07/04/2025
                                            သည်းခြေကျောက်အကြောင်း သိကောင်းစရာ
သည်းခြေကျောက်ဆိုတာက သည်းခြေအိတ်ထဲက အစာခြေအရည်တွေ အနည်ထိုင်ပြီး မာကျောလာတဲ့ အရာပါ။သည်းခြေအိတ်ဆိုတာ ဝမ်းဗိုက်ညာဘက် အသည်းအောက်မှာ ရှိတဲ့ သစ်တော်သီးပုံသဏ္ဍန် 
ကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်းတစ်ခုပါ။
သည်းခြေအိတ်ထဲမှာ သည်းခြေရည်လို့ခေါ်တဲ့ အစာချေအရည်ကိုသိုလှောင်ထုတ်လုပ်ပါတယ်။ဒီအစာချေအရည်တွေက အစာအိမ်နဲ့ဆက်နေတဲ့ အူထဲကို စီးဆင်းပါတယ်။သည်းခြေကျောက်တွေက စပါးစေ့လောက်သေးငယ်တဲ့ အရွယ်အစားကနေ ဂေါက်သီးလုံးလောက်အထိ ကြီးမားနိုင်ပါတယ်။
       လူတချို့မှာ သည်းခြေကျောက်တစ်လုံးတည်းရှိပြီး တချို့မှာ သည်းခြေကျောက်များစွာရှိတတ်ပါတယ်။သည်းခြေကျောက်တည်တာရဲ့ နောက်ဆက်တွဲ လက္ခဏာခံစားရတဲ့လူတွေက အများအားဖြင့် ခွဲစိတ်ကာ သည်းခြေအိတ်ဖယ်ရှားဖို့ လိုအပ်ပါတယ်။ သည်းခြေကျောက် ရှိနေပြီး ရောဂါလက္ခဏာ မပြရင် သောက်ဆေးသောက်လိုပါက သောက်နိုင်ပါတယ်။
ရောဂါလက္ခဏာများ
သည်းခြေကျောက်က ရှိနေပေမယ့် သည်းခြေထွက်ရာ ပြွန်မှာ မပိတ်မချင်း ရောဂါလက္ခဏာ မခံစားရပါဘူး။ တချို့ကတော့ အစာမကြေခြင်း၊ညာဖက်နံရိုးအောက်တင်းခြင်း၊အဆီအစားများရင်ဗိုက်ကယ်ခြင်း၊ရင်ပြည့်ခြင်းများခံစားရနိုင်ပါတယ်။တကယ်လို့  သည်းခြေကျောက်က သည်းခြေရည် စီးဆင်းရာ ပြွန်တစ်နေရာရာမှာ ပိတ်ဆို့ခဲ့ပါက အောက်ပါ 
ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။
*ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းတွင် ရုတ်တရက်ပြင်းထန်စွာနာကျင်ခြင်း။
* ရင်ညွန့်ရိုးအောက်ရှိဝမ်းဗိုက်အလယ်၌ရုတ်တရက်ပြင်းထန်စွာနာကျင်ခြင်း၊ပိုမိုဆိုးရွားလာခြင်း။
*ပခုံးနှစ်ဖက်ကြားရှိနောက်ကျောနေရာနာကျင်ခြင်း
*ညာဘက်ပခုံး၌နာကျင်ခြင်း
*ပျို့အန်ခြင်း
*ပိုးဝင်ပါက အဖျားတက်ချမ်းတုန်ခြင်း၊ညာဖက်နံရိုးအောက်ထိုးနာခြင်း၊မျက်စေ့ဝါဆီးဝါခြင်း၊ပျို့အန်ခြင်း၊မော၊နှစ်လုံးခုန်မြန်၊သွေးပေါင်ကျခြင်းများဖြစ်တတ်ပါတယ်။သည်းခြေကျောက်ကြောင့် နာကျင်မှုက မိနစ်အနည်းငယ်မှ နာရီအနည်းငယ်အထိ ကြာရှည်နိုင်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့သွားပြရမလဲ
သည်းခြေကျောက်တည်ခြင်းရဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ရလာပါက ဆရာဝန်နဲ့ ပြကာ တိုင်ပင်ရပါမယ်။
လက္ခဏာတွေကတော့ 
* ဝမ်းဗိုက်နာကျင်မှုက ပြင်းထန်လွန်းသဖြင့်
မထိုင်နိုင်၊ မထနိုင် သက်တောင့်သက်သာအနေအထား မရှိခြင်း။
*အသားဝါလာခြင်း(မျက်လုံးမပါ)
*အဖျားကြီးပြီး ချမ်းတုန်ခြင်း။
သည်းခြေကျောက် ဘာကြောင့်ဖြစ်ရသလဲ။
သည်းခြေကျောက် ဘာကြောင့်ဖြစ်ရသလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရပါ။သည်းခြေကျောက်တည်တဲ့ အခါအောက်ပါအကြောင်းအရာတွေကြောင့် ဖြစ်ပေါ်လာနိုင်တယ်လို့ ယူဆကြပါတယ်။
၁။သည်းခြေရည်တွင် ကိုလက်စထရောများစွာပါ ၀ င်နေခြင်း
ပုံမှန်အားဖြင့် သည်းခြေရည်မှာ အသည်းကထုတ်လွှတ်တဲ့ ကိုလက်စထရောကိုချေဖျက်ဖို့
လုံလောက်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။
ဒါပေမယ့် သည်းခြေရည်ချေဖျက်နိုင်တာထက် ပိုလျှံနေတဲ့ ကိုလက်စထရောတွေကို အသည်းက ထုတ်တဲ့အခါ ပုံဆောင်ခဲ(crystals) တွေဖြစ်လာပြီးနောက်ဆုံးမှာ သည်းခြေကျောက်တွေအဖြစ်ပြောင်းလဲသွားစေနိုင်တယ်။
၂။သည်းခြေရည်တွင် ဘီလီရူဘင် (bilirubin )အလွန်များနေခြင်း
ဘီလီရူဘင်ဆိုတာက ခန္ဓာကိုယ်ကနေ သွေးနီဥတွေပြိုကွဲတဲ့အခါထုတ်လုပ်ပေးတဲ့ ဓာတုပစ္စည်းတစ်ခုဖြစ်ပါတယ်။တချို့ အခြေအနေတွေ ဥပမာ အသည်းခြောက်ခြင်း၊  သည်းခြေအစာအိမ်လမ်းကြောင်းပိုးဝင်ခြင်းနဲ့ တချို့ သွေးရောဂါတွေကြောင့်ဘီလီရူဘင်အလွန်အကျွံတက်စေနိုင်ပါတယ်။ပိုလျှံ နေတဲ့bilirubinက သည်းခြေကျောက်တည်ခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။
၃။သည်းခြေအိတ်က သည်းခြေရည်တွေကို မှန်မှန်ကန်ကန် အပြင်ကိုမထုတ်ခြင်း
သည်းခြေအိတ်က သည်းခြေရည်တွေကို မှန်မှန်ကန်ကန် အပြင်ကိုမထုတ်တဲ့အခါ သည်းခြေရည်တွေ အလွန်စုစည်းလာပြီး သည်းခြေကျောက်တည်ခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။
သည်းခြေကျောက်အမျိုးအစား
၁။ကိုလက်စထရောသည်းခြေကျောက်တည်ခြင်း
ကိုလက်စထရောသည်းခြေကျောက်လို့ခေါ်တဲ့ သည်းခြေကျောက်က အများဆုံးတွေ့ရတဲ့ ကျောက်ဖြစ်ပြီး အဝါရောင်ရှိပါတယ်။ဒီသည်းခြေကျောက်မှာ မချေဖျက်နိုင်တဲ့ ကိုလက်စထရောတွေ အဓိကပါဝင်ပြီး တခြားအစိတ်အပိုင်းတွေလည်း ပါဝင်နိုင်ပါတယ်။
၂။အနက်ရောင်ဒါမှမဟုတ် အညိုရောင် ကျောက်တည်ခြင်း
သည်းခြေရည်တွင် bilirubin အလွန်များတဲ့အခါ
အညိုရောင် ဒါမှမဟုတ် အနက်ရောင်ကျောက်များဖြစ်ပေါ်လာတတ်ပါတယ်။
ဘယ်လိုလူတွေမှာ သည်းခြေကျောက်ပိုဖြစ်နိုင်လဲ။
၁။အမျိုးသမီးများ
၂။အသက်၄၀ နှစ်အထက်လူများ
၃။အဝလွန်ခြင်း
၄။ရုံးထိုင်အလုပ် လုပ်ရသူများ
၅။ကိုယ်ဝန်ဆောင်ခြင်း
၆။အဆီများတဲ့ အစားအစာ အစားများသူများ
၇။အမှငဓှာတအှစားနညှးသူမှား
၈။မိသားစုမျိုးရိုးထဲ သည်းခြေကျောက်တည်သူများ
၉။ဆီးချိုရောဂါရှိသူများ
၁၀။သွေးအားနည်းရောဂါရှိသူများ
၁၁။ဝိတ်အမြန်ချသူများ
၁၂။အသည်းရောဂါရှိသူများ
၁၃။ဟော်မုန်းအစားထိုးကုသမှု ခံယူသူများ
နောက်ဆက်တွဲဆိုးကျိုးများ
၁။သည်းခြေလမ်းကြောင်းပိတ်ခြင်း၊သည်းခြေအိတ်ရောင်ရမ်းခြင်း။
သည်းခြေကျောက်က သည်းခြေရည် ထွက်ရာအဝမှာ ပိတ်ခဲ့ရင် သည်းခြေအိတ် ရောင်ရမ်းလာပါတယ်။နာကျင်မှုနဲ့ အဖျားကို ခံစားရနိုင်ပါတယ်။
သည်းခြေကျောက်က ဘုံသည်းခြေပြွန် (common bile duct)လို့ခေါ်တဲ့ သည်းခြေရည်၊အသည်းဆီက လာတဲ့ အရည်တွေ အူဆီ စုဆုံစီးဆင်းရာ ပြွန်အပေါ်ပိုင်းမှာ ပိတ်ခဲ့ရင်  
ဗိုက်နာ၊အသားဝါ၊ပြွန်မှာရောဂါပိုးဝင်တာတွေ ဖြစ်နိုင်ပါတယ်။
၂။သရက်ရွက်(ပန်ကရိယ)ရောင်ခြင်း
မုန့်ချိုအိတ်(ပန်ကရိယ)က ထွက်တဲ့ ပြွန်(အောက်ခြေ)နားမှာ ပိတ်ဆို့ခဲ့ရင် ပန်ကရိယ ရောင်ရမ်းကာ ဆေးရုံတက်ကာ ကူသမှုခံယူရနိုင်ပါတယ်။ပန်ကရိယပြွန်ဆိုတာက ပန်ကရိယမှထွက်ပြီး ဘုံသည်းခြေပြွန်ကို ဆက်သွယ်ပေးထားတဲ့ ပြွန်တစ်ခုဖြစ်ပါတယ်။ 
၃။သည်းခြေအိတ်ကင်ဆာ ဖြစ်နိုင်ချေရှိခြင်း။
သည်းခြေကျောက်တည်ဖူးသူတွေက သည်းခြေအိတ်ကင်ဆာဖြစ်နိုင်ချေပိုများပါတယ်။ဒါပေမဲ့ သသည်းခြေအိတ်ကင်ဆာက အလွန်ရှားပါးပါတယ်။
၄။အူပိတ်ခြင်း။
၅။ပိုးဝင်ခြင်း
၆။သည်းခြေအိတ်အဝတွင်တစ်နေခြင်း၊
အူအတွင်းသို့ပေါက်ထွက်ခြင်း၊
၇။ပှညတှညခှငှး၊
၈။သည်းခြေအိတ်နံရံတွင်ကျောက်မှုံများပြားစွာကပ်လာခြင်း၊
၉။အသည်းပြည်တည်ခြင်း များ ဖြစ်နိုင်ပါတယ်။
ကာကွယ်ခြင်း
၁။အစာစားချိန်မှန်ပါစေ။ပုံမှန် စားပါ။ အစာလွတ်တာ၊အစာအငတ်ခံတာက သည်းခြေကျောက်ဖြစ်ဖို့ တွန်းအားပေးနိုင်ပါတယ်။
၂။ကိုယ်အလေးချိန် အမြန်ချခြင်း
တကယ်လို့ ဝိတ်ချဖို့ လိုအပ်ရင် ဖြည်းဖြည်းမှန်မှန်သာချပါ။