06/04/2026
ဒီလအတွက် အချစ်ရေး ကံကောင်းတဲ့ Zodiac signs
6 ခု
♉ Ta**us
♊ Gemini
♋ Cancer
♌ Leo
♑ Capricorn
♓ Pisces
♉ ပြိဿရာသီ (Ta**us)
ဒီလမှာ မင်းအချစ်ရေးက ပိုပြီးတည်ငြိမ်ပြီး နက်ရှိုင်းလာပါလိမ့်မယ်။ ချစ်သူနဲ့ တစ်ယောက်ကိုတစ်ယောက် ပိုမိုနားလည်မှုတွေ တိုးလာမှာဖြစ်လို့ အေးချမ်းပြီး ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေကို ပိုင်ဆိုင်ရပါမယ်။
♊ မေထုန်ရာသီ (Gemini)
မင်းရဲ့ သဘာဝအတိုင်း ဆွဲဆောင်မှုတွေက ဒီလမှာ အထွတ်အထိပ် ရောက်နေပါတယ်။ လူအများကြားမှာ ထင်ရှားပြီး ကိုယ့်ကို စိတ်ဝင်စားသူတွေ ပေါများလာမယ့်အချိန်မို့ အချစ်သစ်နဲ့ တွေ့ဆုံနိုင်ခြေ အများဆုံး ရာသီခွင်တစ်ခုပါပဲ။
♋ ကရကဋ်ရာသီ (Cancer)
အချစ်မီးတောက်တွေ ပြန်လည်လင်းလက်လာမယ့် ကာလပါ။ တစ်ကိုယ်တည်းသမားတွေဆိုရင်လည်း ကိုယ့်ရဲ့ စိတ်နေသဘောထားကို နားလည်ပေးနိုင်မယ့်သူနဲ့ ဆုံတွေ့ဖို့ အခွင့်အရေးရှိနေသလို၊ ချစ်သူရှိသူတွေအတွက်လည်း အချစ်ရေးမှာ ပျော်ရွှင်စရာတွေ ပိုတိုးလာပါမယ်။
♌ သိဟ်ရာသီ (Leo)
ဒီလမှာ မင်းက အချစ်ရေးကိစ္စတွေကို ဦးဆောင်သူ ဖြစ်လာပါလိမ့်မယ်။ ကိုယ့်ရဲ့ ယုံကြည်မှုရှိတဲ့ လုပ်ဆောင်ချက်တွေက ချစ်ရသူကို ပိုပြီး ဆွဲဆောင်နိုင်မှာဖြစ်ပြီး အတူတူရှိတဲ့အချိန်တွေကို ပိုမိုတောက်ပလာစေမှာပါ။
♑ မကာရရာသီ (Capricorn)
အလုပ်ကိစ္စတွေ များနေပေမယ့်လည်း အချစ်ရေးမှာ အခွင့်အရေးကောင်းတွေ ရရှိလာမှာပါ။ ရေရှည်လက်တွဲသွားမယ့်၊ တည်ငြိမ်ပြီး စိတ်ချရတဲ့ လက်တွဲဖော်မျိုးကို ရှာဖွေနေသူတွေအတွက်တော့ ဒီလဟာ အကောင်းဆုံးအချိန်တစ်ခု ဖြစ်ပါလိမ့်မယ်။
♓ မိန်ရာသီ (Pisces)
အိပ်မက်ဆန်ဆန်နဲ့ Romaticဆန်တဲ့ အချိန်တွေကို ပိုင်ဆိုင်ရနိုင်ပါတယ်။ အေးချမ်းတဲ့နေရာလေးတွေမှာ ဒါမှမဟုတ် အနုပညာဆန်တဲ့ ပတ်ဝန်းကျင်တွေမှာ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ ကြည်နူးစရာ အခိုက်အတန့်လေးတွေကို ကြုံတွေ့ရဖို့ များနေပါတယ်။
#လီလီ 🌸🌸🌸