
19/08/2025
အပူငြိမ်းအေးဖို့ကတော့ မန်ကျည်းကအကောင်းဆုံးဆေးတစ်မျိုးပါ
မန်ကျည်းသီးကမီးဖိုဆောင်တွေမှာအမြဲရှိနိုင်တဲ့ဆေးအစာတစ်ခုပါ။
ထန်းလျက်နဲ့ဆားလေးထည့်ပြီးဖျော်တဲ့မန်ကျည်းဖျော်ရည်အေးအေးလေးကိုကိုယ်တိုင်အိမ်မှာလုပ်သောက်ရတာကိုအလွန်ကြိုက်နှစ်သက်ပါတယ်
မန်းကျည်းပင်ကမန်ကျည်းသီးနု၊မန်းကျည်းသီးမှည့်၊မန်ကျည်းခေါက်၊မန်ကျည်းရွက်တွေအကုန်လုံးဆေးဖက်ဝင်ကြထဲက မန်ကျည်းသီးမှည့်အကြောင်းကိုပြောပြချင်ပါတယ်
- မန်ကျည်းသီးမှည့်ရေစိမ်ပြီး ဆား၊ထန်းလျက်တို့နဲ့ဖျော်ရည်လုပ်သောက်ပေးရင်ကိုယ်တွင်းအပူငြိမ်းပြီးအားဖြစ်စေပါတယ်
- အပူငြိမ်းစေတဲ့အာနိသင်ရှိတဲ့မန်ကျည်းသီးကိုထန်းလျက်၊ဆားအနဲငယ်နဲ့ဖျော်ထားတဲ့မန်ကျည်းဖျော်ရည်ကခန္ဓကိုယ်တွင်းအပူများငြိမ်းစေပြီးဆီးဝမ်းမှန်စေပါတယ်။အားဖြစ်စေပါတယ်
- မျက်စိနာ၊အနာဖုများ၊အဆိပ်ရှိသဝါများကိုက်ခံရတဲ့အခါတွေမှာမန်ကျည်းခေါက်ကိုရေနဲ့သွေးလိမ်းပေးရင်ပျောက်စေပါတယ်
- အစာမကြေဖြစ်ရင်မန်ကျည်းခေါက်ကိုပြာချပြီးပျားရည်နဲ့သောက်ပေးပါကပျောက်စေပါတယ်
- မန်ကျည်းရွက်ကြိတ်ရည်ကိုနှမ်းဆီနဲ့ချက်ပြီးနားကိုက်နာနာတွေအတွက်နားကြပ်ဆီအဖြစ်သုံးပေးရင်ပျောက်စေပါတယ်
- ဆီးပူတဲ့အခါလည်းမန်ကျည်းရွက်ကြိတ်ရည်ကိုမနက်ညထမင်းစားဇွန်းတစ်ဇွန်းစီသောက်ပေးရင်ပျောက်ကင်းစေပါတယ်
- အပူများပြီးယားယံတာတွေအတွက်မန်ကျည်းခေါက်သွေးရည်/မန်ကျည်းရွက်ကြိတ်ရည်လိမ်းပေးရင်ပျောက်စေပါတယ်
- ချွေးထွက်လွန်၊ချွေးနံ့မကောင်းတာတွေအတွက်မန်ကျည်းရွက်နဲ့ကလိန်စေ့စားပေးပါကပျောက်စေပါတယ်
- မီးယပ်ဖြူဆင်းခြင်း၊ဆီးလွန်ခြင်းတွေဖြစ်တဲ့အခါမန်ကျည်းစေ့ကိုရေတစ်ညစိမ်ပြီးမနက်အစေ့ဆံထုတ်ပြီးနွားနို့နဲ့ကြိတ်သောက်ပေးရင်ပျောက်စေပါတယ်
- ကင်းကိုက်တဲ့ဒဏ်ရာကင်းဆပ်ပြေစေအောင်မန်ကျဉ်းစေ့သွေးလိမ်းပေးလို့ရပါတယ်
- မန်ကျည်းသီးမှည့်ကဝမ်းသက်စေပေမယ့်ငါးအမျိုးမျိုးနဲ့ပုဇွန်၊အသားဟင်းချက်တဲ့ထဲထည့်ချက်ပေးရင်ဝမ်းမသက်စေပဲဝမ်းမီးညီညွတ်ပြီးလေထိုးလေအောင့်၊ချောင်းဆိုးသလိပ်ကပ်၊အိပ်မပျော်တာတွေကာကွယ်ပေးပါတယ်
- ဝမ်းအလွန်ချုပ်သူတွေအတွက်မန်ကျည်းသီးမှည့်နဲ့ဆားခါးရောပြီးထမင်းစားဇွန်း(၁)ဇွန်းသောက်ပေးရင်ဝမ်းအမြန်သက်စေပါတယ်။ဝမ်းကျန်၊ဆီးပုပ်၊သလိပ်ပုပ်သူတွေ၊အပူအားကြီးသူများ၊ချွေးငုပ်တဲ့သူတွေမှီဝဲသုံးစွဲသင့်ပါတယ်
- မန်ကျည်းသီးမှည့်နှစ်ကိုရေနဲ့ဖျော်ပြီးကြက်သွန်နီ၊ဆား၊ငါးပိ၊ငန်ပြာရည်ထည့်ပြီးဟင်းချိုချက်သောက်တတ်ကြပါတယ်။မျက်စိနာ၊ဝမ်းချုပ်၊ဆီးအိမ်ကိုက်ခဲခြင်း၊သွားဖုံးယောင်၊ခံတွင်းပျက်၊စမြင်ခံ၊လေပူထ၊မစားချင်မသောက်ချင်ဖြစ်တာတွေသက်သာပျောက်ကင်းစေပါတယ်