Shared by Dr Phyo

Shared by Dr Phyo Move to your dream country.

01/10/2026

- ဒီ Episode မှာတော့ Market Cycle အကြောင်းတွေ လေ့လာမယ်။
- ဘယ်အချိန်တွေ မှာ လောဘ မကြီးဖို့၊ ဘယ်အချိန်တွေမှာတော့ အကြောက် မလွန် ဖို့ တွေ ကြည့်ကြမယ်။
- Stock မားကတ် ကြီး ကျနေချိန်မှာ ဘယ်လိုတွေ ပြင်ဆင်ပြီး အသုံးချ လို့ ရမယ် ဆိုတာ သိရမယ်။

Comment မှာ Youtube Link လေးချပေးထားတယ်နော်။

#စတော့စျေးကွက် #စီးပွားရေး

Credit Card အတိုး​တွေ ချစမ်း - President Trump က သူတို့ အစိုးရ အဖွဲ့ တစ်နှစ်ပြည့်တဲ့ အထိမ်းအမှတ် နဲ့ Credit Card ​Compan...
01/10/2026

Credit Card အတိုး​တွေ ချစမ်း

- President Trump က သူတို့ အစိုးရ အဖွဲ့ တစ်နှစ်ပြည့်တဲ့ အထိမ်းအမှတ် နဲ့ Credit Card ​Company ​တွေရဲ့ အတိုး ​ကောက်တာ​တွေ ကို တစ်နှစ် 10% ထပ် မ​ကျော် ​စေရ ဆိုပြီး လုပ်လိုက်ပြန်ပြီ။

- Company ​တွေ တစ်ကယ် လိုက်နာရင် ​တော့ ၀မ်းသာစရာ ပဲ။

- အခုလက်ရှိ Credit Card အတိုး​တွေ က အရမ်းမြင့်​နေပြီး တစ်ချို့ဆို တစ်နှစ်ကို 24% ​တွေ 32% ​အထိ ​ကောက်​နေကြတာ။

- Credit Card Company ​တွေ​တော့ ကြိုက်မယ် မထင်။

Visa ($V)
Mastercard ($MA)
American Express ($AXP)
Capital One ($COF)
Discover ($DFS)

Monday ​တော့ အ​ပေါ်က Stock ​တွေကို ၀ုန်းရ​တော့မယ်ထင်တယ်။ 🤣🤣🤣

President Trump ​ကောက်ခဲ့တဲ့ အခွန်​တွေ ပြန်​ပေးရ​တော့မှာလား ??? SCOTUS vs POTUS- မနက်ဖန် (၂၀၂၆ ခုနှစ် ဇန်နဝါရီ ၉ ရက်) မှ...
01/08/2026

President Trump ​ကောက်ခဲ့တဲ့ အခွန်​တွေ ပြန်​ပေးရ​တော့မှာလား ??? SCOTUS vs POTUS

- မနက်ဖန် (၂၀၂၆ ခုနှစ် ဇန်နဝါရီ ၉ ရက်) မှာ President Trump ​ကောက်ခဲ့တဲ့ တင်သွင်းခွန် Tariff နဲ့ ​တွေနဲ့ ပါတ်သတ်ပြီး Supreme Court (အမေရိကန် တရားရုံးချုပ်) က အမိန့်ချ ​တော့မှာပါ။

- President Trump က နိုင်ငံတကာ အရေးပေါ် စီးပွားရေး အာဏာအက်ဥပဒေ (IEEPA) သုံးပြီး 2025 April က စပြီး တင်သွင်း ခွန် Tariff ​တွေ ​ကောက်လာတာ
- အခုထိ ကို ​ကောက်ခံထားတဲ့ အခွန်​ငွေ ဘီလျံ ၂၀၀
​ကျော် ​လောက် ရှိ​နေပြီး မနက်ဖန် Supreme Court က ဒီလို အခွန် ​ကောက်တာ တရား၀င် မ၀င် ဆုံးဖြတ် ပါမယ်။

(A) တရား၀င် တယ် ဆိုပြီး President Trump ဘက်က ဆုံးဖြတ်ရင်​တော့ အခွန်​တွေ တရား၀င် ဆက်​ကောက် မှာဖြစ်ပြီး ​Trump ကြီး​တော့ ​ပျော်မှာပါ။ မားကတ် က​တော့ ဒါကို ကြိုက်မယ် မထင်။ ​
(B) တရားမဝင် ဘူး ဆိုပြီး ဆုံးဖြတ်ရင် ​တော့ Trump ကြီးတို့ စိတ်ဆိုး မှာပါ။ ပြီးရင် ​ကောက်ထားတဲ့ အခွန်​တွေ ပြန်​ပေးရမှာပါ။ အခွန်​ပေးထားရတဲ့ Company ​တွေ Refund ပြန်ရမယ်။ ဒီလို ​ပြန်ပေးဖို့ လိုမယ့် ပိုက်ဆံ ​တွေကို ဘွန်း ​တွေ​ရောင်းရဦးမှာ ဖြစ်လို့ US Bond Market က​တော့ ကြိုက်မယ် မထင်။ :-)
- အခွန် ​တွေ ပြန်အမ်းရမယ်ဆို​ရင်​တော့ ဒီအခွန် ​တွေက​နေ လူတစ်​ယောက်ကို $ ၂,၀၀၀ ​ရမယ် ဆိုတဲ့ ​​မျှော်လင့်ချက် ​တော့ ပျက်ပါပြီ။

ဘယ်လိုထင်ကြလည်း President ကြီး နိုင်မယ် ထင်လား ?? :-)

01/08/2026

- Apple Company ရဲ့ CEO ကို Tim Cook ကတော့ အနားယူ တော့ မယ့် သတင်းတွေ ထွက်လာပြီး Company တွေ Share စျေးက ကျသွားပါတယ်။
- ဒါမယ့် ကျွန်တော်က ဒီနေရာမှာ ဝယ်လိုက်ပါတယ်။ $ 2 လောက်ထပ်ကျရင် အရှုံးခံ ထွက်မှာပါ။
- တစ်လ ကျော် လောက်က Apple ကို Short ထားတာလေး ကို ပိတ်ပြီး ဒီနေ့တော့ ပြန် Long လိုက်ပါတယ်။
- ဘယ်လို တွေ ဖြစ် လာ မလည်း တော့ စောင့်ကြည့် ကြတာပေါ့။

Disclaimer :
This is for education purpose only. Not financial advice. Trading, investing can cause capital loss. Trade လုပ် ခြင်း Invest လုပ် ခြင်းသည် ‌ငွေ ဆုံးရှုံးမှု ဖြစ်စေနိုင်ပါသည်။ မည်သူ့ကိုမျှ ဝယ်ရန် ရောင်းရန် တိုက်တွန်း ခြင်းမဟုတ်ပါ။
#စတော့မားကတ် #စီးပွားရေး #ရင်းနှီးမြုပ်နှံမှု

01/08/2026

- မနေ့က CES 2026 ပွဲမှာ Uber က Lucid ကားတွေကို Nuro Technology သုံးပြီး Robotaxi တွေ ထုတ်တော့ မယ် ဆိုပြီး ကြော်ငြာသွားပါတယ်။
- ဒီ သတင်းကြောင့် စျေး တက်သွားပေ မယ့် ကျွန်တော် က တော့ Short လိုက်ပါတယ်။
- ဘ‌ာကြောင့် Short တယ်ဆိုတာ လေ့လာလို့ ရအောင် တင်ပေးလိုက်ပါတယ်။

Disclaimer :

This is for education purpose only. Not financial advice. Trading, investing can cause capital loss. Trade လုပ် ခြင်း Invest လုပ် ခြင်းသည် ‌ငွေ ဆုံးရှုံးမှု ဖြစ်စေနိုင်ပါသည်။ မည်သူ့ကိုမျှ ဝယ်ရန် ရောင်းရန် တိုက်တွန်း ခြင်းမဟုတ်ပါ။

#စတော့မားကတ် #စီးပွားရေး #ရင်းနှီးမြုပ်နှံမှု

Credit Card သုံးရင်း Bitcoin စုကြမယ်။ (Credit Score ၆၀၀ အောက်ဆို မရပါ။) Comment မှာ Link- Bitcoin ​​စျေး​တွေ တအားတက်သွား...
01/06/2026

Credit Card သုံးရင်း Bitcoin စုကြမယ်။ (Credit Score ၆၀၀ အောက်ဆို မရပါ။) Comment မှာ Link

- Bitcoin ​​စျေး​တွေ တအားတက်သွားတာ ​တွေ့​တော့ ၀ယ်လည်း၀ယ်ချင်တယ် ​စျေးကလည်း အရမ်းများ​နေလို့ စုရခက်​နေ မယ်ဆိုရင် ဒီ Credit Card ​လေး သုံးကြည့်ပါ။

- ဒီ Credit Card က​တော့ Gemini Broker ကထုတ်တဲ့ ကတ်ပါ။ Gemini ဆိုတာ Robinhood, Coinbase တို့လိုပဲ Broker အ​ကောင့်ပါ။ ဟိုတ​လောက မှ IPO လုပ်သွားတဲ့ Company Gemini Space Station ပါ (GEMI)။

- ဒီကတ်သုံးရင် Cash Back ​တွေ ရပြီး အာ့ Cash Back ​တွေကို ​အော်တို Bitcoin ၀ယ်စု​ပေးသွားတာပါ။ (တခြား ကိုယ်ကြိုက်ဆတဲ့ Crypto ​စုချင်လည်း ရ)။

- Cash back % က​တော့ သုံးတဲ့ Category ​ပေါ်မူတည်ပြီး 1% က​နေ 4% အထိ ပြန်ရပါတယ်။ ကားဆီဖြည့်ရင် 4% ရတဲ့အတွက် ကျွ​န်​တော် က​တော့ ကားဆီဖြည့် သီးသန့် ပဲ ဒီကတ် ကို သုံးလိုက်ပါတယ်။

- Credit Card က Metal Card ကို Bitcoin အ​ရောင်နဲ့ ဆို​တော့ လန်းပါတယ်။

- ​​ဒီ Link ​လေးက​နေ သွားရင် Bonus $ 50 ရမယ့်အပြင် ကတ်သုံးတာ $ 3,000 ပြည့်ရင် $ 200 Welcome Bonus ထပ်ရပါတယ်။
- Link ကို နှိပ်လိုက်ရင် အရင်ဆုံး Gemini Broker အ​ကောင့် ဖွင့်တဲ့ စီ ​ရောက်သွားပါမယ်။ Broker Account အရင်ဖွင့်ပါ။ ပြီးရင် Link ကို ထပ်နှိပ်ပြီး အဲ့က​နေ တဆင့် ထပ်ပြီး Credit Card Application လုပ်ဖို့ ဆက်လုပ်သွားရုံ ပါပဲ။

- Annual Fees မရှိပါဘူး။ Gemini Broker လည်း Robinhood, Coinbase တို့လို US Company ဖြစ်တဲ့အတွက် စိတ်ချရပါတယ်။ Crypto Trading Fees လည်း အရမ်း မများပါဘူး။
Stake လည်း လုပ်လို့ရပါတယ်။

- ပုံ ၁ မှာ ကျွန်​တော် Cash Back ပြန်ရတာ​တွေ ကို Solana ​ရွေးထားပြီး Stake ပါ လုပ်ပြီး ပစ်ထားလိုက်ပါတယ်။ ​​စျေးတက်လာရင် Solana ကို ​ရောင်းပြီး Bitcoin ​ပြောင်းမှာပါ။
- ပုံ ၂ က​​တော့ Broker အ​ကောင့်ဖွင့်ပြီးရင် Credit Card Apply လုပ်တဲ့ အဆင့်ပါ။ Refer 50 နဲ့ Into Bonus 200 ​ပေါ်​နေရင် ၂ ခုလုံး ရပါပြီ။ မ​ပေါ်ရင် Link ပြန်နှိပ်ပါ။

- Cash Back ​တွေ က​နေ Bitcoin စုရင်း ၁၀ နှစ်​လောက်ဆို Bitcoin 1 ခု​လောက် ဖြစ်လာလည်း မဆိုးဘူး။ အာ့​လောက်​တော့ မရနိုင်​လောက်ပါဘူး။ ဘာပဲ ဖြစ်ဖြစ် Bitcoin စုဖြစ်တာ​ပေါ့ 😅😅

01/06/2026

- ဒီနေ့ Episode ကတော့ "What" ပါ။ ဒီမှာတော့ လုံးဝ လုံးဝ Basic အနေနဲ့ ဘာတွေ Trade လို့ Invest လုပ်လို့ ရမယ် ဆိုတာ ရယ်၊

- တစ်ခု ချင်းဆီ ရဲ့ Risk အနေအထား တွေ ရယ် ပြောပြပေးထားပါတယ်။

- နောက် Episode ကတော့ "When" ပါ။

- Comment မှာ Youtube Link လေးချထားပါတယ်။ သွားကြည့်ကြနော်။

- Slow and Steady Win The Race .... See Ya All ...

#စီးပွားရေး #စတော့မားကတ်

- Disclaimer ::
This is for educational purpose only, trading or investing can cause capital loss, do your own research. Not financial Advice.

Venezuela ကိစ္စ အကျိုးရှိ​အောင် ကျွန်​​တော် ဘယ်လိုလုပ်မလည်း ??? ... (နိုင်ငံ​ရေး ပိုစ့်မဟုတ်ပါ၊ Investment ပိုင်းပါ)မဒူရ...
01/05/2026

Venezuela ကိစ္စ အကျိုးရှိ​အောင် ကျွန်​​တော် ဘယ်လိုလုပ်မလည်း ??? ... (နိုင်ငံ​ရေး ပိုစ့်မဟုတ်ပါ၊ Investment ပိုင်းပါ)

မဒူရို ကို ဖမ်းတဲ့ သတင်းထွက်ပြီး သိပ်မကြာခင်ပဲ Wall Street မှာ ​​ခြေ​တွေရှုပ်ကုန်ပါပြီ။ နာရီပိုင်းအတွင်း မှာပဲ Wall Street က Investor ​တွေ ဗီနီဇွဲလား ကို မတ်လလောက်ထဲ သွား​ရောက် ​လေ့လာဖို့ သတင်း​တွေ တန်းစီ ထွက်လာပါတယ်။

(Wall Street ဆိုတာ New York မှာရှိတဲ့ ​ငွေ​ကြေး
မားကတ် ကြီးကို ချုပ်ကိုင်ထားတဲ့ ဆရာကြီး ဂိုဏ်းချုပ်ကြီး များရှိရာနေရာ ပါ။)

အခု သွားမယ်သတင်း ထွက်လာတာ အလယ်အလတ် တန်းစား Investor ​လေး​တွေပါ။ Oil Giant တွေက ​တော့ ​ခေါင်းချင်းဆိုင်ထားကြတာ ကြာ​လောက်ပါပြီ။

Venezuela မှာ ရှိတဲ့ အကြီးဆုံး ​ရေနံသိုက်ကြီး က
အ​မေရိက အတွက် စီးပွား​ရေး အရ​ရော စစ်​ရေးအရ ​ရော ​အ​ရေးကြီးလှပါတယ်။ ဒါကြီးကို အခု စီမံ​လို့ ရပြီဆို​တော့ ဆီ Company ​တွေ ​ပျော်ပြီ​လေ။

အာ့​တော့ ကျွန်​တော်ကတော့ ​အောက်ပါ ဆီ Company Stock ​တွေကို ၀ယ်ဥပါမယ်။ (မနက်ဖန် သန်ဖက်ခါ ၂ ဆ ၃ ဆ ​ပြေးတက်သွားမယ် မဆိုလိုပါ၊ ​ရေရှည် မှာ uptrend ဖြစ်နိုင်တာကို မှန်းတာပါ)

Chevron (CVX) - လက်ရှိလည်း ဗီနီဇွဲလား မှာ ဆီထုတ်ခွင့်​တွေ ရထားတဲ့ Company ပါ။ ​
စျေး - 155 $

Conoco Philips (COP) - President Chavez လက်ထပ် ဆီ Company​တွေ ​မောင်းထုတ်လိုက်တဲ့ အတွက် နစ်နာ​ကြေး 10 Billion ​လောက်ရနိုင်တယ့် Company ပါ။ အခု ဆို လုပ်ခွင့် ​တွေ ပြန်ရနိုင်ပါတယ်။ ​စျေး - $ 97

Exxon Mobile (XOM) - Chevron လိုပဲ ဆရာကြီး တစ်ပါးပဲ။ ​
စျေး - $ 122

Halliburton (HAL) - Oilfield Service ​ပေးတဲ့ ဆရာကြီးပါ။ ​
စျေး - $ 29

Valero (VLO) - ဗီနီ ​ရေနံ​တွေကို အဓိက Refine လုပ်​နေတဲ့ company ပါ။ ​စျေး - $ 165

Schlumberger, Weatherford, ​တွေလည်း Hot ​​နေပါတယ်။

Company တစ်ခုချင်းဆီ မဟုတ်ပဲ အ​ပေါ်က ​ပြောတဲ့ Company ​တွေအများစု ​ပေါင်းထားတဲ့ ETF ​တွေလည်းရှိပါတယ်။

အဲ့ ETF ​တွေထဲမှာ XLE ရယ် VDE ​​တွေ နာမည်ကြီးပါတယ်။

Energy Sector Heavy ဖြစ်ပြီး SCHD လို Dividend အသား​ပေး ETF ​တွေ တက်နိုင်ပါတယ်။

XLE ​စျေး - $ 45
VDE ​စျေး - $ 128
SCHD စျေး. - $ 27

ကျွန်​တော်က​တော့ XLE ရယ် SCHD ရယ် အရင်ထဲက ၀ယ်ထားတာ မို့ အခု မားကတ်ဖွင့်လို့ အ​​ခြေအ​နေ ​ကောင်းရင် Chevron, Conoco Philips, Haliburton ​တွေကို Single ​ရော XLE ကို​ရော ထပ်၀ယ်ဖို့ ​ချောင်းပါတော့မယ် 😁😁

ဒီ Company ​တွေ ETF ​တွေက Dividend လည်း ​ကောင်း​ကောင်း​ပေးတာမို့ ​စျေးတက်တာကို ​စောင့်​နေရင်း အမြတ်​ဝေစု (Dividend) ​တွေလည်း ရ​နေမှာပါ။

အ​ရေးကြီးတာက မားကတ်ဖွင့်ရင် ဒီ Company ​တွအားလုံးရဲ့ Implied Volatility တက်​နေမှာမို့ Option Trade မယ်ဆို သတိထား​စေလိုပါတယ်။

Disclaimer ::::

ကျွန်​တော် ၀ယ်မယ့် အ​ကြောင်းပဲ ​ပြောတာပါ။ မည်သူ့ကိုမျှ ဒီ ဆီ Company Stock ​တွေကို ၀ယ်ဖို့
မတိုက်တွန်းပါ။ ကိုယ့်ဘာသာ ​လေ့လာပါ။ ရင်းနှီးမြုပ်နှံခြင်းသည် အရင်းဆုံးရှုံးမှုကို ဖြစ်တတ်ပါသည်။

Not financial advice. Investing can cause capital loss, Do your own research.

01/04/2026

- Stock နဲ့ ပါတ်သတ်ပြီး သင် ပေးဖို့ ပြောထားတဲ့ သူတွေ ကို Video လေးတွေ တင်ပေးမယ် တင်ပေးမယ် ဆိုပြီး ပြောလာတာ လနဲ့ ချီ သွားလို့ sorry ပါနော်။
- အခုတော့ အခု ကျွန်‌တော် အားနေတုန်းလေ Video လေးတွေ လုပ်ထားတာလေး တွေ တင်ပေးသွားပါမယ်။

- ဒီ Trading 101 Video Series လေးက လုံးဝ
နားမလည်သေးတဲ့ သူတွေ အတွက် ရည်ရွယ်ပြီး အခြေခံ က စပြီး ပြောပြပေးသွားမှာပါ။

- Investing လုပ်ဖို့ Trading လုပ်ဖို့ လိုအပ်တဲ့ အခြေခံ အချက်တွေက စပြီး Advanced Level ဖြစ်နေတဲ့ Option Trading တွေ Future တွေအထိ ကျွန်တော်
သိထားတာတွေ ကို မျှဝေ ပေးသွားပါမယ်။

- Get Rick Quick ဖြစ်မယ့် ဟာမျိုး မဟုတ်ပါဘူး၊ Risk အရမ်း များတာတွေ လည်း မပြောပြပါဘူး။ Beginner Friendly ပဲ ပြောသွားမှာပါ။

- တစ်ယောက်ချင်းဆီ လာမေးထားတာ တွေကို
မသင်ပေးနိုင်လို့ အခုလို Video တွေ လုပ်ပြီး တင်
ပေးလိုက်ပါတယ်နော်။ ကျွန်တော့်ရဲ့ Youtube Channel ကနေ အဓိက တင်ပေးသွား မှာ ဖြစ်လို့ Youtube Channel ကို Subscribe လုပ်ထားကြနော်။

အားလုံးပဲ ငါးဖမ်း တတ်သွား ကြပါစေ။

#ရင်းနှီးမြုပ်နှံမှု #စတော့စျေးကွက် #ရွှေစျေး

ကြည့်ရတာ အ​မေရိက က ဒီပုံ​စံ မျိုးလေး​တွေ ကြိုက်တယ်ထင်တယ်။ (မသိတဲ့ သူ​တွေအတွက် ဘယ်ဘက်က ဆဒမ်ဟူစိန် ညာဘက်က မဒူရို ပါ၊)၂ ​ယေ...
01/03/2026

ကြည့်ရတာ အ​မေရိက က ဒီပုံ​စံ မျိုးလေး​တွေ ကြိုက်တယ်ထင်တယ်။

(မသိတဲ့ သူ​တွေအတွက် ဘယ်ဘက်က ဆဒမ်ဟူစိန် ညာဘက်က မဒူရို ပါ၊)

၂ ​ယောက်ရပြီ တစ်​ယောက် ကျန်​​နေ​သေးတယ်။ Please...

01/03/2026

- ဗီနီဇွဲလား မြိို့​တော် ကရားကတ်စ် အတွင်း မဒူရိုကို ၀င်ဖမ်းတာ ကို ကျွမ်းကျင်တဲ့သူ တစ်ချို့ ​ခန့်မှန်း ရေးထားတာ​လေး၊ ရုပ်ရှင်ပဲ 😅

- Operation မစခင် အ​မေရိကန် စစ်ဘက် ​​လေယာဥ်​တွေ အားလုံးရဲ့ GPS ​တွေ Tracking ​တွေ အကုန် ​ဖျောက်လိုက်တယ်။ ဘယ်​လေယာဥ် ဘယ်ဘက်ကို သွား​နေလည်း ဘာမှ မသိရ။

- 160th Special Operations Avaiation Regiment - SOAR လို့​ခေါ်တဲ့ အထူးတပ်ဖွဲ့ က ၀င်​ရောက် စီးနင်းသွားတာဖြစ်ပါတယ်။ Night Stalkers လို့​ခေါ်တဲ့ ဒီအဖွဲ့​ထဲမှာ MH-47G Chinook , MH-60 Black Hawk ရဟတ်ယာဥ်​တွေ ပါပါတယ်။ ဗင်နီဇွဲလား ရဲ့ Buk-M2E ​​မြေပြင်မှ ​ဝေဟင် ပစ် ​လေ​ကြောင်း ကာကွယ်​ရေး စနစ်​တွေကို အရင်ဆုံး ဗုံးကြဲလိုက် တယ်။
- ကာကွယ်​ရေး ​တွေကျသွားတဲ့ အချိန် Black Hawk က ကျန်​နေတဲ့ ရန်သူ​တွေကို ၀င်တီးပြီး Chinook ​က သယ်လာတဲ့ Special Op Delta Force ​တွေ ​မြေပြင်​ပေါ် ချ​ပေးခဲ့ တယ်။ Delta Force က အိပ်​နေတဲ့ မာဒူရို နဲ့ ဇနီး ကို ၀င်ဖမ်းပြီး ချက်ချင်း ပြန်ထွက် လာနိုင်ခဲ့တယ်။

- ဒီ SOAR ​တွေက တိကျစွာ တိုက်ခိုက်တဲ့ ​နေရာမှာ အ​ရေးပါပြီး Hellfire ဒုံး​တွေ ​တွေ တပ်ဆင်ထားပြီး ​ရေဒါကို ​ရှောင်နိုင်ဖို့ ​လေပိုင်နက် ထဲကို အနိမ့်ပျံ ပြီး ၀င်​ရောက်တာ ဖြစ်နိုင်တယ် လို့ ​ရေးကြပါတယ်။ Fuerte Tiuna နဲ့ La Carlota တို့လို ရန်သူ့ အဓိက area ထဲ၀င်ဖို့ ဒီ တပ်​တွေက အထူး​လေ့ကျင့်ထားတာပါ။

- ဒီတပ်​တွေကို လွှတ်နိုင်တဲ့ ​နေရာက ​တော့ USS Iwo Jima နဲ့ Puerto Rico ​လေစခန်း ​တွေက ဖြစ်နိုင်ပါတယ်။

- အချိန် နာရီ၀က် ​လောက်ပဲ ကြာတဲ့ ဒီ Operation ကို President Trump က Live ကြည့်​နေပါတယ်တဲ့။ ဒါက တခြား စစ်ဗိုလ်ချုပ်​တွေ မိုက်​နေတဲ့ ​ကောင်​တွေအတွက် ညအိပ်မ​ပျော် ​အောင် လုပ်လိုက်တဲ့ Operation တစ်ခုပါပဲ။

- မဒူရို ရဲ့ အနားမှာ CIA ကအတွင်းလူ ​တွေ ထည့်ထားနိုင်တဲ့အတွက် သူရှိတဲ့ ​နေရာ ကို သိ​နေတာပါတဲ့။

- အခု​တော့ မဒူရို ​ထောက်ခံတဲ့ လူ​တွေက ဆန္ဒ​တွေ ပြ​နေကြသလို
- မ​ထောက်ခံတဲ့ သူ​တွေကလည်း လွတ်​မြောက်ပြီ ဆိုတဲ့ ဆန္ဒပြ ​နေကြပါတယ်
- President Trump က သိပ်မကြာခင် Live Address ​ပေးမှာ ဖြစ်ပြီး
- မဒူရို တို့ကို သ​ဘော် နဲ့ နယူး​ယောက် ကို ​ခေါ်လာ​နေပါပြီ။
- နယူး​ယောက် မှာ မူးယစ်မှု​တွေ လက်နက် မှု ​တွေနဲ့ တရား​တွေ စွဲထားပါတယ်။

- တရုတ် ကိုယ်စားလှယ်​တွေက မနက်ကပဲ စစ်​ရေး ပူ​ပေါင်းဘာညာ လာ​​ပြောပြီး ပြန်​တောင် မပြန်ရ​သေး တီးပြလိုက်တာ ဆို​တော့ တရုတ်ကြီးကို ပြလိုက်သလိုပဲ။

01/03/2026

ဗီနီဇွဲလားကို တိုက်ဖို့ လုပ်​နေတာ ကြာပြီ။ ကျွန်​တော် လည်း ​ရေးခဲ့တယ်။
- Fantanyl ကို Weapon of Mass Destruction လိုမျိုး သိမ်းသွင်း​ပြောဆိုပြီး စစ်ပွဲကို ​ထောက်ခံ ​အောင် စည်းရုံး​နေတာ။ လွှတ်​တော်​တွေ သူ့ဘက်ပါလာ​အောင် လုပ်​နေတာ ကြာပြီ။

- ဒါမယ့် ဒီရက်ပိုင်း အတွင်း ဖြစ်နိုင်တယ် လို့​​သေချာ​စေတာက Metal ​တွေ​ရွေ့လာတာပဲ။

- Financial Asset ​တွေ ​စျေးရုတ်တရက် တက်တာ ဖြစ်ဖြစ်၊ ကျတာဖြစ်ဖြစ် ​နောက်ကွယ်မှာ လက်မည်းကြီး​တွေ၊ အတွင်းသတင်း ရသူ​တွေ ရှိပြီးသား ... (အဲ့လို အတွင်း သတင်းရ​ချင်လိုက်တာ 🤣🤣)

- ဆရာကြီး​တွေ က ကြိုတင် ​နေရာယူထားပြီးသား၊

- New Year နားထဲက Safe Haven တွေ ​​စျေးထိုးတက်လာတာ၊ ​​
- မ​နေ့ မနက်ကလည်း Market တက်​နေရာက ​နေ ရုတ်တရက် heavy ကျသွားတာ ​​​တွေက စဥ်းစားစရာပဲ 😆😆😆

2026 Sep 16 (AM) VIX ကို Call
2027 Jan 15 SPY, QQQ ကို Put ​တွေ ၀ယ်ထားပြီးသား ဆို​တော့ ​စောင့်ကြည့်ရုံပဲ 🤣🤣

Address

Elmhurst
New York, NY
11373

Telephone

+19294543344

Website

Alerts

Be the first to know and let us send you an email when Shared by Dr Phyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shared by Dr Phyo:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category