Equal Health Online health service system for the migrant workers, ethnic groups, and their connected community l

ကလေးများတွင် အဖြစ်များသော သန်ကောင်တစ်မျိုးဖြစ်သော တုတ်ကောင် (Pin Worm) အကြောင်းကိုယခုတပတ်မှာပြောပြပေးသွားမှာပါ။တုတ်ကောင်...
28/05/2026

ကလေးများတွင် အဖြစ်များသော သန်ကောင်တစ်မျိုးဖြစ်သော တုတ်ကောင် (Pin Worm) အကြောင်းကိုယခုတပတ်မှာပြောပြပေးသွားမှာပါ။
တုတ်ကောင် (Pin Worm) သည် ကလေးများတွင် အဖြစ်များပြီး လွယ်ကူစွာ ကူးစက်နိုင်ပါသည်။

တွေ့ရနိုင်သော လက္ခဏာများ
• ညဘက် စအိုယားယံခြင်း
• အိပ်မပျော်ခြင်း
• ဂနာမငြိမ်ဖြစ်ခြင်း
• ဗိုက်နာခြင်း
• အစားစားချင်စိတ်လျော့နည်းခြင်း
• ကလေးများတွင် စိတ်တိုလွယ်ခြင်းများဖြစ်ပေါ်တတ်ပါသည်။

တုတ်ကောင်ကူးစက်နိုင်သောနည်းလမ်းများမှာ
• လက်မသန့်ရှင်းခြင်း
• လက်သည်းရှည်ပြီး ညစ်ပတ်ခြင်း
• အဝတ်အစား၊ အိပ်ယာ၊ ကစားစရာများမှတဆင့် ကူးစက်နိုင်ခြင်းတို့ဖြစ်ပါသည်။

တုတ်ကောင်အန္တရာယ်ကိုကာကွယ်ရန်
*အိမ်သာသုံးပြီးတိုင်း လက်ဆေးခြင်း
*အစာမစားမီ လက်ဆေးခြင်း
*လက်သည်းတိုတိုထားခြင်း
*အတွင်းခံနှင့် အိပ်ယာခင်းများကို ပုံမှန်လျှော်ဖွတ်ခြင်း
*ကလေးများ လက်စုပ်ခြင်းကို လျှော့ချခြင်းတို့ဖြင့်ကာကွယ်နိုင်ပါသည်။

တုတ်ကောင်ရှိသည်ဟုသံသယရှိပါက ဆေးရုံ၊ဆေးခန်းတွင် စစ်ဆေးပြီး သန်ချဆေးကို ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးရပါမည်။ မိသားစုဝင်များထဲတွင်တစ်ယောက်ဖြစ်ပါက မိသားစုဝင်များအားလုံး သန်ချခြင်း၊အဝတ်အစားနှင့် အိပ်ရာခင်း စောင်များကိုလျှော်ဖွတ်ခြင်းများလည်းလုပ်ဆောင်သင့်ပါသည်။

Join Us as Full Stack Developer: Remote Work (Equal Health) We are looking for a mobile and web-based developer responsi...
25/05/2026

Join Us as Full Stack Developer: Remote Work (Equal Health)

We are looking for a mobile and web-based developer responsible for designing, developing, and implementing high-quality mobile applications and web systems. The ideal candidate will work across the full development lifecycle, creating responsive, scalable, and user-friendly solutions that meet the project and technical requirements.

Primary Responsibilities

Application Development
• Develop and maintain mobile applications using JavaScript frameworks such as React Native, Nodejs with JavaScript support.
• Design, develop, and maintain production-grade Android mobile applications and web-based systems.
• Write clean, scalable, and efficient code using modern programming languages and frameworks.
• Publish and maintain applications on the Google Play Store, including release management and version updates.

Integration & Architecture
• Integrate mobile applications with RESTful backend APIs, relational databases, and third-party
services.
• Work with MySQL, Postgresql, Firebase, SQLite, Oracle database, and other mobile-appropriate databases for local and cloud data management.
• Contribute to system design discussions and maintain up-to-date technical documentation.

Quality & Security
• Conduct application testing, debugging, and performance optimization across target devices.
• Troubleshoot and resolve technical issues and application bugs in a timely manner.
• Ensure application security, data protection, and compliance with mobile development best practices.

Collaboration & Continuous Improvement
• Collaborate closely with UI/UX designers to implement accessible, user-friendly interfaces.
• Support development of dashboards and data visualizations to improve data utilization for program staff.
• Stay current with emerging mobile technologies, frameworks, and industry trends.
• Undertake any other tasks reasonably assigned by the supervisor.

Essential Skills

Education & Experience
• Bachelor’s degree in Computer Science, Information Technology, Software Engineering, or a closely related field.
• Minimum 3 years of professional experience in designing, developing, implementing, and maintaining mobile and/or web applications.
• Demonstrated ability to develop both front-end and back-end components within project deadlines.

Technical Skills
• Proficiency in one or more front-end and server-side languages and frameworks (e.g. Kotlin, Dart, JavaScript, Next.js, React….).
• Experience with RESTful APIs and JSON/XML data integration.
• Knowledge of MySQL, Oracle Database, Postgresql, SQLite, or other mobile database solutions.
• Familiarity with Git version control systems and collaborative development workflows.
• Experience with scripting/authoring languages, management tools, and content creation toolchains.
• Familiarity with Oracle Database is an asset.

Experience in Healthcare
• Experience with healthcare technology, Electronic Medical Records (EMR), or mobile applications is a strong advantage.

Professional Attributes
• Clear written and spoken English communication skills.
• Self-motivated with the ability to work independently and as part of a cross-functional team.
• Highly organised with a proven ability to manage priorities and meet deadlines.
• Composed and cooperative under pressure; demonstrates a solutions-focused mindset.
• Capacity to develop a strong understanding of the local cultural and political context and to work effectively within it.

Apply Now:
We welcome applications from candidates with diverse backgrounds who are passionate about improving access to care.
To apply, send your CV and Motivation Letter to: equalhealth2022@gmail.com

In your Motivation Letter, please include:
• Why you are interested in this position
• How your experience and skills are relevant to this role

Deadline : Friday,29th May 2026 (By 5:00 PM Thailand Time)

Melioidosis သည် Burkholderia pseudomallei ဟုခေါ်သော ဘက်တီးရီးယားကြောင့် ဖြစ်ပွားသော ရောဂါဖြစ်ပြီး မြေ၊ ရေ၊ လယ်ယာမြေများန...
15/05/2026

Melioidosis သည် Burkholderia pseudomallei ဟုခေါ်သော ဘက်တီးရီးယားကြောင့် ဖြစ်ပွားသော ရောဂါဖြစ်ပြီး မြေ၊ ရေ၊ လယ်ယာမြေများနှင့် ရေတိမ်နေရာများတွင် အများဆုံး တွေ့ရတတ်ပါသည်။အထူးသဖြင့် မိုးရာသီ နှင့် ရေကြီးရေလျှံပြီးနောက် ရောဂါဖြစ်ပွားမှု ပိုမိုများပြားတတ်ပါသည်။
Melioidosisရောဂါသည် ဒဏ်ရာရှိနေစဉ် မြေ၊ ရေနှင့် တိုက်ရိုက်ထိတွေ့ခြင်း ဘက်တီးရီးယားပါသော ဖုန်မှုန့် သို့မဟုတ် ရေမှုန်များကိုရှူရှိုက်မိခြင်း မသန့်ရှင်းသော ရေ သို့မဟုတ် အစားအစာများမှ ခန္ဓာကိုယ်အတွင်း ဝင်ရောက်ခြင်း တို့ကြောင့်ကူးစက်နိုင်ပါသည်။
ထို့ကြောင့်လယ်သမားများ၊ စိုက်ပျိုးရေးလုပ်သားများ၊ဆီးချိုရောဂါရှိသူများ၊ကျောက်ကပ်၊ အသည်း၊ အဆုတ်ရောဂါရှိသူများ၊ ကိုယ်ခံအားနည်းသူများ၊အသက်ကြီးသူများတွင်ပို၍အန္တရာယ်ရှိနိုင်သောကြောင့်သတိပြုသင့်ပါသည်။

Melioidosisရောဂါ၏လက္ခဏာများအနေဖြင့်
• အဖျားကြီးခြင်း
• ခေါင်းကိုက်ခြင်း
• ကိုယ်လက်နာကျင်ခြင်း
• ချောင်းဆိုးခြင်း
• အသက်ရှူခက်ခြင်း
• ရင်ဘတ်အောင့်ခြင်း
• အနာပိုးဝင်ခြင်းနှင့်
• ပြင်းထန်ပါက သွေးဆိပ်တက်ခြင်းအထိဖြစ်နိုင်သောကြောင့်အချိန်မီ မကုသပါက အသက်အန္တရာယ် ဖြစ်နိုင်ပါသည်။
Melioidosisရောဂါဖြစ်ပွါးမှုမှကာကွယ်ရန်အတွက် ရေထဲဆင်းရသော၊လယ်ထဲဆင်းရသောအခါမျိုးတွင် ဘွတ်ဖိနပ်၊ လက်အိတ် ဝတ်ဆင်ပါ။
ဒဏ်ရာရှိပါကအနာကပ်ပလာစတာဖြင့်သေချာဖုံးအုပ်ထားပါ။
ကျိုချက်ထားသောရေ သို့မဟုတ် သန့်ရှင်းသောရေကိုသာ သောက်သုံးပါ။
ထို့အပြင်အဖျား ၂ ရက်ကျော်ကြာပါက ဆေးရုံသို့ အမြန်သွားရန်နှင့်ရေထဲဆင်းခဲ့ဖူးခြင်း၊ လယ်ထဲလုပ်ခဲ့ဖူးခြင်းများရှိပါက ဆရာဝန်အား ပြောပြရန်လိုအပ်ပါသည်။

နွေရာသီအပူချိန်မြင့်လာသောအခါ ကိုယ်ဝန်ဆောင်မိခင်များသည် အပူဒဏ်ကြောင့်အားအင်ကုန်ခမ်းခြင်း(heat exhaustion) ဖြစ်နိုင်ခြေ ပိ...
08/05/2026

နွေရာသီအပူချိန်မြင့်လာသောအခါ ကိုယ်ဝန်ဆောင်မိခင်များသည် အပူဒဏ်ကြောင့်အားအင်ကုန်ခမ်းခြင်း(heat exhaustion) ဖြစ်နိုင်ခြေ ပိုများပါသည်။ထို့ပြင်ကိုယ်ဝန်ဆောင်စဉ် ခန္ဓာကိုယ်အပူချိန် ပိုမိုမြင့်တက်ပြီးရေဓာတ်လိုအပ်ချက်လည်း ပိုများလာသောကြောင့်အပူဒဏ်ကို ပိုမိုခံစားရနိုင်ပါသည်။
အပူဒဏ်ကြောင့်အားအင်ကုန်ခမ်းခြင်းဆိုသည်မှာ ခန္ဓာကိုယ်အပူချိန် မြင့်တက်ပြီးရေဓာတ်နှင့် ဆားဓာတ်များ လျော့နည်းလာသောအခါ
ဖြစ်ပွားသော အခြေအနေတစ်ခုဖြစ်ပါသည်။ အချိန်မီ မကုသပါက
Heat Stroke (အပူလွန်ကဲ၍ အရေးပေါ် အပူလျှပ်ခြင်း) သို့
ပြောင်းလဲနိုင်ပါသည်။
အပူဒဏ်ကြောင့်အားအင်ကုန်ခမ်းခြင်းဖြစ်ပေါ်ပါက သတိထားရမည့် လက္ခဏာများမှာ
• ခေါင်းမူးခြင်း
• အားနည်းခြင်း
• ချွေးအလွန်ထွက်ခြင်း
• မောပန်းနွမ်းနယ်ခြင်း
• ပျို့အန်ခြင်း
• ခေါင်းကိုက်ခြင်း
• နှလုံးခုန်မြန်ခြင်း
• အပူလွန်ကဲသောကြောင့်ကြွက်တက်ခြင်း
• အာရုံမစိုက်နိုင်ခြင်း
• မူးဝေခြင်း
အပူဒဏ်ကြောင့် အားအင်ကုန်ခမ်းခြင်းဖြစ်ပေါ်ပါက ကလေးအပေါ်လည်းသက်ရောက်နိုင်ပါသည်။ ကလေးတွင် ရေဓာတ်လျော့နည်းခြင်းကြောင့် သွေးလည်ပတ်မှုထိခိုက်နိုင်ခြင်း၊ လမစေ့မီမွေးဖွားနိုင်ခြင်း၊ မိခင်အပူချိန်မြင့်လွန်းပါက ကလေးဖွံ့ဖြိုးမှုအပေါ်သက်ရောက်နိုင်ခြင်း၊ မိခင်အရေးပေါ်အခြေအနေဖြစ်လာနိုင်ခြင်းတို့ကြောင့် အထူးဂရုစိုက်ရန်လိုအပ်ပါသည်။
အပူဒဏ်ကြောင့် အားအင်ကုန်ခမ်းခြင်းကို ကာကွယ်ရန်အတွက်
ရေများများ သောက်ပါ။
အပူချိန်လွန်ကဲသောအချိန်များဖြစ်သည့် မနက် ၁၁ နာရီမှ ညနေ ၄ နာရီအတွင်းအပြင်ထွက်ခြင်းကို လျှော့ချပါ။
လေဝင်လေထွက်ကောင်းသောပေါ့ပါးသောအဝတ်အစားများ ဝတ်ဆင်ပါ။
အနားယူချိန် ပိုပေးပါ။
ဓာတ်ဆားရည် သို့မဟုတ် အုန်းစိမ်းရည် သောက်ပါ။
နေပူထဲတွင်လုပ်ရသော အလုပ်ကြမ်းများ ရှောင်ပါ။
အေးမြသောနေရာတွင် နေပါ။

အလွန်အရေးကြီးသည့်အချက်များဖြစ်သော အဆက်မပြတ်အန်ခြင်း၊ မူးဝေပြီးလဲကျခြင်း၊ ကလေးလှုပ်ရှားမှုလျော့နည်းလာခြင်း၊ အဖျားမြင့်လာခြင်း၊ အသက်ရှူခက်လာခြင်း၊ အားနည်းလွန်းပြီး မလှုပ်ရှားနိုင်ခြင်းများဖြစ်လျှင်ဆေးရုံသို့ ချက်ချင်း သွားရောက်စစ်ဆေးရန်လိုအပ်ပါသည်။

ကိုယ်ဝန်ဆောင်နေချိန်မှာ မိခင်ရဲ့ခန္ဓာကိုယ်ဟာ ကလေးငယ်တစ်ဦးကို ဖွံ့ဖြိုးအောင် ပိုမိုအလုပ်လုပ်နေပါတယ်။ ဒီအချိန်မှာ အရေးကြီး...
27/04/2026

ကိုယ်ဝန်ဆောင်နေချိန်မှာ မိခင်ရဲ့ခန္ဓာကိုယ်ဟာ ကလေးငယ်တစ်ဦးကို ဖွံ့ဖြိုးအောင် ပိုမိုအလုပ်လုပ်နေပါတယ်။ ဒီအချိန်မှာ အရေးကြီးတဲ့ အာဟာရတစ်ခုကတော့ Protein (အသားဓာတ်) ဖြစ်ပါတယ်။

Protein (အသားဓာတ်)သည်
-ကလေးငယ်ရဲ့ အင်္ဂါအစိတ်အပိုင်းများ၊ ကြွက်သားများ တည်ဆောက်ပေးခြင်း
-Placenta ဟုခေါ်သော အချင်း၏ ဖွံ့ဖြိုးမှုကို ကူညီပေးခြင်း
-မိခင်၏ ကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း
-မွေးကင်းစကလေး အလေးချိန်နည်းခြင်းဖြစ်နိုင်ခြေကို လျော့နည်းစေခြင်းစသည်တို့ကိုပြုလုပ်ပေးသောကြောင့် ကိုယ်ဝန်ဆောင်ကာလတွင် အသားဓာတ်လုံလောက်စွာ စားသုံးပေးရန် အရေးကြီးခြင်းဖြစ်ပါသည်။
အသားဓာတ်ကိုတနေ့တာတွင် ကိုယ်ဝန်မရှိမီက၄၆ဂရမ်လိုအပ်မှုရှိသော်လည်းကိုယ်ဝန်ဆောင်စဉ်ကာလတွင်မူ ၇၀ မှ ၇၅ ဂရမ်(ဥပမာ-ကြက်ရင်ပုံသုံးပုံတပုံခန့်) နေ့စဉ်စားသုံးရန် လိုအပ်ပါသည်။ အကြမ်းဖျင်းအားဖြင့် တစ်နေ့လျှင် အသားဓာတ် ၂၀–၂၅ ဂရမ်ပိုမိုလိုအပ်ပါသည်။

အသားဓာတ်ရရှိနိုင်သည့်အစားအစာများဖြစ်သော
• ကြက်ဥ 🥚
• အသား (အသားအမျိုးမျိုး၊ ငါးအမျိုးမျိုး) 🍗🐟
• ပဲမျိုးစုံ 🌱
• နို့၊ဒိန်ချဉ်၊ချိစ်🥛စသည်တို့ကိုလုံလောက်မျှတစွာ စားသုံးပေးရန် လိုအပ်ပါသည်။

ကိုယ်ဝန်ဆောင်ကာလတွင် အလွယ်တကူလိုက်နာနိုင်သော အသားဓာတ်လုံလောက်စေရန် စားသောက်ခြင်း နည်းလမ်းတခုကို ဥပမာအနေဖြင့် အောက်တွင်ဖော် ပြပေးပါမည်။
မနက်စာ — ကြက်ဥ + နို့
နေ့လည်စာ — ထမင်း + အသား/ပဲ
အဆာပြေ — ဒိန်ချဉ်
ညစာ — ငါး + ဟင်းသီးဟင်းရွက်

အသားဓာတ်ရရှိရန် စားသောက်သည့်အခါ သတိပြုရန်အချက်များမှာ
• ကျက်အောင်ချက်ပြုတ်မထားသော အသားနှင့် ကြက်ဥများကို မစားသုံးပါနှင့်
• သန့်ရှင်းသော အစားအစာကိုသာ ရွေးချယ်စားသုံးပါ
• အားနည်းခြင်း၊ ကိုယ်အလေးချိန်နည်းခြင်း စသည်တို့ရှိပါက တတ်ကျွမ်းသည့်ကျန်းမာရေးဝန်ထမ်းနှင့် တိုင်ပင်ပြီးမှသာလိုအပ်သည်ကို စားသုံးရန်လိုအပ်မည်ဖြစ်ပါသည်။

ယခုတပတ်မှာတော့နွေရာသီတွင်အပူချိန်အလွန်မြင့်တက်လာသောကြောင့် ကိုယ်ခန္ဓာအတွက် အန္တရာယ်ရှိသောအခြေအနေဖြစ်သည့်  အပူလွန်ကဲခြင်း...
22/04/2026

ယခုတပတ်မှာတော့နွေရာသီတွင်အပူချိန်အလွန်မြင့်တက်လာသောကြောင့် ကိုယ်ခန္ဓာအတွက် အန္တရာယ်ရှိသောအခြေအနေဖြစ်သည့် အပူလွန်ကဲခြင်း (Heat Exhaustion) အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေဖြင့်အပူလွန်ကဲခြင်းဆိုတာကိုရှင်းပြပေးပါမယ်။အပူလွန်ကဲခြင်းဆိုတာအပူချိန်မြင့်မားသောနေရာတွင် ကြာရှည်စွာနေခြင်း၊ အလုပ်လုပ်ခြင်းကြောင့်ချွေးများစွာထွက်ပြီးကိုယ်ခန္ဓာကရေနှင့်ဆားဓာတ်များဆုံးရှုံးသွားတဲ့အခါမှာဖြစ်ပေါ်တတ်သောအခြေအနေတစ်ခုဖြစ်ပါတယ်။
အပူလွန်ကဲခြင်းဖြစ်ပေါ်လျှင်အောက်ပါ လက္ခဏာများဖြစ်သော
• ချွေးအလွန်ထွက်ခြင်း
• ပင်ပန်းနွမ်းနယ်ခြင်း
• မူးဝေခြင်း၊ လဲကျခြင်း
• ခေါင်းကိုက်ခြင်း
• ဝမ်းလျှောခြင်း၊ အန်ခြင်း
• နှလုံးခုန်မြန်ပြီးအားနည်းခြင်း အစရှိသည်တို့ခံစားရနိုင်ပါသည်။

အထက်ပါလက္ခဏာများဖြစ်ပေါ်ပါက
• အေးမြသောနေရာ၊ အရိပ်ရှိသောနေရာသို့ ရွှေ့ပါ။
• ရေ သို့မဟုတ် ဓာတ်ဆားရေ (ORS) သောက်ပါ။
• မလိုအပ်သော၊ထူထဲသောအဝတ်အစားများဝတ်ထားပါကဖယ်ရှားပါ။
• အေးမြသောရေဖြင့်ခန္တာကိုယ်အားရေပတ်တိုက်ခြင်းစသည့်ခန္တာကိုယ်အေးနိုင်သောနည်းလမ်းများကိုပြုလုပ်ပါ
• အနားယူပါ။
သတိထားရမည့်အချက်များဖြစ်သောခံစားရသောလက္ခဏာများအချိန် ၁ နာရီကျော်သည်ထိ မပြေလျှော့ခြင်း၊မူးဝေခြင်းကြောင့် ရေမသောက်နိုင်ဖြစ်ခြင်း၊မအီမသာဖြစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့်အပူလျှပ်ခြင်း (Heat Stroke) လက္ခဏာများ ပေါ်လာပါကနီးစပ်ရာဆေးရုံဆေးခန်းသို့သွားရောက်ပြသရန်လိုအပ်ပါသည်။

ထို့ကြောင့်အပူလွန်ကဲသောယခုလိုကာလမျိုးတွင်နေ့စဉ် ရေများများသောက်ခြင်း၊နေ့လယ် ၁၁နာရီမှ၃နာရီအတွင်းအပြင်ထွက်ခြင်းကိုရှောင်ကျဉ်ခြင်း၊လွတ်လပ်ပေါ့ပါးတဲ့အဝတ်အစား ဝတ်ခြင်း၊အပြင်အလုပ်လုပ်ပါက အနားယူချိန်ထားခြင်း စသည်တို့ဖြင့်ကြိုတင်ကာကွယ်မှုများပြုလုပ်ထားရန်လိုအပ်ပါသည်။
အပူလွန်ကဲသောကာလများတွင်ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ကလေးများ၊ အသက်ကြီးသူများနှင့် အပြင်တွင် အလုပ်လုပ်သူများအနေဖြင့် အထူးဂရုစိုက်ရန်လိုအပ်ပါသည်။

ယခုတပတ်မှာတော့ကိုယ်ဝန်ဆောင်မိခင်များအမေးများသည့်မေးခွန်းဖြစ်သော သင်္ဘောသီးသုပ်၊သင်္ဘောသီးထောင်းစားလို့ရပါသလားဟူသောမေးခွန...
10/04/2026

ယခုတပတ်မှာတော့ကိုယ်ဝန်ဆောင်မိခင်များအမေးများသည့်မေးခွန်းဖြစ်သော သင်္ဘောသီးသုပ်၊သင်္ဘောသီးထောင်းစားလို့ရပါသလားဟူသောမေးခွန်းကိုဖြေကြားပေးမှာဖြစ်ပါတယ်

ကိုယ်ဝန်ဆောင်နေစဉ်မှာ အစားအစာရွေးချယ်မှုဟာ မိခင်နဲ့ ကလေးနှစ်ဦးစလုံးအတွက် အရေးကြီးပါတယ်။ယခုနောက်ပိုင်းတွင် သင်္ဘောသီး စားလို့ရမလား? ဆိုတဲ့ မေးခွန်းကို မိခင်အများစု စိုးရိမ်တကြီးမေးမြန်းလာလေ့ရှိကြပါတယ်။

မမှည့်သေးသော သင်္ဘောသီး

မမှည့်သေးတဲ့ သင်္ဘောသီးမှာ latexဟုခေါ်သောအရည်တစ်မျိုး ပါဝင်ပြီး သားအိမ်ညှစ်ခြင်း (uterine contraction)ကိုဖြစ်စေနိုင်ပါတယ်။ထို့ကြောင့်သင်္ဘောသီးအစိမ်းကိုအလွန်များစွာ စားသုံးပါက သားပျက်သားလျှောဖြစ်ခြင်း အန္တရာယ်ရှိနိုင်ပါတယ်။ထို့ကြောင့် ကိုယ်ဝန်ဆောင်နေစဉ် မမှည့်သေးတဲ့ သင်္ဘောသီးကို ရှောင်ရှားသင့်ပါတယ်။

မှည့်ပြီးသား သင်္ဘောသီး

မှည့်ပြီးသား သင်္ဘောသီးမှာ latex ပမာဏ နည်းသွားပြီး
• ဗီတာမင် A, ဗီတာမင် C များပါဝင်သည်
• အစာချေမှုကို ကောင်းမွန်စေသည်
• ဝမ်းချုပ်ခြင်း ကို သက်သာစေသည်
ထို့ကြောင့်မှည့်ပြီးသားသင်္ဘောသီးကိုအနည်းငယ်စားနိုင်သည်။
သတိပြုရန်
• ပထမ ၃ လ (First trimester) အတွင်းစားသုံးခြင်းကို အထူးသတိထားဆင်ခြင်ပါ။
• အစားအစာအသစ်များကို စားမည်ဆိုပါက ဆရာဝန်နှင့် တိုင်ပင်ပါ
• မည်သည့်အစားအစာမဆို အလွန်အကျွံ မစားသုံးသင့်ပါ

အချုပ်အားဖြင့်ဆိုရလျှင်မမှည့်သေးသော သင်္ဘောသီးကိုစားသုံးရန်မသင့်တော်ပါ။ မှည့်ပြီးသား သင်္ဘောသီးကိုမူအနည်းငယ်စားသုံးလို့ရနိုင်ပါသည်။

ရုံးပိတ်ရက် အသိပေးကြေညာချက်သင်္ကြန်ရေသဘင်ပွဲတော်ကာလ ဧပြီလ ၁၄ ရက်မှ ၁၉ ရက်အထိ Equal Health ကို ယာယီပိတ်ထားမည် ဖြစ်ပါသည်။ဝ...
08/04/2026

ရုံးပိတ်ရက် အသိပေးကြေညာချက်

သင်္ကြန်ရေသဘင်ပွဲတော်ကာလ ဧပြီလ ၁၄ ရက်မှ ၁၉ ရက်အထိ Equal Health ကို ယာယီပိတ်ထားမည် ဖြစ်ပါသည်။

ဝန်ဆောင်မှုများကို ဧပြီလ ၂၀ ရက်နေ့မှ စတင်၍ ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

သင်္ကြန်ရေက စိုးရိမ်ပူပန်မှုများကို ဆေးကြောပယ်ဖျက်နိုင်ပြီး ပျော်ရွှင်မှုများနဲ့အတူ နှစ်သစ်ကို ကြိုဆိုနိုင်ကြပါစေ။ 💦🌸

Join Us as Medical Coordinator (Equal Health)Status : Medical Coordinator (Equal Health)Report to  : Technical Consultan...
07/04/2026

Join Us as Medical Coordinator (Equal Health)

Status : Medical Coordinator (Equal Health)
Report to : Technical Consultant
Location : Mae Sot, Thailand

Are you passionate about improving access to healthcare and strengthening continuity of care? Equal Health is seeking a Medical Coordinator to support telemedicine services for patients with diverse medical conditions in Mae Sot.
You will coordinate patient monitoring, support follow-up care, and work closely with the Senior Medical Coordinator and clinical teams at Mae Sot General Hospital to ensure quality telemedicine services.

What We’re Looking For:
• Medical Doctor (MBBS or equivalent)
• Experience in NCD management, primary care, or community health
• Strong understanding of diabetes and hypertension follow-up care
• Good communication, coordination, and problem-solving skills
• Ability to work with telemedicine platforms (Line/Viber, online tools)
• Basic data management skills (Google Forms/Sheets)
• Fluent in Burmese; English and/or Thai is an asset
• Ability to work in a multicultural and resource-limited setting
• Ability to provide telemedicine services both on-site at Mae Sot General Hospital and remotely from home

Apply Now:
We welcome applications from candidates with diverse backgrounds who are passionate about improving access to care.
To apply, send your CV and Motivation Letter to: equalhealth2022@gmail.com

In your Motivation Letter, please include:
• Why you are interested in this position
• How your experience and skills are relevant to this role

Deadline : Friday,10th April 2026 (By 5:00 PM Thailand Time)

Subject Line: Medical Coordinator (Equal Health)
At Equal Health, we believe everyone deserves access to quality healthcare. We work with migrant workers, ethnic communities, and pregnant women in border areas, improving access through community-based and telemedicine services. Joining Equal Health means being part of a team committed to advancing health equity and delivering patient-centered care.

ที่อยู่

702/1, Moo 1, Tha Sai Luad, Ban
Mae Sot
63110

เวลาทำการ

จันทร์ 09:00 - 23:00
อังคาร 09:00 - 23:00
พุธ 09:00 - 23:00
พฤหัสบดี 09:00 - 23:00
เสาร์ 09:00 - 23:00
อาทิตย์ 09:00 - 23:00

เบอร์โทรศัพท์

+66620703913

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Equal Healthผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์