03/01/2025
ဓညဝတီဗေဒင်(Danyawadibaydin)U.S.A
နက္ခတ်ဗေဒင်ပညာယှိဆရာကြီး(ဦးဘိုးသာ)၏သား
လက္ခဏာနိမိတ်၊နက္ခတ်ဗေဒင်ဆရာကြီးဦးကျော်ခိုင်
ဗေဒင်လက္ခဏာပညာဒါန
(၂)ရက်ခရီး- နိမိတ်ဗေဒင်
TWO DAYS - TRAVELING
OMEN-ASTROLOGY
ပဏာမဂါရဝ[အနန္တောအနန္တငါးပါးနှင့်သင်ဆရာမြင်ဆရာကြားဆရာ၊ဘိုးဘေးဘီဘင်အထက်ပုဂ္ဂိုလ်မြတ်တို့အား(ပူဇေမိ)ပါ]
[နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ]
(Tomorrow)ကံပွင့်ဒါန-(သစ်သီး) လှူ
ကံပွင့်ဆောင်ပန်း- (အဖြူ) ရောင်ပန်း/ညွန့်
*ကြာသပတေး သားသ္မီးများ(၂)ရက်ခရီးကံဇာတာ*
မနက်ဖြန်(Tomorrow)မှစ၍(၂)ရက်အတွင်း-
ခရီးကံကောင်းနေတယ်၊
သာယာတဲ့လမ်း အောင်မြင်မှုရမယ်၊
ကူညီသူပေါမယ် လိုရာဆန္ဒပြည့်ဝမယ်၊
သိပ်လဲအခွင့်ရေးမယူမိဖို့လိုပါတယ်၊
သတိထားတာ ကြိုတင်ကာကွယ်တာဟာ ပိုတယ်လို့မရှိဘူး၊
လမ်းခရီး၌ ခက်ခဲနိမ့်ပါးအိုမင်းမစွမ်းသူများကို ကူညီစွန့်ကြဲနိုင်ရင် ပိုကောင်းမယ် ဘေးကင်းရန်ကွာလွန်ချမ်းသာနိုင်တယ်၊
(နတ်နေ/လာဘ်နေ)ကောင်း/ကံပွင့်မည့်အရပ်- (မြောက်ဘက်)အရပ်၊
(ထိဘေးရန်ပွါး)ကံညံ့လွယ်သောအရပ်- (အနောက်မြောက်ထောင့်)အရပ်၊
*(အရပ်မတည့်/ဓါတ်မတည့်)ခိုက်စာများ- မလတ်ဆတ်သော ဝက်သား၊ယိုစုံ၊အရက်၊အချိုရည်များ၊
*[လက်ဝါးပြင်၊ဂြိုဟ်ခုံလမ်း၊ခရီးလမ်း၊ဗွေရေစာ၊အမှတ်အသားများကောင်းက-ခရီးကံမဆိုးတတ်၊သိပ်ပူစရာမလို]
(ယုံကြည်ဆန္ဒရှိသူအဖို့)
*ကံညံ့လွယ်သောအရပ်သို့ မသွားမဖြစ် ခရီးဝေးသွားရန်ရှိက လုပ်ဆောင်သင့်သော ယတြာ*
နေအိမ်/နေရာမှမထွက်မီ-
မိမိကိုးကွယ်ရာဘာသာအရ-အနန္တောအနန္တ(၅)ပါးကို စိတ်ထဲမှာ အထူးအာရုံပြုရှိခိုးဦးချကန်တော့မှု(အလေး၊ဆလံ၊အရိုအသေ)ပြုလိုကပြု၊
သစ်သီးတစ်မျိုးမျိုး ကို-
* သောဘဂဝါ ဣတိပိ သတ္တာဒေဝမနုဿာနံ *
*(ThawBaGaWar EiTiPi ThatTarDayWaMaNoatTharNan)*
ဂါထာဖြင့် (၂၇) ကြိမ် ရွတ်ဆိုမန်းမှုတ်လျက်
ဒီခရီးမှာ ဘေးကင်းရန်ကွာ အောင်မြင်ပါစေဟု ဆုတောင်း၍ ဆောင်ပြီးနောက်-
နေအိမ်မှထွက်ခါလိုရာခရီးသွားလာက ပိုအဆင်ပြေမယ်၊
[ခရီးစဉ်အတွင်း- မန်းမှုတ်ထားသော (သစ်သီး) အနည်းငယ်စီကို စားသောက်သွားနိုင်က ပိုကောင်းမယ်]
မှတ်ချက်- အခါအားလျှော်စွာ လိုရမယ်ရ အလှည့်ကျ ပညာဒါနအဟောလေးမျှသာ(အသုံးတဲ့ရင်လဲသုံးကြပေါ့ဗျာ)
(ပညာရှိသတိဖြစ်ခဲ)-(အသွားမတော်တလှမ်း၊အပြောမတော်တခွန်း၊အစားမတော်တလုတ်၊နှုတ်ချိုလျှင်သျှိုတပါး)တဲ့၊ စည်းကမ်းသတိဉာဏ်ရှိရှိဖြင့် သီးခံစိတ်ထားမေတ္တာပွါး၊
(လက္ခဏာနှင့်ကံဇာတာ)- လက်ဝါးပြင်ရှိ လက္ခဏာအမှတ်အသားငယ်များဟာ မကြာခဏ ပြောင်းလဲဖြစ်ပေါ်တတ်တယ်၊ အခါအားလျော်စွာ စစ်ဆေးကြည့်ခြင်းဖြင့် ကံဇာတာ ကောင်း/ညံ့ကို ကြိုတင်သိရှိနိုင်မယ်၊(Prevention is better than Cure)
[ကံကြမ္မာတက်ကျသင်္ခါရ]- (မိုးကောင်းကင်ရှိ ကြယ်နက္ခတ်တာရာတို့သည် လူသား၏ သနားဖွယ်ရာ ခန္ဓာငယ်အားစီနင်းစိုးမိုးလျက်နေပေရာ ကံကြမ္မာအနိမ့်အမြင့်ရှိပုံမှာ ဒီရေအတက်အကျထက်ပင် မြန်ဆန်လေသည်)ဟု ကမ႓ာကျော် ကဗျာဆရာကြီး မီလ်တန်က ဆိုခဲ့၏
*ယတြာစွမ်းအား*မေး-(ဂြိုဟ်ဆိုး)ကံဆိုးချိန်/နှစ်မှာ ယတြာလုပ်ရင် ကောင်းမည်လား၊
(ဖြေ)-အချိန်စောပြီးအဆင်ပြေမှာပါ၊ယုံကြည်စွာ စေတနာမှန်ဖြင့်လုပ်ဆောင်က-ဗေဒင်လည်းမှန်/ယတြာလည်းအစွမ်းထက်တယ်၊
(မွေးရက်စွဲဖြင့်တွက်ချက်စီစဉ်၍ အထူးယတြာလုပ်က-ပိုကောင်းမည်)
လိုရမယ်ရ(မေးစရာလေးများ???)- ပညာ၊စာမေးပွဲ၊ဗျူး၊အမည်ပေး၊အချစ်/အိမ်ထောင်၊သားသ္မီး၊အလုပ်/ရာထူး/စီးပွါး၊ထီကံ၊ပျောက်ထာ(ပြန်ရ/မရ)၊ပြည်ပ/ခရီး၊ကျန်းမာရေး၊အိုကံ၊ထိဘေး၊မှုခင်း/ထောင်ကျ၊ပစ္စည်း(အမြန်ရောင်းထွက်ရေး)၊---???
ကံညံ့/ကံဆိုးချိန်- (၁)မွေးနေ့အရ (စနေ၊ရာဟု၊အင်္ဂါ)စသော ပါပဂြိုဟ်များ (ဂြိုဟ်ဝင်/ထွက်၊ဂြိုဟ်စား)ကာလများ၊ (၂)နက္ခတ်ဗေဒင်အရ မူလ(လဂ်၊စန်း၊မွေးနံ)ကို ကောဇာ(စနေ၊ရာဟု၊အင်္ဂါ)ပါပဂြိုဟ်များ (စီးနင်း/မြင်),(အာယုစန်းနက္ခတ်ပင်လယ်ကူး),(ဒသာညံ့)ကာလများမှာ- (ဆောင်/ရှောင်)မှုကို ကြိုတင်သတိ၊
ဉာဏ်ပူဇော်/ဗေဒင်မေး/တိုင်ပင်ဆွေးနွေးခဲ့ကြသော ပြည်တွင်း/ပြည်ပရှိ ချစ်မိတ်ဆွေ/ပရိဿတ်ဟောင်းများလည်း လိုရာပြည့်ဘေးရန်ကင်းကြစေရန် ဆရာကြီးမှ သတိရမေတ္တာပို့ဆုတောင်းလျက်၊
ဉာဏ်ပူဇော်/ဗေဒင်မေးလိုကြပေမဲ့ ဆရာကြီးမှာ(ဗေဒင်/ပညာဒါန၊သီလ၊ဘာဝနာ)အလုပ်များ၍ အရေးတကြီး/လိုအပ်သူမှအပ မေးသူတိုင်းအားဟောမပေးနိုင်ခြင်းကို စိတ်မရှိကြနဲ့နော်၊
ဗေဒင်ချစ်ဆွေများလိုရာခရီးချောမွေ့ကြစေသောဝ်
Hand Reading Professor V.V.KyawKhaing
Tel: (716)603-3258 New York, U.S.A
www.facebook.com/danyawadibaydin