16/04/2025
End of life & care နောက်ဆုံးအချိန်ကို တူတူ ဘယ်လို ဖြတ်သန်းကြမလဲ (အပိုင်း ၂) နောက်ဆုံးချိန် အပါတ်များ last few weeks of life
✅ ၁။ စိတ်ပိုင်းဆိုင်ရာ ခံစားချက် မတည်ငြိမ်မှုများ ✅
👉 ဝမ်းနည်းမှု စိုးရိမ်ပူပန်မှု စိတ်တိုလွယ် ဒေါသဖြစ်လွယ် စိတ်ထိခိုက်လွယ် စိတ်အတက်အကျမြန်ချိန်ဖြစ်သည်။
👉 မိသားစု မိတ်ဆွေတွေကို ရင်ဖွင့်ပါ။ တခါတလေ ရင်းနှီးသူတွေကို ဖွင့်ဟရတာ ပိုခက်တတ်ပါတယ်။ စိတ်ချရတဲ့ သူစိမ်း တယောက်ကို ပြောကြည့်ကြည့်ပါ။
👉 ယုံကြည်ရာ ဘာသာတရား တခုကိုလက်ကိုင်ထားပြီး ပူပန်ကြောက်ရွံ့မှုများကို လျှော့ချပါ။
👉 နောက်ဆုံးချိန် နီးလေလေ နောက်ဆုတ် တတ်ကြလေလေပါ။ ဘာမှကို စိတ်မဝင်စားတော့ဘူး။ အသိုင်းအဝိုင်းထဲကနေ စွန့်ခွါထွက်ပြေးလာကြတယ်။ လူတွေနှင့် ဝေးရာမှာ နေချင်လာကြတယ်။ နေမကောင်းလာလေလေ အဝေးထွက်ပြေးချင်လာလေလေပါ။ အသက်ဆက်ရှင်ချင်စိတ် မရှိတော့ဘူး။ မိသားစုကို ဒုက္ခမပေးချင်ကြတော့ဘူး။ အဲ့လိုစိတ် ဖြစ်တာ သဘာဝပါပဲ။
👉 မိသားစုအနေနှင့်က အရာရာ တွန်းတွန်းတိုက်တိုက် လုပ်ပြီး လူပမာကို ထူထူထောင်ထောင်ဖြစ်စေချင်တဲ့ စေတနာ ရှိကြပါတယ်။ မိသားစုဝင်တွေမှာ တခါတလေ ဘာမှ မလုပ်ပေးနိုင်လေခြင်း စိတ်မျိုး ရှိတတ်တော့ ၂ဦး၂ဖက် စိတ်ပင်ပန်းကြရတယ်။
👉 အနားမှာရှိပေး သူတို့ပြောတာ နားထောင်ပေးရုံတင် အရမ်း အထောက်အပံ့ဖြစ်နေပါပြီ။
✅ ၂။ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို ဘယ်လို ကုစားမလဲ ✅
👉 ခန္ဓာရှိရင် ဝေဒနာရှိတယ်။ သက်သာအောင် လုပ်လို့ရတဲ့ ဆေးလည်းရှိတယ်။ ဆရာဝန်တွေနှင့် ဆွေးနွေးပြီး လိုအပ်တဲ့ဆေး တောင်းထားလို့ရပါတယ်။ နာရင် အနာသက်သာအောင် မောရင် အမောသက်သာအောင်။ ပျောက်ကင်းအောင်တော့ မလုပ်နိုင်ပေမဲ့ မှိန်းပြီး နေသာအောင် လုပ်လို့တော့ရပါတယ်။
👉 ဆေးဝါးကုထုံးအပြင် တရားမှတ်တာမျိုး အိပ်ငွေ့ချ ကုထုံးလိုမျိုး တွေရှိပါတယ်။ ဝေဒနာပေါ် စိတ်မရောက်အောင် စိတ်အပြောင်းအလဲဖြစ်စေမည့် ကုသနည်းမျိုးတွေပါ တွဲလုပ်ပါ။
👉 ရောဂါကြောင့် ပင်ပန်းပြီး အားပြတ်သလိုမျိုးဖြစ်တတ်တယ်။ ထိုင်ပြီးပဲဖြစ်ဖြစ် လှဲပြီးပဲနေနေ အားသိပ်မထုတ်ပဲ နေဖို့လိုမယ်။ အိပ်ယာထဲ အမြဲ တသတ်မတ်ထဲနေရင်လည်း အိပ်ယာပူနာတွေ ဖြစ်မှာလဲစိုးရတော့ ခြေထောက်လေးဖြစ်ဖြစ် လှုပ်ပေးနေတာမျိုး ခြေလက်ဆန့် တာမျိုးလေး မကြာခဏ နိုင်သလောက် လုပ်ပေးပေါ့။
👉နာကျင်တာသက်သာစေမည့်ဆေးကတော့ paracetamol ပါရာစီတမော ကနေ morphine မော်ဖင်းထိ ရှိပါတယ်။ သောက်ဆေးကနေ အရေပြား ထိုးဆေး/ ကပ်ခွါ အစားစားရှိပါတယ်။
Morphine မောဖင်းလို အပြင်းစား အနာသက်သာဆေးတွေ သုံးရမယ်ဆို ဝမ်းချုပ် ပြသနာကလည်း နောက်ဆက်တွဲ ဖြစ်လာနိုင်တော့ ဝမ်းပျော့ဆေးတွေ လိုအပ်လာပါလိမ့်မယ်။ တဖက်တလမ်း အနေဖြင့်
- ရေများများသောက်ပေးပါ။
- အသီး အရွက် လို ဖိုင်ဘာ အမျှင်ဓါတ်များသော brown rice/ bread ပိုစားပေးပါ။
👉 ပျို့ အန် မူး ဝေ တာမျိုးဆို အအန်ပျောက်ဆေးလေး သောက်လို့ရမယ်။
သက်သာအောင် တခြားနည်းလမ်းတွေ လည်း try ကြည့်ပါ။
- အရမ်းပူခြစ်နေတာတွေက အနံ့အရသာပြင်းတတ်လို့ နွေးနွေးလေးအနေအထား သာ စားပါ။
- အခြောက်အခြမ်း ဘီစကစ်လိုမျိုး စားပေးလို့ရတယ်။
- ချင်း (ချင်းပြုတ်ရည်) က ပျို့အန်ခြင်း အတွက် အလွန်ကောင်းပါတယ်။
- ကိုကာကိုလာမျိုး ဂတ်စ် ဖျော်ရည်တွေ ၁-၂ လုပ်လောက်သောက်ပေးပါ။
- တခါစားရင် ပမာဏ နဲနဲနှင့် အကြိမ် ပိုခွဲစားပေးပါ။
👉 ခံတွင်းပျက် အစားမစား ဝိတ်ကျလာတာက လည်း ပြသနာတခုပေါ့။ metabolism ဇီဝဖြစ်စဉ်နှေးတာ တကြောင်း/ digestion အစာခြေဖျက်အား လျော့ပြီး အာဟာရ စုပ်ယူအားလည်း ကျဆင်းလာလို့ပါ။
ဆေးဝါးအရဆို steroid တွေက အစားစားချင်စိတ်ကို တက်စေပါတယ်။
အတင်းဖိစား တာထပ်စာရင် ခံတွင်းတက်စေမည့် နည်းလမ်းတချို့ try ကြည့်ပါ။
- ပန်းကန်ကို စားချင်စဖွယ်ပြင်ဆင်ပေးပါ။
- snacks လိုမျိုး တတွတ်တွတ် ခွဲစားပေးပါ။
- အာဟာရအရည် ensure လိုမျိုး formula အားဖြည့်နို့ရည်တွေ သောက်ပေးပါ။
- မိသားစုကလည်း ဖြေးဖြေးမှန်မှန် စိတ်ရှည်ရှည်ကျွေးပေးပါ။
👉 အမောဖောက်လာချိန် ဆို အိမ်တွင်း အောက်ဆီဂျင် oxygen supply ပေးနိုင်အောင် ပြင်ဆင်ထားပေးပါ။
နှာစေး ချောင်းဆိုး ရင်ကြပ် ပန်းနာ စသဖြင့် ကြောင့် မောလာရင် ထထိုင်ခိုင်းပြီး ကျောမှာ ခေါင်းအုံးခု မှီအိပ်နိုင်အောင် စီစဉ်ပေးပါ။
သွေးအားနည်းတာကြောင့် မောနေလျှင် လိုအပ်ပါက သွေးသွင်းကုသမှု ပေးနိုင်ပါသည်။
👉 ဆီး မသွား/ မထိန်း နိုင်တာ မျိုးလည်း ရှိလာနိုင်ပါသည်။
ဆီးထသွားရခက်သူများတွင် ဆီးပိုက်ထည့်ဖို့ လိုလျှင် ထည့်လိုက်ပါ။
👉 ရေဖျဉ်းစွဲ ဗိုက်တင်းကားပြီး နေလို့ မသက်သာရင် ရေဖောက်ထုတ်ဖို့ ကူညီပေးရပါမည်။
ဝေဒနာတွေကို သက်သာအောင် အဖက်ဖက်က ကူညီပေးဖို့ လိုပါမယ်။
✅ ၃။ သေတမ်းစာ Advance directives/ living will ✅
👉 အမွေပေး သေတမ်းစာမျိုးမဟုတ်ပါ။ သတိမေ့လျော သွားချိန် နောက်ဆုံး အခြေအနေရောက်ရင် ဘယ်လို ကုသမှုမျိုးကိုပဲ လုပ်ဆောင်ချင်ပါသည်ကို ကြို ပြောပြထားရတဲ့ စာမျိုးပါ။
👉 CPR လို အသက်ကယ် ရင်ဘက်ထု ဖိ ကုသနည်းမျိုး လုပ်အုံးမှာလား။ အေးအေးချမ်းချမ်း ငြိမ်ငြိမ်သက်သက်လေ အသက်ထွက်ချင်တာမျိုးလား ကြို plan ထားလို့ရပါတယ်။
👉 မိသားစု အားလုံးကလည်း လူနာ ဆန္ဒကို နားလည် ပံ့ပိုးပေးဖို့လိုပါတယ်။
✅ ဆက်ရန် chapter 3 - The last few days of life 👉👉👉