Dee Health-ချင်းမိုင်ရမ်ဆေးရုံ

Dee Health-ချင်းမိုင်ရမ်ဆေးရုံ ထိုင်းနိုင်ငံသို့ ကျန်းမာရေးစစ်ဆေးခြင်းနှင့် အလည်ပတ်လာရောက်ချင်သူများအတွက်ဝန်ဆောင်မှု

လည်ပင်းညောင်းကိုက်စေသည့်အကြောင်းရင်း ( ၅ ) ချက်   လည်ပင်းသည် ဦးခေါင်းတစ်ခုလုံး၏အလေးချိန်ကို တိုင်ကြီးတစ်ခုကဲသို့သယ်ဆောင်...
18/02/2023

လည်ပင်းညောင်းကိုက်စေသည့်အကြောင်းရင်း ( ၅ ) ချက်
လည်ပင်းသည် ဦးခေါင်းတစ်ခုလုံး၏အလေးချိန်ကို တိုင်ကြီးတစ်ခုကဲသို့သယ်ဆောင်နေသည်သာမက လည်ပင်းကြွက်သားများသည်လည်းအမြဲလှုပ်ရှားနေရပြီး တခြားကိုယ်ခန္ဓာအစိတ်အပိုင်းတွေထက် အလွယ်တကူထိခိုက်ဒဏ်ရာရစေနိုင်သည့်အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟုဆိုလိုနိုင်သည်။ ထို့ကြောင့်ယနေ့တွင် လည်ပင်းညောင်းကိုက်စေသည့်အကြောင်းရင်းများနှင့်ခေတ်မှီစက်ပစ္စည်းဖြင့်ကုသမှုနည်းများကိုပါ ဗဟုတုသအနေဖြင့်အောက်တွင်မျှဝေပေးသွားပါမည်။
1. လည်ပင်းကြွက်သားတောင့်တင်းပြီးကိုက်ခဲစေသည့်အကြောင်းရင်းများသည် လည်ပင်းအနေအထားပုံသဏ္ဍာန်မမှန် အသုံးပြုခြင်းနှင့် ဇက်နေရာ၊ ကျောရိုးအဆစ်နေရာများ အချိန်ကြာအသုံးပြုခြင်းကြောင့် ဥပမာ - အချိန်ကြာကြီး အလုပ်ထိုင်လုပ်ခြင်း၊ လက်ကိုင်ဖုန်းအလွန်အကျွံ့ဆော့ကစားခြင်း၊ အချိန်ကြာစာဖတ်ခြင်းနှင့်အနေအထားမမှန် အိပ်စက်ခြင်း စသည်တို့သည် လည်းပင်းညောင်းကိုက်ခြင်းကို အဓိကဖြစ်စေပါသည်။
2. လည်ပင်းအလွန်အမင်းဆန့်ထုတ်ခြင်း/စွဲဆန့်ခြင်း၊ ခေါင်းနှင့်လည်ပင်းကို ရုတ်ချည်းခါဆောင့်မိ၍ဒဏ်ရာြဖစ် ခြင်းကြောင့် လည်ပင်းကြွက်သားအားတောင့်တင်းနာကျင်စေပြီး ဦးခေါင်းကိုနောက်ဘက်လည့်ချိန်တွင် နာကျင်စေကာ လည်ပင်းထိခိုက်ဒဏ်ရာရစေပါသည်။
3. ဇက်နေရာကကျောရိုးအဆစ်လေးများသည် အသက်ကြီးလာတာနဲ့အမျှတဖြည်းဖြည်းပျက်စီးလာတတ်၍ အရိုးကျီးပေါင်းတက်ခြင်းဖြစ်စေပါသည်။ထို့ပြင် လည်ပင်းကကြောရိုးဆစ်ကျွံပြီး ရုတ်တရက်အာရုံကြောကို ဖိမိနိုင်ပြီး ခြေ၊ လက် တလျှောက်နာကျင်ခြင်း၊ ထုံကျင်ခြင်း စသည့် လက္ခဏာများပြလေ့ရှိသည်။
4. အာရုံကြောများဖိညှပ်ခြင်း ကြောရိုးဆစ်များယိုယွင်းပျက်စီးခြင်းကြောင့် ခါးရိုးများအားပြေပြစ်စွာ လှုပ်ရှားမှုမပြုနိုင်သဖြင့် အရိုးဆစ်များချော်ထွက်သွားခြင်းဖြစ်စေနိုင်ပါသည်။
5. ပြန်ရည်ကြောများ ပိုးဝင်ခြင်းကြောင့်လည်း လည်ပင်းကိုက်ခဲခြင်းကိုဖြစ်စေနိုင်ပါသည်။
လည်ပင်းညောင်းကိုက်ခြင်းကို Shock Wave ခေါ်ခေတ်သစ်စက်ပစ္စည်းကိရိယာဖြင့် ကုသခြင်း
ခေတ်သစ်စက်ပစ္စည်းကိရိယာ၏ကုထုံးသည် လျှပ်စစ်လိုင်းတုံ့ပြန်ခြင်းဖြင့်နာတာရှည်နာကျင်ကိုက်ခဲရောင်ရမ်းနာကျင်ခြင်း ခံစားနေသည့်လူနာများကိုကုသလေ့ရှိသည်။ ဤကုထုံးသည် ကိုက်ခဲနေသည့်ပတ်ဝန်းကျင်ရှိသွေးလည်ပတ်မှု ပိုမိုကောင်းမွန်လာစေသည်သာမက ရောင်ရမ်းနာကျင်ခြင်းဝေဒနာကိုလည်းလျှင်မြန်စွာသက်သာစေပြီး နိုင်ငံခြားတွင်အထူးခေတ်စားနေရုံသာမက ထိုင်းနိုင်ငံတွင်းရှိနိုင်ငံတကာအဆင့်မှီဆေးရုံကြီးများတွင်လည်း အသုံးပြုနေကြပါသည်။
အထက်ပါရောဂါလက္ခဏာများခံစားနေပါက ချင်းမိုင်ရမ်ဆေးရုံတွင် ပြန်လည်ထူထောင်ရေးဆေးပညာပိုင်းဆိုင်ရာအထူးကုဆရာဝန် နှင့်လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါသည်။


Tel. 09 260 323 602
(Thai)09 7106 9531
06 4782 2246

Health check-up with Chiang Mai Ram Hospital.
06/01/2023

Health check-up with Chiang Mai Ram Hospital.

06/01/2023

Chiang Mai welcomes tourism and health care to Chiang Mai Ram Hospital.

🛑 အရေးကြီးသတင်း ✔️ TR Visa ဖြင့်ဝင်လာပြီး Overstay ဖြစ်နေသူများ✔️ 14 Days Visa ဖြင့်ဝင်လာပြီး Overstay ဖြစ်သူများ✔️ Non ...
17/09/2022

🛑 အရေးကြီးသတင်း

✔️ TR Visa ဖြင့်ဝင်လာပြီး Overstay ဖြစ်နေသူများ
✔️ 14 Days Visa ဖြင့်ဝင်လာပြီး Overstay ဖြစ်သူများ
✔️ Non Immigrant Visa ( O , B , LA ) အမျိုးအစားကိုင်ထားပြီး Overstay ဖြစ်သူများ

✅ ယခု လုပ်ပေးနေသော ပန်းရောင်ကဒ် ( သို့ ) Work Permit အဖြူရောင်ကဒ် ( သို့ ) ဘတ်ရိုက်ခြင်း အား

အမြန်သာလုပ်ထားကြပါ ...

Name List ကျလာပြီးလျင် မိမိ၏ Orignal Passport ထဲသို့ ဘတ်လုပ်လိုက်၍ ယခုရရှိလာမည့် ကဒ်ထဲမှ Visa နေထိုင်ခွင့်များ Transfer လုပ်နိုင်ပြီ ...

ဆိုလိုတာက ...

- သင် Overstay ဖြစ်နေလျင်လည်း အစိုးရမှ Cancel လုပ်ပေးပါလိမ့်မည်
- ပြီးလျင် ပန်းရောက်ကဒ်မှ အလုပ်အမျိုးအစား နှင့် visa နေထိုင်ခွင့်များ မိမိ passport ထဲသို့ transfer ပေးပါလိမ့်မည်
- အလုပ်အမျိုးအစားသည် General Worker အမျိုးအစားသာဖြစ်သည်

အားသာချက်က

International သွားလို့ရပြီ

Crd : မမိုးခိုင်၏ ရေးသားချက်အားကိုးကားထားသည်

  Mai Doi Ang Khang is not only beautiful when cherry blossoms or the only pink queen tiger that blooms But there are wh...
14/09/2022

Mai

Doi Ang Khang is not only beautiful when cherry blossoms
or the only pink queen tiger that blooms
But there are white plum blossoms at the Royal Agricultural Station.
And Baan Sinchai is very beautiful as well.

💁‍♀️ချင်းမိုင်မြိုသို့  ကျန်းမာရေးလာပြတာပဲဖြစ်ဖြစ်💁‍♀️ကလေး ကျောင်းကိစ္စလေ့လာချင်တာပဲဖြစ်ဖြစ်💁‍♀️အလည်အပါတ် အပန်းဖြေလာချင်...
06/09/2022

💁‍♀️ချင်းမိုင်မြိုသို့ ကျန်းမာရေးလာပြတာပဲဖြစ်ဖြစ်
💁‍♀️ကလေး ကျောင်းကိစ္စလေ့လာချင်တာပဲဖြစ်ဖြစ်
💁‍♀️အလည်အပါတ် အပန်းဖြေလာချင်တာပဲဖြစ်ဖြစ်
🤷‍♀️ဘယ်လိုလာရမလဲ ဘာတွေလိုအပ်လည်းကအစ အကုန်လုံး ဝန်ဆောင်မှုပေးနေပါပြီနော်

🏩ထိုင်းရောက်ရင် ဘယ်ဟိုတယ်မှာတည်းချင်လဲ 🏨
🌃မြို့ထဲသွားသွား လာလာ ဆိုရင်လည်း အိမ်သုံးကားနဲ့ ကြိုပို့ ဝန်ဆောင်မှုအကုန်ရှိတယ်နော်👌
ကျွန်မတို့အိမ်မှာ တည်းလို့ရတယ်နော်
ထမင်း ဟင်း အကုန်ချက်ကျွေးတဲ့ ဝန်ဆောင်မှုလည်းရှိတယ်နော်💗

🏫ကလေးကျောင်းလာထားချင်တယ် မိဘ လိုက်မနေနိုင်ဘူးဆိုရင်လဲ
ကျွန်မ တို့ကတာဝန်ယူစောင့်ရှောက်ပေးပါတယ်ရှင့်
ကလေးအများကြီးလည်းလက်ခံဘူးရှင့်
၁-နှစ်ကို 7-ယောက်ပဲ လက်ခံတယ်ရှင့်💞
👉ဆကသွယ်ရန်-0971069531(or) Cb

💓💓မိတ်ဆွေ သူငယ်ချင်းများအားလုံး ချင်းမိုင်မှာကျန်းမာရေးကိစ္စပဲဖြစ်ဖြစ် အပန်းဖြေပဲဖြစ်ဖြစ် ပညာရေးပဲဖြစ်ဖြစ်  အကုန်လုံးဆက်...
03/09/2022

💓💓မိတ်ဆွေ သူငယ်ချင်းများအားလုံး ချင်းမိုင်မှာကျန်းမာရေးကိစ္စပဲဖြစ်ဖြစ် အပန်းဖြေပဲဖြစ်ဖြစ် ပညာရေးပဲဖြစ်ဖြစ် အကုန်လုံးဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်💓💓💓

ဘယ်လိုလက္ခဏာများက ကင်ဆာရောဂါဖြစ်နိုင်ခြေရှိသလဲ?     ကင်ဆာရောဂါသည် ယောကျာ်း/မိန်းမ အသက်အရွယ်မရွှေးတွေ့ရှိတတ်သည့်ရောဂါဖြစ်...
30/07/2022

ဘယ်လိုလက္ခဏာများက ကင်ဆာရောဂါဖြစ်နိုင်ခြေရှိသလဲ?
ကင်ဆာရောဂါသည် ယောကျာ်း/မိန်းမ အသက်အရွယ်မရွှေးတွေ့ရှိတတ်သည့်ရောဂါဖြစ်ပြီး နှစ်တိုင်းလိုလိုအဖြစ်များ လာသည်ကိုသိရသည်။ အဓိကဖြစ်များစေသည့်အကြောင်းရင်းသည် မျိုးရိုးဗီဇကြောင့်ဖြစ်ခြင်း၊ နေ့စဉ်နေထိုင်စားသောက်မှု ပတ်ဝန်းကျင်ကြောင့်ဖြစ်ခြင်း၊ ဗိုင်းရပ်စ်ပိုးတစ်ခုခုကြောင့် ကင်ဆာရောဂါဖြစ်စေခြင်း စသည့်…..
---
အနာဂတ်တွင် ကင်ဆာရောဂါဖြစ်ပွားမှုမဖြစ်စေရန် ကြိုတင်ရှောင်ကျင်သင့်သည့်အရာများသည် ဆေးလိပ်သောက်ခြင်း ရှောင်ကျင်ရန်၊ အဟာရပြည့်စုံသည့် ဟင်းသီးဟင်းရွက်နှင့် အသီးနှံ့များစားသုံးရန်၊ ခန္ဓာကိုယ်လေ့ကျင့်ခန်းအမြဲလုပ်ပေးရန်၊ မိမိကိုယ်ကိုနှင့်မိသားစုဝင်ပါ ပုံမမှန်လက္ခဏာများ ရှိ/မရှိ ဂရုစိုက်ရန် လိုအပ်ပါသည်။
---
ဘယ်လိုလက္ခဏာရှိမှ ဆရာဝန်နှင့်သွားရောက်ဆွေးနွေးပြီး ကင်ဆာရောဂါဖြစ်နိုင်ခြေ ရှိ/မရှိ စစ်ဆေးသင့်သလဲ? ချောင်းဆိုးသွေးပါခြင်း၊ ကြာရှည်စွာချောင်းဆိုးပြီး အသံအက်ကွဲခြင်း၊ ခန္ဓာကိုယ်ပေါ်အလုံးအကျိတ်များစမ်းမိခြင်း ရာသီလာချိန်မဟုတ်ဘဲမွေးလမ်းကြောင်း (သို့) စအိုမှအကျိအချွဲများ၊ သွေးများထွက်ခြင်း ဆီးတွင်းသွေးရောပါခြင်း အကြောင်းမရှိကိုယ်အလေးချိန်ကျဆင်းခြင်း ကြာရှည်စွာဖျားနာခြင်း၊ နွမ်းနယ်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်းနှင့် အရိုးထဲထိခိုက်ခဲခြင်း စသည့်
အထက်ပါဖော်ပြထားသော လက္ခဏာများသည် ကင်ဆာရောဂါဖြစ်နိုင်ခြေရှိသည်ဟု အခြေခံသာယူဆနိုင်သောကြောင့် ထပ်မံရှာဖွေစစ်ဆေးရန်လိုအပ်ပါသည်။ အဓိကအားဖြင့် မျိုးရိုးဗီဇတွင် ကင်ဆာရောဂါဖြစ်ဖူးသူရှိနေသည့်လူစုများ (သို့) သံသယရှိလူစုများသည် Chiangmai Ram Health Complex တွင်လာရောက်စစ်ဆေးဆွေးနွေးနိုင်ပါသည်။

Tel. 09 260 323 602
(Thai)09 7106 9531
06 4782 2246

ဆီးချိုကောင်းကောင်းမထိန်းနိုင်လျှင်ဘာြဖစ်မလဲ? ဆီးချိုရောဂါသည် အာရုံကြောအဖျားပိုင်း၏လုပ်ဆောင်မှုချို့ယွင်းစေခြင်း၊ သွေးကြ...
27/07/2022

ဆီးချိုကောင်းကောင်းမထိန်းနိုင်လျှင်ဘာြဖစ်မလဲ?
ဆီးချိုရောဂါသည် အာရုံကြောအဖျားပိုင်း၏လုပ်ဆောင်မှုချို့ယွင်းစေခြင်း၊ သွေးကြောပြဿနာများနှင့် တခြားအတွင်းအင်္ဂါများ၏ လုပ်ဆောင်မှုများပါချို့ယွင်းပျက်စီးစေနိုင်သောကြောင့် ဆီးချိုရောဂါရှိလူနာသည် သွေးကြောထဲသကြားဓါတ်နှုန်းထားကိုသတ်မှတ်ထားသည့်နှုန်းထားတွင်းအမြဲထိန်းနိုင်ရန်အလွန်အရေးကြီးပါသည်။
ထို့ကြောင့် ဆီးချိုရောဂါရှိလူနာသည် မိမိကိုယ်ကိုဂရုစိုက်မှုပိုင်းတွင်အလွန်လိုအပ်ပါသည်။ ဥပမာ - ကျန်းမာရေးနှင့်ညီညွတ်ရန်အစားအသောက်ထိန်းခြင်း၊ ဆီးချိုရောဂါနှင့်သင့်တော်သည့်ကိုယ်ကာယလေ့ကျင့်ခန်းများ အမြဲပြုလုပ်ပေးခြင်း၊ သွေးကြောထဲသကြားဓါတ်နှုန်းထားကိုဆရာဝန်ညွှန်ကြားထားသည့် အတိုင်းအမြဲစစ်ဆေးရန်နှင့် ဆီးချိုရောဂါ၏နောက်ဆက်တွဲပြဿနာများပါစောင့်ကြည့်စစ်ဆေးရန် ဆရာဝန်ရက်ချိန်းထားသည့်အတိုင်း လိုက်နာဆောင်ရွက်ရန်အထူးလိုအပ်ပါသည်။

Wat Phra That Doi Suthep Ratchaworawihan, Wat Suay, Chiang Mai, Lanna City of Phratha ဗုဒ္ဓရုပ်ပွားတော်များ ပါဝင်သော စေတ...
26/07/2022

Wat Phra That Doi Suthep Ratchaworawihan, Wat Suay, Chiang Mai, Lanna City of Phratha ဗုဒ္ဓရုပ်ပွားတော်များ ပါဝင်သော စေတီတော် သို့မဟုတ် စေတီတော် လက်ရှိတွင် ချင်းဆန်၏ အနုပညာလက်ရာမြောက် စေတီဖြစ်သည်။ Wat Phra That Doi Suthep ၏ အရေးအကြီးဆုံး မီးမောင်းထိုးပြမှုအဖြစ် သတ်မှတ်ခံရသည်။ သစ္စာရှိသူများနှင့် ခရီးသွားများ သည် ဘုရားပတ်ပတ်လည်တွင် သွားလာလေ့ရှိသည်။ မတူညီတဲ့ ရှုထောင့်တွေကနေ လှပတဲ့ ပုံရိပ်တွေကို ရိုက်ကူးပေးနိုင်ပါတယ်။ ဒီနေရာကို သူတို့ရဲ့ယုံကြည်မှုနဲ့ လေးစားမှုကိုလည်း ပြသဖို့ပါ။ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်း နှစ်ခုစလုံးအတွက် အရေးကြီးသည်။ ထူးခြားပြီး ထူးခြားတဲ့ ယဉ်ကျေးမှုလည်း ရှိပါတယ်။

“သားအိမ်ခေါင်းကင်ဆာ” ၏ သတိပြုရမည့်လက္ခဏာ (၁၀) ချက်---1. မွေးလမ်းကြောင်းမှဓမ္မတာရာသီလာသည့်အချိန်မဟုတ်ဘဲသွေးဆင်းခြင်း ဥပမာ...
24/07/2022

“သားအိမ်ခေါင်းကင်ဆာ” ၏ သတိပြုရမည့်လက္ခဏာ (၁၀) ချက်
---
1. မွေးလမ်းကြောင်းမှဓမ္မတာရာသီလာသည့်အချိန်မဟုတ်ဘဲသွေးဆင်းခြင်း ဥပမာ - လိင်ဆက်ဆံချိန် (သို့) လိင်ဆက်ဆံပြီးနောက်သွေးဆင်းခြင်း၊ မိန်းမကိုယ်အတွင်းပိုင်းစစ်ဆေးပြီးနောက်သွေးဆင်းခြင်း
2. ဓမ္မတာရာသီလာချိန်တွင်နည်းနည်းနှင့်အဆက်မပြတ်လာြခင်း (သို့) ဓမ္မတာရာသီလာပြီးသော်လည်း မွေးလမ်းကြောင်းမှထပ်မံသွေးဆင်းခြင်း
3. အဖြူဆင်းခြင်းနှင့်တခါတလေအနံ့ဆိုးများထွက်ခြင်း
4. လိင်ဆက်ဆံချိန်တွင်နာကျင်ခြင်း
5. မူမမှန်ပမာဏများပြားစွာအဖြူဆင်းခြင်း (သို့) တခါတလေသွေးရောနှောဆင်းခြင်း
6. ခဏခဏဆီးသွားခြင်း (သို့) ဆီးရောင်ပြီးဆီးမထွက်ခြင်း
7. နွမ်းနယ်ပြီးအားနည်းခြင်း
8. အစာစားချင်စိတ်လျော့နည်းခြင်း၊ အကြောင်းအရာမသိဘဲကိုယ်အလေးချိန်ကျဆင်းခြင်း၊ ပိန်သွားခြင်း
9. သားအိမ်ကိုက်ခဲခြင်း၊ ဗိုက်နာြခင်း
10. ပြင်းထန်သည့်အခြေအနေများဖြစ်ပါက တခြားသောလက္ခဏာများပါတွဲဖက်ဖြစ်ပေါ်တတ်ပါသည်။
ဥပမာ - ခြေထောက်ရောင်ရမ်းခြင်း၊ ခါးနာကျင်ခြင်း၊ ဆီးတွင်းသွေးရောပါခြင်း စသည့်
---
အထက်ပါအခြေခံလက္ခဏာများဖြစ်ပါက လျင်မြန်စွာသားဖွား၊မီးယပ်ဆိုင်ရာအထူးကဆရာဝန်ထံလာရောက်ပြသပြီး ဆရာဝန်လမ်းညွှန်မှုအတိုင်းဆက်လက်ကုသရန်လိုအပ်ပါသည်။
ချင်းမိုင်ရမ်ဆေးရုံ သားဖွားမီးယပ်အထူးကုဌါန

ที่อยู่

Chiang Mai

เบอร์โทรศัพท์

+959406385557

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Dee Health-ချင်းမိုင်ရမ်ဆေးရုံผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Dee Health-ချင်းမိုင်ရမ်ဆေးရုံ:

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram