Dr. Thu Ra Health & Wellness

အမျိုးသမီးကျန်းမာရေးနဲ့ ပတ်သက်ရင်ဒါလေးတွေ သိထားဖို့ သတိထားဖို့ လိုပါတယ်...
26/10/2025

အမျိုးသမီးကျန်းမာရေးနဲ့ ပတ်သက်ရင်
ဒါလေးတွေ သိထားဖို့ သတိထားဖို့ လိုပါတယ်...

နောက်လာမယ့်ပိုစ့်အတွက် ခေါင်းစဥ်ရွေးရခက်နေလို့ ဝိုင်းရွေးပေးကြပါအုံး။ ဘယ်အကြောင်းအရာရေးရင် အားလုံးအတွက်ပိုအကျိုးရှိနိုင်...
26/10/2025

နောက်လာမယ့်ပိုစ့်အတွက် ခေါင်းစဥ်ရွေးရခက်နေလို့ ဝိုင်းရွေးပေးကြပါအုံး။ ဘယ်အကြောင်းအရာရေးရင် အားလုံးအတွက်ပိုအကျိုးရှိနိုင်မလဲ...
အားလုံးဖြေပေးခဲ့ကြပါနော်…😊

မူးဝေခြင်းမူးဝေခြင်းဆိုတာ ရောဂါ တစ်ခုမဟုတ်ပါဘူး။ မူးဝေခြင်းက အမျိုးမျိုးသော ကျန်းမာရေးပြဿနာများ ရဲ့လက္ခဏာတစ်ရပ်တော့ ဖြစ်...
25/10/2025

မူးဝေခြင်း

မူးဝေခြင်းဆိုတာ ရောဂါ တစ်ခုမဟုတ်ပါဘူး။ မူးဝေခြင်းက အမျိုးမျိုးသော ကျန်းမာရေးပြဿနာများ ရဲ့လက္ခဏာတစ်ရပ်တော့ ဖြစ်နိုင်ပါတယ်။ မူးဝေခြင်းဟာ အလွန်အဖြစ်များပြီး အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ စိတ်နှလုံး မငြိမ်မသက် ခံစားရခြင်းနှင့် ခန္ဓာကိုယ်ထိန်းချုပ်နိုင်မှု မရှိပဲ ဒယိမ်းဒယိုင်ဖြစ်နေသလို ခံစားရတတ်ပါတယ်။ စိတ်လှုပ်ရှားခြင်း၊ အချို့သောဆေးများနှင့် အခြားသော အကြောင်းရင်းများကြောင့် မူးဝေခြင်းကို ခံစားရတတ်ပါတယ်။ မတ်တပ်ရပ်ဖို့ခက်ခဲပြီး မူးဝေခြင်းတွေက ရုတ်တရက်လဲချလိုက်ဖို့ လိုသလို ခံစားရတတ်ပြီး ခဏခဏမူးဝေခြင်းက လူတစ်ယောက်ရဲ့နေစဉ်ဘဝကိုထိခိုက်စေပါတယ်။ မူးဝေခြင်းကို အမျိုးမျိုး ခံစားရတတ်ပြီး
● သတိလစ်လဲကျမလို မိုက်ခနဲဖြစ်ခြင်း
● ပျိုချင်အန်ချင်သလိုဖြစ်ခြင်း
● ကောင်းစွာမတ်တပ်မရပ်နိုင်ပဲ တယိုင်းတယိုင်ခံစားရခြင်း
● စိတ်နှလုံး မငြိမ်မသက် ခံစားရခြင်း များခံစားရတတ်ပါတယ်။ အကယ်၍ ခဏခဏ မူးဝေပြီး ပြင်းထန်မယ်ဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကို ပြသတိုင်ပင်ဖို့လိုအပ်ပါတယ်။
မူးဝေခြင်းအကြောင်း ဗီဒီယို Youtube မှာတင်ထားပါတယ်။ ဗီဒီယို Link မန့်မှာချပေးထားပါတယ်။
#မူးဝေခြင်း


သားအိမ်အသားလုံး စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသခြင်း(𝑼𝒕𝒆𝒓𝒊𝒏𝒆 𝑭𝒊𝒃𝒓𝒐𝒊𝒅𝒔)သားအိမ်အသားလုံးတွေကို ဘယ်လိုသိနိုင်မလဲ?သားအိမ်အသားလုံး...
22/10/2025

သားအိမ်အသားလုံး စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသခြင်း(𝑼𝒕𝒆𝒓𝒊𝒏𝒆 𝑭𝒊𝒃𝒓𝒐𝒊𝒅𝒔)

သားအိမ်အသားလုံးတွေကို ဘယ်လိုသိနိုင်မလဲ?

သားအိမ်အသားလုံးတွေက ဝမ်းဗိုက်စမ်းသပ်စစ်ဆေးရာကနေ သိရှိနိုင်ပြီး တခါတရံမှာ သွေးဆင်းများခြင်းကဲ့သို့ ရောဂါလက္ခဏတွေကနေ သတိထားမိတာမျိုးလဲ ရှိပါတယ်။ သားအိမ်အသားလုံးတွေကို သေချာသိရှိပြီး အရွယ်အစားနှင့် ဖြစ်ပေါ်လာတဲ့နေရာသိဖို့ဆို များစွာသော စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်လို့ ရပါတယ်။

● အာထာရာဆောင်းရိုက်ခြင်း
● MRI ရိုက်ခြင်း
● CT Scan ရိုက်ခြင်း
● သားအိမ်မှန်ပြောင်းကြည့်ခြင်း
● ဆေးဓာတ်မှန်ရိုက်ခြင်း
● ဝမ်းဗိုက် မှန်ပြောင်းကြည့်ခြင်း

သားအိမ်အသားလုံးတွေကို ဘယ်လိုကုသမလဲ?

အရွယ်အစား၊ အရေအတွက်၊ တည်နေရာ နှင့် ခံစားရသောဝေဒနာ ပေါ်မူတည်ပြီး သားအိမ်အသားလုံးတွေကို ကုသနည်း အမျိုးမျိုးရှိပါတယ်။ ရောဂါလက္ခဏာခံစားရတာ မရှိဘူးဆိုရင် ကုသဖို့ မလိုသလို အသားလုံးသေးသေးတွေကလဲ ဘာမှမလုပ်ပဲ ထားလို့ရပါတယ်။ တချို့အမျိုးသမီးတွေမှာ အသားလုံးနဲ့ပတ်သက်ပြီး ရောဂါ လက္ခဏာ မပြပဲ ဘာမှမခံစားပဲ ရှိနေတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေမှာတော့ ပုံမှန်စောင့်ကြည့်စမ်းသပ်ဖို့ပဲ လိုအပ်ပါတယ်။

အကယ်၍ သွေးဆင်းများပြီး သွေးအားနည်းခြင်း၊ နာကျင်ကိုက်ခဲခြင်း သို့မဟုတ် ဆီးဝမ်းပြသာနာများ ခံစားနေရလျှင် ကုသမှုခံယူဖို့လိုအပ်ပါတယ်။ ဆေးကုသဖို့ လိုမလိုကတော့ အသားလုံးတွေရဲ့
● အရေအတွက်
● အရွယ်အစား
● တည်နေရာ
● ဘယ်လိုရောဂါလက္ခဏတွေခံစားနေရလဲ
● သားအိမ်အနေအထား အစရှိတဲ့ အချက်တွေပေါ်မူတည်ပါတယ်။
သားသမီးယူဖို့၊ ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ်ရှိမရှိဆိုတာကလဲ ကုသမှုတွေကို ရွေးချယ်ဆုံးဖြတ်ရာမှာ အရေးကြီးသလို ထည့်သွင်းပြောပြဖို့လဲ လိုပါတယ်။ သားအိမ်အသားလုံးတွေကို ကုသနည်းတွေကတော့

ဆေးသောက်ခြင်း

● အကိုက်အခဲပျောက်ဆေးများသောက်သုံးခြင်း
● သံဓာတ်အားဆေးများသောက်သုံးခြင်း
● သားဆက်ခြားနည်းများ အသုံးပြုခြင်း
● ဟော်မုန်းဆေး အသုံးပြုခြင်း
● သွေးဆင်းနည်းအောင် ဆေးသောက်ခြင်း

ခွဲစိတ်ကုသခြင်း

ခွဲစိတ်ကုခြင်းဖြင့် အသားလုံးကိုဖယ်ရှာခြင်းဖြစ်ပြီး
သားအိမ်မှန်ပြောင်းကြည့်ခွဲစိတ်ခြင်း၊ ဝမ်းဗိုက်မုန်ပြောင်းကြည့် ခွဲစိတ်ခြင်း၊ ဗိုက်ခွဲခြင်း အစရှိသောနည်းလမ်းများဖြစ် သားအိမ်အသားလုံးကို ဖယ်ရှားပါတယ်။

သားသမီးယူဖို့၊ ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ် မရှိလျှင်

● သားအိမ်ထုတ်ခြင်း၊
● အသားလုံးသွေးကြောပိတ်ကုသခြင်း၊
● ဓာတ်ရောင်ခြည်နှင့်ကုသခြင်း အစရှိသောနည်းလမ်းများနှင့်လဲ ကုသနိုင်ပါတယ်။

သားအိမ်အသားလုံး ကုသမှုတွေရဲ အန္တရာယ်တွေကဘာတွေလဲ?

သောက်ဆေးတွေအနေနဲ့က ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေရှိနိုင်ပြီး ခွဲစိတ်ကုသမှုတွေမှာလဲ ရောဂါပိုးဝင်ခြင်း သွေးထွက်လွန်ခြင်း နှင့် မေ့ဆေးထုံဆေး အန္တရာယ်ကဲ့သို့သော ဆိုးကျိုးတွေ ရှိတတ်ပါတယ်။

သားအိမ်အသားလုံးတွေကို မကုသပဲထားရင် ဘာတွေဖြစ်နိုင်လဲ?

ရောဂါလက္ခဏမခံစားရပဲ မသိသာတဲ့ သားအိမ်အသားလုံးတွေက ကုသဖို့ မလိုပါဘူး။ သားအိမ် အသားလုံးကြီးပြီး ရောဂါလက္ခဏ ပြင်းထန်ပါက သေချာကုသဖို့လိုပါတယ်။

သားအိမ်အသားလုံးတွေကို ကြိုတင်ကာကွယ်နိုင်လား?

ပုံမှန်အားဖြင့် သားအိမ်အသားလုံးတွေကို ကြိုတင်ကာကွယ်လို့မရပါဘူး။ ကျန်းမာသော ပုံမှန်ကိုယ်အလေးချိန် ထိန်းထားခြင်း နှင့် ပုံမှန်စမ်းသပ် စစ်ဆေးမှုခံယူခြင်းကသာ သားအိမ်အသားလုံး ဖြစ်ပွားမှုနှုန်းကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ သားအိမ်အသားလုံးတွေကနေ ကင်ဆာဖြစ်ပွားမှု အတော်နည်းပြီး ကြိုတင်ခန့်မှန်းရခက်ပါတယ်။ သွေးဆုံးပြီးအမျိုးသမီးများတွင် သားအိမ်အသားလုံး ရုတ်တရက်ကြီးထွားခြင်း၊ စတင်သတိထားမိခြင်းများက အရေးကြီးသောကြောင့် ချက်ခြင်း စမ်းသပ်စစ်ဆေးမှုများပြုလုပ်ဖို့ လိုအပ်ကြောင်း အသိပညာပေးမျှဝေရင်း စိတ်နှလုံး ကျန်းမာရွှင်လန်းကြပါစေ...။
𝑫𝒓. 𝑻𝒉𝒖 𝑹𝒂
#သားအိမ်အသားလုံးတည်ခြင်း

ကျောက်ကပ် ပျက်စီးခြင်းအကြောင်းကျောက်ကပ်ပျက်စီးခြင်းဆိုတာက ကျောက်တစ်လုံး သို့မဟုတ် ကျောက်ကပ်နှစ်ဖက်လုံး ပျက်စီးခြင်း ဖြစ်...
20/10/2025

ကျောက်ကပ် ပျက်စီးခြင်းအကြောင်း

ကျောက်ကပ်ပျက်စီးခြင်းဆိုတာက ကျောက်တစ်လုံး သို့မဟုတ် ကျောက်ကပ်နှစ်ဖက်လုံး ပျက်စီးခြင်း ဖြစ်ပြီး သွေးတိုး ဆီးချို နှလုံးရောဂါကဲ့သို့ ရောဂါများအပြင်အခြားရောဂါကြောင့်လဲ ဖြစ်တတ်ပါတယ်။ ကမ္ဘာနှင့်အဝှမ်း ကျောက်ကပ်ပျက်စီးခြင်း အဖြစ်များလာပြီး မြန်မာနိုင်ငံမှာလဲ အဖြစ်များတဲ့ ရောဂါတခုအနေနဲ့ တွေ့ရပါတယ်။ ဒါကြောင့် ကျောက်ကပ်ပျက်စီးခြင်းအကြောင်းပိုမိုသိရှိပြီး သတိပြုနေထိုင်နိုင်ရန် အသိပညာပေးမျှဝေပေးထားပါတယ်။
ကျောက်ကပ် ပျက်စီးခြင်းအကြောင်း ဗီဒီယို Youtube မှာတင်ထားပါတယ်။ ဗီဒီယို Link မန့်မှာချပေးထားပါတယ်။

သားဥအိမ်ရေအိတ်တွေက ဘာရောဂါလက္ခဏာမှာ မခံစားရပဲ သတိမထားမိပဲရှိနေတတ်ပြီး အရွယ်အစား ကြီးလာလျှင်၊ ပိုဆိုးလာလျှင် အောက်ပါလက္ခဏ...
19/10/2025

သားဥအိမ်ရေအိတ်တွေက ဘာရောဂါလက္ခဏာမှာ မခံစားရပဲ သတိမထားမိပဲရှိနေတတ်ပြီး အရွယ်အစား ကြီးလာလျှင်၊ ပိုဆိုးလာလျှင် အောက်ပါလက္ခဏများခံစားရတတ်ပါတယ်...
⚫️ ဆီးစပ်နှင့်ခါး နာကျင်ကိုက်ခဲခြင်း
⚫️ ဗိုက်ပြည့်တင်း လေထိုးလေပွခြင်း
⚫️ ဆီးနှင့်ဝမ်းခဏခဏသွားရခြင်း၊ ဝမ်းချုပ်ခြင်း
⚫️ ရာသီသွေးပေါ်ချိန် ကိုက်ခဲခြင်း
⚫️ အတူနေချိန်ဆက်ဆံချိန်နာကျင်ခြင်း
⚫️ ပျို့အန်ခြင်း
သားဥအိမ်ရေအိတ်တည်ခြင်း ဗီဒီယို Youtube မှာတင်ထားပါတယ်။ ဗီဒီယို Link မန့်မှာချပေးထားပါတယ်။

ခါးနာခြင်းခါနားခြင်းဆိုတာ အဖြစ်များတဲ့ ရောဂါတခုဖြစ်ပြီးကျောဘက်မှာရှိတဲ့ ကြွက်သား အရွတ်တွေ ဒဏ်ရာရခြင်းကြောင့် ဖြစ်လာတာမျာ...
08/10/2025

ခါးနာခြင်း

ခါနားခြင်းဆိုတာ အဖြစ်များတဲ့ ရောဂါတခုဖြစ်ပြီး
ကျောဘက်မှာရှိတဲ့ ကြွက်သား အရွတ်တွေ ဒဏ်ရာရခြင်းကြောင့် ဖြစ်လာတာများပါတယ်။ အနားယူခြင်း၊ လေ့ကျင့်ခန်းကုထုံး အပြင် ဆေးကုသခြင်းတွေကြောင့် သက်သာပါတယ်။

ခါးနာခြင်းကြောင့် ကျောဘက်၊ ခါးဆစ်ရိုးနေရာကို အဓိက သကိရောက်ပါတယ်။ ခါးနာခြင်းဟာ ဒဏ်ရာရခြင်း နှင့် အခြားသော အခြေအနေအမျိုးမျိုးကြောင့်
ဖြစ်နိုင်ပါတယ်။ ကျောဘက်မှာရှိတဲ့ ကြွက်သား အရွတ်တွေ ဒဏ်ရာရခြင်းကြောင့် ပိုအဖြစ်များတာတွေ့ရပါတယ်။

လူသားတိုင်းက ဘဝမှာတခါတော့ ခါးနားခြင်းဆိုတာ ခံစားခဲ့ဖူးကြမှာဖြစ်ပြီး နည်းနည်းနာတာနှင့် များများနာတာပဲ ကွာပါလိမ့်မယ်။ လူတော်တော်များများတော့ ခဏတာခါးနာပေမယ့် ကမ္ဘာကြီးရဲ့ ၂၃ရာခိုင်နှုန်းသော လူတွေကတော့ နာတာရှည်ခါးနာခြင်းကို ခံစားနေရပါတယ်။ အပြင်းအထန် ခါးနာခြင်းကြောင့် လူတစ်ယောက်ရဲ့ တစ်နေတာလုပ်ဆောင်တာတွေကို မလုပ်နိုင်ပဲ အအိပ်ပျက်အစာပျက် ခံစားရတာမျိုးတွေရှိပါတယ်။

ဒါကြောင့်မို့ သင့်ရဲ့ခါနားခြင်းကို စိုရိမ်နေပြီး
တနေ့လုပ်ငန်းဆောင် မလုပ်တာမျိုးဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး ပညာရှင်တွေနဲ့ပြသဖို့လိုပါတယ်။ ခါးနာခြင်းနဲ့ ပတ်သက်ပြီး ပိုသိဖို့ Youtube မှာ Videoတင်ထားပါတယ်။ Link commentမှာချပေးထားပါတယ်။

သားအိမ်အသားလုံးတည်ခြင်း (𝑼𝒕𝒆𝒓𝒊𝒏𝒆 𝑭𝒊𝒃𝒓𝒐𝒊𝒅𝒔)သားအိမ်အသားလုံးတွေဟာ သားအိမ်အတွင်းနှင့် အပေါ်မှာကြီးထွားတဲ့ တွေ့ရများတဲ့ ကင်ဆာ...
29/09/2025

သားအိမ်အသားလုံးတည်ခြင်း (𝑼𝒕𝒆𝒓𝒊𝒏𝒆 𝑭𝒊𝒃𝒓𝒐𝒊𝒅𝒔)

သားအိမ်အသားလုံးတွေဟာ သားအိမ်အတွင်းနှင့် အပေါ်မှာကြီးထွားတဲ့ တွေ့ရများတဲ့ ကင်ဆာမဟုတ်တဲ့ အလုံးတွေပဲဖြစ်ပါတယ်။ သားအိမ်အသားလုံးတိုင်းက ရောဂါလက္ခဏာမပြပေမယ့် သွေးဆင်းများခြင်း၊ ခါးနာခြင်း၊ ဆီးခဏခဏသွားခြင်းနှင့် ဆက်ဆံချိန်နာကျင်ခြင်းတွေတော့ ခံစားရလေ့ရှိပါတယ်။

သားအိမ်အသားလုံးဆိုတာဘာလဲ?

သားအိမ်အသားလုံးတွေဟာ သားအိမ်အတွင်း သို့မဟုတ် သားအိမ်နံရံပေါ်ကနေ ဖွံဖြိုးကြီးထွားလာတဲ့ ကြွက်သားနှင့်တစ်ရှုးတွေပဲ ဖြစ်ပါတယ်။ သားအိမ်အသားလုံးတွေဟာ များသောအားဖြင့် ကင်ဆာမဟုတ်ပဲ ရှိနေတတ်ပြီး အမျိုးသမီးများတွင် တွေ့ရများဆုံးသော အလုံးတွေပဲ ဖြစ်ပါတယ်။

သားအိမ်အသားလုံးတွေဟာ နာကျင်ကိုက်ခဲခြင်း၊ သွေးဆင်းများခြင်းနှင့် သွေးမမှန်ခြင်းများကဲ့သို့ ရောဂါလက္ခဏာ အမျိုးမျိုးခံစားရပြီး တခါတရံမှာတော့ ဘာရောဂါလက္ခဏာမှ မခံစားရပဲ သတိမထားမိပဲ ရှိနေတတ်ပါတယ်။ သားအိမ်အသားလုံး ကုသနည်းတွေကတော့ ခံစားရတဲ့ရောဂါလက္ခဏာပေါ် မူတည်ပါတယ်။

သားအိမ်အသားလုံးတွေက ဘယ်လိုကြီးထွားလဲ?

သားအိမ်အသားလုံးတွေ တစ်လုံးထဲကြီးထွားနိုင်သလို အစုလိုက်လဲ ကြီးထွားတတ်ပါတယ်။ အစုလိုက်ကြီးထွားတဲ့အသားလုံးတွေကတော့ တစ်မီလီမီတာ ကနေ နှစ်ဆယ်စင်တီမီတာ အထက်ထိ ကြီးထွားနိုင်ပါတယ်။ အရွယ်အစား နှိုင်းယှဉ်ပြရမယ်ဆိုရင်တော့ အစေ့တစ်စေ့လောက်ကနေ ဖရဲသီးလုံးအရွယ်လောက်ထိ ရှိနိုင်ပါတယ်။ သားအိမ်နံရံအပြင်၊ သားအိမ်အတွင်း သို့မဟုတ် သားအိမ်နံရံအတွင်းထဲမှာ ကြီးထွားနိုင်ပါတယ်။

သားအိမ်အသားလုံးဘယ်နှမျိုးရှိလဲ?

သားအိမ်အသားလုံးတွေက တွယ်ကပ်နေတဲ့နေရာ သို့မဟုတ် ဖြစ်ပေါ်လာတဲ့နေရာ ပေါ်မူတည်ပြီး အမျိုးမျိုးကွဲပါတယ်။
● သားအိမ်ကြွက်သားအတွင်း အသားလုံး (𝑰𝒏𝒕𝒓𝒂𝒎𝒖𝒓𝒂𝒍 𝒇𝒊𝒃𝒓𝒐𝒊𝒅𝒔) တွေ့ရများဆုံးဖြစ်ပြီး သားအိမ်နံရံ ကြွက်သားအတွင်းမှာ နစ်မြုပ်တည်ရှိနေပါတယ်။
● သားအိမ်နံရံအတွင်းသားပေါ် အသားလုံး (𝑺𝒖𝒃𝒎𝒖𝒄𝒐𝒔𝒂𝒍 𝒇𝒊𝒃𝒓𝒐𝒊𝒅𝒔)
● သားအိမ်နံရံအတွင်းသားအောက် အသားလုံး (𝑺𝒖𝒃𝒔𝒆𝒓𝒐𝒔𝒂𝒍 𝒇𝒊𝒃𝒓𝒐𝒊𝒅𝒔)
● သားအိမ်အညှာတွယ် အသားလုံး (𝑷𝒆𝒅𝒖𝒏𝒄𝒖𝒍𝒂𝒕𝒆𝒅 𝒇𝒊𝒃𝒓𝒐𝒊𝒅𝒔) တွေ့ရနည်းပြီး သားအိမ်ကို အညှာနဲ့ တွယ်ကပ် ထားတာဖြစ်ပါတယ်။

သားအိမ်အသားလုံးတွေက တွေ့ရများလား?

သားအိမ်အသားလုံးတွေက တွေ့ရများပြီး အမျိုးသမီး (၄၀)ရာခိုင်နှုန်းကနေ (၈၀)ရာခိုင်နှုန်း သားအိမ်အသားလုံး တွေ့ရတတ်ပါတယ်။ အသက်(၃၀)ကနေ (၅၀)အတွင်းမှာ တွေ့ရများဆုံးလဲဖြစ်ပါတယ်။ သွေးမပေါ်ခင်အရွယ်နှင့် သွေးဆုံးပြီး အသက်အရွယ်တွေမှာ တွေ့ရနည်းပါတယ်။

သားအိမ်အသားလုံးတွေက ဘယ်လိုခံစားရတတ်လဲ?

အသားလုံးသေးသေးတွေကတော့ ဘာမှမခံစားရပဲရှိနေတတ်ပြီး ပုံမှန်စစ်ဆေးစောင့်ကြည့်ပြီး လိုအပ်မှ ကုသမှုခံယူဖို့လိုပါတယ်။

သားအိမ်အသားလုံး အကြီးတွေကတော့
● ရာသီသွေးဆင်းများခြင်း
● ရာသီပေါ်စဉ် ကိုက်ခဲခြင်း
● သွေးပေါ်ရက်မဟုတ်ပဲသွေးပေါ်ခြင်း
● ဗိုက်ချက်အောက်ပိုင်း ပြည့်ခြင်းတင်းခြင်း
● ဆီးခဏခဏသွားရခြင်း
● ဆက်ဆံစဉ်နာကျင်ခြင်း
● ခါးနာခြင်း
● ဝမ်းချုပ်ခြင်း
● ရက်ရှည်သွေးဆင်းခြင်း
● ဆီးကျန်သလိုခံစားရခြင်း
●ဗိုက်ပူခြင်း(ကိုယ်ဝန်ဆောင်ကဲ့သို့ဗိုက်ပူနေခြင်း)များ ခံစားရတတ်ပါတယ်။ ဒီလိုမျိုးခံစားရတာတွေကလဲ ဟော်မုန်းတွေလျှော့နည်းလာတဲ့ သွေးဆုံးချိန်မှာ သက်သာပျောက်ကင်းသွားတတ်ပါတယ်။

ဘာကြောင့်သားအိမ်အသားလုံးတွေက ဘယ်လိုကိုက်ခဲတာလဲ?

သားအိမ်အသားလုံးရှိတဲ့သူတွေအနေနဲ့ အမျိိုးမျိုးခံစားရတတ်ပါတယ်။ အသားလုံးသေးသေးဆို လုံးဝသတိမထားမိပဲ ဘာမှမခံစားရပဲ ရှိနေတတ်ပါတယ်။ သားအိမ် အသားလုံးကြီးတွေကတော့ ကိုက်ခဲခြင်းနှင့် မသက်သာနဲ့နေရခက်ခြင်း တွေဖြစ်တတ်ပါတယ်။ ခါးနားခြင်း၊ ဗိုက်အောင့်ခြင်းနှင့် ဆက်ဆံစဉ် နာကျင်ခြင်းတွေဖြစ်တတ်ပါတယ်။

သားအိမ်အသားလုံး ဘာကြောင့်ဖြစ်တာလဲ?

ဘာကြောင့်ဖြစ်တယ်ဆိုတာ အတိအကျပြောရခက်ပေမယ့် အီထရိုဂျင်(Estrogen) နှင့် ပရိုဂျက်စထရုန်(Progestrone) ဟော်မုန်းတွေက အဓိကကျတယ်လို့ သတ်မှတ်ထားကြပါတယ်။ အိမ်ထောင်ပြုနိုင်တဲ့ အရွယ်တွေမှာ အဖြစ်ဆုံးများပြီး ကိုယ်ဝန်ဆောင်ချိန်မှာပိုကြီးပြီး သွေးဆုံးချိန်မှာပြန်သေးသွားတတ်ပါတယ်။

ဘယ်လိုလူတွေမှာ သားအိမ်အသားလုံးတွေအဖြစ်များလဲ?

သားအိမ်အသားလုံးဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။

● အဝလွန်ခြင်း
● မျိုးရိုးရှိခြင်း
● ကလေးမရှိသူများ
● ငယ်ငယ်ရွယ်ရွယ်နှင့်အပျိုဖော်ဝင်သူများ
● ပုံမှန်ထက်နောက်ကျမှ သွေးဆုံးသူများတွင် ဖြစ်ပွားမှုနှုန်းပိုများတာကို တွေ့ရပါတယ်။

သားအိမ်အသားလုံးတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲ?

သားအိမ်အသားလုံး တော်တော်များများကတော့ ပြင်းထန်တဲ့ဝေဒနာ ခံစားရတာမျိုးမရှိပါဘူး။
● နာကျင်ကိုက်ခဲခြင်း
● ဗိုက်၊ဆီးခုံ ပြည့်ခြင်းတင်းခြင်း
● သွေးဆင်းများခြင်း
● သွေးအားနည်းခြင်း
● ကလေးရရန်ခက်ခဲခြင်း အစရှိသော ရောဂါလက္ခဏာတွေကတော့ ခံစားရတတ်ပါတယ်။

သားအိမ်အသားလုံးတွေက အမျိုးသမီးတွေမှာ တွေ့ရများတဲ့ အခြေအနေတခုဖြစ်ပြီး တစ်ကြိမ်တခါတော့ ကြုံဖူးခံစားဖူးကြမှာ ဖြစ်ပါတယ်။ တချို့တွေမှာ အလုံးသေးပြီး ဘာမှမခံစားရပဲ သားအိမ်အသားလုံးကြောင့် နာကျင်ကိုက်ခဲပြီး သွေးဆင်းများတာလဲရှိတတ်ပြီး ဒုက္ခများပါတယ်။ နာကျင်ကိုက်ခဲပြီး မသက်သာဖြစ်တယ်ဆိုရင်တော့ သေချာကုသပါက သားအိမ်အသားလုံးတွေက ကုသပျောက်ကင်းပါကြောင်း အသိပညာပေးရင်း ကျန်းမာရွှင်လန်းကြပါစေကြောင်း....

𝑫𝒓. 𝑻𝒉𝒖 𝑹𝒂
#သားအိမ်အသားလုံးတည်ခြင်း

𝑷𝒓𝑬𝑷 (𝑷𝒓𝒆-𝑬𝒙𝒑𝒐𝒔𝒖𝒓𝒆 𝑷𝒓𝒐𝒑𝒉𝒚𝒍𝒂𝒙𝒊𝒔) 𝑯𝑰𝑽 ကြိုတင်ကာကွယ်ဆေး𝑷𝒓𝑬𝑷 (𝑷𝒓𝒆-𝑬𝒙𝒑𝒐𝒔𝒖𝒓𝒆 𝑷𝒓𝒐𝒑𝒉𝒚𝒍𝒂𝒙𝒊𝒔) 𝑯𝑰𝑽ဆေးက 𝑯𝑰𝑽ဗိုင်းရပ်စ်ပိုး ကူးစက်ခံရ...
20/09/2025

𝑷𝒓𝑬𝑷 (𝑷𝒓𝒆-𝑬𝒙𝒑𝒐𝒔𝒖𝒓𝒆 𝑷𝒓𝒐𝒑𝒉𝒚𝒍𝒂𝒙𝒊𝒔) 𝑯𝑰𝑽 ကြိုတင်ကာကွယ်ဆေး

𝑷𝒓𝑬𝑷 (𝑷𝒓𝒆-𝑬𝒙𝒑𝒐𝒔𝒖𝒓𝒆 𝑷𝒓𝒐𝒑𝒉𝒚𝒍𝒂𝒙𝒊𝒔) 𝑯𝑰𝑽ဆေးက 𝑯𝑰𝑽ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်….

တုပ်ကွေးကာကွယ်ဆေး၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးတွေလိုပါပဲ 𝑷𝒓𝑬𝑷ဆေး ဆိုတာက ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်ဖို့အတွက် ထုတ်လုပ်ထားတဲ့ဆေးတစ်မျိုး ဖြစ်ပါတယ်။

အန္တရာယ်ရှိတဲ့အပြုအမူတွေကို ဆန်းစစ်ခြင်းက ဘဝရဲ့ကြီးမားတဲ့အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးက အနာရောဂါတွေကနေ မိမိကိုယ်ကို နေ့စဉ်ကာကွယ်ဖို့ ဆုံးဖြတ်ပြီး ကျန်းမာအောင်နေထိုင် နေကြရပါတယ်။ တုပ်ကွေးကာကွယ်ဆေးထိုးခြင်းဖြင့် ရာသီတုပ်ကွေးကို ကာကွယ်ပါတယ်။ သားဆက်ခြားနည်းတွေအသုံးပြုခြင်းဖြင့် မလိုလားအပ်တဲ့ကိုယ်ဝန်တွေကို ကာကွယ် ကြတာမျိုးလဲ ရှိပါတယ်။ ယနေ့ခေတ်မှာတော့ 𝑷𝒓𝑬𝑷ဆေးကနေ 𝑯𝑰𝑽ဗိုင်းရပ်စ်ပိုး ရောဂါကူးစက်ခံရခြင်းကို ကြိုတင်ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။ သိုပေမယ့် PrEPဆေးတွေက ဆေးဝါးအသစ်တွေဖြစ်ပြီး ဘယ်လိုလူတွေသောက်သင့်လဲ၊ ဘယ်လိုကာကွယ်ပေးနိုင်လဲ၊ ခန္ဓာကိုယ်အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတဲ့ မေးခွန်းပေါင်းများစွာတော့ ရှိပါတယ်။

ဒီလိုဆိုတော့ 𝑷𝒓𝑬𝑷ဆေး ဆိုတာဘာလဲ လေ့လာကြည့်ကြရအောင်

𝑷𝒓𝑬𝑷ဆေး ဆိုတာကတော့ ကာကွယ်ဆေးတစ်မျိုးဖြစ်ပြီး 𝑯𝑰𝑽ဗိုင်းရပ်စ်ပိုး ခန္ဓာကိုယ်ထဲမှာ မတွယ်ကပ်အောင် တားဆီးပေးပါတယ်။ နေ့စဉ်သောက်ဆေးနှင့် တာရှည်ခံထိုးဆေးဆိုပြီး ပုံစံ (၂)မျိုးရရှိနိုင်ပါတယ်။

●𝑻𝒆𝒏𝒐𝒇𝒐𝒗𝒊𝒓 𝒅𝒊𝒔𝒐𝒑𝒓𝒐𝒙𝒊𝒍 နှင့် 𝑬𝒎𝒕𝒓𝒊𝒄𝒊𝒕𝒂𝒃𝒊𝒏𝒆 နှစ်မျိုးပေါင်းစပ်ထားသော နေ့စဉ်သောက်ဆေး(𝑻𝒓𝒖𝒗𝒂𝒅𝒂)ဖြစ်ပြီး ကိုယ်အလေးချိန် 35ကီလိုနှင့်အထက် 𝑯𝑰𝑽ရောဂါပိုးထိတွေ့ နိုင်ချေရှိသူများအတွက် ဖြစ်ပါတယ်။

●𝑻𝒆𝒏𝒐𝒇𝒐𝒗𝒊𝒓 𝒂𝒍𝒂𝒇𝒆𝒏𝒂𝒎𝒊𝒅𝒆 နှင့် 𝑬𝒎𝒕𝒓𝒊𝒄𝒊𝒕𝒂𝒃𝒊𝒏𝒆 နှစ်မျိုးပေါင်းစပ်ထားသော နေ့စဉ်သောက်ဆေး(𝑫𝒆𝒔𝒄𝒐𝒗𝒚)ဖြစ်ပြီး ကိုယ်အလေးချိန် 35ကီလိုနှင့်အထက် အမျိုးသားများအတွက်ဖြစ်ပြီး အမျိုးသမီးများတွင် ထိရောက်မှုများကို ထိရောက်သေချာတဲ့ လေ့လာဆန်းစစ်မှု မရှိသေးပါဘူး။

● (၂)လတစ်ကြိမ်ထိုးရသောဆေး(𝑨𝒑𝒓𝒆𝒕𝒖𝒅𝒆)ဖြစ်ပြီး နေ့စဉ်ဆေးမှန်မှန်သောက်ရန် ခက်ခဲသော (၁၂)နှစ်အထက်ဆယ်ကျော်သက်နှင့် ကိုယ်အလေးချိန် 35ကီလိုနှင့်အထက် လူကြီးများတွက် ဖြစ်ပါတယ်။

ဘာကြောင့် 𝑷𝒓𝑬𝑷ဆေး အသုံးပြုသင့်လဲ?

𝑯𝑰𝑽ဗိုင်းရပ်စ်ပိုးက လိင်မှတဆင့်ကူးစက်တဲ့ ရောဂါဖြစ်ပြီး ခန္ဓာကိုယ် ခုခံအားစနစ်ကို တိုက်ခိုက်ဖျက်စီးပြီး အနာရောဂါတွေမှ ခုခံကာကွယ်နိုင်ဖို့ ခက်ခဲစေပါတယ်။ 𝑯𝑰𝑽 ဗိုင်းရပ်စ်ပိုးက ပေါက်ပြဲနေတဲ့ အရေပြား၊ စအို၊ မိန်းမကိုယ် နှင့် အမျိုးသားလိင်အင်္ဂါမှတဆင့် ဝင်ရောက်လာခြင်းဖြစ်ပါတယ်။ ခန္ဓာကိုယ်မှ ထွက်သောအရည်များ သွေး၊ သုတ်ရည်၊ နို့ရည် နှင့် မိန်းမကိုယ်နှင့် စအိုရည်မှထွက်သော အရည်များတွင် ရောဂါပိုး တွေ့ရပါတယ်။

ကမ္ဘာနဲ့အဝှမ်း အမျိုးသမီး (၄၄)ရာခိုင်နှုန်းမှာ 𝑯𝑰𝑽ဗိုင်းရပ်စ်ပိုး စတင်ကူးစက်ခံရနေတာကို သိရှိရပြီး ဘယ်သူမဆို အသက်အရွယ်မရွေး 𝑯𝑰𝑽ဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်ပါတယ်။ အမျိုးသားလိင်တူချစ်သူများတွင် ရောဂါကူးစက်ခံရမှု အများဆုံးတွေ့ရပါတယ်။ ဒါကြောင့်မို့ 𝑯𝑰𝑽 ဗိုင်းရပ်စ်ပိုး ထိတွေ့ခံစားရနိုင်ချေများတဲ့ လူတွေထဲမှာတော့ PrEPက အသုံးဝင်တဲ့ ကာကွယ်နည်း တခုဖြစ်ပါတယ်။

𝑷𝒓𝑬𝑷ဟာ များစွာသောလူတွေရဲ့ တစ်ဦးချင်း အခြေအနေပေါ်မူတည်ပြီး ကာကွယ်ပေးနိုင်ပါတယ်။ လိင်မှုကိစ္စများခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းလိုမျိုး ရောဂါပိုးကူးစက်ခံရနိုင်ချေများသူတွေကတော့ ဆရာဝန်၊ ကျန်းမာရေးပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ကြိုတင်ကာကွယ်သင့်ပါတယ်။

𝑷𝒓𝑬𝑷ဆေးက ဘယ်လိုလူတွေတွက်လဲ?

𝑯𝑰𝑽ဗိုင်းရပ်စ်ပိုး မရှိသူတိုင်းက PrEPဆေး အသုံးပြုလို့ရပါတယ်။ အကယ်၍ 𝑷𝒓𝑬𝑷ဆေးနဲ့ ကြိုတင်ကာကွယ်ဖို့ စိတ်ဆန္ဒရှိလျှင် ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင် သင့်ပါတယ်။

● လက်တွဲဖော်မှာ 𝑯𝑰𝑽ဗိုင်းရပ်စ်ပိုးရှိခြင်း
● လက်တွဲဖော်၊ လိင်ဆက်ဆံဖော်များခြင်း
● အကာအကွယ်(ကွန်ဒုံး) အသုံးမပြုခြင်း
● ဘေးအန္တရာယ်ကင်းသော လိင်ဆက်ဆံမှု မရှိခြင်း
● လွန်ခဲ့သော (၆)လတွင်း လိင်မှတဆင့်ကူးစက်ရောဂါတွေ့ရှိခြင်း
● 𝑯𝑰𝑽 ဗိုင်းရပ်စ်ပိုး ထိတွေခဲ့ဖူးခြင်း
● ဆေးထိုအပ်မျှဝေသုံးစွဲခြင်း အစရှိသောအခြေအနေများတွင် 𝑷𝒓𝑬𝑷ဆေးဖြင့် ကြိုတင်ကာကွယ်ဖို့ လိုအပ်ပါတယ်။

𝑷𝒓𝑬𝑷ဆေး သုံးပြုခြင်း၊ မပြုခြင်းကို အဖော်မွန်တစ်ဦးထဲ(𝑴𝒐𝒏𝒐𝒈𝒂𝒎𝒐𝒖𝒔)ဟု ထင်မှတ်ထားသော ဆက်ဆံရေးအပေါ် ယုံကြည်ပြီး ဆုံးဖြတ်လို့ မရသလို အဖော်မွန်တစ်ဦးထဲသာ ထင်မှတ်ထားသော ဆက်ဆံရေးတွေက ရောဂါကူးစက်ခံရမှု ပိုမိုများပြားလာတာတွေ့ရပါတယ်။ ဒါကြောင့်မို့ ရောဂါကူးစက်ခံရနိုင်ချေများလျှင် ဆရာဝန်နှင့် သေချာဆွေးနွေးတိုင်ပင်ဖို့ လိုပါတယ်။

𝑷𝒓𝑬𝑷ဆေး ဘယ်လိုသောက်သုံးသင့်လဲ?

𝑷𝒓𝑬𝑷ဆေး အသုံးမပြုခင်မှာ 𝑯𝑰𝑽ဗိုင်းရပ်စ်ပိုး ရှိမရှိစစ်ဆေးဖို့လိုပြီး ရောဂါပိုးမတွေ့ရှိပါက 𝑷𝒓𝑬𝑷ဆေးကို ကြိုတင်ကာကွယ်ဆေးအနေနဲ့ အသုံးပြုနိုင်ပါတယ်။ 𝑷𝒓𝑬𝑷ရဲ့အားနိသင်ပြဖို့ ဆေးတစ်ပတ် ကြိုသောက်ရမှာဖြစ်ပြီး သုံးစွဲပြီး(၂၁)ရက်ပြည့်လျှင် အမြင့်ဆုံးကာကွယ်မှုကို ရရှိမှာဖြစ်ပါတယ်။ လိုအပ်သောပမာဏနဲ့ အချိန်မှန် အသုံးပြုမှသာ 𝑯𝑰𝑽ဗိုင်းရပ်စ်ပိုး ကို အမြင့်ဆုံး ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 𝑷𝒓𝑬𝑷ဆေးက ကောင်းမွန်တဲ့ကာကွယ်မှုပေးနိုင်တယ် ဆိုပေမယ့် အချိန်မှန်သေချာ သောက်သုံးဖို့ လိုပါတယ်။

𝑷𝒓𝑬𝑷ဆေး အသုံးပြုနေစဉ် အတွင်းမှာလဲ 𝑯𝑰𝑽ဗိုင်းရပ်စ်ပိုး ရှိ၊မရှိ စစ်ဆေးဖို့ လိုအပ်ပါတယ်။ 𝑷𝒓𝑬𝑷ဆေးသောက်သုံးတွေအနေနဲ့ နှစ်လသုံးလတစ်ကြိမ်၊ ထိုးဆေးထိုးသူတွေ အနေနဲ့ (၈)ပတ်တစ်ကြိမ်𝑯𝑰𝑽ဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်ဆေးဖို့လိုအပ်ပါတယ်။

𝑷𝒓𝑬𝑷ဆေး ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ?

𝑷𝒓𝑬𝑷ဆေး စိတ်ချရတဲ့ဆေးဝါးဖြစ်ပြီး အစပိုင်းမှာ တချို့ဘေးထွက်ဆိုးကျိုးတွေ ခံစားရတတ်ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေက အလိုအလျှောက် ပျောက်ကင်းသက်သာသွားမှာဖြစ်ပြီး ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်းနှင့် ဗိုက်အောင့်ခြင်းတွေ ရေရှည် ခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်နှင့် သေချာဆွေးနွေးတိုင်ပင်ဖို့ လိုပါတယ်။
ကျောက်ကပ်ရောဂါနှင့် အသည်းရောင်အသားဝါဘီပိုးရှိလျှင် ဆေးအသုံးပြုနိုင်ခြင်းအပေါ် သက်ရောက်မှုရှိသောကြောင့် ဆရာဝန်နှင့် သေချာဆွေးနွေတိုင်ပင်ပြီး အသိပေးဖို့လိုအပ်ပါတယ်။

𝑷𝒓𝑬𝑷ဆေးက လိင်မှတဆင့်ကူးစက်တဲ့ရောဂါတွေကို ကာကွယ်နိုင်လား?

𝑷𝒓𝑬𝑷ဆေးတွေက HIVဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းကိုသာ ကာကွယ်ပေးနိုင်ပြီး လိင်မှတဆင့်ကူးစက်တဲ့ရောဂါတွေကို မကာကွယ်ပေးနိုင်ပါဘူး။ ဒါကြောင့် PrEPဆေးကို အကာအကွယ်အသုံးပြုခြင်းနှင့် တွဲပြီးသောက်သုံးမှသာ လိင်မှတဆင့်ကူးစက်တဲ့ရောဂါအားလုံးကို အကောင်းဆုံးကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဘေးကင်းလုံခြုံသော လိင်မှုရေးရာကိစ္စများကသာ လိင်မှတဆင့်ကူးစပ်သော ရောဂါများကိုကာကွယ်ပေးနိုင်ကြောင်း အသိပညာပေးရင်း စိတ်နှလုံး ကျန်းမာရွှင်လန်းကြပါစေ။

Dr. Thu Ra

ြိုတင်ကာကွယ်ဆေး

ကာလတိုသားဆက်ခြားနည်းဆိုတာဘာလဲ?သားဆက်ခြားနည်းလမ်းများကို အသုံးပြုမည့် အချိန်ကာလအပေါ် မူတည်၍ ယေဘုယျအားဖြင့် ကာလတို သားဆက်ခ...
20/09/2025

ကာလတိုသားဆက်ခြားနည်းဆိုတာဘာလဲ?

သားဆက်ခြားနည်းလမ်းများကို အသုံးပြုမည့် အချိန်ကာလအပေါ် မူတည်၍ ယေဘုယျအားဖြင့် ကာလတို သားဆက်ခြားနည်းလမ်းများ (Short-term methods) နှင့် ကာလရှည် သားဆက်ခြားနည်းလမ်းများ (Long-term methods) ခွဲခြားနိုင်သည်။ တစ်ဖန်သန္ဓေတားသည့် နည်းလမ်းများအပေါ် မူတည်၍ သဘာဝအတိုင်း သားဆက်ခြားနည်း၊ အကာအကွယ်နည်းလမ်းများ၊ ဟော်မုန်းပါဝင် သောဆေးဝါးများ၊ သားဆက်ခြားပစ္စည်း အသုံးပြုသည့်နည်းလမ်းများ၊ သားကြောဖြတ်သည့်နည်းလမ်းများဟူ၍လည်း ခွဲခြားနိုင်သည်။ သားဆက်ခြားနည်းလမ်းများ၏ လုပ်ဆောင်ချက်များသည် တစ်နည်းနှင့်တစ်နည်း အနည်းငယ်ကွဲပြားကြပါတယ်။ Youtube မှာ Video တင်ထားပေးပါတယ်။

သားဆက်ခြားနည်းတွေကို ဘယ်လိုပြောင်းကြမလဲ?သားခြားနည်းတွေတခုခုကနေတခု ပြောင်းတဲ့ခါ စဉ်းစားရမှာလေးတွေဆွေးနွေးထားပါတယ်။Youtube...
11/09/2025

သားဆက်ခြားနည်းတွေကို ဘယ်လိုပြောင်းကြမလဲ?

သားခြားနည်းတွေတခုခုကနေတခု ပြောင်းတဲ့ခါ စဉ်းစားရမှာလေးတွေဆွေးနွေးထားပါတယ်။Youtube video Link မန့်မှာပေးထားပါတယ်။ သားဆက်ခြားနည်းတခုနှင့်တခုကြားမှာ လုံးဝမခြားပဲ ဆက်တိုက်ဆက်သွားဖို့အရေးကြီးပါတယ်။ အကယ်ဆေးသောက်နေရာကနေ နောက် တနည်းချိန်းချင်တာမျိုးဆို ဆေးကုန်တဲ့ထိ စောင့်စရာမလိုပဲ အခြားနည်းလမ်းတခုကို ပြောင်းနိုင်ပါတယ်။ ဆေးကဒ်က်ုသောက်နေတဲ့ရောကရပ်ပြီးနောက်တနည်းပြောင်းလို့ရပါတယ်။ အခြားနည်းတခုကနေ ဆေးသောက်မယ်ဆိုလဲ ဆေးကဒ်ရဲ့ ပထမဆုံးအလုံးကနေစသောက်ဖို့လိုပါမယ်။ ဒီသဘောတရားကတော့ ဆေးကဒ်အမျိုးမျိုးပြောင်းသောက်တဲ့နေရာမှာလဲသုံးလို့ရပါတယ်။ သားဆက်ခြားနည်း ပြောင်းလိုက်လို့ သွေးပေါ်တဲ့ရက်ပြောင်းနိုင်တာဟာ ပုံမှန်ပါပဲ၊ ဆေးဟောင်းမရပ်ခင် ဒါမဟုတ် ဆေးအသစ်မစခင်မှာ သွေးပေါ်မယ့်ရက်ကို စောင့်စရာမလိုပါဘူး။

#သားဆက်ခြားနည်း #ကျန်းမာရေး

Youtube သုံးတဲ့သူတွေ Youtube channel လေးကို Subscribe လုပ်ပေးကြပါနော်။ Video တွေဆက်တင်ဖို့လဲ ရှိပါတယ်။ Youtube မှာ Subsc...
06/09/2025

Youtube သုံးတဲ့သူတွေ Youtube channel လေးကို Subscribe လုပ်ပေးကြပါနော်။ Video တွေဆက်တင်ဖို့လဲ ရှိပါတယ်။ Youtube မှာ Subscriberနည်းနေပါသေးတယ်။ Channel link မန့်မှာပါ။ ကျေးဇူးတင်ပါတယ်။

ที่อยู่

Mae Sot

เบอร์โทรศัพท์

+66801906972

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Dr. Thu Raผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram