12/02/2023
"လေးစားဂုဏ်ပြုအပ်သူများ"
▪️ငြိမ်းသစ်
ကျနော်တို့ ဘဝမျိုးစုံဖြတ်ခဲ့သည်။ စာမျိုးစုံဖတ်ခဲ့သည်။ သည်လိုနှင့် ဘဝအတွေ့အကြုံ အတော်အသင့် ကုံလုံခဲ့ပြီဟုထင်ခဲ့မိသည်။ သို့သော် စာမစုံနိုင်၊ဘဝအသိတွေ မကုန်နိုင်သည်ကတော့ အမှန်ပင်ဖြစ်၏။ မသန်စွမ်းသူများ ခွင့်တူညီမျှ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ အကူအညီတောင်းခံမှုအရ ပြိုင်ပွဲဝင် ကဗျာ၊ ဆောင်းပါး၊ ကာတွန်း၊ ဝတ္ထုများကို အချိန် ယူပြီး ဖတ်ဖြစ်ခဲ့သည်။ အကြောင်းအရာတိုင်း၊ စာပိုဒ်တိုင်း၊ ရေးဖွဲ့မှုတိုင်းသည် ရင်တလှပ်လှပ်ဖြစ်ခဲ့ရ၏။ သူတို့စိတ်ဓာတ်၊ သူတို့အားမာန်၊ သူတို့ဖြတ်သန်းမှု၊ သူတို့အနုပညာများကို အံ့မခန်းဖြစ်ခဲ့ရ၏။
"မသန်စွမ်းသူများသည် မတူကွဲပြားသောပုံစံမျိုးဖြင့် လူသားမိခင်ထံမှ မွေးဖွားလာသော လူသားတဦးဖြစ်သည်။ တနည်းဆိုရလျှင် လူသားထဲက လူသားတဦးသာဖြစ်သည်။ လူရယ်လို့ဖြစ်လာလျှင် လူ့တန်ဖိုး၊ လူ့ဂုဏ်သိက္ခာ၊ လူ့စွမ်းဆောင်ရည်ဆိုတာရှိသည်။ လူတယောက်၏တန်ဖိုးကို သိရှိစေခြင်း၊ ဂုဏ်သိက္ခာကို လေးစားခံရခြင်း၊ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုခံရခြင်းတို့သည် လူသားတယောက်၏ မွေးရာပါ လူ့အခွင့်အရေးတရပ်ဖြစ်သည်။ သို့သော် မသန်စွမ်းသူတို့သည် လူမှုဝန်းကျင်တွင် မသန်စွမ်းမှုနှင့်ပတ်သက်သော အသိပညာဗဟုသုတ အားနည်းမှုကြောင့် လူသားတယောက်ဖြစ်သော်လည်း မွေးရာပါ လူ့အခွင့်အရေးတရပ်ကို ဆုံးရှုံးနေကြရသည်။" ဟု ဆောင်းပါးရှင် နွေဦးက လှစ်ပြခဲ့သည်။ မသန်စွမ်းသူတို့ဘဝ ဖွံဖြိုးတိုးတက်စေရန် စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင် စသည့်နယ်ပယ်ပေါင်းစုံက ပါဝင်ကူညီဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်းလည်း တိုက်တွန်းထားလေသည်။
"၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ ၂.၃ သန်း (၄.၆%) သည် မသန်စွမ်းသူများဖြစ်ကြပါသည်။ သတိမထားမိသော သို့မဟုတ် လျစ်လျူရှုခံနေရသော အင်အားစုကြီးဟု ခေါ်ဆိုနိုင်ပါသည်။ ပညာရေးအစီအစဉ်များ၊ ကျန်းမာရေးအစီအစဉ်များတွင် မသန်စွမ်းသူများ၏ အရေးကိစ္စကို တိတိကျကျရှင်းရှင်းလင်းလင်း အကောင်အထည်ဖော်သင့်ပါသည်။ အဘယ့်ကြောင်ဆိုသော် မြန်မာနိုင်ငံရှိ မသန်စွမ်းအင်အားထုသည် မသုံးစွဲရသေးသော လူသားအရင်းအမြစ် ဖြစ်နေသောကြောင့်ပင်။" ဟူသော ရွှေရွက်ထည်၏ အရေးအဖွဲ့ကို ဖတ်ရသောအခါ အငြင်းပယ်ခံနေရသော မသန်စွမ်းတို့၏ လူသားအရင်းအမြစ်ကိုပိုမိုနားလည်လာရသည်။ ထို့ပြင် မသန်စွမ်းတို့၏ လူသားဆန်သောစိတ်ဓာတ်နှင့် တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှုကို မြတ်နိုးကာကွယ်တတ်သော ရဲစွမ်းသတ္တိများကိုလည်း ပိုမိုသိမြင်လာရသည်။
"အနာဂတ်ကြီး ပျောက်ပျက်သွားတာကို ထိုင်မနေနိုင်တဲ့ မသန်စွမ်းသူတွေဟာ လမ်းမပေါ်ကို ပြည်သူလူထုနဲ့အတူ လက်သုံးချောင်းထောင်ပြီး အလျှိုလျှိုထွက်လာကြတယ်။ မသန်စွမ်းသူတွေဟာလည်း မျိုးချစ်စိတ်ရှိတဲ့ နိုင်ငံသားတွေပါပဲ။ သူတို့တွေရဲ့ ကွယ်ပျောက်နေတဲ့ အမြင်အာရုံတွေ၊ ကွယ်ပျောက်နေတဲ့ အကြားအာရုံတွေ၊ ရုပ်ပိုင်းဆိုင်ရာ အထောက်အကူပစ္စည်းတွေဟာ ထည့်တွက်စရာကို မဟုတ်တော့တာမျိုး။ ဝှီးချဲလ်တွေပေါ်ထိုင်၊ ဂျိုင်းထောက်တွေအားပြုရင်း အစိတ်စိတ်အမွှာမွှာ ကွဲကြေနေတဲ့ ရင်အုံတွေနဲ့ လမ်းမတွေပေါ်လျှောက်ကြတယ်။"
မသန်စွမ်းတွေဟာ သေနတ်ဘယ်ဘက်က ပစ်နေမှန်းမကြားရဘူး။ ဘယ်ဘက်ကိုပြေးရမယ်ဆိုတာ မမြင်နိုင်ဘူး။ ရက်ရက်စက်စက် ပစ်ခတ်၊ သတ်ဖြတ် ဖြိုခွင်းနေတာကို အသက်လုပြီးမပြေးနိုင်ကြပါဘူး။အကြမ်းဖက်စစ်အုပ်စုဟာ မရှောင်ရှားနိုင်တဲ့ မသန်စွမ်းတွေကိုလည်း လူမဆန်စွာ ရိုက်နှက်ပစ်ခတ်ကြတာပါပဲ။
သို့ပါလျက် မသန်စွမ်းတွေဟာ အသနားခံလိုသည့်စိတ်၊ အချောင်ခိုစိတ်မမွေးဘဲ နှလုံးသား ကြီးမားကျယ်ပြန့်စွာ ပြည်သူနဲ့အတူလက်တွဲပြီး ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေးတိုက်ပွဲကို ဆင်နွှဲခဲ့တာဖြစ်ကြောင်း ဆရာ Moe Satt (Deaf) ၏ဆောင်းပါးတွင် ဖတ်ရှုရသည်။ အမှန်တကယ်လည်း ယခု နွေဦးတော်လှန်ရေးတွင် မသန်စွမ်းတို့၏ အသက်ခန္ဓာစွန့်လွှတ်မှု၊ အိုးအိမ်စွန့်လွှတ်မှုများကို ဂုဏ်ယူဖွယ်တွေ့မြင်ရသည်။
အကြားအာရုံချွတ်ယွင်းနေတဲ့ မသန်စွမ်းသူဆိုပေမဲ့ သန်စွမ်းတဲ့ခြေလက်တွေ အားကိုးရင်း အာဏာရှင်အုပ်ချုပ်ရေးစနစ် ပျက်သုဥ်းးရေးအတွက်၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ကျနော်ကိုယ်တိုင် လက်နက်စွဲကိုင် ပါဝင်ခဲ့ပါတယ်ဟု ရဲဘော်ထွန်းကြီး (မြောင်) ၏ ဘဝနှင့်အသိဉာဏ်ကို ဖော်ကျူးသောစာမျိုး၊ ဒေးဗစ်မောင်မောင်တို့၊ရွ က်သစ်တို့၏ အတွေးချဲ့သောအရေးဖွဲ့မျိုးကို ဖတ်ရသောအခါ ... ဪ မသန်သော်လည်း စွမ်းကြ ထက်ကြသောသူများပါကလား၊ လူသားတာဝန် ကျေပွန်ကြသူများပါကလားဟု လေးစားအံ့ဩရပါသည်။
(အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများ ခွင့်တူညီမျှ ပူးပေါင်းဆောင်ရွက်ရေးကော်မတီတို့ ပူးပေါင်းထုတ်ဝေသည့် 'နွေဦးမီးလျှံငှက်များ' ကို ရည်ညွှန်းရေးသားသည်။)
#ငြိမ်းသစ်
#ဆောင်းပါး
#ခေါ်သံ