Nan Lu Lu

Nan Lu Lu Psalm 46:1 (KJV) “God is our refuge and strength, a very present help in trouble.”
Heal yourself, Heal the World 🌎

Community Christian Counseling Office Staff & Counselors Annual Meeting! Truly blessed to collaborate with these dedicat...
01/24/2026

Community Christian Counseling Office Staff & Counselors Annual Meeting!

Truly blessed to collaborate with these dedicated professionals. Appreciative of a team that is supportive, encouraging, prayerful, and dedicated to cultivating a positive and uplifting environment.

01/18/2026

စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုကတော့ ခံစားချက်တွေကို ချိူးနှိမ်ခြင်းဘဲ ဖြစ်ပါတယ်။

ရင်ဖွင့်ရင် နားထောင်မယ့်သူ မရှိလို့ဖြစ်စေ၊ ရှိရဲ့သားနဲ့ မပြောချင်လို့ ဖြစ်စေ တစ်ယောက်ထဲ ကြိတ်ခံစားရင်း ပြဿနာကို မဖြေရှင်းတဲ့ အခါ ရင်ထဲမှာ ခံစားရတာတွေ စုလာပါတယ်။

တဖြည်းဖြည်း ပြောချင်တဲ့ စကားတွေ များလာပြီး မပြောရတဲ့ အခါ၊ ဒါမှမဟုတ် ကိုယ်ပြောပေမယ့် တစ်ဖက်လူက အလေးအနက်ထားပြီး နားမထောင်တဲ့အခါ မလေးစားသလိုမျိူး ခံစားရပါတယ်။

တစ်ခါတစ်ရံ ကိုယ်မကြားချင်တဲ့ စကား၊ ကိုယ်မကြိုက်တာတွေကို ပြောတဲ့ သူတွေလဲ ရှိနိုင်ပါတယ်။ ဒီလူတွေကိုလဲ ကိုယ်က မကြိုက်ဘူးဆိုတာ ပြန်မပြောဘဲ ခံစားချက်တွေကို ချိူးနှိမ်ထားရင် သူတို့ဘက်က မသိဘဲ ဆက်ပြောတတ်နိုင်ပါတယ်။

အဲ့လို မကြားချင်တဲ့ စကားတွေ ကြားပါများတဲ့ အခါ (ဥပမာ - မိမိကိုယ်ကိုကိုယ် ယုံကြည်မှူကို ထိခိုက်စေတဲ့ စကားမျိူး) လူက ခံစားလို့ မကောင်းပါဘူး။ ပြန်ပြောဖို့လဲ မပြောချင်တာမျိူး ရှိနိုင်ပါတယ်။

ဒီလို အပြောခံရတာတွေ၊ ပြောချင်တာ မပြောရတာတွေကို စိတ်ထဲမှာ ရေရှည်စုသိမ်းထားတာတွေဟာ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအတွက် မကောင်းစေပါဘူး။

ခံစားချက်တွေကို ချိူးနှိမ်မိပါများရင်
​📍စိတ်ရှုပ်လာမယ်
📍တစ်ယောက်ထဲ ဒေါသထွက်တတ်လာမယ်
📍ကိုယ့်ကိုကိုယ် ထိခိုက်အောင်လုပ်ချင်လာမယ်
​📍စိတ်ပင်ပန်းစေတဲ့ သူတွေနဲ့ ဝေးရာ ရှောင်ချင်လာမယ်
📍မိမိကိုယ်ကို လေးစားမှူနဲ့ ယုံကြည်မှူကို ထိခိုက်တယ်လို့ ခံစားရမယ်
📍အထီးကျန်ဝမ်းနည်းတတ်လာမယ်

စသဖြင့် စိတ်ခံစားချက်တွေ ခံစားရနိုင်ပါတယ်။

ခံစားချက်တွေကို ဖွင့်ထုတ်တတ်ဖို့
📌ယုံကြည်ရသူတွေနဲ့ ရင်ဖွင့်တိုင်ပင်ပါ
📌စိတ်ထွက်ပေါက်နေရာ တစ်ခုခုရှာပါ
📌ဘာကြောင့် စိတ်ရှုပ်နေလဲဆိုတာ အချိန်ပေးပြီး ဖြေရှင်းဖို့ ကြိုးစားပါ
📌နေရောင်ခြည်နဲ့ ထိတွေ့ပေးပါ
📌သူများတွေရဲ့ အခက်အခဲတွေကို နားထောင်ပေးကြည့်ပါ
📌journaling ရေးကြည့်ပါ
📌လေ့ကျင့်ခန်းလေးတွေ လုပ်ပေးပါ Yoga လိုမျိူး physiotherapy လဲ ကျင့်လို့ရပါတယ်
📌လိုအပ်ပါက mental health professional တွေနဲ့ တွေ့ကြည့်ပါ

စိတ်ပင်ပန်းနာကျင်မှူတွေ သက်သာပါစေ။ 💙


01/17/2026

အခုအချိန်မှာ ကျွန်တော်တို့အားလုံးက မျိုးစုံသော
ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဒီဆုံးရှုံးမှုတွေရဲ့
နောက်မှာ Grief ဆိုတဲ့ အရာက ကပ်ပါလာပါတယ်။
ပူဆွေးသောက ရောက်တယ်ပေါ့။ Grief ဟာ
ကိုယ်တန်ဖိုးထားတဲ့အရာ၊ ချစ်ခင်တွယ်တာတဲ့အရာတွေ
ဆုံးရှုံးလိုက်ရတဲ့အခါမှာ ဖြစ်လေ့ရှိတဲ့ ပုံမှန်တုံ့ပြန်ချက်တစ်ခုပါ။

ဆုံးရှုံးမှုဆိုတဲ့နေရာမှာ ဘာမဆိုဖြစ်နိုင်ပါတယ်။
လူပုဂ္ဂိုလ်၊ ပစ္စည်း၊ အလုပ်၊ ရာထူး၊ Relationship ပြတ်ဆဲခြင်း၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ မိတ်ပျက်ခြင်း၊ အိမ်မွေးတိရစ္ဆာန်၊ အိမ်ထောင်ရေး စတာတွေကို
ဆုံးရှုံးလိုက်ရတဲ့အခါမှာ Grief ရနိုင်ပါတယ်။
ဒါ့အပြင် ကိုယ့်ရဲ့ ပိုင်ဆိုင်မှုကို ရောင်းလိုက်ရတာ၊
အိမ်၊ ကျောင်း၊ အလုပ်တို့ အပြောင်းအလဲဖြစ်တာတွေကလည်း အနည်းနဲ့အများ Grief ရစေနိုင်ပါတယ်။

ဒီလိုအချိန်မှာ မျိုးစုံသော ခက်ခဲမှုတွေနဲ့ မထင်မှတ်ထားတဲ့ ခံစားချက်တွေရနိုင်တယ်။ ထိတ်လန့်ချောက်ချားတာ၊ ဒေါသထွက်တာ၊ ယုံကြည်မှုကင်းမဲ့တာ၊ အပြစ်ရှိသလိုခံစားရတာ၊ အလွန်လေးနက်တဲ့
ဝမ်းနည်းမှုတွေ ခံစားရတာတွေကို ကြုံတွေ့ရနိုင်ပါတယ်။ Grief ဟာ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကိုသာမက ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေနိုင်တယ်။
အစားအသောက်ပျက်တာ၊ အိပ်‌ဖို့အတွက် ခက်ခဲတာ၊
ကောင်းကောင်း စဉ်းစားတွေးတောလို့ မရတော့တာတွေ ဖြစ်နိုင်ပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ
အခက်အခဲဖြစ်စေနိုင်ပါတယ်။ ဒါတွေ ကြုံတွေ့နေရလို့ စိတ်ရောဂါရှိတယ်လို့ သတ်မှတ်လို့မရပါဘူး။
ဒီအချက်တွေဟာ ဆုံးရှုံးမှု ကြုံတွေ့ရတဲ့ သူတစ်ယောက်မှာ ဖြစ်တတ်လေ့ရှိတဲ့ ပုံမှန် တုံ့ပြန်မှုတွေဖြစ်ပြီး ဆုံးရှုံးလိုက်ရတဲ့အရာအပေါ်မှာ တန်ဖိုးထားရင် ထားသလောက် ကိုယ့်ရဲ့ Grief ကလည်း ပိုပြီး ပြင်းထန်နိုင်ပါတယ်။

ဆုံးရှုံးမှုကို ကုစားတယ်ဆိုတဲ့နေရာမှာ
ဆုံးရှုံးမှုကြောင့်ရတဲ့ Grief ကို ဘယ်လို cope လုပ်မလဲဆိုတာကို အရင်ကြည့်ရပါမယ်။ Copping အကြောင်းကို မပြောခင်မှာ လွဲမှားနေတဲ့ ယုံတမ်းတွေကို အရင်သတိပေးချင်ပါတယ်။

❗ "ဆုံးရှုံးမှုကို လျစ်လျူရှုလိုက်ရင်၊ နာကျင်မှုတွေ
ချက်ချင်းပျောက်ကင်းသွားလိမ့်မယ်။"
ဒါဟာ Grief ကို ပျောက်ကင်းစေတာမဟုတ်ဘဲ
ရေရှည်မှာလည်း ပိုမိုဆိုးရွားစေပါတယ်။

❗ "ဆုံးရှုံးမှုကို ရင်ဆိုင်ဖို့ စိတ်မာဖို့လိုတယ်၊ ကြံ့ခိုင်ဖို့
လိုတယ်၊ ပျော့ညံ့နေစရာမလိုဘူး။"
ဝမ်းနည်းခြင်း၊ စိုးရိမ်ကြောက်လန့်ခြင်း၊ အထီးကျန်ခြင်း ဆိုတာ ဆုံးရှုံးမှုတွေအတွက် တုံ့ပြန်ချက်ပါ။ ငိုကြွေးခြင်းက အားနည်းခြင်းလို့ အဓိပ္ပါယ်မသက်ရောက်ပါဘူး။ ကိုယ့်ရဲ့ ခံစားချက်အမှန်ကို လက်ခံပြီး ဖော်ပြခွင့်ရှိပါတယ်။

❗ "မငိုရင် ဝမ်းမနည်းဘူး၊ ငိုမှ တန်ဖိုးထားတာ၊
မငိုရင် ဒီဆုံးရှုံးမှုဟာ မဖြစ်စလောက်ပဲ"
ငိုကြွေးခြင်းဆိုတာ ဝမ်းနည်းမှုရဲ့ ပြရုပ်ဆိုပေမယ့်
ဝမ်းနည်းတိုင်းလည်း မငိုပါဘူး။ ငိုကြွေးခြင်းနဲ့ မဖော်ပြတတ်တဲ့ သူတွေဟာလည်း စိတ်ထဲမှာ ဝမ်းနည်းမှုကို ခံစားနေရတယ်ဆိုတာ သိထားရပါမယ်။

❗ "တစ်လကျော်နေပြီ၊ နှစ်လကျော်နေပြီ အခုထိ
ခံစားနေတုန်းပဲလား၊ မေ့လိုက်သင့်ပြီ။"
Grief ဟာ ဘယ်နေ့ ဘယ်အချိန်မှာ ပျောက်ရမယ်လို့
အတိအကျ သတ်မှတ်ချက်မရှိပါဘူး။ ယေဘုယျအားဖြင့် ၆ လ အထိ ကြာမြင့်နိုင်ပြီး Grief ရဲ့
ပြင်းထန်ပုံ အနည်းအများပေါ်မူတည်ပြီးလည်း
အချိန်‌လျော့နိုင်သလို ပိုပြီးလည်း ကြာနိုင်ပါတယ်။

ဒါတွေကတော့ ဆုံးရှုံးမှုတစ်ခုကြုံတွေ့ရတဲ့အခါမှာ
ပြောလေ့ရှိတဲ့ ထင်လေ့ရှိတဲ့ ယုံတမ်းတွေပဲဖြစ်ပါတယ်။ ဆိုတော့ ဒီ Grief နဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ကျန်းမာ မှန်ကန်မှာ cope လုပ်ကြမလဲ။

🔹 ကိုယ့်ရဲ့ နာကျင်မှုကို လက်ခံရမယ်၊ အသိအမှတ်
ပြုရမယ်။
🔹ကိုယ့်ရဲ့ Grief process ဟာ တစ်ခြားသူတွေနဲ့
တူနေစရာမလိုဘူး ဆိုတာကိုလည်း သိထားရ
မယ်။
🔹ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအတွက် ရုပ်ကျန်းမာရေး
ကို ဂရုစိုက်ခြင်းဖြင့်လည်း support လုပ်နိုင်
တယ်။
🔹ငိုလို့ရတယ်၊ ဝမ်းနည်းလို့ရတယ်၊ ခံစားချက်တွေ
ကို ရင်ဖွင့်နိုင်တယ်၊ စာအုပ်ထဲမှာ ချရေးနိုင်တယ်၊
ပျော်ပျော်နေနိုင်ရင်လည်း ဒါဟာ အပြစ်မဟုတ်
ဘူး။
🔹ဆုံးရှုံးလိုက်ရတဲ့အရာက ကိုယ့်ရဲ့ ဘဝရှင်သန်မှု
အဓိပ္ပါယ်လို့ သတ်မှတ်ထားတဲ့အခါ ကိုယ့်အတွက်
‌အဓိပ္ပါယ်အသစ်ကို ရှာရလိမ့်မယ်၊ ဒါဟာ ခက်ခဲ
နိုင်တယ်၊ ကြာနိုင်တယ်၊ It's ok.
🔹ရှေ့ဆက်တဲ့အခါမှာ ဆုံးရှုံးမှုကို မေ့ထားစရာမလိုပဲ
အောက်မေ့နိုင်တယ်၊ သတိရနိုင်တယ်၊ အထိမ်း
အမှတ်လေးတွေလည်း လုပ်ပေးနိုင်တယ်။
🔹Self care လေးတွေလုပ်နိုင်တယ်၊ Massage
session လေးတွေယူတာမျိုး လုပ်နိုင်တယ်။
🔹လိုအပ်ရင် Counselor နဲ့ စကားပြောနိုင်တယ်။
🔹Grief progress တစ်လျှောက်လုံး ကိုယ့်ကိုကိုယ်
ဖိအားမပေးပဲ နူးနူးညံ့ညံ့ပဲ ဆက်ဆံပေးဖို့
လိုအပ်ပါတယ်။

ထပ်ဆောင်းအနေနဲ့ သိထားသင့်တာက Grief မှာ
ပုံမှန်အားဖြင့် အဆင့် (၅) ဆင့် ရှိပါတယ်။
(၁) ငြင်းဆန်ခြင်း - ဆုံးရှုံးမှုကို လက်မခံနိုင်ဘူး။
(၂) ဒေါသထွက်ခြင်း - အပြစ်တင်မယ်။
(၃) ညှိနှိုင်းခြင်း - ဆုံးရှုံးတာပြန်ရအောင် ဘာနဲ့
လဲလှယ်လို့ ရမလဲ။
(၄) စိတ်ဓာတ်ကျခြင်း - ဘာမှမလုပ်နိုင်ပဲ
တိတ်ဆိတ်ငြိမ်သက်
နေမယ်။
(၅) လက်ခံခြင်း - ဆုံးရှုံးဖြစ်ပျက်ခဲ့တာနဲ့ပတ်သက်
ပြီး နားလည်လက်ခံကာ
move through လုပ်ဖို့ စတင်
နိုင်ပါပြီ။

Grief ရတဲ့သူတိုင်း ဒီ အဆင့် (၅) ချက်စလုံး ကြုံရမယ်လို့ မဆိုလိုပါဘူး။ Individual differences အရ
ကွာခြားနိုင်ပြီး အဆင့် အစဉ်လိုက်လည်း ကွဲပြားနိုင်ပါတယ်။ Healing လုပ်ဖို့အတွက်လည်း ဒီအဆင့်တွေကို အစဉ်လိုက်ဖြတ်သန်းဖို့လည်း မလိုပါဘူးနော်။
ကိုယ့်ရဲ့ Grief process ကို ပိုပြီး နားလည် ဂရုပြုစေနိုင်ဖို့အတွက်သာ ရည်ရွယ်ခြင်းဖြစ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် မှန်ကန်စွာ နားလည်
အားပေးနိုင်ပြီး နွေးထွေးလုံခြုံတဲ့ ပတ်ဝန်းကျင်လေးကို တည်ဆောက်နိုင်ကြပါစေ💙

💯
01/12/2026

💯

Take care of your own peace and joy 🤩
01/11/2026

Take care of your own peace and joy 🤩

The past brings sadness, the present brings stress, the future brings worry - peace is in living now!
01/08/2026

The past brings sadness, the present brings stress, the future brings worry - peace is in living now!

"အကောင်းမြင်စိတ် ထားစမ်းပါ" လို့ အပြောခံရဖူးလား။ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ်ပေါ့။ အကောင်းမြင်ဖို့ ခက်ခဲတဲ့ အခြေအနေတစ...
01/03/2026

"အကောင်းမြင်စိတ် ထားစမ်းပါ" လို့ အပြောခံရဖူးလား။

ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ်ပေါ့။ အကောင်းမြင်ဖို့ ခက်ခဲတဲ့ အခြေအနေတစ်ခုမှာတောင် အတင်းအကျပ် အကောင်းမြင်ခိုင်းနေတာမျိုး ကြုံဖူးမှာပေါ့နော်။ ဘယ်တော့ဖြစ်ဖြစ် "စိတ်ဓာတ်မကျနဲ့၊ သန်မာရမယ်"လို့ အားပေးခံရတာမျိုးရော ကြုံဖူးတယ်မလား။ Toxic positivity လို့ ခေါ်တဲ့ အဆိပ်သင့်စေသော အပြုသဘောဆောင်မှုဆိုတဲ့ စကားလုံးတွေ ရှိပါတယ်။

Toxic positivity ဆိုတာက ကျရှုံးမှုကို လက်မခံတာ၊ ဘာပဲဖြစ်ဖြစ် လက်မလျှော့ခိုင်းတာ၊ အချိန်တိုင်း အရာတိုင်းကို အကောင်းမြင်ခိုင်းတာ၊ အဆိုးမြင်စိတ် လုံးဝအဝင်မခံခိုင်းတာ၊ ဒါလေးတောင် မလုပ်နိုင်ဘူးလား /ဒီထက် ပိုဆိုးသွားနိုင်တယ်ဆိုပြီး ပြောတာ၊ အမြဲ ကြိုးစားခိုင်း၊ အားတင်းခိုင်း၊ ပျော်ပျော်နေခိုင်းတာ၊ ဖြစ်သင့်လို့ ဖြစ်တာ/အဆင်ပြေသွားမှာပါချည်း ပြောနေတာမျိုးတွေကို Toxic Positivity တွေလို့ ခေါ်ပါတယ်။

အစပိုင်းမှာတော့ ဒီလိုအားပေးမှုတွေက ဟုတ်သလိုလိုနဲ့ အချိန်ကြာလာတာ နဲ့အမျှ လောင်စာတွေ စုမိထားသလိုပဲ ရင်ထဲမှာ တမြည့်မြည့် လောင်ကျွမ်းစေတတ်ပါတယ်။

အပြုသဘောဆောင်တဲ့ အကောင်းမြင်မှုတွေဟာ အစွန်းမရောက်ဖို့ လိုပါတယ်။ အကောင်းမြင်ဝါဒတွေနဲ့ ပတ်သက်ပြီး အားပေးစကားတွေကို သတိထား ပြောဆိုဖို့လိုပါတယ်။ စိတ်ထိခိုက်နာကျင်နေရသူ၊ စိတ်ဓာတ်ကျနေတဲ့သူနဲ့ ပင်ပန်းဝမ်းနည်း နေရတဲ့သူတွေ အတွက် ကိုယ်ကစေတနာနဲ့ အားပေးလိုက်ပေမဲ့ သူ့အတွက်တော့ အဆိပ်ခွက်ကြီး ဖြစ်သွားတတ်ပါတယ်။

ကြုံလာသမျှကို အကောင်းမြင်ပြီး လက်ခံနိုင်ဖို့ ကြိုးစားခိုင်းတာက ဘာနဲ့ တူလဲဆိုရင် ကိုယ့်ရဲ့ရေမြောင်းထဲမှာ ရှိနေတဲ့ ရေပုတ်ရေဆိုးတွေကို စီးဆင်းခွင့်မပေးဘဲ ပိတ်ထားတာနဲ့ တူပါတယ်။ ပိတ်ဆို့ထားတဲ့ ရေဆိုးတွေများလာရင် လျှံထွက်တတ်သလိုပဲ မကောင်းတဲ့ စိတ်ခံစားချက်တွေကို ရင်ထဲမှာ ပိတ်ဆို့သိမ်းဆည်းထားမယ် ဆိုရင် နောက်ဆုံးမှာ ထိန်းမနိုင်သိမ်းမရ ပွင့်အန်ထွက် ကုန်မှာပါ။

ကျွန်မတို့ ပတ်ဝန်းကျင်မှာ သတိမထားမိပေမယ့် ပြောမိနေတဲ့ Toxic Positivityတွေ အများကြိီးရှိပါတယ်။
"အဲ့ဒီအကြောင်းတွေကို ခေါင်းထဲထည့်မနေနဲ့"
"အကောင်း မြင်နိုင်အောင် ကြိုးစား"
"စိတ်ညစ်မနေဘဲ ပျော်ပျော်နေ"
"အမြဲ အကောင်းမြင်စမ်းပါ"
"ကြုံလာသမျှကို အကောင်းဘက်ကသာ လှည့်တွေး" ဆိုတဲ့စကားတွေ အများကြီး ပြောမိနေတတ်ကြပါတယ်။

အဲဒီအစား ဒီလိုပြောင်းပြောပေးပါ။ တကယ်တမ်း အဲ့ဒီလို Toxic Positivity စကားတွေထက်
"နင်ပြောပြချင်တဲ့၊ ရင်ဖွင့်ချင်တဲ့ အကြောင်းတွေရှိရင် ပြောနော်၊ ငါနားထောင်ပေးမယ်"
"ရှုံးနိမ့်တယ်ဆိုတာ ရင့်ကျက်မှုနဲ့ အောင်မြင်မှုတွေရဲ့ တစိတ်တပိုင်းပဲ"
"နင့်ကြည့်ရတာ တော်တော်စိတ်ညစ်နေတဲ့ ပုံပဲ ငါကူပေးလို့ရတာရှိရင် ပြောပြနော်"
"ဘာတွေပဲ ဖြစ်နေပါစေ နင့်အတွက် ငါရှိတယ်နော်"
"တစ်ခါတလေ ငိုလို့ရတယ်၊ စိတ်ဓာတ်ကျလို့ ရပါတယ်"
" နင်စိတ်မကောင်း ဖြစ်နေတာငါသိတယ်၊ နင့်အတွက်ငါ ရှိနေတယ်နော်" ဆိုတဲ့ စကားတွေရဲ့ အင်အားက အရမ်းကို ကြီးမားပြီး ကြားရတဲ့သူအတွက် ရင်ထဲထိနွေးစေပြီး ခွန်အားဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ချစ်ခင်ရသူတွေကို အားပေးတဲ့ အချိန်မှာ toxic positivity စကားမျိုး ပြောတာကို ရှောင်ပြီး သူတို့ရဲ့ ခံစားရသမျှကို ဝေဖန်မှုမလုပ်ဘဲ နားထောင်ပေးပါ။ "ငါသာနင့်နေရာမှာဆိုရင် ဘယ်လိုခံစားရမှာ ဘယ်လိုလုပ်ပစ်မှာ" ဆိုတဲ့ အကြံပေးတာမျိုးတွေကို ရှောင်ကြဥ်ပေးပါ။ ကိုယ်ကိုယ်ကိုယ်တိုင်လည်း အခက်အခဲ၊ ဒုက္ခတွေနဲ့ ကြုံတဲ့အခါမှာ Toxic Positivityတွေနဲ့ မတွေးမိအောင် သတိထားဖို့ လိုပါတယ်။

အကောင်းမြင်စိတ် ထားတယ်ဆိုတာက ဖြစ်လာသမျှ အရာတိုင်းကို ကျိတ်မှိတ်ပြီး ဇွတ်အကောင်းမြင်နေတာမျိုး မဟုတ်ပါဘူး။ အကောင်းမြင်စိတ်ဆိုတာက အခက်အခဲတွေကြားမှာတောင် ဘ၀ကို အရှုံးမပေးတဲ့ စိတ်၊ လဲကျရင် ပြန်ထတတ်တဲ့ စိတ်၊ ဘ၀ရဲ့ လောကဓံ အနိမ့်အမြင့်အတက်အကျတွေကို မှန်မှန်ကန်ကန် သိနားလည်ပြီး ရင်ဆိုင်နိုင်တဲ့ စိတ်ကိုခေါ်ပါတယ်။





စိုးရိမ်ပူပန်စိတ်များ‌နေပြီး အိပ်မက်ဆိုးတွေ ခဏခဏမက်တယ်။ စိုးရိမ်စိတ်၊ ပူပင်သောက ဆိုတာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ စိတ်ခံစားချက် ...
11/14/2025

စိုးရိမ်ပူပန်စိတ်များ‌နေပြီး အိပ်မက်ဆိုးတွေ ခဏခဏမက်တယ်။

စိုးရိမ်စိတ်၊ ပူပင်သောက ဆိုတာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ စိတ်ခံစားချက် ဖြစ်ပါတယ်။ ဒါပေမယ့် သာမာန်ထက်ပိုပြီး
👉🏼 စိုးရိမ်စိတ်များတာကြောင့် အလုပ်၊ ကျောင်းနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ အခက်အခဲတွေ ရှိလာမယ်။
👉🏼 ကိစ္စတစ်ခုခုက ကိုယ်စိတ်ကူးထားသလို
မဖြစ်လာရင် မကောင်းတဲ့ ကိစ္စတစ်ခုခုဖြစ် လာတော့မယ်ဆိုပြီး ကြောက်လန့်လာတယ်၊
👉🏼 ကိုယ့်ကိုယ်ကိုယ် အကြောင်းမဲ့ အပူအပင်များပြီး ကြောက်နေတာ သတိထားမိပေမယ့် စိတ်တည်ငြိမ်အောင် မလုပ်နိုင်ဘူး၊
👉🏼 ခဏခဏ အိပ်မက်ဆိုးတွေမက်ပြီး လန့်နိုးတယ်၊
👉🏼 ရုတ်တရတ် အထိတ်တလန့်ဖြစ်ပြီး နှလုံးမြန်တာ၊ အသက်ရှူကြပ်တာတွေ ဖြစ်လာမယ် ဆိုရင် Anxiety disorder ရှိမရှိ စစ်ဆေးကြည့်သင့်ပါတယ်။

🧠ယေဘူယျအားဖြင့် Anxiety ရှိတဲ့သူတွေမှာ စိတ်ပိုင်းဆိုင် စိုးရိမ်ပူပန်မှုတွေအပြင် ခန္တာကိုယ်က တုန့်ပြန်မှု Anxiety attack ရဲ့ လက္ခဏာ ( ရုတ်တရတ် စိတ်မွန်းကြပ်ပြီး လန့်ဖျပ်လာခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ချွေးထွက်ခြင်း၊ လက်/ခြေထောက် အကြောကပ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ တုန်ရီ မောပန်းခြင်း) တွေလည်း ရှိတတ်ပါတယ်။

🧠ဒီလက္ခဏာတွေက ကိုယ့်မှာရှိတဲ့ Anxiety အလိုက် ဖြစ်တတ်ပါတယ်။ ဥပမာ - Social anxiety ရှိတဲ့သူတွေ လူကြားထဲသွားတဲ့အခါ Mental ပိုင်းအနေနဲ့ ကိုယ့်ကို လူတွေက ကြည့်ပြီး Judge လုပ်မှာ စိုးရိမ်တတ်ကြပြီး Physical ပိုင်းမှာ ခြေတွေလက်တွေ အေးစက်လာတာ၊ ရုတ်တရက် အိမ်သာသွားချင်လာတာတို့ ဖြစ်တတ်ပါတယ်။

🧠Anxiety attack ခဏခဏဖြစ်ရတဲ့ အကြောင်းကတော့ Social anxiety disorder အပြင်
Phobia တစ်ခုခုရှိခြင်း

အသက်အန္တာရယ်ရှိတဲ့ ကိစ္စတစ်ခုခုနဲ့ ကြုံခဲ့ရဖူးခြင်း (ဥပမာ - ခါးပိုက်နှိုက်ခံရတာ၊ လက်နက်နဲ့ ခြိမ်းခြောက်ခံရဖူးတာတို့ ရှိခဲ့ခြင်း)

PTSD ရှိခြင်း ( အတိတ်မှာ ဆိုးရွားတဲ့ Trauma တွေရှိခြင်း)

မိသားစုနဲ့ ကိုယ်ရင်းနှီးတဲ့သူတွေ ဖြစ်ရပ်ဆိုး တစ်ခုခုကြုံရခြင်း / အသက်ဆုံးရှုံးခြင်း တို့ကြောင့် အကြောင်းတိုက်ဆိုင်လာတဲ့အခါ တုန်လှုပ်ခြောက်ခြားလာပါတယ်။

🧠Anxiety attack ကြိမ်ဖန်များစွာ ဖြစ်တာကို သက်သာစေဖို့ အသက်ရှူလေ့ကျင့်ခန်း ပုံမှန်လုပ်တာ၊ စိတ်သက်သာစေတဲ့ သီချင်းနားထောင်တာ၊ တရားထိုင်တာ၊ Professional help တွေဖြစ်တဲ့ Talk therapy၊ Counseling နဲ့ Psychiatrist ဆီက ဆေးအကူအညီရယူတာတို့ လုပ်ကြည့်သင့်ပါတယ်။ Anxiety နဲ့ ပတ်သတ်ပြီး ကျွမ်းကျင်သူတွေနဲ့ Diagnoseလုပ်ပြီး လိုအပ်တဲ့ Treatment တွေကို လည်း ရယူနိုင်ပါတယ်။






Emotional Abuse ဆိုတာက အခြားသူတစ်ယောက်ရဲ့ စိတ်ထဲ၊အတွေးထဲမှာ Trauma (စိတ်ဒဏ်ရာ) တစ်ခုဖြစ်စေတဲ့ထိ သိလျက်နဲ့ဖြစ်စေ၊ မသိဘဲဖြ...
11/11/2025

Emotional Abuse ဆိုတာက အခြားသူတစ်ယောက်ရဲ့ စိတ်ထဲ၊အတွေးထဲမှာ Trauma (စိတ်ဒဏ်ရာ) တစ်ခုဖြစ်စေတဲ့ထိ သိလျက်နဲ့ဖြစ်စေ၊ မသိဘဲဖြစ်စေပြုမိတဲ့အပြုအမူ၊ အပြောအဆိုနဲ့ အဲ့လိုပြုမူပြောဆိုသူရဲ့လုပ်ရပ်ကိုဆိုလိုပါတယ်။

ကျွန်မတို့တွေ တစ်ခုခုထိခိုက်မှုကြောင့် ကိုယ်ခန္ဓာမှာပြင်ပဒဏ်ရာရတဲ့အခါ အနာကျက်အောင်ဆေးထည့်တာ၊ အကိုက်ခဲသက်သာအောင် ဆေးသောက်တာမျိုးလုပ်နိုင်ပါတယ်။

ဒါပေမယ့် စိတ်ဒဏ်ရာဖြစ်လာတဲ့အခါ ဆေးထည့်၊ ဆေးသောက်၊ ဆေးကုပြီးတော့တောင် ပျောက်ဖို့ဆိုတာအင်မတန်ခက်ခဲပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင်က အခြားသူကို စိတ်ဒဏ်ရာမပေးမိအောင် emotional abuse ဖြစ်စေတဲ့ စကားအပြောဆို၊ အပြုမူများကို ပြောပြပေးလိုက်ပါတယ်။

၁။ အားနည်းချက်ကို စနောက်၊ လှောင်ပြောင်ခြင်း။

တစ်ဖက်သူရဲ့အားနည်းချက်ကိုထပ်ခါ ထပ်ခါပြောပြီးလှောင်တာက သူ့ကိုစိတ်ပိုင်းဆိုင်ရာအရ တိုက်ခိုက်ခြင်းတစ်မျိုးပါပဲ။ ဒီလိုမျိုးအားနည်းချက်ကို မကြာခဏပြောခြင်းက ပြောခံရသူရဲ့ စိတ်ထဲမှာ ဒီလိုစကားလုံးတွေကိုပဲစွဲနေမိပြီး မိမိကိုယ်ကိုယ်အပြစ်တင်စိတ်တွေများလာစေတတ်ပါတယ်။

၂။ စိတ်ခံစားချက်ကိုလျှော့တွက်ခြင်း။

ကိုယ့်ကိုယုံယုံကြည်ကြည်နဲ့ ရင်ဖွင့်လာတဲ့သူတစ်ယောက်ရဲ့စိတ်ခံစားချက်ကိုနားမလည်ပေးနိုင်တာကလည်းတစ်ဖက်သူကိုစိတ်ထိခိုက်စေပါတယ်။ ဒါလေးကိုတော့ကျွန်မတို့ သူငယ်ချင်းတွေအဆင်မပြေလို့ နှစ်သိမ့်ပေးတဲ့အခါ စေတနာအမှားလေးတွေနဲ့အတူတွဲပြီးတွေ့ရတတ်ပါတယ်။

"ဒီလိုဖြစ်တတ်ပါတယ်၊ နင်ဘာကြောင့်ဒီလောက်ထိဖြစ်နေရတာလဲ၊ မပျော့ညံ့စမ်းပါနဲ့ကွာ" စတဲ့အပြောလေးတွေကတစ်ဖက်သူကိုအကူညီမဖြစ်စေတဲ့အပြင် စိတ်ဓာတ်ကျခြင်းကိုပါဖြစ်စေနိုင်ပါတယ်။

၃။ တစ်ဖက်သူမကြိုက်တဲ့လုပ်ရပ်များကိုလုပ်ခြင်း။

ခုအခါမှာ မြင်သာအောင်ပြောကြရရင် social media မှာ snap ပုံတင်တာ၊ group ထဲမှာ သူငယ်ချင်းတွေကိုလိုက်ပို့ပေးပြီး လှောင်ရယ်တာ စတာမျိုးပါ။ ဒါကိုတစ်ဖက်သူကပြဿနာမရှိဘူး သူငယ်ချင်းအချင်းချင်းပဲမို့အဆင်ပြေတယ်ဆိုရင်ဘာမှမဖြစ်ပေမယ့် သူ့မှာမတင်စေချင်တဲ့ဆန္ဒရှိနေရင် ဒါကတစ်ဖက်သူကိုစိတ်ရှုပ်ထွေးစေပါတယ်။

ဒါကိုသူငယ်ချင်းတွေကစုပြီးဝိုင်းရယ်ကြမယ်ဆိုရင် ပိုလို့တောင်အရှက်ရစေမှာပါ။ ကိုယ့်အတွေ့အကြုံအရတော့ introvert တွေကဒီလိုအဖြစ်ပျက်မျိုးကိုပိုမုန်းလိမ့်မယ်ထင်ပါတယ်။ ဒါပေမယ့် ဘယ်သူမဆိုကိုယ်မကြိုက်တာလုပ်ရင် အနည်းဆုံးစိတ်ထဲကသိကအောင့်ဖြစ်မိမှာပါ။

၄။ ကိုယ့်စိတ်တိုင်းကျ ဖြစ်စေခြင်း။

အင်မတန်ရင်းနှီးတဲ့သူငယ်ချင်း၊ ချစ်သူစတဲ့ relationship တွေမှာ ပိုချစ်တဲ့သူကရှုံးရမှာပဲဆိုပြီးပြောတတ်ကြတယ်မလား။ ဟုတ်ပါတယ် ပိုပြီးတော့သံယောဇဉ်ရှိတဲ့သူတွေကို တစ်ဖက်သူက "ငါဘာလုပ်လုပ်သူသည်းခံမှာပါ၊ သူကငါ့ကိုချစ်တယ်" ဆိုတဲ့အတွေးရှိနေတာကြောင့် တစ်ဖက်သူကို မသိမသာအနိုင်ယူတတ်တာမျိုးရှိပါတယ်။

ဒါကိုတစ်ဖက်သူကလက်ခံပေးနိုင်ရင်အဆင်ပြေပေမယ့် တစ်ဖက်သူရဲ့ခံစားချက်ကိုကိုယ်ကနားမလည်ပေးဘဲ ဒီအတိုင်းအနိုင်ယူဖြစ်နေရင် emotional abuse ဖြစ်စေပြီး ဆက်ဆံရေးကိုလည်း ထိခိုက်စေပါတယ်။

emotional abuse လုပ်ခံရသူများဟာ
📌 မိမိကိုယ်ကို တန်ဖိုးထားမှုလျော့နည်းခြင်း
📌 စိတ်မလုံခြုံခြင်းများ
📌 လူကြားထဲမသွားလာရဲခြင်း၊ ယုံကြည်မှုမရှိခြင်း
📌 အပြစ်တင်စိတ်များခြင်း
📌 စိတ်ဓာတ်ကျခြင်း များအထိဖြစ်နိုင်တဲ့အပြင် မိမိကိုယ်ကိုအဆုံးစီရင်ခြင်းများအထိဖြစ်နိုင်တာကြောင့် မိမိကြောင့်အခြားသူများမထိခိုက်ရအောင် အချင်းချင်းကူညီဖေးမပေးကြဖို့ လိုအပ်ပါတယ်။



စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်နှိပ်စက်ခံရခြင်းများမှ ကင်းဝေးကြပါစေရှင်။ 💙

Healing Begins With Hope🌸🌟
11/02/2025

Healing Begins With Hope🌸🌟

10/12/2025

What are depression symptoms?
စိတ်ဓာတ်ကျခြင်းရဲ့လက္ခဏာတွေကဘာလဲ?

စိတ်ဓာတ်ကျခြင်း က လူတွေမှာ အဖြစ်များသလို ဂရုမစိုက်ရင် ပြင်းထန်နိုင်တဲ့ ရောဂါတစ်ခုအဖြစ် ပြောင်းသွားနိုင်ပါတယ်။ စိတ်ဓာတ်ကျခြင်းကြောင့် စိတ်ခံစားမှူ၊ အတွေးအခေါ်နဲ့ အပြုအမူတွေကို ဆိုးရွားစွာ ထိခိုက်နိုင်ပါတယ်။

စိတ်ဖိစီးပင်ပန်းတတ်တဲ့ သူတွေမှာ ဖြစ်တတ်တဲ့ လက္ခဏာလေးတွေ ရှိပါတယ်။

⚫️လုပ်နေကျအရာများတွင် စိတ်ဝင်စားမှူမရှိတော့ခြင်း
⚫️ဝိတ်ထိန်းခြင်းနဲ့ မသက်ဆိုင်ဘဲ ဝိတ်ကျ၊ဝိတ်တက်ခြင်း၊ စားချင်စိတ်ပြောင်းလဲခြင်း
⚫️အိပ်ရခက်ခဲခြင်း သို့ အလွန်အကျွံအိပ်ခြင်း
⚫️အားအင်ကုန်ခမ်းသလို ခံစားရခြင်း၊ မောပန်းခြင်း
⚫️၀မ်းနည်း၊ စိတ်ဓာတ်ကျ၊ ဒေါသထွက်၊ ရန်လို၊ စိတ်လှူပ်ရှားတတ်သော ခံစားချက်များ ဝင်ရောက်တတ်ခြင်း
⚫️ကိုယ့်ကိုကိုယ် တန်ဖိုးမရှိသလို ခံစားရခြင်း သို့ အပြစ်ရှိသလို ခံစားရခြင်း
⚫️သေခြင်းတရားကို စဉ်းစားမိခြင်း သို့ သတ်သေဖို့ စဉ်းစားမိခြင်း

ဒါတွေက စိတ်ပင်ပန်းသူတွေမှာ ဖြစ်တတ်တဲ့ လက္ခဏာတွေ ဖြစ်ပြီး Clinical Depression အဖြစ် သတ်မှတ်လို့တော့ မရသေးပါဘူး။

ဒီလက္ခဏာတွေထဲက အနည်းဆုံး ငါးခုနဲ့ အထက်ကို နှစ်ပတ်ကျော်ကြာ ခံစားရသလို နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ သက်ရောက်မှူသေချာပေါက်ရှိမှသာ Clinical Depression လို့ ပြောနိုင်ပြီး ကိုယ်တိုင် self diagnosis မလုပ်ဘဲ ကျွမ်းကျင် စိတ်ပညာရှင်တွေနဲ့ တိုင်ပင်ပြီးမှသာ diagnosis လုပ်သင့်ပါတယ်။

ဘာတွေက စိတ်ဓာတ်ကျစေနိုင်လဲ ?

⭕️မိသားစုမှာ Depression ဝင်ဖူးတဲ့ နောက်ကြောင်းရာဇဝင်ရှိရင် မျိူးရိုးလိုက်တတ်တာ
⭕️ငယ်စဉ်ကတည်းက ရခဲ့တဲ့ စိတ်ဒဏ်ရာများ၊ အဖြစ်အပျက်များ
⭕️နာတာရှည်ရောဂါတစ်ခုခုကို ခံစားကုသနေရတဲ့ အချိန်
⭕️မူးယစ်ဆေးကဲ့သို့သော ဆေးဝါးတွေသုံးစွဲချိန်
⭕️မိမိကိုယ်ကို ယုံကြည်မှူ၊ လေးစားမှူ လျော့နည်းနေချိန်
⭕️ချစ်ရသူတွေနဲ့ ဝေးကွာသွားရချိန်
⭕️ငွေကြေးအခက်အခဲများ ရင်ဆိုင်ရချိန်
စတဲ့ အချိန်တွေမှာ ဖြစ်နိုင်ပါတယ်။

စိတ်ဓာတ်ကျနေတဲ့ အချိန်မှာ အရင်လို တက်ကြွစွာ လှူပ်ရှားနိုင်ဖို့ ခက်သလို ရုန်းထွက်ဖို့လဲ ကိုယ်တိုင် စိတ်မပါတော့ ခက်ခဲလှပါတယ်။

စိတ်ဓာတ်ကျခြင်း ကို ဘယ်လို ကျော်လွှားကြမလဲ ?

⚠️ လုံခြုံတယ်၊ ဂရုစိုက်ခံရတယ်လို့ ခံစားရတဲ့ သူတွေနဲ့ အဆက်အသွယ်လုပ်ပေးပါ
⚠️ လူမှူဆက်ဆံရေးတွေ မလုပ်ချင်ရင်တောင် လုပ်နိုင်ဖို့ ကြိုးစားပါ။
⚠️ Pet လေးတွေကို မွေးပါ။ ဂရုစိုက်ပါ။
⚠️စိတ်ဓာတ်ကျသူအချင်းချင်းအားပေးတဲ့ အဖွဲ့တွေဝင်ပါ။
⚠️ တခြားသူတွေကို ကူညီနိုင်ဖို့ ကြိုးစားပါ။
⚠️ ရေနွေးနဲ့အကြာကြီးရေချိုးပါ။
⚠️ သင်နှင့် ပတ်သက်၍ သင်ကြိုက်နှစ်သက်သည့်အရာကိုစာရင်းပြုစုပါ။
⚠️ သဘာဝ၌အချိန်အနည်းငယ်ဖြုန်းပါ။
⚠️ ဖြစ်နိုင်ရင်နေ့ခင်းဘက်မှာအပြင်ထွက်ပြီးကိုယ့်ကိုကိုယ်အနည်းဆုံး ၁၅ မိနစ်နေရောင်နဲ့ထိတွေ့ပါ။
⚠️ ကျန်းမာပြီး စိတ်ဓာတ်ကျမှုကိုတွန်းလှန်နိုင်တဲ့ အစားအစာကိုစားပါ။
⚠️ စိတ်ဓာတ်ကျမှုကိုလှုံ့ဆော်ပေးတဲ့ မကောင်းတဲ့အတွေးအမျိုးအစားတွေကို ဖော်ထုတ်ပြီးသူတို့ကို ပိုပြီးမျှတတဲ့တွေးခေါ်မှုနည်းလမ်းနဲ့အစားထိုးလိုက်ပါ။

ဘယ်အချိန်မှာ Professional Help ယူမလဲ?

အပေါ်က ပြောခဲ့သလို မိမိကိုယ်ကိုကူညီတဲ့အဆင့်တွေလုပ်ပြီး လူနေမှုပုံစံစတဲ့အပြောင်းအလဲတွေလုပ်ပြီးရင်တောင်မှ စိတ် ကမသက်သာသေးရင် ကျွမ်းကျင်တဲ့အကူအညီကိုရယူပါ။

Counselors, Psychiatrist, Psychologists, Psychotherapist အစရှိတဲ့ Professionals တွေဆီမှာ ထိရောက်တဲ့ ဆွေးနွေးမှူကို ပြုလုပ်ပြီး ပြန်လည်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။





#

Today is special because it’s World Mental Health Day 🧠🌎!!!🧠 We ALL have mental health. Very similar to caring for your ...
10/10/2025

Today is special because it’s World Mental Health Day 🧠🌎!!!

🧠 We ALL have mental health. Very similar to caring for your teeth, you are worthy of caring for your mind because it determines the quality of your life 🦋

🌸 Today, especially, we are celebrating everyone’s mental health. Wherever you’re at on your mental health journey, you are worthy of being celebrated exactly as you are right now 💐💐💐

🫂 We’re all in this together, and we will continue to have mental health conversations so that no one feels alone on their journey 🫶

Address

Miami, FL

Website

Alerts

Be the first to know and let us send you an email when Nan Lu Lu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Nan Lu Lu:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram