity ကို တိုင်းတာပေးပါတယ်။

🫁 DLCO Test အဆုတ်အတွင်း oxygen နှင့် carbon dioxide exchange efficiency ကို စစ်ဆေးပေးပါတယ်။

🩺 ဘယ်ရောဂါတွေကို ရှာဖွေနိုင်လဲ?
Pulmonary Function Test က
🫁 Asthma (ပန်းနာရင်ကြပ်)
🫁 Chronic Obstructive Pulmonary Disease (COPD) (ဆေးလိပ်ကြောင့် လေပြွန်များပိတ်သောအဆုတ်ရောဂါ)🫁 Pulmonary fibrosis (အဆုတ်ခဲခြင်း)
🫁 Chronic lung diseases (နာတာရှည် အဆုတ်ရောဂါ)
စတဲ့ ရောဂါတွေကို သိရှိနိုင်အောင် ကူညီပေးပါတယ်။
ဒါကြောင့် အဆုတ်ရောဂါတွေကို ကြိုတင်ကာကွယ်နိုင်ဖို့
အရေးကြီးတဲ့ screening test တစ်ခု ဖြစ်ပါတယ်။

⏱️ Test ပြုလုပ်ချိန်
Pulmonary Function Test က နာကျင်မှုမရှိ၊ ခွဲစိတ်စရာ မလိုအပ်ပဲ မိနစ်အနည်းငယ်သာ ကြာမြင့်တဲ့ လွယ်ကူသော စစ်ဆေးမှုတစ်ခု ဖြစ်ပါတယ်။

🏥 Bangkok မှာ Lung Function Test လုပ်လိုပါက
MIYA Medical Services Thailand ရဲ့ partner hospital ဖြစ်တဲ့ MedPark Hospital, Bangkok မှာ

🩺 Pulmonary specialists
🏥 International standard medical facilities
🔬 Advanced diagnostic technology
တွေနဲ့ အဆုတ်ကျန်းမာရေးကို စနစ်တကျ စစ်ဆေးနိုင်ပါတယ်။

ရရှိနိုင်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက

Hotlines +666 5284 6678
+666 1192 0885
Viber +666 1192 0885
Line ID shwemiya2025
Email miaaung74@gmail.com
မှ သာမက page messenger မှတဆင့်လည်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

✅ Just A Call To Us

🌈ရုံးခန်းလိပ်စာ – 496-502, Suite number S5112, 5th Floor, Gaysorn Amarin, Ploenchit road, lumpini, Pathumwan, Bangkok 10330, Thailand.
Bangkok

#ဘန်ကောက်ဆေးကု

ที่อยู่

496-502, Suite Number S5112, 5th Floor, Gaysorn Amarin, Ploenchit Road
Bangkok
10330

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ MIYA Medical Servicesผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์