The Handsome Man Tarot

The Handsome Man Tarot Consulting the good and evil of this life with Tarot

🚩 သတိထားရမယ့်သင့်ရဲ့ shadow side red flags 🚩 👁️ Pick One Reading 👁️  လိုတိုရှင်း ဒဲ့ပဲဖတ်ချင်တဲ့သူများ ရွေးတော်မူကြ
07/28/2025

🚩 သတိထားရမယ့်သင့်ရဲ့ shadow side red flags 🚩
👁️ Pick One Reading 👁️
လိုတိုရှင်း ဒဲ့ပဲဖတ်ချင်တဲ့သူများ ရွေးတော်မူကြ

🪷 July 21st 2025, Monday 🪷 ပျင်းတာသိပေမဲ့ ပျင်းမနေကြပါနဲ့နော်။ 😁 လက်တလော လုပ်စရာလေးတွေကော ရေရှည်ပလန်ဆွဲပြီးလုပ်ရာမှာတွေက...
07/21/2025

🪷 July 21st 2025, Monday 🪷

ပျင်းတာသိပေမဲ့ ပျင်းမနေကြပါနဲ့နော်။ 😁

လက်တလော လုပ်စရာလေးတွေကော ရေရှည်ပလန်ဆွဲပြီးလုပ်ရာမှာတွေကိုပါ တစ်ဆင့်ချင်းစီစဉ်ပြီး စတင်လို့ကောင်းတဲ့ နေ့ရက်လေးတစ်ရက်ပါ။ 🤩

ကိုယ့်ဘဝရဲ့ ရှင်ဘုရင်ဟာ ကိုယ်ပဲမို့ ဘယ်သူမှ ကိုယ့်ကိုလာစိုးမိုးတာမခံဘဲ မှန်ကန်တဲ့ရည်ရွယ်ချက်၊ ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့သာ ရည်မှန်းထားတာတွေကို လုပ်မယ်ဆိုရင် ရွှေထီးရွှေနန်း ရွှေကြငှန်းလည်း လာစမ်းငါ့ဆီ အောင်ရမည် ပေါ့။ 👑

တစ်ခါတလေလည်း ဘဝမှာ PGK သင့်ရင် PGK ရမယ်လေနော်။ 😂

ဒါပေမဲ့
မိမိကြောင့် သူတစ်ပါးစိတ်ဆင်းရဲရမယ့် အလုပ်ကို ရှောင်ပြီး သီလလုံခြုံအောင် နေရပါမယ်တဲ့။

မေတ္တာတရားဟာ အောင်နိုင်ခြင်းတဲ့။ 🤍

ဒီနေ့ဟာလည်း အေးချမ်းတဲ့မေတ္တာနဲ့ အောင်မြင်မယ့်နေ့လေးတစ်နေ့ပါ။ 🪷

ကျန်းမာရွှင်လန်းကြပါစေ။

The Handsome Man Tarot

“The Next Chapter of Your Life”🪷 သင့်ဘဝရဲ့စာမျက်နှာသစ် 🪷 “Pick an Entrance” Poetic Tarot Reading ကဗျာဆန်ဆန် ဖတ်ချင်သူမျာ...
07/19/2025

“The Next Chapter of Your Life”
🪷 သင့်ဘဝရဲ့စာမျက်နှာသစ် 🪷
“Pick an Entrance” Poetic Tarot Reading
ကဗျာဆန်ဆန် ဖတ်ချင်သူများ ရွေးတော်မူကြစေ။

“Fundraising with Tarot” campaign လေးကနေ စုပေါင်းအလှူငွေ ၃,၆၃၁,၃၂၀ ကျပ်တိတိ ကောက်ခံရရှိခဲ့ပါတယ်ဒီအလှူငွေဟာ ကျွန်တော်တို့...
04/08/2025

“Fundraising with Tarot” campaign လေးကနေ စုပေါင်းအလှူငွေ ၃,၆၃၁,၃၂၀ ကျပ်တိတိ ကောက်ခံရရှိခဲ့ပါတယ်

ဒီအလှူငွေဟာ ကျွန်တော်တို့ The Handsome Man Tarot နဲ့ 𝐓𝐡𝐞 𝐅𝐨𝐥𝐤𝐥𝐨𝐫𝐢𝐚𝐧 𝐓𝐚𝐫𝐨𝐭 ရဲ့ reader နှစ်ဦးနဲ့အတူ မြန်မာနိုင်ငံမှသာမက USA တွင်နေထိုင်နေကြသော အလှူရှင်များအားလုံးရဲ့ စုပေါင်းအလှူပဲဖြစ်ပါတယ်
ဤကာလဒါနကုသိုလ်မှာ ပါဝင်လှူဒါန်းပေးကြတဲ့သူတစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်

ကောက်ခံရရှိထားတဲ့အလှူငွေများကို ငလျင်ဒဏ်သင့်ပြည်သူများအတွက် လိုအပ်ရာရိက္ခာများထောက်ပံ့နိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများမှတစ်ဆင့် တစ်ပြားတစ်ချပ်မကျန် ပြန်လည်လှူဒါန်းပေးသွားမှာဖြစ်ပါတယ်

လှူဒါန်းထားတဲ့အထောက်အထားများကိုလည်း page မှတစ်ဆင့် ပြန်လည်ဖော်ပြပေးသွားပါမယ်ခင်ဗျာ





"Fundraising with Tarot"မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားခဲ့တဲ့ အင်အားကြီးငလျင်ဒဏ်သင့် ပြည်သူတွေပြန်လည်ထူထောင်ကယ်ဆယ်ရေးလုပ...
04/01/2025

"Fundraising with Tarot"

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားခဲ့တဲ့ အင်အားကြီးငလျင်ဒဏ်သင့် ပြည်သူတွေပြန်လည်ထူထောင်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် The Handsome Man Tarot နှင့် 𝐓𝐡𝐞 𝐅𝐨𝐥𝐤𝐥𝐨𝐫𝐢𝐚𝐧 𝐓𝐚𝐫𝐨𝐭 ရှိ reader သူငယ်ချင်းများက Tarot ဆွေးနွေးဟောပေးခြင်းဖြင့် fundraising event လေးတစ်ခု လုပ်ပါမယ်ခင်ဗျာ။
Tarot မေးရင်း လှူလို့ရတဲ့ အစီအစဉ်လေးပါ။
ကျွန်တော်တို့ ကနဦးအနေဖြင့် မြန်မာကျပ်ငွေ ၂၅သိန်း မ တည် လှူဒါန်းမှာဖြစ်ပြီး
မိတ်ဆွေများက ပြည်သူအချင်းချင်း ကူညီကယ်ဆယ်လိုတဲ့စေတနာအလျောက် fundraising မှာ ပါဝင်လှူဒါန်းလို့ရပါတယ်။
ဒီအစီအစဉ်လေးမှာ မြန်မာငွေ ၁၀,၀၀၀ ကျပ်နှင့်အထက် လှူဒါန်းသူတွေကို reward အနေဖြင့် သိလိုရာ မေးခွန်း ၃ခုကို ကျွန်တော်တို့သင်ယူတတ်မြောက်ထားတဲ့ပညာနဲ့ အခမဲ့ဟောပေးသွားပါမယ်ခင်ဗျာ။
Fundraising period ကတော့ ဧပြီလ ၁ရက်နေ့မှ ဧပြီလ ၅ရက်နေ့ထိ ဖြစ်ပါတယ်။
ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများ ပြန်လည်ထူထောင်ရေးနှင့် မြေပြင်
ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ထိရောက်သောနေရာများတွင် လှူဒါန်းပေးသွားပါမည်။
ပါဝင်သူတစ်ယောက်စီတိုင်းကို နာမည်နှင့်အတူ Certificate များ ချီးမြှင့်ပေးပါမည်။
နိုင်ငံရပ်ခြားက ပါဝင်လှူဒါန်းလိုသူများအတွက်လည်း PayPal, Zelle တို့နဲ့ ပါဝင်လို့ရပြီး Page Chatbox တွေမှာ စုံစမ်းလို့ရပါတယ်ခင်ဗျာ။

ဘေးကင်းကျန်းမာကြပါစေ။

#ငလျင်





၂၀၂၅ သင့်ဘဝရဲ့ နွေဦးပုံပြင် Pick a Pile Reading 🍀🌻အခုလို စိတ်ပင်ပန်းစရာတွေများတဲ့ကာလမှာ ကျေးလက်ဒေသနဲ့ကမ်းခြေမှာ summer p...
03/02/2025

၂၀၂၅ သင့်ဘဝရဲ့ နွေဦးပုံပြင် Pick a Pile Reading 🍀🌻
အခုလို စိတ်ပင်ပန်းစရာတွေများတဲ့ကာလမှာ ကျေးလက်ဒေသနဲ့ကမ်းခြေမှာ summer picnic လေး ထွက်ရရင် ကောင်းမှာပဲဆိုပြီး အတွေးပေါ်လာလို့ ကိုယ်အရွေးချင်ဆုံး ပုံလေးကို ရွေးချယ်ပြီး နွေဦးပုံပြင်လေးကို ပုံဖော်ကြည့်ရအောင်။




Good Morning November 🤎 ပထမဆုံးနေ့မှာ နိုးထလာတဲ့အခါ မိမိကိုယ်ကို အရင်ကျေးဇူးတင်ဂုဏ်ပြုပေးပါ။ ဒီနေ့ဒီအချိန်ထိ ဘဝရဲ့အခက်အခ...
11/01/2024

Good Morning November 🤎
ပထမဆုံးနေ့မှာ နိုးထလာတဲ့အခါ မိမိကိုယ်ကို အရင်
ကျေးဇူးတင်ဂုဏ်ပြုပေးပါ။
ဒီနေ့ဒီအချိန်ထိ ဘဝရဲ့အခက်အခဲတွေကြားထဲမှာ သဘာဝရဲ့ ရေကိုသောက် လေကိုရှူ မြေမှာရပ်တည် အသက်ရှင်သန်
နိုင်နေသေးပါလားဆိုတဲ့စိတ်ကလေးနဲ့ ကိုယ့်ကိုယ်ကိုယ် ကောင်းသောအပြုသဘောဆောင်တဲ့စိတ်ကလေးနဲ့ appreciate လုပ်ပေးပါ။

ထို့နောက် ကိုယ့်ကို ဒီအချိန်ထိ အသက်ရှင်နိုင်အောင် တစ်ထောင့်တစ်နေရာကပဲ ဖြစ်ဖြစ် ပံ့ပိုးပေးခဲ့ကြသူတွေ၊ အထူးသဖြင့်မိဘနှစ်ပါး၊ ကိုယ့်မိသားစု၊ ဆရာသမား၊ "တစ်လုတ်စားဖူး သူ့ကျေးဇူး" ဆိုတဲ့အလျောက် ကျေးဇူးရှိခဲ့ကြသူတွေကို ကျေးဇူးတင်စိတ်လေးမွေးဖွားပြီး gratitude ပြသကာ appreciate လုပ်ပေးပါ။

မိမိကို စောင့်ရှောက်ပေးကြတဲ့ Guardians အစောင့်အရှောက်ပုဂ္ဂိုလ်ထူးတွေ၊ ကိုယ့်ကို spiritual realm ကနေ ကူညီပေးနေကြသူတွေ၊ တောင်းဆုပြည့်အောင် ဖြည့်ဆည်းပေးကြသူတွေကို ကျေးဇူးသိတတ်စွာ gratitude ထုတ်ဖော်ပြသပေးပါ။

ထို့နောက် အကောင်းအဆိုးရောထွေးနေတဲ့ အလှတရားတွေ ပြည့်နှက်နေတဲ့ အတိုင်းမသိဆန်းကြယ်လှတဲ့ Universe ကြီးကို ကျေးဇူးတင်ကြောင်းပြောပြပေးပါ။

ဒီလိုပြုလုပ်ခြင်းအားဖြင့် ဗုဒ္ဓဘုရားရှင် ဟောကြားခဲ့တဲ့
"ကတညုတာ ဧတံမင်္ဂလမုတ္တမံ" ဆိုတဲ့ မင်္ဂလာတရားတော်နဲ့ ညီညွတ်တဲ့အတွက်ကြောင့် မင်္ဂလာရှိတဲ့အပြုအမူတစ်ခု လုပ်ဖြစ်သွားပါတယ်။

မင်္ဂလာရှိတဲ့အလုပ်ကိုပြုလုပ်ခြင်းအားဖြင့် မိမိရဲ့ soul ဟာ သန့်စင်မွန်မြတ်ခြင်းရဲ့ အနှစ်သာရကို ခံစားရရှိစေတဲ့အတွက်ကြောင့် positive energy စွမ်းအင်ကို ရရှိနိုင်ပြီး
ကံကောင်းခြင်း ကံတက်ခြင်း ဘုန်းကံကြီးမြင့်ခြင်းတွေလည်း ဧကန်ဖြစ်လာတတ်ပါတယ်။

နေ့တိုင်းလုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးတွေရဲ့ မျိုးစေ့တွေကို စိုက်ပျိုးပေးသလိုကို ဖြစ်လာပါလိမ့်မယ်။

Energy နဲ့အလုပ်လုပ်ကြတဲ့အခါ နှုတ်က စကားမပြောရင်တောင် ကိုယ့် energy ကပဲ စကားပြောသွားမှာပါ။

ကျန်းမာရွှင်လန်းကြပါစေ။

The Handsome Man Tarot



10/31/2024

✨🪔 Diwali Special: Sharing Blessings from Gods and Goddesses 🪔✨
အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ 🙏😇

ယနေ့ည ၃၁ရက်နေ့ညမှာ ဒီပါဝလီနေ့အထိမ်းအမှတ်gods and goddesses တွေရဲ့ မေတ္တာခံယူခြင်းနဲ့ blessing ခံယူခြင်းအတွက် blessing re...
10/31/2024

ယနေ့ည ၃၁ရက်နေ့ညမှာ ဒီပါဝလီနေ့အထိမ်းအမှတ်
gods and goddesses တွေရဲ့ မေတ္တာခံယူခြင်းနဲ့ blessing ခံယူခြင်းအတွက် blessing reading video လေး တစ်ခုကို တင်ပေးပါမယ်ခင်ဗျာ။
💫🪔🪔🪔💫

မင်္ဂလာပါ။ ဒီလို active သိပ်မဖြစ်တဲ့ page လေးကနေ ဒီလောက်တောင်ဟောပေးရပြီး ဒီလောက်တောင် ယုံယုံကြည်ကြည် ဝိုင်းဝန်းပါဝင် လှူ...
09/19/2024

မင်္ဂလာပါ။ ဒီလို active သိပ်မဖြစ်တဲ့ page လေးကနေ ဒီလောက်တောင်ဟောပေးရပြီး ဒီလောက်တောင် ယုံယုံကြည်ကြည် ဝိုင်းဝန်းပါဝင် လှူဒါန်းပေးကြလိမ့်မယ်လို့ မထင်ခဲ့တာတကယ်ပါ။

အချိန်သင့်အခါသင့် ပညာနဲ့လှူဒါန်းတဲ့ အလှူကဏ္ဍမှာ ပါဝင်မေးမြန်းကြတဲ့ Querent တစ်ဦးချင်းစီကို သာဓုခေါ်ဆို ဂုဏ်ပြုပါတယ်။
စုစုပေါင်းအလှူငွေ ၇၅၇,၀၀၀ ကျပ်ရရှိပြီး ၁၀၀% ကို လိုအပ်သောနယ်ပယ်မှာ ဒီနေ့ လှူဒါန်းပြီးသွားပါပြီ။

ပုံမှန်ဆို tarot spread အကြီးကြီးနဲ့ အများကြီးဟောပေးရတဲ့ one-year reading ကို သိန်းဂဏန်းဈေးထားရှိခဲ့ပေမဲ့ အခုအလှူကဏ္ဍမှာ calling ရတာတွေကြောင့်ရော၊ ဟောပေးချင်တာတွေ၊ ပညာနဲ့လှူပေးချင်ခဲ့တာတွေကြောင့်ရော
၅၀% လောက်ကို ဈေးလျှော့ထားခဲ့ပြီး
လူတော်တော်များများကို ၁သောင်းခွံလောက်နဲ့သာ ဟောပေးခဲ့ပါတယ်။

အလှူအတွက် သင့်တော်တဲ့ပမာဏထက် ပိုလှူပေးခဲ့ကြသူများလည်းရှိသလို ဘာမှမမေးဘဲ ဒီတိုင်းလှူပေးသွားကြသူများလည်းရှိပါတယ်။

စစ်မှန်သောစေတနာ၊ အေးချမ်းသောမေတ္တာ၊ လှပသောကရုဏာတွေနဲ့ ပါဝင်လှူဒါန်းပေးခဲ့ကြသူတွေကို ဝမ်းမြောက်ဝမ်းသာ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါတယ်။

The Handsome Man Tarot

✴️ Tarot မေးရင်း သဘာဝဘေးဒဏ်ခံစားနေရသူတွေအတွက် ကုသိုလ်တူတူပြုလို့ရပါပြီ ✴️အခုလက်ရှိ ရေဘေးနဲ့သဘာဝဘေးခံနေရတဲ့ မြန်မာပြည်သူတ...
09/13/2024

✴️ Tarot မေးရင်း သဘာဝဘေးဒဏ်ခံစားနေရသူတွေအတွက် ကုသိုလ်တူတူပြုလို့ရပါပြီ ✴️

အခုလက်ရှိ ရေဘေးနဲ့သဘာဝဘေးခံနေရတဲ့ မြန်မာပြည်သူတွေ စားဝတ်နေရေးအတွက် ကူညီကုသိုလ်ပေးလို့ရအောင် Tarot ပညာဒါနလေးလုပ်ပေးချင်လို့ပါ။
ပုံမှန်ထက် တကယ်ကို အများကြီးကို ဈေးလျှော့ပေးထားပါတယ်။ နိုင်ငံခြားက မြန်မာတွေပါ လှူလို့ရအောင် လုပ်ပေးထားပါတယ်။ ပုံမှန်ဆို ကျောင်းနဲ့အလုပ်နဲ့ လုံးဝ မအားတာကြောင့် page က active သိပ်မဖြစ်ပါဘူး။ ခု တစ်ပတ်ပဲ ဒီအလှူလေး လုပ်ပေးမှာပါ။
Tarot ဟောပြီး ရသမျှအလှူငွေတွေအားလုံး ၁၀၀%ကို လိုအပ်နေတဲ့ပြည်သူတွေကို ကူညီပေးဖို့ လှူဒါန်းသွားမှာဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ Tarot မေးရင်း လှူဒါန်းလို့ရတဲ့ ကာလ ကတော့ 9/13/2024 ကနေ 9/18/2024 ထိ ခြောက်ရက်ဖြစ်ပါတယ်။

နှစ်သက်ရာမေးခွန်းတစ်ခု - စေတနာရှိသလောက်ပေးနိုင်
1 Question - As you wish and donate

နှစ်သက်ရာမေးခွန်းခြောက်ခု - ၅၀၀၀ ကျပ်
6 Questions - 5,000 Kyat (or) $5 USD

ပညာရေးသီးသန့် - ၆၀၀၀ ကျပ်
Education General Reading - 6,000 Kyat (or) $6 USD

အချစ်ရေးသီးသန့် - ၆၀၀၀ ကျပ်
Single/RS General Reading - 6,000 Kyat (or) $6 USD

တစ်လစာရှေ့ပြေးကံကြမ္မာ - ၁၅၀၀၀ ကျပ်
One-Month General Reading - 15,000 Kyat (or) $15 USD

တစ်နှစ်စာရှေ့ပြေးကံကြမ္မာ - ၅၀၀၀၀ ကျပ်
One-Year General Reading - 50,000 Kyat (or) $50

Tarot ဟောကိန်းကို လှူဒါန်းထားသော payment SS ပြပြီး၂ရက်အတွင်း ဟောပေးမှာဖြစ်ပါတယ်။
K Pay Note မှာ The Handsome Man Tarot လို့ ရေးပေးရပါမယ်။ SS နဲ့တကွပြသပေးပါ။

နိုင်ငံခြားကလူတွေအတွက် PayPal နဲ့ USA က လူတွေအတွက် Zelle တို့ကနေတစ်ဆင့် လှူလို့ရပါတယ်။

ပြည်သူအချင်းချင်း စည်းစည်းလုံးလုံးနဲ့ လက်တွဲကူညီဖေးမပေးကြရအောင်ပါ။ 🙏

The Handsome Man Tarot

Daily message | 2024 July 21 🍀"ကိုယ့်ပေါ်ပြုဖူး၊ သူ့ကျေးဇူး၊ အထူးသိတတ်စေ။" ထမင်းတစ်လုတ် ရေတစ်မှုတ်မျှ ကျေးဇူးရှိဖူးသူကို...
07/21/2024

Daily message | 2024 July 21 🍀

"ကိုယ့်ပေါ်ပြုဖူး၊ သူ့ကျေးဇူး၊ အထူးသိတတ်စေ။"

ထမင်းတစ်လုတ် ရေတစ်မှုတ်မျှ ကျေးဇူးရှိဖူးသူကိုပင် ကျေးဇူးဆပ်ခြင်းဟာ မင်္ဂလာတရားဖြစ်ကြောင်း ဗုဒ္ဓကိုယ်တော်တိုင် ဟောပြခဲ့ပါတယ်။

မိမိအပေါ်ကျေးဇူးရှိတဲ့သူများကို ကိုယ့်ရဲ့ gratitude ကို ပြခြင်းအားဖြင့် ကံကောင်းခြင်းများကို ခံစားနိုင်ပါတယ်။

ကိုယ့်ကို မမှန်မကန် ပြောဆိုကြသူတွေ၊ တစ်ဖက်သတ်အတွေးနဲ့ လိုရာဆွဲတွေးပြီး ကိုယ့်ကို မကောင်းမြင်ကြသူတွေ၊ ကိုယ့်ကို မကောင်းတဲ့ပုံစံတွေနဲ့ ပြောဆို ဆက်ဆံသူတွေ၊ သူတို့အားလုံးကိုလည်း ခွင့်လွှတ်ပြီးသားမေတ္တာစိတ်လေးနဲ့ပဲ ဆက်ဆံပေးသင့်ပါတယ်။

ဘုရားပန်းအဖြူရောင် ကပ်လှူခြင်းကုသိုလ်ပြုသင့်ပါတယ်။ အဝါရောင်နဲ့ အနီရောင်တို့ဟာ ကံကောင်းစေတဲ့အရောင်တွေ ဖြစ်ပါလိမ့်မယ်။

ကျန်းမာရွှင်လန်းကြပါစေ။ 🙏🏻

The Handsome Man Tarot




Address

Daytona Beach, FL
32129

Alerts

Be the first to know and let us send you an email when The Handsome Man Tarot posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to The Handsome Man Tarot:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram