02/12/2024
သိုက်ဆက်တို့၏ "ဖူးစာ"
ယနေ့ခေတ်မှာ သိုက်ဆက်ဆိုရင် အချစ်ရေးမှာ
အနှောင့်အယှက် အတိုက်ခံများပီး
အဆင်မပြေဘူး လို့ ထင်နေတတ်ကြပါတယ်..
ထိုအရာက မှန်နေပေမဲ့
ယုံကြည်သူများနှင့် မယုံသူများဟူ၍
နှစ်မျိုးကွဲနေကြပါတယ်..
သိုက်ဆက်ကို ယုံကြည်သူများမှာလည်း
အချို့မှာ အလွန်အကြူး
စွဲလန်းယုံကြည်ကြပါတယ်..
သိုက်ဆက်ဖြစ်လျှင်
အချစ်ရေး အိမ်ထောင်ရေး ကံမကောင်းနိုင်
အချစ်ကျိန်စာ သင့်နေသူများလို
ကံကြမ္မာဂြိုလ်ဆိုး သယ်ဆောင်လာသူများလို့
အထင်မှားနေတတ်ကြတယ်..
မိမိကိုယ်ကိုလည်း ထင်မြင်နေတတ်ပါတယ်
တချို့ဆိုလျှင် သိုက်ဆက်ရှိလျှင်
မျက်နှာများတယ်..
အချစ်ရေးကံမကောင်းဘူး
သိုက်ဆက်ရှိလျှင် အိမ်ထောင်ဆက်များတယ် ဟူ၍
သိုက်ဆက်ရှိသူများကို လူမှုရေး အသိုင်းအဝိုင်းမှ
ခွဲခြား ဆက်ဆံချင်တတ်ကြပါတယ်..
သိုက်ဆက်များ မျက်နှာများသည် ဆိုသော
အကြောင်း မှာ.,
သိုက်ဆက်များ ပွေရှုပ်ခြင်းကြောင့် မဟုတ်ပါ.!
သိုက်ဆက်များသည် သူတို့၏ဘုန်းကံ
ပါရမီကြောင့် စန်းပွင့်ပြီး
လူချစ်လူခင်များကြခြင်း ဖြစ်ပါတယ်..
သိုက်ဆက်များ ချစ်သူ ထားလျှင် မမြဲ..
အိမ်ထောင်ဆက်များသည်ဟု ဆိုရာမှာ...
သိုက်ဆက် ရှိသူများ သည်
ဘုန်းကံမြင့်မားသူများ ဖြစ်ပြီး
သူတို့နှင့် ဘုန်းကံ ပါရမီတူသူနှင့်သာ
ပေါင်းဖက်လို့ ရကြပါတယ်..
ဘုန်းကံနိမ့်သူနှင့် ချစ်ကြိုက် ပေါင်းဖက်မိလျှင်..
ဘုန်းကံမတူသူ ဖူးစာမမှန်သူများမှာ
သိုက်ဆက်များ၏ ဘုန်းကံနှင့်
မအပ်ဆက်ကြ၍သာ
အများအားဖြင့် မမြဲကြခြင်း
ကွဲကွာခြင်းများ ဖြစ်ကြခြင်း ဖြစ်ပါတယ်..
သိုက်ဆက်များသည် သူတို့နှင့်
ဘုန်းကံတူသူ သိုက် ဆက်ချင်းသာ
ပေါင်းဖက်လို့ ရကြခြင်းကြောင့်
ဘာသာရေး အရေးစိုက်ပီး ကိုင်းရှိုင်းကြတဲ့
ဝိဇ္ဇာပဌာန်း ဆက် ရှိသူများနှင့်လည်း
အချစ်ရေးမှာ သာယာ အဆင်ပြေမှု့
များသွားကြပါတယ် ...
ထိုသူများနှင့် မိမိ ရှိတဲ့ အချိန်သည်
တစ်ခြားသူတွေနှင့် မတူညီပဲ
အချိန်တိုင်း အဆင်မပြေဖြစ်ချင်း
စကားများရန်ဖြစ်ခြင်း
စိတ်တွေ မကြည်လင်ခြင်း
စိတ်ဆိုး စိတ်တိုစရာ ကိစ္စရပ်တွေ လည်း
မရှိကြပဲ နားလည်မှု့ လေးနက်မှု တွေနဲ့
အလိုလို အဆင်ပြေလာခြင်း
အချစ်ခရီးလမ်းမှာ သာယာ ဖြောင့်ဖြူး
သွားကြတယ်..
ထို့ကြောင့် သိုက်ဆက်များနှင့် ပတ်သက်၍
မှားယွင်းနေသော အယူအဆများကို
ဆရာမ အနေနဲ့
ဒီနေ့မှာ လမ်းကြောင်းမှန်ကို လေ့လာရသမျှ
ဗဟုသုတ အနေဖြင့်
အလင်းပြလိုက်ခြင်း ဖြစ်ပါတယ်..
သိုက်ဆက်များနှင့် အိမ်ထောင်ပြုခွင့်
စွဲမြဲစွာ ပေါင်းဖက် ခွင့် ရသူများမှာ
အခြားသူများထက် သာလွန် ကံကောင်း
ဘုန်းကံမြင့်သူ များသာ ဖြစ်ကြပါတယ်..
အဘယ်ကြောင့်ဆိုသော်..,
သိုက်ဆက်ရှိသူများသည် သိုက်မှ
အစဉ်သဖြင့် စောင့်ရှောက် ဖေးမ
ကူညီနေသဖြင့် မိမိရဲ့ အနားကို
သာမန်လူသားတွေက
ကပ်လို့မရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်..
နဂါးသိုက်ဆက် ရှမ်းအဆက်တွေဆိုရင်
ပိုဆိုးပါတယ်..
မိမိက နဂါးအငွေ့သက်တွေ မမြင်နိုင်တဲ့
နာဂသိဒ္ဓိ နဂါးတန်ခိုးစွမ်းအားတွေ
ရှိနေသည့် အတွက်ကြောင့်
တော်ရုံဘုန်းကံနဲ့လူဆို မိမိအနား ကပ်လို့မရအောင်
သိုက်မှာရှိတဲ့ မိမိရဲ့ အစောင့်တွေက
ဖယ်ထုတ် လိုက်ပါတော့တယ်..
သိုက်ဆက်များ၏ ဖူးစာဖက် အစစ်မှာ
မိမိရဲ့ စိတ်ကို နားလည်သောသူ
ဖေးမလမ်းပြပေးသူ အရာရာကို
သည်းခံခွင့်လွှတ်ပီး မိမိကိုယ် အရမ်းချစ်
ဂရုစိုက်ပေးတတ်တဲ့ အေးချမ်းတဲ့ မေတ္တာပိုင်ရှင်
ဘုန်းကံရှိသောသော သူများသာ ဖြစ်ပါတယ်..
ထို့ကြောင့် ချစ်သူရည်းစားထားတိုင်း
ပြတ်ပြတ်သွားတာကို သိုက်က နှောင့်ယှက်တယ်
မကောင်းဘူးဆိုပီး သွားပီးဝေဖန်
အပြစ်တင် မစောလိုက်ပါနဲ့..!
မိမိကသာ ဘာသာရေး
အရေးစိုက်လုပ်ပေးပါ ကိုယ်အောင်မြင်ချင်တဲ့
ကိစ္စရပ်တွေကို ညစဉ်ညတိုင်း
ဘုရားရှိခိုး တိုင်တည်ပီး မိမိအဆက်တွေကို
အလေးနက်ဆုတောင်းမေတ္တာတွေ
ပို့သပေး လိုက်ပါ..
အချိန်တန်ရင် ကိုယ့်အတွက် စိတ်ချမ်းသာစေပီး
ဘဝမှာ ပျော်ရွှင်အေးချမ်းစေမဲ့
ဖူးစာရှင်ကို သိုက်နန်းရှင်တွေ ကိုယ်တိုင်
မိမိတို့ထံသို့ အရောက် ပို့ပေးလာပါလိမ့်မယ်..
သိုက်နန်းကလာ တဲ့သူမှန်သမျှ
အသန့် အပြန့် အမွှေးအကြိုင် အလှအပ
အလွန်ကြိုက်ကြပါတယ်..
အပြောအဆို အမှုယာက အစ
နုညံ့ သိမ်မွေ့ အေးဆေး တည်ငြိမ်တတ်ကြသူ
များပါတယ်..
အချော့လည်း အလွန် ကြိုက်ကြပါတယ်..
ဒါကြောင့်...
တတ်ကျွမ်းနားလည်သော ဆရာသမားတွေရဲ့
အကူညီနဲ့ မိမိတို့ သိုက်နန်းက အဆက်များထံ
သိုက်ပွဲများဖြင့် သိုက်ဆက်ပေးခြင်းများ
ဆက်သွယ်ပြောဆိုတောင်းပန်ခြင်းများ
ပြုလုပ် ခွင့်ပန်လိုက်လျှင်..,
အချစ်ရေး အိမ်ထောင်ရေး
လူမှုရေး စီးပွားရေးပါမကျန်
အားလုံးအဆင်ပြေသွားပြီ
ကောင်းမွန် လာမှာ အမှန်မုချ ဖြစ်ပါတယ်..!
#ဆရာမ_တေးဆိုဆောင်း.ॐ
(☯️.တားရော့ဗေဒင်နှင့်နမိတ်များ
ဖတ်ကြား ဟောကြားသူ..🔮)
(🧘🏼♀️.အကြားအမြင် အတတ်ပညာရပ်များဖြင့်
ဖြစ်ပေါ်လာမဲ့နမိတ် အဆိုးအကောင်းများ
ဟောကြားပေးသူ.🕉️)
(🐲.သိုက်ဆက်/ပဌါန်းဆက်များအတွက်
ဝိဇ္ဇာပွဲ မယ်တော်ပွဲ အမတော်ပွဲ
သိုက်ပွဲများနှင့် ဆိုင်ရာပိုင်ရာပွဲများ
ပြုလုပ်ပေးခြင်းနှင့်အပ်နှံပေးခြင်း🐉
(.သီးသန့် အစီရင်အစီမံများပြုလုပ်ခြင်း.⚔️)
(🪬.ဂမ္ဘီရ အတတ်ပညာများ
လောကီပညာရပ်များ
အနောက်တိုင်းပညာရပ်များဖြင့်
ဆေးဖယောင်းတိုင်များ စီမံထွန်းညှိ၍
အစီရင် အစီမံများပြုလုပ်ပေးသူ..🌔🕯️🌖)
🇹🇭/𝑇ℎ𝑎𝑖𝑙𝑎𝑛𝑑/ 𝑀𝑎𝑒𝑠𝑜𝑑
𝑃ℎ𝑜𝑛𝑒 +66 80 549 3081
𝑉𝑖𝑏𝑒𝑟 +66 95 071 4784
ဗေဒင်မေးလိုသူများ ဆက်သွယ်ရန်_Cb..👇
https://m.me/tarot.by.tayso.saung