Bless 7 Medicines and USA Products

Bless 7 Medicines and USA Products Cosmetics outlet ပစည်းလံုးဝမရောင်းပါ. စတိုးမှရသည့် gift အတိုင်းပြန်ရမည်. စျေးတော့မပေါပါ.

ဒီနေ့မနက်ကတော့ မြတ်စွာဘုရားကို သင်္ကန်းသွားကပ်လို့ ဘုန်းကြီးကျောင်းက အာရုံဆွမ်းကျွေးတာ မမှီတော့လို့ ဟော်တယ်ကမနက်စာစားပီး...
10/14/2025

ဒီနေ့မနက်ကတော့ မြတ်စွာဘုရားကို သင်္ကန်းသွားကပ်လို့ ဘုန်းကြီးကျောင်းက အာရုံဆွမ်းကျွေးတာ မမှီတော့လို့ ဟော်တယ်ကမနက်စာစားပီး မမပေးတဲ့မုန့်တွေနဲ့ ဆွမ်းကပ်ပါတယ်...
🙏🙏🙏

10/13/2025

ဒီနေ့ ထမင်းစားလို့ကောင်းလို့ ၂ပန်းကန်တောင်စားတယ်. ကြက်သားကြော်. ငါးဖယ်ဟင်း. မန်ကျည်းရွက်ချဉ်ရည်. ငပိကြော်…

မနက်စာလဲ ကြာဇံချက်နဲ့ ဆီထမင်းရှယ်ကောင်း…

အလှူရှင်များနှင့်တကွ ဝေယျာဝစ္စလုပ်အားပေးသူများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေ… 🙏

မနက်စာအာရုံဆွမ်းကို မမပေးတဲ့ Butter cake နဲ့ ဩဇာသီးနဲ့ ဆက်ကပ်ပါတယ်…🙏🙏🙏
10/13/2025

မနက်စာအာရုံဆွမ်းကို မမပေးတဲ့ Butter cake နဲ့ ဩဇာသီးနဲ့ ဆက်ကပ်ပါတယ်…
🙏🙏🙏

ဓာတ်ပုံများအား အောင်ဆန်းကျောင်း page မှ ကူးယူပါသည် 🙏🙏🙏
10/12/2025

ဓာတ်ပုံများအား အောင်ဆန်းကျောင်း page မှ ကူးယူပါသည် 🙏🙏🙏

10/12/2025

ဘုရားပေါ်တက်ရင် ဖုံးတွေထားခဲ့ရလို့ ဘာပုံမှမရိုက်ရပါဘူး. နောက်ရက်မှ အဲ့ထဲက ဓာတ်ပုံဆရာနဲ့ရိုက်ပါမယ်...

ရီချင်တာကလေ ဘုရားထဲကအထွက် တုတ်တုတ်စီးဖို့ လမ်းလျှောက်ရချိန် အန်တီကြီးတွေက ကိုယ့်ကိုတွဲတယ်... အရေးအကြောင်းချော်လဲရင် ကိုယ်ကအရင်ကျိုးမှာ သူတို့မသိဘူး... 🤣🤣🤣🤣🤣

ရေဒီယိုဘားမှသည် နိဗ္ဗာန်ထိ မင်းနဲ့အတူသွားချင်တယ် ဟိဟိ 🤭🥰၅နှစ်နဲ့ ၈ လအကြာမှာ ပြန်ဆုံရသော ချစ်သူနှင့် ❤️ဒီလိုနေရာမှာဆုံဖို...
10/12/2025

ရေဒီယိုဘားမှသည် နိဗ္ဗာန်ထိ မင်းနဲ့အတူသွားချင်တယ် ဟိဟိ 🤭🥰

၅နှစ်နဲ့ ၈ လအကြာမှာ ပြန်ဆုံရသော ချစ်သူနှင့် ❤️

ဒီလိုနေရာမှာဆုံဖို့ဆိုတာ အတိတ်က ပြုခဲ့တဲ့ ကုသိုလ်အကြောင်းတရားကြောင့်သာ တရားအတူဝင်ပီး မြတ်စွာဘုရားရဲ့ သတ္တဌာန ၇နေရာကိုလည်း အတူဖူးခွင့်ရခဲ့တယ်...

အမေရိကနေသူနှင့် မြန်မာပြည်နေသူဟာ ဘုရားပွင့်ရာနေရာ ဗုဒ္ဓဂါယာအောင်မြေမှာ အတူလာဆုံဖို့ဆိုတာ တော်ရုံရေစက်တော့မဟုတ်ဘူး...
🙏🙏🙏

ယနေ့ 11.10.2025 (စနေနေ့)   ☸️ အောင်ဆန်းဆရာတော်   ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ ☸️      ထေရ်ရှင်မြတ် မှ ကြီးမှူး၍🙏အိန္ဒိ...
10/11/2025

ယနေ့ 11.10.2025 (စနေနေ့)

☸️ အောင်ဆန်းဆရာတော်
ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ ☸️
ထေရ်ရှင်မြတ် မှ ကြီးမှူး၍
🙏အိန္ဒိယနိုင်ငံ၊ဗုဒ္ဓဂယာမြေမြတ်မဟာ🙏တွင်
ကျင်းပသော
🌼 (၁၀)ကြိမ်‌မြောက် မိုးကုတ်ဝိပဿနာတရားစခန်းအားထုတ်ပူဇာ်ပွဲ ဖွင့်ပွဲ 🌼

🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

(အောင်ဆန်းကျောင်း page မှ ကူးယူပါသည် 🙏)

💧 ရေစက်တို့သည် ဘုရားပွင့်ရာမြေတွင် ဆုံတတ်သည် 💧

ဘုန်းဘုန်းရှိရင် အားလုံးပြည့်စုံပီ 🙏သူ့သမီးအသုံးအဖြုန်းကြီးလို့ ငွေလေး ၁၀၀၀ ထဲလှူတာကို သမီးသုံးစရာရှိသေးလား များတယ်ပြန်ယ...
10/11/2025

ဘုန်းဘုန်းရှိရင် အားလုံးပြည့်စုံပီ 🙏

သူ့သမီးအသုံးအဖြုန်းကြီးလို့ ငွေလေး ၁၀၀၀ ထဲလှူတာကို သမီးသုံးစရာရှိသေးလား များတယ်ပြန်ယူသွား တဲ့…
(သူဌေးတွေက အဆတစ်ရာလောက်လှူနေကြတာကို သူ့သမီးခရီးသွားနေတော့ မလောက်မှာစိုးလို့ မေတ္တာတရားကြီးမားတာ)

အလိုတွေကြောင့်လဲ ဘုန်းဘုန်းကျန်းမာပြီး သက်ရှိထင်ရှားရှိတုန်းမှာ ခုလို ဗုဒ္ဓဂါယာမှာ လာဆုံတွေ့သလို နောင် ၂နှစ်အတွင်းလဲ ဘုရားတည်ဖို့ ကတိပေးထားပါတယ်…

ကျေးဇူးဆပ်ခွင့်ရတုန်း ဆပ်ရလို့ ဝမ်းသာရပါတယ်. ဘုန်းဘုန်းကလဲ အရမ်းဝမ်းသာတာ. သူများနဲ့မိတ်ဆက်ပေးတိုင်း ငါ့သမီးလေ အမေရိက က လာတာတဲ့ အဟိ 🤭

ဘုန်းဘုန်းသက်ရှည်ကျန်းမာစွာဖြင့် တရားထူးတရားမြတ်များရရှိပါစေ 🙏

ဘဝမှာ ဘာတေပဲဖြစ်နေပါစေ ထမင်းစားရရင် ကျေနပ်ပီလေ...  🤭နောက်အပတ်မှ စာအရှည်ကြီးရေးမယ် အဟင်း 😏
10/11/2025

ဘဝမှာ ဘာတေပဲဖြစ်နေပါစေ ထမင်းစားရရင် ကျေနပ်ပီလေ... 🤭

နောက်အပတ်မှ စာအရှည်ကြီးရေးမယ်
အဟင်း 😏

🥘 Food blogger လေးလာပါပီရှင် 🤭🍲 ဆိုင်​လေးက​တော့ ဟော်တယ်နားက Zaw Gyi Bar & Bistro  ပါ…📌ကန်စွန်းရွက်ကြော်ကတော့ မနက်ပိုင်းစ...
10/11/2025

🥘 Food blogger လေးလာပါပီရှင် 🤭

🍲 ဆိုင်​လေးက​တော့ ဟော်တယ်နားက Zaw Gyi Bar & Bistro ပါ…

📌ကန်စွန်းရွက်ကြော်ကတော့ မနက်ပိုင်းစားတဲ့ ချစ်တီးထမင်းဆိုငိက အနံ့နဲ့အရသာကို ပိုကြိုက်ပါတယ်…

📌ငါးရှဉ့်ခြောက်စပ်ကတော့ မစားရတာကြာလို့ အတော်လေးကို အကြိုက်တွေ့ပါတယ်. မြန်မာပြည်က အရသာအတိုင်း မွမွလေးနဲ့ မွှေးပီးစားကောင်းတာမို့ အဲ့ဆိုင်ရောက်ရင် မြည်းစမ်းကြည့်စေချင်ပါတယ်...

📌ပန်းသေးခေါက်ဆွဲကတော့ ပန်းသေးအရသာမပေါက်လို့ ရန်ကုန်က ဟာလာဆိုင်တွေကို လုံးဝမမှီပါဘူး. ကြက်သားဟင်းအနှစ် စိုစိုရွှဲရွှဲလေးဖြစ်နေရမှာမို့ ဒါကတော့ ရိုးရိုးခေါက်ဆွဲကြော်ကို ကြက်သားတုံးထည့်ထားသလိုမို့ ဘုံဘုံမှာတာကို ကျမ မြည်းပီးမကြိုက်လို့ မစားခဲ့ပါဘူး…

📌ကြာဇံကြော်နဲ့ တုတ်ထိုးကတော့ ရှယ်ပါ. ကြာဇံကြော်မှာကို အနံ့နဲ့ အရသာက ပြည့်စုံနေသလို တုတ်ထိုး ဟင်းရည်လေးကလဲ ရန်ကုန်မှာထိုင်စားရသလိုမို့ အတော်လေးကို စိတ်ကျေနပ်မှုရစေပါတယ်. ငရုတ်သီးစိမ်းတဖတ်ဟာအတော်လေးစပ်တာကြောင့် ဒါကတော့ အကြိုက်ဆုံး လို့ပြောပါရစေရှင် 🤭

📌ည ၈ နာရီကျော်ရင် live music ရှိပေမဲ့ ပစည်းတွေသိမ်းဖို့ ဟော်တယ်ပြန်ရတာကြောင့် နားမထောင်ခဲ့ရဘူး…

📌Overall rating ပေးရရင်တော့ ငရှဉ့်ခြောက်စပ်နဲ့ တုတ်ထိုး ၂မျိုးနဲ့တင် 5 🌟 ပေးပါမယ်…

💪ကောင်းကောင်းမနားရသေးပေမဲ့ အစားကောင်းလေး စားနေရသရွေ့ကတော့ ကျေနပ်နေရတာပါပဲ…. 🥰

ညက ပစည်းလာယူရင်း ငါးမုန့်ကြော် နဲ့ လဖက်သုပ်တွေပေးသွားတဲ့ အန်တီနဲ့ ဦးနဲ့ကုသိုလ်ရအောင် ခုမနက်ဆွမ်းကပ်ပါတယ်... 🙏လဖက်သုပ်က စ...
10/11/2025

ညက ပစည်းလာယူရင်း ငါးမုန့်ကြော် နဲ့ လဖက်သုပ်တွေပေးသွားတဲ့ အန်တီနဲ့ ဦးနဲ့ကုသိုလ်ရအောင် ခုမနက်ဆွမ်းကပ်ပါတယ်... 🙏

လဖက်သုပ်က စားချင်စရာအဆင်သင့်နှပ်ထားပီးသားကိုမှ ဂေါ်ဖီ ခရမ်းချဉ်သီး ငရုတ်သီးစိမ်းလေးပါ သတ်သတ်လေးထုတ်ထားပေးလို့ စေတနာနဲ့ပြင်လာပေးမှန်းသိပေမဲ့ ညပိုင်းစားဖို့ ဘလိုမှမဖြစ်နိုင်တော့လို့ အလကားမပစ်ရအောင် ပစည်းလာယူတဲ့ ညီမတယောက်ကို ပေးလိုက်ပါတယ်...

ငါးမုန့်ကြော်ကတော့ ဘုရားဆွမ်းကပ်ပီး ခုမနက်စာဆင်းစားရင်း ရေနွေးနဲ့မြည်းနေပါတယ်. ဘာတဆိပ်လဲမသိဘူး အတော်စားကောင်းတယ် အဟီး 🤭

အစားမက်တဲ့သမီးကို ခုလိုစားစရာလေးကျွေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အန်တီ
🙏

📌ဒီဟော်တယ်ကို review ပေးရရင်တော့ 4 star ဖြစ်ပီး မနက်စာက အတော်လေးစုံသလို မြန်မာတွေလည်းရှိလို့ service အတော်ကောင်းပါတယ်. အတွင်းထဲတော့ အတော်လေးဝင်ရပေမဲ့ လမ်းမပြန်ထွက်ဖို့ကို ဟော်တယ်က ကားလေးတွေနဲ့ လိုက်ပို့လို့ အဆင်ပြေပါတယ်.... ရှော့ပင်သွားမဲ့သူတွေအတွက်ကတော့ Mall တွေနဲ့ အနညိးငယ်ဝေးလို့ အဆင်မပြေနိုင်ပေမဲ့ အနားယူပီး အေးဆေးနေမယ်ဆိုရင်တော့ သင့်တော်သော ဟော်တယ်လေးပါ...

🙏ကဲ ဘုရားဖူးခရီး တတိယနိုင်ငံဆီ ဆက်ပါပီရှင်...

ဒါမျိုးစားရဖို့ဆိုတာ ဘုရားတရားဂုဏ်ကျေးဇူးနဲ့ ဘုန်းကံမြင့်မှသာစားရတာ ဟိဟိ 🤭တလမှာ ၂ရက်လောက်ပဲရတဲ့ ဆိတ်ဦးနှောက်ဟင်းက ဒီနေ့အ...
10/10/2025

ဒါမျိုးစားရဖို့ဆိုတာ ဘုရားတရားဂုဏ်ကျေးဇူးနဲ့ ဘုန်းကံမြင့်မှသာစားရတာ ဟိဟိ 🤭

တလမှာ ၂ရက်လောက်ပဲရတဲ့ ဆိတ်ဦးနှောက်ဟင်းက ဒီနေ့အတွက် တပွဲသာကျန်တယ်တဲ့... ဆိတ်ကလီစာနဲ့ ဆိတ်ခေါင်းသားဟင်းကတော့ စောလို့မရသေးဘူးတဲ့...

မမက အစားလောဘသိပ်မကြီးတော့ အဲ့ဆိတ်ဦးနှောက်တပွဲက ၂လုတ်စာပဲရှိလို့ ဆိတ်သားဟင်းတပွဲ. ချဉ်ပေါင်ကြော်တပွဲ. ကန်စွန်းရွက်ကြော်တပွဲ ထပ်မှာတယ်... 😬

ဒီဆိုင်က ဟင်းချက်အတော်ကောင်းတယ်နော်. ဆိတ်ဦးနှောက်ရော ဆိတ်သားဟင်းကလဲ နူးအိနေတာပဲ. ချဉ်ပေါင်ကြော်ကို အရမ်းမကြိုက်တဲ့သူတောင် တော်တော်စားကောင်းလို့ ကြိုက်တယ်. ကန်စွန်းရွက်ကြော်လေးကတော့ မီးခိုးနံ့သင်းသင်းလေးနဲ့မို့ ဒီတိုင်းစားလိုက်တယ်...

လဖက်ရည်ကတော့ မြန်မာပြည်ရောက်သွားတဲ့အတိုင်းပဲ... စားပီးလို့ ဒီခုံပေါ်မှာပဲ မှီအိပ်လိုက်ချင်တော့တယ် 🤭😁

ထို့ကြောင့် Bkk ရောက်ရင် (သို့) ဒီမှာနေတဲ့သူတွေ "Everything Halal BKK” ဆိုင်လေးမှာ စားကြည့်ပါလို့ မျှဝေပေးပါတယ်ရှင်...

ဆိုင်ရှင်ကောင်မလေးက စားကောင်းလားအမတဲ့ "အမလေး ကောင်းလိုက်တာ ဆိတ်ဦးနှောက်မစားရတာ ဘလောက်ကြာမှန်းတောင်မသိတော့ဘူး. ကျေးဇူးတင်ပါတယ်" လို့... (တခုပဲ အမအတွက်က ၂လုတ်စာပဲရှိလို့ ဟိဟိဟိ)

ခေးက မစားရဘူး ငတ်ပြတ်နေတော့ ရောက်လေရာမှာ အလိုငတ်ပြသေးတာလေ 🤪🤣

Address

East Elmhurst, NY
11370

Website

Alerts

Be the first to know and let us send you an email when Bless 7 Medicines and USA Products posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram