12/01/2023
ကျန်းမာစွာ အိုမင်းခြင်းအနုပညာ
👉 အသက်အရွယ်ရလာတာနဲ့အမျှ စိတ်သွားတိုင်းကိုယ်မပါနိုင်တော့ဘူး
👉 ဆယ်ကျော်သက်အရွယ်နဲ့ မတူတဲ့ ဝေဒနာလေးတွေ တစ်ခုပြီးတစ်ခု ခံစားလာရတော့
👉 အရင်ကမသုံးဖူးခဲ့တဲ့ ဆေးဝါးလေးတွေမှီဝဲလာရတယ်
👉 ကိုယ်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်ရင်း အရေးကြီးတဲ့အရာတစ်ချို့ သတိထားလာမိခဲ့တယ်
လေ့လာကြည့်တော့လဲ ကိုယ်တိုင် သတိထားမိလာတဲ့ အရာတွေကိုပဲ ဂရုပြုဖို့လိုအပ်တယ်ဆိုတာတွေ့ရတယ်
👇👇👇ဘာတွေလဲဆိုတော့ 👇👇👇
(၁) ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာအဟာရမှီဝဲရန်
(၂) ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း
(၃) ခန္ဓာကိုယ်အလေးချိန်
(၄) အကောင်းမြင်ဝါဒ
(၅) လူမှုပတ်ဝန်းကျင်အသိုက်အဝန်း
(၁) ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာအဟာရမှီဝဲရန်
သိပ်ကိုအရေးကြီးတယ်။
>> ငယ်စဉ်အခါက စားချင်တာစား ဘာမှမဖြစ်ပေမယ့် အသက်အရွယ် ၃၀ကျော်လာတာနဲ့ ဇရာရဲ့ဆန့်ကျင်မှုတွေ တစ်စတစ်စ ဖြည်းဖြည်းချင်း ခံစားလာရတာ တော့ လူတော်တော်များများဖြစ်မယ်ထင်တယ်
>> ကိုယ်တိုင်စမ်းကြည့်မှ လက်ခံတတ်တဲ့ ကိုယ့်အတွက်တော့ လက်တွေ့ဘယ်လိုရှိမလဲဆိုတာကိုစမ်းသပ်ကြည့်တော့
>> ပထမတစ်ပတ် ကြုံရာစားတယ် ဖြစ်သလိုစားတယ် သတ်မှတ်ချက်မရှိဘူး
>> ဒုတိယအပတ် မိုးလင်တာနဲ့ရေသောက်တာကနေ့ စပါတယ်
>> မနက်စာ နေ့လည်စာကို သေချာသတ်မှတ်ပြီးတော့ အသီးရွက် တစ်ခုခုမဖြစ်မနေထည့်ပီး စားဖြစ်ပါတယ်
>> နောက်တစ်ခုက လိုမလိုတော့မသိ Yogurt နဲ့ Nuts လေးတွေ မနက်စာ စားပြီးတိုင်း စားဖြစ်တယ်
>> ညစာကိုတော့ ညနေ ၆ နာရီမကျော်ခင် စားရင်စား မဟုတ်ရင် မစားဖြစ်တော့ဘူး
>> ရေကို တစ်ရပ် အနဲ့ဆုံး ၂.၅ လီတာသောက်ဖြစ်အောင်သောက်တယ်
>> အချိုကြိုက်ပေမယ့် အချိုကို လုံးဝလျော့ပြီး မစားပဲနေလိုက်တယ်
👍 ဘာပြောင်းလဲသလဲမေးရင် ဒုတိယအပတ်ရဲ့ ၃ ရက်မြောက်နေ့လောက်ကစပြီး မနက် အိပ်ယာထရင် ကြည်ကြည့်လင်လင်နဲ့ ပေါ့ပါးနေတာပါ
👍 ပြီးတော့ ဇက်ကြောနဲနဲတက်တာလဲပဲ ပျေက်သွားတာ သတိထားမိတယ်
👍 ပုံမှန် Weight နဲနဲလေးပိုလာပီဆိုတာနဲ့ Hip-joint လို့ခေါ်မလား တင်ပါးဆုံနဲ့ ပေါင်ရင်းက နာတာ အဲ့ဒါလဲ သက်သာသွားတယ်
👏👏👏 ဒါက ပထမတစ်ပတ်ပြီး အကျိုးကျေးဇူးများ👏👏👏
(၂) ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း
>> လေ့ကျင့်ခန်းကို ပုံမှန်လုပ်လေ့လုပ်ထမရှိပဲ စိတ်ကူးပေါက်မှ တစ်ခါ ထထ လုပ်တတ်တာလဲ ကိုယ့်အကျင့်ပဲ
>> စလုပ်မယ်လိုဆုံးဖြတ်တဲ့ အချိန်၊ Heavy Exercise တွေကမစပဲ လမ်းလျှောက်တာလေးကပဲစကြည့်ဖို့တိုက်တွန်းချင်တယ်
>> ဘာလို့လဲဆိုတော့ Motivation တွေတက်၊၎င်းစဆော့မယ်ဆုံးဖြတ်ပြီး ဆော့တတ်တဲ့သူတိုင်း ၃ ရက်မကျော်ဘူးထင်ပါတယ် 😂😂😂
>> ကိုယ်တိုင်တော့ Motivation တက်ရင် ဆော့ဖြစ်ပါတယ် အသည်းအသန်၊ ဒါပေမယ့်ဘာဖြစ်လဲဆိုတော့ ၂ ရက် ၃ရက်လောက်မှာ ကိုယ်လက်တွေနာလာတာပဲ၊ အဲ့လိုနဲ့ ပြန်နားရင်း မဆော့ဖြစ်တော့ဘူး
>> အဲ့ဒါကြောင့် ဒီတစ်ခေါက်တော့ လမ်းလျှောက်တာကပဲစမယ်ဆိုပြီး ညနေပိုင်း ညစာစားပြီးတာနဲ့ နာရီဝက်လောက် လမ်းနေ့တိုင်းလျှောက်ဖြစ်အောင် ကြိုးစားကြည့်တယ်။ အချိန်ကုန်လို့ကုန်မှန်းမသိသာစေချင်းင် တစ်ယောက်ယောက်နဲ့ ဖုန်းပြောရင်းဖြစ်ဖြစ်၊ တစ်ခုခု နားထောင်ရင်းဖြစ်ဖြစ် လျှောက်ကြည့်ပါ နာရီဝက်ဆိုတာခဏလေး
>> နေ့စဉ်လုပ်နေကြထဲက တစ်ခုပြောင်းလိုက်တာက ညနေစာကို ၆ နာရီမကျော်ခင်စားပြီး ရေချိုးတာကို လမ်းလျှောက်ပြီးမှ ချိုးတာ (ပုံမှန်ဆို ရေချိုးပြီးမှ ညစာစားတဲ့အကျင့်)
👍 ဘာသိသာလဲဆိုတော့ ဗိုက်အဆီလေးတွေမသိမသာကျသွားတာကတော့ စိတ်အချမ်းသ ဆုံးပဲ 😂 ဘောင်းဘီတွေ ခါးပတ်ပြန်လိုလာတယ် 😂
👍 ကိုယ်ရည် စစ်သွားတယ်လို့ ဆိုရမှာပဲ
(၃) ခန္ဓာကိုယ်အလေးချိန်
ကိုယ်အလေးချိန်တက်ရင် Hip-joint ကမခံနိုင်လို့ ထိန်းရတယ်ဆိုပေမယ့် အစားသောက်မြင်ရင် မနေနိုင်တဲ့ စိတ်ကအမြဲ အနိုင်ယူနေတာကို သည်းခံရင်းနဲ့ ခန္ဓာကိုယ်လေးချိန် ထပ်မတိုးလာတဲ့နောက်ပိုင်း အသက် ၃၀ ကျော်လာလို့ဖြစ်တဲ့ ဇက်ကြောတက်တာတွေ၊ လေးလံထိုင်းမှိုင်းတာတွေ တစ်ဖြည့်လျော့သွားတာကတော့ ကိုယ်တွေ့ပဲ
(၄) အကောင်းမြင်ဝါဒ
>> အကောင်းမြင်ဝါဒ လို့ပြောရင် ကြီးကျယ်တယ်ထင်မလားမသိ ဒါပေမယ့် တကယ်ကို အရေးကြီး ပြီး နံပါတ်စဉ်တပ်လို့ပြောရင် နံပါတ် (၁) အရေးအကြီးဆုံးပဲ
>> နိုင်ငံရေးအခြေနေတွေရယ် စီးပွါးရေးအခြေအနေတွေရယ် ကြိုးစားရုံးကန်ရတဲ့အခါ အကောင်းမြင်စိတ်ထားဖို့ဆို ကိုယ်တိုင်တော့ လုံးဝကိုမေ့လျော့နေခဲ့တာအမှန်ပဲ
>> ဒါပေမယ့် ပတ်ဝန်းကျင်ကောင်း မိတ်ဆွေကောင်းတွေရဲ့ကျေးဇူးကြောင့် အကောင်းမြင်စိတ်လေးပြန်လည်မွေးယူဖို့ တွန်းအားလေးရလာတယ်
>> အကောင်းမြင်စိတ်ဆိုတဲ့နေရာမှာလဲ အားလုံးကို အကောင်းမြင်နေဖို့မဟုတ်ပဲ အပြုသဘောဆောင်ပြီး အရာရာကို စဉ်းစားဆင်ခြင်နိုင်ဖို့နဲ့ ကောင်းမွန်တဲ့ အရာတွေကိုပဲ ကိုယ့်အတွက်လက်ခံဖို့ ခံယူဖို့လို့ပဲ အဓိပ္ပါယ်ဖွင့်ဆိုပါရစေ
>> ဘာလို့လဲဆိုတော့ မိမိကိုယ်တိုင် အေးချမ်းမှု မရှိပဲ ကိုယ်မဟုတ်တဲ့ အခြားအရာတစ်ခုခုကို အကောင်းအနေနဲ့ တွေးနိုင်ဖို့၊ စဉ်းစားနိုင်ဖို့ဆိုတာ တကယ့်လက်တွေ့မှာမဖြစ်နိုင်လို့ပါ
>> ဒါကြောင့်မိမိ အတွက်ကိုပဲ အရင်ဆုံး အကောင်းမြင်ဝါဒ ဖန်တီးယူဖို့တိုက်တွန်းချင်ပါတယ်
👍 ဆိုတော့က မိမိကိုယ်တိုင် အပြုသဘောဆောင် အကောင်းမြင်ခြင်းရဲ့ ကောင်းတဲ့အရာတွေက ဘာတွေဖြစ်မလဲဆိုတော့ ပထမဆုံး ကိုယ့်ကိုယ်ကို အမှန်အတိုင်း ပြန်မြင်လာတာက ကြီးမားတဲ့ ရလာဘ်တစ်ခုပဲ
👍 နောက်တစ်ခုက Me-time လို့ခေါ်တဲ့ မိမိရဲ့ကိုယ်ပိုင်အချိန်လေးရလာမယ် ( တကယ်ရလာတာပါ သီးသန့်ကြီး လုပ်ယူစရာမလိုပဲ)၊ ကိုယ်ပိုင်အချိန်ရဲ့ အားသာချက်က ငြိမ်းချမ်းမှာနဲ့ အေးချမ်းမှာပဲ
👍 နောက်တစ်ချက် မိမိပတ်ဝန်းကျင်ကို အမှန်အတိုင်းမြင်လာမယ်၊ အမှန်အတိုင်း လက်ခံနိုင်လာမယ် (ကိုယ်အတွေ့အကြုံအရ အရမ်းကို တန်ဖိုးကြီးတယ်။ မည်သူ၊ မည်သည့် အရာကိုမှ ချစ်ခြင်း မုန်းခြင်းမပါပဲ မြင်နိုင်ခြင်း လက်ခံနိုင်ခြင်းရဲ့ သက်ရောက်မှုက မိမိရဲ့ လက်ရှိအခြေအနေတွေကို ကောင်းသော လားရာဆီကိုတွန်းတင်၊ မြှင့်တင်ပေးခြင်းခံရတာပါပဲ)
👍 အကောင်းမြင်ဝါဒ ရဲ့ ကောင်းကျိုးတွေကတော့ ပြောရရင် ကုန်မှာမဟုတ်လို့ ဒီလောက်ပဲ
(၅) လူမှုပတ်ဝန်းကျင်အသိုက်အဝန်း
>> လူမှုပတ်ဝန်းကျင်အသိုက်အဝန်း ဆိုမိမိရဲ့ ပင်ကိုယ်စိတ်အရ သိပ်ပြီးဝင်ဆံတဲ့အထဲမပါဘူး
>> ဒါပေမယ့် အဲ့ဒိအချက်ကပဲ မိမိစိတ်ပိုင်းဆိုင်ရာရဲ့အားလျော့ခြင်း၊ အားပြည့်ခြင်းဆိုတဲ့ အချက်တွေနဲ့ တိုက်ရိုက်ပတ်သက်ဆက်နွယ်နေတာကို ၃၅ နီးမှလက်တွေ့သိလာတယ်
>> လူသားတစ်ယောက်ဖြစ်နေသ၍ လိုအပ်ပါတယ် ချစ်ခင်ခြင်း၊ ကြင်နာခြင်း၊ ဖေးမခြင်း၊ ကူညီစောင့်မခြင်း စတဲ့ အရာတွေပေါ့
>> ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင် အသိုက်အမြုံကို ချစ်ခြင်းတွေနဲ့ပဲ ကိုယ်တိုင်ဖန်တီးယူပါလို့တိုက်တွန်းချင်တယ်
>> ချစ်ခြင်းတွေနဲ့ ဖန်တီးပါဆိုတဲ့နေရာမှာလဲ မိမိအတွက် မလိုလားအပ်တဲ့ သက်ရှိ သက်မဲ့အရာတွေကို ချန်ထား မျက်ကွယ်ပြုနိုင်ဖို့လဲ လိုအပ်ပါတယ်
>> ဘယ်လိုဖန်တီးယူရမလဲလို့မေးရင် စိတ်မပူပါနဲ့ အပေါ်က (၄) ချက်ကို လုပ်နိုင်ရင် ဘယ်လိုဖန်တီးရမလဲဆိုတာ သူ့အလိုလိုသိလာပါလိမ့်မယ်
👍 အကျိုးကျေးဇူးတွေက မေးစရာမလိုပါဘူး အေးချမ်းမှု ငြိမ်းချမ်းမှုတွေရှိတဲ့နေရာမှာ ချစ်ခြင်းမေတ္တာတွေပြည့်နေတဲ့ ကောင်းခြင်းတွေပဲရှိနေမှာကတော့ မုချမလွဲပဲပေါ့
#ကျန်းမာစွာအိုမင်းခြင်း
ချစ်ခင်စွာဖြင့်