02/01/2026
Gout ရောဂါရှင်တွေအတွက် သတင်းကောင်း
Gout (ဂေါက်ရောဂါ) ဝေဒနာရှင်တွေအတွက် အရင်က "Purine များတဲ့ ဟင်းသီးဟင်းရွက်တွေ ရှောင်ရမယ်" ဆိုတဲ့ အယူအဆဟာ အခုနောက်ပိုင်း Clinical Guidelines (ဆေးဘက်ဆိုင်ရာ လမ်းညွှန်ချက်များ) နဲ့ Research (သုတေသန) တွေအရ ပြောင်းလဲသွားပြီ ဖြစ်ပါတယ်။
အပင်ကရတဲ့ Purine (Plant-based purines) တွေဟာ တိရစ္ဆာန်အသားကရတဲ့ Purine တွေလို ဂေါက်ရောဂါကို မဆိုးရွားစေကြောင်း တွေ့ရှိလာရပါတယ်။
၁။ အရင်က ရှောင်ခိုင်းခဲ့တဲ့ Purine မြင့်ဟင်းသီးဟင်းရွက်များ
အရင်က ဂေါက်သမားတွေ လုံးဝမစားဖို့ တားမြစ်ခံခဲ့ရတဲ့ ဟင်းသီးဟင်းရွက်တွေကတော့ -
• Spinach (ဟင်းနုနွယ်)
• Asparagus (ကညွတ်)
• Cauliflower (ပန်းဂေါ်ဖီပွင့်)
• Mushrooms (မှိုအမျိုးမျိုး)
• Green Peas (ပဲသီးစိမ်း/ကုလားပဲ)
၂။ အခုဘာကြောင့် စားလို့ရတာလဲ? (Research & Guidelines)
American College of Rheumatology (ACR) ရဲ့ နောက်ဆုံးထုတ်ပြန်ချက်တွေနဲ့ အဓိက သုတေသနကြီးတွေအရ အောက်ပါအချက်တွေကြောင့် စားသုံးနိုင်တာ ဖြစ်ပါတယ် -
• အပင်ကရတဲ့ Purine က ဂေါက်မဖြစ်စေခြင်း: The New England Journal of Medicine မှာ ဖော်ပြခဲ့တဲ့ သုတေသနတစ်ခု (Prospective study of 47,000 men) အရ အသားနဲ့ ပင်လယ်စာ အလွန်အကျွံစားတာက ဂေါက်ဖြစ်နိုင်ခြေကို မြင့်တက်စေပေမယ့် Purine များတဲ့ ဟင်းသီးဟင်းရွက်တွေ စားတာက ဂေါက်ဖြစ်နိုင်ခြေကို လုံးဝ မြင့်မားမလာစေကြောင်း တွေ့ရှိခဲ့ရပါတယ်။
• Bioavailability (စုပ်ယူမှုပုံစံ): အပင်မှာပါတဲ့ Purine တွေကို ခန္ဓာကိုယ်က စုပ်ယူပုံနဲ့ ခြေဖျက်ပုံဟာ အသားနဲ့ မတူပါဘူး။ အပင်တွေမှာပါတဲ့ Fiber (အမျှင်ဓာတ်) နဲ့ Vitamin C တွေက Uric Acid ကို ခန္ဓာကိုယ်ကနေ ပြန်စွန့်ထုတ်ဖို့တောင် ကူညီပေးပါတယ်။
• DASH Diet & Mediterranean Diet: လက်ရှိ Clinical Guidelines တွေမှာ ဂေါက်သမားတွေကို အသီးအရွက် စုံစုံလင်လင်စားတဲ့ အစားအသောက်ပုံစံကိုပဲ ပိုတိုက်တွန်းလာပါတယ်။
#ရှောင်ရန်
#