Tint Swe

Tint Swe MBBS (Mandalay)

ဖိုးမောင်လာပြီကဗျာနှင့် မင်းသုဝဏ် ရှင်းတမ်းအထူးမှတ်ရန်ဒီကဗျာကို သတ်ပုံပျက်တွေနဲ့ တင်ပြ၊ သင်ကြ၊ ထုတ်ဝေကြတာတွေက မူရင်းထက် ...
05/29/2026

ဖိုးမောင်လာပြီကဗျာနှင့် မင်းသုဝဏ် ရှင်းတမ်း
အထူးမှတ်ရန်
ဒီကဗျာကို သတ်ပုံပျက်တွေနဲ့ တင်ပြ၊ သင်ကြ၊ ထုတ်ဝေကြတာတွေက မူရင်းထက် အဆမတန် ပိုများတယ်။
(စ)
ဆရာတို့ငယ်စဉ်က အင်္ဂလိပ်စာမှာ(Ballad) ဘောလဒ်လို့ခေါ်တဲ့ ဝတ္ထုကြောင်းပါတဲ့ကဗျာ (Story poem)ကိုသင်ရတယ်။ ကျောင်းဆရာအနေနဲ့ ကဗျာသင်ပေးတဲ့အခါမှာလည်း ပျို့ကြီးတွေသင်ရတယ်။ စာပိုဒ်ရေ ၁၀၀၊၂၀၀ ပါတဲ့ ကဗျာရှည်ကြီးတွေဖြစ်ပြီး ဗုဒ္ဓဘာသာနိပါတ် ဇာတ်တော်တွေကိုမှီရေးတာဖြစ်လို့ အလယ်တန်း အထက်တန်းကျောင်းသားတွေကိုသင်ပေးဖို့မ
ဖြစ်နိုင်ဘူး။ဒါ့ကြောင့်ပုံပြင်ပါတဲ့ကဗျာတိုလေးတွေ သင်ပေးရရင်ကောင်းမယ် စိတ်ဝင်စားမယ်ဆိုတဲ့ ဆန္ဒနဲ့ ဒီကဗျာကိုရေးဖြစ်တာပါ။ ဆရာ့စေတနာက လူတိုင်းဟာ ကိုယ့်ရပ်ရွာ တမြေတည်းနေတရေတည်းသောက် အကျိုးကို ဆောင်ရွက်သင့်တယ်။ ကုဋေကဋာချမ်းသာတဲ့သူဋ္ဌေးတွေက ဇရပ်၊ ဆေးရုံ ကျောင်းဆောက်မှသာလျှင် တိုင်းပြည်အကျိုးဆောင်ရွက်တာမဟုတ်ဘူး။ တံငါသည် လေးတယောက်တောင်မှ ကိုယ့်ရပ်သူရွာသားများ ငါးစိမ်းငါးစိုစားရအောင်ဆောင်ရွက်နိုင်သေးတယ်။ ပြည်တွင်းစစ်မီးလောင်နေဆဲ တောကြောင်တွေ လက်ခမောင်းခတ်နေချိန်မှာ ကိုယ့်ရပ်ရွာကို ဓါးမြတွေ လက်ထဲမကျအောင် အသက်စတေးသွားရှာတယ်။ အဲ့ဒီလို ပရဟိတဆောင်ရွက်လိုစိတ်ရှိသူတွေ ဘယ်အဆင့်အတန်းဘယ်အလွှာမှာမဆို ရှိတယ်။ တိုင်းပြည်ကိုထူထောင်တဲ့နေရာမှာ ဒီလိုပုဂ္ဂိုလ်တွေ အများကြီးလိုတယ်။
ဒါ့ကြောင့်ကဗျာဝါသနာပါတဲ့ကျောင်းသူကျောင်းသားတွေ အဲ့ဒီစိတ်ပေါ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ရေးတာဖြစ်တယ်ကဗျာရဲ့ပုံစံက ကဗျာပုံပြင်ပုံစံ၊ ရည်ရွယ်ချက်က ဖိုးမောင်လိုအညတရတံငါသည် တယောက်တောင်မှ ပြည်သူလူထုအကျိုးကိုသယ်ပိုးနိုင်တယ်ဆိုတဲ့ရည်ရွယ်ချက်ဖြစ်တယ်။
(ဆရာမင်းသုဝဏ်ကိုယ်တိုင် ဖိုးမောင်လာပြီ ကဗျာရဲ့ပုံသဏ္ဍန်နှင့် ရည်ရွယ်ချက်ကို ပြောပြခဲ့ခြင်းဖြစ်ပါတယ်။)
"ဖိုးမောင်လာပြီ "
မှိုင်းညို ညဉ့်ရိပ် လူခြေတိတ်၌
ရေဆိပ်အနား ရွာတံခါးမှ
ဂုတ်ကြားကျယ်လောင် ဆီး၍ဟောင်သော်
"ဖိုးမောင်လာပြီ" ဆိုကြသည်။
ဟောင်သံရပ်၍
ထပ်ကြပ်ပေါ်လာ အသံမှာကား
"ညခါ ငါး-ထောင် မောင်ဖိုးမောင်သည်
ရွာ့တောင်ချောင်းက ပြန်ခဲ့ပြီ… " ။
ဖိုးမောင့်သံကြား ကင်းသမားက
တံခါးကြီးအောက် မလွယ်ပေါက်ကို
တယောင်ဝင်သာ ဖွင့်လိူက်ပါသော်
ယာတွင် အုပ်စောင်း ဝဲတက်ချောင်းနှင့်
ခါးစောင်း ကိုယ်ကိုင်း ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင် ရွာကိုဝင်သည်
လူပင်လေလား … တစ္ဆေလား … ။
တစ္ဆေမကြောက် မြွေမကြောက်ပဲ
တယောက်တည်းပင် ညဉ့်မှောင်တွင်၌
သူလျှင်ငါးရှာ မကျွေးပါက
တို့ရွာသူ/သား လူအများတို့
ငါးစို ငါးစိမ်း ငတ်ပေလိမ့် ။
ဆောင်းတည၌ …
ချမ်းမြစိမိ့အေး လခြမ်းကွေး၍
ရွာဘေးကျီပျက် မှောင်နက်နက်မှ
ဇီးကွက်ကအော် တောက်တဲ့ကြော်စဉ်
ရွာပေါ်လွှမ်းအောင် ဂုတ်ကြားဟောင်သည်
ဖိုးမောင်လာချိန် ပါတကား ။
သို့ဖြစ်ပါငြား ခါတပါးသို့
တံခါးဝင်လို သူမဆိုပဲ
"မောင်းကိုထုကာ လူစုပါလော့!
ရွာကိုဘေးမှ ကာကွယ်ကြလော့!
ဓါးပြငါ့အားဖမ်း၍ထား…" ဟု
ဒိုင်း …ဒုံး…ဒိန်း… သံ ရွာလုံးညံသည်
ချောင်းယံ ပဲ့တင် ထပ်ထပ်တည်း။
ဖိုးမောင့်နိဂုံး ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင် ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ ဟည်းလျှက်ပါတည့်
ဘယ်ခါမဆို ဆီးလင့်ကြိုသို့
မှိုင်းညိုညဉ့်ရိပ် လူခြေတိတ်၌
ရေဆိပ်အနား ရွာတံခါးမှ
ဂုတ်ကြား ကျယ်လောင်
ရမ်းယောင်ဟောင်လည်း
"ဖိုးမောင်လာပြီ" ဆိုမြဲပင် ။ ။
မင်းသုဝဏ်
ရည်ညွှန်း။ ဦးသန်းထွတ်(ပါမောက္ခငြိမ်း၊ ပညာရေးတက္ကသိုလ်) ရေးသားသော "ဇော်ဂျီ၊မင်းသုဝဏ်တို့၏ စာပေစကား" မှကောက်နှုတ်ဖော်ပြပါသည်။
(ဆုံး)
ဖိုးမောင်အစစ်ကား ဓါးပြလက်ချက်တဲ့ ကွယ်လွန်လေပြီ။
ဒေါက်တာတင့်ဆွေ

"၎င်း" "လည်းကောင်း"ငယ်ငယ်ကသင်ဘူးတယ်-၄င်းလည်း​ကောင်းဘယ်ဟာအမှန်လဲဆရာ၁။ "၎င်း" သည် ရှေ့ကပြောခဲ့ပြီးသား "နာမ်" တခုခုကို ပြန်...
05/29/2026

"၎င်း" "လည်းကောင်း"
ငယ်ငယ်ကသင်ဘူးတယ်-
၄င်း
လည်း​ကောင်း
ဘယ်ဟာအမှန်လဲဆရာ
၁။ "၎င်း" သည် ရှေ့ကပြောခဲ့ပြီးသား "နာမ်" တခုခုကို ပြန်လည်ညွှန်းဆိုလိုသည့်အခါ "ထို" သို့မဟုတ် "ယင်း" ဟူသော အဓိပ္ပာယ်ဖြင့် သုံးပါသည်။ (အင်္ဂလိပ်စာတွင် "The said..." သို့မဟုတ် "It/They" ဟု သုံးနှုန်းသကဲ့သို့ ဖြစ်ပါသည်။)
• အနက်အဓိပ္ပာယ်: ထိုအရာ၊ ယင်းအရာ။
• အဓိကတာဝန်: ရှေ့ကဖော်ပြခဲ့ပြီးသော လူ၊ ပစ္စည်း သို့မဟုတ် အကြောင်းအရာကို စာလုံးအထပ်ထပ် မဖြစ်စေရန် ပြန်လည်ညွှန်းဆိုခြင်း။
ဥပမာ-
• "မောင်လှသည် စာမေးပွဲတွင် ပထမရသည်။ ၎င်းသည် နေ့စဉ် စာကြိုးစားသူ ဖြစ်သည်။" (၎င်း = မောင်လှ)
• "စပါးနှံများကို ရိတ်သိမ်းပြီးနောက် ၎င်းတို့ကို စပါးကျီထဲသို့ သွင်းရမည်။" (၎င်း = စပါးနှံများ)
• မှတ်ချက်: ရှေ့တွင် အညွှန်းခံရမည့် နာမ်တလုံးလုံး အတိအလင်း မပါဘဲ စာကြောင်းအစတွင် "၎င်း" ဟု တန်းပြီး သုံးလေ့မရှိပါ။
၂။ "လည်းကောင်း" သည် ရှေ့ကစကားရပ်နှင့် နောက်ကစကားရပ်ကို "ချိတ်ဆက်ပေးသော စကားစပ်" (Conjunction) ဖြစ်ပြီး၊ အရာဝတ္ထုများကို စုစည်းပြလိုခြင်း သို့မဟုတ် တခုမက ဆက်စပ် ဖော်ပြလိုသည့်အခါ သုံးပါသည်။ (အင်္ဂလိပ်စာတွင် "...as well as..." သို့မဟုတ် "...and..." ဟု သုံးသကဲ့သို့ ဖြစ်ပါသည်။)
• အနက်အဓိပ္ပာယ်: ...လည်း အပါအဝင်၊ ...တင်မကဘဲ။
• အဓိကတာဝန်: အကြောင်းအရာ နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသည်တို့ကို ပေါင်းစပ်ပြခြင်း။ များသောအားဖြင့် စာကြောင်းတခုတည်းတွင် နှစ်ကြိမ်ခွဲ၍ "...လည်းကောင်း၊ ...လည်းကောင်း" ဟု ဒွန်တွဲသုံးလေ့ရှိသည်။
ဥပမာ-
• "မောင်လှသည်လည်းကောင်း၊ မောင်မြသည်လည်းကောင်း ကျောင်းသို့ သွားကြသည်။" (နှစ်ယောက်လုံး သွားသည်ဟု ဆိုလိုခြင်း။)
• "ဤဥယျာဉ်ထဲတွင် သရက်ပင်များလည်းကောင်း၊ ပိန္နဲပင်များလည်းကောင်း စိုက်ပျိုးထားသည်။"
၃။ အဓိကကွာခြားချက် အကျဉ်းချုပ်
အချက်အလက် ၎င်း လည်းကောင်း
စကားလုံးအမျိုးအစား နာမ်စား (Pronoun) အဖြစ် သုံးသည်။ စကားစပ် (Conjunction) အဖြစ် သုံးသည်။
အဓိပ္ပာယ် "ထိုအရာ" ဟု ညွှန်းသည်။ "ထိုအပြင် / နှင့်" ဟု ပေါင်းစပ်သည်။
သုံးစွဲပုံစံ ရှေ့က နာမ်တခုတည်းကို ပြန်ညွှန်းသည်။ အရာဝတ္ထု နှစ်ခု/သုံးခုကို ချိတ်ဆက်ပြသည်။
အမြင်သာဆုံး ဥပမာတခု -
• "မောင်လှသည် နွားတကောင်ကို ဝယ်ခဲ့သည်။ ၎င်းနွားသည် အလွန်အလုပ်လုပ်နိုင်သည်။" (၎င်း = မောင်လှဝယ်ခဲ့သော ထိုနွား)
• "မောင်လှသည် နွားတကောင်ကိုလည်းကောင်း၊ မြင်းတကောင်ကိုလည်းကောင်း ဝယ်ခဲ့သည်။" (နွားရော မြင်းပါ နှစ်ကောင်လုံး ဝယ်ခဲ့သည်)
ရှေးကုထုံး စာအုပ်ဟောင်းများနှင့် ဥပဒေစာအုပ်များတွင် "၎င်း" ကို "၎င်း" ဟု ရေးရုံတင်မကဘဲ "လည်းကောင်း" ဟု ရေးလိုသည့်အခါတွင်လည်း စာလုံးတိုစနစ်ဖြင့် "၄င်း" သို့မဟုတ် "၎င်းင်း" ဟု သုံးခဲ့ကြဖူးပါသည်။ သို့သော် အနက်အဓိပ္ပာယ်ချင်းမှာမူ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း "ညွှန်းဆိုခြင်း" နှင့် "ချိတ်ဆက်ခြင်း" ဟု တိတိကျကျ ကွဲပြားပါသည်။ စာအရေးအသား သပ်ရပ်ရှင်းလင်းစေရန်အတွက် "၎င်း" ကို နာမ်စားအဖြစ်လည်းကောင်း၊ "လည်းကောင်း" ကို စကားစပ်အဖြစ်လည်းကောင်း ခွဲခြားသုံးစွဲခြင်းက အကောင်းဆုံး ဖြစ်ပါသည်။
၁။ "လည်းကောင်း" ၏ အဓိပ္ပာယ်ဖွင့်ဆိုချက် (ပုံပါ ပထမပိုင်း)
ကျမ်းဂန်တွင် "လည်းကောင်း" ကို အောက်ပါအတိုင်း အနက် (၂) မျိုး ဖွင့်ဆိုထားပါသည်။
၁။ စုပေါင်းပြခြင်းအနက်: ရှေ့က ဆိုခဲ့ပြီးသည့်အပြင် အခြားထပ်တူဆိုရန် ရှိသောအခါတို့တွင် ပုဒ်အသီးသီးတို့၏ အဆုံး၌ တွဲဖက်သုံးသော စကားလုံးဖြစ်သည်။ ရှေ့ပုဒ်၊ နောက်ပုဒ်တို့ကို တပေါင်းတည်း၊ တဆက်တည်း အနက်ကောက်ယူရန် ညွှန်းပြသော စကားလုံး ဖြစ်သည်။
ကျမ်းလာဥပမာ: “ကံကိုလည်းကောင်း၊ ကံ၏အကျိုးကိုလည်းကောင်း၊ မသိခြင်းကိုဆိုသည်။” လင်း။ ၁၀။ (ဆိုလိုသည်မှာ ကံရော ကံ၏အကျိုးပါ နှစ်ခုစလုံးကို စုပေါင်း၍ ဆိုခြင်းဖြစ်သည်။)
၂။ ထပ်တူအနက်: ထပ်တူအတိုင်းဟူသော အနက်ကို ဖော်ပြသော စကားလုံး ဖြစ်သည်။
ကျမ်းလာဥပမာ: “ကိန္နရီကား၊ ဤဘဝလည်း၊ ရှေးနည်းလည်းကောင်း၊ ဆုယူဟောင်းတွင်။” ဘလ္လာ* ၁၁၅။
• လည်းကောင်း နှင့် ၎င်း ၏ ဆက်စပ်မှု: ကျမ်းတွင် "၎င်း" ၏ အနက်ကို "လည်းကောင်း" ဟု တိုက်ရိုက် ဖွင့်ဆိုထားပြီး "စသည်နှင့် အတူတူ" ဟု ဖော်ပြထားသည်။
• ရှေးက “လေးကောင်း” ဟုလည်းကောင်း ရေးလေ့ရှိရာမှ၊ ထို “လေးကောင်း” မှတဆင့် စာလုံးတိုစနစ်ဖြင့် ၄ ကောင်း၊ ၎င်း၊ ၎င်းး စသည်ဖြင့် အဆင့်ဆင့် အတိုချုံ့၍ ရေးသားပြုလုပ်လာခဲ့ကြခြင်း ဖြစ်သည်။
• ဤသို့ အတိုရေးရာမှတဆင့် နောက်ပိုင်းတွင် အညွှန်းနာမဝိသေသန ဖြစ်သော “ယင်း” အစား “၎င်း” ကို ပုဒ်အဖြစ် အစားထိုး သုံးစွဲလာခဲ့ကြသည်။
ဥပမာ: “၎င်းကိုခေါ်၍မေးလျှင် သိနိုင်သည်။”
လည်းကောင်း နဲ့ ၎င်း https://burmese-spelling.blogspot.com/2025/03/blog-post_882.html
ဒေါက်တာတင့်ဆွေ

ထက်မြက်သောယောက်ျား = outsmart manထက်မြတ်သောအမျိုးသမီး = အမြတ်ပိုရတဲ့သူ။ သူများထက် အမြတ်ပိုရအောင် ဈေးရောင်းနိုင်စွမ်းရှိသ...
05/29/2026

ထက်မြက်သောယောက်ျား = outsmart man
ထက်မြတ်သောအမျိုးသမီး = အမြတ်ပိုရတဲ့သူ။ သူများထက် အမြတ်ပိုရအောင် ဈေးရောင်းနိုင်စွမ်းရှိသူ။
ဒေါက်တာတင့်ဆွေ

ထက်မြက် နှင့် ထက်မြတ်၁။ ထက်မြက်ခန့်ညား လို့ သားကိုနာမည်ပေးထားတာ မိန်းမက ထက်မြတ်ခန့်ညားက အမှန်လို့ ပြောတယ် ထက်ထက်မြက်မြက်...
05/29/2026

ထက်မြက် နှင့် ထက်မြတ်
၁။ ထက်မြက်ခန့်ညား လို့ သားကိုနာမည်ပေးထားတာ မိန်းမက ထက်မြတ်ခန့်ညားက အမှန်လို့ ပြောတယ် ထက်ထက်မြက်မြက် ရှိစေချင်လို့ ထက်မြက် ဆိုတဲ့စကားကို သုံးတာ ဘယ်ဟာအမှန် ဘယ်ဟာအမှား
၂။ ယခုနှစ် ဆယ်တန်း မြန်မာစာမေးခွန်းမှာ သတ်ပုံမှားမှန် ရွေးခိုင်းရာမှာ (ထက်မြက်/ထက်မြတ်) ဆိုတဲ့ စကားလုံး ပါခဲ့ပါတယ်ဆရာ။ အများနားလည်အောင် ဆရာ့အနေဖြင့် ရှင်းပြပေးပါဆရာ။ လေးစားလျက်ပါဆရာ။
ထက်မြက် = ဉာဏ်ပညာ စူးရှခြင်း စဉ်းစားဉာဏ် လျင်မြန်ခြင်း: ပြဿနာတခုကို ချက်ချင်းမြင်၊ ချက်ချင်း အဖြေရှာနိုင်စွမ်း ရှိခြင်းကို ဆိုလိုသည်။
ပြတ်သားရဲရင့်ခြင်း: ဝေဝေဝါးဝါးမရှိဘဲ လုပ်သင့်လုပ်ထိုက်သည်ကို ရဲရင့်ပြတ်သားစွာ ဆုံးဖြတ်ရဲသည့် သတ္တိရှိခြင်း။
စွမ်းဆောင်ရည် မြင့်မားခြင်း: မိမိတာဝန်ယူရသည့် အလုပ်ကို သေသပ်ထက်ဝန်းကျင်အောင် ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်း။
ဥပမာအသုံးအနှုန်းများ
ထက်မြက်သောယောက်ျား = outsmart man
လူမှုရေး၊ စီးပွားရေး သို့မဟုတ် နိုင်ငံ့ရေးရာများတွင် ဦးဆောင်နိုင်စွမ်းရှိပြီး၊ မှန်ကန်သော ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ချမှတ်ရဲကာ၊ ရင်ဆိုင်ရသမျှ အခက်အခဲကို ဉာဏ်ဖြင့် ကျော်လွှားနိုင်သည့် အမျိုးသားကို ရည်ညွှန်းပါသည်။ စကားပြောဆိုရာတွင်လည်း တည်ကြည်ပြတ်သားပြီး ကတိတည်သူ ဖြစ်သည်။
ထက်မြက်သောအမျိုးသမီး = အိမ်ထောင်ရေး၊ လူမှုရေး သို့မဟုတ် လုပ်ငန်းခွင်များတွင် ယောကျ်ားများနှင့် ရင်ပေါင်တန်းနိုင်လောက်အောင် အမျှော်အမြင်ရှိပြီး၊ ကိုယ်ပိုင်ရပ်တည်ချက် ခိုင်မာကာ၊ ဘက်စုံထောင့်စုံက စွမ်းဆောင်ရည် မြင့်မားသည့် အမျိုးသမီးကို ရည်ညွှန်းပါသည်။ မိမိကိုယ်မိမိ ယုံကြည်မှုရှိပြီး သုတ၊ သိပ္ပ၊ ကလျာဏစွမ်းရည်များနှင့် ပြည့်စုံသူ ဖြစ်သည်။
စာပေအသုံးနှင့် သတ်ပုံအမှတ်အသား
မိမိတို့ ကိုးကားခဲ့သည့် ကျမ်းစာမျက်နှာတွင် "ထက်မြက်" ကို ဓားထက်သည်၊ ဉာဏ်ထက်သည်ဟူသော အနက်တို့နှင့်အတူ "ထက်ထက်မြက်မြက်" ဟု လေးနက်အောင် ဒွန်တွဲ သုံးနှုန်းထားပါသည်။
အချုပ်အားဖြင့် "ထက်မြက်သော" ဟူသည့် ဂုဏ်ပုဒ်သည် ပညာဉာဏ်စူးရှခြင်း၊ လုပ်ရည်ကိုင်ရည်ရှိခြင်းနှင့် စိတ်ဓာတ်ပြတ်သားခြင်းဟူသော အရည်အချင်း (၃) ရပ် စုံလင်မှသာ သုံးနှုန်းလေ့ရှိသည့် အဆင့်မြင့် အသုံးအနှုန်း ဖြစ်ပါသည်။
ထက်မြက်ဆိုတာက နာမဝိသသန။ ထက်ထက်မြက်မြက်ရှိတယ်။ ဉာဏ်ကောင်းတာ၊ သွက်လက်ချက်ချာတာ၊ ထုံထုံထိုင်းထိုင်း လေးလေးဖင့်ဖင့် မဟုတ်တာ။ တုံးသောရဲ့ ဆန့်ကျင်ဘက်။ အစွမ်းထက်တာ။
အစိုးရထုတ်သတ်ပုံစာအုပ်မှာတော့ ထက်မြက်ကို အလွန်ထက်သောလို့ ရေးထားတယ်။ ကျွန်တော်ကတော့ နည်းနည်း သဘောမတူချင်။ ဒါးထက်တာကို ထက်မြိနေတယ်လို့ ပြောကြတယ်။ ထက်မြလို့တော့ စာနဲ့ရေးတယ်။ ဆွေးမြည့်က ပြောင်းပြန်။ မြက်ကနဲလို့ ရှိတယ်။ ဆားမြက်ဆိုတာ ငန်တာ။
ထက်မြတ်ဆိုတာ နှိုင်းပြောရာမှာ သုံးထက်။ သူ့ထက်၊ ကိုယ့်ထက် မြတ်တယ်။ ပိုပြီး မြင့်မြတ်တယ်။ အမြတ် ပိုရတယ်။
လက်ချောင်းငါးချောင်းကို ဒေါက်တို၊ ရန်လို၊ သူ့ထက်ကဲ၊ ရွှေပြည်စိုး၊ ညီပုလေးလို့ တင်စားပြောကြတယ်။
ထက်
အထက်အောက်
သူ့ထက်ငါ
ထက်ထက်မြက်မြက်
ထက်သန်
ထက်ကြပ်မကွာ
ထက်ခြမ်း
ထက်ဝန်းကျင်
ထက်ဝယ်ဖွဲ့ခွေ
ဥာဏ်ထက်
ဓါးထက်
ထက်အောက်ညာကြေ
ကဝိဓဇသတ်ပုံကျမ်း
ဌော ရွှေမုဌောစေတီ၊ မုဌောကိုးဆူ။
ထက် အထက်အောက်၊ သူ့ထက်ငါ၊ ထက်ထက်မြက်မြက်၊ ထက်သန်၊ ထက်ကြပ်မကွာ၊ ထက်ခြမ်း၊ ထက်ဝန်းကျင်၊ ထက်ဝယ်ဖွဲ့ခွေ၊ ဥာဏ်ထက်၊ ဓါးထက်သည်၊ ထက်အောက်ညာကြွေ။
ထိုက် အဖိုးထိုက်သည်၊ ထိုက်တန်သည်၊ အထိုက်အလျောက်၊ ပုဆိုးကို အသားထိုက်ထိုက်၁ ရက်ပါ။ ထိုက်မိသည်၊ ထိုက်ဟေ၊ - ထိုက်ထိုက်၂ ။
ထောက် ထောက်ပံ့သည်၊ တံခါးထောက်၊ လှည်းထောက်၊ ထောက်ထားသည်၊ အထောက်အခံ၊ ထောက်ရှာပင်၊ ထောက်တန်ကူ၊ ခရီးတထောက်၊ ကွန်းထောက်တဲ၊ နန်း၊ ထောက်ကြံ့ပင်၊ ထောက်ကြံ့ရွာ။
ထင် ထင်မြင်သည်၊ ထင်ရှားသည်၊ ထင်ထင်ပြတ်ပြတ်၊ ထင်ပေါ်၊ ထင်ကျူ၊ ဇံ၊ ထင်တလုံး၊ ကိုသာထင်၊ (ကိုသာဒင်) မယုံမထင်၊ ကိုယ်ထင်ပြသည်။
ထင့် စိတ်မှာထင့်သည်၊ တထင့်ထင့်နေသည်၊ “ညောင်ကန်ကြက်တူရွေးသံထင့်၃ ” ၊ စိတ်တထင့်ထင့်။
ထင်း ထင်းလင်းသည်၊ ထင်းထင်းလင်းလင်း၊ အစွန်းအထင်း၊ ထင်းခွေသည်၊ အဝတ်မှာကွမ်းသွေးထင်းသည်၊ ထင်းရှူးပင်။
၁ (ပေါ) ထူထူ၊ “အင်္ဂတေ ထိုက်ထိုက်သည်၊”
၂ (သင်) စိတ် = ထို့ထို့၊ ရှက်ဖွယ်၊ ၃ ထင့် = ထင်ပါရဲ့။
ထက်မြတ်သောအမျိုးသမီး = အမြတ်ပိုရတဲ့သူ။ သူများထက် အမြတ်ပိုရအောင် ဈေးရောင်းနိုင်စွမ်းရှိသူ။
ဒေါက်တာတင့်ဆွေ

ဖိုးမောင်လာပြီကဗျာနှင့်မင်းသုဝဏ် ရှင်းတမ်း      ဆရာတို့ငယ်စဉ်က အင်္ဂလိပ်စာမှာ(Ballad)ဘောလဒ်လို့ခေါ်တဲ့ ဝတ္ထုကြောင်းပါတဲ့...
05/29/2026

ဖိုးမောင်လာပြီကဗျာနှင့်မင်းသုဝဏ် ရှင်းတမ်း
ဆရာတို့ငယ်စဉ်က အင်္ဂလိပ်စာမှာ(Ballad)
ဘောလဒ်လို့ခေါ်တဲ့ ဝတ္ထုကြောင်းပါတဲ့ကဗျာ
(Story poem)ကိုသင်ရတယ်။ကျောင်းဆရာ
အနေနဲ့ ကဗျာသင်ပေးတဲ့အခါမှာလည်း ပျို့ကြီး
တွေသင်ရတယ်။ စာပိုဒ်ရေ ၁၀၀၊၂၀၀ ပါတဲ့
ကဗျာရှည်ကြီးတွေဖြစ်ပြီး ဗုဒ္ဓဘာသာနိပါတ်
ဇာတ်တော်တွေကိုမှီရေးတာဖြစ်လို့ အလယ်တန်း အထက်တန်းကျောင်းသားတွေကိုသင်ပေးဖို့မ
ဖြစ်နိုင်ဘူး။ဒါ့ကြောင့်ပုံပြင်ပါတဲ့ကဗျာတိုလေး
တွေ သင်ပေးရရင်ကောင်းမယ် စိတ်ဝင်စားမယ်
ဆိုတဲ့ဆန္ဒနဲ့ဒီကဗျာကိုရေးဖြစ်တာပါ။ ဆရာ့စေတနာက လူတိုင်းဟာ ကိုယ့်ရပ်ရွာတမြေ
တည်းနေတရေတည်းသောက် အကျိုးကို
ဆောင်ရွက်သင့်တယ်။
ကုဋေကဋာချမ်းသာတဲ့သူဋ္ဌေးတွေက ဇရပ်၊ဆေးရုံ၊ကျောင်းဆောက်မှသာလျှင်တိုင်းပြည်အကျိုးဆောင်ရွက်တာမဟုတ်ဘူး။ တံငါသည်
လေးတယောက်တောင်မှ ကိုယ့်ရပ်သူရွာသား
များ ငါးစိမ်းငါးစိုစားရအောင်ဆောင်ရွက်နိုင်
သေးတယ်။ပြည်တွင်းစစ်မီးလောင်နေဆဲ တောကြောင်တွေ လက်ခမောင်းခတ်နေချိန်မှာ
ကိုယ့်ရပ်ရွာကို ဓါးမြတွေ လက်ထဲမကျအောင် အသက်စတေးသွားရှာတယ်။ အဲ့ဒီလို ပရဟိတ
ဆောင်ရွက်လိုစိတ်ရှိသူတွေ ဘယ်အဆင့်အတန်းဘယ်အလွှာမှာမဆို ရှိတယ်။ တိုင်းပြည်ကိုထူထောင်တဲ့နေရာမှာ ဒီလိုပုဂ္ဂိုလ်တွေ အများ
ကြီးလိုတယ်။
ဒါ့ကြောင့်ကဗျာဝါသနာပါတဲ့ကျောင်းသူကျောင်းသားတွေ အဲ့ဒီစိတ်ပေါ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ရေးတာဖြစ်တယ်ကဗျာရဲ့ပုံစံက ကဗျာပုံပြင်ပုံစံ၊ ရည်ရွယ်ချက်က ဖိုးမောင်လိုအညတရတံငါသည် တယောက်တောင်မှ
ပြည်သူလူထုအကျိုးကိုသယ်ပိုးနိုင်တယ်ဆိုတဲ့ရည်ရွယ်ချက်ဖြစ်တယ်။
(ဆရာကြီးမင်းသုဝဏ်ကိုယ်တိုင် ဖိုးမောင်
လာပြီ ကဗျာရဲ့ပုံသဏ္ဍန်နှင့် ရည်ရွယ်ချက်ကို
ပြောပြခဲ့ခြင်းဖြစ်ပါတယ်။)
"ဖိုးမောင်လာပြီ "
မှိုင်းညို ညဉ့်ရိပ် လူခြေတိတ်၌
ရေဆိပ်အနား ရွာတံခါးမှ
ဂုတ်ကြားကျယ်လောင် ဆီး၍ဟောင်သော်
"ဖိုးမောင်လာပြီ" ဆိုကြသည်။
ဟောင်သံရပ်၍
ထပ်ကြပ်ပေါ်လာ အသံမှာကား
" ညခါ ငါး-ထောင် မောင်ဖိုးမောင်သည်
ရွာ့တောင်ချောင်းက ပြန်ခဲ့ပြီ… " ။
ဖိုးမောင့်သံကြား ကင်းသမားက
တံခါးကြီးအောက် မလွယ်ပေါက်ကို
တယောင်ဝင်သာ ဖွင့်လိူက်ပါသော်
ယာတွင် အုပ်စောင်း ဝဲတက်ချောင်းနှင့်
ခါးစောင်း ကိုယ်ကိုင်း ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင် ရွာကိုဝင်သည်
လူပင်လေလား … တစ္ဆေလား … ။
တစ္ဆေမကြောက် မြွေမကြောက်ပဲ
တယောက်တည်းပင် ညဉ့်မှောင်တွင်၌
သူလျှင်ငါးရှာ မကျွေးပါက
တို့ရွာသူ/သား လူအများတို့
ငါးစို ငါးစိမ်း ငတ်ပေလိမ့် ။
ဆောင်းတည၌ …
ချမ်းမြစိမိ့အေး လခြမ်းကွေး၍
ရွာဘေးကျီပျက် မှောင်နက်နက်မှ
ဇီးကွက်ကအော် တောက်တဲ့ကြော်စဉ်
ရွာပေါ်လွှမ်းအောင် ဂုတ်ကြားဟောင်သည်
ဖိုးမောင်လာချိန် ပါတကား ။
သို့ဖြစ်ပါငြား ခါတပါးသို့
တံခါးဝင်လို သူမဆိုပဲ
"မောင်းကိုထုကာ လူစုပါလော့!
ရွာကိုဘေးမှ ကာကွယ်ကြလော့!
ဓါးပြငါ့အားဖမ်း၍ထား…" ဟု
ဒိုင်း …ဒုံး…ဒိန်း… … သံ ရွာလုံးညံသည်
ချောင်းယံ ပဲ့တင် ထပ်ထပ်တည်း။
ဖိုးမောင့်နိဂုံး ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင် ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ ဟည်းလျှက်ပါတည့်
ဘယ်ခါမဆို ဆီးလင့်ကြိုသို့
မှိုင်းညိုညဉ့်ရိပ် လူခြေတိတ်၌
ရေဆိပ်အနား ရွာတံခါးမှ
ဂုတ်ကြား ကျယ်လောင်
ရမ်းယောင်ဟောင်လည်း
"ဖိုးမောင် လာပြီ" ဆိုမြဲပင် ။ ။
မ င်းသုဝဏ်
ရည်ညွှန်း။ ဦးသန်းထွတ်(ပါမောက္ခငြိမ်း၊
ပညာရေးတက္ကသိုလ်) ရေးသား
သော "ဇော်ဂျီ၊မင်းသုဝဏ်တို့၏
စာပေစကား" မှကောက်နှုတ်
ဖော်ပြပါသည်။

ရွှေအိုးတလုံး
05/29/2026

ရွှေအိုးတလုံး

မြန်မာသတ်ပုံကိုလည်းအာဏာသိမ်းသူတွေက ရေးကြတာဒေါက်တာတင့်ဆွေ
05/29/2026

မြန်မာသတ်ပုံကိုလည်း
အာဏာသိမ်းသူတွေက ရေးကြတာ
ဒေါက်တာတင့်ဆွေ

Frog Pond ကြာကြာပေါင်းတော့ ကောင်းကောင်းသိအိန္ဒိယမှာနေစဉ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီရေးလုပ်တယ်။ အိန္ဒိယနိုင်ငံရေးပ...
05/29/2026

Frog Pond ကြာကြာပေါင်းတော့ ကောင်းကောင်းသိ
အိန္ဒိယမှာနေစဉ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီရေးလုပ်တယ်။ အိန္ဒိယနိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေနဲ့ မကြာခဏတွေ့ဆုံပြီး မြန်မာပြည်အရေး ထောက်ခံမှုရအောင်ပြောရဆိုရတယ်။
တခါတော့ ဒေါက်တာဘယ်သူဆိုတဲ့ ကြေးဝါဆိုင်းဘုတ်ချိတ်ထားတဲ့ အိန္ဒိယအမတ်တဦးဆီ သွားကြတာ၊ ဒေသခံမိတ်ဆွေတဦးက မိတ်ဆက်ပေးတယ်။ ဆရာဝန်မဟုတ်တဲ့ ပါရဂူဘွဲ့ရ အမတ်မင်းက မေးတယ်။ ဘားမား ဆိုတာ ဘယ်မှာလဲတဲ့။
ကနေ့ အူဘား ခေါ် တက်စီနဲ့ ကျောင်းသွားတယ်။ ကားမောင်သူနဲ့ တလမ်းလုံးစကားပြောတယ်။ သူ့အသံထွက် နားထောင်ပြီး အင်္ဂလိပ်လူမျိုးမဟုတ်ပါလားလို့ တန်းမေးတော့ သူက လန်ဒန် တောင်ဘက်နားလေးကနေလာတာတဲ့။
နှစ်ယောက်လုံးက လူအိုတွေဆိုတော့ စကားပေါကြတယ်။ အမေရိကန်အင်္ဂလိပ်စာနဲ့ ဗြိတိသျှအင်္ဂလိပ်စာ မတူတာလေးတွေ ပြောတယ်။
ကျွန်တော် ဘီဘီစီကို စီအင်အင်ထက်ပိုကြည့်ဖြစ်တယ်လို့ပြောတော့ ကောင်းတယ်တဲ့။ သူ နယူးယောက်မှာနေတုန်းက တယောက်နဲ့ မိတ်ဆက်တော့ အင်္ဂလန်ကနေလာတာပါလို့ပြောတဲ့အခါ အင်္ဂလန်က ဘယ်နားမှာလဲလို့ ပြန်မေးပါသတဲ့။
တနေ့က ဆားလင်းကြီးမြို့နယ် ကျားတက်ရွာအမည်ထည့်ရေးတော့ တယောက်က ကျွန်တော် စာရိုက်လွဲတာလို့ ထင်ပြီး ကျောင်းတက် လားတဲ့။ ဂျဒက်လို့ အသံထွက်ပါကြောင်း ပြန်ရေးလိုက်တယ်။ ဒီပဲရင်းကို ဒဗယင်းသံ မှန်အောင် ထွက်တတ်သူ နည်းတယ်။ ကနေ့ ဒီပဲရင်းအရေးအခင်း နှစ်ပတ်လည်နေ့။
လူတိုင်းဟာ ကိုယ့်ရေအိုင်ထဲမှာတော့ ကိုယ်ဘုရင်ချည်းပဲ။ အပြင်ထွက်ကြည့်သူ နည်းတယ်။
ဒေါက်တာတင့်ဆွေ
၃၀-၅-၂၀၁၉

တန်းစီ တိုးစားခေတ်မဆလ ခေါ် မြန်မာ့ဆိုရှယ်လစ်ခေတ်မှာ လူသုံးကုန်တွေရှားတယ်။ ရှိသမျှ ဦးရာလူစနစ်နဲ့သာ ရောင်းတယ်။ ဆိုင်ရှေ့မှ...
05/29/2026

တန်းစီ တိုးစားခေတ်
မဆလ ခေါ် မြန်မာ့ဆိုရှယ်လစ်ခေတ်မှာ လူသုံးကုန်တွေရှားတယ်။ ရှိသမျှ ဦးရာလူစနစ်နဲ့သာ ရောင်းတယ်။ ဆိုင်ရှေ့မှာ တန်းစီကြရတယ်။
လမ်းတွေမှာ လူတန်းကြီးတွေ့ရင် တန်းစီပေတော့။
တခါတခါ ဆပ်ပြာ၊
တခါတခါ သွားတိုက်ဆေး၊
တခါတခါ ၂/၈၀ ချည်ပုဆိုး။
ကာတွန်းထဲကလူ ကံကောင်းတယ်။ ကာကွယ်ဆေး အခမဲ့ထိုးခံရတယ်။
ပုံအတွက် ကျေးဇူး။
ဒေါက်တာတင့်ဆွေ

ဆန်ကော ဆန်ခါ ဇကာ စကာဆရာရှင့် ဆန်ကော ဇကာ ဆန်ပြာ ဆန်ပျာ ပို့စ်လေးရှိရင် ညွှန်ပြပါ ရှင့်ဆန်၁ – န /ဆန်/၁၊စပါးစေ့ကိုအခွံချွတ်...
05/29/2026

ဆန်ကော ဆန်ခါ ဇကာ စကာ
ဆရာရှင့် ဆန်ကော ဇကာ ဆန်ပြာ ဆန်ပျာ ပို့စ်လေးရှိရင် ညွှန်ပြပါ ရှင့်
ဆန်၁ – န /ဆန်/၁၊စပါးစေ့ကိုအခွံချွတ်ထားသော အစေ့အဆန်။၁
“မာလှကောက်ယောင်း၊ စပါးထောင်းသော်၊ ဆန်ကောင်းလည်းရ၊ ဝမ်းလည်းဝသို့။” ကိုး* ၃၄။ ၂၊ အခွံပါသော အစေ့။ “မုန့်ညှင်းဆန်၊ လွန်ဆန်ဆိတ်သို့၊ ကောက်ဆန် စပါး ဆန်ဆိုအပ်လျှက် ဆန်ဟူ၍ဆိုခြင်း။” ဝေါ၊ ၁၈၄။
ဆန်၂ – ကြိ /ဆန် / ၁၊ ရေစီးကိုဖြစ်စေ၊ လေစုန်ကို ဖြစ်စေ ဆန့်ကျင်၍ သွားသည်။ “ကျန်စစ်သားရှိရာ မြစ်ညာသို့ ကြည်းအားရေအားနှင့် ဆန်သည်။” ဏိပုံ။ ၁၆။ ၂၊ နိမ့်ရာမှ မြင့်ရာသို့ တက်သည်။ “အထက်သို့ ဆန်သော လေ၊ အောက်သို့ စုန်သော လေ၊ ဝမ်း၌တည်သော လေ။” သမန်၊ ပ။ ဂ၈။ ၃၊ သွေဖည်သည်။ ဆန့်ကျင်သည်။ “အာဏာဆန်လျှက်၊ တုတ်ခွန်မသွင်း၊ ခြေရင်းမကြုံ၊ ပြည်ထောင်တို့လည်း။” မဏိစိုး* ၁၀၆။
ဆန်၃ – ကြိ /ဆန် / သဘာဝချင်း ဆင်တူယိုးမှား ဖြစ်သည်။ “အပြောအဆို အနေအထိုင်များသည် မင်းပုံမင်းဟန်နှင့် မင်းဆန်၍နေ၏။” ယမိုက်။ ၁၃။ “ရှေးဆန်သောပုဂ္ဂိုလ်တို့က....မဲ့ရွဲ့ ကာ ကဲ့ရဲ့ တတ်ကြသည်။” ယဉ်ကျေးမှု၊ ၃၊ ဂ။ ၄၀။
ဆန်ကာ – န / ဇကာ / ဇကာ – န၊ ရှ။ “ဆုံ က စ ၍၊ ကျည်ပွေ့ တန်း၊ မန်းဟုခေါ်ပြော၊ စံကောဆန်ကာ၊ များစွာတုံလှည့်။” နာနာ* ၁၂၅။
ဇကာ – န / ဇဂါ / ဝါးနှီးဖြင့် ဖြစ်စေ၊ နန်းကြိုးဖြင့် ဖြစ်စေ အပေါက်ငယ်များ ချန်၍ ရက်လုပ်ထားသော ဗန်းဝိုင်း။
ဇကာကျဲ – န / ဇဂါဂျဲ / အပေါက်ကျဲသော ဇကာ။
ဇကာဆုန်း – န / ဇဂါဂုန်း / အဆုံး ရက်ထားသော ဇကာ။
ဇကာချ – ကြိ / ဇဂါဂျာ့ / ဆန်စေ့ စပါးစေ့ စသည်တို့ကို ဇကာတွင် တင်၍ သေးငယ်သော အရာတို့ကို ဇကာပေါက်မှ ကျအောင် လှုပ်ခါသည်။
ဇကာစိပ် – န / ဇဂါစိုတ် / အပေါက်စိပ်သော ဇကာ။
ဇကာတင် – ကြိ / ဇဂါဒင် / ဇကာနှင့် ချသောအခါ မကျပဲ ကျန်ရစ်သည်။
– န / ဇဂါဒင် / ၁၊ ဇကာနှင့်ချသောအခါမကျပဲ ကျန်ရစ်သော ဆန်၊ ပဲ စသည်။ ၂၊ [ဥပမာ] အကောင်းဆုံး၊ လက်ရွေးစင်။
ဇကာပေါက် – န / ဇဂါဗောက် / ၁၊ ဇကာရှိ အပေါက်ငယ်။ ၂၊ အခြေခံ သင်ဖြူး သင်ဖျာ ရက်နည်းတမျိုး။
ဆန်ကော ဆန်ခါ ဇကာ စကာ https://burmese-spelling.blogspot.com/2024/02/blog-post_358.html
ဒေါက်တာတင့်ဆွေ

ယုန်မင်းဝတ္ထု(ဦးပုည)သဗ္ဗညု မြတ်စွာဘုရား* သည် သာဝတ္ထိပြည်၌ တယောက်သောသူကြွယ်အား ဒါနအနုမောဒနာ* ပြုတော်မူရာ၌-ဇ္ဈတ္တိ ဒါနံနာမ...
05/29/2026

ယုန်မင်းဝတ္ထု
(ဦးပုည)
သဗ္ဗညု မြတ်စွာဘုရား* သည် သာဝတ္ထိပြည်၌ တယောက်သောသူကြွယ်အား ဒါနအနုမောဒနာ* ပြုတော်မူရာ၌-
ဇ္ဈတ္တိ ဒါနံနာမ ပေါရာဏကပဏ္ဍိတာနံ ဝံသော။
ပေါရာဏက ပဏ္ဍိတာ ဟိ သဗ္ဗတ္တယာစကာနံ
ဇီဝိတံ ပရိစ္စဇိတွာ အတ္တနော မံသံ အဒံသူ။*
ဟူသော ဒေသနာ* တော်ကို ဟောတော်မူသည်။ ထိုဒေသနာတော်နှင့် လျော်ညီစွာ သံသရာ* စွဲနစ် အဏ္ဏဝါထဲမြစ်* ဝယ် နစ်တုံပေါ်တုံ တဗုံဗွားဗွား* ရဟတ်ဗျားကဲ့သို့ မျောပါးကျင်လည် သံယောဇဉ် ဖွဲ့ချည်၍ အတည်မကျ ဒုက္ခိတသတ္တဝါ* ဘုံသုံးဆုံတဖြာ* တွင် မြဲရည်ကြာခေါက်ပြန် မျောက်လှန်ထွေပြား လားကြရကုန်သော သူတို့အား ကိုယ်ပွား* တော်နှစ်ခြိုက်မြတ်လေးသည့် ရင်သွေးတော်စစ်ကဲ့သို့ ချစ်ခင် မေတ္တာကရုဏာရှေ့ထား၍ သနားတော်မူလှသောကြောင့် ဒီပင်္ကရာ* ထွတ်ချာမှန်ကင်း* သုံးလူမင်း* ၏ ခြေရင်းတော်မှ နိယတဗျာဒိတ် ရွှေတံဆိပ်* ကို ထိပ်ထက်ကြည်လင် ပန်ဆင်တော်မူခဲ့၍ လေးသင်္ချေ သိန်းနေစွန်းမိုး* ဆယ်ပါးသော ပါရမီ* ဖြင့် စာဂီပဗ္ဗ* စရိယသုံးဆင့်* ဆည်းပူးကျင်လျက် ရွှေယုန်မင်းအဖြစ်၌ ကိုယ်ခန္ဓာ* အသက်ကို မြက်တပင်မျှ ပမာဏမပြု* သဗ္ဗညုပညာ ရတနာနှစ် ပုလဲစစ်* ကို ချစ်ချစ်ခင်ခင် လိုချင်လှသောကြောင့် ဇီဝိတ* ရုပ်* နံ* ကို အလှူခံ ပုဂ္ဂိုလ်တို့အား ဆံဖျားမဟွန့် ပေးစွန့် လှူဒါန်းဘုရားကြောင်း ထုံးဟောင်း* အတိတ်* ကိုပြု၍ ဟတ္တပဒုမ္မ လောမဟံသန* ကြက်သီးစိတ်ပါ သဒ္ဓါဇောဝင် ရွှင်စေခြင်းငှာ သာဓက* ဥဒါဟရုဏ်* ဖြင့် ကဏ္ဍာလမြေ* အနန္တ ကျောက်မြတ်ကို နဝရတ်* ခြယ်စီလျက် သိင်္ဂီ* နိက္ခ* သာတကံ* ဂီဝါ* မေဃရုဏ် ရတနာကို သင့်ရာက ဆင်ပြီးလျှင် မျက်ရစ်ကြီး သတ်သတ်သိ နိပါတ်တော်* စကားဖြင့် နား၏တန်ဆာဆင်လတ္တံ့။ ရတုဟောင်း အလင်္ကာ
ရှေးအတိတ်အခါ ဗာရာဏသီပြည်မြတ်၌ ဗြဟ္မဒတ်မင်းမူစဉ် ငါတို့ဘုရားအလောင်းသည် တောအတွင်း ချုံလျှို ယုန်မျိုးအစစ် ဖြစ်တော်မူသတတ်။ ထိုယုန်မင်းနှင့် သီတင်းသုံးဖော် သူတော်လေး* သိမ်မွေ့ကျင်ကြံ ဖျံ၊ မြေခွေး၊ မျောက် လေးယောက်ပေါင်းစုံ မိတ်ဆွေပြု၍ တခုသောတောင်ခြေတွင် ရေတဖက် ရွာတဖက် တောနက်တရပ် စပ်လျက်တည်သော ဝေးပစ်* ရပ်* ဂနိုင်* ချုံ၌ ပေါင်းဆုံပျော်ကြသတည်း။
တနေ့သ၌ ယုန်သူတော် ပဏ္ဍိတသည် ညလေးချက်တီး* ကျော်ဝယ် မိုးပေါ်သို့ ကြည့်ရာတွင် လဝန်း၏သဏ္ဌာန်* ဖြင့် နက်ဖြန်ခါသည် လပြည့်နေ့ဖြစ်မည်ကို အတည်ကျ သီလဝတ်၍ ခင်ပွန်း* မြတ်သုံးဦးတို့ကို ခေါ်ပြီးလျှင် အဆွေတော်တို့ နေ့နက်ဖြန်ခါ ပန္နရသီ တိထီ* ထွန်းသည့် စက်ဝန်း* လည့် လပြည့် ဥပုသ်ကြုံလိမ့်မည်။ ဘုရား ပစ္စေကဗုဒ္ဓါ* ရဟန္တာ* တို့ မဟာသမယ* သင်္ကေတ* ဖြင့် ဥဒ္ဒေသပါတိမောက်* ဥပုသ်* ပဝါရဏာ* ကမ္မဝါတတ် သင်္ဃတ်ပတ် ရက်မြတ်ခေါ် သမိုက်ပေးသည်။ (နက်ဖြန် မိုးလင်း တရက်တွင်း၌ အချင်းချင်းတို့ ကိုယ်ဖို့သံသရာ ကံကျွေး* ပါအောင် ရှစ်ဖြာဥပုသ်* အားထုတ်ဖြည့်စွမ်း ကျင့်ကြိုးပမ်း၍ မဂ်လမ်း* ရှာဖွေကြရမည်။ ဖုန်းတောင်း* ယာစကာ* လှူခံလာလည်း စားရဖို့က တချို့တဝက် သဒ္ဓါတက်လျှင် သက်သက်မခြွင်း* မစန္ဒာ* ကင်း၍ လှူခြင်း ရက်ရောကြရမည်။ သီလဝိသုဒ္ဓိ* ကိုယ်၌ရှိမှ ပရိတ်ထ* ဒါန* ကျိုးဆက် ဖြိုးဖြိုးတက်၍ ဖိုလ်မဂ် ဉာဏ်* ကြီး ပွင့်ကြမည်။) ငါပြဆိုဒါ ပေးသမျှကို မဓုမေသွ မဓေဓမရာ* လိုက်နာ မှတ်သား၍ တရားလက်ရှိ ပြုကြကုန်-ဟူ၍ ရွှေယုန်သူမွန် တမလွန်ရေး* သြဝါဒပေးသည်ကို သွေးသောကံ* တစုတို့လည်း ဂရုဂရု* အာမဝန္တ* ခံယူကြပြီးလျှင် နံနက် ကြီးစောစော ဂေါစရဂံ* ရှာကြံရာ ဖျံမူကား ငါး ကြင်း ခုနစ်စိး မြေခွေးမူကား အမကင် ပုတ်တင် နို့မမ်း* အိုး၊ မျောက်မူကား သရက်သီးမှည့်တို့ကိုရ၍ စားရန်လှူရန်အလို့ငှာ သင့်ရာ၌ထားပြီးသော် မိမိတို့စောင့်သုံးသော သီလ* ကို ဆင်ခြင်အောက်မေ့လျက် ကိုယ်စီကိုယ်စီနေကြကုန်၏။
ဗောဓိသတ္တ* နိပက္ကပါရမီ* ဝသီ* နှိုင်းရင်း ရွှေယုန်မင်းကား သီတင်းအမြဲ ဆောက်တည်ဆုံးတွင် လွန်ကဲလှသော သဒ္ဓါကြောင့် ကြံခဲလှသောအကြံကို ကြံသို့ကြံမိလေ၏။ သြော်၊ ငါနှင့်သူတပါး အစားချင်းမတူ။ လူမစုံမက် မနှစ်သက်သော မြက်နေစာပင်* မုန်ညင်းပင်* တို့ကိုသာ ဝမ်းစာနေ့ည စားသုံးရချေသည်။ ဒါကုသိုလ် ငါပြုမည်ဆိုသော်လည်း ဝတ္ထု ကိုယ်မကောင်း၍ တောင်းသူမနှစ်သက်က အကျိုးဆက်မကြီးရာ။ ငါ့အသက်ကို ရက်ရက်မညှာ* အသေချွတ် ငါ့ထံရောက်လာ ယာစကာတို့အား ငါ့အသားကို စားသောက်စေရသော် ဇီဝိတအလှူ လူမနုဿတ်မတ် သဗ္ဗညုရွှေဉာဏ်ကို ကေန်ရပေတော့မည်တကား-ဟု အားပြည့်အင်ရွဲ* ကြံဆဲဆဲတွင် လွန်ကဲလှသော ပီတိ* အရှိန်ဖြင့် ကာယဒွါရ* အလုံးစုံ ရုကား၊ ဘယ်နှံအခါ* ငါ၏အသားကို စားလိုသူ ရွှေရှုလှည့်ရည် လာလိမ့်မည်ဟု ကြံစည်မျှော်လျက် နေတော်မူလေ၏။
ထိုအခါ သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ* ကမ္ပန်းမာပုလောင် သဖြင့် လူ့တောင်* သို့ ကြည့်ရှုသည်တွင် ယုန်သုမိန်၏ မနိစ္ဆေ* ကို သိသည်ဖြစ်၍ ဤယုန်ငယ်သည် ကြံရွယ်သည့်အတိုင်း မဆိုင်းမဆုတ် အဟုတ်သဘော ရက်ရောမည် မရက်ရောမည် အရည်ထောက်လှမ်း စုံစမ်းလိုသောကြောင့် သူအိုပုဏ္ဏားအယောင်ဖြင့် တောချောင်သို့လာ၍ သတ္တဝါလေးဦးတို့အထံသို့ ရောက်သတည်း။
ရှေးဦးစွာ ဖျံသူတော်ကောင်း ပျော်အောင်စောအရပ်ကို ချဉ်းကပ်ပြီးလျှင် - အို အချင်းဖျံ။ အလှူခံဆရာ ပုဏ္ဏားငါသည် တနပ်စာဆွမ်း ထမင်းကြမ်း* ကိုမျှ ထွင်းထုယမ်း၍မရပါ။ ဝမ်းစာလောက်င စားပါရလျှင် အဋ္ဌင်္ဂဥပုသ်* ကို အားထုတ်ဆောက်တည်လိုပါသည်။ သင်ဖျံမင်း၌ ကျန်ကြွင်းသော အစာ ရှိသေးပါမူ မင်းဆရာဗြာဟ္မဏ* အား ဝေငှလှူဒါန်းပါလော့ - ဟု၍ ဆို၏။ သူတော်ကောင်းဖျံသည် အလှူခံပုဏ္ဏားနှင့် စကားပြောဆို လှူဒါန်းလို၍-
သတ္တာ မေ ရောဟိတာ မစ္ဆာ၊
ဥဒကာ ထလမုဗ္ဘတာ။
ဣဒံ ဗြာဟ္မဏ မေ အတ္ထိ၊
တေ ဘုတွာ ဝနေ ဝသ။ ။* (သသပဏ္ဍိတဇာတ် ၃၁၆။ ၄-၂-၆)
ဟူသော ဂါထာ* ကို ရွတ်၏။ ထိုဂါထာ၏ အဓိပ္ပာယ်ကား- ဗြာဟ္မဏ ခတ္တိယ ဗိသျှ သုဒ္ဓါ ဝံသလေးရပ်* ပုဏ္ဏားမျိုးတွင် ဗိသည္နွယ်* ကိုးသွယ်ရစ်ဆင် လွယ်တံဆင်* သည် ဗေဒင်* ယတြာ* မုခါရုဇ္ဇီ ဂြဟိပါပ* မည်ထိုက်လှသော ဗြာဟ္မဏ* အဝင် သန့်စင်သိက္ခာ* မင်းဆရာ။ အကျွန်ုပ်လက်တွင်း၌ ငါးကြင်းခုနစ်စီး အပြီးယခုရှိပါသည်။ တောပတ်ဗဟူ ဝက်ဆူမမှီ အဆီအဆုဝေဝေ ဤငါးကြင်းကို မင်းဆရာအကြိုက် မြိုက်မြိုက်မြုံမြုံ ကင်လှော်ကာ စားချင်သမျှ စားတော်ခေါ်။ ဆရာကောာ်ဖို့ တချို့ယူလိုယူ။ လူ့ပါ၏ ပေးပါ၏။) ဝမ်းရေးတော်ပြည့်စုံမှ ဤတောချုံအရိပ်မှာ စက်အိပ်နေရာ စတြံသွား၍ ရှစ်ပါးသောဥပုသ်ကို အားထုတ်တော်မူပါ-ဟူ၍ ဂါထာ အဓိပ္ပာယ်ရသတည်း။
ထိုသို့ဖျံဆိုလျှင် ထိုပုဏ္ဏားလည်း သာဓုသာဓု* သပုရိသ*။ ကောင်းလှပြီ သြ*။ စောလည်ေးစာသေး၏။ လိုသောအခါ ငါယူလှည့်မည်-ဟု ဆို၍ ထိုအရပ်နှင့်မနီးမဝေး မြေခွေးသူတော်ထံ ရပ်ခံတောင်းပြန်လေသော် ခွေးသူတော်ကြီး နှုတ်သီးရှုရှု အာစရိုက်ရှင်* လှူချင်သော စေတနာ* နှင့် ခြင်း* စွာပြောလို၍-
ဒုဿ သမ မေ ခေတ္တပါလဿ၊
ရတ္တိဘတ္တံ အပါဘတံ။
မံသသူလာ စ ဒွေ ဂေါဓာ၊
ဧကဉ္စ ဒဓိထာရကံ။
ဣဒံ ဗြာဟ္မဏ မေ အတ္ထိ၊
တေ ဘုတွာ ဝနေ ဝသ။ ။* (သသပဏ္ဍိတဇာတ် ၃၁၆။ ၄-၂-၆)
ဟူသော ဂါထာကိုရွတ်၏။ ထိုဂါထာ၏ အဓိပ္ပာယ်ကား - ဆရာပဏ္ဍိတ် ပုရောဟိတ်*။ အကျွန်ုပ်၌ လယ်လုပ် ယောက်ျား မေ့ရစ်၍ထားခဲ့သော အမဲသားကျပ်တင် ဖုတ်ကင်နှင့် နို့ခမ်းအိုး ကောင်းနိုးသောစာ ပြည့်စုံပါ၏။ မင်းဆရာပုဏ္ဏား စားလိုစား သုံးလိုသုံး။ အလုံးမကြွင်း အပ်နှင်းလူဆက်ပါ၏။ နှစ်သက်စွာ ဖုန်းပေး၍ ဇေငြိမ်းသော ဤဒေသ၌ သီလကို ဖြည့်စွမ်းလျက် နတ်လမ်းထွဋ်* တော်မူပါ-ဟူလိုသတည်း။ စက်ပတ်ဒွါ
ပုဏ္ဏားကြီးလည်း ရှေးနည်းဖြင့် မြေခွေးအား ချီးမြှောက်၍ မျောက်သူတော်ထံ ရပ်ခံတောင်းယမ်းပြန်လေသော် ဝါနရိန္ဒ* အာစာရအရိယ* သတ္တဝါမျောက်မင်းသည် ဆန္ဒရင်း နာရီက လူလိုသည့်စေတနာ အားကြီးစွာသောကြောင့် ပျုငှာရွှန်းရွှန်း* နှုတ်ခွန်းချိုမော စကားပြောလို၍ -
အမ္ဗပက္ကံ ဒကံ သီတံ၊
သီတစ္ဆာယာ မနောရမာ။
ဣဒံ ဗြာဟ္မဏ မေ အတ္ထိ၊
တေ ဘုတွာ ဝနေ ဝသ။ ။* (သသပဏ္ဍိတဇာတ် ၃၁၆။ ၄-၂-၆)
ဟူသော ဂါထာကိုရွတ်၏။ အဓိပ္ပာယ်ကား - ဝတ်ဖြူ စလွယ်ဆင်တင့်တယ်သော အန္တသ်ဗြဟ္မာ မင်းဆရာ။ ကျွန်တော်တယောက် တောသားမျောက်မူ ညှီထောက်သားငါး စားဖွယ်မရှိ။ ကပိသခင် ရင်ဟူးရေးဖြူး* ယူတော်မူလျှင် ကြူကြူမွှေးကြိုင် အဆိုင်နှင့်တကွ အမှုန်ရရိုးရိုးရဲရဲ* ပင်ပေါ်မှည့်သရက်သီး လုံးကြီး ရေဝါ အရသာမျှ ဇေရုရ်ျ ထားသောကြောင့် ကျွန်ုပ်အားရရှိပါ၏။ ဆရာပုဏ္ဏား စားပါ သုံးပါ။ သဲသာသည့် ဆိပ်ကမ်းက စမ်းရေကလေး အေးအေး ချိုချို တည်းခိုဖွယ် အရိပ်လည်းကျယ်ပါသည်တကား။ သပ္ပုရိသ်* ချမ်းမြေ့ သရည်နေ့ကို မွေ့မွေ့သာသာ သရည်နေရာတွင် သိက္ခာအတွက် သီလရင်းနှီး စိပ်ပုတီးနှင့် အငြီးဖြေ၍ နားနေတော်မူပါ ဆိုသတည်း။
ပုဏ္ဏားလည်း ရှေးနည်းအမှတ် စကားဆက်ဖြတ်ပြီးလျှင် ဗောဓိသတ်* ဗုဒ္ဓ* သယမ္ဘူမံရင့်* မကြာမီ ပွင့်အံ့သော ရွှေယုန်မင်းနေရာသို့ ချဉ်းကပ်ဆိုက်ရောက်၍ စားသောက်ရန်အစာ ရလိုပါကြောင်းနှင့် သာယာညံ့ပြောင်း ခွင့်တောင်းရပ်ခံပြန်လေသော် ယုန်သူတော်ကောင်း ဘုရားလောင်းလည်း လျောင်းစက်ရာက ရုတ်ခြည်း* ထပြီးလျှင်-
မမ မန္တောရထော မတ္တကံ ပတ္တော*။
ဟု အမျောအမော* အလောသုံးဆယ်* ကိုယ်ယံနှံ့ပြား ပီတိဟုန်ပွားသောကြောင့် ယောက်ျားဟဲ့ငါ သည်တခါမူ ဒကာလဲလိုရာထွတ်ချောက် ငါ့အကြံမြောက်ကပြီ။ ဗောဓိ* အောက် အောင်မြေ ဝိဇယပလ္လင်ဗွေတွင် ဝတ်ရေးသင်းကြိုင်* ရှုမငြီး ပန်းခိုင်* ကို ပိုင်ပိုင်မချွတ် ငါဆွတ်တော့မည်တကားဟု မြွက်ဝါးခြိမ်းမျှ ဇီဝိတကို ပမာဏမမူ။ ကိုယ့်အသားကို ပုဏ္ဏားအားလှူပြီးလျှင် ကြည်ဖြူနှုတ်ချို ပြောဟောလို၍ -
န သသဿ တိလာ အတ္ထိ၊
န မုဂ္ဂါ နပိ တဏ္ဍုလာ။
ဣမိနာ အဂ္ဂိနာ ပက္ကံ၊
မမံ ဘုတွာ ဝနေ ဝသ။ ။* (သသပဏ္ဍိတဇာတ် ၃၁၆။ ၄-၂-၆)
ဟူသောဂါထာကိုရွတ်၏။ ထိုဂါထာ၏ အဓိပ္ပာယ်သော်ကား အို ပုဏ္ဏား။ ယုန်မျိုးသတ္တဝါ ငါတို့မှာကား ဟင်းလျာလှူရန် ဆန်ပဲနောက် နှမ်း တခြမ်းတလုံးမျှ စုရုံး၍ထား စားလေသည်မဟုတ်ပါ။ နေရာဆင့်* ပန်တော်ဦး* မုန့်ညင်း မြက်ခင်းကို ထမင်းလုပ်၍ ကျွန်ုပ်တို့အား စားသုံးရချေသည်။ အကျွန်ုပ်အဓိဋ္ဌာန်* မှာ အာဂန္တု* သူတောင်းစား ရောက်လာခိုက်ငြား ဘိမူ ငါ့အသားကို ပေးလှူမည်အကြံနှင့် အလှူခံမျှော်လျက် အဆင်သင့်နေပါသည်။ အကျွန်ုပ်ဝတ္ထုစာကို မင်းဆရာတယောက်မျှကား ဝလောက်ရာ ရှိတန်ပါ၏။ ငါ၏ကိုယ်ကို အလိုရှိတိုင်း ဖြတ်ပိုင်းလှီးခုတ် အရေးကိုဆုတ်ပြီးလျှင် တုတ်တုတ်ပေါက်လူ မီးဖို၍ဖုတ်ကင်ပါ။ အားနာတော်မမူနှင့်။ ထောက်ကူဘိ၍ ပါရမီအကျွန့်မြောက်အောင် စားသောက်တော်မူပါဟု အခါခါနှုတ်မြွက် အသက်ကိုအလှူပေးသည်တွင် သိကြားမင်းလည်း မိမိတန်ခိုးဖြင့် ကြီးစွာသောမီးပုံကို ဖန်ဆင်း၍ အသံရွှေယုန်။ ဤမီးပုံသို့ဆင်းလော့။ သင်၏အသားကျက်သကာလ ငါစားအံ့ဟု ဆိုသော် ယုန်သူတော်လည်း ဤသို့အကြံဖြစ်၏။ သြော်၊ ငါ၏အမွေး၌ အသေးအမွှား* အများရှိချေသည်။ ငါ့ကိုမှီ၍ ဤပိုးမွှား ဆုံးပါးအသက် မပျောက်ကောင်းပေရာဟု ကရုဏာ* သမ္ပဇဉ်* ယှဉ်သောနှလုံးဖြင့် သုံးကြိမ်စင်ကြယ်စွာ ကိုယ်တော်ကိုခါပြီးလျှင် ရေကြာအိုင် အတွင်းသို့ ရေသာဝင်ကျင်း* လို၍ သက်ဆင်းသောရွှေဟင်္သာ ကဲ့သို့ မျက်နှာတော်မညှိုး မီးဖိုနှင့်ကိုယ်တော်မြတ်ကို ဖတ်လုအောင်ချိန်ပြီးလျှင် တရှိန်တည်းခုန်ဆင်း၍ မီးတွင်းသို့ သက်တော်မူလေ၏။ အဟိတသယ ရတ္ထိဘဂဝါတိ
သိကြားမင်းငြိမ်းသော ငရဲမီးပမာ ပူလှသောမီးစုသည် သုမိန်ရွှေယုန်၏ ကျေးဇူးရုက်ပါရမီကြောင့် ဂေါသီသ* စန္ဒကူးကဲ့သို့ အထူးသဖြင့် ချမ်းအေး၍ ကိုယ်မွှေးတော် တပင်မျှ မီးဝင်၍မလောင် ပကတိဖြစ်တော်မူစဉ်တွင် အလှူခံပုဏ္ဏားအား စကား ဤသို့ဆိုပြန်၏။ အို-ပုဏ္ဏား။ သင်ပုဏ္ဏား စားရုန်း လောကကြီးနှင့် မီးကိုမပူနိုင်။ ဗျာလိုင်ချွတ်လွဲ သင်ပြသော မီးခဲသည် မရဲမပြောင် လောင်မည်ကား ဝေးစွ။ ကိုယ်မွေးကိုမျှ မမြိုက်။ အသစ် မီးစုံ ရဲဝုဂု ကြိမ်မျိုးဦးလောဟု ဆို၏။ သိကြားမင်းလည်း ကြီးစွာသောအံ့ဖွယ်သရဲ* ကိုမြင်၍ ကိုယ်ထင်ပြပြီးသော် သခင်ယုန်မင်း။ ငါတမူကား ပုဏ္ဏားမဟုတ်။ အယုဇ္ဈပြည်ကြီးသခင် မိုးခွင်သိကြားဖြစ်ပေသည်။ ပါရမီနိုးရင်း ဆည်းပူးခြင်း၌ ယုန်မင်းသတ္တိ ရှိမရှိ ငါသိလို၍ မီးဖိုဖန်ဆင်း သင်ယုန်မင်းကို အခြင်းအရည် စမ်းပေသည်။ (လောကသုံးခွင် ဘုံအပြင်ဝယ် သင့်နှင့်ရည်တူ ရဲရဲဝံ့ဝံ့ လှူမည့်သူ။ နတ်တွင် တယောက်မပေါက်စဖူး။ သင်တဦးသာ လူထူး လူမြတ်* ဖြစ်ပေသည်။) သဗ္ဗညုတ ဉာဏရတနာ ဂုဏ်မြတ်စွကို လွယ်ကာထုတ်ချောက် လက်ရောက်ယူတော်မူအံ့သောငှာ စွန့်ခဲ့လှသော အသက်ကို စွန့်ကြဲ၍ လွန်ကဲသော ပါရမီထူးကို ဆည်းပူးတော်မူပေသည်ဟု အထွေထွေ ချီးမွမ်းပြီးလျှင် တယောက်တည်းသောသားကို ပိုက်ဖြားပြုပြင်သော မိခင်အလား၊ သိကြားနတ်မင်းသည် ယုန်သူတော်ကောင်း ဗောဓိလောင်း* အား ပျောင်းပျောင်းညံ့သက် မိမိလက်ဖြင့် ပိုက်ဖက်ပွေ့ချီ ချော့မြူမြေဖျော်လျက် နေတော်မူရင့် မြက်ခင်းကမ္ဗလာ* သဲမွှေ့ရာထက် အသာတင်ထားခဲ့ပြီးမှ ဖျံ မြေခွေး မျောက် သုံးယောက်သော သူတော်စင်တို့အားလည်း တရားမပျက် အသက်ထက်ဆုံး* ကျင့်သုံးနိဿယံ* သက်ဆာမေတ္တာ ကြင်စွါကျွမ်းဝင် ချစ်ခင်ကြမည့်အကြောင်း ကောင်းသောဥပဒေ* ဖြင့် ဆုံးမပေးပြီးသော် သိကြားမင်းသည် နောက်တရံ၌ အကြံဤသို့ဖြစ်၏။ ဤရွှေယုန်၏ ဂုဏ်ကြိယာ* လက္ခဏာသရုပ်* မဖြစ်ဖူးမြဲ အံ့အံ့ဖွယ်မူ ယခုဖြစ်ပုံ မကြုံစဖူးတင်း ဤပွဲကောင်းကို အပေါင်းသတ္တဝါ မြင်စိမ့်ငှာဟု ပြည်ရွာနံ့ပြားအောင် သွား၍လည်း မပြောနိုင်ရာ။ လာ၍ကြည့်ခြင်းငှာလည်းအာပံ။ ဘဒ္ဒကပ်* (ဤကမ္ဘာ*တွင် မင်္ဂလာသမိုက်*
တဝိုက်လုံးကြက်သရေ* မကျေမဆီ တသိမ့်တရက် မကုန်မဆုံး ကပ်လုံးမပျောက် တည်စေလတ်သော အထောက်အကြောင်း ထိုးဟောင်းစံမြတ်ဖြစ်ပေသည်။) သပြေတည်ထွန်း တကျွန်းလုံး*မ က လေးဒီပမျက်နှာ စက္ကဝါ*ဝန်းကျင် လူခပ်သိမ်းမြင်သဖြင့် ဤသခင်ယုန်မင်း၏ အကြောင်းရင်းထုံးစံ နည်းချ၍ ကျင့်ကြစေ-ဟု ရွှေယုန်မင်းဇာတ် အတ္ထုပ္ပတ်ကို လောကဓာတ်* လူ့ ဘောင်တွင် မှတ်စောင်မဟာဝင်* ကမ္ဘာလုံးထံရစ်အောင် တောင်ဆီမင်*ဆေးစုံဖြင့် ငွေစက္ကူ* လဗိမာန်၌ ယုန်ရုပ်ဟန် ရေးခြယ်၍ တင့်တယ်စွာ ထားခဲ့သောကြောင့် ထင်ရှားဆပိုင်ဖြစ်ချေသည်။
အနုရုဒ္ဓါအလောင်းဖြစ်သော သိကြားမင်း အာနန္ဒာအလောင်း ဖြစ်သော ဖျံမင်း မောဂ္ဂလန် အလောင်း ဖြစ်သော မြေခွေးမင်း သာရိပုတ္တရာ အလောင်း ဖြစ်သော မျောက်မင်း ဘုရားအလောင်းဖြစ်သောယုန်မင်း ဤပုဂ္ဂိုလ်တို့၏ ကြည်ညိုမြတ်နိုးစွာ ဒါနပြုံပုံ သီတင်းသုံးပုံ လုံးစုံကျင့်ကြံ ထုံးစံသမာ က နိပါတ်ပြကို နိဿယ* တစောင်ပြု၍ ယခုကာလ မြန်မာပြည်ရွာတွင် ဒါယကာ ဒါယိကာမ အပေါင်းတို့သည်လည်း ကောင်းမြတ်သော နှလုံးသွင်းဖြင့် ပေးလှူခြင်း ဒါနပါရမီ စာဂီပမသေ ဗျူရဇ်ရှေ့ကဲ့သို့ ကိလေသာ မရုန်းမရသော သီလပါရမီတို့ကို ဝသိဖြစ်ပွားအောင် ကြိုးစားဆည်းပူးသင့်ပေသည်။ လေးဦးသောသတ္တဝါ ကျင့်ကြရှာသည်မှာ သာသနာတွင်းမှ မဟုတ်သေး။ တွေးဆမ်းယောင်၍ ကြံဆောာင်ကျင့်သုံးရှာကြသည်။ ယခုမှာမူ လူလည်းဖြစ်လာ သာသနာလည်းထွန်းခိုက် အမြိုက်တရား* ဟောကြားမည့်သူ လူလည်းမရှား။ သို့ပါလျက်သားနှင့်မှ တရားသို့မလိုက် အမှားကြိုက်ကြလျှင် အမှိုက်တကာ့ဗိုလ်မင်း အဖျင်းတကာ့ဗိုလ်ချုပ် အပယ် ရေလေးလီ မြစ်နဒီ* တွင် ဗလုံစီဒုပ်ကြလျက် လူယုတ်ကြီးတွေ ဖြစ်ချေဦးမည်။) တိရစ္ဆာန် သူတော်တို့ ရမ်းရော်၍ ကျင့်ချက်ကြောင့် အထက်နတ်ရွာ ဗြဟ္မာတို့ဘုံ ရောက်ရုံမက သဗ္ဗညုတလောက ထွတ်ထား ဘုရားရဟန္တာ ဖြစ်ကြသော အရာကို ပညာဖြင့်ချင့်လိမ့်၍ လောကီ* လောကုတ္တရာ* ဝိမုတ္တိအမြိုက်* ခံစားထိုက်အောင် နှစ်ခြိုက်ကြည်ညိုစွာ ဒါနသီလ အဋ္ဌင်္ဂဥပုသ် တို့ကို အားထုတ်ကြိုးစားကြရမည်။
(၁၉၆၄-၆၅ ဆယ်တန်းမှာ သင်ယူရပါသည်။ တအုပ်လုံး သတ်ပုံတွေမှန်သည်။ ယခုခေတ် ပေါ်လစီသတ်ပုံတွေကို မှန်တယ်လို့ မထင်ပါ။)
ဒေါက်တာတင့်ဆွေ

Address

1005 E Stop 11 Road
Indianapolis, IN
IN46227

Telephone

+13176106372

Website

Alerts

Be the first to know and let us send you an email when Tint Swe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Tint Swe:

Featured

Share

Category