EiEi Ehphaw wellness and wellbeing

EiEi Ehphaw wellness and wellbeing Wellness and Wellbeing ကျန်းမာရေးနှင့်အသိပညာ

ဆေးဆရာကြီးတစ်ဦးက ပြောသတဲ့။ကမ္ဘာပေါ်မှာရှိတဲ့ ဆေးဖက်ဝင် အပင်ပေါင်းများစွာထဲကသင်ဟာ တစ်ပင်ပဲရွေးပြီး စိုက်ခွင့်ရမယ်ဆိုရင်ရဲ...
01/11/2025

ဆေးဆရာကြီးတစ်ဦးက ပြောသတဲ့။
ကမ္ဘာပေါ်မှာရှိတဲ့ ဆေးဖက်ဝင် အပင်ပေါင်းများစွာထဲက
သင်ဟာ တစ်ပင်ပဲရွေးပြီး စိုက်ခွင့်ရမယ်ဆိုရင်ရဲယိုပင်ကိုသာ ရွေးချယ်လိုက်ပါတဲ့။

မိမိအိမ်ရဲ့ မြေမှာ
အနည်းဆုံး ရဲယိုပင် တစ်ပင် စိုက်လိုက်ပါ။

တိုက်ခန်း, ကွန်ဒိုနဲ့
နေတဲ့သူများကတော့
ပန်းအိုးတစ်အိုး နဲ့ စိုက်လိုက်ပါ။

ဒါမှသာ ရဲယိုရွက်လေးတွေ
ထွက်လာတာ မြင်နေရမှ
ရဲယိုရွက်ကို စားဖို့ မမေ့မှာပါ။

တစ်ကယ်လို့ အကြောင်း အမျိုးမျိုးကြောင့်
မစိုက်ဖြစ်ကြဘူး ဆိုရင်လည်း
ရဲယိုရွက်ကို ချက်စားကြဖို့
စေတနာ အရင်းခံနဲ့ တိုက်တွန်းပါတယ်။

ရဲယိုရွက် ငါးဖယ်ပြောက်ကျားဟင်း
ရဲယိုရွက် ဘဲဥ အချပ်လိုက်ကြော်
ရဲယိုရွက် ငါးဘတ်မွှေ
ရဲယိုရွက် ငါးခူဟင်း
ရဲယိုရွက် ကြက်ဥမွှေကြော်
ရဲယိုရွက်ကြော်
ရဲယိုရွက် ကြက်ကြော်သုပ်
ရဲယိုရွက် ငါးခူစင်းကော
ရဲယိုရွက် ကြက်သားဟင်း

ကျန်းမာရေးအတွက် ကောင်းလွန်းလို့
ထပ်ချက်စားတဲ့ ရဲယိုရွက်

အသစ် ဟင်းလျှာတွေကို
ထပ်ထပ်ပြီး ဖြည့်ပေးသွားပါမယ်။

အားလုံးပဲ သက်ရှည် ကျန်းမာကြပါစေ။

ရဲယို နဲ့ ကျန်းမာရေး
**********

အစားအစာတိုင်းက
အာဟာရဖြစ်ရုံသက်သက် မဟုတ်ပါဘူး။

ခန္ဓာကိုယ်အတွက်
ကျန်းမာရေး အကျိုးကျေးဇူးတွေ
အများကြီးရစေတာပါ။

ရဲယိုရွက်ကို ဟင်းထုတ်လုပ်စားတာ၊
ငါးနဲ့ရောပြီး စင်းကောချက်တာမျိုး စားလို့ရသလို

ရဲယိုသီးကိုလည်း ဖျော်ရည်လုပ်သောက်လို့ ရပါတယ်။
ရဲယိုပင်က တစ်ပင်လုံးနီးပါး ဆေးဖက်ဝင်တာပါ။

ရဲယို က ဘယ်လိုများဆေးဖက်ဝင်တာလဲ

ရဲယိုသီးရော ရဲယိုရွက်ကပါ
ကျန်းမာရေးအကျိုးကျေးဇူး
တော်တော်လေးများပါတယ်။

သက်ကြီးရွယ်အိုတွေအတွက်ရော
လူငယ်တွေအတွက်ပါ
အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပေါ့။

ရဲယိုပင်က ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး
အမြဲစိမ်း အပင်ငယ်တစ်မျိုးပါ။

ရှေးယခင်ကာလတွေကတည်းက
အရေပြားအတွက်ဆေးအဖြစ် အသုံးပြုခဲ့ကြပါတယ်။

အသီးနဲ့ အရွက်တင် မကပါဘူး။
အပွင့်၊ အခေါက်၊ ပင်စည်နဲ့ အမြစ်တွေကလည်း
ဆေးဖက်ဝင်ပါသေးတယ်။

ရဲယို မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ

ရဲယိုရွက်၊ ရဲယိုသီးတို့မှာ
ပရိုတင်း၊ အမျှင်ဓာတ်၊ အဆီဓါတ်၊

ဗီတာမင် A၊ ဗီတာမင် C နဲ့
သွေးတိုးကျစေနိုင်တဲ့ ပိုတက်ဆီယမ်တို့ပါဝင်ပါတယ်။

ဒါတွေအပြင်
ကင်ဆာ နဲ့ နှလုံးရောဂါတွေကို

ကာကွယ်ပေးနိုင်တဲ့
ဖလေဗာနွိုက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း
ပါဝင်နေပါသေးတယ်။

အစာလည်းဆေး၊
ဆေးလည်း အစာလို့ ပြောလို့ရအောင်ကို

အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ စားစရာတစ်မျိုးပါ။
မကြိုက်တဲ့သူတွေအတွက်တော့

အဝင်တော့ နည်းနည်းလေးဆိုးပါတယ်။
ကြိုက်တဲ့သူတွေအတွက်က အရမ်းစားကောင်းပါတယ်။

ရဲယိုရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံများကတော့

အကိုက်အခဲပျောက်စေတယ်

ရဲယို ပင်ကို ခေါင်းကိုက်ပျောက်ပင်
အကိုက်အခဲပျောက်ပင်လို့တောင်
ခေါ်ကြတာမျိုးရှိပါတယ်။

လေ့လာမှုတွေအရ ရဲယိုပင်က
အကိုက်အခဲပျောက်စေနိုင်ပြီး

လေးဖက်နာ ဝေဒနာနဲ့
အခြားအဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတာကို
သက်သာစေနိုင်ပါတယ်။

ကိုယ်ခံအားကောင်းစေတယ်။


ကိုယ်ခံအားကောင်းစေဖို့
အထောက်အကူပြုပေးပါတယ်။

ဘက်တီးရီးယားတွေ

အန္တရာယ်ကနေ ကာကွယ်ပေးသလို
တုပ်ကွေးလိုမျိုး

ကူးစက်တတ်တဲ့ ရောဂါတွေကနေ
ကာကွယ်ပေးနိုင်ပါတယ်။

အိပ်ပျော်စေတယ်။

ရဲယိုသီး နဲ့ ရဲယိုရွက်က
ဆီရိုတိုနင်ဟော်မုန်းနဲ့
မယ်လ်လာတိုနင်ဟော်မုန်းတွေကို
လှုံ့ဆော်ပေးပါတယ်။

စိတ်ခံစားမှု ကောင်းမွန်စေပြီး

စိတ်ဓာတ်မကျစေဖို့နဲ့
အိပ်ပျော်စေဖို့အတွက် အရေးပါတဲ့ဟော်မုန်းတွေကို
လှုံ့ဆော်ပေးမှတော့

စိတ်ဓာတ်ကျမှာ
အိပ်မပျော်မှာကို ပူစရာမလိုတော့ပါဘူး။

အရေပြားနဲ့ ဆံသားကို ကျန်းမာစေနိုင်တယ်။

ရဲယိုရွက်နဲ့ ရဲယို သီးမှာပါတဲ့

ဂုဏ်သတ္တိတွေက
အသားအရေကို နုပျိုစေပြီး

ဆံသားကို သန်စွမ်းစေနိုင်သလို
ခြေသည်းလက်သည်းတွေကိုပါ ကျန်းမာစေနိုင်တာပါ။


ကင်ဆာကာကွယ်ပေးနိုင်တယ်

ရဲယို ရွက် နဲ့ ရဲယိုသီးတွေက
နိုက်ထရစ်အောက်ဆိုဒ် ထွက်ရှိအောင်
လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။

ခန္ဓာကိုယ်က ကင်ဆာဆဲလ်တွေကို
တုံ့ပြန်တိုက်ခိုက်နိုင်အောင်လုပ်ဆောင်ပေးသလို

ကင်ဆာကျိတ်တွေ ကြီးမလာအောင်လည်း
ဟန့်တားပေးနိုင်ပါတယ်။

သွေးတိုးကျစေနိုင်တယ်

phytonutrients ပါဝင်နေသလို
ဗီတာမင် C နဲ့ ဆီလီနီယမ်တို့

ပါဝင်နေတာကြောင့်
သွေးကြောနံရံတွေကို

Free Radical တွေကြောင့်
ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။

ပိုတက်ဆီယမ်ပါဝင်မှုကြောင့်

သွေးတိုးကျစေနိုင်ပါတယ်။
နောက်ထပ်အာနိသင်တစ်ခုက

သွေးကြောတွေကို ပြေလျော့စေတာပါ။

သွေတွင်းကိုလက်စထရော ကျဆင်းစေနိုင်စေတယ်။

သွေးတွင်းက အကျိုးမပြုတဲ့
ကိုလက်စထရောတွေကို ကျဆင်းစေပြီး

သွေးကြောထဲမှာ အဆီတွေစုပုံတာမျိုးမဖြစ်အောင်
ကာကွယ်ပေးနိုင်ပါတယ်။

မှတ်ဉာဏ်ကောင်းစေနိုင်တယ်

သွေးတွင်းကိုလက်စထရောကို

ကျဆင်းစေနိုင်ပြီး
သွေးကြောတွေထဲမှာ

သွေးစီးဆင်းမှုကောင်းစေနိုင်တာကြောင့်
ဦးနှောက်ထဲကို

သွေးစီးဆင်းရောက်ရှိမှုကောင်းမွန်စေပြီး
ဦးနှောက်ကို ကျန်းမာစေနိုင်သလို
မှတ်ဉာဏ်လည်း ပိုကောင်းစေနိုင်ပါတယ်။

ဝမ်းမှန်စေနိုင်တယ်

ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်များစွာ

ပါဝင်နေတာကြောင့်
အူတွေအတွင်းမှာ

စီးဆင်းမှုကို ကောင်းမွန်စေနိုင်ပြီး
ဝမ်းမှန်စေနိုင်ပါတယ်။

အူလမ်းကြောင်းကျန်းမာဖို့အတွက် လိုအပ်တဲ့
ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို
ထောက်ပံ့ပေးပါတယ်။

ဒါတွေအပြင်

ရဲယို ပင်ရဲ့ အစိတ်အပိုင်းတွေမှာပါတဲ့

ဓာတ်တွေက
ကျန်းမာရေးကို တော်တော်လေး

အထောက်အကူပြုပေးတာပါ။

လေနာရောဂါ၊

အတက်ရောဂါတွေကို သက်သာစေနိုင်သလို
ချောင်းဆိုးပျောက်စေပါတယ်။

ဆီးချိုအတွက် အသုံးတည့်သလို

ဆီးသွားရင် နာကျင်တာ၊

အတွင်းတိမ်မဖြစ်အာင် ကာကွယ်ဖို့

ကင်ဆာကာကွယ်ဖို့နဲ့

လေမဖြတ်အောင်
ကာကွယ်ဖို့အတွက်လည်း

အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပါ။

ခေါင်းတစ်ခြမ်းကိုက်တာအတွက်လည်း
စားသုံးပေးလို့ရပါတယ်။


15/10/2025

🥰အမျိုးသမီးများရာသီမလာခင်ပြလေ့ရှိတဲ့လက္ခဏာများ




02/10/2025

✨လူငယ်တိုင်းကိုယ်ပိုင်စီးပွါးရေးတစ်ခုစတင်ဖို့မ

ကြောက်ပါနဲ့ရှင့်။

✨ကိုယ်ပိုင်အလုပ်စတင်ခြင်းသည်မိမိ၏ပင်ကို

အရည်အချင်းကိုပိုပြီးတိုးတက်ပြီးအတွေ့အကြုံများ

စွာပေးပါတယ်ရှင့်




23/09/2025

✍️ဒီကနေ့ခေတ်မှာပိန်မှလှတယ်လို့လူတော်တော်များများ

လက်ခံထားကြပေမဲ့….လိုဒါထပ်ပိုပြီးပိန်လွန်းရင်လဲ

ကျန်းမာရေးထိခိုက်နိုင်ပါတယ်ရှင့်။

“အရမ်းပိန်လွန်းရင်ဖြစ်လာနိုင်တဲ့ဆိုးကျိုး(5)ချက်”



23/09/2025

မင်္ဂလာပါရှင့်

ที่อยู่

Vibhavadi Road
Bangkok
10900

เว็บไซต์

https://scmmember.com/visitor/login

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ EiEi Ehphaw wellness and wellbeingผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์