Oracle by Kao Oracle Reader ၊ ဘူတန်ရိုးရာဗေဒင်ပညာရှင် ၊ အတိုက်အခိုက်စစ်ဆေးဖယ်ရှားခြင်း ။
Occultist

ခဏခဏမေးနေကြလို့ပါနော် ကျွန်‌တော်က ကြောင်ပျောက်ခွေးပျောက်ဟောတာတွေအတွက် ပညာကြေးရယ်လို့ မသတ်မှတ်ထားပါဘူးခင်ဗျာ မိမိစေတနာရှိ...
18/02/2026

ခဏခဏမေးနေကြလို့ပါနော်
ကျွန်‌တော်က ကြောင်ပျောက်ခွေးပျောက်ဟောတာတွေအတွက်
ပညာကြေးရယ်လို့ မသတ်မှတ်ထားပါဘူးခင်ဗျာ
မိမိစေတနာရှိသ‌ရွေ့သာ ပေးနိုင်ပါတယ် ။ မပေးလည်း ရပါတယ် ။
ကြောင်ပျောက်ခွေးပျောက် အိမ်မွေးတိရစ္ဆာန်ပျောက်များကို
အသေအချာဟောပေးပါတယ် ။

လာဘ်များပိတ်နေတယ်ဆိုရင် ... လွယ်ကူရိုးရှင်းတဲ့ယတြာလေးပေးမယ်ဗျာ တနင်္ဂနွေသားသမီးများက တနင်္ဂနွေနေ့ မနက် 9နာရီ45မှာ ငှက်ပျ...
18/02/2026

လာဘ်များပိတ်နေတယ်ဆိုရင် ... လွယ်ကူရိုးရှင်းတဲ့ယတြာလေးပေးမယ်ဗျာ

တနင်္ဂနွေသားသမီးများက တနင်္ဂနွေနေ့ မနက် 9နာရီ45မှာ ငှက်ပျောသီးဆယ်လုံးကို အခွံနွှာပြီး ပန်းကန်ပြားမှာထည့် အပေါ်ကသကြားဖြူးပြီး အိမ်ဘုရားစင်မှာ ဆွမ်းတော်ကပ်ပြီး သိကြားမင်းကို အမှူးထားလို့ မိမိရဲ့ အိမ်စောင့်နတ်ကို အမျှပေးဝေပြီး မိမိရဲ့ အခက်အခဲကိုပြောပြပြီး ဆုတောင်းပါလေ။ တစ်ပတ်အတွင်းအကျိုးထူးပါလိမ့်မယ်ဗျာ

တနင်္လာနေ့မွေးသူများက ကြွေပန်းကန်လုံးအဖြူမှာ ဇီးသီးအပြည့်ထည့်ပြီး တနင်္လာနေ့မနက် 9နာရီ45မှာ အိမ်ဘုရားစင်မှာ ဆွမ်းတော်ကပ်ပြီး သိကြားမင်းကို အမှူးထားလို့ မိမိရဲ့ အိမ်စောင့်နတ်ကို အမျှပေးဝေပြီး မိမိရဲ့ အခက်အခဲကိုပြောပြပြီး ဆုတောင်းပါလေ။ တစ်ပတ်အတွင်းအကျိုးထူးပါလိမ့်မယ်ဗျာ

အင်္ဂါနေ့မွေးသူများက လက်ဖက်အသားကို ကြွေပန်းကန်ပြားအဖြူမှာ ငါးပုံပုံပြီးထည့်ပါ ။ အင်္ဂါနေ့ မနက် 9နာရီ45မှာ အိမ်ဘုရားစင်မှာ ဆွမ်းတော်ကပ်ပြီး သိကြားမင်းကို အမှူးထားလို့ မိမိရဲ့ အိမ်စောင့်နတ်ကို အမျှပေးဝေပြီး မိမိရဲ့ အခက်အခဲကိုပြောပြပြီး ဆုတောင်းပါလေ။ တစ်ပတ်အတွင်းအကျိုးထူးပါလိမ့်မယ်ဗျာ

ဗုဒ္ဓဟူးနေ့မွေးသူများကတော့ ပန်းကန်ပြား၃ချပ်မှာ ပဲပြုပ်အပြည့်ထည့်လို့ ဗုဒ္ဓဟူးနေ့ မနက် 9နာရီ45မှာ အိမ်ဘုရားစင်မှာ ဆွမ်းတော်ကပ်ပြီး သိကြားမင်းကို အမှူးထားလို့ မိမိရဲ့ အိမ်စောင့်နတ်ကို အမျှပေးဝေပြီး မိမိရဲ့ အခက်အခဲကိုပြောပြပြီး ဆုတောင်းပါလေ။ တစ်ပတ်အတွင်းအကျိုးထူးပါလိမ့်မယ်ဗျာ

ကြာသပတေးမွေးသူများက သရက်သီးမှည့်ကို ခြောက်စိပ် စိပ်ပြီး ကြာသပတေးမနက်မှာ မနက် 9နာရီ45မှာ အိမ်ဘုရားစင်မှာ ဆွမ်းတော်ကပ်ပြီး သိကြားမင်းကို အမှူးထားလို့ မိမိရဲ့ အိမ်စောင့်နတ်ကို အမျှပေးဝေပြီး မိမိရဲ့ အခက်အခဲကိုပြောပြပြီး ဆုတောင်းပါလေ။ တစ်ပတ်အတွင်းအကျိုးထူးပါလိမ့်မယ်ဗျာ

သောကြာမွေးသူများကတော့ ဖန်ခွက်၈ခွက်ကို မကြိုရသေးတဲ့ နွားနို့စိမ်းကို ထည့်ပြီး သောကြာနေ့မနက် 9နာရီ45မှာ အိမ်ဘုရားစင်မှာ ဆွမ်းတော်ကပ်ပြီး သိကြားမင်းကို အမှူးထားလို့ မိမိရဲ့ အိမ်စောင့်နတ်ကို အမျှပေးဝေပြီး မိမိရဲ့ အခက်အခဲကိုပြောပြပြီး ဆုတောင်းပါလေ။ တစ်ပတ်အတွင်းအကျိုးထူးပါလိမ့်မယ်ဗျာ

စနေနေ့မွေးသူများကတော့ အုန်းသီးခြစ်ပြီးသားကို ပန်းကန်ပြားငယ်ရှစ်ချပ်မှာ ထည့်ပြီးတော့ စနေနေ့မနက် 9နာရီ45မှာ အိမ်ဘုရားစင်မှာ ဆွမ်းတော်ကပ်ပြီး သိကြားမင်းကို အမှူးထားလို့ မိမိရဲ့ အိမ်စောင့်နတ်ကို အမျှပေးဝေပြီး မိမိရဲ့ အခက်အခဲကိုပြောပြပြီး ဆုတောင်းပါလေ။ တစ်ပတ်အတွင်းအကျိုးထူးပါလိမ့်မယ်ဗျာ

Oracle by Kao
place You can trust

စေတနာကြေးဖြင့် Oracle reading  ပြုလုပ်ပေးပါမည် ။လူဦးရေကန့်သတ်မထားသောကြောင့် စာပြန် အနည်းငယ်ကြာနိုင်ပါသည် ။ပြီးခဲ့သည့်တစ်...
18/02/2026

စေတနာကြေးဖြင့် Oracle reading ပြုလုပ်ပေးပါမည် ။
လူဦးရေကန့်သတ်မထားသောကြောင့် စာပြန် အနည်းငယ်ကြာနိုင်ပါသည် ။
ပြီးခဲ့သည့်တစ်ခေါက်က မဟောလိုက်ရသူများကို ဦးစားပေးပါမယ်ခင်ဗျာ

oracle by Kao
place you can trust

မဟာရတနာဒီပံမီးထွန်းအင်း ဖ​ယောင်းတိုင် ၈တိုင်စီရင်မည်ဖြစ်ပါသဖြင့် လိုအပ်သူများကြိုတင်စာရင်း​ပေးနိုင်ပါပြီခင်ဗျာတစ်တိုင်လျ...
01/02/2026

မဟာရတနာဒီပံမီးထွန်းအင်း ဖ​ယောင်းတိုင် ၈တိုင်
စီရင်မည်ဖြစ်ပါသဖြင့် လိုအပ်သူများ
ကြိုတင်စာရင်း​ပေးနိုင်ပါပြီခင်ဗျာ
တစ်တိုင်လျှင် မြန်မာ​ငွေ ၁၀၀၀၀ ကျပ်ဖြစ်ပါသည်။
မိမိကိုယ်တိုင်မပူ​​ဇော်နိုင်ပါက
Kaoကိုယ်တိုင် မီးထွန်းပူ​ဇော်​ပေးပါတယ်
မဟာရတနာဒီပံမီးထွန်းအင်းကို စီးပွား​ရေး​နှောင့်​နှေးကြံ့ကြာ​နေသူများ ၊ ​ငွေ​ကြေးခက်ခဲ​နေသူများ ၊ အ​ကြွေး​ပေးရန်ရှိ ၊ အ​ကြွေးရရန်ရှိသူများ မီးထွန်းပူ​​ဇော်သင့်ပါတယ် ။
ဒါတင်မက အခြား​သော ကျန်းမာ​ရေး လူမှု​ရေးမှာလည်း မိမိဥာဏ်ရှိရင် ရှိသလို အသုံးချနိုင်​ပါတယ် ။

ဗေဒင်ဆရာပီပီသသပဲ အ​မွှေးတိုင်ထုပ်ကြီးလက်ကကိုင်လို့😁
23/01/2026

ဗေဒင်ဆရာပီပီသသပဲ
အ​မွှေးတိုင်ထုပ်ကြီးလက်ကကိုင်လို့😁

အ​ရှေ့တစ်​ခေါက်က booking မရလိုက်တဲ့မိတ်​ဆွေများ​စေတနာ​ကြေးဖြင့် Oracle reading လာ​မေးနိုင်ပါပြီခင်ဗျာ
20/01/2026

အ​ရှေ့တစ်​ခေါက်က
booking မရလိုက်တဲ့မိတ်​ဆွေများ​
စေတနာ​ကြေးဖြင့် Oracle reading
လာ​မေးနိုင်ပါပြီခင်ဗျာ

၂​ယောက်ကအတူ​နေ​ပေမယ့် တစ်​ယောက်ကခွဲချင်လာတဲ့အခါ ဆရာ​ရေကူညီပါဦးဆို​ပြီး အ​ပေါင်း​အစီအရင်လာအပ်​​လာတဲ့အတွက် အ​နောက်တိုင်းန...
12/01/2026

၂​ယောက်ကအတူ​နေ​ပေမယ့်
တစ်​ယောက်ကခွဲချင်လာတဲ့အခါ ဆရာ​ရေ
ကူညီပါဦးဆို​ပြီး အ​ပေါင်း​အစီအရင်လာအပ်​​လာတဲ့အတွက် အ​နောက်တိုင်းနည်းlove candle နဲ့
အ​ရှေ့တိုင်းနည်း အမဲသား​ကျွေးပြီးခိုင်းတဲ့​စေနည်း ယတြာအ​နေနဲ့ ဓါတ်​တွေပူး​အောင် ဓါတ်ဘူးယတြာ
တို့နဲ့ စီရင်​ပေးခဲ့ပါတယ် ။ ၂ဦးသားပြန်လည်သင့်မြတ်လို့ ချစ်ခြင်းတိုးပါ​စေဗျာ

Oracle by Kao
Place you can trust

Water sign  တွေကို ရည်းစားတော်ရတာကဘာနဲ့ တူလဲဆိုတော့‌လေ အထက်လူကြီးတစ်ယောက်ရထားသလိုပဲ လုပ်သမျှကိုင်သမျှ အကုန်လုံးကို လိုက်...
10/01/2026

Water sign တွေကို ရည်းစားတော်ရတာကဘာနဲ့ တူလဲဆိုတော့‌လေ အထက်လူကြီးတစ်ယောက်ရထားသလိုပဲ

လုပ်သမျှကိုင်သမျှ အကုန်လုံးကို လိုက်ပြီး အမှတ်ပေးတာ
သောက်တလွဲလုပ်လိုက်တယ်မလား ဘာမှမပြောဘူး
ပြုံးပြုံးလေးနဲ့ စာအုပ်လေးထဲမှာ ချရေးပြီးအမှတ်ပေး စုထားတာ 🥲

ခွင်ထဲဝင်တဲ့နေ့ကတော့ ကြိုက်တဲ့ဘုရားသာတထားပေတော့ ။
ဆွမ်းကြီးလောင်းခံရပြီပဲ ☺️။

မင်းလုပ်သမျှကိုလည်း မင်းခန္ဓာကိုယ်မှာ CCTV တပ်ထားသလားမေးရလောက်အောင် မျက်စိတောက် ထောက်ပြီးကြည့်နေတာနော်
တစ်ခါတလေ ကိုယ့်ထက်တောင် သူက ကိုယ့်အကြောင်းသိသေး 🥴

အထူးသဖြင့် Scor တွေရဲ့အလိုလိုသိစိတ်က
တော်တော်ကြောက်ဖို့ကောင်းတာ ။ ဘာမှလျှိုထားလို့မရ ။
အရေးကြီးတာရော မကြီးတာရော ဆိုင်တာရောမဆိုင်တာရော
လျှိုထားဖို့ မတွေးလေနဲ့ ။

ဖမ်းပုံဖမ်းနည်းကလည်း သောက်ဆန်း
အိမ်သာတက်နေတုန်း တံခါးဆွဲဖွင့်ပြီး လာမေးတယ်
ရေချိုးနေတုန်း ရေချိုးခန်းလာဖွင့်ပြီး မေးတယ်
အဆိုးဆုံးက အိပ်နေတုန်း နှိုးပြီး ‌မေးတာ 🥴🥴

အကယ်၍ ဒီ water sign တွေထဲက တစ်ယောက်ကို ရည်းစားတော်ထားတဲ့ သူတွေကတော့
ဘုရားသာ တထားကြပေတော့ဗျာ 🥲

Oracle By Kao
place you can trust

စေတနာကြေးဖြင့် မိမိသိလိုသည့်‌မေးခွန်းများကို မေးနိုင်ပါပြီအဆောင်ယတြာများနှင့် လက်ဖွဲ့အစီအရင်များတွင် သင့်လျှော်သော သတ်မှ...
09/01/2026

စေတနာကြေးဖြင့် မိမိသိလိုသည့်‌မေးခွန်းများကို မေးနိုင်ပါပြီ

အဆောင်ယတြာများနှင့် လက်ဖွဲ့အစီအရင်များတွင် သင့်လျှော်သော သတ်မှတ်ပညာကြေးများရှိပါသည်ခင်ဗျာ

Oracle by Kao
place you can trust

ဒီနေ့တော့ ပီယအကြမ်းဖြစ်တဲ့ မာတင်္ဂဂါထာများအနက်မှ လုပ်ရလွယ်ကူသော မာတင်္ဂဂါထာတစ်ပုဒ်ကို ပြောပြပါမယ်ဗုဒ္ဓံ ဓမ္မံ သံဃဉ္စ မာတ...
09/01/2026

ဒီနေ့တော့ ပီယအကြမ်းဖြစ်တဲ့ မာတင်္ဂဂါထာများအနက်မှ
လုပ်ရလွယ်ကူသော မာတင်္ဂဂါထာတစ်ပုဒ်ကို ပြောပြပါမယ်

ဗုဒ္ဓံ ဓမ္မံ သံဃဉ္စ မာတင်္ဂေါ
ဣတ္ထိယော ပုရိသ
ဓမ္မနာနံ ပီယ လာဘံ ဒေမ

ဆိုတဲ့ဂါထာကို မနက် မျက်နှာသစ်မည့် ရေဖလားတွင် ရေအပြည့်ထည့်ပြီးနောက် ၂၇ အုပ်မန်းပြီးနောက် မျက်နှာသစ်ပါ ။

ရွတ်ဆိုသူသည် ၅ပါးသီလအနက် ကာမေသုမိစ္ဆာကံကို မဖောက်ဖျက်ရန် အထူးဂရုပြုရပါမည် ။

Oracle by Kao
place you can trust

05/01/2026

ဂြိုဟ်စာကျွေးနည်း

ဂြိုဟ်စာကျွေးနည်း

ကြံစည်သမျှ လုပ်ကိုင်သမျှ ပျက်တယ်
ကျန်းမာရေးက ဟိုနားလေးနာလိုက် ဒီနားလေးနာလိုက် ရောဂါရယ်လိုလည်းမဟုတ် တို့ကနန်းဆိတ်ကနန်း နှာစေးလိုက် ချောင်းဆိုးလိုက်ဖြစ်နေတယ်
အိမ်သားအချင်းချင်း လင်မယားအချင်းချင်း အကြောင်းကိစ္စ မယ်မယ်ရရ မရှိဘဲ ရန်ဖြစ်ကြ စကားများကြတွေ ဖြစ်နေတယ်
ငွေရစရာ ရှိတာတွေကအကြောင်းကြောင်းကြောင့် ကြန့်ကြာနေပြီဆိုရင် ဒီ ဂြိုဟ်စာကျွေးယတြာလေးကို လုပ်ကြည့်ကြ ဗျာ

- ထမင်းဖြူ
- ယို ၃မျိုး
- မုန့်ဖြူ မုန့်နီ
- သစ်သီး ၃မျိုး
- ပန်း ၃မျိုး ( အပွင့်ရှိသောပန်းဖြစ်ရမည် )
- ကွမ်းယာ
- လက်ဖက်
- တံခွန်ကုက္ကား မုလေးပွား
- ဆီးမီး ၉တိုင်
- သောက်တော်ရေ ၉ခွက်
အထက်ပါ ပစ္စည်း၉မျိုးကို ငှက်ပျောရွက် ( အရွက်ကြီး အရွက်လှ ပျက်ရာပိုးပေါက်မရှိရ) တွင် သင့်တင့်သလိုခင်းကျင်းရပါမည် ။

"ဂြိုဟ်နတ်မင်းအပေါင်းကို ပင့်ဖိတ်ခြင်း"
သြောင်း နမော သဗ္ဗာဗုဒ္ဓါနုဘာဝေန
သြောင်း နမော သဗ္ဗာဓမ္မာနုဘာဝေန
သြောင်း နမော သဗ္ဗာသံဃာနုဘာဝေန
တနင်္ဂနွေ တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး သောကြာ စနေ ရာဟုကျငြား ရှစ်ပါးမည်ရင်း ဂြိုဟ်နတ်မင်းအပေါင်းအရှင်ကောင်းတို့ -
အမှာကံ- ဆွမ်းဒါယကာ ဒါယိကာမ ဟု သမုတ် အကျွန်ုပ်တို့အား မစတော်မူပါ ၊
ဤနေရာ၌ သာယာနှစ်ခြိုက် နှလုံးပိုက်၍ ရောင်မြိုက်ဆင်ယင် နရကင်းမှန်ကူ သရဖူရောင်မောင်း မကိုဋ်ဆောင်း၍ တကြောင်းလတ်ကြပ် လက်စွပ်ပုတီး ပြင်ဆင်ပြီးလျှင် ထက်အဇဋာက မကြာချက်ခြင်း တိမ်လွှာရှင်းလျက် ခရီးပြင်းကြွရောက်တော်မူပါ ရှစ်ပါးမည်ရင်း ဂြိုဟ်နတ်မင်းတို့ ။

ပင့်ပြီးလျှင် မိမိ၏သက်ဆိုင်ရာ ဂြိုဟ်ရပ်တွင် (အ)စားပွဲကို ခင်းပြီးနောက် ဂြိုဟ်စာကျွေးရပါမယ် ။

ဂြိုဟ်စာကျွေးပုံမှာ

သြောင်းနမောသဗ္ဗာ ဗုဒ္ဓါနုဘာဝေန
သြောင်းနမော သဗ္ဗာ ဓမ္မာနုဘာဝေန
သြောင်းန မော သဗ္ဗာ သံဃာနုဘာဝေန
တနင်္ဂနွေ တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး သောကြာ စနေ ရာဟုအခြေမယွင်း ဂြိုဟ်မင်းသောမ ပါပ တလီ ရှစ်မည်ရပ်ဌာန် စောင့်ရန်အလို့ငှာ နတ်မင်းဂြိုဟ်တို့ -
စုပေါင်းခရီးထောက် ကြွရောက်လာလျှင် ဆွမ်းဒါယကာ ဒါယိကာမ သူတော်ကောင်း အပေါင်းတို့က ဂရုကတ ဥဿာဟမကွာ စေတနာဖြေင့်သား သဒ္ဓါပွား၍ ညွတ်တွားကြည်ဖြူ ဆွမ်းတင်လှူပါသည် ၊
ရှေ့ မူမပျက် စဥ်အဆက်ကို ပန်ရွက်ထိပ်မှာ ထုံးနည်းနာဖြင့် သြဇာပျံ့သင်း ဖြူထမင်းကို ဖက်ခင်းပြီးကာ ယိုသုံးဖြားနှင့် မုန့်မှာဖြူနီ သုံးလီသစ်သီး ပန်းလည်းသုံးမွှာ ကွမ်းယာလဖက် သောက်တော်ခွက်ကို ထည့်လျက်ရေသာ ကြက်လျှာတံခွန် ရောင်လျှံ ညီးညီး ဆီမီးစုံစွာ ပြင်ပြီးကာမှ လိုရာတောင်းတ မကြောက့်ကြဖို့ ပ,သ,ပူဇာ တင်မြောက်ပါသည် ၊
မြန်စွာကြွငြား သြောင်းဘဒ္ဒန္တာ အိုနတ်များတို့
ထင်ရှားတည်ရှိ ဗလိခေါ် မြွက် နတ်စာခွက်ကို ကိုင်လျက်ပျော်ပျော် စားတော်ခေါ်လှည့် ပွဲတော်ထည့်ကာ သုံးဆောင်ပါလော့
ပွဲတော်တည်လျှင် ရွှင်ရွှင်ပျပျ
မမဝရံ ဘောဇနံ ဣမံဘတ်တံ ဘုဉ်ဇာဟိ ဘုဉ်ဇာဟိ - - - ဟုဆိုရပါမည် ။
ယင်းနောက်အချိန်အတန်ငယ်စောင့်ပြီးသော်

သုနက္ခတ္တံ မင်္ဂလံ ၊
သုပ္ပဘာတံ သုဟုဋ္ဌိတံ ။
သုခဏော သုမုတ္တောစ ၊
သုယိဋ္ဌံ ဗြဟ္မစာရိသု ။ ဟုရွတ်ဖတ်ပြီး ညနေ‌နေမဝင်မီတွင် လမ်းတစ်နေရာတွင် ချထားလိုက်ပါလေ ။

ที่อยู่

Mae Sot
12130

เวลาทำการ

จันทร์ 08:00 - 22:00
อังคาร 08:00 - 22:00
พุธ 08:00 - 22:00
พฤหัสบดี 08:00 - 22:00
ศุกร์ 08:00 - 22:00
เสาร์ 08:00 - 22:00
อาทิตย์ 08:00 - 22:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Oracle by Kaoผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์