StarLight Astrology Research and Consulting

StarLight Astrology Research and Consulting နက္ခတ်ဗေဒင်ပညာတွေနဲ့ သင့်အနာဂတ်ကိုကြိုတင်သိနိုင်ဖို့ StarLight Astrology Group မှ ကူညီပါရစေ။

Starlight Astrology Group သည် မြန်မာနိုင်ငံ၏ အကြီးဆုံး Online နက္ခတ်ဗေဒင် အကြံပေး ၀န်ဆောင်မှုများ ပေးနေသော အဖွဲ့အစည်းဖြစ်သည်။
Starlight Astrology Group သည် နည်းပညာများတိုးတက်ပြောင်းလဲလာ သောခေတ်တွင် နက္ခတ်​ဗေဒင်အကြံပေး ဝန်ဆောင်မှု များကို Website နှင့် Mobile Application မှတစ်ဆင့် လွယ်ကူ လုံခြုံ စိတ်ချစွာ မေးမြန်းနိုင်ရန် စီစဉ်ထားပါသည်။
မိတ်ဆွေတို့ရဲ့ ဇာတာကို အတွေ့အကြုံရင့် ပညာရှင်များက စုပေါင်းသ

ုံးသပ် အဖြေထုတ်ပေးသော စနစ်ကို အသုံးပြုပေးသွားမှာ ဖြစ်ပါသည်။
နက္ခတ်ဗေဒင်မေးသူများ၏ ကိုယ်ရေးအချက်များအား မည်သူတစ်ဦးတစ်ယောက်ကိုမျှဝေမှာမဟုတ်ဘဲ အခြားသို့မပြန့်ပွားစေရန် အထူး လုံခြုံသောစနစ် ထားရှိ၍ ထိန်းသိမ်းပေးထားသောကြောင့် မိတ်ဆွေတို့၏ လျှို့၀ှက်သော ကိုယ်ရေးကိုယ်တာ ကိစ္စများကို ယုံကြည်စိတ်ချစွာ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

StarLight Astrology Group သည် မိတ်ဆွေတို့ ကြုံတွေ့ရနိုင်တဲ့ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အစရှိတဲ့ အရေးကိစ္စတွေအတွက် မမျှော်လင့်နိုင်တဲ့ စိန်ခေါ်မှုများကို နက္ခတ်ဗေဒင် ပညာရပ်ဖြင့် အကောင်းဆုံး အဖြေရှာပြီး အကြံပေး ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါသည်။
ဘ၀အောင်မြင်မှု ရရှိရေး အတွက် မိတ်ဆွေတို့ရဲ့ ပညာရေးကဏ္ဍများ၊ အလုပ်အကိုင်ကဏ္ဍများ၊ အရောင်းအ၀ယ် ကဏ္ဍများနဲ့ ရင်းနှီးမြှုပ်နှံမှုများကို နက္ခတ်ဗေဒင်ပညာရပ်ဖြင့် အကောင်းဆုံး အဖြေရှာပြီး အကြံပေး ဝန်ဆောင်မှုများပေးသွားမှာဖြစ်ပါသည်။
အလှူမင်္ဂလာပွဲများ၊ အဆောက်အဦပန္နက်တင် မင်္ဂလာများ၊ အိမ်တက်မင်္ဂလာများ၊ စေ့စပ်၊ ထိမ်းမြားခြင်း မင်္ဂလာများနဲ့ ရင်သွေးရတနာကို ခွဲစိပ်မွေးဖွားရန် ရက်မြတ်နှင့် အချိန်ကောင်း ရွေးချယ်ခြင်း အစရှိတဲ့ ကိစ္စရပ်များကို စကြဝဠာ၏ သဘာဝ စည်းချက်များနှင့် ကိုက်ညီ မွန်မြတ်သော အချိန်ကောင်း အခါမှန်တွေကို ရွေးချယ် အကြံပေးဝန်ဆောင်မှုများ ပြုလုပ်ပေးသွားမှာဖြစ်ပါသည်။

🌌 #ဝေဒဗ္ဗမန္တန်နှင့်ဓနသိဒ္ဓိနက္ခတ်တို့ရဲ့နက်နဲသောဆက်နွယ်မှု 🌌(ကျွန်ုပ်၏ နက္ခတ္တဗေဒဆိုင်ရာ ဝိသေသန အမြင်)♦️(၂၇) လုံးသော နက...
04/19/2026

🌌 #ဝေဒဗ္ဗမန္တန်နှင့်ဓနသိဒ္ဓိနက္ခတ်တို့ရဲ့နက်နဲသောဆက်နွယ်မှု 🌌
(ကျွန်ုပ်၏ နက္ခတ္တဗေဒဆိုင်ရာ ဝိသေသန အမြင်)

♦️(၂၇) လုံးသော နက္ခတ်တာရာတို့အနက် အင်္ဂါဂြိုဟ်အစိုးရသော ဓနသိဒ္ဓိနက္ခတ်သည် ဇာတ်နိပါတ်တော်လာ ရာဇဝင်သမိုင်းနှင့်အတူ ထူးခြားသော ဝိသေသဂုဏ်တို့ဖြင့် ပြည့်စုံလှပေသည်။

♦️အင်ကြင်းသီးသဏ္ဍာန် ကြယ်ငယ် ၄ လုံးဖြင့် ဖွဲ့စည်းထားပြီး "ဗုံ" သင်္ကေတဖြင့် အမှတ်အသားပြုသော ဤနက္ခတ်သည် လောကီလာဘသက္ကာရကို သိဒ္ဓိမြောက်စေသော အစွမ်းရှိသည်ဟု အဆိုရှိပါသည်။ ✨

🪐 ဂြိုဟ်အိမ်တို့၏ သဘောတရားနှင့် တည်ဆောက်ပုံ
အင်္ဂါဂြိုဟ်ပိုင် နက္ခတ် ၃ လုံးဖြစ်သော မိဂသီ၊ စိတြ နှင့် ဓနသိဒ္ဓိ တို့တွင် ဓနသိဒ္ဓိနက္ခတ်သည် အထူးခြားဆုံးဖြစ်သည်။ အကြောင်းမှာ-
✳️ မိဂသီ နှင့် စိတြ နက္ခတ်တို့သည် သောကြာ၊ ဗုဒ္ဓဟူး စသည့် အခြားသောဂြိုဟ်အိမ်များအတွင်း ခွလျက်တည်ရှိကြသော်လည်း၊
✳️ ဓနသိဒ္ဓိနက္ခတ် သည်ကား အစိတ်အပိုင်း (၄) ပါဒ်လုံး စနေဂြိုဟ် ပိုင်ဆိုင်သော မကာရနှင့် ကုမ်ရာသီအတွင်း၌သာ စုစည်းတည်ရှိနေခြင်းကြောင့် ဖြစ်သည်။

⚖️ ကမ္မနှင့် လာဘကို ပေါင်းစည်းပေးသော စနေ-အင်္ဂါ ဓာတ်
🪐စနေဂြိုဟ်သည် သဘာဝရာသီစက်၏ (၁၀) တန့်ဖြစ်သော ကမ္မဘာဝ (အမှုကိစ္စ) နှင့် (၁၁) တန့်ဖြစ်သော လာဘဘာဝ (အကျိုးအမြတ်) ကို ပိုင်စိုးသူဖြစ်သည်။ 🛠💰

♦️တည်ကြည်မှုနှင့် သမာဓိရှိသော စနေ၏ဂုဏ်သတ္တိကို အင်္ဂါဂြိုဟ်၏ လုံ့လ၊ ဝီရိယ၊ ရဲရင့်ခြင်း တို့ဖြင့် ပံ့ပိုးပေးသောအခါ ကျင့်ကြံအားထုတ်မှုတိုင်းတွင် အောင်မြင်မှု အဆင့်အတန်းတစ်ခုသို့ မလွဲမသွေ ရောက်ရှိစေပါသည်။ 📈

🕒 အောင်မြင်မှုအတွက် အခါတော်ရွေးချယ်ခြင်း
ဝေဒဗ္ဗမန္တန်ကဲ့သို့သော လောကီသိဒ္ဓိမြောက် ဂါထာမန္တန်များကို ရွတ်ဖတ်ပူဇော်ရာတွင် နက္ခတ္တဗေဒဆိုင်ရာ အချက်အချာကျသော အချိန်အခါမှာ အလွန်အရေးကြီးပါသည်။ 📜

🌒 မကာရရာသီအတွင်း (၁ ပါဒ်၊ ၂ ပါဒ်): စန်းခေါ် တနင်္လာဂြိုဟ် ဖြတ်သန်းခိုက် မွန်းတည့်ချိန်ကို ရွတ်ဖတ် သရဇ္ဈာယ်ချိန်နှင့်
🌓 ကုမ်ရာသီအတွင်း (၃ ပါဒ်၊ ၄ ပါဒ်): စန်းခေါ် တနင်္လာဂြိုဟ် ဖြတ်သန်းခိုက် မွန်းတည့်ချိန်ကို ရွတ်ဖတ် သရဇ္ဈာယ်ချိန် မည်သည့်အချိန်ကို ရွေးချယ်သင့်ပါသလဲဟု ချင့်ချိန်တွေးတောသင့်ပေသည်။

💡 မှတ်ချက်: "အချိန်" ဆိုသည်မှာ ဓနသိဒ္ဓိနက္ခတ်ပေါ် စန်း(တနင်္လာ) ဖြတ်သန်းနေသည့် ကာလတစ်လျှောက်လုံးကို ရည်ညွှန်းပြီး၊ "အခါ" ဆိုသည်မှာ မိမိဆောင်ရွက်သည့် အမှုကိစ္စအတွက် ကောင်းကျိုးကို အထောက်အပံ့ပေးနိုင်သည့် ကာလအပိုင်းအခြားကို ရည်ညွှန်းပေသည်။

🔮 သဘာဝရာသီစက် (ကာလချက္ကရ) အရ ဒဿနအမြင်
နက္ခတ္တဗေဒသဘောတရားအရ ကုမ်ရာသီသည် သဘာဝရာသီစက်၏ (၁၁) တန့်ဖြစ်သော လာဘဘာဝ (အကျိုးအမြတ်ဖြစ်ထွန်းရာ) ဖြစ်သည်။ ကုမ်ရာသီတွင် ရပ်တည်သော စနေဂြိုဟ်သည် "မူလတြိဂုဏ်း" အင်အားရရှိရုံမျှမက အင်္ဂါဂြိုဟ်ပိုင် မိဿနှင့် ဗြိစ္ဆာရာသီများကိုလည်း (၃-၁၀) တန့် အထူးအမြင်ဖြင့် လွှမ်းမိုးထားပေသည်။ 🛡

💢တစ်ဖက်တွင်လည်း ကုမ်ရာသီ၌ ရပ်တည်သော အင်္ဂါဂြိုဟ်သည် လူတို့၏ အသံနှင့် နှုတ်ထွက်စကားကို အစိုးရသည့် ပြိဿရာသီ (ဒုတိယဘာဝ) ကို (၄) တန့်အထူးအမြင်ဖြင့် မြင်ထားပြန်သည်။

💢ထို့ကြောင့် ဝေဒဗ္ဗမန္တန်ကို ရွတ်ဖတ်ပူဇော်ရာတွင် အသံ၏စွမ်းပကား အထောက်အပံ့ရရှိစေရန်အတွက် အရှေ့မိုးကုပ်စက်ဝိုင်းတွင် ပြိဿရာသီ လဂ်ပေါ်ထွန်းချိန်ကို "အခါတော်" အဖြစ် ရွေးချယ်၍ စတင်ရွတ်ဆိုအပ်ပေသည်။ 🗣✨

⚠️ ရွတ်ဖတ်သရဇ္ဈာယ်ရာတွင် အထူးသတိပြုရန်
🥁 ဗုံသင်္ကေတနှင့် ပြိဿ-သောကြာ ဆက်နွယ်မှု
ဓနသိဒ္ဓိနက္ခတ်၏ အမှတ်အသားဖြစ်သော "ဗုံ" သည် ဂီတတူရိယာတစ်ခုဖြစ်ပြီး၊ ပြိဿရာသီသခင် သောကြာဂြိုဟ် သည်လည်း အနုပညာနှင့် သံစဉ်တို့၏ ကာရကဂြိုဟ် ဖြစ်သည်။ ထို့ကြောင့် ဝေဒဗ္ဗမန္တန်ကို ရွတ်ဖတ်ရာတွင်-

🎵 စည်းချက်နှင့် နရီ: အသံနေအသံထား မှန်ကန်စွာဖြင့် ဟန်ချက်ညီညီ ရွတ်ဆိုရန် လိုအပ်သည်။
🧼 သန့်ရှင်းစင်ကြယ်မှု: မရွတ်ဆိုမီ မိမိ၏ ခန္ဓာကိုယ်နှင့် ပတ်ဝန်းကျင်ဝန်းကျင်ကို သန့်ရှင်းစင်ကြယ်အောင် အထူးဂရုပြု ပြင်ဆင်ရမည်။

🪑 နေရာထိုင်ခင်း: ကြမ်းပြင်ပေါ်တွင် တိုက်ရိုက်မထိုင်ဘဲ မြင့်မြတ်သောနေရာအဖြစ် အနည်းငယ်မြင့်သော ခုံနိမ့်တစ်ခုပေါ်တွင် ကျကျနန ထိုင်၍ ပူဇော်အပ်ပေသည်။

🌅 #ဥဒယလဂ်စီးနက္ခတ်ကိုရွေးချယ်ခြင်း
လဂ် (ဥဒယလဂ်) ဟူသည် အရှေ့မိုးကုပ်စက်ဝိုင်းမှ စတင်ထွက်ပေါ်ခြင်းနှင့် အမှုကိစ္စတစ်ခု၏ "အစပြုခြင်း" ကို ဆိုလိုသည်။ ဝေဒဗ္ဗမန္တန် ရွတ်ဖတ်ပူဇော်ရာတွင် လဂ်စီးနက္ခတ်သည် တနင်္လာနက္ခတ် (စန်းယှဉ်နက္ခတ်) သာ ဖြစ်သင့်ပေသည်။ 🌕

💢အဘယ်ကြောင့်ဆိုသော် မိမိတို့၏ အဓိဋ္ဌာန်ခရီးစဉ်သည် ဓနသိဒ္ဓိနက္ခတ်ပေါ်တွင် စန်း (တနင်္လာဂြိုဟ်) ဖြတ်သန်း ချိန်၌ "မိမိတို့၏ စိတ်အလိုဆန္ဒနှင့် အမှုကိစ္စများ အောင်မြင်ပြီးမြောက်စေရန်" ဟူသော ရည်ရွယ်ချက်ကိုသာ တိုက်ရိုက်ရှေးရှုသောကြောင့် ဖြစ်ပါသည်။

“ ထို့ကြောင့် စိတ်ကိုအစိုးရသော တနင်္လာဂြိုဟ်နှင့် သိဒ္ဓိမြောက်သော ဓနသိဒ္ဓိနက္ခတ်တို့၏ ပေါင်းစပ်မှုကို အခြေခံ၍ လဂ်စီးနက္ခတ်အား အလေးအနက်ထား ရွေးချယ်ရခြင်း ဖြစ်ပေသည်။ 🌠”

🙏အဆိုပါ ဓနသိဒ္ဓိနက္ခတ်ပေါ်တွင် စန်းယှဉ်သည့် အချိန်အခါကောင်းများကို စနစ်တကျ ရွေးချယ်၍ ရွတ်ဖတ်ပွား များခြင်းသည် မိမိတို့၏ အလိုဆန္ဒနှင့် သိဒ္ဓိတရားများကို အမြန်ဆုံး အထမြောက်အောင်မြင်စေမည့် နက္ခတ္တဗေဒ ဆိုင်ရာ အထောက်အပံ့ကောင်းပင် ဖြစ်စေပါတော့သည်။ 🙏✨

🙏ဝေဒဗ္ဗမန္တန် ရွတ်ဖတ် ပူဇော်ရန်နှင့် အခြားသောအဓိဋ္ဌာန်များအတွက် “Starlight Astrology” APP အသုံးပြုခြင်းဖြင့် သင်တို့ရဲ့ အမှုကိစ္စ အဝဝ ပြီးပြည့်စုံ နိုင်ကြပါစေ။🙏♦️💯🍀🌞

🌞 #နေဟုခေါ်ဆိုသည့်တနင်္ဂနွေဂြိုဟ်မင်းသည်နေ့ #မွန်းတည့်ချိန်အချိန်အခါတွင်အားအကောင်းဆုံးပင်မဟုတ်လား။

StarLight Astrology Research and Consulting 🔭
ကိုလတ်(မွန်းတည့်မျဉ်း) ✍️


#နက္ခတ္တဗေဒ
#ဓနသိဒ္ဓိနက္ခတ်
#ဝေဒဗ္ဗမန္တန်

#ကိုလတ်မွန်းတည့်မျဉ်း

" :  "🙏ဝေဒဗ္ဗမန္တန်ရွတ်ဖတ်ပူဇော်ရမယ့်အချိန်နှင့် အာစိဏ္ဏကံထပ်ဆင့်ရွတ်ဖတ်ပူဇော်ရမယ့် အချိန်များကို နေ့အလိုက်အချိန်များနှင...
04/19/2026

" : "

🙏ဝေဒဗ္ဗမန္တန်ရွတ်ဖတ်ပူဇော်ရမယ့်အချိန်နှင့် အာစိဏ္ဏကံထပ်ဆင့်ရွတ်ဖတ်ပူဇော်ရမယ့် အချိန်များကို နေ့အလိုက်အချိန်များနှင့် အခြားကဏ္ဍ မိမိအဓိဋ္ဌာန် အစီအစဉ်များ။

🙏ဘာသာတရားကျင့်ကြံခြင်းအတွက် မိမိဇာတာအရ KP Muhurta အချိန်အခါများကို System မှ Auto ရွေးချယ်ပေးထားမှာ ဖြစ်သလို မြန်မာ နိုင်ငံ အတွင်းသာမက ကမ္ဘာ့နေရာအသီးသီး မိမိနေထိုင်ရာ ဒေသ စံတော်ချိန်များနှင့်ပါ ထည့်သွင်းတည်ဆောက်ထားပါသည်။

🙏🍀❣️လူမှုရေး၊အချစ်ရေး၊ စီးပွားရေးအတွက်များကိုပါ ထည့်သွင်းထားပေးပါသည်။

💢နက္ခတ္တဗေဒင် ဝါသနာပါသူများအတွက်လည်း ဝကြသွားသည့်ဂြိုဟ်များ စတင်သည့်ရက်၊ ကုန်ဆုံးရက် နှင့် နေကြတ်၊ လကြတ်ရက်များကိုပါ ထည့်သွင်းပေးထားပါသည်။🍀❣️💯💯💯

♦️Transit & Natal Chart နှစ်မျိုးလုံး ထည့်သွင်းပေးထားသည့်မို့ သုံးစွဲသူအပေါင်း စိတ်ကျေနပ်မှု အပြည့်ရှိစေမည်ဟု တွေးမြင်မိပါတော့သည်။....Coming soon!

" #နက္ခတ္တအလင်း" " "
( )

 #မင်္ဂလာပါ🙏 နှစ်သစ်မင်္ဂလာ အခါသမယမှာ ချစ်သောဆွေသဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင...
04/15/2026

#မင်္ဂလာပါ

🙏 နှစ်သစ်မင်္ဂလာ အခါသမယမှာ ချစ်သောဆွေသဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ 🙏

🍀ဒီလို ကျက်သရေမင်္ဂလာရှိတဲ့ နှစ်သစ်ကူး အချိန်အခါလေးမှာ... လူတိုင်းရဲ့ ဘဝခရီးလမ်းအတွက် "လမ်းပြမြေပုံ" သဖွယ် အလွန်တရာ အကျိုးရှိစေမယ့် ကျွန်တော်တို့ရဲ့ 🌟 "Starlight Astrology" 🌟 App လေးကို မိတ်ဆက်ပေးပါရစေခင်ဗျာ။

🔮 ဘယ်လို အရာတွေ ထည့်သွင်းတည်ဆောက်ထားသလဲ?

🍀ရိုးရာဗေဒင်မကျန်၊ ကမ္ဘာသုံးစနစ်များပါမချန်... ဗေဒင်ပညာရပ် မျိုးစုံကို တစ်နေရာတည်းမှာ စုစည်းထားပါတယ်။ "ဝါသနာနဲ့ သမ္ဘာ" ကို အချိုးညီညီ ပေါင်းစပ်လို့၊ ရှုထောင့်စုံကနေ အနုစိတ်ချဉ်းကပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ထားတဲ့ Masterpiece စနစ်ကြီးတစ်ခု ဖြစ်ပါတယ်။

🌱 ရှေ့ဆက်လျှောက်မယ့် လမ်း...
🍀လက်ရှိမှာ အပြည့်အစုံ မပြီးပြတ်သေးတဲ့ ကဏ္ဍလေးတွေ၊ လိုအပ်ချက်လေးတွေ ရှိနေနိုင်သေးပေမယ့်လည်း... ချစ်မိတ်ဆွေတို့အတွက် အချိန်နဲ့အမျှ အကောင်းဆုံးဖြစ်အောင် အားဖြည့်၊ ပြင်ဆင်၊ ကြိုးစားတင်ဆက်ပေးသွားမှာဖြစ်လို့ အစဉ်အမြဲ စောင့်ကြည့် အားပေးကြပါဦးလို့ မေတ္တာရပ်ခံချင်ပါတယ်။

🎁 နှစ်သစ်ကူး သင်္ကြန် အထူးလက်ဆောင် Bonus! 🎁
များကိုပါ ဝင်ရောက်ကြည့်ရှုနိုင်ရန် မိတ်ဆွေများအတွက် နှစ်သစ်ကူး သင်္ကြန်လက်ဆောင်အဖြစ် အထူး Bonus- ်ဦးအတွက်15000MMK စီ၊ အခမဲ့ တွက်ချက်ခွင့်တွေကို အမိုက်စား ထည့်သွင်းပေးထားပါတယ်ဗျာ။

📲 အခုပဲ ဒေါင်းလုဒ်ရယူလိုက်ပါ!
App ကို အောက်ပါ MediaFire လင့်ခ်ကနေ အလွယ်တကူ ဒေါင်းလုဒ်ဆွဲယူနိုင်ပါတယ်။
📥 Download Link 👉
https://www.mediafire.com/file/e9upx157isw8wuc/app-release.apk/file

⚙️ ွဲယူပုံအဆင့်ဆင့် -
၁။ အပေါ်က Link လေးကို နှိပ်ပါ။

၂။ MediaFire ဆိုတဲ့စာမျက်နှာ ပွင့်လာရင် အလယ်ဗဟိုက "အပြာရောင် Download ခလုတ်ကြီး" ကို နှိပ်လိုက်ပါ။

၃။ ဖုန်းထဲကို APK ဖိုင်လေး ဝင်လာပါပြီ။ (ကြော်ငြာတက်လာရင် X နှိပ်ပြီး ပိတ်ပေးပါ)

၄။ Download ပြီးတာနဲ့ ဖိုင်ကိုနှိပ်ပြီး Install လုပ်ကာ စတင်အသုံးပြုနိုင်ပါပြီခင်ဗျာ။

✨ သင့်ဘဝရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေတိုင်းအတွက် "နက္ခတ္တအလင်း" က အကောင်းဆုံး လမ်းပြပေးပါရစေ... ✨

" & ြုလုပ်‌ပေးခြင်းဖြင့်အများအကျိုးဖြစ်ထွန်းပါစေ"
လေးစားစွာဖြင့်...
#ကိုလတ် ( #မွန်းတည့်မျဉ်း)
StarLight Astrology Research and Consulting



 #တူးပို့တူးပို့သံစဉ်နဲ့အတူ    အမည်၊ မွေးသက္ကရာဇ်၊ မွေးချိန် အဲ့ဒါပဲမှန်အောင်ဖြည့် မွေးဒေသရိုက်ရှာလိုက်တာနဲ့GMT, DST ညှိ...
04/13/2026

#တူးပို့တူးပို့သံစဉ်နဲ့အတူ

အမည်၊ မွေးသက္ကရာဇ်၊ မွေးချိန် အဲ့ဒါပဲမှန်အောင်ဖြည့် မွေးဒေသရိုက်ရှာလိုက်တာနဲ့
GMT, DST ညှိရမယ်ဒေသတွေဆိုရင် Auto!!!

#ရှယ်ထားမှတကယ်အားရစေမယ်နော်
&
#ကိုလတ်( #မွန်းတည့်မျဉ်း)



 #သင်္ကြန်အကြတ်နေ့  15-4-2026 ဗုဒ္ဓဟူးနေ့ နံနက် ၉-၁၀အတွင်း ကျွန်တော်ရဲ့   appကို တင်ပေးပါမည်။💢ဤ‌Appတွင်  #ဂဏန်ဗေဒင်ရဲ့နက...
04/12/2026

#သင်္ကြန်အကြတ်နေ့ 15-4-2026 ဗုဒ္ဓဟူးနေ့ နံနက် ၉-၁၀အတွင်း ကျွန်တော်ရဲ့ appကို တင်ပေးပါမည်။

💢ဤ‌Appတွင် #ဂဏန်ဗေဒင်ရဲ့နက်ရှိုင်းကျယ်ပြန့်မှုရသကိုမျက်ဝါးထင်ထင်တွေ့ရှိနိုင်မှာ ဖြစ်သလို အခြားဗေဒင်ပေါင်းစုံကိုလည်း အသေးစိတ် ပါဝင်မှာဖြစ်ပါတယ်။

💢KP Astrology အတွက်
(American NASA-base Swiss Ephemeris) ကိုသုံးပေးထားပါသည်။
ကိုသုံးပေးထားသဖြင့် တွက်ချက်မှုပိုင်းမှာ မှန်ကန်တိကျစေမှာဖြစ်ပါတယ်။

" ေးခြင်းဖြင့်လူတိုင်းအကျိုးကျေးဇူးရမှာဖြစ်ပါတယ်။"

#ကိုလတ်( #မွန်းတည့်မျဉ်း)
#ဗေဒင်ပဒေသာsoftwar



မြန်မာ့ရိုးရာလက်ဆန်းဗေဒင်တခုရေးပြီးလျင် "Play Store" မှာ တင်ပေးမယ့် StarLight Astrology Advance Software ...Coming Soon!...
03/19/2026

မြန်မာ့ရိုးရာလက်ဆန်းဗေဒင်တခုရေးပြီးလျင် "Play Store" မှာ တင်ပေးမယ့် StarLight Astrology Advance Software ...Coming Soon!
အသင့်ဟောစာတမ်းများပါရှိမှု✅💯
ဗေဒင်စနစ်စုံလင်စွာပါရှိမှု✅💯
လူတိုင်းအတွက်အကျိုးရှိမှု✅💯စသည်ဖြင့်
ဤSoftware ဖြစ်မြောက်ရေးအတွက် ကျေးဇူးတင်အပ်သူများ
🙏 #ဆရာသခင်များ
🙏အဓိကကျေးဇူးရှင် " #အမေရိကမှအကိုကြီးဦးမိုးဆန်းနှင့်ဇနီးအမကြီး‌‌ဒေါ်သန့်သန့်ဇင်"'
🙏 #ဒေါက်တာကိုကိုအောင်
🙏 #ဆရာကြီးဦးမျိုးမြင့်အောင်
🙏 #ကျွန်ုပ်ရဲ့မိဘနှစ်ပါးအား
ရိုသေစွာဦးထိပ်တင်ရှိခိုးအပ်ပါ၏။

ဤပို့(စ်)အား "Share "ထားသူများအထူးအကျိုးရှိစေမယ်ဟု အသိပေးအပ်ပါသည်။




ကိုလတ်(မွန်းတည့်မျဉ်း)

03/11/2026

❣️💯🍀
Do you like this?
..

02/26/2026

သင့်အိပ်မက်တွေက

“ #ယနေ့ကျွန်ုပ်တွေ့ရှိလိုက်ရသောနက္ခတ္တဗေဒပညာ” 🌌✨💢ကျွန်တော်တို့ အများစုက "ဗေဒင်" လို့ ပြောလိုက်တာနဲ့ ရှေ့ဖြစ်ဟောခြင်း (Pr...
02/12/2026

“ #ယနေ့ကျွန်ုပ်တွေ့ရှိလိုက်ရသောနက္ခတ္တဗေဒပညာ” 🌌✨

💢ကျွန်တော်တို့ အများစုက "ဗေဒင်" လို့ ပြောလိုက်တာနဲ့ ရှေ့ဖြစ်ဟောခြင်း (Prediction)၊
💢ယတြာချေခြင်း ဆိုတဲ့ အပေါ်ယံ သဘောတရားတွေကိုပဲ ပြေးမြင်မိတတ်ကြပါတယ်။
💢 ဒါပေမဲ့ ဒီနေ့မှာတော့ နက္ခတ္တဗေဒပညာရပ်ရဲ့ အနှစ်သာရ အစစ်အမှန် (True Essence) ကို အတွင်း ကျကျ ထိုးဖောက်မြင်တွေ့ခွင့် ရခဲ့ပါတယ်။

💠တကယ်တော့ ဗေဒင်ဆိုတာ ဟောကိန်းထုတ်ရုံ သက်သက်မဟုတ်ဘဲ " #သဘာဝ + #ဓမ္မ + #ဝေဒ" ဆိုတဲ့ မဏ္ဍိုင်ကြီး (၃) ရပ် ပေါင်းစပ်ထားတဲ့ “ဘဝအလင်းပြ ပညာရပ်” (The Science of Light & Life) တစ်ခု ဖြစ်နေတာကို သတိပြုမိ လိုက်ပါတယ်။

💢ဒီအလွှာ (၃) ခုကို ခွဲခြမ်းစိတ်ဖြာ ကြည့်မယ်ဆိုရင် -

💠၁။ သဘာဝ (Nature / Cosmic Energy) ဒါဟာ ပညာရပ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ (Hardware) ပါ။🪐

💢ဂြိုဟ်တွေဆိုတာ ကောင်းကင်ပေါ်က နတ်ဘုရားတွေ သက်သက်မဟုတ်ဘဲ စကြာဝဠာရဲ့ စွမ်းအင်ထုတ်လွှတ်စက် (Energy Transmitters) တွေ ဖြစ်ပါတယ်။

♦️ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ဆိုတဲ့ ဓာတ်ကြီး ၄ ပါးနဲ့ သဘာဝ နိယာမ (Natural Laws) တွေက လူသားတွေရဲ့ ဘဝအပေါ် ဘယ်လို အချိုးကျ သက်ရောက်နေသလဲ ဆိုတာကို လေ့လာခြင်း ဖြစ်ပါတယ်။

💠၂။ ဓမ္မ (Dhamma / Karmic Law) ⚖️

💢ဒါကတော့ ပညာရပ်ရဲ့ စိတ်ပိုင်းဆိုင်ရာ (Software) ပါ။
♦️ဗေဒင်ရဲ့ အသက်ဝိညာဉ်ဟာ “ကံ၊ ကံ၏ အကျိုး” (Cause and Effect) ပေါ်မှာ တည်ဆောက်ထားပါတယ်။ စနေဂြိုဟ်လို့ ဆိုလိုက်တာနဲ့ လောက လူတိုင်းနီးပါး အလွန်ကြောက်ရွံ့စရာဂြိုဟ်တလုံးဟု တွေးမြင်တတ်ကြပါတယ်။ တကယ်တော့ စနေဂြိုဟ်က ကြောက်စရာ မဟုတ်ပါဘူးနော်... 🪐

♦️ဥပမာ - စနေဂြိုဟ် (Saturn) ရဲ့ ဒဏ်ကို ခံစားနေရတယ်ဆိုတာ ဂြိုဟ်က ဒုက္ခပေးနေတာ မဟုတ်ပါဘူး။ အတိတ်က ပြုခဲ့တဲ့ အကြောင်းတရား (Karma) တွေကို အချိန်တန်လို့ "စာရင်းရှင်း" (Audit) နေခြင်းသာ ဖြစ်ပါတယ်။

♦️ဒါကြောင့် ဗေဒင်ဟာ "ယတြာချေပြီး ကံပြင်မယ်" ဆိုတာထက် "ကိုယ့်လုပ်ရပ် (ကံ) ကို ကိုယ်တာဝန်ယူပြီး ပြုပြင် ပြောင်းလဲ ခြင်း" (Responsibility) ကို ဦးစားပေးတဲ့ ဓမ္မဒဿန တစ်ခုပါ။

💠သဘာဝရာသီစက် ကာလချက္ကရ ရာသီခွင်မှာ ကမ္မဘာဝနဲ့ လာဘဘာဝတို့ရဲ့ ရာသီသခင်ဟာ လူတိုင်းလိုလို ကြောက်ရွံ့ကြတဲ့ စနေဂြိုဟ် ဖြစ်နေတာကို သတိချပ်မိ စေချင်ပါတယ်။

♦️စနေဂြိုဟ်သာ တကယ့်ဂြိုဟ်ဆိုးတလုံးဖြစ်ခဲ့ရင် သူဋ္ဌေးသူကြွယ် ဆိုတာ တွေ ရှိလာမှာ မဟုတ်သလို အောင်မြင်ကျော်ကြား သူတွေလည်း ဖြစ်လာစရာ ရှိမှာ မဟုတ်တော့ပါ ဟု သတိချပ် ဆင်ခြင်သင့်ပါတယ်။...

💠၃။ ဝေဒ (Veda / Wisdom) 👁

♦️ဒါကတော့ ပညာရပ်ရဲ့ အသိဉာဏ်ပိုင်း (Interface) ပါ။

💢"ဗေဒင်" ဆိုတဲ့ စကားလုံးက "Veda" (ဝေဒ) က လာတာဖြစ်ပြီး "သိခြင်း" (To Know) လို့ အဓိပ္ပာယ်ရပါတယ်။

💢သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ကံတရားရဲ့ လည်ပတ်ပုံကို ပညာမျက်စိ (The Eye of Wisdom) နဲ့ ကြည့်ရှုခြင်း ဖြစ်ပါတယ်။

💢EPS လို၊ KP လို စနစ်တွေဆိုတာ ဒီပညာကို စနစ်တကျ တွက်ချက်ထားတဲ့ ယုတ္တိဗေဒ (Systemic Logic) တွေပါ။

💡 ကျွန်ုပ် နားလည်လိုက်တဲ့ "ဗေဒင်" ဆိုတာ -
"သဘာဝတရား (Planets) ၏ စွမ်းအင်စီးဆင်းပုံကို အခြေခံပြီး ...

☸️ဓမ္မ (Karma) ၏ အကြောင်းအကျိုး ဆက်နွယ်မှုကို
ဝေဒ (Wisdom) ဟူသော ပညာမျက်စိဖြင့် သုံးသပ်ကာ ဘဝကို လမ်းမှန်တည့်မတ်ပေးသော ပညာရပ်" သာ ဖြစ်ပါတယ်ဟု ကောက်ချက်ချ သုံးသပ်ဆင်ခြင်မိပါသည်။

💠လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ (Saturn's Tests) ဆိုတာ ဒုက္ခတွေ မဟုတ်ဘဲ ကိုယ့်ဘဝကို ပိုမိုခိုင်မာအောင် တည်ဆောက်ပေးနေတဲ့ "Qualification Tests" (အရည်အချင်းစစ် စာမေးပွဲများ) သာ ဖြစ်ကြောင်း သဘောပေါက် လက်ခံနိုင်ကြပါစေ။

February 11, 2026, Wed-22:22:22 p.m

StarLight Astrology Research and Consulting
#ကိုလတ်( #မွန်းတည့်မျဉ်း)







02/09/2026

Fans

Address

202 Bay 43rd Street, 2FL
Brooklyn, NY
11214

Alerts

Be the first to know and let us send you an email when StarLight Astrology Research and Consulting posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to StarLight Astrology Research and Consulting:

Share