04/05/2026
FB page မရှိ google map တခုတည်းနဲ့ ကိုရီးယားအစစ်တွေကြား အရမ်းနာမည်ကြီးတဲ့ ၈မိုင်က ကိုရီးယားဆိုင်တဲ့...တော်တော်ကို မိုက်တာဒီဆိုင်ကတော့...😎❤️🔥
ကိုရီးယား အစားအစာတွေ ရန်ကုန်မှာ အောင်မြင်ချက်က page တောင် မရှိဘဲ Google Map တခုတည်းနဲ့ကို ၇နှစ်လောက် ရန်ကုန်မှာ ဖွင့်နေတာနော်..အောင်မြင်ချက်ကလည်း ကိုရီးယားလူမျိုးတွေနဲ့တင် သူ့ဆိုင်က ပြည့်နေတာ...
ဘာလို့ လူပြည့်လဲဆို ဒီဆိုင်က ကိုရီးယားစာရဲ့ အသက် ကင်ချီ တော်တော့်ကို လတ်ဆတ်ကြွပ်ရွပြီး စားကောင်းတာ..🔥
ပြီးတော့ သူ့ဆိုင်ဘာလို့ ခုထိ အောင်မြင်နေလဲ ဆက်ရပ်တည်နေနိုင်လဲဆိုတော့ Chef က နှစ် ၃၀ ကျော် ကိုရီးယားစာတွေကို ထောင်းလမောင်းကြေအောင် ချက်လာတဲ့ Chef တဲ့။ ကိုရီးယားစာကို အရသာအပိုလိုမရှိ ချိုရဲနေတာမရှိ အကုန် အရသာရှိလိုက်တာ ဆိုတာ။
သူ့ဆိုင်မှာ စားမယ်ဆို 2 မျိုး ရွေးလို့ရမယ်။ အဖွဲ့လိုက် ၃-၄ ယောက်ကနေ ရုံးသမားတွေ မိသားစုတွေ ၁၀ ယောက်-၂၀ ထိ လာစားမလား?
၁ယောက် -၂ ယောက်စာ ပွဲတွေစားမလားဆိုတာပဲ။
ဘာလို့ဆို လူ ၃-၄ ယောက်စာ ပွဲကြီးတွေက ၄သောင်း-၅သောင်း ဝန်းကျင် တကယ့် ပန်းကန်အကြီးကြီး ဧရာမကြီးတွေနဲ့ လာချတာရယ်။
တယောက်စာ (ဒါပေမယ့် ပွဲကြီးပါတယ် သိပ်မစားနိုင်သူဆို ၂ ယောက် စားလို့ရတဲ့) ၂သောင်း ဝန်းကျင်ပွဲတွေရယ်။
ဒီပွဲတွေ အားလုံး မှာပြီးတာနဲ့ အကြာကြီးမစောင့်ရဘဲ ရောက်လာတာရယ် အရသာ ပြင်စရာမလို တော်တော်လေး ထူးခြားပြီး ကောင်းနေတာက သတိမပြုမိဘဲမနေနိုင်အောင်ဘဲ။
ကိုယ်တွေစားခဲ့တဲ့ လူ ၁၁ ယောက်စာဆို..
👉Pork Bulgogi ကို ရိုးရိုး Pork Belly ရယ်၊ ဝက်နံရိုးအသားချည်း အချို ရယ်၊ အစပ်ရယ် အကုန် ပွဲကြီးတွေပဲ
👉ငါးအူချောင်းနဲ့ ဆန်ချောင်းတွေ အများကြီးပါတဲ့ မြေအိုးနဲ့လာချတဲ့ တော့ပူကီ ပွဲကြီးရယ်
👉အရမ်း ထိမိတဲ့ ခေါက်ဆွဲအေးသုပ်
👉ကင်ချီ စတူး၊ ဆိတ်သားစွပ်၊ အမဲသားစွပ် တစ်ပွဲစီရယ်
👉ခေါက်ဆွဲပြုတ်ကိုပဲ ကြက်ဥလေးတွေအသီးရွက်လေးတွေအသားပြုတ်ရည်လေးနဲ့ အချိုကြည်ကြည်လေးရယ်
👉ဝက်သားပြား Katsu Curry Rice နဲ့ ငါးအသားပြားကြော်ရယ်
👉ကြက်အချိုပေါင်းပွဲကြီးရယ်
တပွဲမှ ပစ်ရက်စရာမရှိဘူး။ အကုန်ကောင်းတာ။ တခုပဲ။ ပွဲတွေက ပြထားတာထက် ပိုကြီးနေလို့ မကုန်တော့လို့ အိမ်ကိုပါဆယ်ထုပ်ခဲ့ရတာပဲ။
နောက်ပြီး သူ့ဆိုင်က အခန်းလေးတွေနဲ့ဖွင့်ထားတာ။ အခန်း စုစုပေါင်း ၁၀ ခန်းရှိတယ်။ တခန်းကို အဲကွန်းချည်း ၂ လုံး ပန်ကာအပြည့်နဲ့ ဘယ်လောက် အေးစက်နေမလဲ စဉ်းစားသာကြည့်။👀
ဒီဆိုင်တော်တော်လေး မိုက်ပါတယ်။ ကိုရီးယားစာ အစစ်စားချင်ရင် ၈မိုင်ထဲမှာ သွားစားကြည့်။
ဆိုင်နာမည်က “Soo Rak Gan Korean Restaurant” တဲ့။ ခုမြန်မာတွေလာရင် Member Card တွေကို ဓါတ်ပုံနဲ့ တခါတည်း လုပ်ပေးနေပြီ။ 10% OFF ရမယ်ပြောတယ်။ page တောင် ခုမှဖွင့်တာ။
ဆိုင်က ၁၀ ခန်းပဲရှိလို့ ဘိုကင်တော့ကြိုယူသွားနော်..❣️
⏰ဆိုင်ဖွင့်ချိန် - 10:00 AM - 9:00 PM
☎️ဖုန်း - 09 799 063 435
📍အမှတ် - 8K , မင်းဓမ္မလမ်း , မရမ်းကုန်း၊ ရန်ကုန်မြို့။