ရင်ဘတ်ထဲ့က-ဒိုင်ယာရီ

ရင်ဘတ်ထဲ့က-ဒိုင်ယာရီ ကျန်းမာရေးVideoများ ထပ်ဆင့်မျှဝေပေးပါ့မယ်။
မူရင်းသူများအားယခုပေ့ကနေ(Crd)ပေးပါတယ်။

လိုက်ခ်များနဲ့ အားပေးကြပါနော်...🥰🥰🥰

ဆီးချိုခါးကိုက်သုတ်အားနည်း ဆေးမတွေ့နိုင်သောအော့အန်ခြင်း ထိခိုက်ဒဏ်ရာအဆစ်ရောင် ကျပ်တီးနာ သွေးအန်သွေးကျ သွားဖုံးရောင် မီးလ...
29/06/2025

ဆီးချိုခါးကိုက်သုတ်အားနည်း ဆေးမတွေ့နိုင်သောအော့အန်ခြင်း ထိခိုက်ဒဏ်ရာအဆစ်ရောင် ကျပ်တီးနာ သွေးအန်သွေးကျ သွားဖုံးရောင် မီးလောင်နာနှင့်လိင်နမိတ်ရောဂါများကိုသက်သာပျောက်ကင်းစေနိုင်သော ညောင် ခြေထောက်

မြန်မာနိုင်ငံ အနှံ့အပြား သဘာဝအလျောက်ပေါက်၏။

အချို့ဒေသများတွင်ညောင်ခြေထောက်ကို ပြည်ညောင်ဟု၎င်းညောင် လန်းဟု၎င်းခေါ် ကြ ၏ ။ ညောင် ပိန္နဲ မှလည်း ခြေထောက် ကျ တတ် ၏ ၊ ၎င်း မျိုး ကို မ ယူရ ။

အရသာ နှင့် အကျိုး သွား ။ ။ ဖန် ချို ၏ အေး ၏ ၊ ဝိ ပါ က ၌ စပ် ၏ ။
ဂုဏ် နှင့် စွမ်းရည် ။ ။ အူ တို့ကို တွ န့် ရှုံ့ စေ တတ် ၏ အရောင်အဆင်းကို ဖြစ်စေ ၏ ။

သ လိပ် သည်းခြေ ကို နိုင် ၏ ၊ အနာ ပေါက် အန် ခြင်း, အဖျား, ယော နိ ဒေါသ တွေဝေ ခြင်း
ရေ ယုန် ကြီး ရောဂါ စ သည် တို့ကို ပျောက်ကင်း စေ ၏ ၊ အ ရွက် သည် အနာ ပေါက် ရောဂါ တို့၌
အကျိုး ပြု ၏ ၊ အ ရွက် ဖူးသည် အ သား ကြွေကျ သော နူ နာ တို့၌ အကျိုးပြု ၏ ၊ ရွက် နု သည် သ လိပ်ကို ပယ် တတ် ၏ ၊ ရွက် ခြောက် သည် ချွေး ကို ထွက် စေ ၏ ၊ အခေါက် သည် တောင့် တင်းစေ ၏ ။
အ စေး သည် နာကျင် ကိုက် ခဲ ခြင်းကို ပျောက်ကင်း စေ ၏ ၊ အ သား နု တက် စေ ၏ ။

>ရောဂါ အလိုက် အသုံးပြုနည်း<

ထိခိုက်ဒဏ်ရာ နှင့် အဆစ် လွဲ ခြင်းဖြစ်လျှင် ။ ။ ၎င်း၏ အ စေး ကို လိမ်း ပါ က ထိခိုက်ဒဏ်ရာ နှင့် အဆစ် အ ဆက် လွှဲ ခြင်း တို့ ပျောက်ကင်း ၏ ၊ ထို နည်း အတိုင်း ပင် အသုံးပြုခဲ့သော် အဆစ်ရောင် ခြင်း လည်း ပျောက်ကင်း ၏

ဖေါရောင် ခြင်းဖြစ်လျှင် ။ ။ ရိုးရိုး ဖေါရောင် ခြင်း နှင့် ကိုက် ခဲ နာကျင်ခြင်းဖြစ်လျှင် ၎င်း အ စေး ကိုလိမ်း က လျှင်မြန်စွာ ပျောက်ကင်း ၏ ။
ဆီးချိုဖြစ်လျှင် ။ ။ ၄ င်း အခေါက် ကို ထက်ဝက် ခန့် ပြုတ် ၍ သောက်ပါက ဆီးချိုရောဂါ နှင့်ဆီး တွင် သ ကြား ပါ ခြင်း တို့ ပျောက်ကင်း ၏ ၊ အား ခွန် ဗလ များ လည် တိုးပွားလာ လိမ့် မည် ။

သွား ဖုံး ရောင်လျှင် ။ ။ ၎င်း အခေါက် ကို ထက်ဝက် ခန်း အောင် ကျို ၍ နှုတ် ငုံ ခြင်း, ပ လုပ်ကျင်း ခြင်း ပြုလုပ်ခဲ့သော် သွား ဖုံး ရောင်ခြင်း, နာ ခြင်း တို့ ပျောက်ကင်း ၏ ။

အနာ ပေါက်လျှင် ။ ။ အ ရွက်စိမ်း ကို ကြိတ် ၍ အုံ ပေးပါ က နု လျှင် ပိန် ၍ ရ င့် လျှင် ပြည်ပေါက် သွား လိမ့် မည် ။ပြည် ပေါက် ပြီးနောက် ၎င်း အ ရွက် ကို ဆန်နှင့် ပြုတ် ၍ အနာ ကို အ ခိုး ခံပေးလျှင် ပျောက်လွယ်၏။

မုတ္တကိစ်နာ ။ ။ ၎င်း၏ အမြစ် ခေါက် ကို ရေ အေး ဖြင့် သွေး ၍ သောက် ခဲ့သော်၎င်းရောဂါ လျှင်မြန်စွာ ပျောက်ကင်း ၏ ။
သွေး အန် သွေး ကျဖြစ်လျှင် ။ … ။ ၎င်း အ ညွ န့် နု များကို ရေနွေး ဖျော ၍ ၎င်း အရည် ကို သောက်
ခဲ့သော် သွေး အန်, သွေး ကျ ရောဂါများ လျှင်မြန်စွာ ပျောက်ကင်း ၏ ။

ဆေးမတွေ့နိုင်သောအော့ အန် လျှင် ။ ။ ၎င်း အမြစ် အနု မုတ်ဆိတ် ကလေးများကို ကျို ၍ သောက်လျှင် ဆေး မတွေ့နိုင် သော အော့ အန် နာ များ ပျောက်ကင်း ၏ ။

သုတ်အားနည်းလျှင် ။ ။ ၎င်း၏ မြစ် ခေါက် ပြုတ် ရည် ကို ဖြစ်စေ, ၎င်း၏ သတ္တု ရည် ကို
ဖြစ်စေ, ပျစ် ချွဲ အောင် ပြုလုပ်၍ အခြား အား ဆေးများ နှင့် ရောစပ် ပေးခဲ့သော် သုတ် အား
နည်း သော ရောဂါများ ပျောက်ကင်း ၍ လျှင်မြန်စွာ အား များ ပြည့် လာ လိမ့် မည်း ။

ခါး ကိုက်လျှင် ။ ။ ၎င်း ၏ အ ပင် ၏ နို့စေး ရည် ကို လိမ်း ပေး လျှင် ခါး ကိုက် ခါး နာ ရောဂါပျောက်၏။
ကျပ် တီး နာဖြစ်လျှင် ။ ။ ကျပ် တီး နာ ပေါ်တွင် ၎င်း အ စေး ကို လိမ်း ပေး က နု လျှင် ပိန် ၍ရ င့် လျှင် ပျောက်ကင်း ချမ်းသာ ပါ လိမ့် မည် ။

လိင် နိမိတ်ရောဂါ ဖြစ်လျှင် ။ ။ ၎င်းအ ရွက် ကို ပြာ ချ၍ ၎င်း ပြာ ကို ရေ တွင် စိမ် ၍ သောက်ပါက ၎င်းရောဂါလျှင်မြန်စွာပျောက်၏။
မီးလောင် နာဖြစ်လျှင် ။ ။ ၎င်းအပင်မှအပေါ်အခွံပါးကို နွားနို့ ဒိန်ရည် တို့နှင့်ကြိတ်၍လူးပေးပါကအမြန်သက်သာ၏။

ခြေကွဲနာလျှင်။ ။ ၎င်းအစေးကို ခြေကွဲနာဖြစ်ရာအနာပေါ်သို့လိမ်းပေးလျှင်မြန် စွာ အ သား နု တက် ၍ ပျောက်ကင်း ချမ်းသာ ပါ လိမ့် မည် ။

ဝမ်း သွားလျှင် ။ ။ ၎င်း အ စေး ကို ချက်မှာ သိပ် ထည့် ပြီးလျှင် ဘေး ပတ် ပတ်လည်တွင် လူး ပေးခဲ့ ေသာ် ဝမ်းရောဂါ လျှင် စွာ ပျောက်ကင်း ၏ ။

ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏

သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။

ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။

#ကျန်းမာရေး #ဗဟုသုတ #စာပေ
#နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်

ထမင်းစားပြီးနောက် မလုပ်သင့်သည့် အန္တရာယ် (၈)ရပ်(၁) ဆေ:လိပ် မသောက်ပါနဲ့။ထမင်းစားပြီးနောက် စိဂရပ် ၁-လိပ်သောက်တာက သာမန်အချိ...
01/09/2024

ထမင်းစားပြီးနောက် မလုပ်သင့်သည့် အန္တရာယ် (၈)ရပ်

(၁) ဆေ:လိပ် မသောက်ပါနဲ့။
ထမင်းစားပြီးနောက် စိဂရပ် ၁-လိပ်သောက်တာက သာမန်အချိန် စိဂရပ် ၁၀-လိပ်သောက်ခြင်းနှင့် ညီမျှပြီး၊ ကင်.ဆာ ရောဂါဖြစ်နိုင်ချေ အလားအလာပိုများကြောင်း ဆေ:သိပ္ပံပညာရှင်များက သတိပေးထားပါတယ်။

(၂) သစ်သီးများ အလျင်စလို မစားပါနဲ့။
ထမင်စားပြီးနောက် အချိုပွဲ သစ်သီးစားခြင်းက မှားယွင်းသော အစဉ်အလာ တစ်ခုဖြစ်ပါတယ်။ အမှန်အားဖြင့် ထမင်းစားပြီးပြီးချင်း သစ်သီးစားခြင်းက လေပွစေပြီး၊ အစာအိမ် ကို ဘေးဥပါသ်ဖြစ်‌စေပါတယ်။
ဒါကြောင့် ထမင်းစားပြီး အနည်းဆုံး နာရီ၀က်ခန့် ကြာမှ သာ သစ်သီး စားသင့်ပါတယ်။
(ကျန်းမာရေးအမြင်ရှိတဲ့ ဟိုတယ်ကြီးများနှင့် စားသောက်ဆိုင် အချို့‌တွေမှာ သစ်သီးအစား၊ ဥပမာ ဌက်ပျောသီးပေါင်း (သို့မဟုတ်) ရွှေဖရုံသီးပေါင်းတွေကို အချိုပွဲ အဖြစ်တည်ခင်းဧည့်ခံလာကြပါတယ်)

(၃) လ္ဘက်ရည် မသောက်ပါနဲ့။

လ္ဘက်ရည် အချိုခြောက် ထဲတွင် အက်ဆစ်ဓာတ် အမြောက်အများ ပါရှိပြီး၊အဲ့ဒီအက်စစ်ဓာတ်တွေက ထမင်း၊ဟင်းထဲမှာ ပါရှိတဲ့ ပရိုတင်း‌တွေကို အနှောင့်အယှက်ပေးပြီး အစာချေဖျက်မှု ကိုလည်း ဟန့်တားစေပါတယ်။

(၄) ခါးပတ်ကြိုး မလျော့ပါနဲ့။

ထမင်း စားပြီးပြီးချင်း ခါးပတ်ကြိုး (သို့မဟုတ်) ပုဆိုး၊ လုံချည်လျော့၀တ်ခြင်းက အူသိမ် အူမ တို့ကို လိမ်ခေါက်ပြ အူလမ်းကြောင်း ပိတ်ဆို့ခြင်းကို ဖြစ်စေပါတယ်။

(၅) ရေမချိုးပါနဲ့။

ထမင်းစားပြီးနောက် ရေချိုးခြင်းက လက်/ခြေထောက်နှင့် ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေ: လည်ပတ်စီးဆင်းမှုကို တိုးပွားလာပြီး၊ အစာအိမ်တဝိုက် သွေ:လည်ပတ် စီးဆင်းမှုကို လျော့ကျစေတာကြောင့် အစာအိမ်ကောင်းစွာ အလုပ် မလုပ်နိုင်တော့ပါဘူး။

(၆) အမြန် လမ်းမလျှောက်ပါနှင့်။

ထမင်းစားပြီးချင်း ခပ်သွက်သွက် လမ်းလျှောက်ခြင်း က ဗိုက်အောင့်စေတတ်ပြီး၊ ထမင်း ဟင်း ထဲမှပါ၀င်သော အာဟာရ စုပ်ယူရန် အတွက် အစာချေ စံနစ်ကို အနှောင့် အယှက်ဖြစ်စေတတ်ပါတယ်။ (ထမင်းစားပြီး ငြိမ်ငြိမ် ထိုင်နေရမည်လို့တော့ မဆိုလိုပါဘူး) ကျန်းမာရေး နဲ့ ညီညွတ်စေဖို့အတွက် ထမင်းစားပြီး အနည်းဆုံး ၁၅-မိနစ်ခန့် မတ်တပ် ရပ်နေပါ (သို့မဟုတ်) ဖြည်းဖြည်း မှန်မှန်လမ်းလျှောက်ပါ။

(၇) မအိပ်ပါနဲ့။

ထမင်းစားပြီး ချက်ချင်း လှဲအိပ်ခြင်းက အစာကောင်းစွာ မကျေညက်စေတော့ဘဲ၊ အစာအိမ်ရောဂါဖြစ်စေတဲ့ပြင်၊ အူ တွေ ကို ကူးစက်ရောဂါပိုး ၀င်စေပါတယ်။

(၈) အားကစား မလုပ်ပါနဲ့။

အားကစား မလုပ်ခင် အနည်းဆုံး နာရီ၀က် မှ အများဆုံး ၂-နာရီ ခန့်ကြိုတင်၍ ထမင်းစားထားပါ။ထမင်းစားပြီးပြီးချင်း အကြောဆွဲခြင်း (သို့မဟုတ်) ရုတ်တရက်နှလုံးခုန် ရပ်တန့်ခြင်း (သို့မဟုတ်) အသ*က်‌ေ.သ ဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။


+++++++++++

*နောင်တစ်ချိန် နောင်တမရချင်ရင် ဖတ်ကြည့်ပါ*ကျနော်တို့ရဲ့ လူ့ခန္ဓာကိုယ်ဟာ မော်တော်ကားနဲ့တူပါတယ်။ ကားတစီးမှာ စက်တခုခု ချို့...
01/09/2024

*နောင်တစ်ချိန် နောင်တမရချင်ရင် ဖတ်ကြည့်ပါ*

ကျနော်တို့ရဲ့ လူ့ခန္ဓာကိုယ်ဟာ မော်တော်ကားနဲ့တူပါတယ်။ ကားတစီးမှာ စက်တခုခု ချို့ယွင်းလာရင် ဒတ်ရှ်ဘုတ်မှာ မီးရောင်စုံလေးတွေ လင်းလာပြီး သတိပေးသလို ခန္ဓာကိုယ်မှာ တခုခုပြသနာတက်ရင်လည်း သတိပေးတတ်တဲ့ လက္ခဏာတွေ ရှိပါတယ်။

ဒီသတိပေးချက်တွေကို နားလည်ထားရင် ဘယ်နားမှာနာတာက ဘယ်အင်္ဂါအစိတ်အပိုင်းကို ညွှန်ပြနေလဲဆိုတာ ကောင်းကောင်းသဘောပေါက်ပါလိမ့်မယ်။

ကျောက်ကပ်မှာပြသနာရှိနေရင် ခါးနာတတ်ပါတယ်။
ကျောက်ကပ်နှစ်လုံးက တင်ပါးအပေါ် ခါးတဝိုက်မှာ ဘယ်တလုံး ညှာတ်လုံးရှိတာမို့ ကျောက်ကပ်မှာ ပြသနာရှိနေရင် ခါးနာတာကနေတဆင့် သိရှိနိုင်ပါတယ်။

နှလုံးနဲ့ပတ်သက်တဲ့ ပြသနာတွေကိုတော့ ဘယ်ဘက်လက်မောင်းအတွင်းဘက် နာတာ၊ ရင်ဘတ်အောင်တာတွေကနေတဆင့် သိနိုင်ပါတယ်။

လည်ပင်းနဲ့ပုခုံးတဝိုက်နာကျင်တာ က အဆုပ်နဲ့ ဝမ်းဗိုက်အတွင်းမှာရှိတဲ့ ကြွက်သားပြားမှာ ပြသနာရှိတာကို ပြသနေတဲ့ လက္ခဏာတခုပါ။

ဘယ်ဘက်ပုခုံးထိပ်နာကျင်တာက သရက်ရွက်မှာ ပြသနာရှိနေပြီးလို့ သတိပေးနေတာပါ။

အူအတက်ရောင်တဲ့ဝေဒနာက ဝမ်းဗိုက်ညာဘက်အောက်ပိုင်းမှာ အထိမခံနိုင်အောင် နာတာမျိုးဖြစ်တတ်လို့ အဲလို့နာနေရင်အမြန်ဆုံး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

ညဘက်ဆီးသွားများခြင်း၊ရေငတ်ခြင်း၊နှုံးချိခြင်း များဖြစ်နေပြီဆို ဆီးချိုစစ်ကြည့်သင့်ပါတယ်။

ဆီးတစက်စက်သွားခြင်း၊ဆီးညှစ်လိုက်ပြီဆို ဆီးသွားတာရပ်တန့်ပြီး စိတ်လျှော့လိုက်ပါက ဆီးပုံမှန် ပြန်ထွက်တဲ့လက္ခဏာဆို ဆီးကျိတ်ကို စစ်သင့်ပါပြီ။

ခြေထောက်တဘက်တည်းနာတယ် တံခေါက်ခွက်ထဲကနာတယ်ဆိုတာက ခြေထောက်မှာပြသာနာရှိ‌နေတာမျိုမဟုတ်ပဲ
ခါး တခုခုဖြစ်နေတာမျိုးပေါ့။ ခါးမှာ ခါးဆစ်ရိုးတွေကြီးလာလို့ အာရုံကြောမကြီးကို ဖိမိရင် ဖြစ်တတ်တဲ့ ပြသနာပေါ့။

လက်ဖျားထုံကျဉ်မယ် ဇက်ကြောတက်ခြင်း လက်ပြင်အောင့်ခြင်း ချာချာလည်အောင်မူးဝေးခြင်း အန်ခြင်း များ ဖြစ်နေပါ်က လည်ဆစ်အာရုံကြောညှပ်နေခြင်းဖြစ်ပါတယ်။

သွေပျစ်ခြင်းလက္ခဏာက လက်ဖဝါးနီရဲမယ်၊အမြဲသန်းဝေပြီး ခန္ဓာကိုယ်လေးလံခြင်း၊အောက်စီဂျင်ကျခြင်း၊မောခြင်း နှလုံးနှင့်ဦးနှောက်အာရုံကြောများကို ထိခိုက်စေပါတယ်။

မိမိပြုသောကံမိမိထံပြန်လာမည် မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ် နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ Yesလို့မန့်ပေးပါနော်။

တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေပါတယ်

ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက် ပေးနေတာကြောင့် page

ကိုlikeလုပ်ထားဖို့အကြံပေးပါရစေpageထဲလဲဝင်ရောက် လေ့လာဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

04/08/2024
04/08/2024

စမတ်ဖုန်းကြောင့်ဖြစ်တတ်တဲ့ ကျန်းမာရေးအပေါ်သက်ရောက့်မှု

မောင်တောမြို့နယ်က  "ခွေး" ဂိန်!!!!
15/06/2024

မောင်တောမြို့နယ်က "ခွေး" ဂိန်!!!!

12/02/2024

မြန်မာနိူင်ငံမှာ (ပေါ်တာ)ဥပဒေ ပြဌာန်းလိုက်သည်။

သွားတိုက်စဉ် သွားဖုံးသွေးထွက်တတ်ပါသလား❓❓အချို့သောသူတွေမှာ သွားတိုက်စဉ် သွားဖုံးမှ သွေးထွက်လာတတ်ပါသည်။သွားဖုံးသွေးထွက်ရခြ...
03/02/2023

သွားတိုက်စဉ် သွားဖုံးသွေးထွက်တတ်ပါသလား❓❓

အချို့သောသူတွေမှာ သွားတိုက်စဉ် သွားဖုံးမှ သွေးထွက်လာတတ်ပါသည်။

သွားဖုံးသွေးထွက်ရခြင်း၏ အကြောင်းရင်းများစွာအနက် အဖြစ်အများဆုံး အကြောင်းရင်းမှာ သွားဖုံးရောင်ရမ်းခြင်းပင် ဖြစ်ပါသည်။ သွားချေးမှတစ်ဆင့် ဖြစ်လာသော သွားချိုးနှင့် ကျောက်တည်ခြင်းတို့ကြောင့် သွားဖုံးရောင်ရမ်းမှု ဖြစ်လာရခြင်း ဖြစ်ပါသည်။

သွားချေး၊ သွားချိုးများ ဖြစ်ပေါ်လာရပုံမှာ ကျွန်ုပ်တို့စားသုံးလိုက်သော သကြားဓာတ်နှင့် ကစီဓာတ်များသည် သွားကို သေသေချာချာ ပုံမှန်သန့်ရှင်းရေး မလုပ်လျှင် သွားပေါ်တွင် ကပ်ငြိကျန်ခဲ့ကြသည်။ ထိုသကြားဓာတ်နှင့် ကစီဓာတ်များကို ခံတွင်းအတွင်းရှိ ရောဂါပိုးမွှားများက စားသောက်ကြပြီး အက်ဆစ်ဓာတ်ကို ထုတ်လွှတ်ပါသည်။ ထိုအက်ဆစ်ကြောင့်ပင် သွားပိုးစားခြင်းနှင့် သွားဖုံးရောဂါများ ဖြစ်လာရပါသည်။ ဆေးလိပ်သောက်သုံးသူများတွင်လည်း ပို၍ဖြစ်ပွားလေ့ရှိပါသည်။

ထိုပြဿနာများကို ပြေလည်စေရန် 𝗕𝗶𝗼𝗢𝗿𝗮𝗹 ငုံဆေးပြားကို တစ်နေ့တစ်ကြိမ် ငုံပေးရုံဖြင့် အတိုင်းအတာတစ်ခုအထိ သက်သာစေနိုင်ပါသည်။

𝗕𝗶𝗼𝗢𝗿𝗮𝗹 ငုံဆေးပြားများတွင် ပရိုဘိုင်အိုတစ် (အကျိုးပြုအဏုဇီဝပိုး) ၆ မျိုးပါဝင်ပါသည်။ အဆိုပါ ပရိုဘိုင်အိုတစ်များအနက် 𝙎𝙩𝙧𝙚𝙥𝙩𝙤𝙘𝙤𝙘𝙘𝙪𝙨 𝙩𝙝𝙚𝙧𝙢𝙤𝙥𝙝𝙞𝙡𝙪𝙨, 𝙇𝙖𝙘𝙩𝙤𝙗𝙖𝙘𝙞𝙡𝙡𝙪𝙨 𝙧𝙝𝙖𝙢𝙣𝙤𝙨𝙪𝙨, 𝙇𝙖𝙘𝙩𝙤𝙗𝙖𝙘𝙞𝙡𝙡𝙪𝙨 𝙘𝙖𝙨𝙚𝙞 နှင့် 𝙇𝙖𝙘𝙩𝙤𝙗𝙖𝙘𝙞𝙡𝙡𝙪𝙨 𝙧𝙚𝙪𝙩𝙚𝙧𝙞 တို့သည် သွားဖုံးရောင်ရမ်းခြင်းကို သိသိသာသာ သက်သာစေခြင်းဖြင့် သွားချိုးတက်ခြင်းနှင့် သွားဖုံးသွေးယိုခြင်းတိုကို လျော့နည်း သက်သာစေကြောင်းကို နိုင်ငံတကာ သုတေသနများတွင် လေ့လာတွေ့ရှိရပါသည်။

ပရိုဘိုင်အိုတစ် သောက်သုံးခြင်းနှင့်အတူ သွားနှင့်ခံတွင်း သန့်ရှင်းရေးကို ဂရုပြုခြင်း၊ သွားကို တစ်နေ့နှစ်ကြိမ် စနစ်တကျတိုက်ခြင်းနှင့် သွားဆရာဝန်နှင့် ပုံမှန်ပြသစစ်ဆေးခြင်းတို့ကိုလည်း ပြုလုပ်ပေးသင့်ပါသည်။

ဗီတာမင်စီ ချို့တဲ့ခြင်း (Scurvy) ဖြစ်လျှင်လည်း သွားဖုံး သွေးယိုတတ်သောကြောင့် ဗီတာမင်စီ ကြွယ်ဝစွာပါဝင်သည့် ချဉ်ပြီး အရည်ရွှမ်းသော သစ်သီးများကို စားသောက်ပေးခြင်းဖြင့် သွားဖုံးသွေးယိုခြင်း ဝေဒနာကို အလွယ်တကူ ကာကွယ်ကုသနိုင်ပါလိမ့်မည်။

သွားတိုက်ရာတွင်လည်း သွားချေးပြောင်ချင်ဇောနှင့် အတင်းအကြမ်း မတိုက်ဘဲ တော်သင့်ရုံသာ တိုက်သင့်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ที่อยู่

Sa Kaeo

เวลาทำการ

เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 17:00

เบอร์โทรศัพท์

+66886329490

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ရင်ဘတ်ထဲ့က-ဒိုင်ယာရီผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram