Amicus Co.,Ltd ထိုင်းနိုင်ငံမှ မြန်မာလူမျိူးပိုင်ဆိုင်​သော ခရီးသွားကုမ္မဏီ

07/02/2025

ထိုင်းနိုင်ငံမှာ စီးပွား​ရေးလုပ်ချင် (ကုမ္မဏီတည်ထောင်) သူများအတွက် သိရှိသမျှ အကြမ်းမျဥ်း​ ​ရေးသား​ပေးပါမယ်။

မြန်မာနိုင်ငံရဲ့ အ​ခြေအ​နေအရပ်ရပ်​ကြောင့် ယခုအခါ ထိုင်းနိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံ​နေကြသူ​တွေ ရင်းနှီးမြှုပ်နှံဘို့ ကြိုးစား​နေကြသူ​တွေ စုံစမ်း​​မေးမြန်းနေကြသူ​တွေ များပြားလာတာနဲ့အမျှ ကုမ္မဏီတည်​ထောင်​ပေးခြင်းနဲ့ Visa လုပ်​ပေးခြင်း စသည်တို့နဲ့သက်ဆိုင်တဲ့ Service ကုမ္မဏီများစွာ​ပေါ်​ပေါ်​ပေါက်​နေပြီး မြန်မာဝန်ထမ်းများ/ မြန်မာ Agent များကတဆင့် လူမှုကွန်ယက်​တွေမှာ အမျိူးမျိူး​ကြေငြာ​ပေး​နေတာ ​တွေ့ရပါတယ်။

အဲဒီ​ မြန်မာလို ကြေငြာမှု​တွေနဲ့အတူ ​ကြေငြာသူ​တွေရဲ့ Comment ​တွေမှာ ကျသင့်​ငွေအပါအဝင် သိလိုတာ​တွေကို စုံစမ်း​မေးမြန်းသူတွေများ​နေပြီး အားလုံးက Chat Box မှာဘဲ ​အ​သေးစိတ်ဖြေကြားဘို့ ဖိတ်​ခေါ်​နေတာဘဲ ​တွေ့မြင်နေရပါတယ်။
​ကျသင့်တဲ့စျေးနှုန်းများ (​စျေးအမျိူးမျိူး) ကိုလဲ Chat Box မှာဘဲ ​ဖြေကြား​ပေး​နေတယ်လို့ထင်ပါတယ်။
မြန်မာလို​ကြေငြာတဲ့ Page ​တွေက​တော့ ပွင့်လင်းမြင်သာစွာ ​စျေးနှုန်း​တွေ​ရေးပြထားတာ မ​တွေ့မိသလိုပါဘဲ။

Thai Service Company ​တွေက​နေ Thai Language နဲ့​ကြေငြာတဲ့ Website တို့ လူမှူကွန်ယက်တို့မှာ​​တော့ (အများ​အားဖြင့်)သူတို့ရဲ့​စျေးနှုန်း​တွေကို ပွင့်လင်းမြင်သာစွာ ​ရေးသား​ဖော်ပြထားတာကို ​တွေ့ရမှာပါ။​
Google, FB တို့မှာ ရှာကြည့်နိုင်ပါတယ်။

အမှန်အတိုင်းပြောရရင် ထိုင်းလို​ကြေငြာတဲ့ ကုမ္မဏီ​ (အ​သေး/အလတ်) တွေရဲ့ Service Fee တွေက ​စျေးအရမ်းသက်သာပါတယ်။
မြန်မာ Guide တ​ယောက်​ခေါ်သွားပြီး လုပ်ခိုင်းလိုက်ရင် လွယ်ပါတယ်။
Service Fee 10,000 bahts ​လောက်က စပြီး အမျိူးမျိူးရှိပါတယ်။

English Language နဲ့ဖော်ပြ​တဲ့ Service Company ​(အကြီး) တွေရဲ့ Website တို့ လူမှူကွန်ယက်တို့မှာ​​ကျတော့ နိုင်ငံခြားသား (Foreigners) ​တွေကို အဓိကဆွဲ​ဆောင်​နေတာဖြစ်လို့ စျေးကြီးတာတို့ ​စျေးနှုန်းမ​ဖော်ပြတာတို့ ​တွေ့မြင်ရမှာပါ။

ထိုင်းနိုင်ငံမှာ ကုမ္မဏီ​ထောင်ရတာ Online က​နေပြုလုပ်လို့ရတဲ့အတွက် အရမ်းလွယ်ပါတယ်။

Thai Limited Company (BOI နဲ့ 100% Foreign Owned မပါ) တည်​ထောင်ခြင်းအတွက် မိမိသိရှိသမျှ​ ​ဝေမျှ​ပေးပါရရင် အဓိကလိုအပ်ချက်​တွေက .....

၁။ Thai လူမျိူး (51% Share Holder) ရှိရပါမယ်။
(တည်​ထောင်​ပေးတဲ့ Service ကုမ္မဏီတွေက
ပိုက်ဆံယူပြီး အမည်ခံ​ Thai Nominee ​တွေကို
ထည့်သုံး​ပေးနေကြ​ပေမဲ့ အန္တရာယ်များပါတယ်။)
ခင်မင် စိတ်ချရတဲ့ (သို့) အတူတွဲလုပ်မဲ့ Thai လူမျိူး.
ကိုရှာနိုင်ရင်​တော့ အ​ကောင်းဆုံးပါ။
၂။ ရုံးခန်း​နေရာရှိရပါမယ်။
ကိုယ်ပိုင်ရုံးခန်းမငှားဘဲ လိပ်စာပြဘို့အတွက်
Virtual Office ဆိုပြီး ငှားခ တလကို 1,000 bahts
က​နေစပြီး ငှား​ပေး​နေတဲ့ကုမ္မဏီ​​တွေ ရှိပါတယ်။
၃။ကုမ္မဏီအမည်​ကို ၃ ခု​ရွေး​ပေးပြီးတင်ပြရပါမယ်။
အမည်တူတိုက်ဆိုင်မှုမရှိရင် အတည်ပြု​ပေးတဲ့
အမည်နဲ့​လုပ်လိုက်ရုံပါဘဲ။
၄။ ကိုယ်ကြိုက်တဲ့ ကုမ္မဏီလိုဂို (Logo) နဲ့
တံဆိပ်တုံး (Stamp) ​လိုပါတယ်။

ဗဟုသုတအ​နေနဲ့
• Private Limited Company ​တည်ထောင်ရင် အစိုးရကိုသွင်းရတဲ့ မှတ်ပုံတင်​ကြေး (Registration Fee) က Registered Capital 100,000 bahts ကို 500 bahts နှုန်း​ပေးရပါတယ်။ Minimum က 5,000 bahts ပါ။
• တကယ်လို့ အနည်းဆုံး 1,000,000 Share Capital Company ​ထောင်ရမယ်ဆိုရင်​တော့ 5,000 bahts ကျသင့်မှာဖြစ်ပါတယ်။
• Share Capital များရင် များသလို Share 100,000 bahts တိုင်းကို 500 bahts နှုန်းနဲ့တွက်ပြီး​ပေးရ​ပေမဲ့ Maximum က 250,000 bahts ပါ။
• 1,000,000 Share Capital Company တည်ထောင်လို့ အစိုးရကို​ပေးသွင်းရတဲ့​ Registration Fee, Certificate Fee , Stamp Duty ဘာ​ကြေး ညာ​ကြေး စုစု​ပေါင်းကုန်ကျစရိတ်က 10,000 bahts ထက်မပိုပါ။
• Service လုပ်​ပေး (ကုမ္မဏီ​တည်ထောင်​ပေး) တဲ့သူ​တွေက​တော့ ​သူ့​စျေးနဲ့သူ စျေးအမျိူးမျိူးယူကြမှာပါ။အဲဒီ​စျေးထဲမှာ ​ရှေ့​နေခ ကုမ္မဏီတံဆိပ်တုံးလုပ်ခ ဘာညာ​တွေ ပါသွားမှာပါ။
သူ့ Staff မဟုတ်တဲ့ မြန်မာ Agent ဘာညာနဲ့လုပ်လို့ ​ထပ်ပေါင်းယူရင်​တော့ ​စျေးပိုမှာ​ပေါ့။

အကြံပြုချင်တာက ​သေချာ ​လေ့လာ စဥ်းစား
အကြံဥာဏ်ရယူပြီးမှ ကုမ္မဏီ​ထောင်ပါ။

ကုမ္မဏီ​ထောင်ရတာ အရမ်းလွယ်​ပေမဲ့ ဥပ​ဒေနဲ့အညီ
ကုမ္မဏီကိုလည်ပတ်ဘို့ အဆင်မ​ပြေလို့ ကုမ္မဏီကိုပြန်ပိတ်ဘို့ (အကုန်အကျပိုများ/လုပ်ငန်းအဆင့်ပိုများ) ကသာ ခက်ခဲတာပါ။

အခုဖြစ်​နေတဲ့ ​တွေ့​နေရတာများတာက မိခင်နိုင်ငံက​နေ နိုင်ငံခြား​ငွေလွှဲ​ပြောင်း​ပေး​ချေနိုင်မှုအခက်အခဲ​ကြောင့် ထိုင်းနိုင်ငံမှာကုမ္မဏီ​​တွေလာထောင်ပြီး ထိုင်းနိုင်ငံတွင်းမှာ လုပ်ငန်း​တွေလုပ်တာမဟုတ်ဘဲ အဲဒီကုမ္မဏီ​တွေနံမည်နဲ့ နိုင်ငံခြားတိုင်းပြည်​တွေကို​ ငွေ​တွေလွှဲပြီး မိခင်နိုင်ငံကို ပစ္စည်း​တွေတိုက်ရိုက်တင်သွင်းနေကြတာပါ။
အစပိုင်း​တော့ လွတ်​​နေမှာပါ။ ​
မကြာခင် ပြဿနာ​တွေတက်လာမှာ ဖြစ်ပါတယ်။

Thai Accountant ​တွေနဲ့ Thai Auditor ​တွေက အဲဒီကုမ္မဏီ​တွေရဲ့ စာရင်းမျိူး​တွေကို တာဝန်ယူမ​ပေးရဲကြလို့ အခက်အခဲ​တွေ့​နေကြတဲ့ ကုမ္မဏီတွေ​ တွေ့​နေရပါတယ်။

နောက်ပိုင်းစစ်​ဆေး​တွေ့ရှိလာရင် Bank Account ​တွေ ရပ်တာ/ပိတ်သိမ်းတာ ကုမ္မဏီတာဝန်ရှိသူ​တွေကို တရားစွဲတာ နိုင်ငံခြားသား​တွေဆိုရင် ပြည်ဝင်ခွင့်ပိတ်တာ Black List သွင်းတာ ထိုင်းမှာရှိတဲ့ပိုင်ဆိုင်မှု​တွေသိမ်းတာ အမျိူးမျိူးဖြစ်လာနိုင်ပါတယ်။

ယခုအခါမှာ ထိုင်းနိုင်ငံအတွင်းမှာဘဲ အမှန်တကယ်လုပ်​ငန်းလုပ်​နေတဲ့ ကုမ္မဏီကြီး​တွေ​တောင် Thai လူမျိူးအမည်ခံပြီး (Nominee) လုပ်တဲ့ကိစ္စနဲ့ အ​ရေးယူခံရ ပိုင်ဆိုင်မှုသိမ်းခံရတာ​တွေ အများကြီးပါ။
သတင်းစာ​တွေမှာ အကျယ်တဝင့်ပါပါတယ်။

ကုမ္မဏီ​ထောင်​ပေးတဲ့သူတွေက​တော့ သူတို့​ထောင်​ပေးလိုက်ပြီးရင် သူတို့တာဝန်ပြီးသွားပြီမို့ ကျန်တာ​တွေက ကိုယ့်ကိစ္စနဲ့ကိုယ်ဖြစ်သွားမှာဘဲ​လေ။

အမှန်တကယ် ထိုင်းမှာ လုပ်ငန်းလုပ်ချင်လို့ ကုမ္မဏီထောင်မယ်ဆိုရင်​တော့ ​အောက်မှာ​ဖော်ပြထားတာ​လေး​တွေကို ဂရုတစိုက် လိုက်နာ မှန်မှန်ကန်ကန် လုပ်​ဆောင်မယ်ဆိုရင် အန္တရာယ်ကင်းနိုင်ပါတယ်။

1.လစဥ် စာရင်းအင်း/စာရင်းကိုင်ကိစ္စ (Monthly Accounting)

2.လစဥ် Revenue Dept. ကို အခွန်စာရင်း​တွေ ပြုစု/တင်သွင်း/အခွန်​ဆောင်ရတဲ့ကိစ္စ (Taxation)
(VAT Register လုပ်ထားရင် PND-3, PND-53, PP-30 etc., ဝန်ထမ်းရှိရင် PND-1, တနှစ်ပြည့်ရင် PND-91 etc.,)

3.ဝန်ထမ်းရှိရင် လစဥ် လူမှုဖူလုံ​ရေးစာရင်းတင်သွင်း/​ငွေသွင်းခြင်း (Social Security)

4.နှစ်ဝက်စာရင်းတင်သွင်းရတဲ့ကိစ္စ (PND-51)

5.နှစ်ချူပ်စာရင်းပြုစု/တင်သွင်း/စာရင်းစစ်ကိစ္စ (Financial Statements, PND-51, Audit Report etc.,)

6.နိုင်ငံခြားသားဝန်ထမ်းရှိရင် Work Permit, Visa ကိစ္စ ( 2,000,000 bahts Share Capital Company မှာ Thai လူမျိူးဝန်ထမ်း ၄ ​ယောက်ရှိမှ နိုင်ငံခြားသား ၁ ​ယောက် နှုန်း Work Permit ရရှိပါမယ်)

​ထိုင်းနိုင်ငံမှာ ကိုယ်လုပ်ချင်တဲ့လုပ်ငန်းကိစ္စကို ထိုင်းနိုင်ငံရဲ့ လုပ်ငန်းနဲ့ပတ်သက်တဲ့ ဥပ​ဒေ/စည်းမျဥ်း/စည်းကမ်း​တွေကို တတ်ကျွမ်းနားလည်ပြီး အ​တွေ့အကြုံရှိသူ​တွေနဲ့ ​သေချာ​ဆွေး​နွေးပြီးမှ လုပ်​ဆောင်ပါလို့ တိုက်တွန်းပါရ​စေ။

အခု​​ဖော်ပြ​ပေးထားတာ​တွေက​တော့ ကိုယ့်လူမျိူး​တွေ သိချင်တာ​လေး​တွေ သိ​ပါစေ အဆင်​ပြေ​ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိမိအ​တွေ့အကြုံအရ သိရှိသမျှကို အကြမ်းမျဥ်း​ ဖော်ပြ​ပေးခြင်းသာ ဖြစ်ပါတယ်။

အားလုံအဆင်​ပြေကြပါ​စေ။

Central Village မှာFitflop ​တွေ ၂ ရံယူရင် 70% Discount နဲ့ ​ရောင်း​နေပါတယ်။
10/10/2024

Central Village မှာ
Fitflop ​တွေ ၂ ရံယူရင်
70% Discount နဲ့ ​ရောင်း​နေပါတယ်။

Siam Premium Outlets, Bangkok မှာ Sketchers ​တွေ Buy 1 Get 1 နဲ့ ​ရောင်း​နေပါတယ်။
10/10/2024

Siam Premium Outlets, Bangkok မှာ
Sketchers ​တွေ Buy 1 Get 1 နဲ့ ​ရောင်း​နေပါတယ်။

၃ လုံးတိုက်ထီ ဝါသနာပါသူများအတွက် ....
03/10/2024

၃ လုံးတိုက်ထီ ဝါသနာပါသူများအတွက် ....

The Government Lottery Office (GLO) plans to issue three-digit lottery tickets this month to tackle the twin issues of overpricing and black-market tickets, board member Thanavath Phonvichai said on Wednesday.

14/09/2024
20/05/2024

ထိုင်းနိုင်ငံမှာ ••••
* Hotel အခန်းများ ငှားရမ်းလိုလျင်ဖြစ်​စေ
* ဝင်ခွင့်လက်မှတ်များ ဝယ်ယူလိုလျင်ဖြစ်​စေ
​ * မော်​တော်ယာဥ်အမျိူးမျိူး ငှားရမ်းလိုလျင်ဖြစ်​စေ
* ​လေဆိပ် ကြို/ပို့ လိုအပ်လျင်ဖြစ်​စေ
* အလည်အပတ် Package သွားလိုလျင်ဖြစ်​စေ
* ထိုင်း/မြန်မာ စကားပြန်များ ငှားလိုလျင်ဖြစ်​စေ
* ​ဆေးရုံပြ ​​ဆေးစစ်လိုလျင်ဖြစ်​စေ
* ဧည့်လမ်းညွှန် (Guide)များ ငှားလိုလျင်ဖြစ်​စေ
* Retirement Visa ​လျောက်ထားလိုလျင်ဖြစ်​စေ
* Thai Driving License ရယူလိုလျင်ဖြစ်​စေ
(Non-Imm Visa Holder များသာ)
* ဘတ်​ငွေ/ကျပ်​ငွေ လဲလှယ်လိုလျင်ဖြစ်​စေ
* ကုန်ပစ္စည်းများ ဝယ်ယူ/ပို့​ဆောင်လိုလျင်ဖြစ်​စေ

အ​ကြောင်း​ကြောင်း​ကြောင့် လိုအပ်တာ​တွေအတွက် Amicus Co.,Ltd. ကိုသာ ဆက်သွယ်လိုက်ပါ။

အထူးသဖြင့် ....
*** Centara Grand Hotel At Central World
*** Arnoma Grand Hotel
*** Bangkok City Inn
*** Baiyoke Sky Hotel
*** Baiyoke Suite Hotel
*** Centre Point (Pratunam) Hotel
*** Indra Regent Hotel
*** Best Western Plus Sukhumvit 1 Hotel
*** Three Sukhumvit Hotel
*** Holiday Inn Express Hotel
အစရှိတဲ့ Hotel များကို စျေးနှုန်းသက်သာစွာ​ ငှားရမ်း​ပေး​နေပါတယ်။

+66800706865 (Phone, Viber, Line)
+66650856779 (Phone, Viber)

31/03/2024

ယခုရက်ပိုင်း မြန်မာတွေ(အထူးသဖြင့်လူငယ်​တွေ)
Bangkok ကို လာကြတာများ​တော့ ​
လေဆိပ်အဝင်မှာ Thai Immigration က
စစ်​ဆေးကြပ်မတ်မှု​တွေ များပါတယ်။

ကြားရတဲ့သတင်းတွေအရ​ရော
မိမိနဲ့ပတ်သက်သူ​တွေရဲ့ ကိုယ်တွေ့အရ​ရော ​
ပေးမဝင်တာ​တွေလဲများလာပါတယ်။

အထူးသဖြင့် ......
*** အပြန်​လေယာဥ်လက်မှတ်မပါသူ​တွေ....
***​​ နေမဲ့ရက်အတိအကျအတိုင်း(အပြန်​လေယာဥ်လက်မှတ်ပါရက်အတိုင်း) ဟိုတယ်/တည်းခိုခန်း
ငှားမထားသူ​တွေ ....​
*** Show money မပါသူ​တွေ....
*** သူတို့​မေးတဲ့အခါ ​ကျေနပ်​ယုံကြည်လောက်အောင်
မ​​ဖြေဆိုနိုင်သူ​တွေ....
​လေဆိပ်မှာ​ပေးမဝင်တာ​ ​တွေ့ရပါတယ်။

*** အပြန်လေယာဥ်လက်မှတ်ကို Show သက်သက်
လုပ်လာတဲ့သူ​တွေအတွက်​တော့ Immigration က Airline ကိုလှမ်းပြီး ​မေးမြန်းစစ်​ဆေးလို့ရမရ​တော့ စာ​ရေးသူမသိပါ။
မပါရင် ချက်ချင်း ဝယ်ပြလိုက်နိုင်ရင် ရပါတယ်။
Online က​နေ ဝယ်တတ် ​ငွေ​ချေတတ်ရင် (Or) အဲလိုလုပ်​ပေးမဲ့သူရှိရင် အဆင်​ပြေပါတယ်။

*** ဟိုတယ်/တည်းခိုခန်း Booking ကို Show အတွက်ဖြစ်​​စေ အမှန်အကန်ဖြစ်​စေ လုပ်လာကြ​တာကို​တော့ Immigration က လှမ်း​မေးတဲ့အခါ ​ငွေအပြည့်မ​ချေထားတာတို့ Show ဘဲလုပ်လာတာတို့ဆို စစ်ရင်​ပေါ်ပါတယ်။ ​
Online က​နေ ဝယ်တတ် ​ငွေ​ချေတတ်ရင် (Or) အဲလိုလုပ်​ပေးမဲ့သူရှိရင် အဆင်​ပြေပါတယ်။

*** Show money အ​နေနဲ့ အနည်းဆုံး 20,000 bahts (Or) 600 USD ယူလာပါ။

***အကြံပြုချင်တာက​တော့.....

(၁) ဖြစ်နိုင်ရင် Tourist Visa ယူလာပါ။

(၂) ၁၄ ရက်နဲ့လာပြီး သက်တမ်းတိုးလို့ရ​တယ်ဆိုပေမဲ့
အ​ခြေအ​နေနဲ့ အချိန်အခါ​ပေါ်မူတည်ပြီး Thai Immigration က အ​ပြောင်းအလဲ​​တွေရှိတတ်ပါတယ်။
သက်တမ်း (၁) လတိုး​ပေးမဲ့အစား (၁) ပတ်ဘဲသက်တမ်းတိုး​ပေးတာမျိူးလဲ ဖြစ်နိုင်ပါတယ်။

၁၄ ရက်နဲ့ လာသည်ဖြစ်​စေ Tourist Visa နဲ့လာသည်ဖြစ်​စေ မြန်မာပြည်ပြန်ဘို့ အစီအစဥ်မရှိသူ​​တွေအတွက် ....

(၁) အပြန်​လေယာဥ်လက်မှတ်ဘိုး​တော့ ရင်းရမှာ​ပါ။
မပြန်ရင်အဆုံးခံ (Or) သက်တမ်းတိုးပါ။
(လက်မှတ်အသစ်ဝယ်သ​လောက်ပါဘဲ)

(၂) ၁၄ ရက်နဲ့လာရင် အပြန်​လေယာဥ်လက်မှတ်ကို ရက်နည်းနည်းဘဲ Date ယူလာပါ။
(ဥပမာ ၅,၆,၇ ရက် စသဖြင့်)။
ဟိုတယ်/တည်းခိုခန်းငှား​တော့လဲ အဲဒီရက်အတိုင်း ငှားနိုင်တော့ ​ငွေကုန်သက်သာတာ​ပေါ့။
မိမိ Budget တတ်နိုင်ရင်​ တတ်နိုင်သလိုလုပ်ပါ။

(၃) Tourist Visa နဲ့လာရင် အပြန်​လေယာဥ်လက်မှတ်ကို ၁၄ ရက်ထက်​တော့ပိုယူလာပါ။
(ဥပမာ ၂၀ ရက်​​အောက်)
ဟိုတယ်/တည်းခိုခန်းငှား​တော့လဲ အဲဒီရက်အတိုင်း ငှားနိုင်တော့ ​ငွေကုန်သက်သာတာ​ပေါ့။
မိမိ Budget တတ်နိုင်ရင်​ တတ်နိုင်သလိုလုပ်ပါ။

(၄)ဟိုတယ်/တည်းခိုခန်းကို ရက်နည်းနည်းဘဲငှားပြီး ကျန်တဲ့ရက်​တွေကို ​ဆွေမျိူး/မိတ်​ဆွေ​တွေရဲ့
အိမ်/အခန်းမှာ နေမယ်လို့​ဖြေနိုင်မယ်ဆိုရင်​တော့
အဲဒီ ​ဆွေမျိူး/မိတ်​ဆွေ​တွေရဲ့ Passport Copy တို့ အိမ်/အခန်းငှားစာချူပ်တို့ ​တောင်းတတ်ပါတယ်။ ကိုယ်တွေ့​ ဖြေရှင်း​ပေးခဲ့ရတာပါ။

မှတ်ချက် ******
အထက်ပါအချက်​တွေက​တော့ ​​ချောမွေ့စွာဝင်နိုင်ဘို့ သိရှိသ​လောက် အကြံပြုတာပါ။
လူတိုင်းကို​တော့ မစစ်ပါ။ မစစ်နိုင်ပါ။
ဘာမှ​မေးမြန်းမခံရဘဲ ​လွယ်ကူစွာ ဝင်လာရသူ​​တွေအများကြီးပါ။
လူကြည့်စစ်တာပါ။ ​မေးရင် ​ဖြေတတ်/​ဖြေနိုင်ဘို့ပါဘဲ။
မိမိကို​မေးမဲ့ Officer ​ပေါ်မှာလဲ မူတည်ပါတယ်။

​အောက်ပါစာရွက်စာတမ်း​တွေ ယူလာပါ။

*** သက်ဆိုင်ရာ​အောင်လက်မှတ်မျိူးစုံကို ဘာသာပြန် Notary လုပ်ခဲ့ပါ။
(ထိုင်းမှာကြာရှည်​နေနိုင်တဲ့ Visa ရဘို့ ကျောင်း/​ကောလိပ်/တက္ကသိုလ် တခုခုတက်မဲ့သူ​တွေအတွက် လိုပါတယ်)

*** မှတ်ပုံတင်မူရင်းနဲ့သန်း​ကောင်စာရင်း Copy တွေကို ဘာသာပြန် Notary လုပ်ခဲ့ပါ။
(မြန်မာသံရုံးမှာ ​ထောက်ခံစာတမျိူးမျိူးတောင်းရင် လိုအပ်နိုင်ပါတယ်)

*** Bank Statement နဲ့ Bank စာအုပ်ကို Updated ယူခဲ့ပါ။ သံရုံးမှာ Visa ​လျောက်သလိုမျိူး အနည်းဆုံး (၂၀) ​သိန်းနဲ့ သက်တမ်း အနည်းဆုံး (၃) လရှိပါ​စေ။
(အ​ကြောင်း​ကြောင်း​ကြောင့် လာအိုလို က​မ္ဘောဒီးယားလို တတိယနိုင်ငံမှာ Visa သွား​လျောက်ရမယ်ဆိုရင် လိုအပ်ပါတယ်)

*** ယာဥ်​မောင်းလိုင်စင်က​တော့ English ပါ​နေလို့ ဘာသာပြန်ဘို့ Notary လုပ်ဘို့မလိုပါ။
(ထိုင်းယာဥ်​မောင်းလိုင်စင်လုပ်မယ်ဆို လိုအပ်ပါတယ်)

အားလုံး အဆင်​ပြေကြပါ​စေ။

သိလိုသူများ လိုအပ်သူများအတွက် credit ပေး Share ​ပေးခြင်းဖြင့် ကူညီပေးကြပါ။

Amicus Co.ltd

08/03/2024

ထိုင်းနိုင်ငံမှာ ••••
* Hotel အခန်းများ ငှားရမ်းလိုလျင်ဖြစ်​စေ
* ဝင်ခွင့်လက်မှတ်များ ဝယ်ယူလိုလျင်ဖြစ်​စေ
​ * မော်​တော်ယာဥ်အမျိူးမျိူး ငှားရမ်းလိုလျင်ဖြစ်​စေ
* ​လေဆိပ် ကြို/ပို့ လိုအပ်လျင်ဖြစ်​စေ
* အလည်အပတ် Package သွားလိုလျင်ဖြစ်​စေ
* ထိုင်း/မြန်မာ စကားပြန်များ ငှားလိုလျင်ဖြစ်​စေ
* ​ဆေးရုံပြ ​​ဆေးစစ်လိုလျင်ဖြစ်​စေ
* ဧည့်လမ်းညွှန် (Guide)များ ငှားလိုလျင်ဖြစ်​စေ
* Retirement Visa ​လျောက်ထားလိုလျင်ဖြစ်​စေ
* Thai Bank Account ဖွင့်လှစ်လိုလျင်ဖြစ်​စေ
* Thai Driving License ရယူလိုလျင်ဖြစ်​စေ
(Non-Imm Visa Holder များသာ)
* ဘတ်​ငွေ/ကျပ်​ငွေ လဲလှယ်လိုလျင်ဖြစ်​စေ
* ကုန်ပစ္စည်းများ ဝယ်ယူ/ပို့​ဆောင်လိုလျင်ဖြစ်​စေ

အ​ကြောင်း​ကြောင်း​ကြောင့် လိုအပ်တာ​တွေအတွက် Amicus Co.,Ltd. ကိုသာ ဆက်သွယ်လိုက်ပါ။

အထူးသဖြင့် ....
*** Centara Grand Hotel At Central World
*** Arnoma Grand Hotel
*** Bangkok City Inn
*** Baiyoke Sky Hotel
*** Baiyoke Suite Hotel
*** Centre Point (Pratunam) Hotel
*** Indra Regent Hotel
*** Best Western Plus Sukhumvit 1 Hotel
*** Three Sukhumvit Hotel
*** Holiday Inn Express Hotel
အစရှိတဲ့ Hotel များကို စျေးနှုန်းသက်သာစွာ​ ငှားရမ်း​ပေး​နေပါတယ်။

+66800706865 (Phone, Viber, Line)
+66650856779 (Phone, Viber)

21/02/2024

ခုအချိန်မှာ ​မေးမြန်းစုံစမ်းသူ​တွေ အလွန်များလို့
အ​ကြောင်း​ကြောင်း​ကြောင့် ထိုင်းနိုင်ငံကိုလာမဲ့
လူငယ်များအတွက် အဓိကအ​ခြေခံအချက်များကို
သိရှိသမျှ အကြမ်းမျဥ်း မျှ​ဝေ​ပေးပါတယ်။
(သိပြီးသူများ ​ကျော်သွားပါ)

"Passport"
၁။သက်တမ်း အနည်းဆုံး (၆) လ ရှိတဲ့ Passport ကိုင်​ဆောင်ထားသူ ဖြစ်ရပါမယ်။
၂။သက်တမ်း (၁) နှစ်​အောက် Passport ကိုင်ထားရင်​တော့ ထိုင်းနိုင်ငံအတွင်းက မြန်မာသံရုံးမှာ Passport သက်တမ်းတိုးလို့ရမရ ရမဲ့နည်းလမ်းကို စဥ်းစား စုံစမ်းလာပါ။
(Workpermit - Non Visa နဲ့ အလုပ်ရှိသူ​တွေ ​ကျောင်းတက်ခွင့်ရတဲ့​ကျောင်းသား​တွေဆိုရင် သက်တမ်းတိုးလို့ အဆင်​ပြေပါတယ်။)

"​နေထိုင်ခွင့်"
၁။ ထိုင်းနိုင်ငံကို ​(၁၄) ရက်ဗီဇာကင်းလွတ်ခွင့်နဲ့ ဝင်လာလို့ရပါတယ်။ လေယာဥ်နဲ့လာရမှဖြစ်ပြီး နယ်စပ်ဂိတ်​တွေက​နေ လာလို့မရပါ။
(၁၄) ရက်မကုန်ခင် Thai Immigration မှာ သူတို့သတ်မှတ်​တောင်းခံတဲ့ စာရွက်စာတမ်း​တွေနဲ့ ရက် (၃၀) သက်တမ်းတိုးလို့ရပါတယ်။
ဘယ်နှစ်ခါတိုးလို့ရလဲဆိုတာက​တော့ Immigration အ​ပေါ်မှာမူတည်ပါတယ်။
သက်တမ်းတိုးဘို့ စိတ်ချရတဲ့ Visa Agent ​တွေနဲ့ဆက်သွယ်လုပ်တာ အ​ကောင်းဆုံး အလွယ်ဆုံးပါ။
သက်တမ်း (၃) ခါ ၊ (၄) ခါ တိုးလို့ရနိုင်ပါတယ်။

၂။ ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံး (Royal Thai Embassy) က​နေ အလည်အပတ်ဗီဇာ (Tourist Visa) ​လျောက်လာပါ။
လေယာဥ်နဲ့​ရော တရားဝင်ဖွင့်လှစ်ထားတဲ့ နယ်စပ်ဂိတ်​တွေက​နေပါ လာလို့ရပါတယ်။
ထိုင်းနိုင်ငံ​လေဆိပ်(သို့)နယ်စပ်ဂိတ်အဝင်မှာ Thai Immigration က စစ်​ဆေးပြီး ရက် (၆၀) ​နေထိုင်ခွင့် အဝင်တံဆိပ်တုံး ထု​ပေးလိုက်ပါမယ်။
ရက် (၆၀) မပြည့်ခင် Thai Immigration မှာ သူတို့သတ်မှတ်​တောင်းခံတဲ့ စာရွက်စာတမ်း​တွေနဲ့ ရက် (၃၀) သက်တမ်းတိုးလို့ရပါတယ်။
ဘယ်နှစ်ခါတိုးလို့ရလဲဆိုတာက​တော့ Immigration အ​ပေါ်မှာမူတည်ပါတယ်။
သက်တမ်းတိုးဘို့ စိတ်ချရတဲ့ Visa Agent ​တွေနဲ့ဆက်သွယ်လုပ်တာ အ​ကောင်းဆုံး အလွယ်ဆုံးပါ။

"​လေယာဥ်လက်မှတ်"
ပြန်တာ မပြန်တာအပထား အသွားအပြန်​လေယာဥ်လက်မှတ်ဝယ်လာတာ စိတ်ချရပါတယ်။

"​နေထိုင်မဲ့လိပ်စာ"
ထိုင်းနိုင်ငံ​အဝင် Immigration မှာပြဘို့ (Form မှာဖြည့်ဘို့) ​မေးရင်​ဖြေဘို့ မိမိ​နေထိုင်မဲ့ ဟိုတယ်လိပ်စာ (Hotel Booking) (သို့) တည်းခိုမဲ့လိပ်စာ စတာ​တွေလိုပါတယ်။ တခါတ​လေ Hotel Booking က ကိုယ်​နေမဲ့ရက်နဲ့ကွာ​နေရင် ​မေးမြန်းစစ်​ဆေးခံရနိုင်ပါတယ်။

"​အသုံးစရိတ်ငွေသားပြရန် (Show Money)"
ထိုင်းနိုင်ငံကိုအဝင်​ Immigration က စစ်​ဆေး​မေးမြန်းရင် ပြဘို့အသုံးစရိတ် (Show Mone) အနည်းဆုံး ၂၀,၀၀၀ Bahts (USD 600 ခန့်) ယူဆောင်လာပါ။
ပိုယူလာတာမမှားပါဘူး။

တခါတ​လေ Immigration Officer ​တွေက​ စုံစမ်းမေးမြန်းလို့ (ဘာလာလုပ်တာလဲ ဘာညာ) ​သေချာပြန်မ​ဖြေနိုင်ရင်​တော့ အခက်အခဲဖြစ်တတ်ပါတယ်။ ​စျေးလာဝယ်တာ အလည်အပတ်လာတာ ​ဆွေမျိူးဆီလာလည်တာ ​ဆေးလာကုတာ စသဖြင့် ​သေချာ​ဖြေနိုင်​အောင်ကြိုးစားပါ။

မှတ်ချက်။ ။ (၁၄) ရက်နဲ့လာသည်ဖြစ်​စေ Tourist Visa နဲ့လာသည်ဖြစ်​စေ မိမိဝင်​ရောက်မဲ့နိုင်ငံရဲ့ Immigration Officer ​တွေအ​နေနဲ့ အ​ကြောင်းတခုခု​ကြောင့် နိုင်ငံဝင်ခွင့်မ​ပေးဘဲ ငြင်းဆိုနိုင်တဲ့ (Reject)
အခွင့်အာဏာ ရှိပါတယ်။
အ​ကောင်းဆုံးက Tourist Visa နဲ့ လာကြပါ။

"​နေထိုင်ရန်"
​ရေရှည်​နေထိုင်ဘို့ Apartment ​အခန်းတွေ ၊Condominium ​အခန်းတွေအများကြီးရှိပါတယ်။

Apartment ​​တွေရဲ့ အခန်းတွေက​တော့ အများအားဖြင့် အနည်းဆုံး (၃) လ ၊ (၆) လ ၊ (၁) နှစ် စသဖြင့်စာချူပ်ချူပ်ရပြီး (၁) လစာက​နေ (၃) လစာထိ ကြို​တင်​ငွေပေးရပါတယ်။ ​
အခန်းငှားခက​တော့ တလကို 2,000 bahts, 3,000 bahts ​လောက်ကစလို့ အမျိူးမျိူးပါ။
ရေဘိုး မီးဘိုးက သူတို့သတ်မှတ်​စျေး​ပေးရပါတယ်။
​​ရေဘိုးက တယူနစ်ကို ၂၀ ဘတ်​အောက်နဲ့ မီးဘိုးက တယူနစ် ၁၀ ဘတ်​အောက်​လောက် ​ပေးရပါတယ်။

Condominium ​တွေရဲ့ အခန်းတွေက​တော့ (၁) နှစ်စာချူပ်ချူပ်ရပြီး (၁) လစာက​နေ (၃) လစာထိ ကြို​တင်​ငွေပေးရပါတယ်။ ​
အခန်းငှားခက​တော့ တလကို 5,000 bahts, 6,000 bahts ​လောက်ကစပါတယ်။
ရေဘိုး မီးဘိုးက အစိုးရ​စျေး​နဲ့ ပေးရတာများပါတယ်။

"ဆက်လက်လုပ်​ဆောင်ရန်"
ထိုင်းနိုင်ငံ​ရောက်ပြီး ​နေထိုင်ခွင့်သက်တမ်း​မကုန်ခင် (သက်တမ်း​တွေတိုးပြီး ထပ်တိုးမရနိုင်ခင်) ဘာဆက်လုပ်မလဲ စဥ်းစားပါ။
၁။ အလုပ်ဝင်လုပ်ပြီး အလုပ်နဲ့ပါတ်သက်တဲ့ Work Permit လုပ်ပြီးရလာမဲ့ Non Immigrant Visa နဲ့​​နေလို့ရပါတယ်။
အနည်းဆုံး (၁) နှစ်က​နေ နှစ်စဥ် သက်တမ်းဆက်တိုးလို့ရပါတယ်။

၂။ ဘာသာစကားသင်တဲ့​ကျောင်း (Language School) တခုခု (သို့) ​ကောလိပ် (သို့) တက္ကသိုလ်တခုခု တက်ပြီး ပညာ​ရေး​နေထိုင်ခွင့် (Education Visa) နဲ့​နေလို့ရပါတယ်။
Language School ဆို အနည်းဆုံး (၃) လ ၊ (၆) လ ၊ (၁၂) လ စသဖြင့်​ ​နေလို့ရပါတယ်။
College (or) University တခုခုဆို (၂) နှစ်က​နေ (၄) နှစ်ရနိုင်ပြီး Master , Doctor ဆက်တက်နိုင်ရင်​တော့ ပိုပြီးကြာကြာ​နေလို့ရပါတယ်။

၃။တတိယနိုင်ငံကိုထွက်ပါ။
Laos (သို့) Cambodia အစရှိတဲ့နိုင်ငံ​တွေကို ​လေယာဥ် (သို့) ​နယ်စပ်ဂိတ်​တွေက​နေ သွား​ရောက်နိုင်ပါတယ်။

အဲဒီနိုင်ငံ​တွေမှာလည်း ​ကိုယ့်ရွေးချယ်မှု​ပေါ်မူတည်ပြီး (၁၄) ရက် (သို့) (၃၀) ရက် စသဖြင့် နေထိုင်လို့ရပါတယ်။

ထိုင်းနိုင်ငံကို ပြန်လာမယ်ဆိုရင်​တော့ ​လေယာဥ်နဲ့ ပြန်ဝင်ရင် (၁၄) ရက်နဲ့ အဲဒီနိုင်ငံ​တွေမှာရှိတဲ့ ထိုင်းသံရုံး (Royal Thai Embassy) က​နေ အလည်အပတ်ဗီဇာ (Tourist Visa) ​ပြန်လျောက်လာရင် ရက် (၆၀) ပြန်ရပါတယ်။

အဲဒီနိုင်ငံ​တွေမှာ Visa Service ​​တွေဆောင်ရွက်​ပေး​နေတဲ့ စိတ်ချရတဲ့ Company/Agent ​တွေနဲ့ ဆက်သွယ်လုပ်ရင် လွယ်ကူပါလိမ့်မယ်။

USA, UK, Australia စတဲ့နိုင်ငံ​တွေကို ကူးသွားနိုင်ရင်​တော့ အ​ကောင်းဆုံး​ပေါ့။

ဘာအလုပ်လုပ်ကြမယ် ဘယ်​ကျောင်း​တွေတက်ကြမယ် ဘယ်နိုင်ငံ​တွေသွားကြမယ် ဘယ်လိုဗီဇာ​တွေ​လျောက်ကြမယ် စတာ​တွေက​တော့ ကိုယ့်ဘာသာ​သေချာဆုံးဖြတ်ပြီး စိတ်ချရတဲ့ Agent ​တွေနဲ့ ဆက်သွယ်လုပ်​ဆောင်ကြရင် လွယ်ကူ အဆင်​ပြေမှာပါ။

အ​ရေးအကြီးဆုံးက အလုပ်မလုပ်သူ​တွေ ​ကျောင်းမတက်သူ​တွေ Passport သက်တမ်းကုန်သွားလို့
သံရုံးမှာ သက်တမ်းတိုးမ​ရရင် ဘာလုပ်ကြမလဲဆိုတာ
စဥ်းစားထားပါ။

နောက်ဆုံးအ​နေနဲ့ ပြောပြချင်တာက​တော့ သူများနိုင်ငံမှာ အဓိကက ကိုယ့်ဘာသာအားကိုးရမယ်ဆိုတာပါ။
ရင်းနှီးတဲ့ ဆွေမျိူး မိတ်​ဆွေ​တွေရှိ​ရင် ပို​ကောင်းပါတယ်။ သူ့တို့ကလဲ ရုန်းကန်​နေရ​တော့ အပြည့်အဝ အချိန်တိုင်း ကူညီ​ပေးဘို့ အခက်အခဲရှိနိုင်ပါတယ်။
ကိုယ်တိုင်မလုပ်နိုင်တာ​တွေကျ​တော့ ​ငွေကုန်​ပေမဲ့
စိတ်ချရတဲ့ သက်ဆိုင်ရာကိစ္စ​ရပ်တွေမှာ ကျွမ်းကျင်တဲ့
Agent ​တွေနဲ့ လုပ်တာက​တော့ အ​ကောင်းဆုံးပါ။

အားလုံးအဆင်​ပြေကြပါ​စေ။

ที่อยู่

Samut Prakan

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 17:00

เบอร์โทรศัพท์

+66800706865

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Amicus Co.,Ltdผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Amicus Co.,Ltd:

แชร์