Eat with Seng Food Blog

ဘတ် ၂၀၀ နဲ့ ဘန်ကောက်ကနေ ဟွာဟင်းကမ်းခြေသွားပြီး အပန်းဖြေလို့ရမယ့် နေရာ..🌊🩵အရင်ဆုံး Ekkamai Bus Terminal မှာ ဘတ် ၂၀၀ နဲ့ က...
08/01/2026

ဘတ် ၂၀၀ နဲ့ ဘန်ကောက်ကနေ ဟွာဟင်းကမ်းခြေသွားပြီး အပန်းဖြေလို့ရမယ့် နေရာ..🌊🩵

အရင်ဆုံး Ekkamai Bus Terminal မှာ ဘတ် ၂၀၀ နဲ့ ကားလက်မှတ်ဝယ်လို့ရပါတယ်။ Hua Hin ကမ်းခြေကိုရောက်ဖို့ဆို ၃နာရီခွဲလောက်ပဲ ကားစီးရတယ်..

ဒါကတော့ ဟွာဟင်းကားဂိတ်နဲ့ သိပ်မဝေးတဲ့ ဓာတ်ပုံရိုက်စရာ photo spot လေးတွေအများကြီးရှိတဲ့ beach cafe လေးပါ..🌊

တစ်ဆိုင်လုံးမှာ တစ်နေရာမှမကျန် ဓာတ်ပုံရိုက်လို့တအားလှတာ။ ဝင်ကြေးလည်းမရှိဖူး..

ဒီရက်ပိုင်းက ဆောင်းလေတိုက်တဲ့အချိန်ဆိုတော့ ကမ်းခြေမှာ ရှယ်လွင့်လို့ကောင်းတဲ့အချိန်..👀

ဓာတ်ပုံတစ်ဝရိုက်ပြီးရင် ကော်ဖီတစ်ခွက်နဲ့ ပင်လယ်ပြင်ရယ် လှိုင်းသံလေးတွေနဲ့ အေးဆေးလာထိုင်လို့ကောင်းတဲ့နေရာ..☕️

ကော်ဖီတွေကလည်း တစ်ခွက်မှ ဘတ် ၅၀-၈၀ လောက်ပဲရှိတယ်..

ပိတ်ရက်တွေဆို ဘန်ကောက်မှာပျင်းလာရင် ကမ်းခြေကို ဘတ် ၂၀၀ နဲ့ ထထွက်ခဲ့လိုက်..🏝️

07/01/2026

ဒီထွေးကြီးကိုကြည့်ပြီး ညဖက်ဆို YouTube မှာ ဖုဘလောဂါတွေ စားပြသမျှ သရေထိုင်ကျနေရတဲ့ ကိုယ့်အဖြစ်တောင် သွားသတိရ..🥹

06/01/2026

Vietnam က နာမည်ကြီး Cat Cat Village မှာ အပြီးအစီး ၁သိန်းကျော်နဲ့ ဓာတ်ပုံလှလှလေး သွားရိုက်မယ်.. 🇻🇳🎎

မုန့်ဟင်းခါးကို သောက်တာပဲဖြစ်ဖြစ် စားတာပဲဖြစ်ဖြစ် ဂယက်ထနေကြလို့.. ကိုယ်ကတော့ မုန့်ဟင်းခါးသွားမြိုစို့မယ်ဆိုတဲ့ အဖွဲ့က..🙂...
06/01/2026

မုန့်ဟင်းခါးကို သောက်တာပဲဖြစ်ဖြစ် စားတာပဲဖြစ်ဖြစ် ဂယက်ထနေကြလို့.. ကိုယ်ကတော့ မုန့်ဟင်းခါးသွားမြိုစို့မယ်ဆိုတဲ့ အဖွဲ့က..🙂‍↕️

မြိုကြပါဦးနော်.. 🙌🏻

#မုန့်ဟင်းခါး

05/01/2026

အလုံစျေးနားက ၁ပွဲ ၂၀၀၀ ကျပ်တန် မအူပင်မုန့်ဟင်းခါးသွားသောက်မယ်..😋♨️

#မုန့်ဟင်းခါး #တောချက် #မြို့ချက် #အလုံစျေး

03/01/2026

ရန်ကုန်စတိုင် ငါးခူမုန့်ဟင်းခါး၊ ညထမင်းကြော် နဲ့ ဟင်းအမျိုး ၂၀ကျော် စားလို့ရတဲ့ဆိုင်..♨️

ဒီ video လေးshare ပြီး ဆိုင်မှာသွားစားရင် 20% OFF လေးပါရဦးမှာနော်..💕

📍On Nutian Kitchen

Happy New Year everyone🥳🎆💕နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒများအားလုံး တစ်လုံးတစ်ဝတည်း ပြည့်ဝကြပ...
01/01/2026

Happy New Year everyone🥳🎆💕

နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒများအားလုံး တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေလို့ ဆုတောင်းလိုက်ပါတယ်..🙏🏼

နှစ်သစ်မှာလည်း ဒီထက်မက ပိုပြီးလှူဒါန်းနိုင်တဲ့ လက်တစ်စုံဖြစ်အောင် ကြိုးစားသွားပါဦးမယ်💕

ရန်ကုန်ဆေးရုံကြီး ကင်ဆာဌာနမှာ အယောက် ၁၀၀ စာ လှူဒါန်းဖြစ်တာလေးပါ..🙏🏼

31/12/2025

🍾New Year မှာ ရှယ်ပလန်နဲ့သောက်လို့ရမယ့် ဆိုဂျူစပ်နည်းအဖြာဖြာနဲ့ မာလာအကင်သုပ်လုပ်စားမယ်..🍉🍸

မနက်ဖြန် New Year ညမှာ စပျစ်သီး၁၂လုံး စားရဖို့အရေး မြို့ပတ်ရှာလိုက်ရတာ နောက်ဆုံးတစ်ဆိုင်မှာတွေ့တော့ အပျော်လွန်ပြီးပြေးဝယ...
30/12/2025

မနက်ဖြန် New Year ညမှာ စပျစ်သီး၁၂လုံး စားရဖို့အရေး မြို့ပတ်ရှာလိုက်ရတာ နောက်ဆုံးတစ်ဆိုင်မှာတွေ့တော့ အပျော်လွန်ပြီးပြေးဝယ်…🫢

အခုပြန်ကြည့်တော့မှ တစ်လုံးတစ်လုံးနည်းတာကြီးမဟုတ်.. အဲ့ ၁၂လုံးကို ၁မိနစ်အတွင်းစားရရင်လည်း လည်မြိုနင်ဖို့ပဲရှိတယ်..🫠🫵🏼

#စပျစ်သီးဂယက်

30/12/2025

ဘန်ကောက်ရောက်ရင် စားခဲ့သင့်တဲ့ နာမည်ကြီး Banthat Thong လမ်းက ထိုင်းဆိုင်..🍜💛

📍Yelo Osha

အခုချိန်ဆို ခေါင်ရိုင်က ပန်းခင်းလှလှလေးတွေကြားဓာတ်ပုံရိုက်.. ကော်ဖီဆိုင်လေးမှာထိုင်ပြီး တအားလှလို့ကောင်းတဲ့အချိန်..🥰🌺 ဘန...
29/12/2025

အခုချိန်ဆို ခေါင်ရိုင်က ပန်းခင်းလှလှလေးတွေကြားဓာတ်ပုံရိုက်.. ကော်ဖီဆိုင်လေးမှာထိုင်ပြီး တအားလှလို့ကောင်းတဲ့အချိန်..🥰🌺

ဘန်ကောက်ကနေ ၂နာရီ- ၃နာရီလောက်ပဲ သွားရတာဆိုတော့ အလုပ်ပိတ်ရက်တွေမှာ ကားနဲ့ ရထားနဲ့ ထသွားလိုက်ရုံပဲ.. 🚘

ဒါကတော့ ခေါင်ရိုင်ရောက်ရင် ဘယ်မှာတည်းရမလဲ၊ ဘယ်သွားလည်ရမလဲဆိုတဲ့သူတွေအတွက် ဒီနေရာလေးတွေ သွားခဲ့ကြည့်..✨🏕️

1. Khao Yai Art Tree Resort - Little Switzerland လို့တင်စားကြတဲ့ ဓာတ်ပုံရိုက်လို့တအားလှတဲ့နေရာလေး 🇨🇭
2. Hokkaido Flower Park - ရောင်စုံပန်းခင်းကြီးထဲ ဓာတ်ပုံတစ်ဝကြီးရိုက်ရင်း ဂျပန်ဝတ်စုံလေးတွေနဲ့လည်း ရိုက်လို့ရတယ် 🌸
3. Bucolic Cafe - တောင်တန်းကြီးကို နောက်ခံထားတဲ့အလှနဲ့ သိုးလေးတွေ mini zoo လေးပါရှိတဲ့ ကော်ဖီဆိုင် ☕️
4. Toscana Valley - European စတိုင် အဆောက်အအုံတွေနဲ့ ညနေခင်းတအားလှ
5. Primo Piazza - Europe vibe လေးကိုမှ တောင်ပေါ်မှာ သိုးလေးတွေပါ အစာကျွေးလို့ရတယ် 🐑
6. Ban Tha Chang Spring - စမ်းချောင်းလေးမှာ kayaking လှော်ရင်း experience အသစ်လေးနဲ့ မိုက်တဲ့နေရာ.. 🛶
7. Kaidang Kitchen - Ban Tha Chang ဘေးကဆိုင်လေး ကြက်ကင်တအားကောင်း အိပြီးမွှေးနေရော 🍗
8. Cafe Portofino - Toscana Valley ထဲက ရေကန်ဘေးကဆိုင်လေး၊ ထိုင်လို့ကောင်းပေမယ့် အစားအသောက်သိပ်မကြိုက်ဖူး🍹
9. Glamping Hill Khao Yai - ခေါင်ရိုင်ရောက်ရင် ဒီလို Dome နဲ့ တည်းပြီး ညဖက် မူကထလေးပါ စားခဲ့♨️
10. Greatland Glamping - အခန်းက mountain view နဲ့ အဆင်ပြေပေမယ့် နေရာကချောင်ကျပြီး သီးသန့်လေးဖြစ်နေတာ။

ခေါင်ရိုင်ရောက်ရင် ဘယ်နေရာလေးတွေ သွားကြသေးလဲ..🐑🌸

Vietnam က ဓာတ်ပုံဆရာနဲ့တွေ့မှပဲ တစ်သက်မှာတစ်ခါမှ မပိန်ဖူးတဲ့ body မျိုးရတော့တယ်.. လက်မောင်းရိုးလေးကအသက်🤣အဲ့လောက်ကြီးကျ.....
29/12/2025

Vietnam က ဓာတ်ပုံဆရာနဲ့တွေ့မှပဲ တစ်သက်မှာတစ်ခါမှ မပိန်ဖူးတဲ့ body မျိုးရတော့တယ်.. လက်မောင်းရိုးလေးကအသက်🤣

အဲ့လောက်ကြီးကျ..🥹

ที่อยู่

Bangkok

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Eat with Sengผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Eat with Seng:

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram