31/12/2025
111 Portalမှာ စကြဝဠာကြီးဆီကနေ blessings (ကံကောင်းခြင်းစွမ်းအင်)ကို ဆွဲငင်ယူဆောင်ထားပါတယ်။
ဆွဲငင်ယူဆောင်ထားသော
စွမ်းအင်များကို အခု ဒီစာဖတ်နေတဲ့ သင်တို့ထံ မျှဝေပေးလိုက်ပါပြီ။
စကြဝဠာကြီးဆီက ဆွဲငင်ယူဆောင်ထားသော Blessed energy စွမ်းအင်ဖြစ်တဲ့အတွက် စကြာဝဠာကြီးကို အကြွင်းမဲ့ယုံကြည်မှပဲ လက်ခံပေးပါ။
Blessing စွမ်းအင်ကို လက်ခံတဲ့အခါမှာ
ပထမဦးစွာ လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာအောင် ပွတ်ပေးပါ။ လက်ဖဝါးလေးနွေးလာပြီဆို ရင်ညွှန့်နေရာလေးပေါ်မှာ ဘယ်ဖက်လက်ပေါ် ညာဖက်လက် ထပ်ပြီး အနွေးဓာတ်လေးပေးပေးပါ။ လက်ကလေးတွေကိုအဲ့လိုထားပြီးရင် မျက်လုံးမှိတ်ပါ၊ ပြီးရင် ဝင်လေကို ခပ်ပြင်းပြင်းလေး ရှူပါ၊ ငါးစက္ကန့်လောက် အသက် ခဏအောင့်ပါ(ရောဂါရှိသူများ၊ အသက်အောင့်လို့မရသူများ မအောင့်ပါနဲ့)၊ ပြီးရင် ပါးစပ်ကနေ လေကို ပြန်ထုတ်ပေးပါ။
အဲ့ဒီလို လေရှူလေထုတ်ကို ငါးကြိမ်ပြုလုပ်ပေးပါ။ ပြီးရင် စကြဝဠာကြီးရဲ့ ကံကောင်းခြင်း စွမ်းအင်များကို အပြည့်အဝလက်ခံပါတယ်ဆိုပြီး စိတ်ထဲကနေ သုံးကြိမ်ရေရွတ်ပေးပါ။
အဲ့အဆင့်တွေပြီးရင်တော့
လက်ခံပါတယ်ဆိုပြီး comment ဝင်ရေးလို့ရသလို မရေးရင်လည်းရပါတယ်။
လက်ခံပြီးရင် စကြဝဠာကြီးကို ကျေးဇူးတင်ပါ၊ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်းပြောပေးပါ။
ယုံကြည်သူများအားလုံး blessed energy စွမ်းအင်ကိုအပြည့်အဝရရှိမှာဖြစ်ပြီး နှစ်သစ်မှာ blessings (ကံကောင်းခြင်းများ)တို့ပိုင်ဆိုင်ရမှာဖြစ်ပါတယ်၊ ဖြစ်ပေါ်နေသော အခက်အခဲများ၊ အဆင်မပြေမှုများ အမြန်ဆုံးပြေလည်ပါလိမ့်မည်။
Energy ခံယူထားသူများ ချွေးထွက်ခြင်း၊ အိပ်ငိုက်ခြင်း၊နုံးချိခြင်းစတဲ့လက္ခဏာများ ၄၈နာရီအတွင်း ဖြစ်ပေါ်တတ်သလို ဘာမှမဖြစ်တာလည်း ဖြစ်နိုင်ပါတယ်။ လက္ခဏာပေါ်ခြင်း၊မပေါ်ခြင်းက energy ရခြင်း၊မရခြင်းနဲ့ မသက်ဆိုင်ပါ။ energy ရရှိတယ်လို့ ယုံကြည်ခြင်း ရှိမရှိ ပေါ်ပဲ မူတည်ပြီး ရလဒ်ကွဲပြားနိုင်တယ်။
❗❗❗အထူးမှာချင်တာကတော့ energy ခံယူထားသူများအားလုံး ၂၄နာရီအတွင်း ရေများများသောက်ပေးပါ၊ အကောင်းမြင်စိတ်များများထားပေးပါ၊ မနာလိုဝန်တိုစောင်းမြောင်းငြူစူခြင်းများ မလုပ်သင့်ပါ၊ ငြီးငြူခြင်းများမပြုလုပ်ပါနဲ့၊ ဒေါသထိန်းပေးပါ။
⭐⭐⭐ ပုံကို Wallpaper အနေနဲ့ တစ်နှစ်လုံးဆောင်လို့ရပါတယ်။
ကောင်းမွန်သောကံတရားများရရှိကြသူများ ဖြစ်ကြပါစေ 🙏🙏🙏
Photo from Pinterest