05/20/2026
တစ်လကို US$ 12,000 ကျော်ရမယ့် အလုပ်လုပ်ပြီး ကမ္ဘာရဲ့ အစားအသောက်ထုတ်လုပ်တဲ့ နည်းလမ်းကို ပြောင်းလဲမယ်၊ 🇬🇧
📚သိပ္ပံပညာကို သုံးပြီး အစားအသောက်ထုတ်လုပ်တဲ့စနစ်ကို ပိုကောင်းအောင်ပြောင်းလဲနေတဲ့ သိပ္ပံပညာရှင်တွေရှိသလို၊ ငွေအင်အားကို သုံးပြီး ပြောင်းလဲပေးနေတဲ့ ရင်းနှီးမြှုပ်နှံသူတွေလဲရှိတယ်၊ အဲဒါနဲ့ဆက်စပ်တဲ့ Finance နယ်ပယ်က အခွင့်အရေးတခုအကြောင်းပြောပြချင်ပါတယ်၊
📚တိရိစ္ဆာန်ကို မွေးမြူသ-တ်ဖြတ်ပြီး အသားထုတ်တဲ့ လုပ်ငန်းတွေကို လျော့နည်းပပျောက်အောင် လုပ်နေတဲ့ Private Equity Fund (PE) တစ်ခုရှိပါတယ်၊
📚PE ဆိုတာက အလားအလာရှိတယ်လို့ထင်တဲ့ ကုပ္ပဏီတွေကို ငွေကြေးရင်းနှီးမြှုပ်နှံတဲ့ ကုပ္ပဏီဖြစ်ပါတယ်၊
သူတို့က ယခုခေါ်နေတဲ့ position တခုအကြောင်းလဲပြောပြပေးပါမယ်၊
သူ့နာမည်က Synthesis Capital ပါ၊ သူတို့မှာ ရင်းနှီးမြှုပ်နှံဖို့ US$ 300 million ရှိပါတယ်၊ ဒီ US$ 300 million ကို သူတို့ရဲ့ asset under management (AUM) လို့ခေါ်ပါတယ်၊ သူတို့က ဒီငွေပမာဏများစွာကိုသုံးပြီး animal agriculture (တိရိစ္ဆာန်မွေးမြူသ-တ်ဖြ-တ်ရေး)ကို အားမကိုးတဲ့ food technology တွေမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုတာပါ။
📚 သူတို့ ရင်းနှီးမြှုပ်နှံထားပြီးဖြစ်တဲ့ company တချို့က ဘယ်လို ကုပ္ပဏီလဲ?
❤️ UPSIDE Foods (US) — ကြက်ကလေးတွေကို မသုံးပဲ ကြက်လေးတွေရဲ့ cell ကနေပဲ ကြက်သားထုတ်တဲ့ ကုပ္ပဏီ၊ ဒီကုပ္ပဏီအကြောင်း post တွေရေးဖူးပါတယ်၊ comment မှာကြည့်ပါ၊
❤️ Savor (US) — နွားနို့ထွက်ပစ္စည်းမဟုတ်တဲ့ ထောပတ်ကို ထုတ်တာ။
❤️ Perfect Day (US) — နွားး မပါဘဲ precision fermentation နဲ့ နွားနို့ ထွက်ပစ္စည်းနဲ့ တပုံစံတည်းတူတဲ့ dairy protein ထုတ်တာ
❤️ Redefine Meat (Israel) — အပင်တွေသုံးပြီး သက်သတ်လွတ် steak ထုတ်တဲ့ ကုပ္ပဏီ
📚တိရိစ္ဆာန်လေးတွေကို ကုန်ပစ္စည်းလို မွေးမြူအသုံးပြုနေတဲ့ ခေတ်ကုန်သွားဖို့က သိပ္ပံပညာရှင်တွေပဲ လုပ်နေတာမဟုတ်ဘူး၊ vegan တွေကလည်းပဲ ကြိုးစားနေတာမဟုတ်တော့ဘူး၊ လုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံမယ့် ငွေကြေးကိုင်ဆိုင်ထားသူ PE Fund တွေပါပါဝင်လာတာပါ၊
📚Synthesis Capital မှာ အခုလဲ အလုပ်ခေါ်နေပါတယ်၊ Finance background ရှိတဲ့ သူတွေ အတွက်အထူးသင့်တော်ပါတယ်၊
📚Senior Associate role ပါ၊
-ရင်းနှီးမြှုပ်နှံဖို့ အထူးသင့်တော်တဲ့ လုပ်ငန်းတွေကိုရှာရမယ့် position ဖြစ်ပါတယ်၊
-5-7 years of experience in finance
-London မှာ အခြေစိုက်အလုပ်လုပ်ရမယ်၊
-ယခုလက်ရှိ တိရိစ္ဆာန်ကို အသုံးပြုနေတဲ့အစားအသောက်ထုတ်လုပ်တဲ့ နည်းလမ်းကို အမှန်တကယ်ပြောင်းလဲချင်တဲ့ စိတ်ရှိရမယ်
-လစာက အလုပ်ခေါ်စာမှာ ထည့်သွင်းမပြောထားပေးမယ် တစ်လကို US$ 12,000 လောက်ထိရတက်တယ်၊ PE fund တွေရဲ့ senior associate ရဲ့ လစာက အဲဒီလောက်ပါ၊
-Deadline: 29th May
📚Finance အတွေ့အကြုံရှိပေမယ့် ဒီ food tech နယ်ပယ်ကို မရင်းနှီးဖူးဆိုရင်
၁)၃-၄ နာရီပဲ အချိန်ရင်းပြီး အခမဲ့ တက်လို့ရတဲ့ Online class ရှိပါတယ်၊
၂)ဒီ page ဖြစ်တဲ့ Forward Food Tech MM က post တွေအခမဲ့ဖတ်ရှုလေ့လာပါ၊
၃)Free resource guide တွေရှိတဲ့ Telegram channel ကို join ပါ၊
📚 Student တွေ၊ career changers တွေအတွက်နောက်ပိုင်းအခွင့်အရေးတွေ ကိုမျှဝေသွားပါမယ်၊
Science degree မရှိပဲလဲစိတ်ပူစရာမလိုပါဘူး၊ ဒီနယ်ပယ်မှာ အခွင့်အရေးရှိပါတယ်၊
ဒီ sector ထဲ ဘယ်နေရာကနေ ဝင်ချင်တယ် — science, business, policy, finance — ဘယ်ဟာ? Comment မှာ ပြောပြပါ 👇
ဒီ field ထဲ ဝင်ချင်တဲ့ လူတွေအတွက် free career resources တွေ Telegram မှာ ရပါတယ် — link in bio 🌿